← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

🍋 Chapter 277

ကျိုးထျန်းအတွက်မူ မိသားစုသည် အရေးအကြီးဆုံးအရာ ဖြစ်သည်။

သူ့မိဘများသာမက မုယန်သည်လည်း သူ့မိသားစုပင်။

သူ့အပေါ် ဘယ်လိုပဋိပက္ခမျိုးပဲဖြစ်ဖြစ် ကိစ္စမရှိချေ၊ ၎င်းတို့ အပြန်အလှန် ရင်ဆိုင်ဖြေရှင်းနိုင်သည်။

သို့သော်လည်း သူ့မိသားစုကို အသုံးချကာ ခြိမ်းခြောက်လာခြင်းမှာမူ လူသားတစ်ဦး၏ အခြေခံအကျဆုံး စည်းကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဆွေ့ယွင်ကျန်း ထိုစကားလုံးများကို ပြောဆိုလိုက်သည့် အချိန်မှစ၍ သူ၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့ပြီ။

ကျိုးထျန်းသည် သူ့မိသားစုကို ခြိမ်းခြောက်ဝံ့သူအား မည်သည့်အခါမျှ အလွတ်ပေးမည် မဟုတ်ချေ။

သူ့မျက်နှာထက်မှ အပြုံးများမှာ ချက်ချင်း ကွယ်ပျောက်သွားခဲ့ပြီး ယင်းအစား သေလူတစ်ယောက်အား ကြည့်ရှုနေသည့်အလား အေးစက်စက်နှင့် လူသတ်လိုသော အကြည့်မျိုးဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။

သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆွေ့ယွင်ကျန်းသည်လည်း ထိုအပြောင်းအလဲကို သဘာဝကျစွာပင် အာရုံခံမိလိုက်သည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ ဒီဂရီအနည်းငယ်ခန့် ကျဆင်းသွားသည့်အလား ခံစားလိုက်ရသဖြင့် လက်တိုရှပ်အင်္ကျီကို ဝတ်ဆင်ထားသော သူ့မှာ အနည်းငယ်မျှ တွန့်ဆုတ်သွားခဲ့ရသည်။

‘ဘာဖြစ်တာလဲ... ငါ့ကျောပြင်တစ်ခုလုံး ဘာလို့ ဒီလောက်အထိ အေးစက်သွားရတာလဲ’

‘ကျိုးထျန်းရဲ့ မျက်လုံးတွေက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ၊ သူက ငါ့ကို အစိမ်းလိုက် ဝါးစားတော့မယ့်အတိုင်းပဲ’

သို့သော်လည်း သူသည် လောကီအတွေ့အကြုံ အနည်းငယ်ရှိသူပီပီ မိမိကိုယ်ကိုယ် ပြန်လည်တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

ထျန်းရှီဟွေ့အား လာရောက်စစ်ဆေးပေးနေသော အစိုးရဝန်ထမ်းများမှာမူ ပိုမိုဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီး တစ်ယောက်ချင်းစီမှာ ကြောက်ရွံ့မှုကြောင့် တုန်ရင်နေကြသည်။

အစပိုင်းတွင် ၎င်းတို့သည် ဆွေ့ယွင်ကျန်းအနေဖြင့် ပစ်မှတ်ထားခြင်းခံရသော ကံဆိုးသူလေးအား အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

ယခုမှသာ သေချာပေါက် အလွယ်တကူ ဆော့ကစား၍ရမည့်သူ မဟုတ်ကြောင်း သိလိုက်ရသဖြင့် ၎င်းတို့အားလုံး ထွက်ခွာသွားချင်စိတ်ပင် ပေါက်နေခဲ့ကြပြီ ဖြစ်သည်။

