အခန်း ၄၈၄
Vol. 46 Ch. 484
အခန်း (၆၈၄) - ဓားကိုးစင်း အင်ပါယာ၊ ယဲ့ဖုန်း၏ လှုပ်ရှားမှုနှင့် ပုဆိန်ကြီးကို အမှုန့်ခြေလိုက်သော လက်သီးချက်
"ဝှစ် ..."
ဓားကိုးစင်း အင်ပါယာ၏ နန်းမြို့တော်အတွင်းမှ ပုံရိပ် ဒါဇင်ပေါင်းများစွာ ပျံသန်းထွက်ပေါ်လာကြသည်။ ဦးဆောင်လာသူ၏ ကျောပေါ်တွင် ထက်မြက်လှသော ဓားကိုးစင်း ပါရှိပြီး ခန္ဓာကိုယ်မှ သူတော်စင်အရှိန်အဝါများ မှိန်ပျပျ ဖြာထွက်နေ၏။ ဤသူကား တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်သည်။
ဓားကိုးစင်း အင်ပါယာသည် ကြယ်ငါးပွင့်အဆင့် အင်အားစုဖြစ်ရာ ထိုအင်အားစုကို ဦးဆောင်သူမှာ တပိုင်း သူတော်စင် ဖြစ်ရမည်မှာ သဘာဝပင်။ ဤတပိုင်း သူတော်စင်သည် ဓားကိုးစင်း အင်ပါယာ၏ ဘိုးဘေးကြီးလည်း ဖြစ်၏။
“ခင်ဗျားတို့ပါလား ... ”
ဓားကိုးစင်းတပိုင်း သူတော်စင်သည် ယဲ့ဖုန်း၊ ရှောင်ချန်းထျန်း၊ ဝူရွှမ်နှင့် အခြားသူများကို မြင်လိုက်ရသောအခါ မျက်လုံးအိမ်များ ကျုံ့သွားတော့သည်။ သူ၏ ရင်ထဲတွင် အကြီးအကဲ တုန်လှုပ်သွားရ၏။ ဤကဲ့သို့သော ထိပ်တန်းပညာရှင်များ ဓားကိုးစင်း အင်ပါယာသို့ ရောက်လာခြင်းမှာ သူ တစ်စုံတစ်ခု မှားယွင်းလုပ်ဆောင်မိ၍ ဖြစ်နိုင်ပါသလား။
မဖြစ်နိုင်ပေ။ သူသည် အမြဲတမ်း အေးအေးဆေးဆေးသာ နေထိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် သူ၏ မျိုးနွယ်စုဝင် လူငယ်များကိုလည်း အပြင်လောကတွင် ပြဿနာမရှာရန်၊ ရန်သူမပွားရန်၊ ပစ္စည်းလုခြင်းနှင့် မိန်းကလေးလုခြင်းများ မလုပ်ရန် အမြဲတမ်း သတိပေးဆုံးမထားခဲ့သူ ဖြစ်၏။ ထို့ကြောင့် ဓားကိုးစင်း အင်ပါယာတွင် ရန်သူဟူ၍ မရှိသလောက်ပင်။ သို့ဆိုလျှင် ယဲ့ဖုန်းနှင့် အဖွဲ့က အဘယ်ကြောင့် ဤမျှ ပြင်းထန်သော အရှိန်အဝါများဖြင့် ရောက်ရှိလာကြသနည်း။
ဓားကိုးစင်းတပိုင်း သူတော်စင်သည် တံတွေးတစ်လုပ်ကို အခက်ခဲ မြိုချလိုက်မိပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
“ကြည့်ရတာ တပိုင်း သူတော်စင် တစ်ယောက် ဦးဆောင်နေတဲ့ ကြယ်ငါးပွင့် အင်အားစု တစ်ခုပေါ့။ ဒါပေမဲ့ တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်လောက်ကတော့ ငါ့ပုဆိန် တစ်ချက်တည်းနဲ့ တင် ပြတ်သွားစေရမယ် ... ”
