← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း(၈၇)

မုကျွင်းယန်၏ အမူအရာက အေးစက် တည်ငြိမ်နေဆဲဖြစ်သည်။

“ဒီစွပ်ပြုတ်က စောနက စွပ်ပြုတ်နဲ့ အဓိပ္ပာယ်ချင်း မတူဘူး... မင်းပဲ ကိုယ့်ရဲ့ စိတ်အခြေအနေကို သက်သာစေချင်တယ်ဆို... မင်းပဲ ကိုယ့်ဆီကနေ အကူအညီ တောင်းချင်တယ်ဆို... ဒီစွပ်ပြုတ်ကို သောက်လိုက်ရင် မင်း ပိုပြီး စွမ်းဆောင်နိုင်လိမ့်မယ်... မဟုတ်ရင်တော့ မင်းပြောသမျှ စကားတွေက ဟန်ဆောင်မှုတွေနဲ့ မုသားစကားတွေပဲ ဖြစ်လိမ့်မယ်”

‘ဘာကွာလို့လဲလို့’

ကုဟွား၏ မျက်နှာ၌ မကျေမနပ် ဖြစ်မှုများ ပြည့်နှက်သွားရပြီး သူမ လှပသော မျက်ဝန်းအစုံက သူ့ကို အကူအညီမဲ့စွာ စိုက်ကြည့်လိုက်မိသည်။

မုကျွင်းယန်၏ အက်ရှရှအသံက ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

“နည်းနည်းလေးပဲ သုံးထားတာပါ... မင်းကို နည်းနည်းလေး ပိုပြီး သတ္တိရှိလာစေချင်ရုံ သက်သက်ပဲ”

ကုဟွားက အမှန်တကယ်ပင် ကြောက်ရွံ့နေမိသည်။

ပူလောင်လှသော နာကျင်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေများကို ပြန်လည်တွေးတောမိပြီး သူမ နှလုံးသားက တုန်လှုပ်သွားရ၏။

‘တကယ်လို့ ငါ ဆေးရည်ကို သောက်ပြီး အရမ်း ရူးရူးမူးမူး လုပ်မိသွားရင် သူ ငါ့အပေါ် ဘယ်လိုမြင်သွားလောက်လဲ’

‘ကစားစရာအရုပ်တစ်ခုလိုမျိုး သတ်မှတ်သွားမှာလား’

ကုဟွား ရင်ထဲ၌ အနည်းငယ် နာကျင်သွားသည်။

သူမ မုကျွင်းယန်ကို ဖြောင့်မတ်တည်ကြည်သော လူကြီးလူကောင်းတစ်ဦးဟု ထင်မှတ်ထားသော်လည်း တကယ်တမ်း၌ သူသည်လည်း သာမန်အမျိုးသားတစ်ဦးမျှသာ ဖြစ်သည်။

သူမ လက်သီးကို တင်းတင်းဆုပ်ပြီး စဉ်းစားလိုက်၏။

‘သေရင်လည်း သေပါစေတော့ဟာ’

သူက ကတိတည်သော အမျိုးသားတစ်ယောက်ဖြစ်သည်။

အကယ်၍ သူမတွင် သူလူများ၏ အကူအညီ ရှိနေပါက ကိုယ်လုပ်တော်ပိုင် ကလေးချင်း လဲလှယ်ခဲ့သည့် သက်သေကို ရှာဖွေနိုင်ပေလိမ့်မည်။

စိတ်ကို တင်းလိုက်ပြီးနောက် ကုဟွား ပန်းကန်လုံးကြီးကို ကောက်ကိုင်လိုက်သည်။

ပြည့်လျှံနေသော စွပ်ပြုတ်ပန်းကန်လုံးကို ကြည့်ပြီး သူမ ရင်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေဆဲဖြစ်သည်။

ပျို့အန်ချင်စိတ်ကို အောင့်အည်းထားပြီး သူမ တစ်ငုံချင်းစီ ဖြည်းညင်းစွာ သောက်ချလိုက်သည်။

နောက်ဆုံးတစ်ငုံကို သောက်ပြီးနောက် ကုဟွားက ဗလာဖြစ်သွားသော ပန်းကန်လုံးကို သူ့အား ပြသလိုက်၏။

သူမက ရိုးသားစွာ ဆိုလိုက်သည်။

“မြို့စားကြီး... ဒီကိုယ်လုပ်တော်က သောက်လို့ ပြီးသွားပါပြီ”

မုကျွင်းယန်၏ မျက်ဝန်းအစုံက နက်မှောင် စူးရှနေခဲ့သည်။ သူက လက်ကို ဆန့်ထုတ်ကာ သူမ နှုတ်ခမ်းပေါ်တွင် ကျန်ရှိနေသော ဆေးရည်များကို သုတ်ဖယ်ပေးလိုက်၏။

ဓားသွားကဲ့သို့ ပါးလွှာနေသော နှုတ်ခမ်းအစုံက အနည်းငယ် ပွင့်ဟသွားပြီး အက်ရှရှအသံဖြင့် ချီးမွမ်းလိုက်သည်။

“လိမ္မာလိုက်တဲ့ ကောင်မလေး”

…

ကုဝမ်ရုက ကြမ်းပြင်ပေါ်၌ ဒူးထောက်ထားပြီး သွေးချင်းချင်းနီကာ အသားများ စုတ်ပြဲနေသော ယန်ကျစ်အား ဆွဲခေါ်သွားသည်ကို ငေးကြည့်နေမိသည်။

