← Chapters

အခန်း ၄၈၃

Vol. 46 Ch. 483

အခန်း ၄၈၃

Vol. 46 Ch. 483

အခန်း (၆၈၃) - မသေနိုင်သော ခန္ဓာနှင့် စိမ်းပြာရောင်တားမြစ်နယ်မြေအရှင်သခင်၏ ကိုယ်ပွား

“မြူခိုးဂိုဏ်းရဲ့ တရားဥပဒေစောင့်ရှောက်သူ ဟူဖေးဖေးပဲ”

ဟူဖေးဖေးက ရှေ့သို့ လှမ်းတက်လိုက်၏။ သူမသည် ဟွမ်ယွမ်တုတ်ကို ထမ်းထားပြီး လှပသော မျက်နှာလေးပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ အထိုင်းသား ပေါ်လွင်နေ၏။

“မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းပါ”

ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။ သူသည် အရာရာကိုပုံဖော်နိုင်သောမျက်လုံးဖြင့် ကြည့်လိုက်ရာ ရွှမ်ကျုံး အဘယ်ကြောင့် မသေနိုင်သည်ကို သဘာဝကျကျပင် မြင်တွေ့နေရသည်။ ထို့ကြောင့်လည်း သူသည် မတုန်မလှုပ် တည်ငြိမ်နေခြင်း ဖြစ်၏။

သို့သော်လည်း ...

ယဲ့ဖုန်းသည် ဝင်ရောက်တိုက်ခိုက်ရန် ခေတ္တ တုံ့ဆိုင်းနေမိသည်။ သူ၏ ခွန်အားဖြင့်ဆိုလျှင် ရွှမ်ကျုံးကို အမြစ်ပြတ် သုတ်သင်နိုင်စွမ်း ရှိသော်လည်း ထိုသို့လုပ်ဆောင်ခြင်းက နတ်ဘုရားမျိုးနွယ်စုနှင့် ရန်သူတော်ကြီးတွေ ဖြစ်သွားနိုင်ခြေ ရှိသည်။

“ဂိုဏ်းချုပ်ယဲ့ ... ကျွန်တော်တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး ဒီကောင်ကို အမြစ်ပြတ် သတ်ကြရအောင်။ သူ့ကို ဒီလောက်အထိ ရမ်းကားခွင့် မပေးနိုင်ဘူး”

ကောင်းကင်အထွတ်အထိပ်တားမြစ်နယ်မြေမှ သားတော် ဝူရွှမ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်သော်လည်း ရွှမ်ကျုံးကို မသတ်နိုင်ခဲ့ကြပေ။ နတ်ဘုရားမျိုးနွယ်စုမှ ဤအစွမ်းထက် ပညာရှင်ကို အဆုံးသတ်ရန် ယဲ့ဖုန်း၏ ခွန်အား လိုအပ်မည်ဟု သူ တွေးနေခြင်း ဖြစ်၏။

“အလကားပါပဲ”

ယဲ့ဖုန်းက ခေါင်းခါလိုက်၏။

“ခင်ဗျားတို့က နတ်ဘုရားမျိုးနွယ်စုရဲ့ အားနည်းချက်ကို မမြင်နိုင်ကြဘူး။ ဘယ်လိုပဲ သတ်သတ် သူက သေမှာ မဟုတ်ဘူး”

ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်ကာ ကောင်းကင်မှ အဆတစ်ရာ ကြီးထွားနေသော လနီကြီးကို ညွှန်ပြလိုက်၏။ လူတိုင်း၏ အကြည့်များမှာ စူးရှသွားတော့သည်။

“ဒီ လနီကြီးကြောင့်လား”

လူအုပ်ကြီးက ချက်ချင်းပင် သဘောပေါက်သွားကြသည်။

“ဟွန်း ... ငါတို့ရဲ့ လျှို့ဝှက်ချက်ကို သိသွားတာပဲလား”

“ဒါပေမဲ့ သိသွားရင်လည်း ဘာတတ်နိုင်မှာလဲ။ ငါတို့ရဲ့ မြင့်မြတ်တဲ့ အရှင်သခင် ကိုယ်တိုင် စီစဉ်ထားတာလေ။ လနီက နေမင်းကို ဝါးမြိုပြီး အဆတစ်ရာ ကြီးထွားလာအောင် လုပ်ထားတာ။ အဲဒီကနေ လနီရဲ့ စွမ်းအားတွေကို အဆက်မပြတ် ထုတ်လွှတ်ပေးနေမှာပဲ”