ရွှမ်ကျုံးက သူ၏ပုံရိပ်ကို ဖော်ပြလိုက်၏။ သူသည် ကြက်သွေးရောင် ပုဆိန်နီကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဓားကိုးစင်းတပိုင်း သူတော်စင်ကို စိုက်ကြည့်ကာ ရက်စက်စွာ ပြုံးလိုက်၏။
“ဒါ ... ဒါ ဘာလဲ။ မိတ်ဆွေ ... ကျွန်တော်တို့ကြားမှာ အထင်လွဲစရာ မရှိဘူးလို့ ထင်တာပဲ ... အဲ ... ခဏလေး။ ခင်ဗျားက တားမြစ်နယ်မြေထဲက ရှေးဟောင်း ကြမ်းကြုတ်သားရဲ တစ်ကောင်ပဲ ... ”
ဓားကိုးစင်းတပိုင်း သူတော်စင်သည် ရွှမ်ကျုံးကို စိုက်ကြည့်ရင်း မျက်လုံးအိမ်များ ထပ်မံ ကျုံ့သွားပြန်သည်။
နှစ်ပေါင်း ထောင်ချီ အသက်ရှင်လာသော မိစ္ဆာအိုကြီး တစ်ဦးအနေဖြင့် တားမြစ်နယ်မြေမှ သတ္တဝါများ သောင်းကျန်းခဲ့သည့် အဖြစ်အပျက်များကို သူ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသည်။
ယခင်က ထွက်ပေါ်လာသော ထိုသတ္တဝါများမှာ ယခု မြင်တွေ့နေရသည့် ရွှမ်ကျုံးနှင့် အလွန် ဆင်တူလှပေသည်။ သို့သော် ထိုသူများမှာ လုံးဝ ရိုင်းစိုင်းကြပြီး အသိဉာဏ် မရှိဘဲ သတ်ဖြတ်ခြင်း တစ်ခုတည်းကိုသာ သိကြသူများ ဖြစ်၏။
ဓားကိုးစင်းတပိုင်း သူတော်စင် မသိသည်မှာ ... အတိတ်က နတ်ဘုရားမျိုးနွယ်စုဝင်များသည် အဆတစ်ရာ ကြီးထွားသော လနီ၏ အကာအကွယ်ကို မရရှိခဲ့သဖြင့် ကောင်းကင်ဘုံ၏ အသိစိတ်ကြောင့် ရူးသွပ်သွားခဲ့ကြသည် ဆိုသည်ကိုပင်။
ယခုအခါ လနီကြီးမှာ ကောင်းကင်ယံတွင် ရှိနေလေပြီ။ လနီ၏ စွမ်းအားများသည် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် အားနည်းနေသော ကောင်းကင်ဘုံ၏ အသိစိတ်မှာ နတ်ဘုရားမျိုးနွယ်စု၏ ကျူးကျော်မှုကို မတားဆီးနိုင်တော့ပေ။
ထို့ကြောင့် ရွှမ်ကျုံးကဲ့သို့သော သူများသည် အသိဉာဏ် ရှင်းလင်းစွာ ကျန်ရှိနေခြင်း ဖြစ်သည်။
“မှန်တယ်။ မင်း ငါ့ကို မှတ်မိသားပဲ။ နောက်ထပ် မင်းကို ငါ သတ်ရတော့မယ်... ”
ရွှမ်ကျုံးသည် ပုဆိန်ကို ဝှေ့ယမ်းကာ ခုတ်ချရန် ပြင်လိုက်၏။
“သူ့ကို တားကြစမ်း ... ”
ရှောင်ချန်းထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ဝူရွှမ်၊ ကြံ့ကောင်းကင်ဧကရာဇ်နှင့် အခြား ထိပ်တန်းပညာရှင် ဒါဇင်ပေါင်းများစွာသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ ရွှမ်ကျုံး၏ ကိုယ်ခန္ဓာမှာ ပြိုကွဲသွားရပြန်သည်။
