အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း (၃၂၅)
ကောလာဟလမှာ အမှန်ပင် ဖြစ်သည်
ရွှယ်ဝန်ကျယ် သည် ထိုနေရာရှိ လူအားလုံးကို ကြည့်ကာ ပြောလိုက်လေ၏။
"ပရော်ဖက်ဆာယဲ့ နဲ့ ပူးပေါင်းပြီးတော့ စွမ်းအားရှင်တွေရဲ့ စွမ်းအားအဆင့်တွေကို တိုင်းတာနိုင်မယ့် စက် တစ်ခုကိုလည်း ကျွန်တော်တို့ တီထွင်နေပါတယ်… နောက်ထပ် လအနည်းငယ်အတွင်းမှာပဲ အဆင်သင့် ဖြစ်လာမှာပါ..."
နောက်ဆုံးတွင် သတင်းကောင်းအချို့ကို ကြားလိုက်ရသောအခါ ရွှီချီဖန် ၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားခဲ့လေသည်။ သူက ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"အလုပ်ကောင်းတစ်ခုပါပဲ… အားလုံးပဲ ကြိုးကြိုးစားစား လုပ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါ တယ်..."
ယခုအခါ မြူခိုးများနှင့် ပတ်သက်၍ သူတို့ သိရှိထားသည်များကို ဆွေးနွေးပြီးဖြစ်ရာ၊ အသက်ရှင် ကျန်ရစ်သူများကို မည်သို့ အသက်ရှင်သန်စေရမည်ကို အဖြေရှာရမည့် အချိန်ပင် ဖြစ်လေသည်။ ရွှီချီဖန် နှင့် အခြားသူများသည် ကြေညာချက်တစ်ခု ထုတ်ပြန်ရန် မဆုံးဖြတ်မီ ဤပြဿနာကို နာရီပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ကြလေ၏။
မွန်းလွဲပိုင်း အချိန်သို့ ရောက်သောအခါ၊ ကျွင်းချန် စစ်အခြေစိုက်စခန်း၌ နေထိုင်ကြသော အသက်ရှင် ကျန်ရစ်သူများမှာ တရားဝင် သတင်းကို နောက်ဆုံးတွင် ကြားသိလိုက်ရလေသည်။
ရွက်ဖျင်တဲ အတွင်း၌ ထိုင်နေရင်း၊ ချန်ဇီကျိန်း သည် ပုပ်ပွစပြုလာပြီဖြစ်သော အမျိုးသမီး၏ အလောင်း ကို စိုက်ကြည့်နေမိလေ၏။ ပုပ်ပွလာသည့် အရှိန်ကိေ ကြည့်ခြင်းအားဖြင့်၊ ၎င်းမှာ ရာသီဥတုကြောင့် မဟုတ်ဘဲ မြူခိုးများကြောင့် ဖြစ်ပုံရပေသည်။
ပုပ်ဟောင်နေသော အနံ့ဆိုးကြီးကြောင့် ချန်ဇီကျိန်း မှာ အသိစိတ် ပြန်လည် ဝင်ရောက်လာခဲ့လေသည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် အရေးပေါ် အခြေအနေများအတွက် သိမ်းဆည်းထားသော ပလတ်စ တစ်အိတ် အကြီးတစ်အိတ်ကို ယူဆောင်လာကာ အလောင်းကို ထုပ်ပိုးရန် အသုံးပြုလိုက်လေသည်။
အိတ်ကို တင်းကျပ်စွာ စည်းနှောင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ သူသည် ၎င်းကို အပြင်သို့ ဆွဲထုတ်သွားကာ အမှိုက်ပုံ၌ သွားထားလိုက်လေသည်။ အခြေစိုက်စခန်းမှ အမှိုက်များကို နေ့စဉ် သိမ်းဆည်းလေ့ရှိသဖြင့် ထိုပလတ်စတစ်အိတ်မှာလည်း မကြာမီ ဖယ်ရှားခံရမည် ဖြစ်ချေ၏။
ထိုအမျိုးသမီး၏ အလောင်းကို ဤနေရာ၌ စွန့်ပစ်ထားခဲ့ရခြင်းအတွက် သူ စိတ်မကောင်း ဖြစ်မိသော် လည်း၊ သူမကို မြေမြှုပ်ရန် အခြားနည်းလမ်း မရှိခဲ့ပေ။ ပုပ်ပွလာပြီး ကပ်ရောဂါ ဖြစ်ပွားစေမည့်အစား အခြေစိုက်စခန်းမှ မီးရှို့ဖျက်ဆီးခွင့် ပြုလိုက်ခြင်းက ပို၍ ကောင်းမွန်လေသည်။
