← Chapters

အခန်း ၄၈၉

Vol. 46 Ch. 489

အခန်း ၄၈၉

Vol. 46 Ch. 489

အခန်း (၆၈၉) - သူတော်စင်နှင့် တွေ့ဆုံခြင်း၊ သူတော်စင်အဆင့်၏ အသေးစိတ်နှင့် နောက်ကွယ်မှ လျှို့ဝှက်ချက်များ

“ဂိုဏ်းချုပ်ယဲ့ ... ”

ယဲ့ဖုန်းသည် ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ စူးရှသွားသည်။ သူသည် စိတ်အာရုံကို အသုံးပြုကာ မြေပြင်ပေါ်ရှိ ကောင်းကင်ကျောက်တိုင် အပိုင်းအစ သုံးခုကို မသိမသာ သိမ်းဆည်းလိုက်၏။

“ဧည့်သည်တော် ရောက်လာတာပဲ။ ဘာကိစ္စရှိလို့လဲဆိုတာ သိပါရစေဦး”

“ငါ့နောက်ကို လိုက်ခဲ့ပေးပါ။ သူတော်စင်ကြီးနဲ့ တွေ့ဖို့အတွက်ပါ”

“သူတော်စင်နဲ့ တွေ့ရမယ် ဟုတ်လား ... ” ယဲ့ဖုန်း၏ မျက်ဝန်းများမှာ လှုပ်ရှားသွားသည်။

“ကျောင်းယန် ရှေးဟောင်းသူတော်စင် က ကျွန်တော့်ကို တွေ့ချင်နေတာလား”

“ဟုတ်ပါတယ်”

မင်းသမီးယွီကျူးက ခေါင်းညိတ်ပြသည်။

“လမ်းပြပေးပါဦး”

ယဲ့ဖုန်းက ဖိတ်ခေါ်ဟန်ဖြင့် လက်ဟန် ပြလိုက်၏။

သူကိုယ်တိုင်လည်း နတ်ဘုရားဆန်လှသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ကျောင်းယန် ရှေးဟောင်းသူတော်စင်ကို တွေ့မြင်လိုစိတ် ပြင်းပြနေသည် မဟုတ်ပါလား။

“ရွှစ်”

မင်းသမီးယွီကျူးသည် ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ပြီး ယဲ့ဖုန်းနှင့်အတူ နေရာကူးပြောင်းလိုက်ရာ ကျောင်းယန် မြင့်မြတ်သောမြို့တော်၏ မြင့်မြတ်သော ကျောင်းတော် ဆီသို့ အောင်မြင်စွာ ရောက်ရှိသွားတော့သည်။

“ယွီကျူး ... မင်း ရောက်လာပြီလား ... ဟင် ... ယဲ့ဖုန်းပါလား”

မြို့စားမင်းသည် ယဲ့ဖုန်းကို မြင်လိုက်ရသည်နှင့် အစပိုင်းတွင် ထိတ်လန့်သွားပြီး နောက်ပိုင်းတွင် မျက်နှာမှာ သွေးမရှိသလို ဖြူလျော့သွားကာ အနောက်သို့ သုံးလှမ်းခန့် ဆုတ်မိသွားရသည်။ ပြင်ပလူများအတွက်မူ ကျောင်းယန်မြို့တော်၏ မြို့စားမင်း ဖြစ်ရခြင်းမှာ ကြယ်ငါးပွင့် အင်အားစု တစ်ခုလုံးကို ထိန်းချုပ်ထားရသဖြင့် အလွန် လေးစားဖွယ် ကောင်းလှပေသည်။

သို့သော် အတွင်းလူများသာ သိသောအချက်မှာ မြင့်မြတ်သောနယ်မြေ၏ တိုက်ရိုက်လက်အောက်ခံ ဖြစ်သော ကြယ်ငါးပွင့် အင်အားစု၏ အရှင်သခင်မှာ များသောအားဖြင့် ထိုနယ်မြေရှိ အားအနည်းဆုံးနှင့် တိုးတက်မှု အလားအလာ အနည်းဆုံးသော တပိုင်း သူတော်စင် သာ ဖြစ်သည်။