သူမ တစ်ကိုယ်လုံး ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့၏။

ကျင်းခွေ့ ငိုယိုပြီး သူမကို ဆွဲကိုင်လိုက်သည်။

“အကြီးဆုံး မမလေး... ကျေးဇူးပြုပြီး ယန်ကျစ်ကို ကယ်ပါဦး... တကယ်လို့ သူ့ကို ဒီအတိုင်း အပြင်ကို ပစ်ထုတ်လိုက်ရင် သေချာပေါက် အသက်ဆုံးရှုံးရပါလိမ့်မယ်”

ကုဝမ်ရု ချက်ချင်းပင် သတိပြန်ဝင်လာပြီး မုအန်း၏ အင်္ကျီလက်စကို အလျင်အမြန် ဖမ်းဆွဲလိုက်၏။

“ခင်ပွန်း... ကျွန်မက ရှင့်ကို ထိခိုက်နာကျင်စေလိုတဲ့ဆန္ဒ လုံးဝမရှိခဲ့ပါဘူး။ ကျွန်မက ခင်ပွန်းကို စိတ်ကျေနပ်မှု ပေးချင်ရုံ သက်သက်ပါ”

သူမက မြို့စားအိမ်တော်၏ သခင်မလေး ရာထူးကို ဂရုစိုက်သော်လည်း မုအန်း၏ စစ်မှန်သော မေတ္တာကို ပိုမို၍ အလိုရှိနေခဲ့သည်။

ဤမြို့စားအိမ်တော်အတွင်း သူမ ပိုမို၍ အထီးကျန်လာခဲ့ရသဖြင့် သူမ သူ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားနိုင်ရမည် ဖြစ်သည်။

သူမ၏ ဝမ်းဗိုက်ထဲတွင် မြို့စားအိမ်တော်၏ တရားဝင် မြေးဦးလေးကို လွယ်ထားရသော်လည်း ကလေးတစ်ဦးအပေါ်၌သာ မှီခိုပြီး သူမ၏ မတည်မငြိမ် ဖြစ်နေသော သခင်မလေးရာထူးကို ထိန်းသိမ်းရန်က မသေချာလှချေ။

မုအန်းက သူမကို ရွံရှာစွာ တွန်းထုတ်လိုက်၏။

“မင်းက ဘာကိစ္စမှ အဖက်တင်အောင်သာ မလုပ်နိုင်တာ။ ဖျက်ဆီးဖို့ကျတော့ တော်တော်လက်သွက်တာပဲ...မင်းက ဘာများ အသုံးကျလို့လဲ”

ယောင်းယောင်းက သူမ၏ လက်ကိုင်ပဝါကို ဝှေ့ယမ်းရင်း လျှောက်လှမ်းလာခဲ့ပြီး နူးညံ့စွာ ဆိုလိုက်သည်။

“သခင်မလေးရယ်...ရှင့်ရဲ့ ခန္ဓာကိုယ်က အင်မတန် အဖိုးတန်ပြီး နုနယ်လွန်းတာပဲ... ဘာဖြစ်လို့များ ဒီလိုမျိုး ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးပြီး မျက်နှာသာရအောင် လုပ်နေရတာလဲဟင်”

ကုဝမ်ရု သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“နင်က ကြားထဲကနေ ဝင်ရှုပ်လို့ပေါ့... မဟုတ်ရင် ခင်ပွန်းက သူလိုချင်တာကို ရပြီးသား ဖြစ်နေလောက်ပြီ... နင်က ဆေးပေးခဲ့တာပဲ... နင်ကသာ ယုတ်ညံ့တဲ့သူ”

ယောင်းယောင်း နှာခေါင်းရှုံ့လိုက်ပြီး မုအန်း၏ လက်မောင်းကို ရင်းနှီးကျွမ်းဝင်စွာ ဖက်တွယ်လိုက်သည်။

“ရှင်က ကျွန်မကို ဆေးပေးဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာလေ။ အဲဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ ရှင့်ရဲ့ ညီမကလည်း နတ်မိမယ်မှ မဟုတ်တာ။ ခင်ပွန်းက သူ့ကို မရှိမဖြစ် လိုချင်နေတာလည်း မဟုတ်ဘူးလေ။ ရှင်က အစ်မအရင်း ဖြစ်ပြီးတော့ ထူးဆန်းလိုက်တာ... ကိုယ့်ရဲ့ ညီမအရင်းကို တစ်နေကုန် အမျိုးသားတစ်ယောက်ရဲ့ အိပ်ယာထဲပို့ဖို့ ကြိုးစားနေတာကြည့်ရင် ရှင်ကလည်း စိတ်ထားကောင်းတဲ့သူ မဟုတ်မှန်း သိသာပါတယ်”

ကုဝမ်ရု ဒေါသကြောင့် ရူးသွပ်လုမတတ် ဖြစ်သွားရသည်။

သူမကို ထိုးထားခဲ့သော လက်ညှိုးက အချိန်အတော်ကြာအောင် တုန်ယင်နေခဲ့သော်လည်း ချေပပြောဆိုရန် စကားလုံး လုံးဝ ရှာမတွေ့ခဲ့ချေ။

ယောင်းယောင်းက သဘာဝအတိုင်း ဆွဲဆောင်မှုရှိနေသော အမူအရာဖြင့် သူမ၏ မွှေးပျံ့သော လက်ကိုင်ပဝါလေးကို မုအန်း၏ မျက်နှာနားသို့ ဝှေ့ယမ်းလိုက်ပြီး ချွဲနွဲ့စွာ ဆိုလိုက်၏။