ချန်ဇီကျိန်း သည် သူ၏ ရွက်ဖျင်တဲဆီသို့ ပြန်မလှည့်မီ ပလတ်စတစ်အိတ်ကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေခဲ့မိလေ၏။ ကံကောင်းထောက်မစွာပင်၊ အမှိုက်ပုံမှာ သူ၏ ရွက်ဖျင်တဲနှင့် သိပ်မဝေးလှ ချေ။
ဤနယ်မြေအတွင်း၌ လပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်ရာ သူသည် မျက်စိမှိတ်လျက်ပင် အိမ်အပြန် လမ်းကို လျှောက်လှမ်းနိုင်လေသည်။ အမြင်အာရုံ အကန့်အသတ် ရှိနေသော်ငြားလည်း မီတာနှစ်ရာ ခန့်ရှိသော လမ်းကို လျှောက်ရခြင်းမှာ သူ့အတွက် အခက်အခဲ တစ်ခု မဟုတ်ခဲ့ပေ။
သူ၏ ရွက်ဖျင်တဲဆီသို့ ပြန်လည်ရောက်ရှိလာချိန်တွင်၊ လူအများ၏ အသံများကို ကြားလိုက်ရသော် လည်း ရှေ့နှစ်မီတာထက်ကျော်လွန်၍ မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့ပေ။ စူးစမ်းလိုစိတ်ဖြင့် အသံများ ရှိရာနောက်သို့ လိုက်သွားသောအခါ ကြေညာသင်ပုန်း အနီး၌ စုရုံးနေကြသော အသက်ရှင်ကျန်ရစ်သူ တစ်စုကို တွေ့လိုက်ရလေသည်။
လူအုပ်ထဲသို့ တိုးဝင်သွားပြီးနောက် သူသည် အနီးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဘက်သို့ လှည့်ကာ မေးလိုက်လေ၏။
"ဦးလေး… အခြေစိုက်စခန်းက နောက်ဆုံးတော့ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပြီလား..."
ထိုလူလတ်ပိုင်း အမျိုးသားက ချန်ဇီကျိန်း သည် နှာခေါင်းနှင့် ပါးစပ်ကို မာဖလာဖြင့် ဖုံးအုပ်စည်းနှောင် ထားသည်ကို သတိထားမိကာ တစ်ချက် ကြည့်လိုက်လေသည်။
"အခြေစိုက်စခန်းက မြူခိုးတွေထဲ အပြင်မထွက်ဖို့ ခုလေးတင် ကြေညာလိုက်တယ်..." ဟု သူက ပြန်ဖြေလေ၏။
"မင်း မျက်နှာကို ဖုံးထားတာဆိုတော့၊ မြူခိုးတွေက အဆုတ်ရောဂါ ဖြစ်စေနိုင်တယ် ဆိုတာကို မင်း သိထားပြီးသား ဖြစ်ရမယ်..."
ချန်ဇီကျိန်း က ခေါင်းညိတ်ပြလိုက်ရင်း ပြန်ပြောလေသည်။
"ကျွန်တော် သိပြီးပါပြီ..."
လူလတ်ပိုင်း အမျိုးသားက သူ့ကို ကြည့်ကာ သတိပေးလိုက်လေသည်။
"ဒါဆိုရင် မင်း အိမ်မှာပဲ နေသင့်တယ်… ခုနလေးတင် လူသုံးယောက် ချောင်းဆိုးပြီး သေသွားတာကို ငါ မြင်လိုက်ရတယ်… မြူခိုးတွေကြောင့် ဒီလူသုံးယောက်မှာ အဆုတ်ရောဂါ ဖြစ်သွားတာလို့ တခြား အသက်ရှင်ကျန်ရစ်သူတွေ အားလုံးက ပြောနေကြတယ်။ ဘယ်သူမှ အလောင်းတွေကို မထိရဲကြလို့ လမ်းဘေးမှာပဲ ပစ်ထားခဲ့ကြတယ်..."
သူက သက်ပြင်းချလိုက်ပြီး စိုးရိမ်တကြီးဖြင့် အသံကိုနှိမ့်ကာ ထပ်ပြောလေသည်။
"တာဝန်ရှိသူတွေက တစ်ခုခု အရေးတယူ မလုပ်ဘူးဆိုရင်တော့ ကပ်ရောဂါ ဖြစ်လာနိုင်တယ်… လူငယ် လေး… ဘာပဲဖြစ်ဖြစ် မင်း ပစ္စည်းတွေ ပိုပြီး စုဆောင်းထားတာ ပိုကောင်းလိမ့်မယ်..."