ထိုကဲ့သို့သော လူစားမျိုးကိုသာ မြို့စားမင်း ရာထူး ပေးထားခြင်း ဖြစ်၏။ မြင့်မြတ်သောနယ်မြေရှိ အခြားသော တပိုင်း သူတော်စင်များ၏ အမြင်တွင်မူ ဤရာထူးမှာ အနားယူရန် ပေးထားသော နေရာမျှသာ။

ထို့ကြောင့် ကျောင်းယန် မြို့စားမင်း၏ ခွန်အားမှာ အလွန်အမင်း အစွမ်းထက်လှသည် မဟုတ်ပေ။ နာမည်ကြီးလှသော ယဲ့ဖုန်းနှင့် ဆုံတွေ့လိုက်ရသောအခါ သူသည် အတိတ်က အဖြစ်အပျက်များကို အမြန် ပြန်စဉ်းစားလိုက်ပြီး ယဲ့ဖုန်းကို ပြင်းပြင်းထန်ထန် ရန်စမိခြင်း မရှိကြောင်း သေချာအောင် လုပ်နေရရှာသည်။ အလွန်ဆုံး ရှိလှမှ အတိတ်က အနည်းငယ် မယဉ်ကျေးခဲ့မိခြင်းသာ ရှိသဖြင့် သူ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း စိတ်ထဲမှ ကျေးဇူးတင်နေမိတော့သည်။

“ဆရာက သတင်းပို့လိုက်လို့ပါ။ ဂိုဏ်းချုပ်ယဲ့ကို သူတော်စင်ကြီးဆီ ခေါ်လာဖို့ ခိုင်းလိုက်ပါတယ်” ဟု မင်းသမီးယွီကျူးက ပြောလိုက်၏။

ထို့နောက်..သူမသည် အဆောင်အယောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ကျောင်းတော်အတွင်းရှိ ဝင်ပေါက်ကို ဖွင့်လိုက်ပြီး ယဲ့ဖုန်းကို ကျောင်းယန် နယ်မြေ အတွင်းသို့ ခေါ်ဆောင်သွားသည်။

'ဟူး ... တော်သေးတာပေါ့'

'ယဲ့ဖုန်း.. ငါ့ကို လာပြီး ပြဿနာရှာတာလို့ ထင်နေတာ'

ကျောင်းယန် မြို့စားမင်းသည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး လက်ဖက်ရည်ဝိုင်းတွင် ထိုင်ကာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်မှသာ သူ၏ အသက်ရှူသံမှာ မှန်သွားတော့သည်။

ကျောင်းယန် နယ်မြေအတွင်းတွင်.. ယဲ့ဖုန်းသည် ဧရာမ ကမ္ဘာငယ်ကြီးကို လေ့လာကြည့်လိုက်ရာ ဤနေရာရှိ ဝိညာဉ်စွမ်းအင်များမှာ အလွန် ကြီးမားလှကြောင်း သတိပြုမိလိုက်၏။ ၎င်းမှာ အဆင့်မြင့် ဝိညာဉ်ကြောကြီး တစ်ခုထက် ဆယ်ဆခန့် ပိုမို သိပ်သည်းနေသည်။

“ဒါက သူတော်စင်အဆင့် ဝိညာဉ်ကြော လား” ဟု ယဲ့ဖုန်းက တိုးတိုးလေး မေးလိုက်၏။

“ဟုတ်ပါတယ်” မင်းသမီးယွီကျူးက သူမ၏ မေးစေ့လေးကို အသာအယာ ပုတ်ရင်း ဖြေလိုက်သည်။

“မြင့်မြတ်သောနယ်မြေ တိုင်းမှာ သူတော်စင်အဆင့် ဝိညာဉ်ကြော တစ်ခုစီ ရှိကြပါတယ်။ ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းရုံတင် မကဘူး၊ ဒီထဲမှာ ကျင့်ကြံရင် သိမြင်နားလည်မှု စွမ်းအားတွေကိုလည်း တိုးတက်စေနိုင်တာမို့ အာနိသင်က တကယ်ကို အစွမ်းထက်ပါတယ်”