“ဒီစွမ်းအားတွေ ရှိနေသရွေ့ ငါက မသေနိုင်တဲ့ ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ။ မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ”

ရွှမ်ကျုံးက လှောင်ပြောင်လိုက်၏။

“အားလုံးပဲ ... ဒီကောင် လနီရဲ့ စွမ်းအားတွေကို မဝါးမြိုနိုင်အောင် ချိပ်ပိတ်ဝင်္ကပါတွေ တည်ဆောက်ကြစမ်း။ သူ့ကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး”

ရှောင်ချန်းထျန်းသည် ကုထုံးဆေးလုံး အမြောက်အမြားကို မျိုချလိုက်ရာ သူ၏ ဒဏ်ရာများမှာ လျင်မြန်စွာ ပျောက်ကင်းသွားပြီး အရှိန်အဝါများမှာလည်း အထွတ်အထိပ်သို့ ပြန်ရောက်လာတော့သည်။

“သတ်ကြ”

ပညာရှင် ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

ကောင်းကင်တစ်ခုလုံး မှောင်အတိကျသွားသည်။

အမည်းရောင် ဒိုင်းကြီးက လနီ၏ အလင်းကို ပိတ်ဆို့လိုက်၏။

ပညာရှင်အချို့က လက်ညှိုး ညွှန်ပြလိုက်ကြ၏။

ကြောက်မက်ဖွယ်ကောင်းသော ချီလှိုင်းများ ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။

ရွှမ်ကျုံး၏ ကိုယ်ခန္ဓာ အပိုင်းပိုင်း ပြတ်ထွက်သွားရ၏။

ထိုစဉ်၊ ဧရာမ ပုံရိပ်ကြီး တစ်ခု ပေါ်လာသည်။

ပုံရိပ်ကြီးက ခြေတစ်ချက် နင်းလိုက်၏။

ရွှမ်ကျုံး၏ ပုဆိန်ကြီး မိုင်ပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားတော့သည်။

"ဝုန်း ..."

ဤတစ်ကြိမ်တွင်လည်း ရွှမ်ကျုံး၏ ကိုယ်ခန္ဓာမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားရပြန်သည်။

“ဟားဟား ... မင်း အခုရော သေပြီလား”

ရှောင်ချန်းထျန်းက ကောင်းကင်ကို မော့ကြည့်ကာ အားရပါးရ ရယ်လိုက်၏။ ယခုအခါ ကောင်းကင်တစ်ခုလုံးကို ထိပ်တန်း ကောင်းကင်ဧကရာဇ်များ၏ ချိပ်ပိတ်မှုများဖြင့် ဖုံးအုပ်ထားသဖြင့် လနီ၏ စွမ်းအားများ ဆင်းသက်၍ မရနိုင်တော့ပေ။

သို့သော်လည်း ယဲ့ဖုန်းမှလွဲ၍ မည်သူမျှ မသိသောအချက်မှာ ... မိုင်ပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားသော ပုဆိန်ကြီးမှာ လနီ၏ စွမ်းအားများကို တိတ်တဆိတ် ဝါးမြိုနေခြင်း ဖြစ်၏။ ၎င်း၏ မျက်နှာပြင်မှ အက်ကွဲကြောင်းများမှာ ပြန်လည် ပြုပြင်သွားပြီး အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားသည်။

“ဒုတ်”

၎င်းသည် တိုက်ပွဲမြေပြင်သို့ ချက်ချင်း ပြန်လည် ပျံသန်းလာသည်။ ရွှမ်ကျုံး ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသော သွေးမြူများမှာ ပြန်လည် စုစည်းသွားပြီး သူ၏ အရှိန်အဝါမှာလည်း အထွတ်အထိပ်သို့ လျင်မြန်စွာ ပြန်ရောက်သွားတော့သည်။

“မဖြစ်နိုင်တာ”

ရှောင်ချန်းထျန်း၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်လာတော့မတတ် ဖြစ်သွားရပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးများ ပျောက်ကွယ်သွား၏။

“ဂိုဏ်းချုပ် ... သူက ဘယ်လိုလုပ် ပြန်ရှင်လာတာလဲဟင်”

