အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း (၃၂၃)
မြူခိုးများ (၁)
ညနေခင်းအချိန်တွင် ယောင်ရန်သည် ရေသိုလှောင်ခန်းနှင့် မှန်လုံစိုက်ခင်းများ၌ သူမ၏ နေ့စဉ် လေ့ကျင့် မှုများကို ပြုလုပ်ပြီးစီးခဲ့လေသည်။ ညစာစားပြီးနောက် သူမ၏ အိပ်ခန်းထဲသို့ ပြန်လာကာ သီးနှံများ ရိတ်သိမ်းရန် သူမ၏ နေရာလွတ် အတွင်းသို့ ဝင်ရောက်ခဲ့လိုက်လေသည်။
နေရာလွတ် အတွင်း နေထိုင်နိုင်သည့် အချိန်ကန့်သတ်ချက် မရှိတော့သည့်အတွက် ယောင်ရန်သည် စပါးများကို ရိတ်သိမ်းရာတွင် အချိန်များစွာ အသုံးပြုခဲ့လေသည်။
စပါးများ ရိတ်သိမ်းပြီးစီးသွားသောအခါ၊ ယောင်ရန်သည် တိရစ္ဆာန်များကို စစ်ဆေးရန် သွားရောက်ခဲ့ရာ ၎င်းတို့၏ အရေအတွက်မှာ ထပ်မံ ပွားများနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူမသည် တိရစ္ဆာန်မွေးမြူရေး ဧရိယာကို အကြိမ်ကြိမ် တိုးချဲ့ခဲ့ပြီး ဖြစ်သော်လည်း၊ နောက်ဆုံးအကြိမ် အဆင့်မြှင့်တင်မှုအပြီးတွင် တိရစ္ဆာန်များသည် ရုတ်တရက် ကြီးထွားလာခဲ့သဖြင့် နေရာမှာ အလွန်ကျပ် တည်းသွားခဲ့လေသည်။
သူမ၏ သိုလှောင်ရုံထဲ၌ သူမနှင့် သူမ၏ သူငယ်ချင်းများ အနေဖြင့် အစားအစာတိုင်းတွင် အသားများ သာ စားသုံးမည်ဆိုလျှင်ပင် ဘဝပေါင်းများစွာတိုင်အောင် စားသုံး၍ မကုန်နိုင်လောက်သည့် လတ်ဆတ် သော အသားများ ရှိနေပြီဖြစ်ရာ နောက်ထပ် တိရစ္ဆာန်များကို သတ်ဖြတ်ရန် အစီအစဉ် မရှိတော့ပေ။
ဝဖြိုးပြီး သွက်လက်နေသော တိရစ္ဆာန်လေးများကို ကြည့်ရင်း ယောင်ရန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်လေသည်။
"သူတို့ကို ရောင်းထုတ်ဖို့ နည်းလမ်းတစ်ခုခု ရှာမှဖြစ်မယ်… ယွမ်ရီဟွေး ဒါမှမဟုတ် လင်းယိ က ဒီကိစ္စ ကို ဖြေရှင်းဖို့ ကူညီပေးနိုင်လောက်တယ်..."