'တကယ်ကို ကောင်းလိုက်တာ'

ယဲ့ဖုန်းက မနာလိုစွာဖြင့် တွေးလိုက်မိသည်။

မကြာမီ သူတို့သည် ခန့်ညားလှသော မြင့်မြတ်သော ကျောင်းတော်ကြီး တစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြ၏။

အဝေးမှပင် ယဲ့ဖုန်းသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်နိုင်စွမ်းရှိသော ကြီးမားလှသည့် သူတော်စင် အရှိန်အဝါ များကို ခံစားလိုက်ရသည်။

၎င်းမှာ စကြဝဠာ တစ်ခုလုံးကို ငုံ့ကြည့်နေသည့်အလား ခံစားရစေ၏။

“မင်းတို့ ရောက်လာပြီလား ... ”

ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ အသံမှာ ကျောင်းတော်အတွင်းမှ ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုမှာ ယဲ့ဖုန်းနှင့် မင်းသမီးယွီကျူးတို့၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့၏။

ဤသူမှာ အဘိုးအို တစ်ဦး ဖြစ်သည်။ သူ၏ ကိုယ်နေဟန်ထားမှာ အံ့ဩဖွယ်ရာ ကောင်းလှပြီး သူ၏ အနောက်တွင် တောက်လောင်နေသော နေမင်းကြီး တစ်စင်း ရှိနေသလိုပင်။

ယဲ့ဖုန်းပင်လျှင် ထိုစူးရှလှသော အလင်းတန်းများကို တောင့်ခံရန် ခဲယဉ်းနေတော့သည်။

ယဲ့ဖုန်းသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံးကို တိတ်တဆိတ် အသက်သွင်းလိုက်၏။

(အမည် - ကျောင်းယန် ရှေးဟောင်းသူတော်စင်)

(အခြေအနေ - အပြင်ပန်း ကိုယ်ပွား)

(အဆင့် - တပိုင်း သူတော်စင် အထွတ်အထိပ်)

(မှတ်ချက် - သူ၏ အနှစ်သာရ သွေးတစ်စက်နှင့် ဝိညာဉ်အပိုင်းအစတစ်ခုမှ ဖန်တီးထားသော အစွမ်းထက်သည့် ကိုယ်ပွား ဖြစ်သည်။ တပိုင်း သူတော်စင် အထွတ်အထိပ်၏ တိုက်ခိုက်ရေးစွမ်းအား ရှိပြီး၊ အပြည့်အဝ အသက်သွင်းမည်ဆိုပါက သူတော်စင်အဆင့် စွမ်းအားများကိုပါ ထုတ်ဖော်နိုင်သည်)

ဤအချက်အလက်များကို ဖတ်ပြီးနောက် ယဲ့ဖုန်းမှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။

မ်ိမိကို ခေါ်ယူလိုက်သည်ဆိုပါက အစစ်အမှန် ကိုယ်ခန္ဓာနှင့် ဘာလို့ မတွေ့ဆုံရသနည်း။

“ယဲ့ဖုန်း ... ငါတို့ နောက်ဆုံးတော့ တွေ့ကြပြီပေါ့”

ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ကိုယ်ပွားသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း ယဲ့ဖုန်းကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်၏။

“မင်းက တကယ်ကို တော်ပါတယ်။ ရုပ်ခန္ဓာလေ့ကျင့်သူ ကောင်းကင်ဧကရာဇ်၊ မန္တန်လေ့ကျင့်သူ တပိုင်း သူတော်စင် ... မင်းဟာ ရှန်ကျိုးတိုက်ကြီးရဲ့ အနာဂတ် မျှော်လင့်ချက်ပဲ”

ယဲ့ဖုန်းမှာ အံ့ဩသွားရသည်။

‘ငါ့ကို လူကိုယ်တိုင် လာပြီး ချီးကျူးဖို့အတွက်ပဲ ခေါ်လိုက်တာလား။ အလကား အမူအရာတွေ အကုန် ဖြုန်းတီးလိုက်မိတာပဲ’