လူလတ်ပိုင်း အမျိုးသား ပြောသည်ကို ကြားပြီးနောက် ချန်ဇီကျိန်း က ပြန်ပြောလိုက်၏။
"ကျွန်တော် နားလည်ပါပြီ… အခုလို သတိပေးတဲ့အတွက် ဦးလေးကို ကျေးဇူးတင်ပါတယ်..."
ကျေးဇူးတင်စကား ဆိုပြီးနောက်၊ ချန်ဇီကျိန်း သည် ကြေညာချက်ကို ဖတ်ရန် ကြေညာသင်ပုန်းအနီးသို့ တိုးသွားလိုက်လေ၏။ မြူခိုးများ မပျောက်ကွယ်သွားမချင်း အခြေစိုက်စခန်းမှ အစားအစာနှင့် ရေကို နေ့စဉ် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူ၏ စိတ်ထဲ၌ သက်သာရာ ရသွားခဲ့လေ တော့သည်။
ဝေစုများမှာ အသက်ရှင်သန်ရန် အနိုင်နိုင်သာ လုံလောက်မည်ဖြစ်ကြောင်း သူ သိထားသော်လည်း၊ သူ ကျေနပ်နေခဲ့သည်။ အနည်းဆုံးတော့ ဤထူထပ်သော မြူခိုးများထဲ၌ ပစ္စည်းများ သွားရောက် ရှာဖွေရန် သူ၏ အသက်ကို စွန့်စားရတော့မည် မဟုတ်ပေ။
သူ၏ ရွက်ဖျင်တဲဆီသို့ ပြန်ရန် လှည့်လိုက်စဉ်၊ အနီးအနားရှိ အမျိုးသား နှစ်ဦး၏ စကားပြောသံကို ကြား လိုက်ရလေသည်။
"အစ်ကို…. အစ်ကို လိုချင်တဲ့ သတင်းအချက်အလက်ကို ကျွန်တော် ရှာတွေ့ခဲ့ပြီ..."
ပုပြတ်ပြတ် အမျိုးသား၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားခဲ့လေ၏။
"တကယ်လား..." ဟု သူက စိတ်အားထက်သန်စွာဖြင့် မေးလိုက်လေသည်။
အရပ်ရှည်သော အမျိုးသားက ခေါင်းညိတ်လိုက်ပြီး၊ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက် ကာ အသံကိုနှိမ့်၍ ပြောလိုက်လေ၏။
"အစ်ကို…. ဒီနေရာက စကားပြောဖို့ မကောင်းဘူး… ကျွန်တော့် ရွက်ဖျင်တဲဆီ သွားကြရအောင်..."
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အရပ်ပုသော အမျိုးသားက သဘောတူလိုက်လေသည်။
"သွားကြစို့..."
သူတို့ ခိုးထွက်သွားသည်ကို ကြည့်ရင်း၊ ချန်ဇီကျိန်း သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်လေ၏။ သူတို့ ဘာတွေ ဆွေးနွေးနေကြသည်ကို သူ မသိသော်လည်း၊ ဤကိစ္စက သူ၏ ဘဝကို ပြောင်းလဲပေးနိုင်သည်ဟု စိတ်ထဲ၌ ခံစားနေရပေသည်။
အမြင်အာရုံမှာ ဆိုးရွားနေသော်လည်း ချန်ဇီကျိန်း သည် အရပ်ရှည်သော အမျိုးသား၏ ရွက်ဖျင်တဲဆီသို့ သတိကြီးစွာဖြင့် နောက်ယောင်ခံ လိုက်သွားခဲ့လေတော့သည်။
လူအများစုမှာ အိမ်ထဲ၌သာ ပုန်းအောင်းနေကြပြီး သူတို့၏ တံခါးများကိုလည်း တင်းကျပ်စွာ ပိတ်ထား ကြလေ၏။ အချိန်အခါကောင်းကို အသုံးချကာ သူသည် ကတ်ထူပြား ရွက်ဖျင်တဲ အနီးသို့ တိတ်တ ဆိတ် ချဉ်းကပ်သွားပြီး၊ အပြင်ဘက်၌ ဆောင့်ကြောင့်ထိုင်ကာ ခိုးနားထောင်နေလိုက်လေသည်။
အတွင်းဘက်၌ အမျိုးသား နှစ်ဦးမှာ သူတို့၏ စကားဝိုင်းကို ဆက်လက် ပြောဆိုနေကြပြီ ဖြစ်ပေသည်။
"မြန်မြန်လုပ်.. မင်း ဘာတွေ စုံစမ်းသိရှိခဲ့လဲ ဆိုတာကို ပြောစမ်းပါ..."
