← Chapters

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း ၁၀၂၃ - တပ်မှူး သက်တော်ရာကျော် ရှည်ပါစေ

"ကြွားနေတာများ.. သတိထား.. လျှာပါကိုက်မိသွားဦးမယ်"

ထေ့ငေါ့သံတစ်သံက တန်းစီနေသော လူများထဲမှ ထွက်ပေါ်လာလေသည်။

"ကျန်းမုန့်လောင်... မင်း အရည်အချင်းရှိတာကို ငါတို့သိပါတယ်.. ဒါပေမဲ့ မင်းက မင်းရဲ့ရီထျန်းဂိုဏ်းနောက်ကွယ်က ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေနဲ့ အဲ့ဒီအဆင့်ကိုးသက်ရှိကိုပဲ အားကိုးနေရတဲ့ဟာကို.. ဒါနဲ့များ မင်းက ငါတို့ကို ဦးဆောင်နိုင်မယ်လို့ ဘယ်လိုများ သွေးနားထင်ရောက်နေရတာလဲ"

"ဒါပေါ့။ မင်းက အဆက်အသွယ်ရှိတဲ့သူပဲ.. တခြားတပ်မှူးတွေဆိုရင် အားလုံးက အဆင့်ရှစ် သက်ရှိတွေချည်းပဲ.. အဆက်အသွယ်သာ မရှိရင်.. မင်းလို အဆင့်ခြောက်သက်ရှိက ငါတို့ကို ဘယ်လိုလုပ်ပြီး ဦးဆောင်လို့ရမှာလဲ"

"ငါတို့က ဒီစစ်မြေပြင်ကို တိုက်ခိုက်ဖို့လာတာ.. လာအသေခံတာ မဟုတ်ဘူး.. ပြီးတော့ မင်းရဲ့ဟာသတွေမှာလည်း မပါဝင်နိုင်သလို ဒီမှာနေရင်း မင်းနဲ့အတူ အလဟဿဖြုန်းတီးပစ်ဖို့ ငါတို့မှာ အသက်အပိုလည်း မပါဘူး"

...

ကျန်းမုန့်လောင်အား ပထမဆုံးလူက မေးခွန်းထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးထံမှ သံသယဖြစ်ဖွယ် အသံများလည်း ရုတ်တရက် ဆက်တိုက်ထွက်ပေါ်လာတော့သည်။

"မင်းတို့ ပြောလို့ပြီးပြီလား"

ကျန်းမုန့်လောင်ကမူ ဒေါသမထွက်ချေ။ ထိုအစား သူသည် လူအုပ်ကြီးကို ပြီတီတီအပြုံးဖြင့် ကြည့်ကာ စိန်ခေါ်လိုက်၏။

"နောက်ထပ်အမြင်တွေ ရှိသေးလား.. ရှိသေးရင် တစ်ခါတည်း အကုန်ပြောလိုက်ကြ"

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤစစ်သည်တော်များသည် ဤစစ်မြေပြင်သို့ အမှန်တစ်ဝက် အလိမ်တစ်ဝက်ဖြင့် လှည့်စားခေါ်ဆောင်ခံခဲ့ရသူများ ဖြစ်၏။ ထို့ကြောင့် သူတို့ ဤသို့ခံစားရခြင်းမှာလည်း အံ့သြစရာတော့ မဟုတ်ချေ။

"ကျားပျံတပ်ဖွဲ့အကြောင်း မင်းတို့ ကြားဖူးကြလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျားပျံတပ်ဖွဲ့ ဟုတ်လား"

"လေ့ကျင့်ရေးဆင်းတုန်းက သူတို့အကြောင်း ငါ ကြားဖူးတယ်.. သူတို့က ငါတို့စကြဝဠာအမှတ်၇စစ်တပ်ထဲက ထိပ်တန်းအထူးတပ်ဖွဲ့တစ်ခုပဲ"