ထိုအချိန်တွင် ဒုတိယထပ်ရှိ သီးသန့်အခန်းတံခါး ပွင့်သွားခဲ့ပြီး လူအချို့ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ကျိုးထျန်း၊ စီအီးအိုဟုန်နှင့် ဝတုတ်လေးတို့ စားသောက်နေသည့် အခန်းမဟုတ်ဘဲ စားသောက်ကုန်လုပ်ငန်းအသင်းမှ ဆိုင်ပိုင်ရှင်များ စားသောက်နေကြသည့် အခန်းဖြစ်ပေသည်။

ဥက္ကဋ္ဌသည်လည်း အပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်သံများကို ကြားသိခဲ့ရပြီး အခြေအနေများ ငြိမ်သက်မသွားသည်ကို မြင်တွေ့ရသည့်အပြင် စီအီးအိုဖန့်ကလည်း ကျိုးထျန်းသည် ၎င်းတို့အပေါ် လျစ်လျူရှုထားကြောင်း တတွတ်တွတ် ညည်းညူနေခဲ့သဖြင့် သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာကာ အခြေအနေကို စစ်ဆေးရန်နှင့် လေကောင်းလေသန့်ရရှိရန် အခြားလူများနှင့်အတူ ထွက်လာခဲ့ခြင်း ဖြစ်သည်။

မောက်မာရိုင်းစိုင်းပြီး ဗိုလ်ကျစိုးမိုးလိုသော ဆွေ့ယွင်ကျန်းကို ချက်ချင်း မြင်တွေ့လိုက်ရပြီး ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဘာဖြစ်နေသည်ကို သဘောပေါက်သွားခဲ့သည်။

၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ် ဆုံတွေ့ပြီး ပဋိပက္ခဖြစ်ပွားစဉ်က သူသည် အနီးအနားတွင် ရှိနေခဲ့သဖြင့် ဇာတ်ကြောင်းတစ်ခုလုံးကို သိရှိထားပြီး ဆွေ့ယွင်ကျန်း၏ စိတ်နေသဘောထားနှင့် ပြုမူပုံကို နားလည်ထားခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ အောက်ထပ်ရှိ ဤလူစု ဘာလုပ်ရန် ကြံစည်နေကြသည်ကို သူ အခြေခံအားဖြင့် သိရှိသွားခဲ့သည်။

ရှန်ဟိုင်းတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူပီပီ သူ့တွင် သဘာဝကျစွာပင် အဆက်အသွယ်အချို့ ရှိနေခဲ့ရာ ယခုအခါတွင် သူသည် ဤမျိုးဆက်သစ် လူငယ်လေး ကျိုးထျန်းအတွက် အခြေအနေကို ကြားဝင်စေ့စပ်ပေးရန်နှင့် စကားအနည်းငယ် ပြောဆိုပေးရန် တွန့်ဆုတ်နေခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးထျန်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် စီအီးအိုကျန်းက အလျင်အမြန် စကားဆိုလာခဲ့သည်။

"ဥက္ကဋ္ဌကြီး... မစ္စတာကျိုးက ကျွန်တော်တို့အဖွဲ့ဝင်တစ်ယောက်ပဲလေ၊ ပြီးတော့ သူက ကျွန်တော်တို့ကို ဆိုင်ဖွင့်ပွဲအခမ်းအနားကိုတောင် ဖိတ်ကြားခဲ့သေးတယ်၊ သူက ကျွန်တော်တို့နဲ့ မိတ်ဆွေဖြစ်ချင်နေတာ ထင်ရှားပါတယ်၊ ကျွန်တော်တို့ သူ့ကို ကူညီပေးသင့်တယ်လို့ ထင်ပါတယ်"

သူ စကားပြော၍ပင် မဆုံးသေးမီမှာပင် ကျိုးထျန်းအား အမြဲဝေဖန်နေခဲ့သော စီအီးအိုဖန့်ကလည်း ထွက်လာခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။

"ဥက္ကဋ္ဌကြီး... ကျွန်တော့်အမြင်အရတော့ ဒီကျိုးဆိုတဲ့လူက လေကြီးရုံသက်သက်ပဲ၊ လက်တွေ့ဘာမှမရှိဘူး၊ သူက ကျွန်တော်တို့ကိုလည်း မလေးစားဘူး”

