← Chapters

အခန်း ၄၈၆

Vol. 46 Ch. 486

အခန်း ၄၈၆

Vol. 46 Ch. 486

အခန်း (၆၈၆) - လနီတံခါး၏ ပြန်ကန်အားနှင့် ပညာရှင်များ၏ လေးစားမှု

“ဒီအရာက ဘာလဲဆိုတာ မင်း သိလား”

ရှောင်ချန်းထျန်းသည် ပြတ်ထွက်သွားသော အမြီးပိုင်းကို ကောက်ယူလိုက်ပြီး လူသားပုံစံသို့ ပြန်ပြောင်းကာ လေးနက်သော အသံဖြင့် မေးမြန်းသည်။

“ငါ ရှေးဟောင်းမှတ်တမ်း အချို့ကို ဖတ်ဖူးလို့ နည်းနည်းတော့ သိပါတယ်”

ယဲ့ဖုန်းက ခေါင်းညိတ်ပြရင်း စတင်၍ လိမ်ညာပြောဆိုလိုက်၏။

“ငါ့အထင် မမှားဘူးဆိုရင် ဒါဟာ အမည်မသိ အရပ်ဒေသဆီကို ဦးတည်နေတဲ့ လနီတံခါး ပဲ ဖြစ်ရမယ်”

ထိုစကားကို ကြားရသောအခါ လူတိုင်းမှာ စိတ်ဝင်စားသွားကြသည်။

ကြံ့ကောင်းကင်ဧကရာဇ်က မေးလိုက်၏။

“ဂိုဏ်းချုပ်ယဲ့ ... အဲဒီ အမည်မသိ အရပ်ဒေသဆိုတာ ဘာဖြစ်နိုင်မလဲ ခင်ဗျား သိလား”

“ကျွန်တော်လည်း မသိဘူး”

ယဲ့ဖုန်းက ခေါင်းခါပြလိုက်၏။

ဤကဲ့သို့သော ကိစ္စရပ်များတွင် အမှန်တရားကို တစ်ဝက်သာ ထုတ်ဖော်ပြောဆိုခြင်းက အကောင်းဆုံး ဖြစ်ချေသည်။

အရာရာကိုသာ ထုတ်ဖော်လိုက်ပါက သူသည် အရာအားလုံးကို သိလွန်းသူ အဖြစ် သတ်မှတ်ခံရပြီး အခြားသူများ၏ ပစ်မှတ် ဖြစ်လာနိုင်သည်လေ။

ထို့နောက် ယဲ့ဖုန်းက ဆက်လက် ပြောကြားလိုက်သည်။

လနီတံခါးမှာ ကိုယ်ပိုင် ဝင်္ကပါ ရှိနေပြီး ၎င်းကို တိုက်ခိုက်သမျှ အရာအားလုံးက ပြန်ကန်လာလိမ့်မည်။ ထို့အပြင် ဒါဟာ ကြယ်လေးပွင့်အဆင့် မြင့်မြတ်သည့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်ရမည်။ သူတို့၏ ယခုလက်ရှိ ခွန်အားတွေနှင့်တော့ ဒါကို ချေမှုန်း၍ မရနိုင် ဟူ၍။

“ငါ မြင့်မြတ်သောနယ်မြေက လေးဆင့်ပြောင်း တပိုင်း သူတော်စင်ကို အကူအညီတောင်းပြီး လာခိုင်းမယ်။ သူတို့ဆိုရင်တော့ ဒါကို သေချာပေါက် ချေမှုန်းနိုင်လိမ့်မယ်”

မင်းသမီးယွီကျူးက ရှေ့သို့ ထွက်ကာ ပြောဆိုလာသည်။

ကျောင်းယန် မြင့်မြတ်သောနယ်မြေတွင် တပိုင်း သူတော်စင် အရေအတွက်မှာ ဆယ်ဂဏန်းအထက် ရှိ၏။ ထိုသူများထဲတွင် ကောင်းကင်ဘုံ မိုးကြိုးကပ်ဘေးကို လေးကြိမ်တိုင်တိုင် ကျော်ဖြတ်ထားသူများလည်း အများအပြား ရှိနေကြ၏။ အလွန် အစွမ်းထက်ကြသူများ ဖြစ်သည်။ အကယ်၍ သူတို့သာ လှုပ်ရှားမည်ဆိုပါက လနီတံခါးကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

“မပျက်နိုင်ပါဘူး”

