← Chapters

အခန်း ၄၈၈

Vol. 46 Ch. 488

အခန်း ၄၈၈

Vol. 46 Ch. 488

အခန်း (၆၈၈) - တပည့်သစ် လက်ခံခြင်း၊ လွှမ်းမိုးဓားကျင့်ကြံသူ ဝူလန်နှင့် လနီခေတ်ကာလ

ရက်အနည်းငယ်အတွင်းမှာတင် ရေပေါ်ဖြူမြို့တော်သို့ လူပေါင်း သိန်းနှင့်ချီ၍ စုပြုံရောက်ရှိလာကြသည်။ ထိုသူများထဲမှ အများစုမှာ မြူခိုးဂိုဏ်း၏ အကျော်အစောကို ကြားသိရသဖြင့် ကျင့်ကြံသူအဖြစ် ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးစားလာကြခြင်း ဖြစ်ပါ၏။

“အခု လူတွေလည်း ရောက်နေပြီဆိုတော့ ... တပည့်တွေကို စတင် စုဆောင်းလိုက်တော့မယ်.. အကြီးအကဲကုန်း”

ယဲ့ဖုန်းသည် သူ၏ မေးစေ့ကို ပွတ်ရင်း တတိယမျိုးဆက် တပည့်များ၊ ဂိုဏ်းစီမံခန့်ခွဲသူများနှင့် အကြီးအကဲများကို စုဆောင်းရန် ကုန်းချင်းချိုးကို အမိန့်ပေးလိုက်၏။

အမိန့်ရသည်နှင့် ကုန်းချင်းချိုးသည် ရေပေါ်ဖြူမြို့တော်သို့ ထွက်ခွာသွားတော့သည်။

ရေပေါ်ဖြူမြို့တော်၏ အသစ်တည်ဆောက်ထားသော ရင်ပြင်ကြီးပေါ်တွင်.. ကုန်းချင်းချိုးသည် လေထဲတွင် ဝဲပျံရင်း အောက်ဘက်ရှိ စုဝေးနေသော လူတစ်သိန်းကျော်ကို ငုံ့ကြည့်ကာ အံ့ဩနေမိ၏။

“ဟယ်..မြူခိုးဂိုဏ်းက လူခေါ်ရတာ ဘယ်တုန်းက ဒီလောက် လွယ်သွားတာလဲ။ ဂိုဏ်းချုပ်ရဲ့ လောကကို တုန်လှုပ်စေတဲ့ တိုက်ပွဲအပြီးမှာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးက လှုပ်ခတ်သွားခဲ့တာပဲ။ လူတွေ အများကြီး အားကျပြီး ရောက်လာကြတာဟာ အတိတ်နဲ့ ယှဉ်ရင် ဘာမှ မဆိုင်တော့ဘူးပဲ”

ကုန်းချင်းချိုးသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူမ၏ ဘေးတွင် ရပ်နေသော လီဇီလုံက ပြုံးရင်း ပြောလိုက်၏။

“အဓိက အကြောင်းရင်းကတော့ ကျွန်တော်တို့ ဂိုဏ်းက ပိုပြီး သန်မာလာလို့ပဲ မဟုတ်လား”

“ဟုတ်ပါတယ် ... တကယ်ပါပဲ”

ကုန်းချင်းချိုး ခေါင်းညိတ်လိုက်၏။

ဂိုဏ်းတစ်ခု သန်မာလာမှသာ လူများများ ဝင်ရောက်လာမည် ဖြစ်ပြီး လူများများ ဝင်ရောက်လာလေ ဂိုဏ်းက ပို၍ သန်မာလာလေ ဖြစ်ပေလိမ့်မည်။ ဒါက ကောင်းမွန်သော သံသရာလည်ခြင်းပါပင်။ ထို့ကြောင့်လည်း ဂိုဏ်းတစ်ခုသည် စတင် ထွန်းကားလာပြီး ထိုအရှိန်ကို ထိန်းထားနိုင်သရွေ့ အချိန်ကြာလာသည်နှင့်အမျှ ပိုမို အစွမ်းထက်လာတတ်သည်။

