← Chapters

အခန်း (၂၅၁၇-၂၅၁၈)

Vol. 252 Ch. 2517-2518

အခန်း (၂၅၁၇-၂၅၁၈)

Vol. 252 Ch. 2517-2518

အခန်း (၂၅၁၇) - ငါ့ကို ကြည့်ပါဦး

ကျောင်းတော်အုပ်ကြီး၏ စကားကြောင့် လူသားမျိုးနွယ်စု ကျောင်းတော်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။

ကျောင်းတော်အုပ်ကြီးသစ်မှာ ချင်းမင်က လင်ယောင်ထဲသို့ စေလွှတ်ထားသော ထောက်လှမ်းရေး၊ ဟေးဆန်း ဟေးကောင်းကင်ဘုံရှင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ထို ဟေးကောင်းကင်ဘုံရှင်မှာ ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကို ကယ်တင်ခဲ့သည့်အတွက် ကြီးမားသော ဂုဏ်ပြုမှုကို ရရှိပြီး ယခုကဲ့သို့ အခွင့်အရေး ရသွားခြင်းလော။

“တော်သေးတော့၊ ဟေးကောင်းကင်ဘုံရှင် ဖြစ်နေလို့။ ဟော်ဆွေ့ဘိုးဘေး မဟုတ်ဘူးဆိုတော့ ငါ စိတ်အေးသွားပြီ။”

ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။

အကယ်၍သာ ရှန်းဟုန်မျိုးနွယ်စု၏ အဓိက ရန်သူဖြစ်သူ သူကသာ ရွှေဟွေး ကျောင်းတော်အုပ်ကြီး ဖြစ်လာခဲ့လျှင် ဖန့်ချန်အနေဖြင့် တန်လင် ကျောင်းတော်သို့ ပြောင်းရွှေ့ရန် စဉ်းစားရတော့မည်ဖြစ်သည်။

မဟုတ်လျှင် ထိုကဲ့သို့သော လူကြီးမျိုးနှင့် တစ်နေ့ကုန် အတူရှိနေရပါက အမှားအယွင်း တစ်စုံတစ်ရာ ပေါ်လာနိုင်သည်မှာ သေချာသည်။

“တကယ် မထင်ထားဘူး၊ တစ်ခါတစ်ရံမှာ မျိုးနွယ်စုကြီးတွေက ဆင်းသက်လာတဲ့ ကောင်းကင်ဘုံရှင်တွေတောင် မရနိုင်တဲ့ အခွင့်အရေးက အခုတော့ ဟေးကောင်းကင်ဘုံရှင် လက်ထဲ ရောက်သွားပြီ……”

“ခုနက ချင်ဂွေ့ ကာကွယ်ရေးဆရာ ပြောတာကို ကြားလိုက်လား ငါတို့ ဟော်ဆွေ့ဘိုးဘေးက ကျောင်းတော်အုပ်ကြီး ရာထူးကို ဆက်ခံဖို့ စောင့်နေတာတဲ့ ”

“ဟုတ်ပုံရတယ်…… ဒီလိုဆိုရင် ငါတို့ လူသားတွေ အကြီးအကျယ် ဆုံးရှုံးသွားတာပေါ့။ ဒါဟာ သူများလက်ထဲက အသီးကို အလုခံလိုက်ရတာ မဟုတ်ဘူးလား ”

“ဒီလောက် အဖိုးတန်တဲ့ အခွင့်အရေးကို လွတ်သွားတာ၊ နောက်တစ်ခါ ဘယ်တော့ ရမလဲ မသိတော့ဘူး။”

“အကယ်၍သာ ဟော်ဆွေ့ဘိုးဘေးသာ ကျောင်းတော်အုပ်ကြီး ဖြစ်လာရင် ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်ကို အထူးအခွင့်အရေးတွေ ပေးလိမ့်မယ်လို့ ယုံကြည်တယ်။ နှမြောလိုက်တာ၊ တကယ့်ကို နှမြောစရာပဲ။”

လူအများ၏ မျက်ဝန်းထဲတွင် နှမြောတသမှုများ ထင်ရှားစွာ ပေါ်နေသည်။

ကျောင်းတော်အုပ်ကြီးကမူ ပြုံးလိုက်ပြီး ချင်ဂွေ့ကို ကဲ့ရဲ့သလို အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ချင်ဂွေ့ ကာကွယ်ရေးဆရာ၊ အဲဒီတော့ ငါတို့ ဟော်ဆွေ့ဘိုးဘေးက ကျောင်းတော်အုပ်ကြီး ရာထူးကို ဆက်ခံဖို့ စောင့်နေတာပေါ့ ”

“ဒီလိုစကားတွေကို မင်း လျှောက်မပြောနဲ့။ အကယ်၍ အပြင်မှာ ပျံ့နှံ့သွားပြီး ဟော်ဆွေ့ဘိုးဘေးရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားရင် မင်းကို အပြစ်တင်ရလိမ့်မယ်။”

ချင်ဂွေ့၏ မျက်နှာမှာ တောင့်တင်းသွားပြီး ထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ဘယ်နေရာမှာ မှားသွားမှန်း မသိတော့ပေ။

သူသည် ကျောင်းအုပ်ကြီး ဖြစ်လာရန်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ကျောင်းတော်အုပ်ကြီး ရာထူးကိုလည်း မည်သူက ဆက်ခံမည်ဆိုသည်ကို သူ သိထားပြီးဖြစ်သည်။