ကျောင်းယန် ရှေးဟောင်းသူတော်စင်က ဆက်လက် ပြောကြားလာသည်။

“ဒီသူတော်စင်က မင်းကို ဘာလို့ ခေါ်လိုက်ရသလဲဆိုတာ မင်း သိချင်နေမှာပေါ့ ... ”

“ဟုတ်ပါတယ် ... တကယ်ကို သိချင်နေတာပါ”

ယဲ့ဖုန်းလည်း ခေါင်းညိတ်လိုက်၏။

“ငါ မင်းကို ခေါ်လိုက်ရတာက နတ်ဘုရားမျိုးနွယ်စု နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ပါပဲ” ကျောင်းယန် ရှေးဟောင်းသူတော်စင်သည် မထိုင်ဘဲ ဆက်လက်၍ မတ်တတ်ရပ်နေသည်။

“နတ်ဘုရားမျိုးနွယ်စု” ဟု ကြားလိုက်ရသည်နှင့် ယဲ့ဖုန်း၏ စိတ်ဝင်စားမှုမှာ ချက်ချင်း မြင့်တက်လာတော့၏။

“နတ်ဘုရားမျိုးနွယ်စု ဆိုတာ ပြင်ပနယ်မြေက မိစ္ဆာတွေပဲ။ သူတို့က နတ်ဘုရား တောင်တန်းကြီး တစ်ဆယ်ထဲက နောက်ဆုံးတစ်ခု ဖြစ်တဲ့ လွင့်မျော တောင်တန်း ကို သိမ်းပိုက်ထားကြတာပေါ့”

“ဒီမျိုးနွယ်စုက တကယ်ကို ကြောက်စရာ ကောင်းပါတယ်။ သူတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်ဟာ မိမိကိုယ်ကိုယ် ‘မြင့်မြတ်သောအရှင်’ လို့ ခေါ်ဆိုပြီး သူတော်စင်အဆင့်ထဲမှာ ထိပ်တန်း ပုဂ္ဂိုလ် တစ်ယောက်ပေါ့၊ ရှန်ကျိုးတိုက်ကြီးပေါ်မှာတော့ သူ့ကို တစ်ယောက်ချင်း ယှဉ်နိုင်တဲ့ သူတော်စင်အဆင့် တစ်ယောက်မှ မရှိဘူး”

“ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်ဟာ ငါတို့ ရှန်ကျိုးတိုက်ကြီးကို မရောက်ခင်မှာတင် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ဖူးတယ်။ နောက်ပိုင်းမှာ သူက ကောင်းကင်ဘုံနဲ့ တိုက်ခိုက်ခဲ့သေးတာပေါ့။ သူက ကောင်းကင်ဘုံကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းနိုင်ခဲ့ပေမဲ့ သူကိုယ်တိုင်လည်း နှစ်ရှည်လများ အိပ်မောကျသွားခဲ့ရတယ်”

ကျောင်းယန် ရှေးဟောင်းသူတော်စင်က ရှင်းပြလာ၏။

ယဲ့ဖုန်းနှင့် မင်းသမီးယွီကျူးတို့မှာ ဤလျှို့ဝှက်ချက်များကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သဖြင့် သူတို့၏ မျက်ဝန်းများတွင် စူးစမ်းလိုစိတ်နှင့် အံ့ဩမှုများ ပြည့်နှက်နေတော့သည်။

‘ကောင်းကင်ဘုံကို ချေမှုန်းခဲ့တယ် ဟုတ်လား ... ။

နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်ရဲ့ ခွန်အားက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ’

ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ စကားများအရ သူတော်စင်အဆင့်အတွင်းမှာပင် ခွန်အားကွာခြားမှုများ ရှိကြောင်း ယဲ့ဖုန်း သိရှိသွားပြီး သူ မေးမြန်းရန် ပြင်လိုက်၏။

“မင်းက နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်ရဲ့ ခွန်အားအကြောင်းကို သိချင်နေသလို ... သူတော်စင်အဆင့်ရဲ့ အခွဲတွေကိုလည်း သိချင်နေမှာပဲ မဟုတ်လား”

