← Chapters

အခန်း ၄၈၂

Vol. 46 Ch. 482

အခန်း ၄၈၂

Vol. 46 Ch. 482

အခန်း (၆၈၂) - လနီ၏ အဆတစ်ရာ စွမ်းအားနှင့် ရှောင်ချန်းထျန်းကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ပိုင်းသည့် ပုဆိန်

“ဂိုဏ်းချုပ် ... ဘယ်သူ နိုင်မယ် ထင်လဲ ဟင်”

ပန်းရောင် ဘဲတူဦးထုပ်လေးကို ဆောင်းထားပြီး ဟွမ်ယွမ်တုတ်ကို ပခုံးပေါ် ထမ်းထားသည့် ဟူဖေးဖေးက ယဲ့ဖုန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏။

“ပြောရ ခက်တယ် ... စောင့်ကြည့်ရုံပဲ ရှိတာပေါ့”

ယဲ့ဖုန်းက ခေါင်းခါပြလိုက်၏။ ရှောင်ချန်းထျန်းသည် တပိုင်း သူတော်စင် အဆင့်သို့ တက်လှမ်းထားပြီး ဖြစ်သဖြင့် သူ၏ နာမည်ကို ကျော်ကြားအောင် ပြုလုပ်လိုနေခြင်းမှာ သဘာဝကျလှသည်။ ယခုအခါ နတ်ဘုရားမျိုးနွယ်စုမှ တပိုင်း သူတော်စင် ရောက်ရှိလာခြင်းမှာ သူ၏ စွမ်းရည်ကို ထုတ်ပြရန် အခွင့်ကောင်း တစ်ခုပင် ဖြစ်သည်။

ကောင်းကင်ယံ မြင့်မားသော နေရာတွင်..

ရှောင်ချန်းထျန်းသည် ရွှေနဂါးကြီးအဖြစ် အသွင်ပြောင်းကာ နတ်ဘုရားမျိုးနွယ်စုမှ ရွှမ်ကျုံးကို ဒေါသတကြီး စိုက်ကြည့်နေသည်။ သူ၏ အသံမှာ အေးစက်လှသည်။

ဘာလို့ လနီက နေမင်းကို ဝါးမြိုပြီး အဆတစ်ရာလောက် ကြီးထွားလာတာလဲ ဆိုတာကို ငါ မသိဘူး။ မင်းတို့က ဘယ်က မိစ္ဆာတွေလဲ ဆိုတာကိုလည်း ငါ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ငါ့ရဲ့ စိမ်းပြာရောင် ရှေးဟောင်းမြို့ကို လာပြီး ထိပါးတယ်ဆိုရင်တော့ ... မင်းတို့ သေဖို့သာ ပြင်ထားလိုက်တော့။

သူ၏ နဂါးအမြီးကြီးက ရွှမ်ကျုံးထံသို့ အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းသွားသည်။

"ဝှစ်"

ရွှမ်ကျုံးက ထိုတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်၏။ သူသည် ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး သူ၏ အရှိန်အဝါများမှာလည်း ပိုမို ပြင်းထန်လာသည်။

“ငါက နတ်ဘုရားမျိုးနွယ်စုရဲ့ တပိုင်း သူတော်စင် ရွှမ်ကျုံး ပဲ။ ငါ တရားဝင် ကြေညာလိုက်မယ်။ ရှန်ကျိုးတိုက်ကြီးမှာ လနီ ဆင်းသက်လာပြီ ဖြစ်တဲ့အတွက် ဒီနေ့ကစပြီး မင်းတို့ နေမင်းကို မြင်ရတော့မှာ မဟုတ်ဘူး။ ဒီမြေပြင်ပေါ်မှာ လနီရဲ့ အလင်းပဲ ရှိတော့မယ်။ ငါတို့ နတ်ဘုရားမျိုးနွယ်စုရဲ့ ခေတ်က တရားဝင် စတင်ပြီ။ အရှုံးပေးမလား ... ဒါမှမဟုတ် သေမလား ... တစ်ခုခု ရွေးလိုက်ကြ”