သို့သော် ထိုအရာအားလုံးမှာ ရုတ်တရက် ပြောင်းလဲသွားပုံရသည်။

သူ ကြားသိထားသည့် သတင်းများနှင့် လုံးဝကို ကွဲလွဲနေသည်။

“ကဲ၊ ကျောင်းတော်အုပ်ကြီးသစ် တက်လာရင် အပြောင်းအလဲကြီးတွေ ဖြစ်လာလိမ့်မယ်။ မင်းတို့အားလုံး ပြန်ကြတော့၊ ပြန်ပြီး စောင့်နေကြဦး။”

“ဒီကာလအတွင်းမှာ ဟိုဟိုဒီဒီ မသွားကြနဲ့။ သမာဓိခုံရုံးရဲ့ ပိုးကောင်ရှာဖွေရေး စစ်ဆင်ရေးက မပြီးသေးဘူး။”

“အကယ်၍ မင်းတို့ကြောင့် နားလည်မှုလွဲပြီး ဒုက္ခရောက်ရင် ငါ့ကို အပြစ်မတင်နဲ့။”

ကျောင်းတော်အုပ်ကြီးက အေးဆေးစွာ ရယ်မောပြီး လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဖန့်ချန် ကျန်ခဲ့။”

ဖန့်ချန်ကိုပဲ တစ်ယောက်တည်း ထားခဲ့တာလား

ချင်ဂွေ့တို့အဖွဲ့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘာမျှမပြောဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

ကျန်းတောက်ယွဲ့တို့မှာမူ စိတ်အေးလက်အေး ရှိနေကြပြီး ဖန့်ချန်ကို ခေါင်းညိတ်ပြကာ ကရုဏာတောင်၌ စောင့်နေမည်ဟု ပြောပြီး ထွက်သွားကြသည်။

လူအများမှာ ခဏချင်းပင် ပြန်လည် ထွက်ခွာသွားကြပြီး ထိုနေရာတွင် ကျောင်းတော်အုပ်ကြီးနှင့် ဖန့်ချန် နှစ်ဦးသာ ကျန်ခဲ့သည်။

“ဖန့်လေး၊ မင်းရဲ့ စွမ်းဆောင်ရည်က မသေးဘူးပဲ။”

ကျောင်းတော်အုပ်ကြီးဟောင်းက ပြုံး၍ ပြောသည်။

ဖန့်ချန်မှာ ဤစကား၏ အဓိပ္ပာယ်ကို စဉ်းစားလိုက်ပြီး အရိုအသေပေးကာ ပြောလိုက်သည်။

“ကျောင်းတော်အုပ်ကြီး၊ တပည့်ရဲ့ ဒီလောက်အသေးအဖွဲ စွမ်းဆောင်ရည်က ဘာများ အရေးပါပါ့မလဲ။ လင်ယောင်ဘက်က သူတွေရဲ့ လက်ထဲမှာ ဖမ်းမိသွားတာတောင် ဖြစ်သေးတယ်။”

သူက နှိမ့်ချနေခြင်း မဟုတ်ပေ။

ဤတစ်ကြိမ် ဖြစ်ရပ်မှ အမှန်တကယ် သင်ခန်းစာယူလိုက်ရသည်။

ထိုကဲ့သို့သော ကောင်းကင်ဘုံရှင်မျိုး၏ လက်ချက်မှာ အလွန်တရာ ကျွမ်းကျင်လွန်းပြီး အမှတ်အသားပင် မကျန်ခဲ့ပေ။

နောက်တစ်ကြိမ်တွင် သူ ပိုမိုသတိထားရမည် ဖြစ်ပြီး မည်သူ့ကိုမျှ လွယ်လွယ်ကူကူ လက်ဆွဲနှုတ်ဆက်တော့မည် မဟုတ်ပေ။

“ငါ ပြောတာက ဒါကို မဆိုလိုပါဘူး။ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ယဲ့ထျန်းကူရဲ့ ဖမ်းဆီးခြင်းကို ခံရတာက ပုံမှန်ပါပဲ။”

“အကယ်၍ သူ့ရဲ့ ပစ်မှတ်သာ ငါဖြစ်ခဲ့ရင်တောင် ငါလည်း ဖမ်းမိမှာပဲ။”

“ဒီလောက် အစွမ်းထက်တဲ့သူတွေရဲ့ ရှေ့မှာ ကောင်းကင်ဘုံရှင် အောက်က သူတွေက အတူတူပါပဲ။”

ကျောင်းတော်အုပ်ကြီးဟောင်း က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ငါပြောတာက မင်းရဲ့ သူတော်စင် အဆင့် အကန့်သက်ကို နှစ်ကြိမ်တိုင်တိုင် ကျော်လွန်နိုင်ခဲ့တဲ့အကြောင်းကို ပြောတာ။”

“သူတော်စင် အဆင့် အကန့်သက်ကို နှစ်ကြိမ် ကျော်လွန်တယ် ဒါက ယဲ့ထျန်းကူတို့ရဲ့ ခန့်မှန်းချက်သက်သက်ပါ။ သူတို့က တပည့်ကို မငြိမ်သက်မှုဖြစ်ရာ အရပ်က သွေးရွာခန်းမ က ဝူရှီး လို့တောင် ထင်နေကြတယ်။”

ဖန့်ချန်မှာ ပြုံးလိုက်ပြီး -

“တပည့်သာ တကယ်တမ်း ဝူရှီး ဖြစ်ခဲ့ရင် ကောင်းမှာပဲ။ ဒီလို စွမ်းရည်မျိုး ရှိရင် နောက်အနာဂတ်အတွက် ဘာများ ပူစရာ လိုသေးလို့လဲ။