ယဲ့ဖုန်းက ခေါင်းကို ထပ်မံ ခါယမ်းလိုက်ပြန်သည်။

“ဘာဖြစ်လို့လဲ”ဟု လူအုပ်ကြီးက ထပ်မံ မေးမြန်းလိုက်ကြ၏။

ထိုအခါ ..ယဲ့ဖုန်းက ကောင်းကင်ယံတွင် ထာဝရ ချိတ်ဆွဲထားသော အဆတစ်ရာ ကြီးထွားနေသည့် လနီကြီးကို လက်ညှိုးညွှန်ပြကာ ရှင်းပြလိုက်သည်။

“အခု နေမင်းက ကွယ်ပျောက်သွားပြီး လနီက မြင့်မားတဲ့ နေရာမှာ ရှိနေပြီ။ လနီရဲ့ အဆုံးမဲ့ စွမ်းအားတွေက ကျဆင်းနေတာကြောင့် လနီတံခါးရဲ့ စွမ်းအားတွေကလည်း တစ်ဟုန်ထိုး မြင့်တက်နေတာပဲ။ ဒါကို ဖျက်ဆီးဖို့ဆိုရင် စစ်မှန်တဲ့ သူတော်စင်အဆင့် ပညာရှင် တစ်ယောက် လိုအပ်ကောင်း လိုအပ်လိမ့်မယ်”

“အဲဒီလောက်တောင် အခြေအနေ ဆိုးနေတာလား”

အခြားသူများမှာ အံ့ဩသွားကြရသည်။

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။

“ငါ ခန့်မှန်းကြည့်တာပါ။ အတည်တော့ မဟုတ်ဘူး”

“ငါတို့ အားလုံး ပေါင်းပြီး ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ”

ရှောင်ချန်းထျန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်မှာ ယဲ့ဖုန်းဆီတွင် ရပ်တန့်သွား၏။

“ မင်း အပါအဝင် ငါတို့ ထိပ်တန်း တိုက်ခိုက်ရေးသမား ဒါဇင်ပေါင်းများစွာ ပေါင်းလိုက်ရင် လေးဆင့်ပြောင်း တပိုင်း သူတော်စင်ထက် မနိမ့်ပါဘူး။ ဒီမကောင်းဆိုးဝါး လနီတံခါးကို မဖျက်ဆီးနိုင်ဘူးဆိုတာ ငါ မယုံဘူး”

ယဲ့ဖုန်းက ဘာမှ မပြောဘဲ ပုခုံးသာ တွန့်ပြလိုက်၏။

ကျန်ရှိနေသော သူများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံး ပူးပေါင်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

*

“ဓားတစ်သောင်း ပြန်လည်စုစည်းခြင်း”

ကောင်းကင်အထွတ်အထိပ် တားမြစ်နယ်မြေမှ ဝူရွှမ်သည် ဦးစွာ ဓားကို ဆွဲထုတ်လိုက်၏။ လေထဲတွင် အသခ်ျေ ဓားအလင်းတန်းများ ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း မိုင်တစ်ရာ ရှည်လျားသော ဧရာမ ဓားကြီးတစ်လက်အဖြစ် စုစည်းသွားသည်။ ၎င်းသည် ထက်ရှသော ခွန်အားများဖြင့် ခုတ်ပိုင်းချလိုက်၏။

“အမျက်မာန် ရှေးဟောင်းတံဆိပ်တုံး”

ကောင်းကင်ဖြိုခွဲ တောင်တန်းမှ ကြံ့ကောင်းကင်ဧကရာဇ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ တဆက်တည်း၌ သူ၏ အနောက်တွင် မိုင်တစ်ရာ မြင့်မားသော ဧရာမ ကြံ့ကြီးတစ်ကောင် ပေါ်လာ၏။

၎င်းသည် ဟင်းလင်းပြင်ကို နင်းခြေကာ ကောင်းကင်ကို ဦးခေါင်းနှင့် ထိနေသည်။ ထိုကြံ့ကြီးသည် ရတနာ တံဆိပ်တုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လနီတံခါးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

“ဆူးပင်ထိုးနှက်ချက်”