ရွှမ်ကျုံးသည် ပုဆိန်ကို ကိုင်ကာ အေးစက်စွာ ပြောလိုက်၏။

“နတ်ဘုရားမျိုးနွယ်စု ဟုတ်လား။ ရှန်ကျိုးတိုက်ကြီးကို အုပ်ချုပ်မယ် ဟုတ်လား။ တကယ့်ကို ရယ်စရာပဲ။ စစ်မှန်တဲ့ သူတော်စင်အဆင့်တောင် မရှိဘဲနဲ့ ဒီလို စကားမျိုးကို မင်း ပြောရဲသေးတယ်ပေါ့။ မင်းကို အရင် သတ်ပြမယ်”

ရှောင်ချန်းထျန်းက လှောင်ပြောင်လိုက်၏။ တဆက်တည်း၌ သူ၏ ရွှေနဂါးအမြီးကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကြီးမားသော ခွန်အားများဖြင့် ပြေးဝင်သွားတော့သည်။ သူသည် ရွှမ်ကျုံး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွား၏။

"ဝုန်း"

လေးလံလှသော နဂါးအမြီးကြီးက အရှိန်ဖြင့် ရိုက်ချလိုက်၏။ ထိုတိုက်ခိုက်မှုတွင် ပါဝင်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများမှာ သာမန် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်ပင်လျှင် တောင့်ခံနိုင်ရန် ခဲယဉ်းလှပေသည်။

“ကလေးကလားတွေပါပဲ”

ရွှမ်ကျုံးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ သူသည် ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အောက်ဘက်မှ အပေါ်သို့ ပင့်ကာ ခုတ်ချလိုက်၏။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော သတ္တုချင်း ထိခိုက်သံကြီး ထွက်ပေါ်လာပြီး ရှောင်ချန်းထျန်းမှာ လွင့်ထွက်သွားရသည်။

‘ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ရှောင်ချန်းထျန်းမှာ အကြီးအကျယ် တုန်လှုပ်သွားရသည်။ သူသည် တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်သို့ ရောက်ရှိပြီးကတည်းက သူနှင့် အဆင့်တူသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည် မဟုတ်ပါလား။ ရှေးဦးရှေးဟောင်းနဂါး သွေးမျိုးဆက်နှင့် ရှေးဟောင်းသူရဲကောင်း ဝိညာဉ်စွမ်းအားတို့ ပေါင်းစပ်ထားသဖြင့် သူ၏ အခြေခံမှာ အလွန် ခိုင်မာလှပေသည်။

သူသည် ရွှေနဂါးအသွင်ဖြင့် တိုက်ခိုက်လျှင် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်ကိုပင် ယှဉ်နိုင်စွမ်း ရှိသည်။ သို့သော် ယခုမူ ရွှမ်ကျုံး၏ ပုဆိန် တစ်ချက်တည်းနှင့်ပင် သူ လွင့်ထွက်သွားခဲ့ရ၏။

“ငါ့ကို သာမန် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်လို့ မင်းက ထင်နေတာလား”

ရွှမ်ကျုံးက နှာခေါင်းရှုံ့လိုက်၏။

“တကယ်ကို စိတ်လိုက်မာန်ပါ လုပ်တာပဲ”

“ရှောင်ချန်းထျန်းက တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်ပြီး အခြေခံကောင်းတာ မှန်ပေမဲ့ ... နတ်ဘုရားမျိုးနွယ်စုက ရွှမ်ကျုံးကလည်း ပါရမီရှင် တစ်ယောက်ပဲလေ။ သူ နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်လာတာဆိုတော့ ... သာမန်လူတွေထက် အများကြီး ပိုသန်မာမှာပဲ”

“ဟုတ်တယ်။ ရှောင်ချန်းထျန်းတော့ အသတ်ခံရတော့မယ် ထင်တယ်”

