← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀) မုဆိုးမလေး

ကောင်းကင်မှ ကျလာသော ကလေးသတို့သမီးလေးတစ်ယောက်သည် လီလန်၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့လေသည်။

ထိုအခိုက်အတန့်တွင် လီလန်သည် သူ၏ အဖေဖြစ်သူအား စိုက်ကြည့်နေပြီး ဤကလေးသတို့သမီးကိစ္စက ဘယ်လိုဖြစ်ရသလဲနှင့် ဘယ်ကနေ ရောက်လာသလဲဆိုသည်ကို ချက်ချင်းပင် မေးမြန်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

လီလန်၏ အကြည့်ကို ခံစားမိဟန်တူသော လီတာ့ဟိုင်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။

"အိုး.. ငါက နောက်ပြောင်ပြီး ပြောခဲ့တာပါ၊ ရှန်းလီနဲ့ အတူတူ အရက်တွေ အများကြီး သောက်ထားလို့ပါ..."

အဘွားကျန်းက ခေါင်းယမ်းလိုက်လေသည်။

"ရှန်းလီ သက်ရှိထင်ရှား ရှိနေတုန်းကဆိုရင် သူ့သမီးလေး နည်းနည်း ကြီးလာတဲ့အခါ မင်းရဲ့ သားနဲ့ သဘောတူပေးမယ်ဆိုပြီး အဘွားကို ခဏခဏ ပြောပြဖူးတယ်..."

"ဘယ်သူက ထင်ထားမှာလဲ..."

ဝမ်းနည်းဖွယ်ရာ အမှတ်တရများဆီသို့ စကားရောက်သွားသောအခါ အဘွားကျန်းသည် လွန်ခဲ့သော ဆယ့်ခြောက်နှစ်က ကွယ်လွန်သွားခဲ့သည့် သူမ၏ သားဖြစ်သူကို သတိရသွားလေသည်။

မိဘတစ်ဦးအနေဖြင့် သားသမီးထက် အသက်ပိုရှည်နေရခြင်း၏ နာကျင်မှုမှာ အဘွားကျန်းအတွက် အလွန်ပင် ခံစားရခက်လှ၏။

"အဒေါ်ကျန်း... ကျန်းမာရေးကို ဂရုစိုက်ပါဦး..."

လီတာ့ဟိုင်က သူမအား နှစ်သိမ့်ပေးလိုက်လေသည်။

"အထဲဝင်ကြပါဦး၊ အထဲရောက်မှပဲ ဆက်ပြောကြတာပေါ့..."

လီတာ့ဟိုင်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

မိတ်ဆွေဟောင်းတစ်ဦးဖြစ်သော အဘွားကျန်းသည် အားနာမနေဘဲ လီတာ့ဟိုင်၏ နောက်မှလိုက်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။

ကျန်းရှောင်ဖုန်းမှာ လူစု၏နောက်မှ လိုက်ပါလာရင်း လီလန်အား တိတ်တဆိတ် အကဲခတ်နေလေသည်။

လီလန်သည် အရပ်ရှည်ပြီး ချောမောသော ရုပ်ရည်သွင်ပြင် ရှိသည်။ ထို့အပြင် သူသည် ကျွမ်းကျင်သော မုဆိုးတစ်ဦးဖြစ်ပြီး ကျားသစ်များကိုပင် ဖမ်းဆီးနိုင်စွမ်းရှိ၏။ နောင်အနာဂတ်တွင် သူ၏ မိသားစုကို ရှာဖွေကျွေးမွေးရန် ပြဿနာ ရှိမည်မဟုတ်သည်မှာ သေချာလှပေသည်။

ကျန်းရှောင်ဖုန်းမှာ ကြည့်လေလေ ပို၍ သဘောကျလာလေလေ ဖြစ်နေတော့သည်။

"ဒီကလေးသတို့သားလေးက မဆိုးပါဘူး၊ တော်တော်လေး အဆင်ပြေတယ်..."