ကျောင်းယန် ရှေးဟောင်းသူတော်စင်က ရုတ်တရက် မေးလိုက်သည်။

ယဲ့ဖုန်း၏ ရင်ခုန်သံမှာ တစ်ချက် ခုန်သွားရ၏။

ကျောင်းယန် ရှေးဟောင်းသူတော်စင်က သူ့စိတ်ကို ဖတ်နိုင်နေသည်ဟုပင် ထင်မှတ်လိုက်မိပြီး အလျင်အမြန် လက်နှစ်ဖက်ကို ဆုပ်ကာ ပြန်ပြောလိုက်၏။

“ဟုတ်ပါတယ် ... တကယ်ကို သိချင်နေတာပါ”

“မင်းက အခု တပိုင်း သူတော်စင် ဖြစ်နေပြီဆိုတော့ ... သူတော်စင်အဆင့်ရဲ့ လျှို့ဝှက်ချက် အချို့ကို သိသင့်တဲ့ အချိန်ရောက်ပြီပေါ့။ မင်းလည်း သိထားသင့်တယ် ငါ့တပည့် ... ” ကျောင်းယန် ရှေးဟောင်းသူတော်စင်က မင်းသမီးယွီကျူးကို လှည့်ကြည့်လိုက်သည်။

“ဆရာ ... လမ်းညွှန်ပေးပါဦး” ဟု မင်းသမီးယွီကျူးက အလျင်အမြန် လက်နှစ်ဖက်ကို ဆုပ်လိုက်၏။

“သူတော်စင်အဆင့်ကို အဓိကအားဖြင့် အဆင့်ငယ် လေးခု ခွဲခြားထားပါတယ်။ အဲဒါတွေကတော့ သူတော်စင်အဝင်အဆင့် ၊ သူတော်စင်ထင်ရှားအဆင့် ၊ ကောင်းကင်သူတော်စင်အဆင့် နဲ့ အမြင့်မြတ်ဆုံးသူတော်စင်အဆင့်တို့ပဲ ဖြစ်ကြတယ်”

“နတ်ဘုရားမျိုးနွယ်စုရဲ့ မြင့်မြတ်သောအရှင်ကတော့ အမြင့်မြတ်ဆုံး သူတော်စင်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာပဲ”

“ပြီးတော့ ငါတို့ ရှန်ကျိုးတိုက်ကြီးရဲ့ ကောင်းကင်ဘုံကလည်း အမြင့်မြတ်ဆုံးသူတော်စင်အဆင့်မှာ ရှိခဲ့တာပေါ့။ နှမြောစရာ ကောင်းတာကတော့ နောက်ပိုင်းမှာ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်ရဲ့ လက်ချက်နဲ့ ပျက်စီးသွားခဲ့ရတာပဲ”

“ငါတို့ ရှန်ကျိုးတိုက်ကြီးမှာ သူတော်စင်အဆင့် ပညာရှင်ပေါင်း တစ်ရာကျော် ရှိခဲ့ပေမဲ့ ... အသန်မာဆုံးလူတောင်မှ ကောင်းကင်သူတော်စင်အဆင့်မှာပဲ ရှိကြတာ။ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်ကိုတော့ လုံးဝ ယှဉ်လို့ မရနိုင်ဘူး”

“ပြောရမှာတော့ ရှက်ဖို့ကောင်းပေမဲ့ ... ငါကတော့ သူတော်စင်အဝင်အဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိပါသေးတယ်”

ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ မျက်နှာမှာ ထူးဆန်းသွားတော့၏။

သူသည် မိမိကိုယ်ကိုယ် အားနည်းသည်ဟု သိထားသူ ဖြစ်သည်။ သူတော်စင်အဝင်အဆင့် ဆိုသည်မှာ သူတော်စင်အဆင့်၏ ပထမဆုံးသော အဆင့်ငယ်မျှသာ ဖြစ်သည် မဟုတ်ပါလား။

ပြင်ပလောကတွင်မူ သူသည် ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်သော်လည်း နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်၏ ရှေ့တွင်မူ ပုရွက်ဆိတ်တစ်ကောင်ပမာ အားနည်းလှပေသည်။