“ရှောင်ချန်းထျန်း ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့တော့။ ငါတို့ အားလုံး ပေါင်းပြီး ဒီ နတ်ဘုရားမျိုးနွယ်စုက ရွှမ်ကျုံးကို သတ်မှ ဖြစ်မယ်။ ဒါမှ နောက်နောင် ပြဿနာ မတက်မှာ”

အင်အားစု အသီးသီးမှ ထိပ်တန်း ဧကရာဇ်များက ဝိုင်းဝန်း ပြောဆိုလိုက်ကြသည်။ သူတို့မှာ တပိုင်း သူတော်စင် အဆင့်သို့ မရောက်သေးသော်လည်း ထိုအဆင့်နှင့် အလွန် နီးစပ်နေသူများ ဖြစ်ကြ၏။

ယခုအခါ ထိပ်တန်း ဧကရာဇ် ဒါဇင်ပေါင်းများစွာနှင့် တပိုင်း သူတော်စင် ကိုယ်ရံတော်များ ပေါင်းစပ်လိုက်လျှင် လေးဆင့်ပြောင်း တပိုင်း သူတော်စင်ကိုပင် ယှဉ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူတို့အနေဖြင့် ထိတ်လန့်နေရန် မလိုအပ်ပေ။

သို့သော် ရှောင်ချန်းထျန်းကမူ ခေါင်းမာနေဆဲ ဖြစ်၏။ သူသည် မိမိ၏ ဂုဏ်သိက္ခာကြောင့် ရွှမ်ကျုံးကို တစ်ယောက်တည်း ရင်ဆိုင်လိုနေခြင်း ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက ရှန်ကျိုးတိုက်ကြီးဘက်မှ အင်အားစုများမှာ အခြေအနေ မဟန်ဘဲ ဖြစ်သွားနိုင်ပေသည်။

“ပါးစပ်တွေ ပိတ်ထားစမ်း”

“ကျုပ် ရှောင်ချန်းထျန်း သေချင်သေပါစေ ... ခင်ဗျားတို့ရဲ့ အကူအညီကို မလိုဘူး”

“နတ်ဘုရားမျိုးနွယ်စုက ရွှမ်ကျုံးကို ငါ တစ်ယောက်တည်း သတ်ပြမယ်”

ရှောင်ချန်းထျန်းသည် လူတိုင်း၏ အကူအညီပေးလိုမှုကို အပြတ်အသတ် ငြင်းပယ်လိုက်၏။ ထိုစကားကို ကြားသောအခါ အခြားသူများမှာ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ကြမိသည်။ ရှောင်ချန်းထျန်းမှာ တကယ်ကို နားမဝင်သော လူစားမျိုး ဖြစ်နေသည် မဟုတ်ပါလား။

“လောင်ကျွမ်းစမ်း”

ရှောင်ချန်းထျန်းသည် ရုတ်တရက် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်၏။ သူ၏ ကိုယ်ခန္ဓာမှ ရွှေရောင် မီးလျှံများ ပေါက်ကွဲထွက်လာပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်လာတော့သည်။ ယခုအခါ သူ၏ ခွန်အားမှာ သာမန် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်ထက်ပင် သာလွန်သွားပြီး ရွှမ်ကျုံးနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။

“အလားအလာတွေကို အတင်းဆွဲထုတ်ပြီး တိုက်ခိုက်ရေးစွမ်းအား မြှင့်တာပေါ့ ... ဒါပေမဲ့ နှမြောစရာပဲ။ မင်းက အားနည်းနေတုန်းပါပဲ”

နတ်ဘုရားမျိုးနွယ်စုမှ ရွှမ်ကျုံးက လှောင်ပြောင်လိုက်၏။

“မင်း ဘယ်လောက်တောင် ရဲတင်းလှချေလား။ ငါ မင်းရဲ့ ခေါင်းကို ဖြတ်ပြီးတဲ့အခါကျမှ ... ဘယ်သူက တကယ် အားနည်းလဲဆိုတာကို မင်း သိစေရမယ်”

ရှောင်ချန်းထျန်းသည် ဟိန်းဟောက်ကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။