ထိုကောင်မလေးမှာ ရတနာသိုက်ကြီးကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ အလွန်ပင် ဝမ်းသာပျော်ရွှင်နေလေသည်။

ခွေးအိမ်ထဲတွင်မူ တောကြောင်ရိုင်းပေါက်စ၊ ကော့ကေးရှန်းခွေးပေါက်စတို့နှင့်အတူ ဟေးလုံနှင့် ပိုင်လုံတို့သည် အပြင်သို့ ချောင်းကြည့်ကာ ဤဘက်သို့ စူးစမ်းလိုစိတ်အပြည့်ဖြင့် လှမ်းကြည့်နေကြ၏။

အိမ်ထဲသို့ သူစိမ်းများ ဝင်လာသောကြောင့် ကလေးများမှာ ရှက်ရွံ့ကာ အပြင်သို့ မထွက်ရဲကြချေ။

ဟေးလုံနှင့် ပိုင်လုံတို့အတွက် သိပ်အရေးမကြီးလှသော်လည်း သူတို့နှစ်ကောင်စလုံးမှာ သခင်ဖြစ်သူအတွက် တောကြောင်ရိုင်းပေါက်စအား စောင့်ကြည့်ပေးနေရလေသည်။

လီလန်သည် မြေပြင်ပေါ်တွင် ကျနေသော အဝတ်အစားများဆီသို့ တစ်ချက်ကြည့်လိုက်ရာ ထိုနေရာတွင် ကြောက်လန့်တကြားဖြင့် မလှုပ်မယှက် ပုန်းအောင်းနေသော အကောင်ပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရ၏။

ကျားသစ်ပေါက်စလေးမှာ သတ္တိနည်းလှပြီး လီလန်မှလွဲ၍ လူတိုင်းကို ကြောက်ရွံ့ကာ အနားသို့ပင် မကပ်ရဲချေ။

လူအုပ်စုသည် အိမ်ထဲသို့ ဝင်ရောက်လာကြပြီး ကန်းပေါ်တွင် ထိုင်လိုက်ကြသည်။

အရှေ့ပိုင်းပြည်နယ်သုံးခုတွင် ဧည့်သည်များကို ဧည့်ခံရန်အတွက် အကောင်းဆုံးနေရာမှာ အပူပေးထားသော ကန်းပင် ဖြစ်သည်။ ထိုနေရာသည် စကားစမြည်ပြောဆိုခြင်း၊ စားသောက်ခြင်းများကို ပြုလုပ်နိုင်သော နေရာတစ်ခု ဖြစ်၏။ နွေရာသီတွင် အေးမြပြီး ဆောင်းရာသီတွင် ကန်းကို အပူပေးထားသည့်အခါ နွေးထွေးလှလေသည်။

လီတာ့ဟိုင်သည် အဘွားကျန်းအား ကန်းပေါ်တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး လက်ဖက်ရည်ဖျော်ရန် ထရပ်လိုက်သည်။

ခဏအကြာတွင် သူသည် နှစ်သစ်ကူးပွဲတော်မှ ကျန်ရစ်သော အနောက်ကန် လုံကျင်းလက်ဖက်ခြောက်များ ထည့်ဖျော်ထားသည့် ကြွေရည်သုတ်လက်ဖက်ရည်ခွက် နှစ်ခွက်ကို ယူဆောင်လာခဲ့လေသည်။

လက်ဖက်ရည်ခွက်များကို အခန်းထဲသို့ ယူဆောင်လာသည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်လှသော ရနံ့များမှာ လေထုထဲသို့ လွှမ်းခြုံသွားပြီး အလွန်ပင် မွှေးပျံ့နေတော့သည်။

"ဘယ်လောက်တောင် မွှေးတဲ့ လက်ဖက်ရည်လဲ... ငါ့တစ်သက်မှာ ဒီလောက် မွှေးတဲ့ လက်ဖက်ရည်ကို တစ်ခါမှ မရဖူးဘူး..."

အဘွားကျန်းက အံ့သြတကြီးဖြင့် ရေရွတ်လိုက်လေသည်။

ကျန်းရှောင်ဖုန်းမှာလည်း အံ့အားသင့်သွားခဲ့၏။ ဤလက်ဖက်ရည်က တကယ်ပဲ ဤမျှလောက် မွှေးတာလား။ လီလန်တို့ မိသားစုက ဤလောက်ကောင်းမွန်သော လက်ဖက်ရည်မျိုးကို တကယ်ပဲ ဝယ်သောက်နိုင်တာလား။