"ဒုန်း"
ကြက်သွေးရောင် ပုဆိန်ကြီးမှာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး တောင်တန်းကြီးများကို ချိုးဖျက်ကာ ဖုန်မှုန့်များ ထွက်ပေါ်လာစေသည်။ ဤကဲ့သို့သော တိုက်ပွဲကြီးကြောင့် ဓားကိုးစင်း အင်ပါယာ တစ်ခုလုံး လှုပ်ခတ်သွားရ၏။ အဆင့်မြင့် ကျင့်ကြံသူအားလုံး ထိုဘက်သို့ လှမ်းကြည့်လိုက်ကြတော့၏။
လေထဲတွင် ဓားကိုးစင်းတပိုင်း သူတော်စင်မှာ မထိန်းနိုင်အောင် တုန်ယင်နေသည်။ သူ လုံးဝ ဆွံ့အသွားရ၏။
တားမြစ်နယ်မြေမှ ကြမ်းကြုတ်သားရဲက ဓားကိုးစင်း အင်ပါယာကို တိုက်ခိုက်ရန် ကြိုးစားခြင်းကို မြင့်မြတ်သောနယ်မြေ ကိုးခုနှင့် နတ်ဘုရား တောင်တန်းကြီးများမှ ပညာရှင်များက တားဆီးပေးခြင်းမှာ နားလည်နိုင်သော်လည်း ... တားမြစ်နယ်မြေမှဟု ထင်ရသော ရှောင်ချန်းထျန်းနှင့် ဝူရွှမ်တို့က အဘယ်ကြောင့် ဝင်ရောက် တားဆီးပေးနေရသနည်း။
ဘာလျှို့ဝှက်ချက်များ ရှိနေပါသနည်း။
“အရင်က လူတွေကို ဒုက္ခပေးခဲ့တဲ့ တားမြစ်နယ်မြေက သတ္တဝါတွေဆိုတာ တကယ်တော့ ‘နတ်ဘုရားမျိုးနွယ်စု’ လို့ ခေါ်တဲ့ လျှို့ဝှက်အင်အားစုက လာတာပါ။ တားမြစ်နယ်မြေ ငါးခုကတော့ ဒီကိစ္စတွေမှာ တကယ်တမ်း မပါဝင်ပါဘူး ... ”
ယဲ့ဖုန်းက ကျယ်လောင်စွာ ပြောလိုက်၏။
ယခုအချိန်သည် တားမြစ်နယ်မြေရှိ မူလသတ္တဝါများအတွက် နာမည်ကောင်း ပြန်ယူပေးရန် အသင့်တော်ဆုံး အချိန် ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
သူ ပြောလိုက်သည်နှင့် ဓားကိုးစင်း အင်ပါယာမှ လူအားလုံး မှင်သက်သွားကြတော့၏။
အကယ်၍သာ ဤစကားကို ယဲ့ဖုန်း၏ ပါးစပ်မှ ပြောလိုက်ခြင်း မဟုတ်ပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ဘဲ ဝိုင်းဝန်း မေးခွန်းထုတ်ကြမည်မှာ သေချာလှပေသည်။
“အာ ... သေစမ်း ... ”
ရွှမ်ကျုံးသည် သူ၏ကိုယ်ခန္ဓာကို ပြန်လည် စုစည်းလိုက်ပြန်သည်။ သူသည် ပုဆိန်ကြီးကို ကိုင်ကာ နေရာတွင် ရှိနေသူ အားလုံးကို အေးစက်စွာ ကြည့်လိုက်၏။
“ငါတို့ နတ်ဘုရားမျိုးနွယ်စုကို လာတားရဲတယ်ပေါ့ ... ခွေးသားတွေ သေချင်နေတာလား ... ”
"ဝုန်း ..."
