အခန်း ၃၂၁
Vol. 33 Ch. 321
အခန်း (၃၂၁)
ကမ္ဘာငယ်လေး
ထိုနေရာသို့ ရောက်သည်နှင့် လုံယုသည် ကုန်တင်ကား၏ အနောက်ခန်းကို ဖွင့်ပေးလိုက်ရာ ယောင်ရန် သည် သေတ္တာများကို သူမ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းရန် အထဲသို့ ဝင်သွားလိုက်လေသည်။
ရှေးဟောင်းပစ္စည်းများ နေရာလွတ်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပျောက်ကွယ် သွားခဲ့လေ၏။ ခဏအကြာတွင် ယောင်ရန်၏ အမြင်အာရုံများ မှောင်မိုက်သွားပြီး သူမ၏ ခြေလှမ်းများ ယိမ်းယိုင်သွားခဲ့လေသည်။
သူမ လဲကျတော့မည်ကို မြင်လိုက်ရသောအခါ လုံယုသည် အလျင်အမြန် ဖမ်းထိန်းလိုက်ပြီး စိုးရိမ်တ ကြီးဖြင့် မေးလိုက်လေသည်။
"ရန်ရန်၊ မင်း အဆင်ပြေရဲ့လား..."
သူသည် သူမကို ကုန်တင်ကားအနောက်ခန်းထဲ၌ ထိုင်စေရန် ကူညီပေးရင်း စိုးရိမ်ပူပန်စွာဖြင့် ထပ်မေး လိုက်၏။
"ခေါင်းကိုက်ပြန်ပြီလား..."
ယောင်ရန်က ခေါင်းခါပြလိုက်ရင်း ပြန်ဖြေလေသည်။
"ဟင့်အင်း၊ နေရာလွတ်က ရုတ်တရက် ပြောင်းလဲသွားလို့ ကျွန်မ စိတ်တွေ တစ်ခဏလောက် ဗလာ ကျင်းသွားတာပါ..."
လုံယုက စိုးရိမ်တကြီးဖြင့် မေးလိုက်ပြန်သည်။
"ဒီအပြောင်းအလဲက မင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်လား..."
ယောင်ရန်သည် ထပ်မံ၍ ခေါင်းခါပြလိုက်ရင်း ပြောလေသည်။
"ကျွန်မလည်း သေချာမသိဘူး… ကျွန်မတို့ အထဲဝင်ပြီး သွားကြည့်ရအောင်လေ..."
လုံယုသည် သူမ၏ ကျန်းမာရေးအတွက် စိုးရိမ်နေသော်လည်း၊ သူမ၏ နေရာလွတ်အတွင်းမှ အပြောင်း အလဲများကိုလည်း မြင်တွေ့လိုမိနေပေသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ..."
သူ သဘောတူလိုက်သည်နှင့် ယောင်ရန်သည် သူ့ကို သူမ၏ နေရာလွတ် အတွင်းသို့ ခေါ်ဆောင်သွား ခဲ့လေသည်။ ဗီလာအိမ်ရှေ့သို့ ရောက်ရှိသွားသောအခါ ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကြောင့် နှစ်ယောက်စလုံး အံ့သြမှင်တက်သွားကြလေတော့သည်။
ယောင်ရန် ပထမဆုံး သတိထားမိလိုက်သည်မှာ လေပြေလေညင်းနှင့် သာမန်ကောင်းကင်ယံပင် ဖြစ်၏။ ပြီးခဲ့သည့် အဆင့်မြှင့်တင်မှုအပြီးတွင် ကောင်းကင်ယံသည် နေ့နှင့်ညဟူ၍ နှစ်ပိုင်း ကွဲပြားနေခဲ့သည်။ သို့သော် ယခုအခါတွင်မူ ကောင်းကင်ယံသည် ကြည်လင်ပြာလဲ့နေပြီး အချိန်တစ်ပြိုင်တည်း၌ ကောင်းကင် နှစ်ခြမ်း ကွဲပြားနေခြင်းမျိုး မရှိတော့ပေ။
ထို့ပြင် သူမ၏ နေရာလွတ် စတင်ပြောင်းလဲလာကတည်းက လေတိုက်ခတ်ခြင်းဟူ၍ မရှိခဲ့ဖူးချေ။ ယခု မူ သူမသည် ညင်သာသော လေပြေလေညင်းကို ရှင်းလင်းစွာ ခံစားနေရပြီး အဝေးမှ သစ်ရွက်များ လှုပ်ခတ်သံကိုပင် ကြားနေခဲ့ရလေသည်။
ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို အသုံးပြု၍ အခြားနေရာများကို စစ်ဆေးကြည့်လိုက်ရာ သူမဥ နေရာလွတ်မှာ ကမ္ဘာငယ်လေးတစ်ခုနှင့် တူညီနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန်အံ့သြ သွားခဲ့ရလေသည်။ ယခင်က အရပ်ရှစ်မျက်နှာ၌ ရှိနေခဲ့သော မျက်စေ့ဖြင့်မမြင်ရသည့် နယ်နိမိတ် မျဉ်းများမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
သူမ၏ စိုက်ခင်းနှင့် အခြားနေရာများ၏ အရွယ်အစားမှာ ယခင်အတိုင်း ရှိနေဆဲပင် ဖြစ်သော်လည်း၊ ယခုအခါ နေရာလွတ် အတွင်း၌ ပင်လယ်ပြင်၊ သစ်တောများနှင့် လွင်ပြင်ကျယ်ကြီး ပါဝင်လာခဲ့လေ သည်။
ပင်လယ်ပြင်နှင့် သစ်တောများဆီသို့ သူမ၏ စိတ်ဝိညာဉ်ကို စေလွှတ်လိုက်သောအခါ ယောင်ရန်သည် သတ္တဝါအသစ်များနှင့် အပင်များစွာကို မြင်တွေ့လိုက်ရလေသည်။ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ဤသတ္တဝါများနှင့် အပင်များသည် ယခုမှ မွေးဖွားလာခြင်း သို့မဟုတ် အညှောက်ပေါက်လာခြင်း ဖြစ်ပုံ ရပေသည်။ အဝေးမှ ကောင်းကင်ယံ၌ ပျံသန်းနေသော ငှက်အချို့ကိုပင် တွေ့မြင်နေရလေသည်။
သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လုံယုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အာယု… ကျွန်မရဲ့ နေရာလွတ် က အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီ ထင်တယ်… သီးခြားလွတ်လပ်တဲ့ ကမ္ဘာငယ်လေးတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားပြီ..."
နေမင်း၏ တည်နေရာကို ကြည့်နေခဲ့သော လုံယုက ပြန်ပြောလိုက်လေသည်။
"နေရဲ့ လှုပ်ရှားမှုနဲ့ တည်နေရာက ပြင်ပကမ္ဘာက အတိုင်းပဲ ဖြစ်နေတာကို မင်း သတိထားမိလား..."
ယောင်ရန်သည် အပေါ်သို့ မော့ကြည့်လိုက်ပြီး သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"အင်း…ေ ရှင်ပြောတာ မှန်တယ်..."
လုံယုက စပ်စုလိုစိတ်ဖြင့် မေးလိုလေ၏။
"ကောင်းကင်ကလွဲလို့ တခြားပြောင်းလဲတာတွေကော ရှိသေးလား..."
ယောင်ရန်သည် လေကို ခံစားသိရှိနိုင်ရန် လက်ဝါးကို ဖြန့်လိုက်ရင်း ပြောလေသည်။
"အခု လေတိုက်နေပြီ… ပင်လယ်၊ သစ်တောတွေ၊ တောင်တန်းတွေ၊ လွင်ပြင်တွေ၊ တိမ်တိုက်တွေ၊ အခုမှ မွေးလာတဲ့ သတ္တဝါလေးတွေနဲ့ အပင်ပေါက်လေးတွေလည်း ရှိနေပြီ..."
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံယုသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်လေ၏။
"မင်းရဲ့ နေရာလွတ် က တကယ့်ကို ကမ္ဘာတစ်ခု ဖြစ်သွားတာပဲ… တကယ့်ကို မယုံနိုင်စရာပဲ..."
နေရာလွတ် အတွင်းရှိ ယေဘုယျ အပြောင်းအလဲများကို လေ့လာပြီးနောက်၊ ယောင်ရန်သည် ပို၍ အရေးကြီးသော အရာတစ်ခုကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် လုံယုကို ရေကန်ဆီသို့ ဆွဲခေါ်သွားရင်း ပြောလိုက်လေ၏။
"ရေကန်ဆီ သွားရအောင်… ရေကန်မှာရော တစ်ခုခု ပြောင်းလဲသွားသေးလား ဆိုတာ သွားကြည့် ချင်လို့..."
