← Chapters

အခန်း ၄၈၇

Vol. 46 Ch. 487

အခန်း ၄၈၇

Vol. 46 Ch. 487

အခန်း (၆၈၇) - လောကကို တုန်လှုပ်စေသော တိုက်ပွဲ၊ ကောင်းကင်ယံမှ လနီနှင့် တိုးတက်လာသော ဂုဏ်သတင်း

ကောင်းကင်ယံ မြင့်မားသော နေရာတွင်.. ဓားကိုးစင်းတပိုင်း သူတော်စင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး အခြေအနေကို စောင့်ကြည့်နေ၏။

'တကယ်ကို ... တကယ်ကို သန်မာလွန်းတာပဲ'

သူသည် ထိပ်တန်းပညာရှင် ဒါဇင်ပေါင်းများစွာ လနီတံခါးကို ပူးပေါင်းတိုက်ခိုက်ပုံနှင့် ဖြစ်ပျက်သမျှကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည် မဟုတ်ပါလား။ ယဲ့ဖုန်းမှလွဲ၍ ကျန်ရှိသူ အားလုံးမှာ ပြန်ကန်လာသော စွမ်းအားများကြောင့် ဒဏ်ရာရခဲ့ကြခြင်း ဖြစ်သည်။ ဤအချက်မှာ ဘာကို ဆိုလိုသည်ကို ဓားကိုးစင်းတပိုင်း သူတော်စင် ကောင်းစွာ သဘောပေါက်နေ၏။

“ဂိုဏ်းချုပ်ယဲ့က အရမ်း အစွမ်းထက်တာပဲ။ နတ်ဘုရားမျိုးနွယ်စုက နှစ်ဆင့်ပြောင်းတပိုင်း သူတော်စင် ရွှမ်ကျုံးကို သတ်နိုင်ခဲ့ရုံတင်မကဘူး၊ လနီတံခါးရဲ့ ပြန်ကန်အားကိုလည်း ဘာဒဏ်ရာမှ မရဘဲ တောင့်ခံနိုင်ခဲ့တယ်။ တခြားလူတွေ အကုန် ဒဏ်ရာရသွားတာတောင်မှ သူကတော့ အေးဆေးပဲ။ ဒါက ဂိုဏ်းချုပ်ယဲ့ရဲ့ ခွန်အားဟာ တခြားသူတွေထက် အများကြီး သာလွန်နေတာကို သက်သေပြနေတာပဲ”

ဓားကိုးစင်းတပိုင်း သူတော်စင်သည် သတင်းထောက်တစ်ဦးပမာ တိုက်ပွဲဖြစ်စဉ် တစ်ခုလုံးကို ကျောက်စိမ်းပြားပေါ်တွင် မှတ်တမ်းတင်လိုက်၏။ ၎င်းနောက် သူသည် ဓားကိုးစင်း အင်ပါယာဆီသို့ အလျင်အမြန် ပြန်လည် ပျံသန်းသွားတော့၏။

---

မြူခိုးတောင်ထိပ်။

ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့သည် တောင်ထိပ်သို့ ဆင်းသက်လိုက်ကြသည်။ ပြန်ရောက်သည်နှင့် ယဲ့ဖုန်းသည် မိုယင်၊ အစိမ်းရောင် ဝတ်ရုံဓားဘိုးဘေးနှင့် အခြားသူများကို အပြင်သို့ ပြန်လည် ထုတ်ပေးလိုက်၏။ အားလုံး မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ဧရာမ လနီကြီး တစ်စင်းကို မြင်တွေ့လိုက်ရသည်။ အေးမြသော လေပြည်သည် လူတို့၏ ဆံနွယ်များကို အသာအယာ တိုက်ခတ်သွား၏။ အမှန်ဆိုလျှင် ဤအချိန်သည် အနားယူရမည့် အချိန်ဖြစ်သော်လည်း ယဲ့ဖုန်း၏ စိတ်အစဉ်မှာမူ လေးလံနေသည်။