*

လနီ၏ အောက်တွင်..ရွှမ်ကျုံးသည် သူ၏ ပုဆိန်နီကြီးကို ရုတ်တရက် မြှောက်လိုက်၏။ ကောင်းကင်ယံမှ ထူးဆန်းသော နီရဲသည့် စွမ်းအင်များ ကျဆင်းလာပြီး ပုဆိန်အတွင်းသို့ စီးဝင်သွားသည်။ ထိုအခါ ပုဆိန်မျက်နှာပြင်မှ ပြင်းထန်လှသော မီးလျှံ အငွေ့အသက်များ ပေါက်ကွဲထွက်လာတော့၏။

“ရွှစ်”

ပုဆိန် တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ရှောင်ချန်းထျန်း၏ ရွှေနဂါးအမြီးမှာ ပြတ်ထွက်သွားရသည်။ နောက်ထပ် ခုတ်ချက်များစွာ ကျရောက်လာပြီးနောက် ရှောင်ချန်းထျန်း၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်ပေါ်သို့ ကျဆင်းသွားတော့၏။

“သခင်လေး”

“မဖြစ်ဘူး”

ပိုင်ကျီနှင့် တပိုင်း သူတော်စင် ကိုယ်ရံတော်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ရှောင်ချန်းထျန်းကို ကူညီရန် အမြန် ပြေးသွားကြသည်။

“တောက် ... ယုတ်မာလိုက်တဲ့ကောင်”

ကြေမွနေသော ရှောင်ချန်းထျန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ကိုယ်ခန္ဓာမှ အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးမျိုးဆက် စွမ်းအားများကို အသုံးပြုကာ ကိုယ်ခန္ဓာကို ပြန်လည် စုစည်းလိုက်၏။ ထို့နောက် ကောင်းကင်သို့ ပြန်လည် ပျံတက်ကာ ရွှမ်ကျုံးကို တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။

“လနီရဲ့ စွမ်းအားအောက်မှာ ... မင်းတို့အားလုံးက သိပ်ကို အားနည်းလွန်းတယ်။ ဘာမှ အသုံးမကျတဲ့ အမှိုက်တွေပဲ”

ရွှမ်ကျုံးက လှောင်ပြောင်လိုက်၏။ တဆက်တည်း၌၊ သူသည် ပုဆိန်ကြီးကို ဝှေ့ယမ်းကာ ရှောင်ချန်းထျန်းကို ထက်ပိုင်း ဖြတ်တောက်လိုက်ပြန်သည်။

ရှောင်ချန်းထျန်းမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ဖုန်မှုန့်များ ထွက်ပေါ်လာတော့၏။ သူ၏ အသက်ဓာတ်မှာလည်း မှေးမှိန်လာပြီး ကိုယ်ခန္ဓာကို ပြန်လည် မကုသနိုင်တော့သည်မှာ သိသာလှပေသည်။

“တောက် ... ဒီကောင်ရဲ့ ပုဆိန်က တစ်ခုခု ထူးဆန်းနေတယ်။ ငါတို့ရဲ့ ကိုယ်တိုင် ကုသနိုင်စွမ်းကို တားဆီးနေတာပဲ။ အားလုံး သတိထားကြ”.

ကောင်းကင်အထွတ်အထိပ် တားမြစ်နယ်မြေမှ ဝူရွှမ်သည် ထိုထူးခြားမှုကို သတိပြုမိသွားပြီး အေးစက်စွာ ပြောလိုက်၏။

“ချွင်”

သူ၏ ကျောပေါ်မှ ဧရာမ ဓားကြီးမှာ အလိုလို အိမ်မြှောင်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းသည် ဓားရိပ်ပေါင်း သောင်းချီအဖြစ် ပြောင်းလဲသွားပြီး မာန်တက်နေသော ရွှမ်ကျုံးဆီသို့ ဦးတည်ကာ ခုတ်ပိုင်းသွားတော့သည်။

“တိုက်ကြ”