ဆူးပင် တားမြစ်နယ်မြေမှ နွယ်ပင် ကောင်းကင်ဧကရာဇ်သည်လည်း မန္တန်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူမသည် လက်ချောင်း ဆယ်ချောင်းကို ဖြန့်လိုက်ရာ မရေမတွက်နိုင်သော ရွှေရောင် နွယ်ပင်များမှာ ဟင်းလင်းပြင်ကို ထိုးဖောက်သွားကြသည်။ ၎င်းတို့သည် ရွှေရောင် ခရုပတ်ပုံစံ လှံရှည်ကြီး တစ်စင်းအဖြစ် စုစည်းသွားပြီး လနီတံခါးဆီသို့ ထိုးစိုက်သွားလေ၏။

မင်းသမီးယွီကျူးလည်း စတင် လှုပ်ရှားလိုက်၏။ သူမ၏ အနောက်တွင် မရေမတွက်နိုင်သော မြေဓာတ် အရှိန်အဝါများမှာ ဓားရှည် တစ်လက်အဖြစ် စုစည်းသွားပြီး လေထဲသို့ ခုတ်ပိုင်းလိုက်၏။

“ဆယ့်နှစ်ရာသီခွင်ဓား”

ဟူဖေးဖေးသည်လည်း သူမ၏ အစွမ်းကို ထုတ်ပြလိုက်၏။

“ဟွမ်ယွမ်တုတ်”

၎င်းတို့အပြင် နေရာတွင် ရှိနေသော ထိပ်တန်း တိုက်ခိုက်ရေးသမား ဒါဇင်ပေါင်းများစွာမှာလည်း နှောင့်နှေးမနေဘဲ မိမိတို့၏ အစွမ်းထက်လှသော နတ်ဘုရားစွမ်းရည်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြတော့သည်။

သူတို့သည် တိုက်ခိုက်မှုကို အအချိန်ကိုက် ညှိလိုက်ကြ၏။ စောလွန်းခြင်း ၊ နောက်ကျခြင်း မရှိစေဘဲ အခြားသူများ၏ မန္တန်များနှင့် ဟန်ချက်ညီစေရန် ရည်ရွယ်ကာ လနီတံခါး၏ တူညီသော နေရာကို တစ်ချိန်တည်းတွင် ထိမှန်စေရန် ကြိုးစားလိုက်ကြလေ၏။

“နတ်ဘုရားလက်သီး”

အခြားသူများ အားလုံး လှုပ်ရှားသည်ကို မြင်သောအခါ ယဲ့ဖုန်းသည်လည်း နောက်ထပ် လက်တွန့်မနေတော့ပေ။ နတ်ဘုရားလက်သီး ဆိုသည်မှာ မူလက ချောင်ကျားရှီး၏ ရှေးဟောင်းနတ်ဘုရား ရုပ်ခန္ဓာလေ့ကျင့်ခြင်း ကျင့်စဉ် ထဲတွင် ပါဝင်သော လက်သီးသိုင်း ဖြစ်ပါသည်။

ယဲ့ဖုန်းက ဉာဏ်အလင်းပွင့် နှလုံးသားဖြင့် မွမ်းမံလိုက်ပြီးနောက် ၎င်းမှာ အစွမ်းထက်လှသော နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်လာခဲ့လေ၏။

"ဝုန်း"

ယဲ့ဖုန်းသည် သူ၏ အဟုန်အားလုံးကို စုစည်းလိုက်ရာ သူ၏ ကိုယ်ပေါ်တွင် ရွှေရောင် မီးလျှံများ တောက်လောင်လာတော့သည်။ သူ၏ ဆံပင်များမှာ ရွှေရောင် အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ကြမ်းတမ်းစွာ ဝဲလွင့်နေ၏။

သူ ထုတ်လွှတ်လိုက်သော အလင်းတန်းများမှာ တစ်နေရာလုံးကို ဖုံးလွှမ်းသွားတော့သည်။

“ဘယ်လောက်တောင် အားကောင်းတဲ့ အရှိန်အဝါလဲ”

“ယဲ့ဖုန်းက တကယ်ပဲ သူ့ရဲ့ ခွန်အားတွေကို ဖုံးကွယ်ထားခဲ့တာပဲ”

“ဒီကောင်ကတော့ကွာ”

ထိုမြင်ကွင်းအား မြင်သောအခါ လူတိုင်း၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွားရသည်။ ယဲ့ဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို သူတို့ မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။ ရှောင်ချန်းထျန်းကဲ့သို့ အစွမ်းထက်သူပင်လျှင် မိမိကိုယ်ကိုယ် အားနည်းသလို ခံစားလိုက်ရသည်။

‘အခုပဲ’

ယဲ့ဖုန်းက လက်သီးကို တည့်တည့် ထိုးလိုက်၏။

“ဝီ..ဝီ..”

