အခန်း ၂၈၅
Vol. 29 Ch. 285
🍋 Chapter 285
ဝတုတ်၏ ပြတ်သားသည့် သဘောထားကြောင့် ဖုန်းတစ်ဖက်မှလူမှာ အတော်ကြာသည်အထိ စကားမပြောနိုင်ဘဲ တိတ်ဆိတ်နေသည်။
ကျောက်ချန်ကန်းသည် မျက်ပြင်ကို ပွတ်သပ်ရင်း သွားများကို ကြိတ်ထားသည်။
‘ဟာ...’
‘ငါလည်း အဆင့် (၄) အရာရှိတစ်ယောက်ပဲ။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစုရဲ့ ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်မယ်လို့ ထင်ခဲ့တာ’
‘ဒါပေမဲ့ အခုတော့ ငါဟာ အသေးအဖွဲလေး တစ်ခုလောက်ပဲ ရှိတာကိုး။ တကယ့် လူတွေရှေ့မှာဆိုရင် ငါဟာ ဘာမှ မဟုတ်ဘူးပဲ’
ဝတုတ်သည် ဖုန်းထဲမှ သက်ပြင်းချသံကို ကြားရသော်လည်း တစ်ဖက်လူမှာ မတတ်သာ၍သာ ဖြစ်ပြီး အမှန်တကယ် နောင်တရနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။
၎င်းမှာ အဆင်မပြေပေ။
တစ်ဖက်လူက အငြိုးအတေးထားနေပြီး တစ်နေ့နေ့တွင် လက်တုံ့ပြန်ချင်လာပါက ကျိုးထျန်းသာမက သူပါ အခက်တွေ့နိုင်သည်။
အမှောင်ထဲမှ ပစ်ခတ်လာမည့် မြားကို ကာကွယ်ရန် ခက်ခဲသဖြင့် အနာဂတ်အတွက် ပြဿနာကို ယခုပင် အမြစ်ဖြတ်ရမည်ဖြစ်သည်။
သို့သော် တစ်ဖက်လူ၏ အဆင့်အတန်းမှာလည်း နိမ့်ကျသည်မဟုတ်ပေ။ အတင်းအကျပ် ဖိအားပေးလိုက်လျှင် တစ်ဖက်လူက ပုန်ကန်လိုစိတ် ဖြစ်လာနိုင်သည်။
ဝတုတ်မှ စိတ်မရှည်ဖြစ်နေသည်ကို မြင်သောအခါ ကျိုးထျန်းက သူထက် ပို၍ ရှင်းလင်းသော အသိစိတ်ဖြင့် ဝင်ရောက်ထိန်းကျောင်းလိုက်သည်။
သူသည် တစ်ဖက်လူမှာ အတော်လေး ဒုက္ခပေးနိုင်သည့်အဆင့် ဖြစ်ကြောင်း နားလည်သဖြင့် ကောင်လေး၏ ပခုံးကို ပုတ်၍ အတွင်းရေးမှူးကျန်းနှင့် လက်ရေးမူဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
ဝတုတ်သည် တစ်စက္ကန့်မျှ ရပ်တန့်သွားပြီးနောက် သူ မေ့သွားသည့်အချက်ကို သတိရသွားသည်။
သူ့ဦးလေးသည် မြို့တော်မှ ဖြစ်သော်လည်း လွှမ်းမိုးနိုင်မှုမှာ ဤနေရာအထိ မရောက်နိုင်ပေ။
သူသည် ခြိမ်းခြောက်နိုင်စွမ်း ရှိသော်လည်း လက်တွေ့အကျိုးသက်ရောက်မှု အားနည်းနေသည်။
တစ်ဖက်လူ၏ တွန့်ဆုတ်နေမှုမှာ သူကိုယ်တိုင် စိတ်ကူးယဉ်နေ၍ ဖြစ်သည်။
သူသည် မိမိလုပ်စရာရှိသည်ကို လုပ်ပြီး တောင်းပန်ပြီးပြီဖြစ်ရာ ထိုလူကြီးက သူ့ကို ဘာမှ လုပ်မှာမဟုတ်ဟု ထင်နေပုံရသည်။