“ခင်ပွန်း... ဒီကိုယ်လုပ်တော်က ဆယ်နှစ်သက်တမ်းရှိတဲ့ မက်မွန်ပွင့်သေရည် နည်းနည်း ယူလာခဲ့တယ်... ရှင် နည်းနည်းလောက် သောက်ချင်လားဟင်”

ကုဝမ်ရု မတ်တတ်ရပ်ရန် ပြင်လိုက်စဉ်၌ပင် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုတစ်ခု ဖြတ်သန်းသွားသည်။

ထိတ်လန့်လွန်းသဖြင့် သူမ၏ မျက်နှာက ဖြူဖျော့သွားရ၏။ သူမ၏ ဝမ်းဗိုက်ကို ဖက်တွယ်ရင်း ငိုကြွေးလိုက်သည်။

“ခင်ပွန်း... ကျွန်မ ဗိုက်အောင့်နေတယ်”

မုအန်း မျက်လုံးများကို လှိမ့်လိုက်သည်။

“စောစောက သမားတော်စွန်း မင်းဟန်ဆောင်နေတာလို့ ပြောပြီးပြီလေ... အခု တစ်ခါ ထပ်ပြီး ဟန်ဆောင်နေပြန်ပြီလား... သွားကြစို့... မက်မွန်ပွင့်သေရည် သွားသောက်ရအောင်”

ယောင်းယောင်းက မုအန်း၏ လက်မောင်းကို ဖက်တွယ်ထားပြီး ခြေလှမ်းနှစ်လှမ်းခန့် လှမ်းလိုက်ပြီးမှ ကုဝမ်ရု၏ ရုပ်ဆိုးလှသော မျက်နှာအမူအရာကို လှည့်ကြည့်ကာ မျက်ခုံးပင့်ပြီး ရန်စလိုသော ချိုမြိန်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

ကုဝမ်ရု ဒေါသကြောင့် တုန်ယင်နေခဲ့ရ၏။

ဝမ်းဗိုက်ထဲမှ ပြင်းထန်သော နာကျင်မှုက တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြန်သဖြင့် ထိတ်လန့်လွန်းကာ ကျင်းခွေ့ကို ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။

“မြန်မြန်သွားပြီး သမားတော်စွန်းကို သွားခေါ်လာခဲ့”

ကျင်းခွေ့၏ မျက်ဝန်းများက ယန်ကျစ်ကို ဆွဲခေါ်သွားရာမှ ကျန်ရှိနေခဲ့သော သွေးလမ်းကြောင်းကိုသာ စိုက်ကြည့်နေခဲ့သဖြင့် ကုဝမ်ရု သူမကို တွန်းထုတ်လိုက်မှသာ သတိပြန်ဝင်လာခဲ့၏။

“ဟုတ်ကဲ့ပါ”

ကျင်းခွေ့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သမားတော်စွန်း မည်သည့်အချိန်က ထွက်ခွါသွားသည်ကို မသိရှိခဲ့ချေ။

အခြားသော အစေခံများပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြပြီ ဖြစ်၏။

“အကြီးဆုံးမမလေး... ကျင်းရှို့ဆောင်ကို အရင်ဆုံး ပြန်မလား... ဒါမှမဟုတ် မြေပြင်ပေါ်မှာ ဒီအတိုင်း ထိုင်ပြီး သမားတော်စွန်းကို ကျွန်မ သွားခေါ်တာလာတာ စောင့်မလားဟင်”

ကုဝမ်ရု အလွန်အမင်း ဒေါသထွက်သွားရသည်။

“အရူးမရဲ့... ငါ မြေပြင်ပေါ်မှာ ဒီအတိုင်း ထိုင်နေလိုက်ရင် အအေးမိသွားမှာပေါ့”

ကျင်းခွေ့က ချက်ချင်းပင် သူမကို တွဲထူပေးလိုက်ပြီးနောက် သူမ၏ မျက်ဝန်းများက ပြူးကျယ်သွား၏။

“အကြီးဆုံးမမလေး... သွေး... သွေးတွေ ထွက်နေတယ်”

ကုဝမ်ရုကလည်း သူမ၏ ခြေထောက်ကြားမှ ထိန်းချုပ်မရသော ပူနွေးသည့် စီးဆင်းမှုတစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်ရသည်။

အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူမ၏ ခြေထောက်နှစ်ဖက်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့၏။

“ငါ... ငါ ဘာလုပ်ရမလဲ”

ကုဝမ်ရုက အသံကုန် အော်ဟစ်လိုက်သည်။

“လူရှိလား... ကယ်ကြပါဦး”

ကျင်းခွေ့၏ မျက်နှာကလည်း ပျက်ယွင်းသွားခဲ့ရ၏။

သူမက မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေသော ကုဝမ်ရုကို တင်းကျပ်စွာ ဖက်တွယ်ထားရင်း အသံကုန် အော်ဟစ်လိုက်သည်။

“မြန်မြန် လာကြပါဦး... သခင်မလေး ကိုယ်ဝန်ပျက်ကျတော့မယ်”

…

သတင်းကို ကြားသိရပြီးနောက် ကျိုးကျစ်လန် ကျင်းရှို့ဆောင်သို့ အလျင်အမြန် ပြေးလာခဲ့သည်။