“သူ့ဘက်ကနေ စကားပြောပေးတာက ပြဿနာပဲ ကြုံရလိမ့်မယ်၊ ဆွေ့ယွင်ကျန်းက အလွယ်တကူ ဆော့ကစားလို့ရတဲ့လူ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သိကြတာပဲ၊ တကယ်လို့ ဥက္ကဋ္ဌကြီးအနေနဲ့ ကြားနေအဖြစ်ပဲ နေမယ်ဆိုရင်လည်း ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်"

သူ့စကားလုံးများက ဥက္ကဋ္ဌအား မကူညီရန် သေချာပေါက် ဖျောင်းဖျဖျက်ဆီးနေခြင်း ဖြစ်သည်။

စီအီးအိုကျန်းက သူ့အား မျက်မှောင်ကြုတ်လျက် စောင်းငဲ့ကြည့်လိုက်သည်။

"စီအီးအိုဖန့်... အစကတည်းက မင်းဆီကနေ ပုံမှန်မဟုတ်တဲ့ အငွေ့အသက်တစ်ခုခုကို ငါ ခံစားနေရတာ၊ အခုမှပဲ ငါ သိတော့တယ်၊ မင်းက ဆွေ့ယွင်ကျန်းနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာ မဟုတ်လား"

"မင်း... မင်း... ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါက သူနဲ့ လုံးဝ မရင်းနှီးပါဘူး၊ ငါတို့က ဘယ်လိုလုပ်ပြီး တစ်ဖွဲ့တည်း ဖြစ်ရမှာလဲ၊ မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲနေတာပဲ"

စီအီးအိုကျန်း၏ မေးခွန်းထုတ်မှုအောက်တွင် သူသည် သေချာပေါက် ပျာပျာသလဲ ဖြစ်သွားခဲ့ပြီး ပုံမှန်မဟုတ်သော အမူအရာများကို ပြသလာခဲ့သည်။

မျက်စိရှိသော မည်သူမဆို စီအီးအိုကျန်း ပြောသည်မှာ မှန်ကန်ကြောင်း မြင်နိုင်ပေသည်။

ဤမစ္စတာဖန့်သည် အမှန်စင်စစ် ဆွေ့ယွင်ကျန်း၏ လူတစ်ဦး ဖြစ်ပေသည်။

၎င်းတို့အကြားတွင် ရေရှည်တည်တံ့သော တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်မှု ရှိနေခဲ့သည်။

သို့သော်လည်း သူသည် ဆွေ့ယွင်ကျန်းအတွက် သူလျှိုလုပ်ပေးရန် ဥက္ကဋ္ဌနှင့် သူ၏ အပေါင်းအသင်းများအပေါ် စေတနာရှိယောင် ဆောင်နေခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း တည်ခင်းဧည့်ခံပွဲတွင် သူသည် ကျိုးထျန်းအား သိမ်မွေ့စွာ ဝေဖန်ပြစ်တင်နေခဲ့သည်။

ယင်းက ရုတ်တရက် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်း သို့မဟုတ် ကျိုးထျန်းအပေါ် အမှန်တကယ် မကျေနပ်ခြင်းကြောင့် မဟုတ်ဘဲ ဆွေ့ယွင်ကျန်းက သူ့အား ပေးအပ်ထားသော တာဝန်တစ်ခု ဖြစ်ပေသည်။

သူ၏ ရည်ရွယ်ချက်မှာ ဆိုင်ဖွင့်ပွဲ ဧည့်ခံပွဲရှိ ဧည့်သည်တော်များအကြား သွေးခွဲရန် ဖြစ်ပြီး အကောင်းဆုံး အခြေအနေမှာ ဥက္ကဋ္ဌအား ဒေါသတကြီးဖြင့် ထွက်ခွာသွားစေရန် ဖြစ်သည်။