ပြင်းထန်သည့် ရွှေရောင် ခရုပတ် လေလှိုင်းများမှာ သူ၏ လက်သီးနှင့်အတူ ပေါက်ကွဲထွက်သွားပြီး လေထဲတွင် ဧရာမ ရွှေရောင် လက်သီးပုံရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းထံမှ ရှေးကျပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။

“သတ်ကြ”

အခြားသူများသည်လည်း ယဲ့ဖုန်းနှင့် အချိန်ကိုက် ညှိနှိုင်းလိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှု အားလုံးမှာ လနီတံခါး၏ တူညီသော နေရာတစ်ခုတည်းဆီသို့ တစ်ချိန်တည်းတွင် ကျရောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားတော့သည်။

"ဝုန်း"

ဟင်းလင်းပြင်မှာ ပြိုကွဲသွားပြီး အရှိန်အဝါများမှာ မိုးခြိမ်းသံပမာ ပေါက်ကွဲထွက်သွား၏။ မိုင်ပေါင်း တစ်သိန်း ပတ်လည်အတွင်းရှိ မြေပြင်ကြီးမှာ မိုင်ပေါင်း သောင်းချီ နက်ရှိုင်းသော ချိုင့်ခွက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိတ်လန့်စရာကောင်းသော ကျင်းကြီး တစ်ခု ဖြစ်ပေါ်သွားတော့သည်။

‘တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ။

ဒီလူတွေက ရှန်ကျိုးတိုက်ကြီးကို ထိုးဖောက်ဖို့ ကြိုးစားနေကြတာလား’

ဓားကိုးစင်းတပိုင်း သူတော်စင်သည် ထိုနေရာသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခဲ့ပြီး အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ချေ။ သူသည် ကမ္ဘာပျက်ကပ်ကြီးနှင့် ရင်ဆိုင်နေရသလို ခံစားနေရသည်။ ယဲ့ဖုန်းနှင့် အခြားသူများ၏ ပူးပေါင်း တိုက်ခိုက်မှုမှာ လေးဆင့်ပြောင်း တပိုင်း သူတော်စင် တစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။

"ဝှစ်"

ရုတ်တရက် ကျင်းကြီး၏ အလယ်ဗဟိုတွင် အနီစွေးစွေး ဓားအလင်းတန်း တစ်ခု ပေါ်လာပြီး လူတိုင်းကို လှမ်း၍ ခုတ်ပိုင်းလိုက်၏။ ထိုအခါ ထိပ်တန်း တိုက်ခိုက်ရေးသမား အားလုံးမှာ အမြင့်ဆုံး သတိဝီရိယကို ထားလိုက်ကြရ၏။ လူတိုင်းက ပိုမို ရှင်းလင်းစွာ မြင်နိုင်ရန် အာရုံစိုက်ကြည့်လိုက်ကြသည်။

လနီတံခါးမှာ ထိုကျင်းကြီး၏ အထက်တွင် လွင့်ပျံနေပြီး စိုးစဉ်းမျှ မပျက်စီးဘဲ နဂိုအတိုင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းထံမှ မရေမတွက်နိုင်သော နီရဲသည့် ဓားအလင်းတန်းများမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ဖြာထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို ပြသနေ၏။

“မြန်မြန် ရှောင်ကြစမ်း”

ယဲ့ဖုန်းက ဦးဆောင်ကာ အော်ပြောလိုက်၏။

သူသည် သူ၏ လက်သီးကို ဝှေ့ယမ်းကာ သူ့ဆီသို့ ပြေးဝင်လာသော နီရဲသည့် ဓားအလင်းတန်းကို တားဆီးလိုက်ရာ သတ္တုချင်း ထိခိုက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။

“အား”

ဟူဖေးဖေး လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ သူမသည်လည်း ဓားအလင်းတန်း တစ်ခု၏ ထိမှန်ခြင်းကို ခံလိုက်ရပြီး သူမ၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်း ပြတ်တောက်မလို ဖြစ်သွားရသည်။

သို့သော် သူမသည် ထိုစွမ်းအင်ကို လျင်မြန်စွာ ဝါးမြိုလိုက်ပြီး အဆင့်တက်ရန် စွမ်းအင် အမြောက်အမြားကို သိမ်းဆည်းလိုက်၏။