ရေကန်ဘေး၌ ရပ်ရင်း ယောင်ရန်သည် ရေကို စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်လိုက်လေ သည်။ အချိန် အတန်ကြာပြီးနောက် သူမသည် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ပြောလိုက်လေသည်။
"ရေကန်က အရင်အတိုင်းပဲ..."
သူမ၏ စိတ်ပျက်နေမှုကို ခံစားမိသော လုံယုက အကြံပြုလိုက်၏။
"ရေက ပြောင်းလဲသွားတာများ ဖြစ်နိုင်မလား..."
ယောင်ရန်သည် သူ၏ စကားကို စဉ်းစားလိုက်ပြီး လက်ဖြင့် ရေအနည်းငယ်ကို ခပ်ယူကာ မြည်းစမ်း ကြည့်လိုက်လေသည်။ သူမကို စောင့်ကြည့်နေသော လုံယုက မေးလိုက်လေသည်။
"ဘယ်လိုနေလဲ..."
ယောင်ရန်သည် မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလေ၏။
"ဘာမှ ထူးခြားသွားတယ်လို့ မခံစားရဘူး၊ ဒါပေမဲ့ အရင်ကနဲ့လည်း မတူတော့ဘူး..."
ရေကန်အတွင်းရှိ ရေများ ပြောင်းလဲမှု ရှိမရှိ သေချာမသိသဖြင့် ယောင်ရန်သည် မတ်တပ်ရပ်လိုက်ကာ ပြောလေသည်။
"အဆင့်မြှင့်တင်လိုက်လို့ ရေတွေ မပြောင်းလဲသွားရင်တောင် ကျွန်မတို့ အသုံးပြုဖို့အတွက် လုံလောက် တဲ့ စွမ်းအင်တွေ ရှိနေပါပြီ..."
လုံယုက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ စိုက်ခင်းကို ကြည့်ရင်း သူက မေးလိုက်လေ၏။
"မင်းရဲ့ သီးနှံတွေကို အရင်ရိတ်သိမ်းလိုက်ရမလား၊ အားလုံး ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပြီ ထင် တယ်..."
သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ယောင်ရန်သည် ရင့်မှည့်နေသော သီးနှံများကို သတိထားမိ လိုက်လေသည်။ ထိုစဉ် သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ပြောလိုက်လေသည်။
"အာယု၊ ကျွန်မ တစ်ခုခု သွားစစ်ဆေးကြည့်ဖို့ လိုတယ်..."
"ကောင်းပြီလေ၊ မင်း အဲ့ကိစ္စကို သွားလုပ်နေတုန်း ငါ စပြီး ရိတ်သိမ်းထားလိုက်မယ်..."
ဟု လုံယုက ပြန်ဖြေလိုက်လေ၏။
လုံယုသည် ရိတ်သိမ်းစက်ကို သွားယူနေစဉ် ယောင်ရန်သည် ဗီလာဆီသို့ အမြန်လျှောက်သွားနေခဲ့လေ သည်။ နောက်ဆုံးအကြိမ် အဆင့်မြှင့်တင်ပြီးနောက်တွင်၊ နောက်ဆုံး၌ ဗီလာတွင် ခြံစည်းရိုးများ၊ ဥယျာဉ် တစ်ခု၊ ခြံတံခါးများနှင့် တံခါးရွက်များ ရှိလာခဲ့ပြီ ဖြစ်၏။
ဧည့်ခန်းအတွင်းသို့ ဝင်ရောက်သွားသောအခါ ယောင်ရန်သည် အထက်သို့ မော့ကြည့်လိုက်ရာ လေထဲရှိ အချိန်မှတ်စက်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် မယုံနိုင်လောက်အောင် အော်ဟစ်လိုက်လေသည်။
"အချိန်ကန့်သတ်ချက် မရှိတော့တာများလား..."
အချိန်ကန့်သတ်ချက် တကယ်ပင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ယောင်ရန် သည် အလွန်တက်ကြွရွှင်လန်းစွာဖြင့် လုံယုကို ရှာဖွေရန် ထွက်လာခဲ့လေသည်။
ယောင်ရန်သည် စိုက်ခင်းထဲရှိ သူ့အနီးသို့ ချဉ်းကပ်သွားရင်း ပြောလိုက်လေ၏။
"အာယု၊ အပြင်ထွက်ရအောင်… ကျွန်မတို့ ကြာကြာ ပျောက်နေလို့ မဖြစ်ဘူး.. မဟုတ်ရင် တခြားသူတွေ စိတ်ပူနေကြလိမ့်မယ်..."