ယင်းက တကယ့် အောင်မြင်မှုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

တကယ်လို့ အလုပ်မဖြစ်ခဲ့ရင်တောင် ဥက္ကဋ္ဌအနေဖြင့် ကျိုးထျန်းအား မပံ့ပိုးပေးနိုင်ရန် သူ တားဆီးလိုခြင်း ဖြစ်သည်။

ဆွေ့ယွင်ကျန်းသည် သူ၏ အဓိက အာဏာမှာ ရှန်ဟိုင်းတွင် မဟုတ်ဘဲ အနီးနားရှိ ပြည်နယ်များတွင် ဖြစ်ကြောင်း သိရှိထားပြီး ဥက္ကဋ္ဌ၏ အဆက်အသွယ်များမှာမူ ရှန်ဟိုင်းတစ်ခုလုံးတွင် ရှိနေသည်။

ဥက္ကဋ္ဌက ကျိုးထျန်းအား ပြင်းပြင်းထန်ထန် ကာကွယ်ပေးခြင်း သို့မဟုတ် ကူညီပေးခြင်း ပြုလုပ်ခဲ့မည်ဆိုပါက သူ၏ အစီအစဉ်မှာ ပျက်စီးသွားနိုင်သည်။

ထို့ကြောင့်ပင် သူသည် ဥက္ကဋ္ဌ၏ လွှမ်းမိုးမှုကို ဖယ်ရှားပစ်ရန် လိုအပ်ပြီး ကျိုးထျန်းအား အထီးကျန်ဖြစ်စေကာ အကူအညီမဲ့နေစေခြင်းဖြင့် မိမိစိတ်ကြိုက် ခြယ်လှယ်နိုင်ရန် ဖြစ်သည်။

သို့သော်လည်း ဥက္ကဋ္ဌမှာမူ တရားမျှတပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်သဖြင့် မစ္စတာဖန့်၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ကျိုးထျန်းအပေါ် ဒေါသမထွက်ခဲ့ချေ။

ထို့အပြင် စီအီးအိုကျန်းက မစ္စတာဖန့်၏ ရည်ရွယ်ချက်များကို ဖော်ထုတ်လိုက်ပြီ ဖြစ်သဖြင့် သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

သူက မစ္စတာဖန့်အား သူ့ကို ထပ်မံ မနှောင့်ယှက်ရန် လက်ဟန်ပြလိုက်ပြီးနောက် အောက်ထပ်သို့ အားမာန်ပါပါဖြင့် လျှောက်လှမ်းဆင်းလာခဲ့သည်။

စီအီးအိုကျန်းကလည်း မစ္စတာဖန့်အား လှောင်ပြုံး ပြုံးပြလိုက်သည်။

ယခုအခါ ဥက္ကဋ္ဌမှာ ရပ်တည်ချက်ကို သိရှိသွားပြီဖြစ်ရာ အသင်းအဖွဲ့အတွင်း မစ္စတာဖန့်အတွက် နေရာ ရှိတော့မည် မဟုတ်ချေ။

ထို့အပြင် ဥက္ကဋ္ဌသည် ရှန်ဟိုင်းရှိ မစ္စတာဖန့်၏ ရပ်တည်မှုကို ဖိနှိပ်ရန် အခြားလူများနှင့် သေချာပေါက် ပူးပေါင်းဆောင်ရွက်ပေလိမ့်မည်။

သစ္စာဖောက်တစ်ယောက်၏ ကံကြမ္မာမှာ ကောင်းမွန်နိုင်မည် မဟုတ်ပေ။

အောက်ထပ်တွင်မူ...

၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ရင်ဆိုင်နေကြဆဲ ဖြစ်သည်။

ကျိုးထျန်းက စကားမပြောဘဲ ထိုဖက်လူအား တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ပြီး သူ့စိတ်ထဲတွင် ထိုကောင်အား သေဒဏ် ပေးထားပြီးသား ဖြစ်သည်။

"စီအီးအိုကျိုး... ကြည့်ရတာ မင်း အခက်အခဲအချို့နဲ့ ကြုံတွေ့နေရတဲ့ပုံပဲ"

ဥက္ကဋ္ဌသည် ပြုံးလျက် လျှောက်လှမ်းလာခဲ့ပြီး သူ့ပုခုံးကို ပုတ်ကာ နောက်ဆုံးတွင် သူ့အား အနည်းငယ် ပြန်လည်တည်ငြိမ်သွားစေခဲ့သည်။

"ဥက္ကဋ္ဌကြီးခင်ဗျာ... ဥက္ကဋ္ဌကြီးတို့ ထမင်းစားတာကို အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါက ပျော်ရွှင်စရာ အခိုက်အတန့် ဖြစ်သင့်တာကို ပိုးကောင်လေးတွေက လာပြီး နှောင့်ယှက်နေကြတယ်၊ တကယ့်ကို ရွံရှာစရာကောင်းလိုက်တာ"

သူက တစ်ဖက်လူနှင့် လုံးဝ ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူ့စကားလုံးများမှာ သဘာဝကျစွာပင် ချိုသာမနေတော့ချေ။

"မစ္စတာကျိုး... စိတ်မပူပါနဲ့၊ ငါ့ရဲ့ မျက်နှာက ရှန်ဟိုင်းမှာတော့ အတိုင်းအတာတစ်ခုအထိ အလေးသာပါသေးတယ်၊ ငါ မင်းအတွက် စကားအနည်းငယ် ပြောပေးပြီး ဒီနေ့ကိစ္စကို အရင်ဆုံး ပြေလည်အောင် ရှင်းပေးပါ့မယ်၊ ပြီးမှ ငါတို့ အဖြေတစ်ခုကို အတူတူ ဆွေးနွေးကြတာပေါ့"

ဥက္ကဋ္ဌက သူ့အား ကူညီရန် သေချာပေါက် ဆန္ဒရှိနေသည်ကို မြင်လိုက်ရသဖြင့် ကျိုးထျန်း စိတ်သက်သာရာရသွားခဲ့ပြီး သူ၏ အစောပိုင်း ဒေါသများမှာလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခဲ့သည်။

"ကောင်းပါပြီ... ဒါဆိုရင်တော့ ဥက္ကဋ္ဌကြီးကို ဒုက္ခပေးရတော့မှာပေါ့"

သူသည်လည်း စားသောက်ဆိုင်အား ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်စေရန် လုပ်ဆောင်ခြင်းမှာ ပထမဦးစားပေး ပန်းတိုင်ဖြစ်ကြောင်း ခံစားမိသည်။

ဆွေ့ယွင်ကျန်းနှင့် ပတ်သက်၍မူ ထိုအကြွေးကို သေချာပေါက် ကောင်းကောင်း ရှင်းရပေလိမ့်မည်။

ဥက္ကဋ္ဌသည် စကားပြောဆို ဆက်သွယ်ရန်အတွက် ဈေးကွက်စောင့်ကြည့်ကြီးကြပ်ရေး အရာရှိများဆီသို့ ချဉ်းကပ်သွားခဲ့သည်။

"ခင်ဗျားတို့အားလုံးက မြင်ဖူးသလိုမရှိဘူးပဲ၊ ခင်ဗျားတို့ ဘယ်ဘက်ကလဲဆိုတာ မေးပါရစေ... ကျင့်အန်းခရိုင် (ငြိမ်သက်ခြင်းခရိုင်) ကလား ဒါမှမဟုတ် ဗဟိုဌာနချုပ်ကလား"

ဤစားသောက်ဆိုင်မှာ ကျင့်အန်းခရိုင်တွင် တည်ရှိခြင်းဖြစ်သော်လည်း ဈေးကွက်စောင့်ကြည့်ကြီးကြပ်ရေးဦးစီးဌာနမှာ ရှန်ဟိုင်း၏ ဗဟိုချက်မဖြစ်သော ဟွမ်ဖူခရိုင် (ဗဟိုခရိုင်) တွင် တည်ရှိသည်။