သူမ၏ ကိုယ်ပေါ်မှ ဓားဒဏ်ရာများမှာလည်း လျင်မြန်စွာ ပြန်လည် ပျောက်ကင်းသွားတော့သည်။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၂၆ ရာခိုင်နှုန်း)

ဤဓားချက်ကို ဝါးမြိုပြီးနောက် သူမ၏ စွမ်းအင်မှာ တစ်ရာခိုင်နှုန်း တိုးလာပြီး ကြယ်တစ်ပွင့်အဆင့် မြင့်မြတ်သည့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းရန် ပိုမို နီးစပ်သွားခဲ့၏။

'နောင်ကျရင် မင်းသမီးလေးကို ဒီနေရာ ခေါ်လာပြီး စွမ်းအင်တွေ စုခိုင်းရမယ်'

ယဲ့ဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။

“ရွှစ်”

အခြားသူများမှာလည်း ပြန်ကန်လာသော တိုက်ခိုက်မှုများ ထိမှန်ခံနေကြရသည်။

အစွမ်းထက်လှသော ရှောင်ချန်းထျန်းပင်လျှင် နှစ်ပိုင်း ပြတ်သွားရရှာ၏။

လနီစွမ်းအားကြောင့် ဖြစ်ပေါ်လာသော ထိုဒဏ်ရာမှာ အလွန် ပြင်းထန်လှသဖြင့် လွယ်လွယ်နှင့် ပြန်လည် မကုသနိုင်ပေ။ အခြားသူများမှာမူ ပို၍ပင် အခြေအနေ ဆိုးနေကြသည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာရှိ လူအားလုံးမှာ ထိပ်တန်း တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး ထူးခြားလှသော အသက်ကယ် နည်းလမ်းများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြ၏။ လနီတံခါး၏ ပြန်ကန်အားကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသော်လည်း အသက်အန္တရာယ်မှမူ လွတ်မြောက်နိုင်ခဲ့ကြသည်။

“ဒါကို ဖျက်ဆီးလို့ မရဘူးလို့ ငါ အစကတည်းက ပြောသားပဲ” ယဲ့ဖုန်းက သူ၏ လက်များကို ခါယမ်းလိုက်ရင်း ပြောဆိုလိုက်၏။

သူသည် ကျန်ရှိနေသော လနီဓားအလင်းတန်းများကို ချေမှုန်းလိုက်ပြီး တစ်စုံတစ်ရာ ဒဏ်ရာရခြင်း မရှိဘဲ ထွက်ပေါ်လာသည်။ သူသည် တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်များထက်ပင် ပိုမို ကောင်းမွန်သော အခြေအနေတွင် ရှိနေ၏။

နေရာတွင် ရှိနေသူ အားလုံးအနက် ယဲ့ဖုန်း တစ်ဦးတည်းသာ ဒဏ်ရာ မရရှိခဲ့ခြင်း ဖြစ်သည်။

‘သူက ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ’

လူအုပ်ကြီးသည် ယဲ့ဖုန်းကို စိုက်ကြည့်နေမိကြသည်။ သူ၏ ကိုယ်ပေါ်တွင် ရွှေရောင် မီးလျှံများ တောက်လောင်နေပြီး သူ၏ ရွှေရောင် ဆံပင်ရှည်များမှာ လေထဲတွင် ဝဲလွင့်နေသည်။ သူသည် အထွတ်အထိပ် တိုက်ပွဲနတ်ဘုရား တစ်ပါးအလား ပြိုင်ဘက်ကင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

“အားလုံးပဲ ... လနီတံခါးကို ဖျက်ဆီးလို့ မရဘူး။ အခု ကျွန်တော်တို့ သတိထားရမှာက အထဲကနေ ရွှမ်ကျုံးလိုမျိုး ထိပ်တန်း ပညာရှင်တွေ ထပ်ပြီး ထွက်မလာအောင် တားဆီးဖို့ပဲ”

ယဲ့ဖုန်းက သတိပေးလိုက်၏။

သူ၏ အကြံပြုချက်ကို လူတိုင်းက ဝိုင်းဝန်း ထောက်ခံလိုက်ကြ၏။

“မှန်တယ် ... ဘယ်သူပဲ ထွက်လာလာ ... အသေသတ်ရမယ်”

“နတ်ဘုရားမျိုးနွယ်စုရဲ့ ရန်သူတွေကို အမြစ်ပြတ် သုတ်သင်ပြီး ငါတို့ ရှန်ကျိုးတိုက်ကြီးကို ပြန်လည် အေးချမ်းအောင် လုပ်ကြရမယ်”

