← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း (၃၂၂)

သေတ္တာတော် နှင့် အော်ရီဂျင်

လက်ယာအုပ်စုဝင်များ ကြိုးတုပ်ခံထားရပြီး ဒူးထောက်နေကြသည်ကို မြင်သောအခါ ကောက်ရှုဝေက အေးစက်စွာ ကြေညာလိုက်လေသည်။

"ဒီနေ့ကစပြီး ယောင်လုံခြုံရေးကုမ္ပဏီ ဆိုတာ မရှိတော့ဘူး… ဒီနေ့ဟာ အဖွဲ့အစည်းသစ်တစ်ခုကို တည် ထောင်တဲ့နေ့ပဲ… ဒီနေ့ဟာ ခေတ်သစ်တစ်ခုရဲ့ အစဖြစ်ပြီး သေတ္တာတော် ရဲ့ ခေတ်ပဲ..."

သူ၏ စကားများအဆုံးတွင် အောက်ဘက်ရှိ ဖမ်းဆီးခံထားရသူများထံမှ ကျိန်ဆဲသံများ ညံစီသွားခဲ့၏။ ကောက်ရှုဝေသည် တည်ငြိမ်စွာ နေထိုင်ပြီး သူတို့ကို အေးစက်စွာ စိုက်ကြည့်ကာ သူတို့၏ ဒေါသများကို ပေါက်ကွဲခွင့် ပေးထားလိုက်လေသည်။

အော်ဟစ်သံများ နောက်ဆုံးတွင် တိတ်ဆိတ်သွားသောအခါ ကောက်ရှုဝေက အမိန့်ပေးလိုက်လေသည်။

"သူတို့ကို မြေအောက်အကျဉ်းတိုက်ဆီ ခေါ်သွားကြ..."

"ဟုတ်ကဲ့ပါ…ဒါရိုက်တာ..."

သူ၏ အမိန့်ပေးမှုအပြီးတွင် စစ်သားများသည် ဖမ်းဆီးခံထားရသူ နှစ်ထောင်ကျော်ကို မြေအောက် အကျဉ်းတိုက် အတွင်းသို့ ခေါ်ဆောင်သွားကြလေသည်။ သေနတ်များဖြင့် ခြိမ်းခြောက်ခံထားရသဖြင့် လက်ယာအုပ်စုဝင်များသည် သည်းခံကာ လျှောက်သွားရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ကြပေ။

ပင်မခန်းမကြီး ဟာလာဟင်းလင်း ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ကောက်ရှုဝေသည် သူ၏ မျက်လုံး များကို ခဏမျှ မှိတ်ထားလိုက်၏။ ပြန်ဖွင့်လိုက်သောအခါ သူ၏ အကြည့်များထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်ဖြာသွားလေသည်။

"ပရောဂျက်ဇီးရိုး ကို စတင်ကြ..." ဟု သူက အမိန့်ပေးလိုက်သည်။

သူ့နောက်မှ အတွင်းရေးမှူးနှင့် လက်ထောက်တို့က တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြလေ၏။

"ဟုတ်ကဲ့ပါ… ဒါရိုက်တာ..."

အခြားသူများ ထွက်ခွာသွားသောအခါ ကောက်ရှုဝေသည် သူ၏ လက်ချောင်းများ ဖြူလျော့သွားသည် အထိ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်လေသည်။ သူ၏ အေးစက်နေသော မျက်ဝန်းများအ တွင်း၌ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုနှင့် စိတ်ပျက်အားငယ်မှုတို့ ရောယှက်ကာ တဖျပ်ဖျပ် လက်နေခဲ့ တော့၏။

သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက်၊ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံဖြင့် ရေရွတ်လိုက်လေသည်။

"နောက်ဆုံးတော့... နောက်ဆုံးတော့ ပြန်စတင်နိုင်ခဲ့ပြီ… နောက်ထပ် ကျရှုံးမှုနဲ့ ပျက်သုဉ်းခြင်းမှာပဲ အဆုံးသတ်သွားမလား… ဒါမှမဟုတ် ဒါကပဲ အရာအားလုံးရဲ့ အဆုံးသတ် ဖြစ်လာမလား… ကျေးဇူးပြု ပြီး... ဒီတစ်ကြိမ်တော့ အောင်မြင်ပါစေ… ငါ့မှာ ရှေ့ဆက်ဖို့ အင်အား မရှိတော့ဘူး..."

