← Chapters

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း (၃၂၇)

ဝိုင်းရံခံရခြင်း

"ဒါ ငါထင်တာများ ဟုတ်နေမလား..."

ရှီရွှမ်း က တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။

ယောင်ရန် နှင့် လုံယု တို့၏ မျက်နှာထားများမှာ မှောင်မိုက်သွားပြီး ခေါင်းညိတ်ပြလိုက်ကြလေ၏။

မျက်နှာပြင်ပေါ်ရှိ တွန့်လိမ်လှုပ်ရှားနေသော အသားတုံးကြီးကို ကြည့်ရင်း၊ ရှီရွှမ်း သည် ရွံရှာမူးဝေ သွားသလို ခံစားလိုက်ရလေသည်။ အထွေထွေ လုံခြုံရေးကင်မရာများဆီသို့ ပြန်မပြောင်းမီ သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်ကာ မသက်မသာ ဖြစ်မှုကို လျှော့ချလိုက်ရ၏။

ပင်မမျက်နှာပြင်ပေါ်တွင် အပြင်ဘက်ရှိ မြူခိုးများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးကို ပြသနေစဉ်၊ ယောင်ရန် သည် ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိထားမိလိုက်လေသည်။

သူမက မျက်နှာပြင်၏ ထောင့်တစ်နေရာရှိ လုံခြုံရေးကင်မရာ မြင်ကွင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

"ငါတို့ အပြင်ထွက်ပြီး သူတို့ကို ရှင်းလင်းပစ်ဖို့ လိုမယ် ထင်တယ်..."

လုံယု က ထိုနေရာကို ကြည့်လိုက်ရာ အနောက်ပေါက်အနီး၌ တွန့်လိမ်လှုပ်ရှားနေသော အသားတုံးကြီး ကို မြင်တွေ့လိုက်ရပြီး ပြောလေသည်။

"သူတို့ ဒီထက်ပိုပြီး စုမလာခင် ငါတို့ သွားရှင်းလင်းကြတာပေါ့..."

ထိုဘီလူးများသည် အခြားနေရာများ အနီး၌လည်း ပေါ်လာကြောင်း သတိထားမိသဖြင့် ရှီရွှမ်း က ထပ်ပြောလိုက်လေ၏။

"ကျွန်တော် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်မယ်… တခြားသူတွေကို အဲ့နေရာတွေမှာ သွားရှင်းလင်း ခိုင်းလိုက်ပါ့မယ်..."

"ကောင်းပြီ..."

ဟု လုံယု က သဘောတူလိုက်ပြီး၊ အနောက်ပေါက်အနီးရှိ ဘီလူးများကို ရှင်းလင်းရန် ယောင်ရန် နှင့်အတူ အလျင်အမြန် ထွက်ခွာသွားခဲ့လေတော့သည်။

သူတို့နှစ်ဦး ထိန်းချုပ်ခန်းထဲမှ ထွက်ခွာသွားပြီးနောက် ရှီရွှမ်း က မိုက်ခရိုဖုန်းကို ဖွင့်ကာ ကြေညာလိုက် လေ၏။

"အားလုံးပဲ… ကျွန်တော် ရှီရွှမ်း ပါ..."

"ရောင်ခြည်လှိုင်း အဆင့် မြင့်တက်လာပြီးနောက်မှာ ပေါ်လာတဲ့ ဒီဘီလူးတွေက ကျွန်တော်တို့ကို အခု ဝိုင်းရံထားပါတယ်…ခေါင်းဆောင်လုံ နဲ့ ယောင်ရန် တို့က စုရုံးနေတဲ့ ဘီလူးတွေကို ရှင်းလင်းဖို့ အနောက် ပေါက်ဆီ သွားကြပါပြီ..."

"တိုက်ခိုက်နိုင်စွမ်း ရှိသူတွေအနေနဲ့ ပင်မဝင်ပေါက်၊ အနောက်ဘက်ဆောင် ဧရိယာနဲ့ အရှေ့ဘက်ဆောင် ဧရိယာတွေဆီ သွားပြီး အဲ့ဒီနေရာတွေမှာ စုရုံးနေတဲ့ ဘီလူးတွေကို ရှင်းလင်းပေးကြပါ… သူတို့ ဒီထက် ပိုပြီး စုမလာခင် ကျေးဇူးပြုပြီး သွားပြီးရှင်းလင်းပေးကြပါ..."