သူတော်စင် အဆင့် အကန့်သက်ကို ကျော်လွန်တဲ့ ကိစ္စက လူသားမျိုးနွယ်စုက တပည့်ကို ကောင်းကင်ဘုံရှင် အရံအဆင့်အဖြစ် မသတ်မှတ်ပေးရင်တောင် ဒိန်ရွှမ်းအသီး ကလည်း မလောက်ဘူး၊ ဘယ်လိုလုပ်ပြီး ဒီလို အခွင့်အရေးမျိုး ရမှာလဲ။”

ကျောင်းတော်အုပ်ကြီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မင်း ဝူရှီး ဟုတ်၊ မဟုတ် ငါ မသိဘူး။

ဒါပေမဲ့ မင်းရဲ့ သူတော်စင် အဆင့် အကန့်သက်ကတော့ ကျော်လွန်ပြီးသားပဲ။

မင်းရဲ့ လက်ရှိ အတွင်းကမ္ဘာ အဆင့်က အထွတ်ထိပ်တာအို အဆင့် မဟုတ်လား။

ငါ အဝေးကြီးကတည်းက အနံ့ရနေတယ်။

ယဲ့ထျန်းကူတို့က ကောင်းကင်ဘုံရှင်တွေ ဖြစ်တဲ့အတိုင်း အစကတည်းက မင်းရဲ့ အခြေအနေကို သိနေကြတာ။

မင်း ကျောင်းတော်ကို စရောက်ခါစက အတွင်းကမ္ဘာက ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့်ပဲ ရှိသေးတယ်။

အခုတော့ အထွတ်ထိပ်တာအိုအဆင့် ဖြစ်နေပြီ၊ ဒါက သူတော်စင် အဆင့် အကန့်သက်ကို ကျော်လွန်တာ မဟုတ်ရင် ဘာဖြစ်မလဲ။

မင်းက ဇောကွေ့ လိုမျိုးလား ခန္ဓာကိုယ်ကို ကောင်းကင်ဘုံရှင်တွေက သိမ်းယူသွားတာလား”

ဖန့်ချန်၏ မျက်နှာပေါ်တွင် အားနာသော အပြုံးတစ်ခု ပေါ်လာသည်။

“ဒီလောက်တောင် သိသာနေလို့လား”

“ဟေး၊ မင်းကို စမ်းပြီး မေးလိုက်တာနဲ့တင် ဝန်ခံလိုက်ပြီ။ အတွင်းကမ္ဘာက တကယ် အထွတ်ထိပ်တာအို အဆင့် ဖြစ်သွားတာလား ငါ့ကို ကြည့်ပါဦး။”

ကျောင်းတော်အုပ်ကြီးက ပြောရင်းနှင့်ပင် ရှေ့သို့ တိုးလာသည်။

“ကျောင်းတော်အုပ်ကြီး၊ တပည့်ကို ချန်ရစ်ခဲ့ပြီး ဘာများ မှာစရာ ရှိလို့လဲ။”

ဖန့်ချန်မှာ ချက်ချင်းပင် အတည်ပေါက် ပြောလိုက်သည်။

ကျောင်းတော်အုပ်ကြီး၏ အမူအရာ ပြောင်းသွားပြီး ခေါင်းညိတ်သည်။

“တကယ်တော့ မင်းကို မှာစရာ ရှိလို့ပါ။ ဒီတစ်ခါ ကျောင်းတော်အုပ်ကြီး ရာထူး ပြောင်းသွားတော့ ငါလည်း ဒီကျောင်းတော်အုပ်ကြီး နေရာမှာ ဆက်မနေတော့ဘူး။”

“ဘာလို့လဲ ဟေးကောင်းကင်ဘုံရှင်နဲ့ ရန်ငြိုးရှိလို့လား”

ဖန့်ချန်မှာ အံ့အားသင့်သွားသည်။

“ယဲ့ချွမ် ကို ငါ အကွက်ချပြီး မအီမသာ ဖြစ်အောင် လုပ်လိုက်တာလေ။ အဲဒီတော့ ယဲ့ထျန်းကူက ဒေါသထွက်မှာပေါ့။

ငါ အတော်လေး ကြာအောင်ပဲ သတိထားပြီး နေရတော့မယ်။ သူ့ရဲ့ ပစ်မှတ် မဖြစ်ရအောင်လေ။”

ကျောင်းတော်အုပ်ကြီးက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“လူသားမျိုးနွယ်စု ကျောင်းတော်အုပ်ကြီးနဲ့ ကျောင်းအုပ်ဆရာကြီးတွေ အားလုံး ပြောင်းလဲသွားမှာပါ။ ဒါကလည်း ငါဆန္ဒရှိတဲ့ အရာပဲ။

ငါနဲ့ နင် ကျောင်းအုပ်ကြီးကလည်း တခြားနေရာတွေကို သွားဖို့ အချိန်တန်ပြီ။

ဒီ လူသားမျိုးနွယ်စု ကျောင်းတော်မှာ ဘယ်သူတွေ ကျောင်းတော်အုပ်ကြီးနဲ့ ကျောင်းအုပ်ဆရာကြီး ဖြစ်လာမလဲဆိုတာကိုလည်း ငါ သတင်းကြားထားပြီးပြီ။