သေတ္တာတော် အဖွဲ့ဝင်များသည် ဖန်းချန် ဌာနချုပ် ကို ထိန်းချုပ်နိုင်ရန်အတွက် အလုပ်ရှုပ်နေကြစဉ်၊ ကောက်ရှုဝေ၏ ပုန်ကန်မှု သတင်းမှာ ယောင်လုံခြုံရေးကုမ္ပဏီ ၏ အခြားသော ဌာနချုပ်များဆီသို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့လေတော့သည်။

ဖုကျုံးရှန်းသည် အခြား ဌာနချုပ်များမှ ယောင်လုံခြုံရေးကုမ္ပဏီ ၏ တပ်ကြပ်များ၊ ဒါရိုက်တာများနှင့် အတူ အစည်းအဝေးခန်းတစ်ခုအတွင်း၌ အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်နေခဲ့လေ၏။

သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာများကို ပြသထားသော ဖန်သားပြင်ကြီးကို ကြည့်ရင်း ဖုကျုံးရှန်း က စတင်ပြောကြားလိုက်လေသည်။

"ကောက်ရှုဝေ ပုန်ကန်တဲ့ သတင်းကို ခင်ဗျားတို့ အားလုံး ကြားပြီးပြီလို့ ကျွန်တော် ထင်တယ်..."

အခြားသော တပ်ကြပ်များနှင့် ဒါရိုက်တာများက ခေါင်းညိတ်ပြကြရာ ဖုကျုံးရှန်းက ဆက်ပြောလေ၏။

"သူက သေတ္တာတော် ဆိုတဲ့ ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ကြောင်း ကြေညာခဲ့ပြီး ကျွန်တော်တို့ကို ဆန့်ကျင်မယ့် ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်..."

သူသည် ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ထပ်မံဖြည့်စွက်၍ပြောလိုက်လေသည်။

"နောက်ဆုံးရ သတင်းအချက်အလက်တွေအရ ကောက်ရှုဝေဟာ ဖန်းချန် ဌာနချုပ် မှာ ကျွန်တော်တို့ အုပ်စုက ဝန်ထမ်း နှစ်ထောင်ကျော်ကို အကျဉ်းချထားတယ်.. ယနေ့ ကျွန်တော့်အနေနဲ့လည်း ကြေညာ စရာ တစ်ခု ရှိတယ်..."

တပ်ကြပ် တစ်ဦးသည် မျက်မှောင်ကြုတ်သွားပြီး ခဏမျှ တုံ့ဆိုင်းနေကာ မေးလိုက်၏။

"တပ်ကြပ်ဖု… ခင်ဗျားက ကောက်ရှုဝေနဲ့ ပူးပေါင်းဖို့ စီစဉ်နေတာလား..."

ဖုကျုံးရှန်းသည် ဖန်သားပြင်မှတစ်ဆင့် ထိုတပ်ကြပ်၏ အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်ပြီး ပြန်ဖြေလေသည်။

"မဟုတ်ပါဘူး။ ကောက်ရှုဝေနဲ့ အဆင့်မြင့်အရာရှိ တစ်ရာကျော်က သေတ္တာတော် ကို တည်ထောင်ဖို့ ပုန်ကန်ခဲ့ကြတဲ့အတွက်၊ ယောင်လုံခြုံရေးကုမ္ပဏီ ကို အော်ရီဂျင် ဆိုတဲ့ အဖွဲ့အစည်းသစ် တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်..."

"အော်ရီဂျင် ရဲ့ ရည်ရွယ်ချက်က ကောက်ရှုဝေရဲ့ အစီအစဉ်တွေကို ဟန့်တားဖို့နဲ့ ဥက္ကဋ္ဌယောင် ရဲ့ ယောင်လုံခြုံရေးကုမ္ပဏီ ကို တည်ထောင်ခဲ့တဲ့ စစ်မှန်တဲ့ ရည်မှန်းချက်ကို ထိန်းသိမ်းထားဖို့ပဲ… ဒီ အပြောင်းအလဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ယောင်ရန် ကို ရှာဖွေပြီး သူမကို အမြန်ဆုံး ဦးဆောင်မှု ရယူနိုင်စေမယ့် ထိပ်တန်းဦးစားပေး တာဝန်တစ်ခုကို ကျွန်တော် ထုတ်ပြန်လိုက်တယ်..."

"ယောင်မိသားစု ရဲ့ တရားဝင် အမွေဆက်ခံသူကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် ထားရှိမှသာ ကောက်ရှုဝေကို ထိရောက်စွာ ဆန့်ကျင်နိုင်ပြီး သူ့ရဲ့ နောက်လိုက်တွေကို လက်နက်ချဖို့ ဖျောင်းဖျနိုင် လိမ့်မယ်..."