ကျိုးထျန်းမှ အုပ်ချုပ်ရေးမှူးရှဲ့အကြောင်း သတိပေးလိုက်မှသာ သူတို့လည်း အဆုံးထိ သွားသင့်ပြီဖြစ်သည်။
"အော်.. ဝန်ကြီးကျန်း၊ ဒီနေ့မှာ အတွင်းရေးမှူးကျန်းလည်း ရှိနေတာကို သိလား။ လူတွေ အားလုံး ပျော်ရွှင်နေကြတဲ့အချိန်မှာ ခင်ဗျားတူက အဲဒီ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်လိုက်တာပဲ။"
ကျောက်ချန်ကန်းသည် အတွင်းရေးမှူးကျန်း ဆိုသည့်နာမည်ကို ချက်ချင်း မရိပ်မိပေ။
အတွင်းရေးမှူးတွေက များပြားလှပြီး နာမည်တူသူတွေလည်း ရှိနေနိုင်သည်။
"ပြီးတော့ အတွင်းရေးမှူးကျန်းက ကျိုးထျန်းအတွက် အုပ်ချုပ်ရေးမှူးရှဲ့ရဲ့ လက်ရေးမူကို ယူလာပေးတာ။ အခုတော့ ခင်ဗျားတူက ဝိုင်နီနဲ့ အဲဒါကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒီကိစ္စကို ဘယ်လို ရှင်းမလဲ။"
ကျောက်ချန်ကန်းသည် ဘယ်သူဆိုသည်ကို ချက်ချင်း ရိပ်မိသွားသည်။ အုပ်ချုပ်ရေးမှူးရှဲ့ဆိုသည်မှာ သူတို့၏ အထက်လူကြီး၊ တိုက်ရိုက်အမိန့်ပေးနိုင်သူ ဖြစ်သည်။
ထိုသူသည် မကြာမီ မြို့တော်သို့ ပြောင်းရွှေ့တော့မည်ဟုလည်း သူ ကြားထားသည်။
ထိုသတင်းကို တခြားသူတွေဆီမှ ဖုံးကွယ်ထားနိုင်သော်လည်း အလုပ်တူ၊ အဆင့်တူဖြစ်သဖြင့် သူ ချက်ချင်း သိလိုက်ရသည်။
သူသည် မိမိထက် ပိုမိုတောက်ပသော အနာဂတ်ရှိသူကို ချီးကျူးနေမိသေးသည်။
ယခုမူ သူ့တူက အုပ်ချုပ်ရေးမှူးကို ပုတ်ခတ်မိသဖြင့် သူ၏ ပခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခု ထပ်တိုးလာပြီဖြစ်သည်။
တောင်တစ်လုံးပြီးနောက် နောက်ထပ် တောင်တစ်လုံးက ထပ်ဖိထားသလိုပင်။ အလွန်လေးလံပြီး အလွန်ခက်ခဲလှသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူးရှဲ့၏ နောက်ကွယ်တွင် ဘယ်သူရှိသလဲဆိုတာကိုလည်း သူ သိသည်။ ရှဲ့အုပ်ချုပ်ရေးမှူး၏ စရိုက်ကိုလည်း သူ သိသည်။
သူသည် လက်ရေးမူကို လွယ်လွယ်နှင့် ပေးမည့်သူ မဟုတ်ပေ။ ရင်းနှီးသူမှသာ ရနိုင်မည့် အရာဖြစ်သည်။
ယခုမူ သူ့တူက ဒေသခံအနေဖြင့် အုပ်ချုပ်ရေးမှူး၏ စာကို ဖျက်ဆီးလိုက်ပြီး ၎င်းကို ရရှိသူကိုပင် ငွေညှစ်နေမိသည်။
ထိုသတင်းသာ အုပ်ချုပ်ရေးမှူး နားပေါက်သွားရင်၊ သူတို့နောက်ကွယ်က လူတွေ သိသွားလျှက် မလွယ်ပေ။
"ငါတောင် မပြောင်းရသေးဘူး၊ မင်းက အခုကတည်းက ရန်သူလုပ်နေပြီပေါ့။ ဘာလုပ်ဖို့ ကြံနေတာလဲ။ ငါ မြို့တော်ကို ပြောင်းသွားတော့မှာမို့လို့ မင်းက ငါ့ကို အနှောင့်အယှက်ပေးဖို့ ကြံနေတာလား"