ဆုံးဖြတ်ချက်ချပြီးနောက် သူမသည် ဗီလာဆီသို့ ချက်ချင်း ရောက်ရှိသွားကာ ရေချိုးပြီးနောက် နေရာလွတ် ထဲမှ ထွက်လာခဲ့လေသည်။
သူမ၏ အိပ်ခန်းထဲသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ယောင်ရန်သည် ကုတင်ပေါ်သို့ လှဲချလိုက်ပြီး ခေါင်းနှင့် ခေါင်းအုံး ထိမိသည်နှင့် အိပ်ပျော်သွားခဲ့လေတော့သည်။
တိရစ္ဆာန်မွေးမြူရေးဇုန်နှင့် ငါးကန်ကို တိုးချဲ့ခြင်း၊ သစ်သီးခြံမှ အသီးအနှံများ ခူးဆွတ်ခြင်း၊ ဆေးဖက် ဝင်အပင်များ ဥယျာဉ်မှ ဆေးဘက်ဝင်အပင်အချို့ကို ရိတ်သိမ်းခြင်း၊ သစ်တောထဲမှ မှိုများ ခူးခြင်းနှင့် စိုက်ခင်းများမှ ကျန်ရှိနေသေးသော သီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းရန်အတွက် ယောင်ရန် သည် သုံးရက်တိတိ အချိန်ယူခဲ့ရလေသည်။
စတုတ္ထမြောက်နေ့ ညပိုင်း လူအများစု အိပ်မောကျနေချိန်တွင်၊ ကြည်လင်နေသော ညကောင်းကင်ယံ၌ ပါးလွှာသော မြူခိုးများ စတင် ဖုံးလွှမ်းလာခဲ့လေ၏။ မျိုးရိုးဗီဇပြောင်းလဲ တိရစ္ဆာန်များမှာ ဂဏာမငြိမ် ဖြစ်လာကြပြီး ပုံသဏ္ဍာန် ပျက်ယွင်းနေသော ဘီလူးများမှာလည်း ပိုမို လှုပ်ရှားလာကြလေသည်။
မြူခိုးများ ပိုမို ထူထပ်လာသည်နှင့်အမျှ တစ်ချိန်က ကြည်လင်နေခဲ့သော ညကောင်းကင်ယံမှာ မှုန်ဝါး သွားခဲ့လေတော့သည်။
အရုဏ်တက်ချိန်သို့ ရောက်သောအခါ ကျွင်းချန် စစ်အခြေစိုက်စခန်း ၌ နေထိုင်ကြသော အသက်ရှင် ကျန်ရစ်သူ အများစုမှာ နိုးလာကြပြီး ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ချေသည်။
ဆင်းရဲသား ရပ်ကွက်အတွင်း၌ အသက် နှစ်ဆယ်နှောင်းပိုင်းအရွယ် အမျိုးသားတစ်ဦး နိုးလာခဲ့လေ၏။ မျက်လုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ရွက်ဖျင်တဲငယ်လေးကို ဖုံးလွှမ်းနေသော ထူထပ် သည့် မြူခိုးများကြောင့် သူ အလွန်တရာ အံ့အားသင့်သွားခဲ့လေသည်။
"အဟွတ်… အဟွတ်..."
သူ အသိစိတ်မကပ်နိုင်မီမှာပင် ပြင်းထန်စွာ ချောင်းဆိုးလာခဲ့လေသည်။
မြူခိုးများကြောင့် အသက်ရှူကျပ်သွားသဖြင့် သူသည် ကျောပိုးအိတ်ဘေးမှ မာဖလာ အဟောင်းတစ် ခုကို အလျင်အမြန် ဆွဲယူကာ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်လိုက်လေသည်။ မာဖလာကို သေချာစွာ စည်းနှောင်ပြီးနောက်၊ တံခါးအဖြစ် အသုံးပြုထားသော အဝတ်စကို သတိကြီးစွာဖြင့် မလိုက်လေ၏။
အပြင်ဘက်တွင် သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ မှင်တက်သွားခဲ့လေတော့သည်။ အရာ အားလုံးသည် မီးခိုးရောင် မြူခိုးထုကြီးဖြင့် ဖုံးလွှမ်းနေပြီး အမြင်အာရုံမှာ နှစ်မီတာခန့်သာ မြင်နိုင်တော့ ပေသည်။
ကမ္ဘာပျက်ကပ်တွင် တစ်နှစ်ကျော်ကြာ အသက်ရှင်သန်နိုင်ခဲ့သော အသက်ရှင်ကျန်ရစ်သူ တစ်ဦးအနေ ဖြင့် ဤအမျိုးသားမှာ အတွေ့အကြုံမရှိသူ တစ်ယောက် မဟုတ်ပေ။ ကတိပေးထားသော ငြိမ်းချမ်း သည့် နှစ်လတာကာလမှာ အချိန်မတိုင်မီ ပြီးဆုံးသွားခဲ့ပြီး ကပ်ဘေးအသစ်တစ်ခု တိတ်ဆိတ်စွာ ရောက် ရှိလာပြီဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်လေသည်။
"အဟွတ်..."