မိမိနှင့် နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်ကြားရှိ ကွာဟချက်ကို ကျောင်းယန် ရှေးဟောင်းသူတော်စင် တစ်ဦးတည်းသာ သိရှိနေပြီး သူ၏ ရင်ထဲတွင်လည်း အကူအညီမဲ့သော ခံစားချက်များ ပြည့်နှက်နေတော့၏။

မင်းသမီးယွီကျူးမှာမူ သူတော်စင်အဆင့်အတွင်း ဤမျှလောက်သော အခွဲများ ရှိနေသည်ကို ကြားလိုက်ရသောအခါ ကမ္ဘာသစ် တစ်ခုသို့ တံခါးပွင့်သွားသလို ခံစားလိုက်ရပြီး အလျင်အမြန် မေးမြန်းလိုက်သည်။

“ဆရာ ... သူတော်စင်အဆင့်အတွင်းမှာ ဘယ်လိုမျိုး ထိုးဖောက်ရမလဲဟင်”

“သူတော်စင်အဝင်အဆင့်ရဲ့ အားအနည်းဆုံးလူ အနေနဲ့ ပြောရရင်တော့ ... ရှေ့ဆက်ရမယ့် လမ်းကို ငါလည်း နားမလည်သေးဘူး”

ကျောင်းယန် ရှေးဟောင်းသူတော်စင်မှာ အကူအညီမဲ့နေရရှာ၏။

သူသည် အချိန်များစွာ ကုန်ဆုံးပြီးမှသာ သူတော်စင်အဝင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး၊ ထိုအချိန်မှစ၍ အခုထိ ထပ်မံ အဆင့်မတက်နိုင်ဘဲ ပိတ်မိနေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍သာ ထိုသို့ မဟုတ်ပါက သူသည် သစ်မာလွင်ပြင်၏ မြေအောက်တွင် မြှုပ်နှံထားသော ရှေးဟောင်းသူတော်စင်နတ်ဘုရား ၏ စွမ်းအားများကို အမြဲတမ်း တောင့်တနေမည် မဟုတ်ချေ။

“ယဲ့ဖုန်း ... မင်းနဲ့ ရှေးဟောင်းသူတော်စင်နတ်ဘုရားက ဘာပတ်သက်မှု ရှိလို့လဲ။ မြင့်မြတ်သောနယ်မြေတွေက ပညာရှင်တွေ ခန့်မှန်းနေသလိုပဲ ... မင်းက ရှေးဟောင်းသူတော်စင်နတ်ဘုရားရဲ့ ဦးခေါင်းခွံဆီက စွမ်းအားတွေကို ရထားတာလား” ဟုကျောင်းယန် ရှေးဟောင်းသူတော်စင်က ရုတ်တရက် မေးလိုက်၏။

ဤမေးခွန်းမှာ သူ၏ စိတ်ထဲတွင် ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။ ယနေ့မှသာ မေးမြန်းရန် အခွင့်အရေး ရရှိခဲ့သဖြင့် သူ အဖြေကို သိလိုစိတ်များ ပြင်းပြနေတော့၏။

“မဟုတ်ပါဘူး” ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်ပြလိုက်သည်။

သူကိုယ်တိုင်လည်း ရှေးဟောင်းသူတော်စင်နတ်ဘုရား၏ စွမ်းအားများကို ရလိုသော်လည်း ထိုသူမှာ သူ့ကို တစ်ကြိမ်သာ စွမ်းအား ခေတ္တ ငှားရမ်းခဲ့ဖူးသည် မဟုတ်ပါလား။ တကယ်ကို ကပ်စေးနည်းလှပေ၏။

“ဒါ ... မဖြစ်နိုင်တာ”

ကျောင်းယန် ရှေးဟောင်းသူတော်စင်က မယုံကြည်နိုင်စွာဖြင့် ယဲ့ဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ သူတော်စင် အရှိန်အဝါများမှာ ယဲ့ဖုန်း၏ ကိုယ်ထဲတွင် လှည့်ပတ် စစ်ဆေးလိုက်သော်လည်း ရှေးဟောင်းသူတော်စင်နတ်ဘုရား၏ အငွေ့အသက် တစ်စက်မျှ မတွေ့ရသဖြင့် သူ ပို၍ပင် အံ့ဩသွားတော့၏။