မင်းတို့ ကရုဏာတောင် ရဲ့ ဘိုးဘေးတွေပဲ။”

“ကရုဏာတောင် ရဲ့ ဘိုးဘေးတွေလား”

ဖန့်ချန်မှာ စိတ်ထဲတွင် ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပေ။

ဒါက အလွန်ကောင်းမွန်တဲ့ သတင်းပဲ။

ကရုဏာတောင် ဘိုးဘေးတွေက တပည့်တွေကို အလွန်ကာကွယ်ပေးတတ်တာ၊ သူတို့သာ ရောက်လာရင် နောက်ပိုင်းမှာ လူသားမျိုးနွယ်စု ကျောင်းတော်က ကရုဏာတောင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတော့မှာပဲ။

“အဲဒီတော့ ကျောင်းတော်အုပ်ကြီး၊ ကျောင်းအုပ်ဆရာကြီး၊ တရားစီရင်ရေးမှူးချုပ်၊ အားလုံးက မင်းတို့ ကရုဏာတောင်ကပဲ ဖြစ်လာမှာ။”

“ဒါက ကောင်းတဲ့အရာ ဖြစ်သလို မကောင်းတဲ့အရာလည်း ဖြစ်နိုင်တယ်။ အနည်းဆုံးတော့ ဟော်ဆွေ့ဘိုးဘေးဘက်က ဒီအပေါ်မှာ မကျေနပ်ချက်တွေ အများကြီး ရှိနေလိမ့်မယ်။”

“မင်း မှတ်ထား၊ အခု ကရုဏာတောင်မှာ မင်းက အရေးအကြီးဆုံးပဲ။ ကောင်းကင်ဘုံရှင်တွေရဲ့ အာရုံစိုက်မှုကို ခံထားရပြီးသား။”

“မင်းရဲ့ တရားစီရင်ရေးမှူး ရာထူးမှာ အမှားအယွင်း တစ်ခုမှ မဖြစ်စေနဲ့၊ မဟုတ်ရင် သူတို့က မင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာလိမ့်မယ်။”

ကျောင်းတော်အုပ်ကြီးက အလေးအနက် ပြောသည်။

“ကျောင်းတော်အုပ်ကြီး စိတ်ချပါ။ တပည့် အသိရှိပါတယ်။”

ဖန့်ချန်က အတည်ပေါက် ပြောသည်။

ကျောင်းတော်အုပ်ကြီးက ခေါင်းညိတ်သည်။

“ပြီးတော့ စစ်ဆေးရေးဌာနရဲ့ နောက်ဆုံး စာမေးပွဲကိုလည်း အောင်မြင်အောင် ကြိုးစားပါ။

မင်း စစ်ဆေးရေးဌာနရဲ့ သူတော်စင် ဖြစ်လာရင် မင်းအတွက် ကောင်းတဲ့အရာတွေ အများကြီး စောင့်ကြိုနေလိမ့်မယ်။”

“ကျောင်းတော်အုပ်ကြီး၊ ဘာကောင်းတဲ့ အရာတွေလဲ။ စင်ကြယ်သော ဗောဓိသီး တွေ ရှိလား”

ဖန့်ချန်က အလျင်အမြန် မေးသည်။

ကျောင်းတော်အုပ်ကြီးက မျက်လုံးပြူးကာ

“ဘယ်က ပေါက်လာတဲ့ စင်ကြယ်သော ဗောဓီသီးလဲ မင်းရဲ့ ဂျူနီယာညီ၊ ညီမတွေက စားတာ များနေပြီ မဟုတ်လား၊ မင်းက မရောင့်ရဲသေးဘူးလား။

စင်ကြယ်သော ဗောဓိသီး က မင်းအတွက် အသုံးမဝင်တော့ဘူး။ အကျိုးကျေးဇူးကတော့…… မင်း စစ်ဆေးရေးဌာနရဲ့ ကောင်းကင်ဘုံအရှင် ဆက်ခံသူ ဖြစ်လာလိမ့်မယ်။

လူသားမျိုးနွယ်စုက မဟုတ်ဘဲ သူတို့ ကိုယ်တိုင် မင်းကို ပြုစုပျိုးထောင်ပေးလိမ့်မယ်။”

“အိုး… ဒါဆိုရင်တော့။”

ဖန့်ချန်၏ မျက်လုံးများမှာ တောက်ပသွားသည်။

နောက်ဆုံးတော့ ကောင်းကင်ဘုံအရှင် ဆက်ခံသူ ဖြစ်လာတော့မှာပေါ့။

သူ၏ စွမ်းအားမှာ ထိုအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း လူသားမျိုးနွယ်စုဘက်က ဘာမျှ မလုပ်ဆောင်ပေးခဲ့ပေ။

သူ နားလည်ပါသည်။ ဟော်ဆွေ့မျိုးနွယ်စုမှာ ချင်ဖိုကျား ၏ အပေါ်မှာသာ အာရုံစိုက်နေသည်။

ချင်ဖိုကျား က အထွတ်ထိပ်တာအို အဆင့်သို့ ရောက်ရှိသွားပြီး နောက်ပိုင်းတွင် ကောင်းကင်ဘုံအရှင် ဖြစ်လာနိုင်သည်။

ပိုလျှံနေသော အရင်းအမြစ်များ မရှိသဖြင့် သူက လူသားမျိုးနွယ်စုအပေါ် ဘာမျှ မျှော်လင့်မထားပေ။