ဟူဖေးဖေးသည် ခေါင်းလေးစောင်းကာ မေးလိုက်၏။ “ဂိုဏ်းချုပ် ... ကောင်းကင်က လမင်းကြီးက ဘာလို့ အနီရောင် ပြောင်းသွားတာလဲဟင်။ ပြီးတော့ ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ။ သူက အမြဲတမ်း ဒီအတိုင်းပဲ ရှိနေတော့မှာလား”

“ဟုတ်တယ်” ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။

ဟူဖေးဖေးက သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် စိုးရိမ်တကြီး မေးမြန်းလာသည်။

“ဒါဆိုရင် ကျွန်မတို့ ဘာလုပ်ကြမလဲ။ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် နေရောင်ခြည် လိုတယ်လို့ ကြားဖူးတယ်။ လနီကြီးပဲ အမြဲ ရှိနေရင် သီးနှံတွေ ဘာဖြစ်ကုန်မလဲဟင်”

“အဲဒီအတွက်တော့ စိတ်မပူပါနဲ့။ သူက သီးနှံတွေကို မထိခိုက်စေပါဘူး” ယဲ့ဖုန်းက ခေါင်းခါရင်း ဖြေကြားလိုက်၏။

အဆတစ်ရာ ကြီးထွားနေသော လနီကြီးမှာ တစ်မူထူးခြားလှပေသည်။ ၎င်းသည် နေမင်းကို ဝါးမြိုထားပြီး ရာနှုန်းပြည့် ကြီးထွားလာသော်လည်း နေမင်း၏ စွမ်းအားများလည်း ပါဝင်နေဆဲ ဖြစ်၏။ သဘာဝနိယာမအတိုင်း တစ်ခါတစ်ရံ နေအလင်းရောင်ကို ထုတ်လွှတ်ပြီး တစ်ခါတစ်ရံ ပြန်လည် ရုပ်သိမ်းသည်။

သို့သော်လည်း လနီ၏ စွမ်းအားများကြောင့် ကုန်းမြေပေါ်ရှိ အပင်များမှာ နတ်ဘုရားမျိုးနွယ်စု၏ စေခိုင်းမှုအောက်တွင် မိစ္ဆာအပင်များအဖြစ်သို့ အသွင်ပြောင်းလဲလာကြတော့သည်။ ထိုအပင်များတွင် အသိစိတ် မရှိဘဲ ရိုင်းစိုင်းသော သတ်ဖြတ်လိုစိတ်များသာ ကိန်းအောင်းနေကြသည်။

နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်နှင့် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးတို့မှာ ထိုထူးဆန်းသော လနီစွမ်းအားများကို အာရုံခံမိကြသည်။

ထိုစွမ်းအားများကို စုပ်ယူပြီးနောက် သူတို့၏ ဆင့်ကဲပြောင်းလဲမှုမှာ မြန်ဆန်လာသော်လည်း အသိဉာဏ်မှာမူ အနည်းငယ် ဝေဝါးသွားတတ်၏။ သို့သော် သူတို့၏ ခိုင်မာသော အခြေခံကြောင့် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားကြပါသည်။

ယဲ့ဖုန်းသည် ဤအချက်ကို သတိပြုမိသွား၏။

'ငါ နားလည်ပြီ'

'လနီရဲ့ စွမ်းအားက တိရစ္ဆာန်တွေကို သိပ်မထိခိုက်ပေမဲ့ အပင်တွေကိုတော့ မြန်မြန်ဆန်ဆန် ပြောင်းလဲစေနိုင်တာပဲ'

'လောကကြီးမှာ အပင်တွေက အများဆုံး မဟုတ်လား'

'နတ်ဘုရားမျိုးနွယ်စုက အပင်တွေကို မိစ္ဆာသားရဲတွေအဖြစ် ပြောင်းလဲပြီး ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြံစည်နေတာပဲ'