သူ စကားပြောပြီးဆုံးသွားသောအခါ အခန်းထဲတွင် အံ့သြမှင်တက်မှုများဖြင့် တိတ်ဆိတ်သွားခဲ့ လေတော့သည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဒါရိုက်တာတစ်ဦးက သူ၏ စိုးရိမ်မှုကို ထုတ်ဖော်ပြော ဆိုလာခဲ့လေသည်။

"ယောင်လုံခြုံရေးကုမ္ပဏီ ကို ထိန်းသိမ်းထားပြီး ယောင်ရန် ပြန်လာတဲ့အခါ သူမဆီ လွှဲပြောင်းပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန် မဟုတ်ဘူးလား… အဖွဲ့အစည်းသစ် တစ်ခုကို တည်ထောင်တာဟာ ကောက်ရှုဝေ လုပ်ခဲ့တာနဲ့ တစ်ပုံစံတည်း ဖြစ်မနေဘူးလား… တပ်ကြပ်ဖု၊ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးတော့ စဉ်းစားပေးပါ..."

ဖုကျုံးရှန်းသည် ဆန့်ကျင်မှုများ ရှိလာမည်ကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သော်လည်း ပြတ်သားစွာ ပင် ရှိနေခဲ့လေသည်။ ကောက်ရှုဝေသည် ယောင်လုံခြုံရေးကုမ္ပဏီ ​ေ စနစ်အကြောင်း အရာအားလုံးကို သိရှိထားသဖြင့်၊ ကုမ္ပဏီ၏ လက်ရှိ ဖွဲ့စည်းပုံသည် သူတို့အား ကောက်ရှုဝေ၏ တိုက်ခိုက်မှုမှ လွယ်ကူစွာ ထိခိုက်စေနိုင်ကြောင်း သူ သိရှိထားလေသည်။

တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ဖုကျုံးရှန်းက ပြောလိုက်၏။

"ကျွန်တော့် ဆုံးဖြတ်ချက်က အတည်ပါပဲ..."

"ကောက်ရှုဝေဟာ ကျွန်တော်တို့ ကုမ္ပဏီအကြောင်း အရာအားလုံးကို သိတယ်… သူ ရင်းနှီးကျွမ်းဝင်နေ တဲ့ အလားတူ စနစ်နဲ့ စည်းမျဉ်းတွေအတိုင်း ဆက်သွားတာဟာ ကြီးလေးတဲ့ အမှားတစ်ခု ဖြစ်လိမ့်မယ် … ဥက္ကဋ္ဌယောင် ရဲ့ အမွေအနှစ်တွေ၊ ကျွန်တော်တို့ လူတွေနဲ့ ယောင်ရန် ကို ကာကွယ်စောင့်ရှောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက စနစ်ဟောင်းကို ဖျက်သိမ်းပြီး အသစ်တစ်ခု တည်ဆောက်ခြင်းပဲ..."

သူသည် ခဏမျှ ရပ်တန့်ကာ သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာများကို အကဲခတ်လိုက်ပြီးနောက် လေးနက်စွာ ထပ်ပြောလိုက်လေသည်။

"မိတ်ဆွေတို့.. ခင်ဗျားတို့ရဲ့ အကူအညီကို ကျွန်တော် လိုအပ်ပါတယ်… ကောက်ရှုဝေကို ဆန့်ကျင်တိုက် ခိုက်မယ့် ဒီတိုက်ပွဲမှာ ခင်ဗျားတို့ရဲ့ အင်အားနဲ့ ထောက်ခံမှုက အရမ်းကို အရေးကြီးပါတယ်… ကျေးဇူး ပြုပြီး ကျွန်တော်နဲ့အတူ ရပ်တည်ပေးကြပါ..."

ခေါင်းကို ငုံ့ထားရင်း ဖုကျုံးရှန်းသည် တပ်ကြပ်များနှင့် ဒါရိုက်တာများ၏ အဖြေကို စိတ်ရှည်စွာ စောင့် ဆိုင်းနေခဲ့လေသည်။ သူ၏ နှိမ့်ချမှုနှင့် ရိုးသားမှုက အခြားသူများ၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေနိုင် ခဲ့ပေသည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တပ်ကြပ်တစ်ဦးက ပြောလာလေသည်။

"တပ်ကြပ်ဖု… ခေါင်းမော့ပါဗျာ… ဥက္ကဋ္ဌယောင် ရဲ့ အမွေအနှစ်နဲ့ ယောင်ရန် ကို ကာကွယ်ဖို့က ကျွန်တော် တို့ရဲ့ တာဝန်ပါ… ခင်ဗျားကို ကျွန်တော် ထောက်ခံပါတယ်..."

တပ်ကြပ်များနှင့် ဒါရိုက်တာများမှာလည်း တစ်ဦးပြီးတစ်ဦး လိုက်ပါလာကြကာ သူတို့၏ ထောက်ခံမှုကို ပြသခဲ့ကြလေသည်။

"တပ်ကြပ်ဖု… ကျွန်တော်တို့ ခင်ဗျားနဲ့အတူ ရပ်တည်ပါတယ်… ယောင်ရန် နဲ့ ဒီကုမ္ပဏီကို ကာကွယ်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကြတာပေါ့..."