အိမ်တော်ရှိ လက်သည်များက သွေးရည်များ ပြည့်နှက်နေသော ကြေးဇလုံများကို ကိုင်ဆောင်ထားပြီး အလျင်အမြန် ပြေးလွှားသွားလာနေကြသည်ကို သူမ မြင်တွေ့လိုက်ရ၏။

သမားတော်စွန်း အပြင်ဘက်တွင် စိုးရိမ်ပူပန်စွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။

သူမက ကျိုးချွန်းယွီထံသို့ လျှောက်သွားလိုက်သည်။

“အစ်ကို... ဘာဖြစ်တာလဲဟင်”

ကျိုးချွန်းယွီက တည်ငြိမ်နေဆဲ ဖြစ်သည်။

“သူ ကိုယ်ဝန်ပျက်ကျသွားနိုင်တယ်”

ကျိုးကျစ်လန်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။

“ကိုယ်ဝန်က ခြောက်လကျော်နေပြီလေ... ကလေးကို ကယ်လို့ မရတော့ဘူးလား”

“မရလောက်တော့ဘူး”

ကျိုးကျစ်လန် ခေါင်းစောင်းကာ တည်ငြိမ်နေသော သူမ၏ အစ်ကိုဖြစ်သူကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် တိုးညှင်းစွာ ရယ်မောလိုက်မိသည်။

‘ပျောက်ကွယ်သွားတာကပဲ ပိုကောင်းပါတယ်... နောက်ထပ် ဘေးဒုက္ခတစ်ခု ထပ်ပြီး မပေါ်လာတော့ဘူးပေါ့’

“ဒါကို မြို့စားကြီးဆီ သတင်းပို့လိုက်ရမလား”

ကျိုးချွန်းယွီက သူမကို ငုံ့ကြည့်လိုက်သည်။

“မြို့စားကြီးက အခုအချိန်မှာ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား”

သူ့ကို ကြည့်ပြီး ကျိုးကျစ်လန်၏ မျက်နှာလေးက အနည်းငယ် နီမြန်းသွားသည်။

သူမက အကြည့်များကို လွှဲဖယ်လိုက်သည်။

“သေချာတာပေါ့... သူ အလုပ်ရှုပ်နေမှာ”

“ဒါကြောင့် မြို့စားကြီးကို သွားပြီး မနှောင့်ယှက်နဲ့တော့”

“ဒါဆို သခင်လေးကိုကော အကြောင်းကြားပြီးပြီလား”

ကျိုးကျစ်လန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မုအန်း၏ အရိပ်အယောင်ကို မမြင်တွေ့ရချေ။

“အမ်း... သခင်လေးက ပိုပြီးတော့တောင် အလုပ်ရှုပ်နေသေးတယ်”

ကျိုးချွန်းယွီက ရွဲ့ပြီးပြောလိုက်၏။

ကျိုးကျစ်လန် တိတ်ဆိတ်သွားခဲ့ရသည်။

ဤ “အလုပ်ရှုပ်ခြင်း” နှင့် ထို “အလုပ်ရှုပ်ခြင်း” က အဓိပ္ပာယ်ချင်း လုံးဝ တူညီနိုင်မည် မဟုတ်ချေ။

အခန်း(၈၈)

မုကျွင်းယန် ကုဟွား စိတ်ကူးမိသလိုမျိုး ပြင်းထန်စွာ သူ၏ လိုအင်ဆန္ဒများကို အလျင်စလို ပုံဖော်လာခြင်း မရှိခဲ့ပေ။

ထို့အစား လက်ဖဝါးကြီးတစ်ဖက်က သူမ နောက်ကျောပြင်ကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးနေပြီး ကျန်လက်တစ်ဖက်က သူမ၏ နှုတ်ခမ်းလေးများကို ပွတ်ဆွဲကာ နားထင်စပ်မှတစ်ဆင့် ဦးခေါင်းနောက်ဘက်ကို ထိန်းကိုင် ပင့်တင်ပေးထားသည်။

ကုဟွား သူနှင့် အသက်အရွယ် အလွန်ကွာခြားလှသည့်အပြင် ငယ်စဉ်တည်းက ဖခင်မေတ္တာ ငတ်မွတ်ခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် သူမ သူ၏ အထိအတွေ့များကို မရုန်းကန်မိဘဲ နှစ်သိမ့်မှုတစ်ခုကို ခံစားလိုက်ရသကဲ့သို့ အရှင်သခင်၏ ရင်ခွင်ထဲ၌ ခွေခေါက်နေသော လိမ္မာသည့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ပင် သူမ၏ နှလုံးသားလေးက ငြိမ်သက်သွားသည်။

ယခုည၌ မုကျွင်းယန် မုအန်းကြောင့် ရင်ထဲတွင် တော်တော်လေး နာကျင်သွားရမည်ကို သူမ ခံစားမိနေသည်။

သူ့စိတ်အခြေအနေက အလွန်လေးလံထိုင်းမှိုင်းနေပြီး သူမ နားမလည်နိုင်သည့် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။

တစ်ဖက်တွင် သူမ စိုးရိမ်ပူပန်နေသည်က စောနက သောက်ထားသော စွပ်ပြုတ်ခွက်ကြီးပင် ဖြစ်သည်။ ထိုဆေးအာနိသင်က မည့်သည့်အချိန်တွင် စတင်ပြလာမည်ကို သူမ ရင်တထိတ်ထိတ် ဖြစ်နေမိသည်။