ဤအချက်ကို သိရှိသွားပြီးနောက် ယဲ့ဖုန်း ဉာဏ်အလင်း ပွင့်သွားတော့သည်။

သူသည် ဂိုဏ်းပင်မရင်ပြင်သို့ မျှော်ကြည့်လိုက်၏။

ထိုအခိုက်အတန့်၌ မြူခိုးဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်ပေါင်း တစ်သောင်းနီးပါးမှာ ရင်ပြင်တွင် စုဝေးနေကြပြီး ယဲ့ဖုန်းကို မော့ကြည့်နေကြလေသည်။

“မြူခိုးဂိုဏ်း တပည့်များ ... ငါ့အမိန့်ကို နာခံကြပါ။ အခု ယုတ်မာတဲ့ နတ်ဘုရားမျိုးနွယ်စုဟာ သူတို့ရဲ့ အစွမ်းတွေကို ထုတ်ပြလိုက်ပြီ။ လနီက နေမင်းကို ဝါးမြိုသွားတာကြောင့် ရှန်ကျိုးတိုက်ကြီးမှာ နေ့အလင်းရောင် မရှိတော့ဘဲ ထာဝရ ညအမှောင်ပဲ ကျန်တော့မယ်။ ဒါဟာ မိစ္ဆာသားရဲတွေ သောင်းကျန်းဖို့ အခွင့်ကောင်းပေးလိုက်တာပဲ။ အဲဒီ မိစ္ဆာတွေကို သွားရောက် သတ်ဖြတ်ပြီး ... မင်းတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ကြစိူ့”

ယဲ့ဖုန်းက ကျယ်လောင်စွာ ကြေညာလိုက်၏။

“နားလည်ပါပြီ”

တပည့်အားလုံးက ဦးညွှတ်၍ ပြိုင်တူ ဖြေကြားလိုက်ကြသည်။

တပည့်များသည် တာဝန်များကို လက်ခံကာ ထွက်ခွာသွားကြလေသည်။ သူတို့သည် ခုနစ်ယောက်တစ်ဖွဲ့စီ ခွဲလိုက်ကြ၏။

အဖွဲ့တိုင်းတွင် အနည်းဆုံး ဓာတ်စုစည်းမှုအဆင့် မြင့်မားသူ သုံးဦး ပါဝင်သည်။ သူတို့သည် ပူးပေါင်းကာ မန္တန်များကို အသုံးပြုကြ၏။ ဓာတ်စုစည်းမှုအဆင့် အထွတ်အထိပ် ရန်သူများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။

မြူခိုးတောင်ထိပ်တွင် ကုန်းချင်းချိုးသည် ယဲ့ဖုန်းကို ဦးညွှတ်ကာ မေးမြန်းလိုက်၏။ “ဂိုဏ်းချုပ် ... တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲဟင်”

ကျန်ရှိနေသော သူများမှာလည်း ယဲ့ဖုန်းကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။

လောလောဆယ်တွင် တပည့် ထက်ဝက်ခန့်မှာ အပြင်သို့ ထွက်ခွာသွားကြပြီ ဖြစ်၏။

ကျန်ရှိသော သူများမှာမူ တာဝန် မယူရသေးသူများ သို့မဟုတ် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသေးသူများ ဖြစ်ကြသည်။ သူတို့ အားလုံးမှာ မထင်မှတ်ဘဲ ရောက်ရှိလာသော လနီကြီးကြောင့် ထိတ်လန့်နေကြ၏။

“ဒီကိစ္စက လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားမျိုးနွယ်စုနဲ့ ပတ်သက်နေတယ်” ဟု ယဲ့ဖုန်းက ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။