မြင့်မြတ်သောနယ်မြေ ကိုးခုနှင့် နတ်ဘုရား တောင်တန်း ကိုးခုမှ ပညာရှင်များသည် တရားမျှတမှုအတွက် အသည်းအသန် အော်ဟစ်နေကြသည်။

“မင်းတို့ကတော့ ပြောဖို့ပဲ သိတာပဲ။ ရွှမ်ကျုံးနဲ့ တိုက်တုန်းကတော့ တစ်ယောက်မှ ယှဉ်နိုင်တာ မဟုတ်ဘူး”

ရှောင်ချန်းထျန်းက အေးစက်စွာ နှာခေါင်းမှုတ်လိုက်၏။

“ဟွန်း ... ရွှမ်ကျုံးရဲ့ လက်ချက်နဲ့ အခြေအနေ အဆိုးဆုံး ဖြစ်ခဲ့တာက မင်းပါနော်။ ဂိုဏ်းချုပ်ယဲ့ကသာ ရွှမ်ကျုံးရဲ့ အားနည်းချက်ကို ရှာမတွေ့ခဲ့ရင် ... ငါတို့ အားလုံး ဒီမှာတင် သေကုန်ကြမှာ”

ထိုသို့ တစ်စုံတစ်ယောက်က ပြန်လည် ပြစ်တင်လိုက်သည်။

“မှန်တာပေါ့”

အင်အားစု အသီးသီးမှ ပညာရှင်များက တစ်ဦးပြီးတစ်ဦး ထောက်ခံလိုက်ကြ၏။

“မင်းတို့ တကယ်ကို ရဲတင်းလှချေလား”

ရှောင်ချန်းထျန်းက ဒေါသတကြီး ပြောလိုက်ပြီး သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်၏။

“အခု အဆတစ်ရာ ကြီးထွားတဲ့ လနီက ဆင်းသက်နေပြီ။ လနီတံခါးကလည်း အကြာကြီး ပွင့်နေဦးမှာဆိုတော့ ... ဘေးဒုက္ခက ငါတို့ဆီ ရောက်လာပြီပဲ။ မင်းတို့လည်း အမြန် ပြန်ပြီး ကိုယ့်ရဲ့ ခွန်အားတွေကို မြှင့်တင်ကြတာ ပိုကောင်းလိမ့်မယ်.. သွားပြီဟေ့”

သူသည် အခြားသူများကို မယှဉ်နိုင်တော့သဖြင့် ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်ယဲ့ ... နောက်မှ ပြန်တွေ့ကြတာပေါ့”’

“ဂိုဏ်းချုပ်ယဲ့ ... အကယ်၍ ခင်ဗျားသာ ဓားတစ်သောင်း မြင့်မြတ်သောနယ်မြေကို ရောက်လာခဲ့ရင် ... ဝမ်ကျန့်ယီ ဆိုတဲ့ နာမည်ကိုသာ ပြောလိုက်ပါ။ ဘယ်သူမှ မတားရဲစေရဘူး”

“မိတ်ဆွေတို့ ... နောက်မှ ပြန်တွေ့ကြတာပေါ့”

အင်အားစု အသီးသီးမှ ပညာရှင်များသည် လက်နှစ်ဖက်ကို ဆုပ် နှုတ်ဆက်ကာ လူစုခွဲလိုက်ကြတော့သည်။ သူတို့သည် ဒဏ်ရာများကို ကုသရန်အတွက် မိမိတို့၏ သက်ဆိုင်ရာ နေရာများသို့ အသီးသီး ပြန်သွားကြတော့၏။

“မင်းသမီးလေး ... ငါတို့လည်း သွားကြစို့”

ယဲ့ဖုန်းက နှိုးဆော်လိုက်၏။

တဆက်တည်း၌..သူသည် ဧရာမ ကျင်းကြီးနှင့် အထက်ရှိ လနီတံခါးကို ဖုံးအုပ်ရန် တားမြစ်၀င်္ကပါ ဒါဇင်ပေါင်းများစွာကို ခင်းကျင်းလိုက်၏။

ထို့နောက် သူသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဟူဖေးဖေးနှင့်အတူ စိမ်းပြာရောင် တားမြစ်နယ်မြေအတွင်းမှ ထွက်ခွာသွားတော့၏။

--

All Chapters