သို့သော် နောက်ဆုံးတွင် စစ်ဆေးရေးဌာနက ကိုယ်တိုင်ဝင်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒါဟာ တကယ့်ကို အကြီးမားဆုံးသော ကံကောင်းခြင်းပဲ။

အခန်း (၂၅၁၈) - ရှုဟောင်ရန်

“ကဲ၊ မင်းလည်း ပြန်ပြီး နားနေတော့။ ဒီကာလအတွင်းမှာ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့ဦး။”

ကျောင်းတော်အုပ် က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ဖန့်ချန် ထိုစကားကို ကြားလိုက်ရသော်လည်း ချက်ချင်းပင် အရိုအသေပေးကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ တပည့် အရင်ပြန်ခွင့်ပြုပါဦး။”

သူသည် လှည့်ထွက်သွားခဲ့သည်။

သို့သော် ခြေလှမ်းအနည်းငယ်မျှ လျှောက်လိုက်ရုံဖြင့် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသဖြင့် ပြန်လှည့်လာပြီး မေးလိုက်သည်။

“ကျောင်းတော်အုပ် ကျောင်းတော်အုပ် ကို ဘယ်လို ခေါ်ရပါမလဲခင်ဗျာ။”

ကျောင်းတော်အုပ် က ပြုံး၍ ပြောလိုက်သည်။

“ငါ့နာမည်က ရှုဟောင်ရန်။ ရှုရှန့် က ငါ့သား၊ ရှုလျန် ကလည်း ငါ့သား။ မင်း သူတို့ကို တွေ့ဖူးမှာပါ၊ မဟုတ်လား။”

“……”

ဖန့်ချန်မှာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ကျောင်းတော်အုပ် လည်း ကိုယ့်လူတွေပဲ ဖြစ်နေပြန်ပြီ။

တပည့်အနေနဲ့ဆိုရင် သူတို့ကို "ဆရာဘိုးဘေး" လို့ ခေါ်ရတော့မှာပေါ့။

“ပြီးတော့ မင်းကို လျှို့ဝှက်ချက် တစ်ခု တိုးတိုးလေး ပြောပြမယ်၊ ငါလည်း ကရုဏာတောင်ကပဲ။”

“ဒါပေမဲ့ အပြင်မှာတော့ ငါ ဒီအချက်ကို ဝန်မခံဘူး။ ဟော်ဆွေ့ဘက်က လူတွေ လာပြီး ဒုက္ခပေးမှာ စိုးလို့လေ။”

“ဒီတစ်ခါ ကျောင်းတော်အုပ် ရာထူးကို ဆက်ခံမယ့်သူက ငါ့ရဲ့ ဆရာတူအစ်ကို၊ ကျောင်းအုပ်ကြီး ရာထူးကို ဆက်ခံမယ့်သူက ငါ့ရဲ့ ဆရာတူညီမ။ မင်း သူတို့နဲ့ အဆင်ပြေအောင် ကြိုးစားပြီး ရင်းနှီးအောင် လုပ်ထားလိုက်ပါ။”

(ဒီနေရာမှာ လွဲမှာဆိုးလို့ပါ ကျောင်းတော်အုပ်ကြီး ဆိုတာ ရွှေဟွေးကျောင်းတော်ကို အမြင့်ဆုံး အုပ်ချုပ်ရသော ဆွေ့ရွှမ်လင် လို ရာထူးပါ)

ရှုဟောင်ရန် ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းကာ အတွင်းကမ္ဘာထဲသို့ လှည့်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။

ဖန့်ချန်မှာ ထိုအခြေအနေကို မြင်ပြီးနောက် ဖြည်းဖြည်းချင်းသာ ကရုဏာတောင်ဘက်သို့ ပျံသန်းသွားခဲ့သည်။

လက်ရှိ ရရှိထားသည့် သတင်းအချက်အလက်များအရဆိုလျှင် -

သူ့ရဲ့ ကျောင်းတော်အုပ်ချုပ်သူ ဆရာက ကရုဏာတောင်ကို ထောက်ခံသူ ဖြစ်သည်။

သူ့ရဲ့ ဆရာဘိုးဘေး ကလည်း ဆရာ့ရဲ့ ကိုယ်ပိုင်လူပဲ ဖြစ်သည်။

“ဒီတစ်ခါ ဟေးကောင်းကင်ဘုံရှင် ရာထူးတက်လာပေမဲ့ ဆရာဘိုးဘေးကတော့ အလွန်ယုံကြည်မှု ရှိနေတယ်။ လူသားမျိုးနွယ်စု ကျောင်းတော်အုပ် ဖြစ်လာမယ့်သူက ကရုဏာတောင်ရဲ့ ဘိုးဘေးတွေပဲဆိုတာ သူ အတိအလင်း သိနေတယ်။”

“ဒါဆိုရင် ဟေးကောင်းကင်ဘုံရှင် ရာထူးတက်လာတာက ဆရာ့ (ဆွေ့ရွှမ်လင် ) ရဲ့ ရွှေဟွေး ကျောင်းတော်အုပ်ချုပ်မှုအပေါ် ဘာမှ အနှောင့်အယှက် မဖြစ်ဘူးပေါ့။ ဒါမှမဟုတ် သူတို့ကြားမှာ ရင်းနှီးမှု ရှိပြီး ရန်ငြိုးမရှိတာလည်း ဖြစ်နိုင်တယ်။”

“အနည်းဆုံးတော့ ဒီတစ်ခါ ပြဿနာရှာတဲ့သူတွေနဲ့တော့ ဆန့်ကျင်ဘက် အဖွဲ့အစည်းမှာ ရှိနေတာပဲ။”