စကားကို ဆက်လက်မပြောဆိုမီ ယင်းကို ရှင်းလင်းအောင် ပြုလုပ်ရန် လိုအပ်ပေသည်။

"ကျွန်တော်တို့က ကျင့်အန်းခရိုင်ကပါ၊ ခင်ဗျားက ဘာကို ဆိုလိုတာလဲ"

ဤလူများသည် အစောပိုင်းက ကျိုးထျန်း၏ ခန့်ညားထည်ဝါသော အရှိန်အဝါကြောင့် လန့်ဖျန့်နေခဲ့ကြခြင်းဖြစ်သည်။

ယခုအခါတွင် အဆင့်အတန်းတစ်ခု ရှိပုံရသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ၎င်းတို့ဆီသို့ ချဉ်းကပ်လာသဖြင့် ၎င်းတို့မှာ မတတ်သာဘဲ ပျာယာခတ်သွားခဲ့ကြပြီး အစောပိုင်းကကဲ့သို့ မောက်မာမှုများ လုံးဝ ပျောက်ဆုံးသွားသည်။

"အို... ကျင့်အန်းခရိုင်ကလား၊ ငါက ခင်ဗျားတို့ရဲ့ ညွှန်ကြားရေးမှူး ကျောက်နဲ့ မိတ်ဆွေတွေပါ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် အတူတူ ထမင်းစားခဲ့ကြသေးတယ်"

ဥက္ကဋ္ဌသည် လိမ်လည်နေခြင်း မဟုတ်ချေ။

ဤလုပ်ငန်းနယ်ပယ်တွင် ဝါရင့်ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူသည် ဤဌာနများရှိ လူများနှင့် သဘာဝကျစွာပင် အလွန် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ အထက်လူကြီးနှင့်လည်း အမှန်တကယ်ပင် ထမင်းအတူ စားခဲ့ဖူးသည်။

"ဒီလိုလုပ်ပါလား... ခင်ဗျားတို့ဘက်က ပြုပြင်ရမယ့် အကြံပြုချက်တွေကို အရင်ဆုံး ထုတ်ပေးပါ၊ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးသွားရင် ညွှန်ကြားရေးမှူး ကျောက်ဆီကို ကိုယ်တိုင် သွားရောက်အစီရင်ခံပါ့မယ်၊ အဲဒါဆိုရင် ခင်ဗျားတို့လည်း ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေစရာ မလိုတော့ဘူးပေါ့... ဘယ်လိုလဲ"

"ဒါက..."

ခေါင်းဆောင်ဖြစ်သူက ဆွေ့ယွင်ကျန်းအား လှမ်းကြည့်လိုက်ပြီး အနည်းငယ် အကျပ်ရိုက်နေသည့် အမူအရာကို ပြသလာခဲ့သည်။

သူသည် ဆွေ့ယွင်ကျန်း၏ မိသားစုနောက်ခံကို သိရှိထားသဖြင့် ယနေ့တွင် လာရောက်၍ "ကူညီ" ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤနေရာတွင် ရှိနေသူများအနက် သူတစ်ဦးတည်းသာ ဌာနခွဲမှူးတစ်ဦး ဖြစ်ပြီး အခြားလူများမှာမူ ဗျူရိုညွှန်ကြားရေးမှူးချုပ်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်သော လူများသာ ဖြစ်ကြသည်။

ဆွေ့ယွင်ကျန်းသည် မျက်မှောင်ကြုတ်လိုက်မိပြီး ယင်းက စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ဥက္ကဋ္ဌက ခြေလှမ်းစတင်လိုက်ပြီ ဖြစ်သဖြင့် သူသည်လည်း ဆက်လက်၍ အလောင်းအစားလုပ်ရပေလိမ့်မည်။

မဟုတ်ပါက လုံးဝ အသာစီးပေးလိုက်ရမည်ဖြစ်ပြီး ဤခရီးစဉ်မှာလည်း အချည်းနှီး ဖြစ်သွားရပေလိမ့်မည်။

All Chapters