သူ၏ လက်ဖဝါးက ဦးခေါင်းနောက်ဘက်မှတစ်ဆင့် ပါးပြင်ထက်သို့ ပြန်လည်လျှောကျလာသည်။

အနည်းငယ် ကြမ်းတမ်းသော လက်မက သူမ၏ မျက်နှာကောက်ကြောင်းအတိုင်း ပွတ်ဆွဲလာပြီး နှုတ်ခမ်းလေးပေါ်တွင် တစ်ဖန် ရပ်တန့်သွားပြန်၏။

တုန်ယင်နေသော သူမ နှုတ်ခမ်းလေးကို သူ၏ နွေးထွေးသော လက်မဖြင့် ဖိပွတ်လိုက်သည့်အခါ ခြောက်သွေ့နေသော ထင်းချောင်းကို မီးစတင်ကူးလိုက်သကဲ့သို့ ပူလောင်လှသော ခံစားချက်တစ်ခုက သူမဆီသို့ ရိုက်ခတ်လာသည်။

‘သွားပြီ’

‘အဲဒီ ခံစားချက်မျိုး ရောက်လာပြီ’

ကုဟွား ထိတ်လန့်သွားသည်။

ဆောင်းဦးအစောပိုင်းညများက အေးစိမ့်လှသော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ပူလောင်ခြောက်သွေ့သော အပူရှိန်တစ်ခုက တရိပ်ရိပ် တက်လာနေခဲ့သည်။

သူမ ခေါင်းလေးကို အနည်းငယ် မော့လိုက်ပြီး ခန့်မှန်း၍မရသော အမျိုးသားကို အသနားခံသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်မိသည်။

‘သူ ဘာလုပ်ချင်နေတာလဲ”

သူမ၏ နှာခေါင်းထိပ်လေးတွင် ချွေးစေးများ စိုရွှဲလာသည်ကို မြင်သောအခါ မုကျွင်းယန် မအောင့်အည်းနိုင်ဘဲ တိုးညှင်းစွာ ရယ်မောလိုက်သည်။

“အရမ်းပူနေလို့လား”

ကုဟွား အနည်းငယ် စိတ်တိုသွားသည်။ သူမက ခေါင်းလေးပြန်ငုံ့လိုက်ပြီး အရှက်သည်းစွာ ညည်းတွားလိုက်မိ၏။

သူမ ပါးလွှာသော ဝတ်စုံနှင့် သူ့ပါးလွှာသော ဝတ်ရုံတို့ကို ဖြတ်သန်းပြီး အရေပြားချင်း ထိတွေ့နေမှုက မီးပုံနှစ်ပုံ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသကဲ့သို့ အပြန်အလှန် လောင်မြိုက်နေကြသည်။

သူမ မေးစေ့ကို ပင့်မော့ခံလိုက်ရပြန်သဖြင့် ထိုနက်မှောင်စူးရှသော မျက်ဝန်းများကို အတင်းအကျပ် ရင်ဆိုင်လိုက်ရပြန်၏။

သူမ အတွင်းပိုင်းမှ ပူလောင်မှုက ပိုမိုပြင်းထန်လာသော်လည်း သူ အေးအေးလူလူ စိုက်ကြည့်နေဆဲ ဖြစ်သည်။

‘ဒါက ဘာဖြစ်လို့ ကြောင်ပေါက်လေးတစ်ကောင်ကို စနောက်ကျီစယ်နေသလိုမျိုး ခံစားနေရတာလဲ’

သူမ လှပသော မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ လင်းလက်သွားပြီး သူ့ကို တကယ်ပင် ကိုက်ပစ်ချင်စိတ် ပေါက်သွားရသည်။

သို့သော် သူမ မလုပ်ရဲပေ။ အရှင်သခင်ဖြစ်သူထံမှ အမိန့်တစ်စုံတစ်ရာ ထွက်ပေါ်လာမည့်အချိန်ကိုသာ စိတ်ကိုတင်းပြီး စောင့်ဆိုင်းနေလိုက်ရသည်။

သူမ လက်မောင်းနှစ်ဖက်လုံးကို ရင်ဘတ်ပေါ်တွင် တင်းကျပ်စွာ ယှက်ထားပြီး လက်ဖဝါးလေးများကို လက်သီးဆုပ်ထားမိသည်။

အန္တရာယ်ကို သတိကြီးစွာ စောင့်ကြည့်နေပြီး အချိန်မရွေး ထွက်ပြေးရန်အတွက် အဆင်သင့်ဖြစ်နေသော သားရဲပေါက်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူမ၏ ရန်လိုနေသော်လည်း ကြောက်ရွံ့နေသည့် ကြောင်ကလေးတစ်ကောင်ကဲ့သို့ အမူအရာကို မြင်လိုက်ရသောအခါ မုကျွင်းယန် ရင်ထဲ၌ အနည်းငယ် လှုပ်ရှားသွား၏။

တကယ်တမ်းတွင် မုကျွင်းယန် သူမကို တိုက်ကျွေးခဲ့သည်က ဂျင်ဆင်းစွပ်ပြုတ်သာ ဖြစ်သည်။

စောနက သူ ပြောခဲ့သော စကားများက သူမကို စနောက်ကျီစယ်ချင်ရုံ သက်သက်သာ ဖြစ်၏။

သို့သော်လည်း လက်ရှိအချိန်၌ အခြေအနေက ပြောင်းလဲသွားသည်။

မိန်းမပျိုလေး၏ ပါးလွှာသော အဝတ်အစားများက ချွေးစေးများကြောင့် စိုစွတ်နေခဲ့ပြီး သူမ လှပကျော့ရှင်းသော ခန္ဓာကိုယ်အကောက်အကွေ့များကို ထင်ရှားပေါ်လွင်စေသည်။

