အခန်း ၂၈၂
Vol. 29 Ch. 282
🍋 Chapter 282
သူ ခေါ်လာသည့် လူများမှာမူ အရေးမပါသည့် သူများသာဖြစ်ရာ အလွယ်တကူ စွန့်ပစ်ခံလိုက်ရသည်။
ဆွေ့ယွင်ကျန်းသည် သူတို့၏ ကံကြမ္မာကို ဂရုမစိုက်သော်လည်း ဘာဆက်ဖြစ်လာမလဲဆိုသည်ကိုမူ စိုးရိမ်လာသည်။
အာဏာပိုင်များမှာ သူ မြေပြင်ပေါ် လဲလျောင်းနေသည်ကို ဝင်ဝင်ချင်းကတည်းက ရှင်းရှင်းလင်းလင်း မြင်သော်လည်း မမြင်ယောင်ဆောင်နေခဲ့ကြသည်။
‘ဒါ ဖြစ်နိုင်ပါ့မလား။ ဒါ ပုံမှန်ပဲလား’
‘သူတို့ ကျိုးထျန်းကို ကူညီဖို့ ဖုန်းခေါ်မယ်လို့ ပြောတာက တကယ်ပဲလား’
‘ဒီအရာတွေအားလုံးက တကယ့်အဖြစ်အပျက်တွေလား’
‘သူ မယုံကြည်ချင်သော်လည်း တခြားမရှိတော့ပေ’
အတွင်းရေးမှူးကျန်း၏ အမူအရာ၊ သူ့ကို ဒေါသတကြီး အော်ဟစ်ခဲ့သည့် ပုံစံများကို ပြန်တွေးကြည့်လျှင် သူ့ကို သတ်ပစ်ချင်နေမှန်း သိသာသည်။
တွေးလေ ပို၍ စိုးရိမ်လေ ဖြစ်လာသည်။ သူ အသက်ချမ်းသာပေးရန် တောင်းပန်ချင်သော်လည်း ပါးစပ်မှ အသံထွက်မလာပေ။
"ဆက်လုပ်!"
နောက်ထပ် မီးညှိထားသော ဆေးလိပ်တစ်ချောင်းကို သူ့ရှေ့တွင် ထားလိုက်သည်။
ထိတွေ့လိုက်သည်နှင့်အတူ အသားလောင်သည့် အသံနှင့် အနံ့တို့ ထွက်ပေါ်လာပြန်သည်။
ရှေးခေတ်ကာလများတွင် ပြစ်မှုကျူးလွန်သူများကို တက်တူးထိုးသည့် ပုံစံဖြင့် အပြစ်ပေးလေ့ရှိသည်။
အရွယ်အစား အမျိုးမျိုးရှိသော အပ်များဖြင့် ပြစ်မှုကျူးလွန်သူ၏ မျက်နှာပေါ်တွင် စာလုံးများ ထိုးသွင်းခြင်း၊ ပြည်နှင့် သွေးများကို ညှစ်ထုတ်ခြင်း၊ ထို့နောက် အနာများပေါ်တွင် ဆိုးဆေးတစ်မျိုး လိမ်းပေးခြင်းမျိုးဖြစ်သည်။
အပြစ်က သေးငယ်ပါက သို့မဟုတ် အကျဉ်းသား၏ မိသားစုက ငွေပေးထားပါက အနုဆုံး အပ်နှင့် အဖျော့ဆုံး မင်ကိုသာ သုံးကြသည်။
အကယ်၍ အကျဉ်းသားကို မုန်းတီးပြီး နောင်တမရပါက အထူဆုံး အပ်နှင့်အတူ ရေဘဝဲမင်ကို သုံးကာ တစ်သက်လုံး မပျက်နိုင်သည့် အမှတ်အသားကို ထားခဲ့ကြသည်။
သို့သော် မည်သည့်အပ်မျှ ဆေးလိပ်လောက် မထူနိုင်ပေ!