ထိုစကားများ ပြောပြီးနောက် ရှီရွှမ်း သည် မိုက်ခရိုဖုန်းကို ပိတ်လိုက်ပြီး၊ လုံခြုံရေးကင်မရာများ မှတစ်ဆင့် အပြင်ဘက် အခြေအနေကို ဆက်လက် စောင့်ကြည့်နေလိုက်လေသည်။

တစ်ချိန်တည်းမှာပင်၊ လီထျန်းယု နှင့် စစ်သားသုံးဦးတို့သည် စားသောက်ခန်းအတွင်း၌ ဟွမ်ချန် နှင့် အခြားသူများနှင့်အတူ နေ့လယ်စာ စားသုံးနေခဲ့ကြခြင်းဖြစ်လေ၏။

ကြေညာချက်ကို ကြားလိုက်ရသောအခါ၊ ကျားရှန်း သည် သူမ၏ အစားအစာများကို အလျင်အမြန​ေ စားလိုက်လေသည်။ ပါးစပ်ထဲတွင် အစားအစာများ ပြည့်နေလျက်ပင် သူမက ပြောလိုက်၏။

"ငါ ပင်မဝင်ပေါက်ဆီ သွားလိုက်မယ်..."

သူမသည် လင်ပန်းနှင့် ညစ်ပတ်နေသော ပန်းကန်များကို ကောင်တာဆီသို့ အလျင်အမြန် ယူဆောင် သွားပြီး အန်တီဟန် ကို ပြောလိုက်လေသည်။

"အန်တီဟန်၊ ဒါလေးတွေ ကူပြီး ရှင်းပေးပါဦး..."

ကြေညာချက်ကို ကြားထားသော အန်တီဟန် က ပြန်ပြောလိုက်လေ၏။

"အဲ့ဒီအတွက် စိတ်မပူနဲ့... မြန်မြန်သွား…အပြင်ရောက်ရင် ဂရုစိုက်နော်..."

ကျားရှန်း က ခေါင်းညိတ်ပြလိုက်ပြီး၊ စားပွဲရှည်ပေါ်မှ ရေကန်ရေ တစ်ဘူးကို ဆွဲယူကာ သူမ၏ လက်နက်ကို ယူရန် အလျင်အမြန် ထွက်သွားခဲ့လေသည်။ သူမ ထွက်သွားသည်ကို မြင်သောအခါ၊ ဟွမ်ချန် သည် နေ့လယ်စာကို အလျင်အမြန် အဆုံးသတ်လိုက်ပြီး သူမနောက်သို့ လိုက်သွားခဲ့လေ၏။

သူတို့နှစ်ဦး ပင်မဝင်ပေါက်ဆီသို့ ထွက်ခွာသွားပြီးနောက်၊ ဟွမ်ကျိဟွေး၊ တန်ချီချီ​ နှင့် ဟန်ညီအစ်ကိုများ ၊ စီမာညီအစ်ကိုများ နှင့် ချွမ်ယွမ်ဝေ့ တို့လည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားခဲ့ကြလေသည်။

သူတို့လေးဦးတည်းသာ ကျန်ရစ်ခဲ့သောအခါ လီထျန်းယု က ပြောလိုက်လေ၏။

"ငါတို့လည်း သွားပြီး ကူညီပေးကြရအောင်..."

လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်း အတွင်း၌ စားသောက်ခြင်းနှင့် အိပ်စက်ခြင်းမှလွဲ၍ ဘာမျှ လုပ်စရာမရှိဘဲ ငါးရက်ကြာ နေထိုင်ခဲ့ရပြီးနောက်၊ သူတို့သည် အိမ်ရှင်များ၏ ကျေးဇူးကို ပြန်လည် ဆပ်ချင်နေကြပြီ ဖြစ်ချေသည်။ နေ့လယ်စာ စားပြီးနောက်ေ လီထျန်းယု နှင့် စစ်သားသုံးဦးတို့သည် လက်နက်များကို တပ်ဆင်ကာ တိုက်ပွဲတွင် ဝင်ရောက် ပါဝင်ခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင်၊ လုံယု နှင့် ယောင်ရန် တို့သည် အပြင်ဘက်၌ တိုက်ပွဲဝင်နေကြပြီ ဖြစ်လေ၏။

အတိတ်ဘဝက ဤပုံသဏ္ဍာန် ပျက်ယွင်းနေသော ဘီလူးများနှင့် ရင်ဆိုင်ခဲ့ရဖူးသော အတွေ့အကြုံ များအရ၊ ခေတ်မီ လက်နက်များသည် အေးစက်သော လက်နက်များ သို့မဟုတ် စွမ်းအားများနှင့် နှိုင်းယှဉ်လျှင် ဘီလူးများကို ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ဖြစ်စေနိုင်ကြောင်း သူတို့နှစ်ဦးစလုံး သိထားကြလေသည်။