ရွှမ်ကျုံး စကားမဆုံးသေးမီမှာပင် ပညာရှင် ဒါဇင်ပေါင်းများစွာ၏ လက်ချက်ဖြင့် သူသည် ထပ်မံ၍ အသားစများ၊ အရိုးစများအဖြစ် ပြိုကွဲသွားရပြန်သည်။
သို့သော် မကြာမီမှာပင် သူ ပြန်လည် ရှင်သန်လာပြန်၏။ ဓားကိုးစင်းတပိုင်း သူတော်စင်နှင့် ဓားကိုးစင်း အင်ပါယာမှ သက်ရှိအားလုံးမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩလွန်းသဖြင့် ပါးစပ်များပင် မစေ့နိုင်ကြတော့ချေ။
အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသော်လည်း အကြိမ်ကြိမ် ပြန်လည် ရှင်သန်လာနိုင်သည် ဆိုပါလား။ ဒါက တကယ့်ကို တားမြစ်နယ်မြေမှ သတ္တဝါများ၏ စွမ်းရည်လော။
ထို့ပြင် ရှောင်ချန်းထျန်းနှင့် ဝူရွှမ်တို့မှာ တားမြစ်နယ်မြေမှ ဖြစ်သော်လည်း အဘယ်ကြောင့် ရန်သူ မဟုတ်ဘဲ မဟာမိတ်များကဲ့သို့ ဖြစ်နေရသနည်း။ လူတိုင်း၏ ကမ္ဘာကြီးအပေါ် အမြင်များမှာ အကြီးအကျယ် ပြောင်းလဲသွားရ၏။
“မိတ်ဆွေတို့ ... ခင်ဗျားတို့ သူ့ကို သတ်လို့ ရမှာ မဟုတ်ဘူး ... ”
ယဲ့ဖုန်းက ထိုအခိုက်အတန့်တွင် ဝင်ပြောလိုက်၏။ ထိုစကားကြောင့် လူတိုင်း၏ အကြည့်များမှာ ယဲ့ဖုန်းဆီသို့ ရောက်ရှိလာကြ၏။
“ကောင်လေး ... မင်း တစ်ခုခုကို သိသွားပုံရတယ်နော် ... ”
ရွှမ်ကျုံးက ယဲ့ဖုန်းကို သံသယဖြင့် စိုက်ကြည့်လိုက်၏။
သူ၏ အမြင်တွင် ယဲ့ဖုန်းမှာ အလွန် ထူးဆန်းလှပေသည်။ စောစောက တိုက်ပွဲတွင် ဝင်မပါဘဲ အေးဆေးစွာ ရပ်ကြည့်နေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော လူစားမျိုးမှာ အန္တရာယ် အရှိဆုံး ဖြစ်တတ်၏။
“ယဲ့ဖုန်း ... မင်း ဘာကို မြင်လိုက်တာလဲ ... ”
ရှောင်ချန်းထျန်းကလည်း ယဲ့ဖုန်းကို စူးစိုက်ကြည့်လိုက်၏။ ယဲ့ဖုန်း တစ်ခုခုကို သိထားမည်မှာ သေချာလှပေသည်။
စိမ်းပြာရောင် တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် ဝေဝါးသော ပုံရိပ်သည် ယဲ့ဖုန်းကို ကြည့်ကာ အံ့ဩသွားရသည်။
‘မြူခိုးဂိုဏ်းချုပ်က တစ်ခုခုကို ရိပ်မိသွားတာလား။ အကယ်၍ အဲဒါ အမှန်ဆိုရင်တော့ သူ့ရဲ့ အမြင်အာရုံက တကယ်ကို ကြောက်စရာ ကောင်းတာပဲ’ ဟု သူမ တီးတိုး ရေရွတ်လိုက်မိ၏။
*
ဓားကိုးစင်း အင်ပါယာ နန်းမြို့တော်၏ ကောင်းကင်ယံထက်တွင်..