ဟူဖေးဖေးက ယဲ့ဖုန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏။

ယဲ့ဖုန်းက သူမကို စိတ်ချင်းဆက်သွယ်ကာ ပြန်ပြောလိုက်သည်။

‘ဘာလို့လဲဆိုတော့ ရွှမ်ကျုံးရဲ့ ဝိညာဉ်က ပုဆိန်ကြီးထဲမှာ ပုန်းနေလို့ပဲ။ ဒီပုဆိန်ကြီး ရှိနေသရွေ့ သူက အကြိမ်ကြိမ် ပြန်ရှင်လာနိုင်တယ်။ တကယ်တမ်း ပြောရရင် ဒါက ပြန်ရှင်လာတာ မဟုတ်ဘူး။ ခုနက ပေါက်ကွဲသွားတာက သူ့ရဲ့ အပြင်ပန်း ကိုယ်ပွားသက်သက်ပဲ။ သူ့ရဲ့ စစ်မှန်တဲ့ ကိုယ်ခန္ဓာက အဲဒီ ပုဆိန်ကြီးပဲလို့ ပြောလို့ရတယ်’

ယဲ့ဖုန်းသည် အခြားသူများ မကြားနိုင်အောင် အထူး အကာအကွယ် တစ်ခု တည်ဆောက်ထားသဖြင့် ရွှမ်ကျုံး၏ အဆုံးမဲ့ ပြန်လည် ရှင်သန်ခြင်း လျှို့ဝှက်ချက်ကို မည်သူမျှ မသိကြပေ။

‘ရွှမ်ကျုံးရဲ့ ပုဆိန်ကြီးက အဝေးကို လွင့်သွားတဲ့အချိန်မှာ လနီရဲ့ စွမ်းအားတွေကို ဝါးမြိုလိုက်တာ။ အဲဒီတော့မှ သူ့ရဲ့ ကိုယ်ပွားကို ပြန်ပြီး စုစည်းနိုင်တာပေါ့’

‘တခြားလူတွေက ရွှမ်ကျုံးရဲ့ ကိုယ်ပွားကိုပဲ သတိထားမိကြပြီး အဲဒါကို အစစ်အမှန် ခန္ဓာကိုယ်လို့ ထင်နေကြတာ။ ပုဆိန်ကြီးက အစစ်အမှန် ဆိုတာကို မသိကြဘူး’

‘ဒီပုဆိန်ကြီးကို ချေမှုန်းနိုင်မှသာ သူ့ကို သတ်နိုင်မှာပဲ’ ဟု ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။

သို့သော် ထိုပုဆိန်ကြီးမှာ ကြယ်နှစ်ပွင့်အဆင့်ရှိသော မြင့်မြတ်သည့် ဝိညာဉ်ရတနာ ဖြစ်သည်။ ၎င်းကို ချေမှုန်းရန်မှာမူ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။ မြင့်မြတ်သည့် ဝိညာဉ်ရတနာ ဆိုသည်မှာ ဝိညာဉ်ရတနာများထက် သာလွန်သော်လည်း သူတော်စင်လက်နက် အဆင့်သို့ မရောက်ရှိသေးသော ကြားခံအဆင့် နတ်ဘုရားလက်နက်များ ဖြစ်ကြ၏။ ကြယ်တစ်ပွင့်အဆင့်မှာ တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်နှင့် တန်းတူ ဖြစ်ပြီး၊ ကြယ်လေးပွင့်အဆင့်မှာမူ လေးဆင့်ပြောင်း တပိုင်း သူတော်စင်နှင့် တန်းတူ ဖြစ်သည်။

ယဲ့ဖုန်းသည်လည်း ဟူဖေးဖေး အဆင့်တက်သွားပြီးနောက် အဆက်မပြတ် ခွဲခြမ်း စိတ်ဖြာခဲ့ခြင်းကြောင့် ဤအဆင့် သတ်မှတ်ချက်များကို သိရှိလာခဲ့ခြင်း ဖြစ်၏။ အမှန်တကယ်တွင် မြင့်မြတ်သည့် ဝိညာဉ်ရတနာ ဆိုသည်မှာ တပိုင်း သူတော်စင် ပညာရှင်များက မိမိတို့၏ ခွန်အားများဖြင့် တိုက်ရိုက် မွေးမြူထားသော ကိုယ်ပိုင် ဝိညာဉ်ရတနာများတည်း။

ကောင်းကင်ယံ မြင့်မားသော နေရာတွင် ရွှမ်ကျုံးသည် ပုဆိန်ကြီးကို ကိုင်ဆောင်ကာ မာန်တက်နေသည်။ သူသည် နေရာတွင် ရှိနေသူ အားလုံးကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ လှောင်ပြောင်လိုက်၏။