ဤဘီလူးများကို သတ်ဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့၏ အမြုတေကို ဖျက်ဆီးပစ် ရန်ပင် ဖြစ်ပေ၏။ သို့သော်၊ ဘီလူးများ၏ ခန္ဓာကိုယ်မှာ အလွန်အမင်​ေ ပုံသဏ္ဍာန် ပျက်ယွင်းနေ သောကြောင့် သူတို့၏ အမြုတေများကို ရှာဖွေရန်မှာ ခက်ခဲလှပေသည်။ သူတို့အား တိုက်ခိုက်ရန် ခေတ်မီ လက်နက်များကို အသုံးပြုခြင်းသည် ခဲယမ်းမီးကျောက်များကို အလဟဿ ဖြုန်းတီးပစ်ခြင်း သာ ဖြစ်လေတော့သည်။

ပုံသဏ္ဍာန် ပျက်ယွင်းနေသော ဘီလူးတစ်ကောင်ကို သူမ၏ ဓားရှည်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ပြီး နောက်၊ ယောင်ရန် သည် ၎င်း၏ ဘေးဘက်၌ ဖုံးကွယ်နေသော အမြုတေကို ရှာတွေ့သွားခဲ့လေ၏။ သူမသည် လက်ကို လှုပ်ရှားလိုက်ပြီး သေးငယ်သော အမြုတေကို တိကျစွာ ထိုးဖောက်လိုက်လေ တော့သည်။

အမြုတေ ကွဲကြေသွားသည်နှင့်တစ်ပြိုင်နက် ဘီလူးမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် လဲကျသွားပြီး လှုပ်ရှားမှုများမှာ ရပ်တန့်သွားလေတော့သည်။

"ဘုန်း... "

သူမ၏ ဓားပေါ်မှ ပုပ်ဟောင်နေသော အသားစများနှင့် စေးကပ်နေသော အမည်းရောင် အရည်များကို ခါထုတ်လိုက်ပြီး၊ ယောင်ရန် က လုံယု ကို ပြောလိုက်လေ၏။

"အဲ့ဒါ နောက်ဆုံး တစ်ကောင်ပဲ... အာယု…. တခြားနေရာတွေကို သွားစစ်ကြည့်ရအောင်..."

လုံယု သည် ရေကန်ရေ တစ်ငုံကို သောက်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလေသည်။

"ကောင်းပြီလေ..."

ထို့နောက် သူသည် အိတ်ကပ်ထဲမှ စကားပြောစက်ကို ထုတ်ယူကာ မေးလိုက်၏။

"အာရွှမ်း… ဘယ်နေရာမှာ ဘီလူး အများဆုံး ရှိနေလဲ..."

ထိန်းချုပ်ခန်း အတွင်း၌ ထိုင်နေသော ရှီရွှမ်း က ပင်မမျက်နှာပြင်ကို ကြည့်ကာ ပြန်ဖြေလိုက်လေသည်။

"အနောက်ဘက်ဆောင် မှာပါ..."

"နားလည်ပြီ..."

စကားပြောစက်ကို သိမ်းဆည်းလိုက်ပြီးနောက်၊ လုံယု နှင့် ယောင်ရန် တို့သည် အနောက်ဘက်ဆောင် ဆီသို့ ထွက်လာခဲ့ကြရာ စီမာညီအစ်ကိုများ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရလေသည်။

သူတို့ လာနေသည်ကို မြင်သောအခါ၊ စီမာယွမ် သည် အလျင်အမြန် ပြေးလာပြီး သူတို့ရှေ့သို့ နှစ်စက္ကန့် အတွင်း ရောက်ရှိလာခဲ့လေသည်။ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း သူက မေးလိုက်လေ၏။

"အစ်ကိုတို့ အနောက်ပေါက် ကို ရှင်းပြီးသွားပြီလား..."

ယောင်ရန် က ခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်ဘက်သို့ ကြည့်လိုက်လေသည်။ စီမာဟောက် သည​ေ သတ္တုဖုံးအုပ်ထားသော သူ၏ လက်သီးများကို အသုံးပြုကာ ဘီလူးများကို အသားစင်းကဲ့သို့ ဖြစ်သွား သည်အထိ ထိုးကြိတ်နေသည်ကို မြင်သောအခါ၊ သူမ မျက်နှာမဲ့သွားကာ ရွံရှာသွားမိလေ၏။

သူမ၏ မျက်နှာအမူအရာကို သတိထားမိလိုက်သဖြင့် စီမာယွမ် က ပြောလိုက်လေသည်။

"ဟုတ်တယ်၊ ကျွန်တော်လည်း ဒါကို ရွံစရာကောင်းတယ်လို့ ထင်တယ်… ကျွန်တော့် အစ်ကိုက တကယ့်ကို အရမ်း အကြမ်းဖက်လွန်းအားကြီးတယ်..."