သဘာဝအရ ဂိုဏ်းတိုင်းတွင် မိမိတို့၏ အကန့်အသတ်များ ရှိကြစမြဲ ဖြစ်၏။ ဝေးလံခေါင်သီသော နေရာရှိ ဂိုဏ်းများသည် ကြယ်နှစ်ပွင့် သို့မဟုတ် ကြယ်သုံးပွင့်အဆင့်တွင်သာ အမြင့်ဆုံး ရောက်ရှိနိုင်ကြသည်။ သို့သော် မြူခိုးတောင်ကဲ့သို့သော နေရာမှာမူ ရှန်ကျိုးတိုက်ကြီးကို တုန်လှုပ်စေသည့် ဂိုဏ်းချုပ်ယဲ့ဖုန်း ရှိနေသည့်အပြင် နေရာအနှံ့သို့ ဆက်သွယ်ထားသော နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများ၊ ဧရာမ ဝိညာဉ်ကြောကြီးနှင့် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးတို့ကြောင့် အလားအလာမှာ အကန့်အသတ်မရှိ ဖြစ်နေတော့သည်။

ဤသို့ တွေးမိရင်း ကုန်းချင်းချိုးက ကျယ်လောင်စွာ ကြေငြာလိုက်၏။

“မိတ်ဆွေတို့ ... ကျွန်မကတော့ မြူခိုးဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦးဖြစ်သလို ရေပေါ်ဖြူမြို့တော်ရဲ့ မြို့စားမင်း ကုန်းချင်းချိုး ပါ။ ကျွန်မရဲ့ လက်ထဲမှာ ရှိနေတဲ့ အရာကတော့ ကံကြမ္မာခရမ်းရွှေခေါင်းလောင်း လို့ ခေါ်ပါတယ်။ ဒီခေါင်းလောင်းကို ထိတွေ့လို့ အသံမြည်လာရင် ခင်ဗျားတို့ဟာ ကျွန်မတို့ မြူခိုးဂိုဏ်းနဲ့ ရေစက်ရှိတယ်လို့ ဆိုလိုတာပါပဲ။ အဲဒီလိုလူတွေဟာ ဂိုဏ်းထဲကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ကဲ ... အခု အစီအစဉ်အတိုင်း တန်းစီပေးကြပါ”

ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။

ကံကြမ္မာခရမ်းရွှေခေါင်းလောင်း။

ထိုကဲ့သို့သော အရာမျိုးကို သူတို့ တစ်ခါမျှ မကြားဖူးကြချေ။

လူအုပ်ကြီးအတွင်း၌ တွတ်ထိုး ပြောဆိုသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

ပြင်ပမှ ရောက်လာသော ကျင့်ကြံသူများနှင့် မြို့ခံ ကျင့်ကြံသူများ အပြန်အလှန် စကားပြောကြည့်ပြီးနောက် မြူခိုးဂိုဏ်းသည် တပည့်များကို ပါရမီပေါ်တွင် အခြေမခံဘဲ ရေစက်ရှိ၊ မရှိ အပေါ်တွင်သာ အခြေခံ၍ စုဆောင်းခြင်း ဖြစ်ကြောင်း သိရှိသွားကြသည်။ ရေစက်ရှိရုံဖြင့် ဂိုဏ်းသို့ ဝင်ခွင့်ရမည် ဖြစ်၏။

“ဒါကတော့ တကယ်ကို ကောင်းတာပဲ”

“ငါကတော့ မြူခိုးဂိုဏ်းထဲ ဝင်ဖို့ဆိုရင် ပါရမီတွေ အများကြီး မြင့်နေရမယ် ထင်နေတာ။ အခုတော့ ငါလည်း အခွင့်အရေး ရှိသွားပြီပေါ့”

“ငါ့ရဲ့ အမြင့်ဆုံးအဆင့် ပါရမီကရော ဘာဖြစ်သွားမှာလဲ။ ငါက အဲဒီပါရမီကြောင့် ဂိုဏ်းထဲ ဝင်ခွင့်ရမယ် ထင်နေတာ”

ခေါင်းလောင်းကြီး ပေါ်လာမှုကြောင့် လူအများမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။

ရှန်ကျိုးတိုက်ကြီး အနှံ့အပြားမှ ရောက်လာသော ကျင့်ကြံသူများသည် ခေါင်းလောင်းကို ထိတွေ့ရန် တစ်ဦးပြီးတစ်ဦး တန်းစီလိုက်ကြသည်။