“သူတို့က ငါနဲ့ လွမ်းဟုန်ဟွမ်ရဲ့ ကိစ္စကို အသုံးချပြီး ဆရာ့ကို ရာထူးကနေ ဖယ်ရှားပစ်ဖို့ ကြိုးစားခဲ့ကြတာ။”

“အခုတော့ သူတို့ အောင်မြင်သွားပြီ၊ ဒါပေမဲ့ ရာထူးကို တက်လာတဲ့သူကလည်း သူတို့ဘက်က ကောင်းကင်ဘုံရှင် မဟုတ်ပြန်ဘူး။”

“ဟော်ဆွေ့ဘိုးဘေးဆိုတာကတော့ ဆရာနဲ့ လုံးဝကို ဆန့်ကျင်ဘက် အဖွဲ့အစည်းကမှန်း သိသာနေတယ်။”

“ဒီတစ်ခါ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်လောက်အထိ ရိုက်ခတ်မှုတွေ ရှိလာမလဲတော့ မသိဘူး။ အနည်းဆုံးတော့ ကျောင်းတော်ဘက်မှာတော့ တည်ငြိမ်မှု ရှိလာဖို့ မျှော်လင့်ရတာပေါ့။”

ထိုအချက်ကို တွေးမိသောအခါ ဖန့်ချန်မှာ မနေနိုင်ဘဲ တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“ငါ့ကံကလည်း ကောင်းလိုက်တာ။”

ဒီလို သေရေးရှင်ရေး အခြေအနေမျိုးကနေတောင် လွတ်မြောက်လာခဲ့တာ၊ ဘိုးဘေးတွေရဲ့ စောင့်ရှောက်မှုကြောင့်ပဲ ဖြစ်ရမယ်။

မကြာခင်မှာပဲ သူ ကရုဏာတောင်သို့ ရောက်ရှိသွားပြီး ကျန်းတောက်ယွဲ့တို့၏ နွေးထွေးသော ကြိုဆိုမှုကို ရရှိလိုက်သည်။

“ဖန့်ညီလေး၊ မင်းသာ နောက်ကျပြီး ပြန်လာရင် ငါတို့ လင်ယောင်ဘက်ကို တိုက်ရိုက် သတ်သွားဖို့ ပြင်ထားတာ”

ချန်းဖေးဖေးက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်

“အဲဒီတုန်းက နင် ကျောင်းအုပ်ဆရာကြီးတို့ လာတားတာတောင် အစ်ကိုကြီးက အရမ်းကို စိတ်ဓာတ်မာကျောနေတာ ”

“အစ်ကိုကြီး၊ တခြားစကားတွေ အများကြီး မပြောတော့ဘူး။ ဒီကျေးဇူးကို ကျွန်တော် အမြဲမှတ်ထားပါ့မယ်။”

ဖန့်ချန်မှာ ချက်ချင်းပင် လက်သီးဆုပ်အရိုအသေပေးလိုက်သည်။

ကျန်းတောက်ယွဲ့က ပြုံးလျက် -

“ဘာမှမဟုတ်ပါဘူး။ ကိုယ့်ညီအစ်ကိုတွေပဲ၊ ဒုက္ခရောက်နေတာကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်မလဲ။ မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကိုပဲ ငါတို့အားလုံး စိတ်အေးသွားရပါပြီ။”

ခဏရပ်ပြီးနောက် သူသည် ဝမ်ချုံစန်း ၊ ရှဲ့အာမန်၊ ချန်းအင်းရွှယ် တို့ဘက်သို့ ကြည့်ကာ -

“သူတို့လည်း မင်းရဲ့ သတင်းကို ကြားတော့ အလွန် စိုးရိမ်နေကြတာ။ လင်ယောင်မှာပဲ မင်း အသက်ဆုံးရှုံးသွားတော့မလို့ ထင်နေကြတာ။”

ပိုင်ချန်းမင်မှာ ထိုစကားကို ကြားပြီးနောက် အားနာသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ဖန့်အစ်ကိုကြီး ကျွန်တော်တကယ်ပဲ နန်းတော်ကိုးခု က ဇောကွေ့ ကာကွယ်ရေးဆရာက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး……”

“ပိုင်ညီလေး။”

ဖန့်ချန်က အတည်ပေါက် ပြောလိုက်သည်။

“မင်း အားနာစရာ မလိုပါဘူး။ နောက်ပိုင်းမှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်လုပ်သွားပါ။ ဒီကျေးဇူးက မင်း ငါ့ကို ကြွေးတင်ထားတဲ့ ကျေးဇူးပါပဲ။”

“အာ”

ပိုင်ချန်းမင်မှာ အနည်းငယ် ကြောင်သွားပြီးနောက် အလျင်အမြန် ခေါင်းညိတ်သည်။

“ဟုတ်ကဲ့ ကျွန်တော် နောက်ပိုင်းမှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး လုပ်တော့မယ်။ ဖန့်အစ်ကိုကြီး ကို စိတ်ပျက်အောင် မလုပ်စေရဘူး ”

“ပြီးတော့ မင်းတို့အားလုံး ဒီတစ်ခါ ကျောင်းတော်အုပ် ကို မြင်လိုက်ကြတဲ့အခါ ဘယ်လို ခံစားရလဲ။”