ဆေးလိပ်ကို မီးညှိပေးသည့် ကိုယ်ရံတော်မှာ အတော်ပင် စေ့စပ်သည်။ သူသည် ဆေးလိပ်တိုကို စုတ်တံအဖြစ် သုံးကာ ဆွေ့ယွင်ကျန်း၏ နဖူးပေါ်တွင် စာလုံးနှစ်လုံး ရေးလိုက်သည်။
"SB" (မိုက်မိုက်ရူးရူး)
အလွန်ကို ကိုက်ညီလွန်းနေပြီး ကျိုးထျန်းက သူက ကျွမ်းကျင်သူပဲဟု ချီးကျူးလိုက်သည်။
"ကောင်းလိုက်တာ၊ တည့်တည့်ကြီးကို ထိသွားတာပဲ" ဟု ချောင်ကျွင်းကျဲလည်း လက်မထောင်၍ အားပေးနေသည်။
အစပိုင်းတွင် သူ မြေပြင်ပေါ်တွင် ညှဉ်းပန်းနှိပ်စက်ခံနေရသည်ကို မြင်ရသဖြင့် မိန်းကလေးနှစ်ယောက်မှာ ကြည့်မနေနိုင်တော့ပေ။
သူက ကျိုးထျန်းကို ဒုက္ခပေးရန် ကြိုးစားနေသည်ကို သိပေသည်။ အပြစ်ပေးရန်အတွက် သူတို့နှစ်ယောက်ပင် ခြေထောက်ဖြင့် ကန်ရန် စဉ်းစားခဲ့ဖူးသည်။
သို့သော် နှိပ်စက်ခံနေရသောမြင်ကွင်းနှင့် နာကျင်စွာ ညည်းတွားနေသံများက သူတို့ကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ဟယ်ဝေရွှမ်းတစ်ယောက်သာ အေးဆေးတည်ငြိမ်နေပြီး လုံးဝ မကြောက်ရွံ့ပေ။
မိန်းကလေးတစ်ယောက်နှင့် လုံးဝ မတူပေ။
သူ့နဖူးပေါ်ရှိ စာလုံးများကို မြင်လိုက်ရသည့်အခါ လူတိုင်း ရယ်မောမိကြသည်။
"ဟုတ်ပြီ၊ မစ္စတာကျိုး၊ ဒီကိုယ်ရံတော်ကို ဘယ်ကနေ ရှာတွေ့တာလဲ။ အရည်အချင်းရှိရုံတင်မကဘဲ အလုပ်လုပ်တာလည်း တကယ့်ကို ထိရောက်တယ်။ နောက်ထပ် လူတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပါလား"
"ဟုတ်တယ်၊ သူတို့အားလုံးက တကယ့် အရည်အချင်းရှိသူတွေပဲ။ ကျွန်တော်တို့လည်း လိုချင်တယ်"
ကျိုးထျန်းက လက်ကို ဝှေ့ယမ်းကာ ငြင်းပယ်လိုက်သည်။
မပေးချင်၍ မဟုတ်ပေ။
သူ့တွင် လူမရှိတော့သလို၊ အထူးသဖြင့် တရုတ်စကား ပြောနိုင်သည့် အာရှလူမျိုးများမှာ လက်ချိုးရေ၍ ရလောက်အောင်သာ ရှိသည်။
ယဉ်ကျေးသော လူကြီးလူကောင်းတို့သည် သူတစ်ပါး လိုချင်သည်ကို မတောင်းဆိုကြရာ ကျိုးထျန်း ငြင်းလိုက်သည့်အခါ ကျန်သူများလည်း ဆက်မပြောကြတော့ပေ။
ထိုအချိန်တွင် အခန်းထဲ၌ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
လူတိုင်း ဖုန်းထုတ်ကြည့်ကြသော်လည်း သူတို့ဖုန်းများ မဟုတ်ကြပေ။
အသံလာရာနောက်သို့ လိုက်သွားပြီး ကျိုးထျန်းက ဆွေ့ယွင်ကျန်း၏ အိတ်ကပ်ထဲမှ မြည်နေသည့် ဖုန်းကို ဆွဲထုတ်လိုက်သည်။
"သူ့ဖုန်းပဲ"
အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
ကျိုးထျန်းက အချက်ပြလိုက်ရာ ကိုယ်ရံတော်က ဆွေ့ယွင်ကျန်း၏ မေးရိုးကို ပြန်တင်ပေးပြီး ခန္ဓာကိုယ်ကို ဖိထားလိုက်သည်။
မေးရိုးပြန်ဝင်သွားသော်လည်း ဒီတစ်ခါတွင် ဆွေ့ယွင်ကျန်း မဆဲဆိုတော့ပေ။
သူ ကြောက်နေပြီဖြစ်သည်။
"ဖုန်းဖြေလိုက်။ စကားကို သေချာပြော။ မဆိုင်တာတွေ မပြောမိအောင် သတိထား"
ဖုန်းမျက်နှာပြင်ပေါ်တွင် "ဦးလေး" ဟု ပေါ်နေသည်။ ဆွေ့ယွင်ကျန်းသည် တုန်ရီနေသော လက်ဖြင့် ဖုန်းကို ကိုင်လိုက်သည်။
ထုံနေသော လက်ချောင်းများဖြင့် အကြိမ်ကြိမ် ပွတ်ဆွဲပြီးနောက်မှ ဖုန်းကို လက်ခံလိုက်နိုင်သည်။
"ဟဲလို ဦးလေး၊ ကျွန်တော့်ကို ကယ်ပါဦး!"
လူအများစုမှာ အခက်ခဲဆုံးအချိန်တွင် မိသားစု သို့မဟုတ် သူငယ်ချင်းများကိုသာ အကူအညီတောင်းကြသည်။
သို့သော် သူက မတူပေ။
အမြဲတမ်း သူ့ဦးလေးအကြောင်းကိုသာ ပြောနေတတ်သူဖြစ်ပြီး ယခု ဒုက္ခရောက်သောအခါ ဖုန်းထဲတွင် ငိုယိုကာ အသည်းအသန် အကူအညီတောင်းနေသည်။
သူ့အဖေတွင် တစ်ဦးတည်းသော ညီရှိပြီး ငယ်စဉ်ကတည်းက သူ့ကို အလွန်ချစ်သည်။
အသုံးအဆောင် အဝတ်အစား အစားအသောက်ကောင်းများအားလုံးကို သူ့ညီဖြစ်သူကိုသာ အမြဲပေးသည်။
ဤညီအစ်ကို ချစ်ခင်မှုမှာ ခိုင်မြဲပြီး နောက်မျိုးဆက်ဆီသို့ အမွေဆက်ခံခဲ့သည်။
ငယ်စဉ်ကတည်းက ဆွေ့ယွင်ကျန်းသည် သူ့ဦးလေးထံတွင် စာဖတ်ခြင်းနှင့် စာရေးခြင်းကို သင်ယူခဲ့ရပြီး တက္ကသိုလ်ဘွဲ့ရကာ ပထမဆုံး စီးပွားရေးလုပ်ငန်း စတင်သည့်အခါတွင်လည်း အခွင့်အရေးပေးခဲ့သူမှာ သူ့ဦးလေးပင် ဖြစ်သည်။
အစ်ကိုဖြစ်သူ၏ ချစ်ခင်မှုကြောင့် တူဖြစ်သူကို အလိုလိုက်လွန်းသည်။
ထို့ကြောင့် ဆွေ့ယွင်ကျန်းသည် သူ့မိဘများ၊ သူငယ်ချင်းများထံမှ အဆူခံရဖူးသော်လည်း သူ့ဦးလေးထံမှ တစ်ခါမျှ အဆူမခံရဖူးပေ။
သူ အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ခံထားရသည်။ ဘယ်သူမှ သူ့ကို မဆူရဲကြပေ။
သို့သော် ၎င်းမှာ အလွန် ပြင်းထန်သော အကျိုးဆက်ကို ဖြစ်ပေါ်စေသည်။
ဆွေ့ယွင်ကျန်းမှာ ရွေးချယ်စရာ တစ်ခုတည်းသာ ရှိသည်။
ဦးလေးအကြောင်း ထုတ်ပြောခြင်းပင်။
အမြဲတမ်း အဆင်ပြေခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ ကျိုးထျန်းနှင့် တွေ့လိုက်ရသည်။
အတိတ်က အတွေ့အကြုံကို ယုံမှားကာ မှားယွင်းသည့် အပြုအမူပင်!