"လူရာဂဏန်းလောက်နဲ့တင် တခြားစကြဝဠာတွေက အခြေစိုက်စခန်းမြို့တော်တွေကို တစ်ခုပြီးတစ်ခု အသာလေးသိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ ပြောကြတယ်.. စကြဝဠာအမှတ်၃၇နဲ့ ၃၈ထဲက ဘယ်အခြေစိုက်စခန်းမြို့တော်မဆို ငါတို့ရဲ့တိုက်ပွဲစဉ် ဆယ်ခုစာလူအင်အား ဖွဲ့စည်းပုံနဲ့ ညီမျှတယ်လေ"

"တိုက်ပွဲစဉ်ဆယ်ခု ဟုတ်လား.. အဲ့ဒါဆိုရင် အနည်းဆုံး လူသန်းတစ်ရာလောက် ရှိတယ်မလား"

"လူရာဂဏန်းလောက်က တစ်ဘီလီယံကျော်ကို အနိုင်ယူခဲ့တယ်ပေါ့.."

"ဒါတင်မကသေးဘူး.. အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိတွေနဲ့ အဆင့်ခုနစ်အဆင့်မြင့် သက်ရှိဒါဇင်ပေါင်းများစွာကိုတောင် အရှင်ဖမ်းမိခဲ့တယ်လို့ ကြားသေးတယ်.. ဒီတပ်ဖွဲ့ကို တားဆီးနိုင်ဖို့ဆိုတာ တစ်ဖက်ရန်သူဆီက တပ်မှူအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လောက်ပဲ တတ်နိုင်လိမ့်မယ်"

"သူတို့က အခြေစိုက်စခန်းမြို့တော် ၂၀လောက်ကိုပဲ သိမ်းပိုက်နိုင်ခဲ့တာလေ.. အဲ့ဒါက တကယ်တော့ သိပ်အထင်ကြီးစရာတော့ မဟုတ်ပါဘူး.. သူတို့အတွက်တော့ တပ်မတစ်ခုလုံးရဲ့ စုစုပေါင်းအင်အားဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာ.. သူတို့ဆီမှာ တပ်မတွေ ဘယ်လောက်တောင် ရှိနေလို့လဲ"

"မင်း ဘာသိလို့လဲ"

ကျားပျံတပ်ဖွဲ့၏ ဒဏ္ဍာရီများကို ကြားရုံဖြင့် သူတို့အား အားကျလေးစားနေသော စစ်သည်တော်တစ်ယောက်က ပြောလိုက်သည်။

"သူတို့ရဲ့စွမ်းရည်တွေက အခြေစိုက်စခန်းမြို့တော်နှစ်ဆယ်ကို သိမ်းပိုက်ရုံလောက်ပဲ ကန့်သတ်ထားတယ်လို့ မင်း ထင်နေတာလား။ ကျားပျံတပ်ဖွဲ့သိမ်းပိုက်ခဲ့တဲ့ မြို့တော်တွေကို ထိန်းသိမ်းထားဖို့ ငါတို့ဆီမှာ လူအင်အား အလုံအလောက်မရှိလို့ကွ"

"ဟုတ်တယ်... ဒါကို ငါလည်း ကြားတယ်.. နောက်ပိုင်းကျတော့ သူတို့က တခြားအခြေစိုက်စခန်းမြို့တော်တွေကို ပြည့်တန်ဆာရုံတွေလို သဘောထားပြီး သူတို့သွားတဲ့နေရာတိုင်းက ခုခံရေးစနစ်တွေကို ဖျက်ဆီးပစ်ကြတယ်။ ပြီးတော့ ပစ္စည်းတွေနဲ့ စက်ကိရိယာတွေအကုန်လုံးကိုပါ လုယူပစ််ကြတာ.. သူတို့ယူသွားတဲ့ ပစ္စည်းတွေက တပ်မတစ်ခုလုံးကို လက်နက်တပ်ဆင်ပေးဖို့တောင် လုံလောက်တယ်လို့ ပြောကြတယ်ကွ"

"ဘုရားရေ... အဲ့ဒီလောက်တောင် ရဲတင်းတာလား"

...