“မင်းတို့က ချိပ်ပိတ်ဝင်္ကပါတွေ သုံးပြီး ငါ့ကို သတ်နိုင်မယ် ထင်နေတာလား။ ရယ်စရာပဲ။ ငါက ပြိုင်ဘက်ကင်းတယ်ဟေ့”

“ပြိုင်ဘက်ကင်းတယ် ဟုတ်လား ... မင်းအမေကို သွားပြောလိုက်စမ်း”

ရှောင်ချန်းထျန်းက ရှူးရှူးရှားရှား ဟိန်းဟောက်လိုက်၏။

သူသည် နောက်တစ်ကြိမ် ရွှေနဂါးကြီးအဖြစ် ပြောင်းလဲကာ ရှေ့သို့ တိုးဝင် တိုက်ခိုက်လိုက်ပြန်သည်။

“ရိုင်းစိုင်းတဲ့ ပုဆိန်က ကောင်းကင်နဲ့ မြေကြီးကို ဖြတ်တောက်စေရမယ်”

ရွှမ်ကျုံးက သူ၏ ပုဆိန်ကြီးကို ထပ်မံ မြှောက်လိုက်ရာ ပုဆိန်သွားမှ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။

“ဝီ…”

ပြင်းထန်သော ဝှေ့ယမ်းမှု တစ်ခုနှင့်အတူ ရှောင်ချန်းထျန်းမှာ ခါးလယ်မှ ထက်ပိုင်း ပြတ်သွားရသည်။ ရွှမ်ကျုံးက နောက်ထပ် ပုဆိန် တစ်ချက် ဝှေ့ယမ်းလိုက်ပြန်ရာ ရှောင်ချန်းထျန်းမှာ သုံးပိုင်း ပြတ်သွားရပြန်၏။

“လာကြစမ်း ... အခု တိုက်ကြစမ်း”

ထိပ်တန်း ကောင်းကင်ဧကရာဇ်များနှင့် တပိုင်း သူတော်စင် ကိုယ်ရံတော်များ အားလုံး တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။ သူတို့သည် ပုဆိန်ကြီးကို တားဆီးကာ ရွှမ်ကျုံးကို ထပ်မံ ပေါက်ကွဲသွားစေပြန်၏။

သို့သော် ပုဆိန်ကြီးမှာ အလွန် ကောက်ကျစ်လှပေသည်။ ၎င်းသည် ရွှမ်ကျုံး ပေါက်ကွဲသွားသည့် လှိုင်းဂယက်ကို အသုံးပြုကာ မိမိကိုယ်ကိုယ် အဝေးသို့ တမင် လွှင့်ထုတ်ပစ်လိုက်၏။ မိုင်ပေါင်း သောင်းချီဝေးသော နေရာသို့ ရောက်ရှိသွားပြီး လနီ၏ စွမ်းအားများကို တိတ်တဆိတ် ထပ်မံ ဝါးမြိုနေပြန်သည်။

ဤအရာအားလုံးကို ယဲ့ဖုန်းက မြင်တွေ့နေရ၏။ သူသည် တိုက်ပွဲတွင် ဝင်မပါဘဲ အရာရာကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

မိုင်ပေါင်း တစ်ထောင်ခန့် အကွာအဝေးရှိ သိပ်သည်းလှသော မြူခိုးများကြားတွင် သွယ်လျလှပသော ပုံရိပ်တစ်ခုမှာ အရာရာကို အေးဆေးစွာ စောင့်ကြည့်နေသည်။ သူမသည် မလှုပ်ရှားသော်လည်း ရွှမ်ကျုံး၏ အားနည်းချက်ကိုမူ ရိပ်မိနေပုံရ၏။

ဤပုဂ္ဂိုလ်မှာ စိမ်းပြာရောင် တားမြစ်နယ်မြေ၏ အရှင်သခင် ပင် ဖြစ်သည်။ သူမသည် ရွှမ်ကျုံး၏ အားနည်းချက်ကို သိသော်လည်း ထုတ်ဖော် မပြောကြားခဲ့ပေ။ ဤလူငယ်များအနေဖြင့် နတ်ဘုရားမျိုးနွယ်စု၏ အားနည်းချက်ကို မိမိဘာသာ ရှာဖွေနိုင်ခြင်း ရှိ၊ မရှိကိုသာ သူမက စမ်းသပ်လိုနေခြင်း ဖြစ်သည်။