ယှက်ထားသော လက်မောင်းလေးများ ဖိကပ်ထားသဖြင့် သူမ၏ ဆွဲဆောင်မှုအရှိဆုံး အလှတရားက သူ့မျက်စိရှေ့မှောက်သို့ အတိုင်းသား ရောက်ရှိနေခဲ့သည်။

သူသည်လည်း ပူလောင်မှုကို ခံစားနေရ၏။

မိန်းမပျိုလေး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလေးများကို တင်းကျပ်စွာ စေ့ပိတ်ထားပြီး မျက်တောင်လေးများ တုန်ယင်နေသည်။

သူမ သူ့ကို အနည်းငယ် ကြောက်ရွံ့နေပုံရပြီး တစ်ဖက်တွင်လည်း ဒေါသကို အောင့်အည်းထားပုံရသည်။

မုကျွင်းယန် သူမ ကိုက်ခဲ့ဖူးသော သူ့လက်မနှင့် လက်ညှိုးကြားရှိ နေရာလေးမှ အနည်းငယ် နာကျင်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် နှုတ်ခမ်းများကို အနည်းငယ်ကွေးကာ မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။

သူမက ကြောက်လည်းကြောက်တတ်သလို ဒေါသလည်းကြီးသော ကြောင်ပေါက်လေးတစ်ကောင် ဖြစ်၏။

သူ့ ရယ်မောသံကို ကြားလိုက်ရသောအခါ ခန္ဓာကိုယ်တွင်းမှ အပူရှိန်ကို ထိန်းချုပ်ရန်သာ အာရုံစိုက်နေသော ကုဟွား ခေါင်းမော့ကြည့်လိုက်သည်။

‘သူက အခုထိ ရယ်နေတုန်းပဲလား’

သူမ ဒေါသတကြီးဖြင့် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး စိတ်ကို တင်းကာ ရုတ်တရက် လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်၍ သူ့လည်ပင်းကို သိုင်းဖက်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာလှလှလေးကို ရှေ့သို့ အတင်းတိုးကပ်ပစ်လိုက်၏။

‘အမျိုးသားတွေ ကြိုက်တတ်တာက ဒီလိုမျိုးပဲ မဟုတ်ဘူးလား’

‘ရုပ်အလှနဲ့ ပြုစုလုပ်ကျွေးနေရမှတော့ ဘာသိက္ခာအိန္ဒြေ တွေ စောင့်ထိန်းနေဖို့ လိုဦးမှာလဲ’

သူမ နှုတ်ခမ်းလေးကို ဆူပြီး အပေါ်သို့ အတင်းတိုးကပ်ရန် ပြင်လိုက်စဉ်၌ပင် အက်ရှရှအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

“အားဖြည့်စွပ်ပြုတ်က သောက်လို့ကောင်းရဲ့လား”

ကုဟွားတစ်ကိုယ်လုံး တောင့်တင်းသွားရပြီး ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်သွားသည်။

သူမ ဒေါသများကို မထိန်းနိုင်တော့ဘဲ လက်မောင်းများကို သူ၏ လည်ပင်းတွင် ဆက်လက်သိုင်းဖက်ထားရင်း မျက်နှာလေးကို ဘေးဘက်သို့ လွှဲဖယ်လိုက်ကာ သူ့ကို လုံးဝ အဖက်မလုပ်တော့ချေ။

မုကျွင်းယန်က သူမ ဤကဲ့သို့ စိတ်ကောက်နေသော အမူအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် ပိုမို၍ သက်ဝင်လှုပ်ရှားနေသော အလှတရားတစ်ခုကို ခံစားလိုက်ရသည်။

မုအန်းကြောင့် သူ့ ရင်ထဲတွင် ပိတ်ဆို့နေခဲ့သော ဒေါသများနှင့် စိတ်ပျက်မှုများက ရုတ်တရက်ပင် အရည်ပျော် ပျောက်ကွယ်သွား၏။

သူ သူမ၏ မေးစေ့ကို ဆွဲကိုင်ကာ မျက်နှာကို ပြန်လည်လှည့်လာစေရန် အတင်းအကျပ် ပြုလုပ်လိုက်သည်။

သူမ၏ နူးညံ့နေသော နှုတ်ခမ်းရဲလေးကို စိုက်ကြည့်ရင်း မုကျွင်းယန်၏ လည်စေ့က လှုပ်ခတ်သွား၏။

မြို့စားကျင်း၏ တရားဝင်သား စွန်းချုံးယန်က ‘အမျိုးသမီးတွေဆိုတာ ချောဆီတစ်မျိုးလိုပဲ’ ဟု ပြောခဲ့ဖူးသည်။

နှစ်ပေါင်းများစွာ အောင့်အည်းခဲ့ရသမျှ ယနေ့မှသာ အမျိုးသမီးတစ်ယောက်၏ အချိုမြိန်ဆုံး အရသာကို သူ သိရှိခဲ့ရသည်။