“ဟုတ်တယ် ... မင်းကို ဘယ်လို အဆုံးသတ်ရမလဲဆိုတာ ငါ သိတယ် ... ” ယဲ့ဖုန်းက အသာအယာ ပြုံးလိုက်၏။ သူ၏ မျက်ဝန်းများတွင် တည်ငြိမ်မှုနှင့် ယုံကြည်မှုများ ပြည့်နှက်နေ၏။
“ဒါဆိုရင်တော့ မင်းကို အရင် သတ်ရမှာပေါ့ ... ”
ရွှမ်ကျုံးသည် သူ၏ ပုဆိန်ကြီးကို မြှောက်လိုက်ရာ ၎င်းမှာ လနီ၏ စွမ်းအားများကို အမြောက်အမြား ဝါးမြိုပစ်လိုက်၏။ ပုဆိန်သွားမှာ မီးတောက်များ တောက်လောင်လာပြီး ယဲ့ဖုန်းဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
“မြန်မြန် ... သူ့ကို ကူညီကြစမ်း ... ” မြင့်မြတ်သောနယ်မြေ ကိုးခုမှ ပါရမီရှင်များက တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
“ဘယ်သူမှ မကူညီနဲ့ ... ” ရှောင်ချန်းထျန်းက ရုတ်တရက် ဟိန်းဟောက်ကာ လူတိုင်းကို တားဆီးလိုက်၏။
“ရှောင်ချန်းထျန်း ... နင်က ယဲ့ဖုန်းကို အသေခံခိုင်းချင်နေတာလား ... ” ကျောင်းယန် မြင့်မြတ်သောနယ်မြေမှ ပါရမီရှင် အမျိုးသမီး တစ်ဦးက ပြစ်တင်လိုက်၏။
ယဲ့ဖုန်း လှမ်းကြည့်လိုက်ရာ သူမမှာ မင်းသမီး ယွီကျူး ဖြစ်ကြောင်း သိလိုက်ရ၏။ သူမမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်လာလေပြီ။
“ဒီလောက် တိုက်ခိုက်မှုမျိုးက ငါ့ကိုတောင် မသတ်နိုင်တာ ... ယဲ့ဖုန်းကို သတ်နိုင်မှာ မဟုတ်ဘူး။ ငါက ယဲ့ဖုန်းရဲ့ စစ်မှန်တဲ့ ခွန်အားကို သိချင်ရုံပဲ ... ” ရှောင်ချန်းထျန်းက တည်ကြည်စွာ ပြောလိုက်၏။
ထိုစကားကြောင့် လူတိုင်းမှာ လက်တွန့်သွားကြသည်။
ဟုတ်ပေသည်။ ယဲ့ဖုန်းမှာ အလွန် အစွမ်းထက်လှသည် မဟုတ်ပါလား။
ရွှမ်ကျုံးက ရှောင်ချန်းထျန်းကို ဒဏ်ရာရစေနိုင်သော်လည်း၊ ယဲ့ဖုန်းမှာမူ ရှောင်ချန်းထျန်းကို အနိုင်ယူခဲ့ဖူးသူ ဖြစ်သည်။
ထို့ကြောင့် လူအုပ်ကြီးမှာ တိုက်ပွဲကိုသာ အေးဆေးစွာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြတော့၏။
"ရွှစ် ..."
ယဲ့ဖုန်းသည် ဟင်းလင်းပြင် ဖြတ်ကျော် နည်းစနစ်ကို အကြိမ်ပေါင်း ရာနှင့်ချီ၍ အသုံးပြုကာ ရွှမ်ကျုံး၏ ပုဆိန်ချက်များကို အလွယ်တကူ ရှောင်တိမ်းနေသည်။
“ရွှမ်ကျုံး ... မင်းက နှေးလွန်းတယ် ... ”
ယဲ့ဖုန်းသည် သူ၏ အချိန်စီးဆင်းမှုကို ဆယ်ဆ အရှိန်မြှင့်လိုက်၏။ ရွှမ်ကျုံး၏ တိုက်ခိုက်မှုများမှာ သူ၏ ရှေ့တွင် အလွန်နှေးကွေးသော လှုပ်ရှားမှုများပမာ ဖြစ်နေသဖြင့် ဘယ်သောအခါမျှ သူ့ကို ထိနိုင်မည် မဟုတ်ချေ။
“ရဲတင်းလှချေလား ... ”
ရွှမ်ကျုံးက အဆက်မပြတ် တိုက်ခိုက်သော်လည်း ယဲ့ဖုန်းကို တစ်ချက်မျှ မထိသဖြင့် သူ၏ အံ့ဩမှုမှာ ပိုမို နက်ရှိုင်းလာတော့သည်။ ယဲ့ဖုန်းကို သူ လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွား၏။
ယဲ့ဖုန်း လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ရွှမ်ကျုံး၏ ပုဆိန်ကြီးကို ထိမှန်သွားသည်။
"ဝုန်း ..."