‘နတ်ဘုရားမျိုးနွယ်စုက တကယ်ကို ကောက်ကျစ်တာပဲ။ သူတော်စင်အဆင့် ပညာရှင်တွေ.. ကြာယယ်တာရာ ဟင်းလင်းပြင် စစ်ပွဲကြီးမှာ ပိတ်မိနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ... နေမင်းကို ဝါးမြိုတဲ့ ထောင်ချောက်ကို ဆင်ထားခဲ့တာကိုး။ အခုတော့ ကိစ္စတွေက ပိုပြီး ရှုပ်ထွေးကုန်ပြီ’

စိမ်းပြာရောင်တားမြစ်နယ်မြေ အရှင်သခင်က တိုးတိုးလေး ရေရွတ်လိုက်၏။

သူမ ပြောနေစဉ်အတွင်းမှာပင် သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးလာသည်။

အကယ်၍ ယဲ့ဖုန်းသာ ဤနေရာတွင် ရှိနေပါက ... စိမ်းပြာရောင်တားမြစ်နယ်မြေ အရှင်သခင်မှာ ဝိညာဉ်အာရုံ ကိုယ်ပွားမျှသာ ဖြစ်ပြီး အစစ်အမှန် ကိုယ်ခန္ဓာ မဟုတ်ကြောင်း သိရှိသွားပေလိမ့်မည်။

ကောင်းကင်ယံ မြင့်မားသော နေရာတွင် ရွှမ်ကျုံးသည် သူ၏ ကိုယ်ခန္ဓာကို ထပ်မံ စုစည်းလိုက်ပြန်၏။

“ဟားဟားဟား ... မင်းတို့အားလုံးက သိပ်ကို အားနည်းလွန်းတယ်။ ငါ ကြွားတာ မဟုတ်ဘူးနော် ... ဒီမှာ ရှိနေတဲ့ လူတိုင်းက ငါ့အတွက်တော့ ညီငယ်လေးတွေ အဆင့်ပဲ ရှိသေးတာ။ ဒါပေမဲ့ ငါ့မှာ လုပ်စရာ တာဝန်တွေ ရှိသေးလို့ မင်းတို့နဲ့ စကားများမနေတော့ဘူး။ သွားပြီဟေ့”

ရွှမ်ကျုံးသည် သူ၏ ပုဆိန်ကြီးကို ထမ်းကာ လှည့်ထွက်သွားရန် ပြင်လိုက်၏။

“ရပ်လိုက်စမ်း”

ရှောင်ချန်းထျန်းသည် ကုထုံးဆေးလုံး ပုလင်းကြီး သုံးလုံးကို အသည်းအသန် မျိုချလိုက်ပြီး ဒဏ်ရာများကို အမြန် ကုသကာ ရှေ့သို့ ထပ်မံ ပြေးဝင်သွားပြန်သည်။

“ဟွန်း ... လမ်းဖယ်စမ်း”

ရွှမ်ကျုံး၏ ပုဆိန် ခုတ်ချက် တစ်ချက်တည်းနှင့်ပင် ရှောင်ချန်းထျန်းမှာ ခါးလယ်မှ ထပ်မံ၍ ထက်ပိုင်း ပြတ်သွားရရှာပြန်သည်။

"ဝှစ်"

ရွှမ်ကျုံးသည် လေထဲသို့ ခုန်တက်ကာ ဝိုင်းရံထားမှုမှ ဖောက်ထွက်လိုက်ပြီး တောင်ဘက်အရပ်သို့ ဦးတည် ပျံသန်းသွားတော့သည်။ သူသည် မိုင်ပေါင်း သန်း တစ်ထောင်ခန့် ဝေးသော နေရာတွင် ရှိသည့် ကြယ်ငါးပွင့်အဆင့်ရှိသော အင်ပါယာကြီး တစ်ခုဆီသို့ ဦးတည်နေခြင်း ဖြစ်၏။

“ဟီးဟီးဟီး ... မိုင်ပေါင်း သန်း သုံးထောင် ပတ်လည်အတွင်းမှာ အင်ပါယာ တစ်ခု ရှိနေတာကို ငါ အာရုံခံမိတယ်။ သက်ရှိပေါင်းများစွာ ရှိနေတာပဲ။ ဒီအင်ပါယာက သက်ရှိ ထက်ဝက်လောက်ကို သတ်ပြီးတာနဲ့ ငါ့ရဲ့ တာဝန် ပြီးပြီပေါ့”

