← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း (၃၃၀)

ထူးဆန်းမှု

သူ၏ ကျီစယ်လိုသော လေသံကို သတိပြုမိသွားသဖြင့် ယောင်ရန်သည် ချောင်းအသာဟန့်၍ သူ့အား အသာအယာ တွန်းဖယ်လိုက်လေသည်။

"လျှောက်မလုပ်နဲ့တော့... နောက်ဘက်ဝင်ပေါက်မှာ ဘီလူးတွေ အများကြီး စုနေသေးတယ်... ကျွန်မ သွားရှင်းလိုက်မယ်... ရှင် ဒီမှာ အလုပ်ပြီးရင် လာကူပေးဦးနော်..."

လုံယုက သက်ပြင်းတစ်ချက်ချကာ နာခံမှုရှိစွာဖြင့် ပြန်လည်ဖြေကြားခဲ့လေသည်။

"ကောင်းပါပြီခင်ဗျာ..."

ယောင်ရန်သည် သူ့အား ရေကန်မှရသော ရေတစ်ပုလင်း ကမ်းပေးခဲ့ပြီးနောက် ဘီလူးများကို နှိမ်နင်းရန် နောက်ဘက်ဝင်ပေါက်သို့ ထွက်ခွာသွားခဲ့လေသည်။

နာရီဝက်ခန့်အကြာတွင် လုံယုသည် သူမထံသို့ ရောက်ရှိလာခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ညလုံး အတူ တကွ တိုက်ပွဲဝင်ခဲ့ကြပြီး၊ နံနက်မိုးလင်း၍ ရှီရွှမ်း၊ ကျားရှန်း၊ ဟွမ်ချန်နှင့် လီထျန်းယုတို့ တာဝန်လွှဲ ပြောင်းယူရန် ရောက်ရှိလာချိန်အထိ ဘီလူးများကို ရှင်းလင်းခဲ့ကြလေသည်။

ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများ၊ လီထျန်းယုနှင့် သူ၏ အဖွဲ့ဝင်များသည် နေ့စဉ်နေ့တိုင်း အလှည့် ကျစနစ်ဖြင့် မျိုးရိုးဗီဇပြောင်း ဘီလူးများကို သတ်ဖြတ်ခဲ့ကြလေ၏။ ဆယ်ရက်မြောက်သော နေ့တွင်မူ မြူနှင်းများမှာ နောက်ဆုံး၌ စတင်​၍ ကွဲသွားခဲ့လေပြီဖြစ်လေ၏။

ထိန်းချုပ်ခန်းရှိ ပင်မမျက်နှာပြင်မှတစ်ဆင့် ရှီရွှမ်းသည် စောင့်ကြည့်ရေးကင်မရာများ၏ ပိုမိုပြတ်သား လာသော မြင်ကွင်းကို ကြည့်ရှုရင်း လုံယုအား ပြောလိုက်လေသည်။

"တပ်ကြပ်... ဒီနေ့တော့ မြင်ကွင်းပြတ်သားမှုက မီတာငါးဆယ်အထိ ရှိလာပြီဗျ..."

ထိုသတင်းကောင်းကို ကြားသောအခါ လုံယုက ပြန်ပြောလိုက်၏။

"ကောင်းတယ်... မြင်ကွင်း ပိုကောင်းလာပြီဆိုတော့ တုကျောက်ယီလည်း ဒီနေ့ လူလွှတ်လိမ့်မယ်ထင် တယ်..."

ရှီရွှမ်းက ခေါင်းညိမ့်ပြရင်း၊

"တပ်ကြပ် ခန့်မှန်းတာ မှန်တယ်... တပ်ကြပ်လီ ခုနကပဲ ကျွန်တော့်ကို အကြောင်းကြားတယ်... ဆေးဝါး လာယူမယ့် အဖွဲ့က နေထွက်ချိန်မှာတင် ကျွင်းချန် စစ်အခြေစိုက်စခန်းကနေ ထွက်ခွာလာပြီလို့ တုကျောက်ယီက ဒီမနက် သူ့ကို ဖုန်းဆက်ပြောတယ်တဲ့..."

ထိုစကားကို ကြားသောအခါ ယောင်ရန်က ပြောလိုက်လေသည်။

"ဒါ သတင်းကောင်းပဲ... ဒီဆေးဝါးတွေရှိရင် ဘီလူးအဖြစ် ကူးပြောင်းတော့မယ့် စစ်သားတွေ အများကြီး ကို ကယ်တင်နိုင်လိမ့်မယ်..."

သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် လုံယုဘက်သို့ လှည့်ကာ မေးလိုက်၏။

"အာယု... ရှင့်ရဲ့ ပထမတပ်မတော်က ညီအစ်ကိုတွေဆီကို သွားလည်သင့်လား... အရင်က လင်းယွမ် တိုက်ခန်းဆီကို လာလည်ခဲ့တဲ့ ရှင့်သူငယ်ချင်း လီကျန့်ကို ကျွန်မ မှတ်မိသေးတယ်... သူနဲ့ တောင်ပေါ်မှာ ကျွန်မတို့ တွေ့ခဲ့တဲ့ စစ်သားတွေ ဘာဖြစ်ကုန်ကြပြီလဲဆိုတာ သိချင်မိတယ်..."

သူမ၏ စကားကြောင့် လုံယုနှင့် ရှီရွှမ်းတို့၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့လေ၏။

သူတို့၏ ညှိုးငယ်သော မျက်နှာများနှင့် ရှုပ်ထွေးနေသော ခံစားချက်များကို သတိပြုမိသဖြင့် ယောင်ရန် က ဆက်ပြောလိုက်လေသည်။

"အာယု... ရှီရွှမ်း... ကျွန်မ လူအင်အား ပိုတိုးချင်တယ်... ရှင့်ရဲ့ ရဲဘော်ဟောင်းတွေကို ကျွန်မတို့ဆီ ဝင်မလားလို့ မေးကြည့်ရင် ဘယ်လိုလဲ..."

ထိုစကားကို ကြားသောအခါ လုံယုနှင့် ရှီရွှမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုံယုက ပြောလိုက်လေသည်။

"ရန်ရန်... သူတို့ကို စည်းရုံးဖို့က မင်းထင်သလို မလွယ်ကူဘူးလေ..."

"ဘာလို့လဲ... သူတို့က အငြိမ်းစားမယူမချင်း စစ်တပ်ကနေ မထွက်ကြလို့လား..."

ယောင်ရန်က သိချင်စိတ်ဖြင့် မေးလိုက်လေ၏။

ရှီရွှမ်းက ခေါင်းခါပြရင်း ရှင်းပြလေသည်။

"ကျွန်တော်တို့ အများစုက ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့နဲ့ မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ဆိုတဲ့ ဆန္ဒနဲ့ စစ်တပ်ထဲ ဝင်ခဲ့ကြတာလေ... အဲဒီလို စိတ်ဓာတ်မျိုးနဲ့ဆိုတော့ မဖြစ်မနေ အငြိမ်းစားယူရ တာ ဒါမှမဟုတ် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရတာမျိုး မဟုတ်ရင် တာဝန်ပြီးဆုံးတဲ့အထိ စစ်တပ် မှာပဲ ဆက်ရှိနေမှာပဲ..."

"အခုလို ကမ္ဘာပျက်နေတဲ့ အခြေအနေမှာ လီကျန့်နဲ့ တခြားသူတွေက တာဝန်ထမ်းဆောင်ရင်း သေဆုံး သွားတာ ဒါမှမဟုတ် စစ်တပ်အပေါ် ယုံကြည်မှု လုံးဝပျက်ပြားသွားတာမျိုး မဟုတ်ရင် စစ်တပ်ကနေ ထွက်ကြမှာ မဟုတ်ဘူး... ဒါပေမဲ့ တပ်ကြပ်ရွှီက ပထမတပ်မတော်ကို ဦးဆောင်နေတာဆိုတော့ စိတ် ပျက်လို့ စစ်တပ်က ထွက်သွားမယ့်ကိစ္စကတော့ မဖြစ်နိုင်သလောက်ပဲ..."

ထိုစကားကို ကြားရသောအခါ ယောင်ရန်မှာ အနည်းငယ် စိတ်ပျက်သွားခဲ့၏။ သူမသည် သက်ပြင်းချ ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"လူတော်တွေကို ရှာဖွေပြီး စည်းရုံးဖို့က တကယ်မလွယ်ပါလား..."

သူမ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို မြင်သောအခါ လုံယုက သူမ၏လက်ကို ဆုပ်ကိုင်၍ ပြော လိုက်လေသည်။

"မင်း လူစုဆောင်းချင်တယ်ဆိုရင် စားနပ်ရိက္ခာ၊ ရေ ဒါမှမဟုတ် ဆေးဝါးတွေကို အခကြေးငွေအဖြစ် ပေးပြီး ကမ်းလှမ်းလို့ ရပါတယ်..."