ဒုတိယတစ်ချက် ထပ်ထိုးသည်။
တတိယတစ်ချက် တိုးဝင်သည်။
ပုဆိန်ကြီး၏ တူညီသော နေရာကိုသာ သုံးချက် ဆက်တိုက် ထိုးချလိုက်ခြင်း ဖြစ်၏။
ရွှမ်ကျုံးက ရှောင်ရန် ကြိုးစားသည်။
သို့သော် မမီတော့ချေ။
'မကောင်းတော့ဘူး’
'မင်း ဘယ်လိုလုပ် ငါ့ရဲ့ အားနည်းချက်ကို သိသွားတာလဲ’
'ဒါဆိုရင် မင်းက ငါတို့ မျိုးနွယ်စုရဲ့ ရန်သူတော် ဖြစ်တဲ့ ရှန်ကျိုးတိုက်ကြီးရဲ့ ကံကြမ္မာ သားတော် လား'
ရွှမ်ကျုံးသည် သူ၏ လက်ထဲရှိ ပုဆိန်ကြီးကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ဂျွတ် …”
လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် ပုဆိန်ကြီးမှာ ရုတ်တရက် အက်ကွဲသွားပြီး အမှုန့်များအဖြစ် ပြိုကွဲကာ လေထဲတွင် လွင့်စင်ကုန်တော့သည်။ ရွှမ်ကျုံး၏ ကိုယ်ခန္ဓာမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်လာတော့၏။
“မင်းက ဘယ်သူလဲ ... ”
လုံးဝ မပြိုကွဲမီ ရွှမ်ကျုံးသည် ယဲ့ဖုန်းကို လက်ညှိုးညွှန်ကာ အသည်းအသန် အော်ဟစ်မေးမြန်းလိုက်၏။
“ငါက မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ပါ ... ”
ယဲ့ဖုန်းသည် လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေသည်။
သူသည် ကောင်းကင်ယံထက်တွင် ခန့်ညားစွာ ရပ်နေပြီး သူ၏ ဝတ်ရုံစမှာ လေတွင် တဖျပ်ဖျပ် လွင့်နေ၏။ သူ၏ ကိုယ်ပေါ်မှ တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် အရှိန်အဝါများမှာ ရှောင်ချန်းထျန်းထက် များစွာ ပိုမို နက်ရှိုင်းလှသဖြင့် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင် တစ်ဦးကို ရင်ဆိုင်နေရသလိုပင်။
“သေသွားပြီလား ... သူ တကယ် သေသွားပြီလား ... ”
“ငါတို့ ဘယ်လိုပဲ တိုက်တိုက် ပြန်ရှင်လာတဲ့ နတ်ဘုရားမျိုးနွယ်စုက ရွှမ်ကျုံးဟာ ... ယဲ့ဖုန်းရဲ့ လက်သီး သုံးချက်တည်းနဲ့ သေသွားတာလား ... ”
“ငါ မြင်နေရတာ တကယ်ပဲလား ... ”
“မဖြစ်နိုင်တာ ... ယဲ့ဖုန်းက ဒီလောက်အထိ အစွမ်းထက်နေတာလား... ”
နေရာတွင် ရှိနေသူများမှာ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း ရွှမ်ကျုံး၏ အသက်ဓာတ် တစ်စက်မျှ မတွေ့ရတော့ချေ။ ဆိုလိုသည်မှာ ယဲ့ဖုန်းသည် လက်သီး သုံးချက်တည်းဖြင့် ရွှမ်ကျုံးကို အမြစ်ပြတ် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် သူ ဘယ်လို လုပ်ဆောင်ခဲ့သနည်း။
လူတိုင်းမှာ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေကြရသည်။
သူသည် ဧရာမ ကျင်းကြီးနှင့် အထက်ရှိ လနီတံခါးကို ဖုံးအုပ်ရန် တားမြစ်၀င်္ကပါ ဒါဇင်ပေါင်းများစွာကို ခင်းကျင်းလိုက်၏။
၎င်းနောက် သူသည် ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်သည်။
ဟူဖေးဖေးနှင့်အတူ ထွက်ခွာသွားတော့ကာ စိမ်းပြာရောင် တားမြစ်နယ်မြေအတွင်းမှ ပျောက်ကွယ်သွားလေ၏။
--