သူ့ဦးလေး ဖုန်းခေါ်နေမှန်း သိသော်လည်း သူ့၏ ပထမဆုံး တုံ့ပြန်မှုမှာ အကူအညီတောင်းရန် ဖြစ်နေပြီး အနည်းငယ် ကောင်းသွားသည့် ပါးစပ်မှာလည်း မဆိုင်တာတွေ ပြန်ပြောနေပြန်သည်။
"ဦးလေး၊ သူတို့ ကျွန်တော့်ကို ရိုက်တယ်!"
"သူတို့က ကျွန်တော့်ကို ဆေးလိပ်နဲ့တောင် ထိုးတယ်!"
"ဦးလေး သူတို့ကို လက်စားချေပေးရမယ်! ကျွန်တော် အဲဒီကောင်တွေကို ထောင်ထဲ ပို့ပစ်မယ်၊ ပြီးရင် သူတို့ လက်တွေကို ရိုက်ချိုးဖို့ လူလွှတ်ပေးလိုက်မယ်!"
ဟား.. ဟား!
ကျိုးထျန်း ရယ်လိုက်မိသည်။
သူ့ကို အထင်သေး၍ မဟုတ်၊ သို့မဟုတ် သူ့အစီအစဉ်ကို ရယ်စရာကောင်းသည်ဟု ထင်၍ မဟုတ်ပေ။
ထိုငတုံး ငိုယိုပြီး တိုင်တန်းနေပုံက အလွန်ကို ကြည့်ရဆိုးနေ၍ဖြစ်သည်။
ငိုယို အော်ဟစ်ကာ ခြေထောက်ကို ပုတ်ခတ်နေသည့် ပုံစံမှာ ကလေးတစ်ယောက်ထက်ပင် ဆိုးရွားနေသည်။
ကျန်ရှိနေသည့် လုပ်ငန်းရှင်ကြီးများမှာလည်း ယင်းကို ရယ်စရာတစ်ခုကဲ့သို့ ကြည့်နေကြသည်။
ဟယ်ဝေရွှမ်းကမူ စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ကြည့်နေသည်။
အိမ်သာထဲ ပစ်ချပြီး ရေဆွဲချလိုက်ချင်သည့် အထိ စက်ဆုပ်နေသည်။
သူမကိုယ်တိုင်က ပြတ်သားသူတစ်ယောက်ဖြစ်ရာ အသုံးမကျသည့် ယောကျာ်းသားကို မြင်ရသည်မှာ သူမကို ကျောချမ်းသွားစေသည်။
သို့သော် ကျိုးထျန်းကို ပြန်ကြည့်လိုက်သည့်အခါ သူမ၏ စိတ်အခြေအနေမှာ အနည်းငယ် ကောင်းမွန်သွားသည်။
သူမသည် ကျိုးထျန်း၏ လက်စားချေတတ်သည့် သဘာဝကို နှစ်သက်သည်။
သူမကိုယ်တိုင်ကလည်း တစ်နေ့တာ အငြိုးအတေးကို နောက်တစ်နေ့အထိ မထားတတ်ပေ။
ချက်ချင်း လက်စားချေတတ်သူ ဖြစ်ရာ ကျိုးထျန်း၏ လုပ်ရပ်ကို သဘောကျသည်။
အနည်းဆုံးတော့ သူမ၏ အမြင်တွင် ယောကျာ်းတစ်ယောက်သည် ပြတ်သားရမည်။
မဟုတ်ပါက အသုံးမကျသည့် သူရဲဘောကြောင်သူသာ ဖြစ်သည်။