အမျိုးသားသည် အဝတ်စကို ပြန်မချမီ တစ်ချက် ထပ်မံ၍ ချောင်းဆိုးလိုက်၏။
မည်သည့် သတင်းအချက်အလက်၊ သံလိုက်အိမ်မြှောင် သို့မဟုတ် မြေပုံမျှမပါဘဲ ထူထပ်သော မြူခိုး များထဲသို့ အပြင်ထွက်ခြင်းသည် အဆင်အခြင်မဲ့လွန်းပြီး အလွန်အန္တရာယ်များလှပေသည်။ ကတ်ထူ ပြားများ ခင်းထားသော ကြမ်းပြင်ပေါ်၌ ထိုင်ရင်း၊ သူ၏ ကျောပိုးအိတ်ထဲရှိ ကျန်ရစ်နေသော ပစ္စည်းများ ကို စတင်စစ်ဆေးလိုက်လေသည်။
အကြိမ်ပေါင်းများစွာ ရေတွက်ပြီးနောက်၊ သူ တစ်နေ့လျှင် တစ်နပ်သာ စားသုံးမည်ဆိုပါက လေးရက်စာ အတွက်သာ လုံလောက်သော အစားအစာ ရှိတော့ကြောင်း သူ သိလိုက်ရလေသည်။ နောက်ထပ် အစား အစာများ မည်သို့ ရှာဖွေရမည်ကို စိုးရိမ်နေစဉ်၊ အပြင်ဘက်မှ သူ၏ နာမည်ကို ခေါ်နေသော အသံတစ်ခု ကို ရုတ်တရက် ကြားလိုက်ရလေသည်။
"အစ်ကိုချန်… နိုးနေပြီလား..."
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ချန်ဇီကျိန်း သည် အဝတ်စကို လျင်မြန်စွာ မတင်၍ အပြင် သို့ ကြည့်လိုက်လေ၏။ ထိုနေရာတွင် ရပ်နေသော ပိန်လှီသည့် အမျိုးသမီးကို မြင်သောအခါ သူက မေးလိုက်လေသည်။
"မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ..."
အမျိုးသမီးသည် သူမ လက်ထဲရှိ ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလေသည်။
"အစ်ကိုချန်… မြူခိုးတွေကြောင့် အားလုံးက စိုးရိမ်နေကြတယ်… ကျွန်မတို့ ဘာလုပ်ရမှန်း မသိလို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို အစ်ကို့ဆီ လာဆွေးနွေးခိုင်းလိုက်လို့ပါ..."
ချန်ဇီကျိန်း က သူမကို စိုးရိမ်တကြီး ကြည့်လိုက်ကာ ပြောလေ၏။
"မြန်မြန်… အထဲဝင်ပြီးမှ ပြောကြတာပေါ့..."
အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ ရွက်ဖျင်တဲထဲသို့ ဝင်လာခဲ့လေသည်။ ရွက်ဖျင် တဲလေးမှာ ကျဉ်းမြောင်းလှပြီး သူမ ဝင်လာသောအခါ ပို၍ပင် ကျပ်တည်းသွားသလို ခံစားလိုက်ရ၏။
သူမ လက်ထဲရှိ ကြိုးကို သတိထားမိလိုက်သဖြင့် ချန်ဇီကျိန်း က ပြောလိုက်လေသည်။
"မြူခိုးတွေထဲ လမ်းလျှောက်ရတာ အန္တရာယ်များတယ်… မင်း မလာခဲ့သင့်ဘူး..."
အမျိုးသမီးသည် သူ့ထက် အသက်ငယ်သော်လည်း အာဟာရချို့တဲ့မှု၊ ကိုယ်ခံအားကျဆင်းမှုနှင့် ကြာ ရှည်စွာ ငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် အသက်အရွယ်ထက် များစွာ ပိုအိုမင်းနေပုံရလေသည်။
သူမ၏ သွားအချို့နှင့် ဆံပင်များ ကျွတ်ထွက်နေခြင်းမှာ ၎င်းတို့ နေထိုင်ဖြတ်သန်းနေရသည့် ဆင်းရဲ ခက်ခဲသော အခြေအနေများ၏ သက်သေပင် ဖြစ်ပေတော့၏။
ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သူမက စိုးရိမ်တကြီးဖြင့် ပြောလေသည်။
"အစ်ကိုချန်၊ မြူခိုးတွေက အရမ်းထူတော့ ကျွန်မတို့ အလုပ်ထွက်လုပ်လို့ မရတော့ဘူး… အစ်ကို့ဆီမှာ အစားအစာနဲ့ ရေ ဘယ်လောက် ကျန်သေးလဲ..."
ချန်ဇီကျိန်း သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်လေ၏။
"ငါ့မှာ လေးရက်စာ အစားအစာ ကျန်သေးတယ်… ဒါပေမဲ့ ရေကတော့ နှစ်ရက်စာပဲ ခံတော့မယ်..."