“ဒေါင်…”

မကြာမီမှာပင် ခေါင်းလောင်းသံ ထွက်ပေါ်လာတော့သည်။

“ဟားဟား ... တကယ်ကို ကောင်းလိုက်တာ”

အရပ် ခြောက်ပေခွဲခန့်ရှိပြီး ထွားကျိုင်းသော ကိုယ်ခန္ဓာနှင့် ဧရာမ ဓားကြီး တစ်လက်ကို လွယ်ထားသော လူငယ်တစ်ဦးမှာ အလွန် ဝမ်းသာသွားသည်။

သူသည် ခေါင်းလောင်းကို မြည်အောင် လုပ်နိုင်ခဲ့သဖြင့် ဂိုဏ်းသို့ ဝင်ခွင့်ရတော့မည် မဟုတ်ပါလား။

“ဂိုဏ်းထဲ ဝင်ဖို့ အရည်အချင်း ပြည့်မီတဲ့သူတွေ အားလုံး ဒီဘက်မှာ လာစုပေးကြပါ”

ကုန်းချင်းချိုးက လက်ဝှေ့ယမ်းပြလိုက်ရာ ဓားကြီးလွယ်ထားသော ထိုလူငယ်မှာ သူမ၏ အနောက်သို့ အလျင်အမြန် ပြေးသွားတော့သည်။ သူတို့အပြင် အောင်မြင်သွားသူ အတော်များများလည်း ရှိနေကြ၏။

“မင်းရဲ့ နာမည်က ဘယ်သူလဲ”

ကုန်းချင်းချိုးသည် မျက်နှာတွင် ပါးသိုင်းမွှေးများဖြင့် အသက် ၃၀ ကျော်ဟု ထင်ရသော ထိုလူငယ်ကို ကြည့်ကာ မေးလိုက်၏။

“ဂိုဏ်းရဲ့ စည်းကမ်းအရ အသက် ၂၀ အောက်လူတွေပဲ တပည့် ဖြစ်ခွင့်ရှိတာလေ”

“ဗျာ ..”

ပါးသိုင်းမွှေးနှင့် လူငယ်မှာ မှင်သက် အံ့ဩသွားပြီး ပြန်ပြောလိုက်၏။

“အကြီးအကဲ ... ကျွန်တော်က ရုပ်နည်းနည်း ရင့်နေလို့ပါ။ တကယ်တော့ ကျွန်တော်က အခုမှ ၁၈ နှစ်ပဲ ရှိသေးတာပါ”

‘၁၈ နှစ်ပဲ ရှိသေးတယ် ဟုတ်လား’

ကုန်းချင်းချိုး မျက်လုံးပြူးသွားရသည်။

သူမသည် လက်ကို ဆန့်ထုတ်ကာ ထိုလူငယ်၏ ကိုယ်ထဲသို့ စွမ်းအားအချို့ ပို့လွှတ်ပြီး အရိုးသက်တမ်းကို စစ်ဆေးကြည့်လိုက်၏။ ထိုအခါ သူမ၏ မျက်နှာမှာ အံ့ဩမှုများဖြင့် ပြည့်နှက်သွားတော့သည်။

“တကယ်ပဲ ၁၈ နှစ်ဝန်းကျင်ပဲ ရှိသေးတာပဲ။ ဒါပေမဲ့ မင်းရဲ့ ကိုယ်ထဲမှာ ဝိညာဉ်စွမ်းအားတွေ ရှိနေပေမဲ့ သာမန် ကျင့်ကြံသူ တစ်ယောက်နဲ့ မတူဘူး ဖြစ်နေတယ်။ ဒါက ရုပ်ခန္ဓာ ကျင့်စဉ် တစ်မျိုးမျိုးလား ... တော်တော် ထူးဆန်းတာပဲ”

ကုန်းချင်းချိုး ပို၍ အံ့ဩသွားရပြန်သည်။

“အကြီးအကဲ ... ကျွန်တော့် နာမည်က ဝူလန် ပါ။ ကျွန်တော်က လွှမ်းမိုးဓားကျင့်ကြံသူ တစ်ယောက်ပါ”