---

ရှန်ကျိုးတိုက်ကြီးပေါ်တွင်.. အစွမ်းထက်သော အင်အားစု အသီးသီးမှ ကျင့်ကြံသူများသည် ကောင်းကင်ယံမှ လနီကြီးကို စောင့်ကြည့်နေကြ၏။ မည်သူမျှ ဘာဖြစ်နေသည်ကို အတိအကျ မသိကြပေ။

အချို့က ဒါက ကောင်းကင်ဘုံမှ ပေးပို့သော ကပ်ဘေး တစ်ခုဟု ယူဆကာ စိုးရိမ်နေကြပြီး အချို့ကမူ ဤမြင်ကွင်းကို လှပသည်ဟု ထင်မှတ်ကာ အန္တရာယ်ကို သတိမထားမိကြချေ။

ရက်အနည်းငယ် ကုန်ဆုံးသွားသော်လည်း လနီကြီးမှာ ကွယ်ပျောက်သွားခြင်း မရှိပေ။ ၎င်းသည် ကမ္ဘာမြေကို စိုက်ကြည့်နေသည့် အေးစက်လှသော မျက်လုံးကြီး တစ်လုံးအလား မြင့်မားသော နေရာတွင် ချိတ်ဆွဲထားဆဲ ဖြစ်သည်။ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးတွင် ထိတ်လန့်မှုများ ဂယက်ထနေတော့၏။

ထိုအခိုက်အတန့်၌ လနီကြီး၏ လျှို့ဝှက်ချက်၊ စိမ်းပြာရောင်တားမြစ်နယ်မြေမှ တိုက်ပွဲဖြစ်စဉ်၊ လနီတံခါး ပေါ်ထွက်လာမှုနှင့် ထိပ်တန်းပညာရှင်များ၏ ဒဏ်ရာရရှိမှု သတင်းများမှာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးသို့ အံ့ဩဖွယ်ရာ အရှိန်အဝါဖြင့် ပေါက်ကြားသွားတော့သည်။

“လနီကြီးက နတ်ဘုရားမျိုးနွယ်စုရဲ့ မန္တန်ကြောင့် ဖြစ်လာတာလား။ ဒါ ဘယ်လို မျိုးနွယ်စုမျိုးလဲ”

“ငါတို့ တားမြစ်နယ်မြေ ငါးခုကို အထင်လွဲခဲ့ကြတာပဲ”

“ဟုတ်တယ် ... အနှစ်တစ်ထောင် တစ်ခါ ပြဿနာရှာတဲ့ သတ္တဝါတွေက တားမြစ်နယ်မြေက မဟုတ်ဘဲ နတ်ဘုရားမျိုးနွယ်စုက လာတာတဲ့”

“မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ သူက လနီတံခါးရဲ့ ပြန်ကန်အားကို ဘာဒဏ်ရာမှ မရဘဲ တောင့်ခံနိုင်ခဲ့တယ်တဲ့။ တပိုင်း သူတော်စင် ရှောင်ချန်းထျန်းတောင် ခါးလယ်ကနေ ပြတ်သွားတယ်ဆိုပဲ”

“ဂိုဏ်းချုပ်ယဲ့က တကယ့်ကို နတ်ဘုရားတစ်ပါးလိုပါပဲ”

ဓားကိုးစင်းတပိုင်း သူတော်စင်၏ သတင်းဖြန့်မှုကြောင့် ရက်အနည်းငယ်အတွင်းမှာပင် ယဲ့ဖုန်း၏ အမည်မှာ လူတိုင်း သိရှိသွားကြသည်။

မြူခိုးတောင်ထိပ်တွင် ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်များကို နားထောင်ရင်း မှင်သက် အံ့ဩသွားရ၏။

[ဂိုဏ်း၏ ဂုဏ်သတင်းတန်ဖိုး + ၉၈,၂၇၂,၆၆၃]

[ဂိုဏ်း၏ ဂုဏ်သတင်းတန်ဖိုး + ၁၀၀,၀၂၈,၇၃၁]