လုံယုက ခေါင်းညိတ်လိုက်ပြီး၊
"ကောင်းပြီလေ.. ပြောင်းဖူးအသုတ်ကို အရင်ရိတ်သိမ်းပါရစေဦး..."
လုံယုသည် ရိတ်သိမ်းစက်ကို မောင်းနှင်ကာ ပြောင်းဖူးများကို ကျွမ်းကျင်စွာ ရိတ်သိမ်းပြီး စပါးကျီထဲသို့ ရွှေ့ပြောင်းပေးလိုက်လေသည်။ ထိုပြောင်းဖူးများကို နောက်မှ သူမ စိတ်ကြိုက် စီစဉ်နိုင်ရန် ယောင်ရန် အတွက် ချန်ထားခဲ့လေ၏။
သူ ပြန်ရောက်လာသောအခါ လုံယုက ပြောလိုက်လေသည်။
"သွားကြစို့..."
ယောင်ရန်နှင့် လုံယုတို့သည် လက်ချင်းချိတ်လျက် နေရာလွတ် ထဲမှ ထွက်လာခဲ့ကြလေသည်။
တစ်စက္ကန့်အကြာတွင် သူတို့သည် ကားပါကင်၌ ပြန်လည် ပေါ်လာခဲ့ကြလေ၏။ ကုန်တင်ကား၏ အနောက်ခန်းနှင့် ကုန်တင်ကားကို သော့ခတ်ပြီးနောက်၊ သူတို့သည် နောက်ကျနေပြီဖြစ်သော နံနက်စာ စားရန်အတွက် စားသောက်ခန်းဆီသို့ ထွက်ခွာသွားကြလေသည်။
တစ်ချိန်တည်းမှာပင်၊ ဖန်းချန်မြို့ရှိ ယောင်လုံခြုံရေးကုမ္ပဏီ ဌာနချုပ်၌ ပရမ်းပတာ အခြေအနေများ ဖြစ်ပွားနေခဲ့ပေသည်။
စင်္ကြံတစ်လျှောက် ခပ်သွက်သွက် လျှောက်သွားရင်း ကောက်ရှုဝေက မေးလိုက်လေ၏။
"သူတို့အားလုံးကို ဖမ်းမိပြီလား..."
သူ့နောက်မှ လိုက်လာသော အမျိုးသားက ခေါင်းညိတ်ကာ ပြန်ဖြေလေသည်။
"ဟုတ်ကဲ့ပါ... ဒါရိုက်တာကောက်..."
ကောက်ရှုဝေ၏ မျက်လုံးများထဲတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူက ပြော လိုက်လေ၏။
"ကောင်းတယ်… လောလောဆယ် သူတို့ကို အသက်ရှင်လျက်ပဲ ထားလိုက်ဦး.. သူတို့က အသုံးဝင် နေသေးတယ်..."
"ဟုတ်ကဲ့ပါ… ဆရာ..."
ကောက်ရှုဝေသည် ပင်မခန်းမဆီသို့ ချဉ်းကပ်သွားချိန်တွင်၊ သူ၏ စစ်သားများသည် လက်ယာအုပ်စုဝင် များ အားလုံးကို ဝိုင်းရံဖမ်းဆီးနေကြလေသည်။ ထွက်ပြေးရန် သို့မဟုတ် ခုခံရန် ကြိုးစားသူများမှာ နေရာတင် သတ်ဖြတ်ခံရခြင်း သို့မဟုတ် မေ့ဆေးများဖြင့် နှိမ်နင်းခံရခြင်းတို့ ကြုံတွေ့နေရလေ၏။
အော်ဟစ်သံများ၊ သေနတ်သံများနှင့် ရုန်းရင်းဆန်ခတ် အခြေအနေများသည် ဌာနချုပ်၏ နေရာအနှံ့ အပြားတွင် ပြည့်နှက်နေလျက်ရှိလေသည်။
ကောက်ရှုဝေသည် ပင်မခန်းမသို့ ရောက်ရှိလာသောအခါ ဒုတိယထပ်၌ ရပ်ကာ အောက်ဘက်ရှိ မြင် ကွင်းကို ငုံ့ကြည့်နေလိုက်လေသည်။