ကျန်းတောက်ယွဲ့က ရုတ်တရက် ပြုံး၍ မေးလိုက်သည်။

“ကျောင်းတော်အုပ် က အရည်အချင်းရှိတဲ့ ပုံပဲ။”

“အရမ်း အစွမ်းထက်တဲ့ ပုံပေါက်တယ်။”

“သူ့ရဲ့ အစွမ်းအစတွေကို ခန့်မှန်းရခက်တယ်။”

“ကျောင်းတော်အုပ် က အရမ်းကို ပရိယာယ်ကြွယ်ဝပုံပဲ။”

လူအများမှာ ဝမ်ချုံစန်းဘက်သို့ ကြည့်လိုက်ကြသည်။

ဝမ်ချုံစန်းမှာ ကြောင်သွားပြီး အားနာစွာဖြင့် -

“မဟုတ်ဘူး၊ ငါပြောချင်တာက သူက အမြော်အမြင်ရှိပြီး စီမံချက်တွေ ကြိုတွက်ထားနိုင်တဲ့ ပုံပေါက်တယ်လို့ ပြောချင်တာ။”

“ဝမ်အစ်ကို မင်း ပြောချင်တာက 'ပညာရှိ' လို့ ပြောချင်တာလား ဒါမှမဟုတ် အခြေအနေကို ထိန်းချုပ်နိုင်တဲ့သူမျိုးလား”

ရှဲ့အာမန်က စဉ်းစားကာ မေးလိုက်သည်။

ဝမ်ချုံစန်းမှာ အလျင်အမြန် ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ အဲဒီသဘောမျိုးပဲ။”

ကျန်းတောက်ယွဲ့က ပြုံး၍ -

“မင်းတို့ မသတိထားမိဘူးလား၊ ကျောင်းတော်အုပ်နဲ့ ငါတို့ရဲ့ ရှုဆရာ က နည်းနည်း ဆင်တူနေသလိုပဲ။”

“နည်းနည်းလေးတောင် ဆင်တူသလိုပဲ ”

ချန်းဖေးဖေးက မသိစိတ်ဖြင့် ပြောလိုက်သည်။

သို့သော် လူအများမှာ ချက်ချင်းပင် သဘောပေါက်သွားကြပြီး ရှဲ့အာမန်က အံ့အားသင့်စွာဖြင့် -

“အစ်ကိုကြီး၊ မင်းပြောချင်တာက…… ရှုဆရာက ကျောင်းတော်အုပ်ရဲ့……”

“မှန်တယ်။ ကျောင်းတော်အုပ် ရဲ့ အတော်ဆုံး သားတစ်ယောက်ပဲ။”

ကျန်းတောက်ယွဲ့က ခေါင်းညိတ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။

သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ အစောပိုင်းနှစ်များက တည်ရှိမှု အားနည်းသည်ဟု ထင်ထားခဲ့သော ကရုဏာတောင်မှာ ဤမျှလောက်အထိ ကြီးမားသော နောက်ခံရှိနေလိမ့်မည်ဟု မည်သူမျှ မတွေးခဲ့မိပေ။

ချန်းဖေးဖေးက ပျော်ရွှင်စွာဖြင့် -

“ဒါဆို ဒီတစ်ခါ ငါတို့ရဲ့ အဓိက တပည့် ဖြစ်လာဖို့က သေချာသွားပြီပေါ့"

“သေချာသွားပြီလို့ ထင်တယ်။”

ဝမ်ချုံစန်းက ခေါင်းညိတ်သည်။

ဟွမ်ချင်းကျူး၊ လီချန်းရှင်း၊ လီဝူဝမ်တို့မှာလည်း ဝမ်းသာသည့် အမူအရာများ ပေါ်လာသည်။

သူတို့၏ နောက်ကွယ်မှာ အားကောင်းလာနေသည်ကို သူတို့ ခံစားမိနေသည်။

“အဓိက တပည့် ဖြစ်ဖို့ကတော့ စာမေးပွဲ အောင်မြင်မှပဲ ရမှာ။ ဝမ်ညီလေးနဲ့ ရှဲ့ညီမလေးတို့ကတော့ စိတ်ချရပေမဲ့။

တခြားသူတွေကတော့ လျော့တွက်လို့ မရဘူး။ စာမေးပွဲကို တစ်ခါတည်းနဲ့ အောင်အောင် ကြိုးစားကြ။”

ကျန်းတောက်ယွဲ့က ပြုံး၍ ပြောသည်

“ငါတို့ ကရုဏာတောင်က အရင်က အပစ်ပယ်ခံခဲ့ရလို့ အဓိက တပည့် မထွက်လာတာ ကြာပြီ။

ဒီတစ်ခါ ဖန့်ညီလေးက နေမင်း ခုနစ်ပါးခန်းမ မှာ လုပ်ပြလိုက်တာကြောင့် အားလုံးက လက်ခံသွားကြပြီလို့ ထင်တယ်။

မင်းတို့အားလုံး စင်ကြယ်သော ဗောဓိသီး စားထားပြီးသားမှန်းလည်း သူတို့ သိထားတော့ မင်းတို့ရဲ့ ပါရမီတွေကို အလဟဿ မဖြစ်စေချင်ကြဘူးလေ။

အဓိက တပည့် ဖြစ်လာတာက ပထမအဆင့်ပဲ။ ငါ့အထင်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က မင်းတို့ကို နေမင်း ခုနစ်ပါးခန်းမ အထိ တက်နိုင်အောင် ကြိုးစားစေချင်တာ။”