သူမသည် အိမ်၏ အပြင်အဆင်များကို လိုက်လံကြည့်ရှုလိုက်သည်။ မျက်နှာကြက်တွင် အဝါရောင်သန်းနေသော သတင်းစာဟောင်းများကို ကပ်ထားပြီး ဟောင်းနွမ်းကာ ထူးခြားမှုမရှိသော ပရိဘောဂများရှိသည့် ခေတ်ဟောင်း သစ်သားအိမ်တစ်လုံးသာ ဖြစ်လေသည်။

ဤကဲ့သို့သော မိသားစုမျိုးက ဘယ်လိုလုပ်ပြီး ဤမျှကောင်းမွန်သော လက်ဖက်ရည်ကို သောက်နိုင်ရတာလဲ။

ကောင်မလေးသည် သူမ၏ စူးစမ်းလိုစိတ်များကို မြန်မြန်ဆန်ဆန်ပင် ရုပ်သိမ်းလိုက်ပြီး ခါးမတ်မတ်ထိုင်ကာ လက်ဖက်ရည်ကို ခေါင်းငုံ့၍ တစ်ကျိုက်ချင်း သောက်နေလိုက်သည်။

ဟိုဟိုဒီဒီ လိုက်ကြည့်နေခြင်းမှာ ရိုင်းစိုင်းပြီး အပြုအမူ မကောင်းရာ ကျလေသည်။

ထိုကောင်မလေးသည် မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ပို၍ ယဉ်ကျေးစွာ နေထိုင်လိုက်၏။

"ဒီလက်ဖက်ရည်က တော်တော် အရသာရှိတာပဲ..."

အဘွားကျန်းသည် တစ်ကျိုက်သောက်လိုက်ပြီး အလွန်အမင်း ချီးကျူးလိုက်လေသည်။

"အရသာရှိရင် များများသောက်ပါ..."

လီတာ့ဟိုင်က ရွှင်လန်းစွာဖြင့် ပြောလိုက်သည်။

သူသည်လည်း ကန်းပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

"အဒေါ်ကျန်း... ကျန်းဝမ်ဟွာရဲ့ အခြေအနေက ဘယ်လိုလဲ... သူက ရှန်းလီရဲ့ သားလား..."

လီတာ့ဟိုင်က မေးမြန်းလိုက်သည်။

သူ မှတ်မိသလောက်ဆိုလျှင် သူ၏ ညီအစ်ကိုကောင်းဖြစ်သူ ကျန်းရှန်းလီတွင် ကျန်းရှောင်ဖုန်းဟူသော သမီးတစ်ယောက်တည်းသာ ရှိလေသည်။ သို့ဆိုလျှင် ကျားသစ်၏ ကိုက်သတ်ခြင်းကို ခံလိုက်ရသော ဤကျန်းဝမ်ဟွာဆိုသူက ဘယ်ကနေ ရောက်လာရသနည်း။

အဘွားကျန်းသည် ကျန်းရှောင်ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ရှောင်ဖုန်း... အပြင်ကို ခဏလောက် ထွက်သွားပေးလို့ရမလား..."

လက်ဖက်ရည်သောက်နေသော ကျန်းရှောင်ဖုန်းသည် "အို" ဟုဆိုကာ သူမ၏ လက်ဖက်ရည်ခွက်ကို ကိုင်၍ အပြင်သို့ ထွက်သွားလေသည်။

ဤလက်ဖက်ရည်မှာ အလွန်အရသာရှိသောကြောင့် သူမ ထပ်မံ၍ သောက်ချင်နေမိသည်။

မြေပဲကို စားနေသည့် ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ လက်ဖက်ရည်ကို တစ်ကျိုက်ချင်း စုပ်သောက်နေသော ကောင်မလေးကို မြင်လိုက်ရသောအခါ လီလန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

ဤကောင်မလေးက တော်တော်လေး ချစ်စရာကောင်းတာပဲ။

သူမ၏ မြေးဖြစ်သူ အိမ်ပြင်သို့ ထွက်သွားပြီးနောက်မှသာ အဘွားကျန်းက စကားစတင် ပြောဆိုလိုက်လေသည်။

"ရှောင်ဟွာက တကယ်တော့ ငါတို့ရဲ့ ကလေး မဟုတ်ပါဘူး... ငါ သူ့ကို အပြင်ကနေ ကောက်ရလာခဲ့တာပါ..."

"တစ်ခါက မြို့နယ်ဈေးကို သွားတုန်း လမ်းဘေးမှာ ငါ သူ့ကို တွေ့ခဲ့တာလေ..."