အခြား ထိပ်တန်း ကောင်းကင်ဧကရာဇ်များလည်း စတင် လှုပ်ရှားလိုက်ကြသည်။ တပိုင်း သူတော်စင် ကိုယ်ရံတော်များလည်း ပါဝင်ကြ၏။ ဤကိုယ်ရံတော်များမှာ များသောအားဖြင့် ပါရမီ ကုန်ဆုံးသွားပြီး ကျင့်ကြံခြင်း အဆင့် ထပ်မတက်နိုင်တော့သော သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့မှာ ပါရမီရှင် လူငယ်များကို စောင့်ရှောက်ရင်း ထိုသူများ အဆင့်မြင့်လာလျှင် မိမိတို့ကိုပါ ဆွဲတင်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြသူများပင်။

ထို့ကြောင့် ဤနေရာရှိ ကိုယ်ရံတော် ဒါဇင်ပေါင်းများစွာမှာ တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်များ ဖြစ်ကြသည်။ သို့သော် သူတို့မှာ တပိုင်း သူတော်စင်များပင် မဟုတ်ပါလား။ ထိုသူ ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက် တိုက်ခိုက်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အဟုန်ကြီး တစ်ခု ပေါ်ထွက်လာတော့သည်။

"ဝုန်း"

တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် ရွှမ်ကျုံး၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်း ကြေမွသွားရ၏။ သူ၏ ပုဆိန်ကြီးမှာလည်း လွင့်ထွက်သွားပြီး တောင်တန်း ဒါဇင်ပေါင်းများစွာကို ထိုးဖောက်သွားတော့သည်။

“ဟွန်း ... မင်းကများ ထပ်ပြီး ရမ်းကားချင်သေးလား”

ဓားလမ်းစဉ် ကောင်းကင်ဧကရာဇ် ဝူရွှမ်က လှောင်ပြောင်လိုက်၏။

မြေပြင်ပေါ်တွင် ရှောင်ချန်းထျန်းသည် သူ၏ ကိုယ်ခန္ဓာကို အသည်းအသန် ပြန်လည် စုစည်းလိုက်ပြီး လူသားပုံစံသို့ ပြန်ပြောင်းလိုက်၏။ သူသည် ရင်ဘတ်ကို ဖိထားရင်း ပိုင်ကျီ၏ အကူအညီဖြင့် လေထဲသို့ ပျံတက်လာသည်။

စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်၏ အထက်တွင်..

ဟူဖေးဖေးသည် ရွှမ်ကျုံး ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသော မြူနီများကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက မျက်မှောင် အနည်းငယ် တွန့်ကာ ပြောလိုက်၏။

“ဂိုဏ်းချုပ် ... ကြည့်ရတာ ဒီကောင် မသေသေးဘူး ထင်တယ်နော်”

“အင်း ... ဟုတ်တယ်။ လနီရဲ့ ကောင်းချီးကို ရထားတာဆိုတော့ ... ဒီလောက်နဲ့ မသေနိုင်သေးဘူး”

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်၏။ ရွှမ်ကျုံး မသေသေးကြောင်း ကြားလိုက်ရသောအခါ အခြားသူများမှာ မယုံနိုင်ဘဲ မျက်လုံးများ ပြူးထွက်သွားကြတော့သည်။

“ဒါ ... လုံးဝ မဖြစ်နိုင်ဘူး”

“ထိပ်တန်း ကောင်းကင်ဧကရာဇ်တွေရယ် ... တပိုင်း သူတော်စင် ကိုယ်ရံတော်တွေရယ် အကုန်လုံး ပေါင်းပြီး တိုက်လိုက်တာလေ။ သုံးဆင့်ပြောင်း တပိုင်း သူတော်စင် ဆိုရင်တောင် သေသွားလောက်ပြီ။ သူက ဘယ်လိုလုပ် မသေဘဲ နေမှာလဲ”

“ဂိုဏ်းချုပ်ယဲ့ ... ခင်ဗျား မှားနေတာများလား”