နေမင်း ခုနစ်ပါးခန်းမလား……

လူတိုင်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ တောက်ပနေသည်။

အကယ်၍သာ တတ်နိုင်မည်ဆိုပါက သူတို့လည်း နေမင်း ခုနစ်ပါးခန်းမသို့ ရောက်အောင် ကြိုးစားကြလိမ့်မည်။

လူအများမှာ ကရုဏာတောင်တွင် ရက်အနည်းငယ်ကြာ စုဝေးပြီးနောက် မိမိတို့၏ လိုဏ်ဂူအသီးသီးသို့ ပြန်သွားကြသည်။

ထိုကာလအတွင်း ဖန့်ချန်ထံသို့ ဖန်ကျစ်ရွှယ် လာရောက်ပြီး လင်ယောင်ဘက်က အတွေ့အကြုံများကို မေးမြန်းခဲ့သည်။ ပြန်သွားခါနီးတွင် သူမ၏ မျက်နှာပေါ်တွင် ပူပင်သောကနှင့် အားနာသည့် အရိပ်အယောင်များ ရှိနေသေးသည်။

ထို့အပြင် ဟိုင်ရှင်းရှင်းနှင့် ဟိုင်တာရှင်းတို့လည်း ချုံဝူကျီးကို ခေါ်ကာ လာရောက် လည်ပတ်ခဲ့ကြသည်။

“ချုံညီကို ဒီလောက်ဝေးတဲ့နေရာကနေ လာလည်ပေးတာ ကျေးဇူးတင်ပါတယ်။”

ဖန့်ချန်က သုံးယောက်စလုံးအတွက် လက်ဖက်ရည် ကိုယ်တိုင်ငှဲ့ပေးပြီး ချုံဝူကျီးကို အားနာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ချုံဝူကျီးကမူ ပေါ့ပေါ့ပါးပါးပင် -

“ဒီလောက်က ဝေးလို့လား၊ အကယ်၍သာ မင်း လင်ယောင်မှာ သေသွားရင်တောင် ငါ အဲဒီအထိ သွားပြီး ဂူသွင်းပေးမှာပါ။”

ဖန့်ချန်မှာ ဘာမှ မပြောတော့ဘဲ စိတ်ထဲတွင် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

ဟိုင်ရှင်းရှင်းက သက်ပြင်းချကာ -

“ဖန့်ချန်၊ တကယ်ပြောရရင်တော့ ဒီတစ်ခါ မင်း လင်ယောင်မှာ တကယ်ပဲ အသက်ဆုံးရှုံးတော့မယ်လို့ ငါတို့ ထင်ခဲ့တာ။”

“ငါကိုယ်တိုင်လည်း အဲဒီလိုပဲ ထင်ခဲ့တာပါ။ ချင်းမင်က ဒီလောက်အထိ အကွက်ချထားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။”

ဖန့်ချန်မှာ စိတ်လှုပ်ရှားစွာ ပြောသည်။

“ပြောရရင် ချန်းယောင် ကျောင်းတော်က ကျောင်းသားတွေက ဘယ်လိုလဲ သူတို့အားလုံး မင်းကို ဝိုင်းတိုက်ခိုက်နေတယ်လို့ ကြားရတယ်၊ ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက မင်းကို အနည်းငယ်တောင် ထိခိုက်မှု မဖြစ်စေခဲ့ဘူးဆိုတာ ဟုတ်လား”

ဟိုင်ရှင်းရှင်းက စူးစမ်းစွာ မေးသည်။

ချုံဝူကျီးနှင့် ဟိုင်တာရှင်းတို့လည်း စပ်စုချင်စိတ်ဖြင့် နားထောင်နေသည်။

“ဘယ်သူ ပြောတာလဲ၊ ဒါတွေက ကောလဟာလတွေပါ။”

ဖန့်ချန်က မျက်မှောင်ကြုတ်ကာ -

“လုံးဝ မဖြစ်နိုင်ပါဘူး။”

“သတင်းတွေ ပျံ့နှံ့နေလို့ပါ၊ ဘယ်က စလာမှန်းလည်း မသိဘူး။ လင်ယောင်ဘက်ကပဲ ဖြစ်မှာပါ။”

ဟိုင်ရှင်းရှင်းက ဖန့်ချန်၏ အမူအရာကို မြင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောလဟာလတွေ ဖြစ်မှာပါ။ နိမ့်ကျတဲ့ အဆင့်နဲ့ မြင့်မြတ်တဲ့ အဆင့်ကြားမှာ အကွာအဝေးဆိုတာ ရှိသေးတာပဲ။”

နောက်ပိုင်းတွင် သူတို့လည်း တခြားအကြောင်းအရာများ ပြောဆိုနေကြစဉ် လိုဏ်ဂူအပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသည်။

သူတို့အားလုံး အပြင်ထွက်ကြည့်လိုက်ရာ ချက်ချင်းပင် ကြက်သေသေသွားကြသည်။

ချင်ဂွေ့ ကာကွယ်ရေးဆရာမှာ ခြေချင်းဝတ်များ တပ်ဆင်ခံထားရပြီး စစ်ဆေးရေးဌာနမှ သူတော်စင်များ၏ ခေါ်ဆောင်ခြင်းကို ခံနေရသည်။

သူ့နောက်တွင်မူ သူ့တပည့်များနှင့် ကြီးမြတ်သော သူတော်စင်များက မတရားကြောင်း အော်ဟစ်ကာ နောက်မှ လိုက်ပါလာကြသည်။

All Chapters