သို့သော်လည်း အခြားသော အလွန်အမင်း ဆွဲဆောင်မှုရှိသည့် အမျိုးသမီးများကို ရင်ဆိုင်ရချိန်တွင် သူ၏ နှလုံးသားက သံမဏိကဲ့သို့ အေးစက်နေခဲ့သည်။

‘ဘာလို့ ဒီမိန်းမပျိုလေးနဲ့ တွေ့မှပဲ ငါ့ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းတွေက ဒီလောက်အထိတောင် ပျက်စီးသွားရတာလဲ။

သူ အလွန် အံ့အားသင့်နေမိသည်။

မည်သည့်အဖြေမှ မရှိသည့်အတွက် သူလည်း ထပ်မံ၍ ဂရုမစိုက်တော့ချေ။

တစ်ခါတရံ၌ မိမိ၏ လိုအင်ဆန္ဒနောက်သို့ နစ်မြောသွားရခြင်းကလည်း ပျော်ရွှင်မှုတစ်မျိုးပင် ဖြစ်သည်။

“ပါးစပ်ဟလိုက်”

ကုဟွားက တွေဝေသွားသော်လည်း လိမ္မာစွာ နှုတ်ခမ်းလေးကို ဖွင့်ဟပေးလိုက်သည်။

ချက်ချင်းပင် သူမ အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားရ၏။

ပူလောင်နေသော သူမ၏ နှုတ်ခမ်းသားလေးပေါ်သို့ နူးညံ့သော ထိတွေ့မှုတစ်ခု ရောက်ရှိလာသည်။

ဦးခေါင်းနောက်ဘက်ရှိ လက်ဖဝါးကြီးက တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ ခေါင်းကို မြဲမြံစွာ ထိန်းထားပေး၏။

ဤအချိန်၌ ကုဟွား၏ ဦးခေါင်းတစ်ခုလုံး နောက်သို့ လန်ကျနေခဲ့သည်။

သူမ၏ နုနယ်သော လည်တိုင်လေးက သူမကိုယ်သူမ ထိန်းထားနိုင်စွမ်း မရှိတော့ဘဲ ပြင်းထန်သော အနမ်းများကိုသာ အလိုလို လက်ခံနေမိ၏။

ဤအနမ်းက ယခင်နှစ်ကြိမ်ကနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

သူက သူမကို တန်ဖိုးထားစွာ စူးစမ်းရှာဖွေနေသကဲ့သို့ ခံစားရသည်။

သို့သော်လည်း သူမရင်ထဲမှ ပူလောင်နေသော စိုးရိမ်စိတ်ကို ထိန်းချုပ်ရန် ခက်ခဲလွန်းလှသည်။

‘သွားပါပြီ... ဆေးအာနိသင်က ပြလာတော့မယ်’

‘ငါ့ဘက်က ရူးရူးမူးမူး ပြန်တုံ့ပြန်လိုက်ရမလား ဒါမှမဟုတ် ဒီလူ အရှိန်တက်လာမဲ့အချိန်ကိုပဲ စောင့်လိုက်ရမလား’

သူမ စိတ်အာရုံတစ်ခုလုံး ရှုပ်ထွေးနောက်ကျိနေခဲ့ရ၏။ တွေးတောလေလေ ပိုမို၍ နေရထိုင်ရ ခက်ခဲလာလေလေ ဖြစ်လာသည်။

သူမ၏ လက်မောင်းလေးများ သူ့လည်ပင်းကို ပိုမို၍ တင်းကျပ်စွာ သိုင်းဖက်ထားမိသည်။ သူတို့၏ နှုတ်ခမ်းနှင့် သွားချင်း ထိစပ်သွားခဲ့ရပြီး ညည်းသံများနှင့် ပြင်းထန်သော အသက်ရှူသံများ တစ်ခုနှင့်တစ်ခု ရောယှက်ကာ ခွဲခွာ၍မရနိုင်လောက်အောင် နစ်မြောသွားကြရသည်။

ကျင်းရှို့ဆောင် တစ်ခုလုံးက တစ်ညလုံး ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေခဲ့သည်။

ကုဝမ်ရု၏ ကလေးကို ကယ်တင်နိုင်ခြင်း မရှိခဲ့ချေ။

ခန္ဓာကိုယ် အစိတ်အပိုင်း အပြည့်အစုံ ပေါ်ထွက်နေပြီဖြစ်သော ယောင်္ကျားလေး သန္ဓေသားကို မြင်တွေ့လိုက်ရချိန်တွင် ကုဝမ်ရု လုံးဝ ရူးမတတ် ဖြစ်သွားသည်။

သူမက နီရဲနေသော မျက်ဝန်းများဖြင့် အသံကုန် အော်ဟစ်ငိုကြွေးလိုက်၏။

“ကုဟွား... နင်လိုမျိုး မိန်းမပျက်... ငါ နင့်ကို သေရင်တောင် မြေမကျစေရဘူး”

[E/N သေရင်တောင်မြေမကျဆိုတာ မြေမမြုပ်ပေးဘူးပြောတာပါ]

ခြံဝင်းအတွင်း၌ မတ်တတ်ရပ်နေသော ကျိုးကျစ်လန်၏ မျက်နှာက မည်းမှောင်သွားသည်။

“သူက ညီမလေးဟွားကို ထိရဲလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

ကျိုးချွန်းယွီ၏ လေသံက တည်ငြိမ်နေသည်။

“ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့သူတွေက အသက်ရှင်ဖို့ မထိုက်တန်ဘူး... သွားကြစို့”