အင်အားစု အသီးသီးမှ လူများမှာ လက်မခံနိုင်ကြချေ။ သူတို့သည် ယဲ့ဖုန်းကို တစ်ယောက်ချင်း တိုက်ခိုက်ရာတွင် မယှဉ်နိုင်သော်လည်း၊ ခုနက တိုက်ခိုက်မှုမှာ ထိပ်တန်း ပညာရှင် ဒါဇင်ပေါင်းများစွာ ပူးပေါင်းထားခြင်း မဟုတ်ပါလား။ သာမန် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်ကို ဘာလို့ မသတ်နိုင်ရမှာလဲ။

“ဟီးဟီးဟီး”

ထူးဆန်းလှသော ရယ်သံကြီး တစ်ခု ပဲ့တင်ထပ်သွားသည်။

“ဝှီး”

မိုင်ပေါင်း သောင်းချီဝေးသော နေရာသို့ လွင့်ထွက်သွားသော ပုဆိန်ကြီးမှာ ရုတ်တရက် ပြန်လည် ပျံသန်းလာသည်။ ပြန့်ကျဲနေသော မြူနီများမှာလည်း ပြန်လည် စုစည်းသွားပြီး ရွှမ်ကျုံး၏ မူလ ပုံရိပ်ကို ပြန်လည် ဖော်ဆောင်လိုက်တော့သည်။

သူသည် ပုဆိန်ကို လှမ်းဖမ်းလိုက်၏။ သူ၏ မျက်နှာမှာ ရက်စက် ကြမ်းကြုတ်နေ၏။

“မှန်တာပေါ့ ... ဒီသူတော်စင်က မသေဘူး”

ရွှမ်ကျုံး၏ အပြုံးမှာ ပို၍ပင် ရန်စလိုသော ပုံစံ ပေါက်နေသည်။

“ဒါ ... ဘယ်လို ဖြစ်နိုင်မှာလဲ”

လူတိုင်း မှင်သက်သွားကြရသည်။

“မဖြစ်နိုင်တာ ဘာမှ မရှိဘူး”

ဟု ရွှမ်ကျုံးက လှောင်ပြောင်လိုက်၏။

သူသည် သူ၏ အထက်ရှိ လနီကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ ပုဆိန်ကို ငုံ့ကြည့်လိုက်ပြီး နောက်ဆုံးတွင်မူ အခုထိ တစ်ချက်မျှ မလှုပ်ရှားရသေးသော ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့ဆီသို့ အကြည့်များ ရောက်ရှိသွားတော့သည်။ သူ၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျုံ့သွား၏။

ဤလူ နှစ်ယောက်မှာ တစ်ခုခု ထူးဆန်းနေကြောင်း သူ ကြိုတင် ခံစားမိထားသည်။

သူတို့ နှစ်ယောက်မှာ အလွန် တည်ငြိမ်နေကြသည် မဟုတ်ပါလား။ အကယ်၍သာ အခြား ကျင့်ကြံသူများဆိုလျှင် ပညာရှင် ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို ခံရပါလျက်နှင့် မသေဘဲ ပြန်ပေါ်လာသည်ကို မြင်ပါက အံ့ဩတုန်လှုပ်နေကြမည်မှာ သေချာလှသည်။ သို့သော် ယဲ့ဖုန်းနှင့် ဟူဖေးဖေးမှာမူ အစကတည်းကပင် အေးဆေး တည်ငြိမ်နေခဲ့ကြခြင်း ဖြစ်၏။

ထိုသူတို့မှာ ဤရလဒ်ကို ကြိုသိနေသလို ရှိနေသည်။ ဤအချက်က ရွှမ်ကျုံးကို စိတ်မသက်မသာ ဖြစ်သွားစေ၏။

“မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ”

ရွှမ်ကျုံးသည် ယဲ့ဖုန်းကို စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်၏။ သူ၏ မေးခွန်းကြောင့်ပင် ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့မှာ လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားခဲ့တော့သည်။

--

All Chapters