"ဆောင်းရာသီရဲ့ အလယ်လောက်ကြီးမှာ ဘယ်လို အသည်းမာတဲ့ အမေမျိုးက သူ့ကလေးကို လမ်းဘေးမှာ ဒီလိုမျိုးပစ်ထားရက်ရတာလဲ... ဒါဟာ သူ့ကို အအေးဒဏ်နဲ့ သေပါစေဆိုပြီး လွှတ်ထားတာ မဟုတ်ဘူးလား..."

"ငါလည်း စိတ်မကောင်းဖြစ်ရတာနဲ့ ကလေးကို ပြန်ခေါ်လာပြီး ကိုယ်တိုင်ပဲ ကျွေးမွေးပြုစုခဲ့တာပါ..."

အဘွားကျန်းသည် အနည်းငယ် ပုဂ္ဂိုလ်ရေးဆန်သော အကြောင်းအရာတစ်ခုကို ဖွင့်ဟပြောပြလာခဲ့၏။

ကလေးတစ်ယောက်ကို ကောက်ရခဲ့သည်ဆိုသော အချက်မှာ လီတာ့ဟိုင်အတွက် သိပ်ပြီး အံ့သြစရာ မကောင်းလှပေ။

ဤခေတ် ဤအခါတွင် ယင်းမှာ အလွန်အဖြစ်များသော ကိစ္စတစ်ခုသာ ဖြစ်သည်။

အချို့သော မိသားစုများတွင် ကလေး အလွန်များပြားသောကြောင့် သူတို့၏ အငယ်ဆုံးကလေးကို သူတစ်ပါးထံ မွေးစားရန် ပေးအပ်တတ်ကြလေသည်။

ထိုအချိန်မှစ၍ ကလေးသည် မျိုးရိုးအမည် ပြောင်းလဲသွားပြီး သူ၏ မွေးစားမိဘများ၏ မျိုးရိုးအမည်ကို ခံယူရတော့သည်။

အချို့သော လူများမှာမူ မကျွေးမွေးနိုင်သောကြောင့် သူတို့၏ ကလေးများကို တောရိုင်းထဲတွင် ရင်နာနာဖြင့် စွန့်ပစ်တတ်ကြ၏။

အကယ်၍ ထိုကလေးသာ ကံကောင်းမည်ဆိုလျှင် အိမ်သို့ ခေါ်ဆောင်၍ ကျွေးမွေးပြုစုပေးမည့် သဘောကောင်းသော ဇနီးမောင်နှံနှင့် တွေ့ဆုံနိုင်ပြီး အသက်ရှင်သန်နိုင်ပေမည်။

ကံမကောင်းပါက အအေးဒဏ်ကြောင့် အေးခဲသေဆုံးရမည် သို့မဟုတ် တောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များ၏ စားသောက်ခြင်းကို ခံရမည်သာဖြစ်သည်။

ဝံပုလွေအုပ်ထဲသို့ အခေါ်ခံရပြီး ဝံပုလွေကလေးအဖြစ် ကြီးပြင်းလာခဲ့ရသည့် ရုံပိုင်ကျိုး၏ သားဖြစ်သူ ချောင်စုကဲ့သို့သော အခြေအနေမျိုးမှာ အလွန်ရှားပါးလှ၏။

များသောအားဖြင့် သူတို့သည် တောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များ၏ အရှင်လတ်လတ် ကိုက်ဖြတ်ခြင်းကို ခံရကာ အရိုးတစ်စပင် မကျန်အောင် အစားခံလိုက်ရတတ်ကြသည်။

ကျန်းဝမ်ဟွာမှာမူ လမ်းခုလတ်တစ်နေရာတွင် အဒေါ်ကျန်း၏ အိမ်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသဖြင့် အလွန်ပင် ကံကောင်းခဲ့လေသည်။

ကံမကောင်းစွာဖြင့် ဤကံကောင်းမှုမှာ အနှစ်နှစ်ဆယ်သာ ကြာရှည်ခဲ့၏။

"အဲ့ကလေးရဲ့ ဘဝက တော်တော်လေး ကြမ်းတမ်းတယ်... သူ့အရင်းအချာ မိခင်ကတောင် သူ့ကို မလိုချင်ခဲ့ဘူး၊ နောက်ဆုံး ကြီးပြင်းလာတော့လည်း ကျားသစ်ရဲ့ ကိုက်ချီသွားတာကို ခံလိုက်ရပြန်တယ်..."