ထိုလူငယ်က အလျင်အမြန် မိတ်ဆက်လိုက်၏။

“လွှမ်းမိုးဓားကျင့်ကြံသူ ဟုတ်လား ... အဲဒါက ဘာလဲ”

ကုန်းချင်းချိုး မှင်သက် အံ့ဩသွားရ၏။ သူမသည် ဓားကျင့်ကြံသူများအကြောင်း သိသော်လည်း လွှမ်းမိုးဓားကျင့်ကြံသူ အကြောင်းကိုမူ ပထမဆုံး ကြားဖူးခြင်း ဖြစ်သဖြင့် စဉ်းစားခန်း ဝင်နေတော့သည်။

“လွှမ်းမိုးဓားကျင့်ကြံသူ ဆိုတာက ဓားကျင့်ကြံသူတွေရဲ့ အခွဲတစ်ခုပဲလေ”

ထိုအခိုက်အတန့်၌ သာယာနာပျော်ဖွယ် ရှိသော အသံ တစ်သံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

လူတိုင်း လှည့်ကြည့်လိုက်သောအခါ ခရမ်းရောင် ဆံနွယ်ရှည်များနှင့် ရှေးဟောင်း မှတ်တမ်း စာအုပ်များကို ကိုင်ဆောင်ထားသော အမျိုးသမီး တစ်ဦး လေထဲတွင် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရ၏။

သူမ၏ ကိုယ်ပေါ်တွင် ခရမ်းရောင် မြူခိုးများ ဖုံးလွှမ်းနေသဖြင့် ရုပ်သွင်အစစ်အမှန်ကို မြင်ရန် ခဲယဉ်းလှပေသည်။

“စီနီယာ အစ်မကြီး ဇီလင်းကို ဂါရဝပြုပါတယ် ခင်ဗျာ”

လူစုဆောင်းရာတွင် ကူညီပေးနေသော ဒုတိယနှင့် တတိယမျိုးဆက် တပည့်များသည် ကျီဇီလင်းကို မြင်သည်နှင့် ချက်ချင်း လက်နှစ်ဖက်ကို ဆုပ် နှုတ်ဆက်လိုက်ကြသည်။

“ဒါ နတ်သမီး ဇီလင်း ပါလား”

“သူက မြူခိုးဂိုဏ်းရဲ့ ပထမမျိုးဆက် တပည့်ဖြစ်သလို သိုင်းကျမ်းဆောင်ရဲ့ ခေတ္တဆောင်မှူးလည်း ဖြစ်တယ်လို့ ကြားဖူးတယ်။ ဂိုဏ်းထဲ ရောက်သွားရင် ငါတို့ ကျင့်ကြံရမယ့် ကျင့်စဉ်တွေအတွက် စီနီယာ အစ်မကြီး ဇီလင်း ဆီမှာ အကူအညီ တောင်းလို့ ရတယ်လေ”

“စီနီယာ အစ်မကြီး ဇီလင်း ရဲ့ ကျင့်ကြံခြင်းက အတော်လေး နက်ရှိုင်းပြီး ဝိညာဉ်ပင်လယ်အဆင့်ကိုတောင် ရောက်နေပြီလို့လည်း ကြားတယ်.. မျိုးဆက်သစ်တွေထဲမှာ ထိပ်တန်း ပါရမီရှင် တစ်ယောက်ပဲကွ”

ကျီဇီလင်း ရောက်ရှိလာမှုကြောင့် လူအများမှာ အသည်းအသန် ဆွေးနွေးနေကြတော့သည်။

“ဇီလင်း ... မင်းက လွှမ်းမိုးဓားကျင့်ကြံသူ အကြောင်း သိတာလား”