"လုံလောက်တဲ့ ကမ်းလှမ်းမှုရှိရင် ကိုယ့်တို့ဆီ လာပူးပေါင်းချင်တဲ့ စွမ်းအားရှင်တွေ အများကြီး ရှိလာ မှာပါ... အကယ်၍ သူတို့ ကိုယ်တို့ဆီ ဝင်လာခဲ့ရင် တို့တွေ သူငယ်ချင်းတွေလိုပဲ တန်းတူ ဆက်ဆံ ပေးမှာပေါ့... ဒါပေမဲ့ သူတို့က ကိုယ်တို့ဆီမှာ အလုပ်ပဲ လုပ်ချင်တာဆိုရင်လည်း သူတို့ရဲ့ ဝန်ဆောင်မှု အတွက် အခကြေးငွေ ပေးလို့ရတာပဲလေ… ဒါမှမဟုတ် ကြေးစားစစ်သည်တွေအဖြစ် ငှားရမ်းလို့လည်း ရတာပေါ့..."

ယောင်ရန်သည် သူ၏ အကြံပြုချက်ကို စဉ်းစားလိုက်ပြီးနောက်၊

"ဒါ ကောင်းတဲ့ အကြံပဲ..." ဟု ပြောလိုက်လေသည်။

ရှီရွှမ်းသည် လူစုဆောင်းရန် သူတို့နှစ်ဦး အလေးအနက်ထားနေသည်ကို မြင်သောအခါ ဖြည့်စွက်ပြော ခဲ့လေ၏။

"မင်းတို့နှစ်ယောက် လူအင်အား တိုးချင်တယ်ဆိုရင် အပြင်ဘက်မှာ ရှိနေတဲ့ ရိက္ခာတွေရဲ့ တန်ဖိုးကို အရင်ဆုံး ဆန်းစစ်ရမယ်... ကျွန်တော်တို့ ဒီမှာ နေလာတာ လနဲ့ချီနေပြီဆိုတော့ သတင်းအချက်အလက် တွေကို အသစ်ပြန်ဖြစ်အောင် လုပ်ဖို့ လိုတယ်..."

"လီထျန်းယု ကျွင်းချန် စစ်အခြေစိုက်စခန်းကို ပြန်တဲ့အခါ ကျွန်တော်တို့ပါ အတူတူ လိုက်သွားကြတာ ပေါ့... ကျွန်တော်တို့ မရှိတဲ့အချိန်မှာ အာရှန်းနဲ့ အာချန်တို့ကို တာဝန်လွှဲပေးခဲ့မယ်... အဘိုးချွမ်တို့လည်း ဒီမှာ ရှိနေတာဆိုတော့ ကျွန်တော်တို့ မရှိလည်း ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး..."

ထိုစကားကို ကြားသောအခါ လုံယုနှင့် ယောင်ရန်တို့က သဘောတူညီစွာဖြင့် ခေါင်းညိမ့်လိုက်ကြလေ ၏။

"ကောင်းပါပြီ..."

အစီအစဉ်များကို အပြီးသတ်ပြီးနောက် ရှီရွှမ်းသည် ခရီးစဉ်အတွက် စတင်ပြင်ဆင်တော့သည်။

ယောင်ရန်နှင့် လုံယုတို့မှာမူ မျိုးရိုးဗီဇပြောင်း ဘီလူးများကို သွားရောက်နှိမ်နင်းခြင်း မပြုမီ နေ့လယ်စာ သုံးဆောင်ရန် ထွက်လာခဲ့ကြလေသည်။

သူတို့ အလုပ်ရှုပ်နေကြစဉ် သုံးရက်တာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။

တစ်နေ့သော မွန်းလွဲပိုင်းတွင် လူတိုင်း အလှည့်ကျ နေ့လယ်စာစားရင်း အပြင်ဘက်ရှိ မျိုးရိုးဗီဇပြောင်း ဘီလူးများကို တိုက်ခိုက်နေစဉ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။

လျှပ်စစ်ကာရံထားသော ခြံစည်းရိုးအနီး၌ မျိုးရိုးဗီဇပြောင်း ဘီလူးများ အရေအတွက် ရုတ်တရက် တိုးပွားလာသည်ကို သတိပြုမိသဖြင့် ရှီရွှမ်းသည် ဟွမ်ချန်နှင့် ကျားရှန်းတို့ထံသို့ ဂြိုဟ်တုဖုန်းဖြင့် အလျင်အမြန် ဆက်သွယ်လိုက်လေသည်။