ယခုအချိန်တွင်တော့ သူမ၏ အမြင်၌ အသုံးမကျသူသည် ဖုန်းထဲတွင် အော်ဟစ်အကူအညီတောင်းနေဆဲဖြစ်ပြီး အသံမှာ အခန်းတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
အောက်ထပ်တွင် လူနည်းနည်းသာ မဟုတ်ခဲ့ပါက ဧည့်သည်အားလုံး ဝက်အော်သံကဲ့သို့ အော်နေသည်ကို ကြားလိုက်ရပေလိမ့်မည်။
ဆွေ့ယွင်ကျန်း၏ အော်ဟစ်သံများမှာ အလွန် ပြင်းထန်နေသဖြင့် ကျိုးထျန်းပင် သူ့ကို ကန်ချင်စိတ် ပေါက်လာသည်။
သို့သော် သူ့၏ ဒရာမာဆန်ဆန် အော်ဟစ်မှုမှာ လိုချင်သည့် ရလဒ်ကို မရရှိခဲ့ပေ။
အတိတ်က အတွေ့အကြုံများအရဆိုပါက သူ့ဦးလေးသာ သူ အနိုင်ကျင့်ခံရသည်ကို၊ အထူးသဖြင့် အရိုက်ခံရသည်ကို ကြားလိုက်ရပါက ဒေါသထွက်ပြီး သူ့အတွက် ချက်ချင်း ဖြေရှင်းပေးလေ့ရှိသည်။
သူသည် တစ်စုံတစ်ယောက်က သူ့နောက်ကွယ်မှ ရှင်းပေးနေကျကို ကျင့်သားရနေပြီ ဖြစ်သည်။
တစ်ခုခုဖြစ်လာတိုင်း သူ့အတွက် ဖြေရှင်းပေးမည့်သူ အမြဲရှိနေခဲ့သည် မဟုတ်ပါလား။
ပြီးခဲ့သည့်အကြိမ် franchisees ရာဂဏန်းကို လိမ်လည်ခဲ့စဉ်ကပင် သူ အကြပ်ရိုက်ပြီး လူအုပ်ကြီး၏ အနင်းခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။
သို့သော် သူ့ဦးလေးက ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် ပြဿနာပြေလည်သွားပြီး နောက်ပိုင်း ဘယ်သူမှ သူ့ကို လာမနှောင့်ယှက်တော့ပေ။
သို့သော် ယခုတစ်ခါမှာ မတူတော့ပေ။ သူ သုံးမိနစ်ကြာအောင် အော်ဟစ်နေသော်လည်း ရပ်တန့်သွားမည့် အရိပ်အယောင်မရှိပေ။
ဖုန်းတစ်ဖက်မှ ဘာစကားသံမှ ထွက်မလာဘဲ အသက်ရှူသံပြင်းပြင်းသာ ကြားရသည်။
ဆွေ့ယွင်ကျန်းက ပြဿနာကို လုံးဝ မရိပ်မိဘဲ သူ့သရုပ်ဆောင်မှုကို ဆက်လုပ်နေသည်။
နောက်ဆုံးတွင် အသက်ရှူသံပြင်းပြင်းများ အပြီး၌ အသက်အရွယ်ကြီးရင့်သော လူကြီးတစ်ယောက်၏ ဒေါသထွက်နေသည့် အသံ ထွက်ပေါ်လာသည်။
"သောက်ကျိုးနည်းကောင်၊ ပါးစပ်ပိတ်လိုက်တော့!"