အချိန်အတော်ကြာမှ သူသည် ပါးစပ်ထဲရှိ လက်ဖက်ရည်များကို ထွေးထုတ်လိုက်ကာ အံ့ဩတကြီး ပြောလိုက်မိသည်။

“ဒါ ဘာတွေ ဖြစ်နေတာလဲ။ တစ်ရက် နှစ်ရက်အတွင်းမှာတင် ဂုဏ်သတင်းရမှတ်တွေက ဘီလီယံချီပြီး တက်နေတာလား။ စနစ် ချို့ယွင်းသွားတာလား မသိဘူး”

ယဲ့ဖုန်း နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူသည် လေဝိညာဉ်ပုလဲကို ထုတ်ယူကာ ကံကြမ္မာကို တွက်ချက်ကြည့်လိုက်မှသာ အမှန်တရားကို သိရှိသွားတော့၏။

'ဓားကိုးစင်းတပိုင်း သူတော်စင်က သတင်းတွေ ဖြန့်လိုက်တာကိုး'

'ဒီလူကတော့ တော်တော်လေးကို ကြွားရတာ ဝါသနာပါတာပဲ။ သူက ဓားကိုးစင်း အင်ပါယာရဲ့ ကယ်တင်ရှင်ဆိုပြီး ငါ့အကြောင်းတွေကို ပုံကြီးချဲ့ ပြောနေတာ ဖြစ်ရမယ်'

'ဒါပေမဲ့ ဂိုဏ်းရဲ့ ဂုဏ်သတင်းတွေကတော့ တကယ်ကို တစ်ဟုန်ထိုး တက်လာတာပဲ'

ယဲ့ဖုန်းသည် စုစုပေါင်း နှစ်ဘီလီယံနီးပါး ရှိနေသော ဂုဏ်သတင်းရမှတ်များကို ကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိ၏။ သို့သော်လည်း ဝိညာဉ်သားရဲဆောင်ကို ကိုးဆင့်မြောက်အထိ မြှင့်တင်ရန်အတွက် ဆယ်ဘီလီယံကျော် လိုအပ်သည်ကို တွေးမိလိုက်သောအခါ ဤနှစ်ဘီလီယံမှာ သိပ်ပြီး မက်မောစရာ မကောင်းတော့ပေ။ သူသည် စနစ်ပြားကို ဖွင့်ကြည့်လိုက်၏။

[တပည့်များ၏ ဂုဏ်သတင်း - ၈.၃၉ သန်း / ၁၀၀ သန်း]

[အကြီးအကဲများ၏ ဂုဏ်သတင်း - ၃၇.၂၃ သန်း / ၃၀၀ သန်း]

[တတိယမျိုးဆက် တပည့် အရေအတွက် - ၄၅၆၆ / ၁၀၀၀၀]

လနီကြီး ဆင်းသက်လာပြီးနောက် ကုန်းမြေပေါ်ရှိ အပင်များမှာ မိစ္ဆာသားရဲများအဖြစ် ပြောင်းလဲကာ နေရာအနှံ့ ဒုက္ခပေးနေကြသည်။ မြူခိုးဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များသည် ထိုမိစ္ဆာများကို နှိမ်နင်းရင်း ဂုဏ်သတင်းရမှတ်များစွာကို ရရှိနေကြပါ၏။

“ဒီအတိုင်းသာ ဆက်သွားရင် ဂိုဏ်းချုပ်ရဲ့ ခြောက်ဆင့်မြောက် တာဝန်ခွဲတွေကို မကြာခင် အောင်မြင်တော့မှာပဲ”

“တတိယမျိုးဆက် တပည့်တွေအတွက်ကတော့ ... ”

ယဲ့ဖုန်းသည် ခေါင်းငုံ့ကာ ရေပေါ်ဖြူမြို့တော်ဘက်သို့ အကြည့် ပို့လွှတ်လိုက်လေသည်။

--

All Chapters