သူတို့ စကားပြောနေစဉ်မှာပင်၊ စီမာဟောက် သည် နောက်ထပ် ပုံသဏ္ဍာန် ပျက်ယွင်းနေသော ဘီလူးနှစ်ကောင်ကို အသားစင်းအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေ၏။ သူ ပြားချပ်သွားအောင် လုပ်ပစ် လိုက်သော်လည်း ၎င်းတို့မှာ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်ကို မြင်သောအခါ သူက ညည်းတွား ပြီး ပြောလိုက်လေသည်။

"ကျက်သရေတုံးလိုက်တာကွာ... ဒီကောင်တွေက သေကို မသေနိုင်ဘူး..."

သူ၏ စကားကို ကြားသောအခါ လုံယု က ပြန်ပြောလိုက်လေ၏။

"သူတို့ရဲ့ အမြုတေတွေကို ဖျက်ဆီးပစ်... ဒါက သူတို့ကို သတ်ပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ..."

စီမာဟောက် သည် ဘီလူးတစ်ကောင်ကို ထိုးကြိတ်ရင်း မေးလိုက်လေသည်။

"အစ်ကိုလုံ… သူတို့ရဲ့ အမြုတေတွေကို ရှာဖို့ အကြံဉာဏ်လေး ဘာလေးများ မရှိဘူးလား..."

"သူတို့ ခန္ဓာကိုယ်ရဲ့ အကောင်းပကတိ အရှိဆုံး အစိတ်အပိုင်းကို ရှာကြည့်..."

လုံယု က သူ၏ လေစွမ်းအင် ဓားသွားများဖြင့် ပုံသဏ္ဍာန် ပျက်ယွင်းနေသော ဘီလူးတစ်ကောင်ကို အပိုင်းပိုင်း ခုတ်ထစ်ရင်း ရှင်းပြလိုက်လေ၏။

ထိုအကြံဉာဏ်ကို ကြားသောအခါ စီမာယွမ် ၏ မျက်ဝန်းများ အရောင်လက်သွားပြီး ပြောလိုက် လေသည်။

"ကျေးဇူးပဲဗျ..."

စီမာညီအစ်ကိုများကို နောက်ထပ် ဘီလူးများ ဝင်ရောက် တိုက်ခိုက်လာနေသည်ကို မြင်ရသောအခါ ယောင်ရန် သည် သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့လေ၏။ လုံယု ​ေ လမ်းညွှန်မှုဖြင့် စီမာညီအစ်ကိုများသည် ဘီလူးများ၏ အမြုတေကို ရှာဖွေနိုင်စွမ်း လျင်မြန်စွာ တိုးတက် လာခဲ့လေသည်။

သူတို့ လေးဦး အနောက်ဘက်ဆောင် ကို ရှင်းလင်းပြီးချိန်တွင် စီမာညီအစ်ကိုများသည် ပုံသဏ္ဍာန် ပျက်ယွင်းနေသော ဘီလူးများကို သတ်ဖြတ်ရန် အခြေခံ ကျွမ်းကျင်မှုကို ရရှိသွားကြပြီ ဖြစ်လေ၏။

သွေးများဖြင့် ရွှဲနစ်နေသော မြေပြင်ကို အကဲခတ်ကြည့်ရင်း ယောင်ရန် က သက်ပြင်းချကာ ပြောလိုက် လေသည်။

"နောက်မှ ဒီရှုပ်ပွနေတာတွေကို ငါတို့ ရှင်းလင်းရလိမ့်မယ်... မဟုတ်ရင် ဒီအနံ့က နောက်ထပ် ဘီလူး တွေကို ဆွဲဆောင်လာလိမ့်မယ်..."

မြူခိုးများ ထူထပ်လွန်းသောကြောင့် သူတို့သည် လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်း အနီးရှိ ပုံသဏ္ဍာန် ပျက်ယွင်းနေသော ဘီလူးများကိုသာ သတ်ဖြတ်နိုင်ခဲ့ကြလေသည်။

ခဏတာ အနားယူပြီးနောက်၊ လုံယု သည် သူ၏ စကားပြောစက်ကို အသုံးပြုကာ မေးလိုက်၏။

"အာရွှမ်း… ဒီဘီလူးတွေက ဗို့အားမြင့် လျှပ်စစ်ခြံစည်းရိုး ကို ဘယ်လို ဖြတ်ကျော်လာခဲ့လဲ ဆိုတာ မင်း စစ်ဆေးကြည့်ပေးလို့ ရမလား..."

All Chapters