သူတို့နှစ်ဦးလုံး ဤကဲ့သို့ ရက်စက်ပြီး ရူးသွပ်နေသည့် အမျိုးသမီးကို ထပ်မံ၍ မကြည့်ချင်တော့သဖြင့် လှည့်ထွက်သွားကြသည်။

ကျင်းရှို့ဆောင်ရှိ အစေခံများမှလွဲ၍ ကျန်ရှိနေသော လူများအားလုံးကလည်း ထိုနည်းတူစွာပင် ထွက်ခွာသွားကြ၏။

ရှန်လီကလည်း ဤနေရာတွင် ဆက်၍ မနေချင်တော့ချေ။

သူမ ဆရာကို လှမ်းကြည့်လိုက်ရင်း မေးလိုက်သည်။

“ဆရာ... ကျွန်မတို့ ထပ်ပြီး စောင့်နေဖို့ လိုသေးလို့လား”

သမားတော်စွန်း ခေါင်းခါပြလိုက်သည်။

“ငါတို့ စောင့်နေလည်း ဘာမှ အသုံးမဝင်တော့ဘူး... သွားပြီး ဆေးပြင်ဆင်ရအောင်... ပြီးရင် ကျင်းရှို့ဆောင်က လူတွေကို လာယူပြီး ကျိုခိုင်းလိုက်တော့”

သူတို့နှစ်ဦးလုံးလည်း ထွက်ခွာသွားကြ၏။

ကျင်းခွေ့က ကုဝမ်ရု၏ ခုတင်ဘေးတွင် မလှုပ်မယှက် ရပ်နေခဲ့ပြီး သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေမိသည်။

ကုဝမ်ရုက အချိန်အတော်ကြာအောင် အော်ဟစ်ဆဲဆိုနေခဲ့သော်လည်း မည်သူမျှ ပြန်လည်တုံ့ပြန်ခြင်း မရှိချေ။

သူမ၏ မျက်စိရှေ့တွင် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ နားမပါသလိုမျိုး ရပ်နေသော လူကို မြင်တွေ့ရသောအခါ သူမ ဒေါသအရှိန်ကြောင့် မူးမေ့လဲလုမတတ် ဖြစ်သွားရသည်။

သူမက သတိပြန်ဝင်လာစေရန် နှုတ်ခမ်းများကို ပြင်းထန်စွာ ကိုက်ထားလိုက်၏။

‘ကလေးလေး မရှိတော့ဘူး... ကလေးလေး မရှိတော့ဘူး... ကလေးလေး မရှိတော့ဘူး’

သူမ၏ စိတ်အာရုံတစ်ခုလုံး ရှုပ်ထွေးနောက်ကျိနေခဲ့သည်။

‘ငါ ဘာဆက်လုပ်ရမလဲ’

သူမတွင် ကလေးရှိစဉ်က သူမကို မုအန်း အနည်းငယ် မျက်နှာသာပေးခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ ဤကလေးက မြို့စားအိမ်တော်၏ မြေးဦးလေး ဖြစ်သည်။

ယောက္ခထီး ဖြစ်သူကလည်း မြေးဦးလေးကို တန်ဖိုးထားမည်ဖြစ်ပြီး မုအန်းကလည်း ဆက်ခံသူနေရာရရှိရန်အတွက် သားဖြစ်သူကို တန်ဖိုးထားမည်ဖြစ်သည်။

‘ဒါပေမဲ့ အခုတော့ ငါ့ရဲ့ အရေးအကြီးဆုံး အခွင့်အလမ်းကြီးက ပျောက်ကွယ်သွားပြီ’

‘ငါ မြို့စားအိမ်တော်ရဲ့ သခင်မလေး ရာထူးကို ဆက်ထိန်းသိမ်းထားနိုင်ပါဦးမလား’

‘ဒါတွေအားလုံးက ကုဟွားဆိုတဲ့ မိန်းမပျက်ကြောင့်ပဲ’

‘ငါ့စိတ်ကို ပြန်တင်းထားရမယ်’

“နင် တိုင်တစ်တိုင်လိုမျိုး ဘာဖြစ်လို့ မတ်တတ်ရပ်နေရတာလဲ”

ကျင်းခွေ့ မျက်လုံးများ လှုပ်ရှားသွားရသည်။

“အကြီးဆုံးမမလေး ဘာများ အလိုရှိလို့လဲ”

“ဘာအကြီးဆုံးမမလေးလဲ... ငါက သခင်မလေးပဲ”

ကုဝမ်ရု ဒေါသအရှိန်ကြောင့် လောင်မြိုက်နေခဲ့ရ၏။

သူမက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး ကျင်းခွေ့ဆီသို့ ပစ်ပေါက်ကာ ထိုရုပ်သေးရုပ်လို ဦးခေါင်းကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်သွားသည်။

သို့သော် သူမတွင် ခွန်အား လုံးဝမရှိချေ။ မောဟိုက်စွာဖြင့်သာ အသက်ပြင်းပြင်း ရှူနေရသည်။

ကျင်းခွေ့ မည်သည့်အမူအရာမျှ မပြသပေ။

“သခင်မလေး ဘာများ အလိုရှိလို့လဲ”

“ငါ့အတွက် ဆေးသွားယူခဲ့စမ်း...နင် ဘာဖြစ်လို့များ ဒီလောက်တောင် အူတူတူ အတတ ဖြစ်နေရတာလဲ”

All Chapters