“ကြည့်ရတာ ... ငါ မှားသွားတာပဲ”

ကျောင်းယန် ရှေးဟောင်း

သူတော်စင်သည် တီးတိုး ရေရွတ်လိုက်မိရင်း ထူးဆန်းစွာပင် ပျော်ရွှင်သွားသည်။

ရှေးဟောင်းသူတော်စင်နတ်ဘုရား၏ စွမ်းအားများ ကျန်ရှိနေသရွေ့ ထိုစွမ်းအားများကို ဝါးမြိုရန် အခွင့်အရေး ရှိနေသေးသည်ဟု သူ ယုံကြည်ထား၏။ အကယ်၍သာ အောင်မြင်ခဲ့မည် ဆိုပါက ... သူသည် သူတော်စင်ထင်ရှားအဆင့်သို့ ထိုးဖောက်နိုင်ရုံတင်မကဘဲ သူတော်စင်အဝင်အဆင့် အတွင်းမှာလည်း လွှမ်းမိုးနိုင်စွမ်း ရှိလာပေလိမ့်မည်။

“ရှေးဟောင်းသူတော်စင်ကြီး ... ရှေးဟောင်းသူတော်စင်နတ်ဘုရား ဆိုတာ တကယ်တော့ ဘယ်သူလဲဟင်” ယဲ့ဖုန်းက အခွင့်ကောင်းယူကာ မေးမြန်းလိုက်၏။

“အချို့သော လျှို့ဝှက်ချက်တွေကိုတော့ ထုတ်ဖော်လို့ မရဘူးလေ” ကျောင်းယန် ရှေးဟောင်းသူတော်စင်က လျှို့ဝှက်ချက် လုပ်နေပြန်သည်။

ထိုစကားကြောင့် ယဲ့ဖုန်းမှာ နှုတ်ခမ်းကို တွန့်လိုက်မိ၏။

“ဒီနေ့ ငါ မင်းကို ခေါ်လိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ... ဒီကိစ္စတွေကို ဆွေးနွေးဖို့ပါပဲ”

“ယဲ့ဖုန်း ... သူတော်စင်အဆင့် ပညာရှင် အများစုဟာ ပြင်ပနယ်မြေမှာ ရန်သူတွေကို ခုခံနေကြရတာ ဖြစ်လို့ ... ရှန်ကျိုးတိုက်ကြီးမှာတော့ လောလောဆယ် သူတော်စင်အဆင့် တစ်ယောက်မှ မရှိဘူး။ အခု နတ်ဘုရားမျိုးနွယ်စုတွေက ပြဿနာရှာနေပြီ ဆိုတော့ ... ရှန်ကျိုးတိုက်ကြီးကို ကာကွယ်ဖို့က မင်းတို့ တပိုင်း သူတော်စင်တွေရဲ့ တာဝန်ပဲ ဖြစ်လာပြီ”

“အကယ်၍ ပြင်ပနယ်မြေမှာ ငါတို့ တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် ... ကျောင်းယန် မြင့်မြတ်သောနယ်မြေကို စောင့်ရှောက်ပေးဖို့အတွက် မင်းတို့လို လူငယ်တွေကိုပဲ ငါ အပ်နှံခဲ့ရမှာပေါ့ ... ”

ကျောင်းယန် ရှေးဟောင်းသူတော်စင်က တာဝန်တစ်ခုကို အပ်နှံနေသလို ပြောလိုက်သည်။

ယဲ့ဖုန်း၏ မျက်နှာမှာ တည်ကြည်သွားရ၏။

ပြင်ပနယ်မြေရှိ စစ်ပွဲမှာ အလွန် ကြောက်စရာ ကောင်းလှကြောင်း သူ သိမြင်နိုင်သည် မဟုတ်ပါလား။

သူတော်စင်အဆင့် ရှိသူများပင်လျှင် သေဆုံးသွားနိုင်သည် ဆိုပါလား ... ။

--

All Chapters