ဤတပ်သားသစ်များမှာ လေ့ကျင့်ရေးကာလအတွင်း ရှေ့တန်းမှ သတင်းအချက်အလက် အချို့ကို မကြာခဏရရှိလေ့ရှိကြသည်။

ထိုလူတစ်သိုက် ပထမဆုံး ရောက်လာချိန်တွင် သတင်းဆိုးများကိုသာ ကြားခဲ့ရသဖြင့် သူတို့၏ စကြဝဠာအမှတ်၇အတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ကြ၏။

သို့သော် ရုတ်တရက်ဆိုသလို ကျားပျံတပ်ဖွဲ့ဟုခေါ်သော အထူးတပ်ဖွဲ့တစ်ခု ပေါ်ထွက်လာခဲ့ပြီး စစ်မြေပြင်တွင် သွေးချောင်းစီးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သဖြင့် အချိန်ကြာမြင့်စွာ အောင်ပွဲသတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။

ဤအရာမှာ ဤစစ်သည်တော်များအတွက် စိတ်ငြိမ်ဆေးတစ်ခွက်ကဲ့သို့ပင်။ စကြဝဠာအမှတ်၇တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးသမားအချို့ ရှိနေသေးကြောင်း သူတို့ ယုံကြည်စိတ်ချသွားသည်။

"ငါ... ကျန်းမုန့်လောင်က ကျားပျံတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပဲ"

ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား ဤကြေညာချက်ကြောင့် လူတိုင်း ဆွံ့အသွားကြသည်။

"သူတို့အားလုံးက ငါ့ရဲ့ကျားပျံတပ်ဖွဲ့ဝင်တွေပဲ"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. သူတို့က အဆင့်ခြောက်အခြေခံသက်ရှိတွေလေ.. အဆင့်ခုနစ် သက်ရှိတွေရှိနေတဲ့ အခြေစိုက်စခန်းမြို့တော်တွေကို သူတို့ ဘယ်လိုလုပ်ပြီး သိမ်းပိုက်နိုင်မှာလဲ"

"ဟုတ်တယ်... ပြီးတော့ သူ ဇူဒါမျိုးနွယ်စုဆီကနေ ရလာတဲ့ပစ္စည်းတွေက ဒီမှာသုံးလို့တောင် မရဘူးလေ.. သူတို့ရဲ့စွမ်းရည်တွေနဲ့တင် အဆင့်ခုနစ် အထွတ်အထိပ်သက်ရှိတွေကို အနိုင်ယူနိုင်တယ်ပေါ့ ဟုတ်လား"

"ဘာလဲ.. မင်းတို့က မယုံဘူးပေါ့"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"လျိုရိယွင်... ရှေ့ကိုထွက်ခဲ့"

"တပ်မှူးကို သတင်းပို့ပါတယ်.. IPX-637တပ်မကြီး၊ SRIO-001တပ်မှူး လျိုရိယွင် သတင်းပို့ပါတယ်"

ကျန်းမုန့်လောင် : "???"

"ဟီးဟီး... ကျောင်းအုပ်ကြီး.. ဒီမှာ ယောက်ျားတွေချည်းပဲလေ.. ခင်ဗျားလည်း သိသားနဲ့"

"အဟမ်း"

ကျန်းမုန့်လောင်လည်း လည်ချောင်းရှင်းလိုက်ပြီးနောက် တပ်သားသစ်များဆီသို့ အကြည့်လွှဲလိုက်သည်။

"မင်းတို့အားလုံးဆီမှာ စံသတ်မှတ်ချက်အတိုင်း ထုတ်ပေးထားတဲ့ ဉာဏ်ရည်တုကိရိယာတွေ ရှိကြတယ်မလား.. စွမ်းအင်ထောက်လှမ်းရေးစနစ်တွေကိုဖွင့်ပြီး သူ့စွမ်းအားကို သေချာကြည့်လိုက်ကြ"