သူတို့၏ တစ်ခဲနက် ထောက်ခံမှုကို ကြားရသောအခါ ဖုကျုံးရှန်းသည် ကျေးဇူးတင်မှုများ ပြည့်နှက်နေ သော မျက်နှာထားဖြင့် မော့ကြည့်လိုက်လေသည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ..."

သူတို့၏ အားပေးထောက်ခံမှုကို ရရှိပြီးနောက်တွင် လှုပ်ရှားရမည့် အချိန်ရောက်လာပြီ ဖြစ်ချေ၏။ ဖုကျုံးရှန်းသည် သူ၏ လက်ထောက်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။

"တပ်ကြပ်တွေနဲ့ ဒါရိုက်တာတွေ အားလုံးဆီ အစီအစဉ် အသေးစိတ်ကို ပို့လိုက်ပါ..."

လက်ထောက်ဖြစ်သူက ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ပ်တော့ပ်ပေါ်တွင် စာရိုက်ရန် ပြင်လိုက်လေ သည်။ ခဏအကြာတွင် အခြားသူများက သူတို့၏ အီးမေးလ်များကို ဖွင့်ကြည့်လိုက်ချိန်၌ အသိပေးသံ များ အခန်းထဲတွင် ညံစီသွားခဲ့လေတော့၏။ စာသားများကို ဖတ်လိုက်ရချိန်တွင် သူတို့၏ မျက်နှာထား များမှာ အံ့သြမှင်တက်မှုများအဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။

ဖုကျုံးရှန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

"စီမံကိန်းက ငါးနာရီအတွင်း စတင်လိမ့်မယ်… ကောက်ရှုဝေကို တားဆီးဖို့ ခင်ဗျားတို့ အကောင်းဆုံး လုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

"ဟုတ်ကဲ့ပါ… တပ်ကြပ်ဖု..." ဟု သူတို့က တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြလေ၏။

အွန်လိုင်းအစည်းအဝေး ပြီးဆုံးသွားသည်နှင့် ဖုကျုံးရှန်းသည် သက်ပြင်းကို ပြင်းပြင်းမှုတ်ထုတ်လိုက် လေ သည်။ သူ၏ ပခုံးပေါ်ရှိ တင်းမာမှုများ အနည်းငယ် ပြေလျော့သွားခဲ့၏။ သူသည် မျက်နှာပေါ်တွင် ပြသထားသည်ထက် ပို၍ စိုးရိမ်ပူပန်နေခဲ့ခြင်းပင် ဖြစ်လေသည်။

သူသည် လက်ထောက်ဖြစ်သူဘက်သို့ လှည့်ကာ နောက်ထပ် အမိန့်များကို ထပ်မံပေးလိုက်လေသည်။

"ခေါင်းဆောင်တွေကို ဆက်သွယ်ပြီး အစီအစဉ်ကို စဖို့ ပြောလိုက်ပါ… ပြီးတော့ ယောင်ရန် ကို ရှာဖွေ နေတာကို ပိုမြန်အောင် လုပ်ဖို့ ဝူယဲ့ဟောင် ကို ညွှန်ကြားလိုက်ပါ… ငါတို့ ဘာကြန့်ကြာမှုမှ အဖြစ်ခံလို့ မရဘူး..."

လက်ထောက်ဖြစ်သူသည် သူ၏ ညွှန်ကြားချက်များကို ဂရုတစိုက် မှတ်သားလိုက်ပြီး ပြောလေသည်။

"ဟုတ်ကဲ့ပါ… တပ်ကြပ်..."

အမိန့်များကို ခံယူပြီးနောက် လက်ထောက်ဖြစ်သူသည် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့လေ၏။ ဖုကျုံးရှန်းသည် မတ်တပ်ရပ်လိုက်ပြီး သူ၏ ရုံးခန်းဆီသို့ အလျင်အမြန် ပြန်သွားခဲ့လေသည်။ သူ အချိန် ဖြုန်းနေ၍ မရနိုင်ပေ။

နောက်ထပ် သဘာဝဘေးအန္တရာယ် ကမ္ဘာကြီးကို မဝင်ရောက်လာမီ အချိန်အနည်းငယ်သာ ကျန်ရှိတော့ ပြီး၊ လုပ်စရာများစွာ ကျန်ရှိနေသေးသည်။ ကောက်ရှုဝေသည် အခြား ဌာနချုပ်များကို သိမ်းပိုက်ရန်နှင့် ထောက်ခံသူများကို စုဆောင်းရန် ဦးဆောင်လှုပ်ရှားနေသဖြင့်၊ အရာအားလုံး အစီအစဉ်အတိုင်း ဖြစ် မြောက်လာစေရန် သေချာစေဖို့ သူတို့၌ အချိန်ကန့်သတ်ချက် ရှိနေကြောင်း ဖုကျုံးရှန်း သိရှိထားလေ သည်။

All Chapters