"တျောင်" ဆိုသည်မှာ စားသောက်သည်ဟု အဓိပ္ပာယ်ရပြီး ပိုင်ရှန်းမြို့နယ်တွင် သုံးနှုန်းလေ့ရှိသော ဒေသသုံး စကားလုံးတစ်လုံး ဖြစ်သည်။

"အဒေါ်ကျန်း... ကျွန်တော်တို့ မုဆိုးတွေဆိုတာ အသက်ကို ဖက်နဲ့ထုပ်ထားရတာပါ... တောင်ပေါ်ရောက်သွားတာနဲ့ အရာအားလုံးက ကံတရားအပေါ်မှာပဲ မူတည်နေတော့တာလေ..."

လီတာ့ဟိုင်က သူမအား နှစ်သိမ့်ပေးလိုက်သည်။

"လီလန်လည်း ပြီးခဲ့တဲ့တစ်ခေါက်က တော်တော်လေး ကံဆိုးသွားပြီး ဝံပုလွေအုပ်နဲ့ အမွှေးဖြူဝံပုလွေဘုရင်တို့နဲ့ သွားတိုးခဲ့တယ်... သူ့မှာသာ ကြွယ်ဝတဲ့ အမဲလိုက်အတွေ့အကြုံတွေ မရှိခဲ့ဘူးဆိုရင်..."

လီတာ့ဟိုင်က ဆက်ပြောလိုက်၏။

"အိုး... ဝံပုလွေအုပ်လား... အဖွဲ့ခေါင်းဆောင်လီက ဝံပုလွေအုပ်နဲ့ အရင်က တိုက်ခိုက်ဖူးတာလား..."

အဘွားကျန်းမှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပြီး လီလန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"အဘွားကျန်း... ကျွန်တော့်ကို ရှောင်လန်လို့ပဲ ခေါ်ပါ..."

အဘွားကျန်းသည် သူ၏ ဖခင်ဖြစ်သူ၏ အဒေါ်ဖြစ်သောကြောင့် သူမအား "အဘွား" ဟု ခေါ်ဆိုခြင်းမှာ လုံးဝ အဆင်ပြေလှပြီး ပို၍ပင် ရင်းနှီးမှုကို ဖြစ်ပေါ်စေသည်။

"လီလန်က အနာဂတ်တောက်ပမယ့် လူငယ်တစ်ယောက်ပဲ... သူက ဝံပုလွေတွေရော၊ ကျားသစ်တွေကိုပါ အမဲလိုက်နိုင်တယ်... ငါတို့ စန်းဟော့ရွာမှာ သူ့ရဲ့ အမဲလိုက်စွမ်းရည်ကို ယှဉ်နိုင်မယ့် မုဆိုးဆိုလို့ လက်ချိုးရေလို့ရတယ်..."

အဘွားကျန်းက လီလန်အား ချီးကျူးလိုက်လေသည်။

"တာ့ဟိုင်... မင်းက တကယ့်ကို ထူးချွန်တဲ့ ကလေးတစ်ယောက်ကို မွေးထုတ်နိုင်ခဲ့တာပဲ... အကယ်၍ ရှန်းလီသာ သိခဲ့မယ်ဆိုရင် မင်းအတွက် အရမ်းဝမ်းသာပေးနေမှာ သေချာတယ်..."

အဘွားကျန်းသည် လီလန်အပေါ် ချီးကျူးစကားများကို မချန်လှပ်ထားခဲ့ပေ။

လီတာ့ဟိုင်က ပြုံးရုံသာ ပြုံးနေပြီး ပြောလိုက်သည်။

"ဒီကလေးက အရာတွေအားလုံးကို သူကိုယ်တိုင် လေ့ကျင့်ခဲ့တာပါ၊ ကျွန်တော်က သိပ်ပြီး အကူအညီ မပေးခဲ့ရပါဘူး..."

သူတို့၏ သားသမီးများ အောင်မြင်ရန် မျှော်လင့်ခြင်းမှာ တစ်ကမ္ဘာလုံးရှိ မိဘတိုင်း၏ တူညီသော ဆန္ဒတစ်ခုပင် ဖြစ်သည်။

လီတာ့ဟိုင်အနေဖြင့်လည်း ဖခင်တစ်ဦးဖြစ်သည့်အားလျော်စွာ သူ၏ သားဖြစ်သူ ကောင်းမွန်နေခြင်းအတွက် သဘာဝကျကျပင် ဝမ်းသာပျော်ရွှင်နေမိသည်။

"ဒါဆို လုံးဝ အဆင်ပြေတာပေါ့... ငါ ယူလာတဲ့ ဒီလက်ဆောင်တွေကို လက်ခံပေးပါဦး..."