ဖုန်းချိတ်ဆက်သွားသောအခါ သူက ပြောလိုက်၏။

"အာချန်... အနောက်ဘက်ကနေ မျိုးရိုးဗီဇပြောင်း ဘီလူးအုပ်ကြီး တစ်အုပ် ချဉ်းကပ်လာပြီး လျှပ်စစ်ခြံ စည်းရိုးနားမှာ စုဝေးနေကြတယ်... မင်း၊ အာရှန်းနဲ့ တပ်ကြပ်လီတို့ သွားကြည့်ပေးနိုင်မလား..."

ခဏအကြာတွင် ဟွမ်ချန်၏ ပြန်လည်ဖြေကြားသံ ထွက်ပေါ်လာ၏။

"ရပါတယ်... ပြဿနာမရှိဘူး..."

ဖုန်းချလိုက်ပြီးနောက် ဟွမ်ချန်သည် ကျားရှန်းနှင့် လီထျန်းယုတို့ဘက်သို့ လှည့်လိုက်လေသည်။

"အစ်မရှန်း... တပ်ကြပ်လီ... အနောက်ဘက်က လျှပ်စစ်ခြံစည်းရိုးနားမှာ မျိုးရိုးဗီဇပြောင်း ဘီလူးတွေ အများကြီး ရှိနေတယ်လို့ အာရွှမ်းက အကြောင်းကြားလာတယ်... အခုချက်ချင်း သွားစစ်ဆေးပေးဖို့ သူက ပြောတယ်..."

ထိုစကားကို ကြားသောအခါ ကျားရှန်းနှင့် လီထျန်းယုတို့က တပြိုင်နက်တည်း ပြန်ဖြေလိုက်လေ၏။

"နားလည်ပြီ..."

လီထျန်းယုသည် ဘီလူးများကို ဆက်လက်တိုက်ခိုက်ရင်း ဟန်ညီအစ်ကိုများနှင့် သူ​၏ အဖွဲ့ဝင်များကို ပြောလိုက်လေသည်။

"မင်းတို့အားလုံး ဒီမှာပဲ နေခဲ့ကြ... ငါတို့ သွားပြီး စုံစမ်းလိုက်ဦးမယ်..."

ဟန်ညီအစ်ကိုများက ခေါင်းညိမ့်ပြလိုက်၏။

"ကောင်းပါပြီ..."

"ဟုတ်ကဲ့... တပ်ကြပ်..." ဟု စစ်သားသုံးဦးက တပြိုင်တည်း ထူးလိုက်ကြလေသည်။

ထို့နောက် ဟွမ်ချန်၊ ကျားရှန်းနှင့် လီထျန်းယုတို့သည် လမ်းတစ်လျှောက်ရှိ မျိုးရိုးဗီဇပြောင်း ဘီလူးများ ကို သတ်ဖြတ်ရင်း အနောက်ဘက်ရှိ လျှပ်စစ်ခြံစည်းရိုးဆီသို့ ဦးတည်သွားခဲ့ကြလေတော့သည်။

ရှေ့သို့ ဆက်သွားနေစဉ် ကျားရှန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"မြူနှင်းတွေ ပါးသွားရင် ဘီလူးအရေအတွက် လျော့သွားရမှာလို့ အာရွှမ်း ပြောခဲ့တာလေ..​ အခုက ထူးဆန်းနေတယ်... ဒီနေ့က မနေ့ကထက် ဘီလူးတွေ ပိုများနေသလိုပဲ..."

လီထျန်းယုက သတိဝီရိယရှိစွာဖြင့် ပြောလိုက်လေသည်။

"ဂရုစိုက်ကြ... တစ်ခုခုက ထူးဆန်းနေတယ်ဆိုရင် အန္တရာယ်က အနားမှာ ရှိနေတတ်တယ်..."

ဟွမ်ချန်နှင့် ကျားရှန်းတို့က သဘောတူကြောင်း ခေါင်းညိမ့်ပြရင်း ရှေ့မှ ဘီလူးများကို ရှင်းလင်းရန် အာရုံစိုက်လိုက်ကြလေ၏။ လျှပ်စစ်ခြံစည်းရိုးအနားသို​ေ ချဉ်းကပ်သွားစဉ်မှာပင် ရုတ်တရက် သေနတ်သံများကို ကြားလိုက်ရလေတော့သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း... "

All Chapters