သူမ၏ မေးခွန်းကို ဖြေပြီးနောက် သူက ပြန်မေးလိုက်လေသည်။
"မင်းရော ဘယ်လိုနေလဲ..."
အမျိုးသမီးသည် မျက်လွှာချလိုက်ပြီး တိတ်ဆိတ်နေခဲ့လေ၏။ သူမ၏ တိတ်ဆိတ်မှုက ချန်ဇီကျိန်ေ သိရန်လိုအပ်သော အရာအားလုံးကို ပြောပြနေလျက်ရှိလေသည်၊၊ သူမတွင် အစားအစာနှင့် ရေ လုံးဝ မကျန်တော့ပေ။
ဤသည်မှာ သူတို့အုပ်စုအတွင်း သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ပြီး ပို၍ တိကျစွာ ဆိုရလျှင် ဆင်းရဲသား ရပ်ကွက်၌ နေထိုင်သော အသက်ရှင်ကျန်ရစ်သူ တိုင်း ကြုံတွေ့နေရသည့် အခြေအနေပင် ဖြစ်ချေသည်။
ချန်ဇီကျိန်း ကို သူတို့အုပ်စု၏ ခေါင်းဆောင်ဟု သတ်မှတ်ထားကြသော်လည်း၊ လူတစ်ဦးစီသည် မိမိတို့ ကိုယ်ပိုင် အသုံးအဆောင်များကို ရှာဖွေစုဆောင်းရန် တာဝန်ရှိနေဆဲ ဖြစ်၏။ သူ လုပ်နိုင်သမျှမှာ ၎င်းတို့ ကို စုစည်းပေးရန်နှင့် သူတို့ ပိုမို ကြာရှည်စွာ အသက်ရှင်နိုင်စေရန် ဘဝ၏ အချို့သော အစိတ်အပိုင်းများ ကို စီမံခန့်ခွဲပေးရန်သာ ဖြစ်လေသည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်၊ အမျိုးသမီးက မော့ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကိုချန်… ဟိုအမျိုးသမီးနဲ့ အမျိုးသား အကြောင်း သတင်းအစအန မရသေးဘူးလား..."
ချန်ဇီကျိန်း က ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလေ၏။
"ငါ သူတို့ရဲ့ အသံတွေကိုပဲ မှတ်မိတော့တယ်… သူတို့ ငါတို့ကို ကယ်တင်ခဲ့တုန်းက သူတို့ရဲ့ မျက်နှာတွေ ကို ဖုံးထားပြီး ညဘက်လည်း ဖြစ်နေခဲ့တာလေ… သူတို့ မျက်နှာကို မပြောနဲ့ မျက်လုံးတွေကိုတောင် ငါ မမြင်ခဲ့ရဘူး… သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှ မရှိဘဲနဲ့ သူတို့ကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."
ဤစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်ဝန်းများ မှေးမှိန်သွားပြီး သူမ တိတ်ဆိတ်သွားခဲ့လေ သည်။ ချန်ဇီကျိန်း စကားထပ်ပြောရန် ပြင်လိုက်ချိန်မှာပင် သူမသည် ရုတ်တရက် ပြင်းထန်စွာ ချောင်း ဆိုးလာခဲ့လေတော့သည်။
"အဟွတ်… အဟွတ်..."
သူမ၏ ပြင်းထန်သော ချောင်းဆိုးသံကြောင့် အံ့အားသင့်သွားကာ ချန်ဇီကျိန်း သည် သူမ၏ ကျောကို အလျင်အမြန် ပုတ်ပေးလိုက်ပြီး မေးလိုက်လေသည်။
"မင်း အဆင်ပြေရဲ့လား..."
အမျိုးသမီးက သူမ အဆင်ပြေကြောင်း ပြောရန် ခေါင်းခါပြခဲ့သော်လည်း ချောင်းဆိုးခြင်းကိုမူ မရပ်တန့် နိုင်ခဲ့ပေ။
"အဟွတ်… အဟွတ်..."
သူမ၏ အခြေအနေ ပိုမိုဆိုးရွားလာသည်ကို မြင်သောအခါ၊ ချန်ဇီကျိန်း သည် မေးကြောများကို တင်း တင်း စေ့ထားလိုက်ပြီး သူ၏ ကျောပိုးအိတ်ထဲမှ တစ်ဝက်ခန့်သာ ကျန်တော့သော ရေသန့်ဘူးကို ဆွဲယူလိုက်လေတော့သည်။