ဟု ကုန်းချင်းချိုးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

ကျီဇီလင်းက သူမ၏ မေးစေ့ကို ပုတ်ရင်း ပြောပြသည်။

“သေချာပေါက် သိတာပေါ့ရှင့်.. ဓားကျင့်ကြံသူတွေမှာ အမျိုးအစား အများကြီး ရှိပါတယ်။ ဝိညာဉ်ဓားကျင့်ကြံသူ၊ လွှမ်းမိုးဓားကျင့်ကြံသူ၊ ကောင်းကင်ဓားကျင့်ကြံသူ စသဖြင့်ပေါ့။ အဲဒီထဲမှာမှ လွှမ်းမိုးဓားကျင့်ကြံသူတွေက ဝိညာဉ်စွမ်းအားတွေကို စုပ်ယူပေမဲ့ အဲဒီစွမ်းအားတွေကို သူတို့ရဲ့ ရုပ်ခန္ဓာ သန်မာဖို့အတွက်ပဲ အဓိက သုံးကြတာပါ။ ရုပ်ခန္ဓာကျင့်စဉ်သမားတွေနဲ့ ဆင်တူတာပေါ့။ သူတို့ ကိုင်ဆောင်တဲ့ ဓားတွေကလည်း အလွန် လေးလံပေမဲ့ တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်”

“များသောအားဖြင့် သူတို့က အဝေးကနေ တိုက်ခိုက်တဲ့ မန္တန်တွေကို သုံးခဲပြီး ဓားကြီးတွေနဲ့ပဲ အနီးကပ် တိုက်ခိုက်တာကို ပိုသဘောကျကြတယ်။ သူတို့ရဲ့ တိုက်ခိုက်ပုံက အရမ်းကို ကြမ်းတမ်းလွန်းတာကြောင့် သူတို့ကို လွှမ်းမိုးဓားကျင့်ကြံသူ လို့ ခေါ်ကြတာပါ။ ဓားကိုင်ထားတဲ့ ရုပ်ခန္ဓာကျင့်စဉ်သမားတွေလို့လည်း သတ်မှတ်လို့ ရတာပေါ့”

ထိုစကားကို ကြားရသောအခါ လူတိုင်းမှာ အံ့ဩသွားကြသည်။

“မြူခိုးဂိုဏ်းရဲ့ စွယ်စုံကျမ်းလို့ တင်စားရတဲ့ စီနီယာ အစ်မကြီး ဇီလင်း ဆိုတာ တကယ်ပဲ မဆိုးဘူး။ သိတာတွေက တော်တော်လေး များတာပဲ”

ဒုတိယနှင့် တတိယမျိုးဆက် တပည့်များက ကြိတ်၍ ချီးကျူးလိုက်ကြ၏။

“ဟုတ်ပါတယ် ... ကျွန်တော်က လွှမ်းမိုးဓားကျင့်ကြံသူ တစ်ယောက်ပါ။ ဒါပေမဲ့ ဒီလမ်းစဉ်ကို လိုက်တဲ့အတွက် ကျွန်တော်က အရမ်း မြန်မြန် ကြီးထွားလာတာပေါ့။ အခုမှ ၁၈ နှစ်ပဲ ရှိသေးပေမဲ့ လူတွေက ကျွန်တော့်ကို အမြဲတမ်း ၃၀ ကျော်လို့ ထင်နေကြတာပါ”

ဝူလန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်၏။

ဇီလင်းက သူကိုယ်တိုင်ထက်ပင် လွှမ်းမိုးဓားကျင့်ကြံသူများအကြောင်းကို ပိုမို ရှင်းလင်းစွာ ပြောပြနိုင်သည် မဟုတ်ပါလား။

“ဪ ... ဒီလိုကိုး။ ငါလည်း အသစ်တွေ သိလိုက်ရတာပဲ”

ကုန်းချင်းချိုး ခေါင်းညိတ်လိုက်၏။

“အကြီးအကဲ ... ကျွန်မမှာ လုပ်စရာ တာဝန်တွေ ရှိသေးလို့ ခွင့်ပြုပါဦးနော်”

ကျီဇီလင်းသည် ကုန်းချင်းချိုးကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် သူမ၏ အနောက်မှ သွယ်လျလှပသော တပည့်မလေး ခြောက်ဦးနှင့်အတူ မြို့စားမင်း စံအိမ်ဆီသို့ ပျံသန်းသွားတော့သည်။ သူမတို့သည် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုကာ အခြား နယ်မြေများသို့ သွားကြတော့မည် ဖြစ်၏။

“သူ့ရဲ့ ရုပ်သွင်ကို မမြင်ရပေမဲ့ နတ်သမီး ဇီလင်း ဟာ သေချာပေါက် ကောင်းကင်နတ်သမီးလေး တစ်ပါးလို လှမှာပဲနော်။ ရုပ်လေးကို တစ်ချက်လောက်ပဲ ဖြစ်ဖြစ် မြင်လိုက်ချင်လိုက်တာ”