"ပိုက်ဆံတွေကိုလည်း မင်း ယူထားလိုက်ပါ... ဆုကြေးငွေက စုစုပေါင်း ယွမ်နှစ်ဆယ်လေ..."

အဘွားကျန်းသည် ပြင်ဆင်လာသော ငွေများကို ကန်းစားပွဲပေါ်သို့ တင်လိုက်လေသည်။

လီတာ့ဟိုင်သည် အမြန်ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။

"အဒေါ်ကျန်း... ဒါတော့ လက်ခံလို့ မဖြစ်ပါဘူး... ကျွန်တော်တို့ အဒေါ်ကျန်းရဲ့ ငွေတွေကို လက်မခံနိုင်ပါဘူး..."

"အစ်ကိုရှန်းလီသာ ဒီကိစ္စကို သိသွားခဲ့ရင် သူ အိပ်မက်ထဲကနေ ကျွန်တော့်ကို ကျိန်ဆဲနေတော့မှာပဲ..."

လီတာ့ဟိုင်သည် ခေါင်းယမ်းကာ မည်သို့ပင်ဖြစ်စေ ထိုငွေများကို လက်ခံရန် ငြင်းဆန်ခဲ့ပြီး သူမ၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်လေသည်။

အဘွားကျန်းသည် သက်ပြင်းချလိုက်ပြီး အိမ်ဝိုင်းအတွင်း လမ်းလျှောက်နေသော သူမ၏ မြေးဖြစ်သူအား ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ကာ ခါးသီးစွာ ပြုံးလိုက်၏။

"တာ့ဟိုင်... ရှန်းလီ အရင်က မင်းကို ပြောခဲ့တဲ့ စကားတွေကို မင်း မှတ်မိသေးရဲ့လား..."

"ဟင်... ဘာဖြစ်လို့လဲ..."

လီတာ့ဟိုင်က ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။

"အဲဒီကလေးသတို့သမီးကိစ္စလေ... မင်းရဲ့သား လီလန်က... သူ... သူ အခုထိ အိမ်ထောင်မကျသေးဘူး မဟုတ်လား..."

"မကျသေးပါဘူး..."

"ဒီလိုလုပ်ရင်ကော... ငါ သူ့ကို ရှောင်ဖုန်းအကြောင်း ပြောပြလိုက်မယ်၊ မင်း ဘယ်လိုထင်လဲ..."

"ကျွန်တော်က ဆုံးဖြတ်ချက်ချပေးလို့ မရပါဘူး... အဒေါ်ကျန်းအနေနဲ့ လီလန်ကိုပဲ မေးကြည့်ရမှာပါ..."

လီလန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ သို့ဆိုလျှင် အိမ်တိုင်ရာရောက် ငွေလာပေးခြင်းမှသည် အိမ်တိုင်ရာရောက် ဇနီးသည် လာပို့ခြင်းအဖြစ်သို့ ပြောင်းလဲသွားပြီလား။

"ဒါက အဆင်မပြေလောက်ဘူး ထင်တယ်... ကျွန်တော့်မှာ ရည်းစားရှိတယ်..."

လီလန်က ခေါင်းယမ်းလိုက်၏။

"ဟူး... ငါ သိသားပဲ... လီလန်က ဒီလောက် ထူးချွန်နေတာ၊ သူမှာ ဘယ်လိုလုပ်ပြီး ရည်းစားမရှိဘဲ နေမှာလဲ..."

အဘွားကျန်းသည် စိတ်ပျက်သွားဟန်ဖြင့် ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေသည်။

"လီလန်... မင်း ဘယ်လိုထင်လဲ... ရှောင်ဖုန်းကို မင်းနဲ့အတူ အမဲလိုက်ထွက်ဖို့ ခေါ်သွားလို့ရမလား... ဒါဆိုရင် သူမလည်း အသက်မွေးဝမ်းကျောင်း ပြုနိုင်သွားမှာပေါ့..."

All Chapters