"တော်ပါကွာ... သူက အဆင့်ခြောက်အခြေခံ သက်ရှိပဲကို.. သူ့စွမ်းအင်တန်ဖိုးက အများဆုံးရှိလှ သုံးလေးငါးထောင်လောက်ပဲ ရှိမှာပေါ့"

"အေးလေ.. ဘာကြည့်စရာရှိလို့လဲ.. သူတို့အနေအထားက အများဆုံးတိုက်ပွဲစဉ်တစ်ခုစာ တိုက်ခိုက်ရေးစွမ်းအားလောက်ပဲ တန်ဖိုးရှိတာကို"

"ဟမ့်"

လျိုရိယွင်၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့သည်။

"သေချာကြည့်ထားကြ"

"ဆယ်ဆကိုင်အိုကန်"

"ကောင်းကင်မီးတောက်လျှို့ဝှက်အသွင်ပြောင်းခြင်းသုံးဆင့်"

"တီ... တီ... တီ..."

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ စွမ်းအင် ထောက်လှမ်းရေးကိရိယာများမှ ဒေတာများသည် တစ်သိန်းကျော်သွားလေ၏။

"ဒါ မဖြစ်နိုင်ဘူး"

စစ်သည်တော်များမှာ ကြက်သေသေသွားကြ၏။ ဤဂဏန်းမှာ သာမန်အဆင့်ခုနစ်သက်ရှိများကိုပင် ကျော်လွန်သွားလေပြီ။

သို့သော် စွမ်းအင်တန်ဖိုး မြင့်တက်လာခြင်းမှာ အစသာ ရှိသေးသည်။ သူ့စွမ်းအင်အဆင့်မှာ အထက်သို့ ဆက်လက်ပေါက်ကွဲနေဆဲဖြစ်၏။

"နှစ်သိန်း"

"သုံးသိန်း.. ဒါက အနည်းဆုံးတော့ ထိပ်တန်းအဆင့်ခုနစ်အလယ်အလတ်သက်ရှိပဲ"

"ငါးသိန်း"

"ရှစ်သိန်းနော်...ရှစ်သိန်းကြီးများတောင်။ ဒီလို စွမ်းအင်တုံ့ပြန်မှုမျိုးက အဆင့်ခုနစ်အဆင့်မြင့် သက်ရှိနဲ့တောင် ယှဉ်လို့ရတယ်"

"မဟုတ်သေးဘူး... သူက ဘယ်သိုင်းပညာ လျှို့ဝှက်ကျင့်စဉ်ကိုမှ မသုံးရသေးဘူးလေ။ တကယ်လို့ သူသာ သုံးလိုက်မယ်ဆိုရင် အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိတွေကိုတောင် သတ်ပစ်နိုင်လောက်တယ်"

"လိမ်နေတာမဟုတ်ဘူး.. သူတို့က တကယ်ကြီး ကျားပျံတပ်ဖွဲ့ကလူတွေပဲ"

...

လျိုရိယွင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အနှံ့ရှိ စွမ်းအင်များ စတင် ပျောက်ကွယ်သွားသော်လည်း လူတိုင်း၏ အကြည့်များကမူ သူ့အပေါ်တွင်သာ စူးစိုက်နေဆဲပင်။

"မင်းတို့ မြင်ကြပြီလား"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"သူတို့တစ်ယောက်ချင်းစီတိုင်းက ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြတယ်"

တပ်သားသစ်များသည် ကျန်းမုန့်လောင်၏ စကားများကို သံသယမဝင်ကြတော့ချေ။

သူ့လက်အောက်ငယ်သားများကပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေမည်ဆိုပါက ကျန်းမုန့်လောင်ကိုယ်တိုင်က မည်မျှအထိ အစွမ်းထက်နေလိမ့်မလဲ။