ရွက်ဖျင်တဲထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် အရပ်ပုသော အမျိုးသားက အလျင်စလို တိုက်တွန်း လိုက်လေသည်လ။
အရပ်ရှည်သော အမျိုးသားက ထိုင်ချလိုက်ပြီး ပြောလိုက်လေသည်။
"အစ်ကို… ကောလဟာလက အမှန်ပဲဗျ… ကျွင်းချန်မြို့ အပြင်ဘက်က တောင်တစ်လုံးပေါ်မှာ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်း တစ်ခု ရှိနေတယ်..."
"အဲ့နေရာမှာ နေထိုင်တဲ့ လူတွေက ကျန်းမာပြီး သန့်ရှင်းသပ်ရပ်တဲ့ ပုံပေါက်ကြတယ်တဲ့… ဟိုတစ်လော က အသက်ရှင်ကျန်ရစ်သူ တစ်စု ရောက်လာခဲ့ပြီးတော့ သူတို့က အဲ့ဒီ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်း မှာ နေထိုင်တဲ့သူတွေနဲ့ တစ်ခါ အဆက်အသွယ် ရခဲ့ဖူးတယ် ဆိုတာကို ကျွန်တော် စုံစမ်းသိ ရှိခဲ့ရတယ်..."
အရပ်ပုသော အမျိုးသား၏ စိတ်လှုပ်ရှားမှုမှာ သိသာထင်ရှားနေပြီး သူက ပြောလိုက်လေ၏။
"ကောင်းတာပေါ့…. မြူခိုးတွေ ပါးသွားတာနဲ့ တစ်ပြိုင်နက် ငါတို့ အဲ့ဒီကို သွားကြတာပေါ့..."
ထိုစကားကို ကြားလိုက်ရသောအခါ အရပ်ရှည်သော အမျိုးသားက ခေါင်းခါပြလိုက်လေသည်။
"အစ်ကို… ကျွန်တော်တို့ သွားရင်တောင် အလကားပါပဲဗျာ..."
ထိုစကားကို ကြားသောအခါ အရပ်ပုသော အမျိုးသားသည် မျက်မှောင်ကြုတ်သွားကာ မေးလိုက်၏။
"မင်းက ဘာဖြစ်လို့ အဲ့ဒီလို ပြောရတာလဲ..."
အရပ်ရှည်သော အမျိုးသားက အသံကို ပိုနှိမ့်လိုက်ပြီး ပြန်ဖြေလေသည်။
"အဲ့နေရာမှာ နေတဲ့ လူတွေက အရမ်းကို ရက်စက်ကြတယ်လို့ ကြားတယ်… အရင်က အဲ့နေရာကို ရှာတွေ့ခဲ့ဖူးတဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးကို လိုက်စုံစမ်းဖို့ ကျွန်တော် ရက်ပေါင်းများစွာ အချိန်ယူ ခဲ့ရတယ်… အဲ့လေကြောင်းရန် ကာကွယ်ရေး စခန်းရဲ့ ပိုင်ရှင်က အသက်နှစ်ဆယ် အစောပိုင်းအရွယ် လူငယ်တစ်ယောက် ဖြစ်ပြီးတော့ သူက မျက်တောင်မခတ်ဘဲ လူသတ်တတ်တယ်လို့ သူတို့ အားလုံးက ပြောကြတယ်..."
"ဒါ့အပြင် သူတို့တွေက အခုအချိန်အထိ လူသုံးယောက်ကိုပဲ လက်ခံထားသေးတယ်… အဲ့ဒီထဲက တစ်ယောက်က ကူးအုပ်စု ရဲ့ စီအီးအို လို့ သတင်းတွေထွက်နေတယ်… ဒါကို ကြည့်ခြင်းအားဖြင့်၊ အဲ့ဒီ နေရာမှာ နေခွင့်ရဖို့ဆိုရင် ကျွန်တော်တို့က ပစ္စည်းတွေ အများကြီး ပေးရလိမ့်မယ်လို့ ထင်တယ်… ဒီ တစ် ဘဝလုံး ပေးဆပ်ရင်တောင် မတတ်နိုင်လောက်တဲ့ ပမာဏမျိုးပေါ့..."
ဤစကားကို ကြားလိုက်ရသောအခါ အရပ်ပုသော အမျိုးသားမှာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက် လေသည်။
"အဲ့နေရာမှာ လူဘယ်နှယောက်လောက် နေလဲ ဆိုတာကို မင်း သိလား..."
အရပ်ရှည်သော အမျိုးသားက ပြန်မဖြေမီ ခဏမျှ စဉ်းစားလိုက်ပြီး ပြောလေသည်။
"အရေအတွက် အတိအကျကိုတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ လူတစ်ရာအောက်တော့ ရှိလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ အရပ်ပုသော အမျိုးသားက ရယ်မောလိုက်တော့သည်။