“ဟား…အိပ်မက်ပဲ မက်နေလိုက်စမ်းပါ”

ကျီဇီလင်း ထွက်သွားပြီးနောက် လူအုပ်ကြီးမှာ ဆက်လက် ငြင်းခုံနေကြသည်။ မကြာမီမှာပင် ကုန်းချင်းချိုးသည် တတိယမျိုးဆက် တပည့် တစ်သောင်း ပြည့်မီရန်အတွက် လူအများကို ဆက်လက် စစ်ဆေးနေတော့၏။

မြူခိုးတောင်ထိပ်တွင်.. ယဲ့ဖုန်းသည် ရွှေရောင် တရားထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်ရင်း ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားသော ဧရာမ လနီကြီးကို ငေးကြည့်ကာ အတွေးထဲ နစ်ဝင်နေသည်။

“နတ်ဘုရားမျိုးနွယ်စုတွေက လွင့်မျော တောင်တန်းမှာ နေကြတာဆိုတော့ ... တကယ့်ကို အန္တရာယ် များတာပဲ။ အခုလောလောဆယ်တော့ ငါ အဲဒီကို သွားလို့ မဖြစ်သေးဘူး။ ဒါပေမဲ့ ငါ့ရဲ့ ခွန်အားတွေ လုံလောက်လာတဲ့အခါကျရင် ... ငါ့မှာ ရှိနေတဲ့ ကောင်းကင်ကျောက်တိုင် အပိုင်းအစကို သုံးပြီး လွင့်မျော တောင်တန်းဆီ သွားပြီး သူတို့ကို အငိုက်ဖမ်း တိုက်ခိုက်မယ်။ ကောင်းကင်ကျောက်တိုင် ဆိုတာ ငါ့အတွက်တော့ အသေခံဖဲ တစ်ချပ်ပဲ။ ဒီအရာကို ငါ သေချာ သိမ်းထားရမယ်”

ယဲ့ဖုန်းသည် သူ၏ ရှေ့တွင် ရှိနေသော ကောင်းကင်ကျောက်တိုင် အပိုင်းအစ သုံးခုကို ကြည့်ကာ အနာဂတ်အတွက် အစီအစဉ်များကို စဉ်းစားနေသည်။ အချိန်အတော်ကြာမှ သူသည် ခေါင်းမော့ကာ လနီကြီးကို ထပ်မံ ကြည့်လိုက်ပြန်၏။

“အခု နေမင်းကြီးက ဝါးမြိုခံလိုက်ရပြီ။ လနီကြီးကလည်း ကောင်းကင်မှာ တစ်ချိန်လုံး ရှိနေတော့မယ်။ အပင်တွေကနေ ပြောင်းလဲလာတဲ့ မိစ္ဆာသားရဲတွေကလည်း နေရာအနှံ့ သောင်းကျန်းနေကြတော့ လူတွေအတွက်တော့ နေထိုင်ရတာ တကယ် ခက်ခဲကုန်တော့မှာပဲ။ ဒါဟာ တကယ့်ကို မှောင်မိုက်တဲ့ ခေတ်ကာလ တစ်ခု ဖြစ်လာတော့မှာပဲ”

ယဲ့ဖုန်း တကိုယ်တည်း တီးတိုး ရေရွတ်လိုက်မိသည်။

“မှန်တာပေါ့ ... ဒါဟာ အမှောင်ခေတ်သစ် တစ်ခုပဲ။ ဖြစ်နိုင်ရင်တော့ ဒါကို 'လနီခေတ်ကာလ' လို့ပဲ ခေါ်ချင်ပါတယ်”

ထိုအခိုက်အတန့်၌ မလှမ်းမကမ်းမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ယဲ့ဖုန်း ငုံ့ကြည့်လိုက်သောအခါ ပါးလွှာသော မျက်နှာဖုံးလေးကို တပ်ဆင်ထားသည့် သွယ်လျလှပသော ပုံရိပ်တစ်ခု လေထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမနှင့်အတူ မွှေးကြိုင်လှသော ရနံ့များမှာလည်း လေထဲတွင် လွင့်ပျံ့လာတော့၏။

--

All Chapters