"ဗိုလ်ချုပ်က မင်းတို့ကို ငါ့ဆီအပ်ထားလိုက်ပြီဆိုတော့ မင်းတို့ကို အင်အားအကြီးဆုံးတပ်မကြီးဖြစ်လာအောင် ငါ လေ့ကျင့်ပေးမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီနေ့ကစပြီး မင်းတို့ကို ရီထျန်းဂိုဏ်းရဲ့ နည်းလမ်းတွေကိုသုံးပြီး လေ့ကျင့်ပေးမယ်.. မင်းတို့အနေနဲ့ သူတို့အဆင့်အထိ ရောက်လိမ့်မယ်လို့တော့ ငါ မမျှော်လင့်ထားပါဘူး.. ဒါပေမဲ့ မင်းတို့ ကြိုးကြိုးစားစားလေ့ကျင့်မယ်ဆိုရင် အဆင့်ခြောက်သက်ရှိတွေကို အနိုင်ယူရတာက ကြက်ကလေးငှက်ကလေး သတ်ရသလို လွယ်ကူသွားစေရမယ်လို့ ငါအာမခံတယ်"

ရိုးရှင်းလှသော ဤစကားတစ်ခွန်းက စစ်သည်တော်များ၏ သွေးများကို ချက်ချင်း ဆူပွက်လာစေသည်။

သူတို့သည် အဆင့်ငါးအထွတ်အထိပ်သက်ရှိများပင် ဖြစ်လင့်ကစား ကျန်းမုန့်လောင်က သူတို့အား အဆင့်ခြောက်သက်ရှိများကို ကြက်သတ်သလို လွယ်ကူစွာ သတ်ဖြတ်နိုင်မည်ဟု ကတိပေးခဲ့သည် မဟုတ်လား။ ဤအကြောင်းကို တွေးလိုက်ရုံမျှဖြင့် သူတို့ စိတ်လှုပ်ရှားလာကြလေပြီ။

"ငါ့တပ်မထဲကို ဝင်ရောက်ခွင့်ရတာ မင်းတို့ရဲ့ ကံကောင်းမှုဖြစ်သလို မင်းတို့ရဲ့ကံကြမ္မာလည်း ဖြစ်တယ်လို့ ငါ ပြောခဲ့တယ်နော်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"လာ.. သူတို့ကို နောက်ထပ်သိုင်းကွက်တစ်ခု ပြလိုက်စမ်း"

လျိုရိယွင်သည် တန်းစီနေရာမှ ထွက်လာပြန်သည်။

"မဟာကန္တာရကောင်းကင်ချုပ်လက်ညှိုး"

ရှေးဟောင်းလက်ချောင်းကြီးတစ်ချောင်းက ကောင်းကင်မှ ဆင်းသက်လာပြီး အလွန်အမင်း မာကျောသော မြေပြင်ပေါ်တွင် ဧရာမတွင်းကြီးတစ်ခုကို ချန်ရစ်ခဲ့သည်။ အက်ကွဲကြောင်းများမှာ ကီလိုမီတာဆယ်ဂဏန်းအထိ ဆန့်ထွက်သွားသည်။

"ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့ သိုင်းပညာစွမ်းရည်လဲ"

"ဇူဒါမျိုးနွယ်စုရဲ့ ရတနာသိုက်ထဲမှာ ဒီလှုပ်ရှားမှုကို ငါမြင်ဖူးတယ်.. ရီထျန်းဂိုဏ်းက အဖွဲ့ဝင်တစ်ယောက်က ရတနာမုဆိုးသောင်းဂဏန်းကို အကွက်တစ်ကွက်တည်းနဲ့ ရှင်းပစ်ဖို့ ဒါကိုသုံးခဲ့တာ"

"ဒါက အနည်းဆုံးတော့ သိုင်းပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ငါးဆခြောက်ဆလောက် တိုးမြှင့်ပေးနိုင်တယ်"

"သင်ချင်ကြလား"