ရွှမ်ကျုံးက အားရပါးရ ဟားတိုက်ရယ်လိုက်၏။

“ရပ်လိုက်စမ်း”

“လူသားတွေကို ဒုက္ခပေးတော့မယ်။ သူ့ကို တားကြစမ်း”

တားမြစ်နယ်မြေ ငါးခုမှ လူများမှာမူ လိုက်လံ ဖမ်းဆီးရန် သိပ်ပြီး စိတ်အားထက်သန်ခြင်း မရှိကြပေ။

သို့သော် မြင့်မြတ်သောနယ်မြေ ကိုးခုနှင့် နတ်ဘုရား တောင်တန်းကြီးများမှ ကျင့်ကြံသူများမှာမူ တရားမျှတမှုကို လိုလားသူများ ဖြစ်ကြသဖြင့် တုံ့ဆိုင်းမနေဘဲ နောက်မှ အမှီ လိုက်ကြတော့သည်။

“သွားကြစို့”

ယဲ့ဖုန်းလည်း လိုက်ပါသွားသည်။ အစကတည်းက သူသည် ရှောင်ချန်းထျန်းတို့၏ စွမ်းဆောင်ရည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုအချိန်မှစ၍ သူသည် ဘေးထိုင်နားထောင် လုပ်နေ၍ မရတော့ပေ။

‘မင်းက သာမန် လူသားတွေကို ပစ်မှတ်ထားတယ်ဆိုရင်တော့ ... ငါ တိုက်ပွဲမှာ ပါဝင်တာကို အပြစ်မတင်နဲ့တော့။ တကယ်တော့ ဒါက ဂုဏ်သတင်းတန်ဖိုးတွေ မြန်မြန် ရဖို့ အကောင်းဆုံး နည်းလမ်းပဲ မဟုတ်လား’

ယဲ့ဖုန်း၏ နှုတ်ခမ်းများ အသာအယာ တွန့်သွားတော့သည်။

သူသည် စောစောက မလှုပ်ရှားခဲ့မိသည်ကိုပင် ဝမ်းသာနေမိ၏။ အကယ်၍သာ တားမြစ်နယ်မြေအတွင်းမှာတင် ရွှမ်ကျုံးကို မှားပြီး သတ်မိခဲ့လျှင် ဘီလီယံချီသော ဂုဏ်သတင်းတန်ဖိုးများကို သူ လက်လွတ် ဆုံးရှုံးရပေလိမ့်မည်။

“ဝှစ် ... ဝှစ် ...ဝှစ် …”

လူတိုင်း နောက်မှ အသည်းအသန် လိုက်ကြသည်။ ဤနေရာရှိ လူတိုင်းမှာ ထိပ်တန်း ကောင်းကင်ဧကရာဇ်များ သို့မဟုတ် တပိုင်း သူတော်စင်များ ဖြစ်ကြသည်။ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ သွားလာကြသဖြင့် မိုင်ပေါင်း သန်း တစ်ထောင်ခန့် ဝေးသော ဧကရာဇ်၏ အထက်သို့ ရောက်ရှိရန် အချိန်အများကြီး မပေးလိုက်ရချေ။

“ဓားကိုးစင်း အင်ပါယာ”

ယဲ့ဖုန်းသည် ဝိညာဉ်အာရုံဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ရာ ဤအင်ပါယာ၏ အမည်ကို သိရှိသွားသည်။ ၎င်းမှာ မိုင်ပေါင်း သန်းနှင့်ချီ ကျယ်ပြန့်ပြီး လူဦးရေမှာလည်း ရေတွက်၍ မရနိုင်အောင် များပြားလှပေသည်။

ယခုအခါ ထိုလူအုပ်ကြီးမှာ ဓားကိုးစင်း အင်ပါယာ၏ နန်းမြို့တော် အထက်သို့ တိုက်ရိုက် ရောက်ရှိလာကြခြင်း ဖြစ်သည်။

“ဘယ်သူတွေလဲ ... ”

ထိုလူအုပ်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဓားကိုးစင်း အင်ပါယာ၏ နန်းမြို့တော်အတွင်းမှ အံ့ဩတုန်လှုပ်နေသော အသံ တစ်ခု ချက်ချင်း ထွက်ပေါ်လာတော့၏။

--

All Chapters