ကျန်းမုန့်လောင်က သူတို့ကို ပြုံး၍ မေးလိုက်၏။

သေချာပေါက် သူတို့ သင်ချင်ကြသည်။ ဤသို့သော အံ့မခန်းစွမ်းရည်ကို သင်ယူရန် ဆန္ဒမရှိသူမှာ အရူးများသာ ဖြစ်ပေလိမ့်မည်။

"ငါ့တပ်မထဲမှာ မင်းတို့သင်ယူချင်သရွေ့ ဒီအရာတွေ အားလုံးကို မင်းတို့ကို ငါ သင်ပေးနိုင်တယ်"

"ဘုရားရေ"

စစ်သည်တော်များမှာ သူတို့၏ ခေါင်းပေါ်သို့ ကောင်းကင်ထက်က ပိုင်မုန့်တစ်ခု ကျလာသလို ခံစားလိုက်ကြရသည်။

သူတို့အနေနှင့် ကျားပျံတပ်ဖွဲ့ဝင်များလို အစွမ်းထက်လာရန် မမျှော်လင့်ထားချေ။ သူတို့၏ စွမ်းအားထက်ဝက်ခန့် ရရှိမည်ဆိုလျှင်ပင် ပြုံးပြုံးကြီးသေရန် လုံလောက်နေချေပြီ။

"ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲရှိတယ်"

ကျန်းမုန့်လောင်က အခိုင်အမာပြောလိုက်သည်။

"အဲ့ဒါက အကြွင်းမဲ့နာခံမှုနဲ့ အကြွင်းမဲ့သစ္စာရှိမှုပဲ"

"တပ်မှူး... ကျွန်တော်တို့ကို တကယ်သင်ပေးနိုင်တာလား"

စစ်သည်တော်တစ်ယောက်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ လျိုရိယွင် အစောပိုင်းက ပြသသွားသော သိုင်းပညာလျှို့ဝှက်ကျင့်စဉ်သည် အဆင့်ကိုးသက်ရှိများကိုပင် ရူးသွပ်သွားစေနိုင်သည်။

"ဒါတွေတင် ဘယ်ကမလဲ"

ကျန်းမုန့်လောင်က ပြုံးလိုက်ပြီးနောက် လက်ထဲတွင် မီးတောက်ဘောလုံးတစ်ခုကို ရုတ်တရက်ဖန်ဆင်းလိုက်လေရာ ဆေးဖက်ဝင်အပင် အနည်းငယ်ကို ချက်ချင်းအရည်ပျော်သွားစေပြီး မွှေးကြိုင်သော ဆေးရည်တစ်ခွက် ဖြစ်လာသည်။

"အဂ္ဂိရတ်ပညာ"

"ရီထျန်းဂိုဏ်းမှာ စွမ်းအင်ဆေးလုံးလို့ခေါ်တဲ့ အရာတစ်ခု ရှိတယ်လို့ ငါကြားဖူးတယ်.. အဲ့ဒါက အဆင့်ငါးအထွတ်အထိပ်သက်ရှိကိုတောင် အဆင့်ခြောက်သက်ရှိဖြစ်အောင် အဆင့်တက်သွားစေနိုင်တယ်တဲ့"

"စကြဝဠာရဲ့နိယာမတွေကို နားလည်သဘောပေါက်သွားစေနိုင်တဲ့ နတ်စွမ်းအင်ဆေးလုံး ဆိုတာလည်း ရှိသေးတယ်"

...

"ငါ့တပ်မထဲမှာ မင်းတို့ ဒီအရာတွေအကုန်လုံးကို သင်ယူလို့ရတယ်"

"ဘာ.. ငါ နားကြားမှားသွားတာလား"

"ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်"

"မဟုတ်ဘူး... အိပ်မက်မဟုတ်ဘူး... ဒါ အစစ်အမှန်ပဲ"

"တပ်မှူးက ပြိုင်ဘက်ကင်းပဲ"

**********************

All Chapters