အထက်လူကြီးများက အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည်ဟု ထင်သွားပါက သူ၏ အနာဂတ်သာမက အလုပ်ပါ ဆုံးရှုံးသွားနိုင်သည်။
ချောင်ကွမ်းရှန်းကြောင့်ပင် မောပန်းနေရရာမှ ယခု အုပ်ချုပ်ရေးမှူးကြောင့် စိတ်ပိုင်းဆိုင်ရာပါ ကုန်ခမ်းသွားရသည်။
"ဒီ.. မစ္စတာချောင်၊ ဆွေ့ယွင်ကျန်းကိုယ်စား ကျိုးထျန်းနဲ့ အားလုံးကို တောင်းပန်ပါတယ်။ ကျိုးထျန်းရဲ့ ဆုံးရှုံးမှုအားလုံးကို သူ တာဝန်ယူပါမယ်။ ကျွန်တော်လည်း တာဝန်ယူပါတယ်၊ စိတ်မပူပါနဲ့၊ တတ်နိုင်သလောက် အမြန်ဆုံး လျော်ကြေးပေးခိုင်းပါ့မယ်။"
"ပျက်စီးသွားတဲ့ လက်ရေးမူအတွက်ကတော့..."
"အဲဒီ လက်ရေးမူအတွက် သူ လျော်နိုင်မှာ မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးရှဲ့ သိသွားရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျား နားလည်သင့်တယ်။ ကျွန်တော်တို့က ဒီကိစ္စကို မသိချင်ယောင်ဆောင်ပေးနိုင်ပေမယ့် လုံလောက်တဲ့ လျော်ကြေးတော့ ပေးရမယ်”
“ ပြီးတော့ တရုတ်ဥပဒေအရ ငွေကြေးအမြောက်အမြား ငွေညှစ်ခြင်းဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်ရှိတာ အားလုံးသိတဲ့အတိုင်းပဲ။ ဒါကြောင့် ဒီလူကို တရုတ်ပြည်မှာ နောက်တစ်ခါ မမြင်ချင်တော့ဘူး"
၎င်းမှာ ကျိုးထျန်းက သူတို့ကို လမ်းညွှန်ထားသည့်အတိုင်းပင် ဖြစ်သည်။
ဒီလူကို ရှင်းထုတ်ပစ်ရန် တရုတ်ပြည်ပြင်ပသို့ ပို့လိုက်ရမည်။
"ပြဿနာမရှိပါဘူး၊ ကျွန်တော် တာဝန်ယူပါတယ်။ ဒီနေ့ကစပြီး ဆွေ့ယွင်ကျန်း တရုတ်ပြည်မှာ ခြေမချတော့ပါဘူး"
ကျောက်ချန်ကန်းမှာ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဆွေ့ယွင်ကျန်းမှာ သူ၏ အရင်းနှီးဆုံးတူ ဖြစ်သော်လည်း သူ၏ အရာရှိရာထူးက ပိုအရေးကြီးသည်။
ရာထူးပြုတ်သွားလျှင် ဆွေ့ယွင်ကျန်းလည်း ဒုက္ခရောက်မှာ အသေအချာပင်။
သူ့ကို ကာကွယ်ပေးမည့်သူ မရှိတော့လျှင် သူကျူးလွန်ထားသော ပြစ်မှုများအတွက် တစ်ပါတ်အတွင်းပင် ပြဿနာတက်လိမ့်မည်။
"ကောင်းပါပြီ၊ ဒါဆို ပြီးတာပဲ။ ဝန်ကြီးကျန်းက စကားတည်တဲ့သူလို့ ကျွန်တော် ယုံကြည်ပါတယ်"
ဖုန်းချလိုက်ပြီးနောက် ဝတုတ်နှင့် ကျိုးထျန်းတို့ လက်ချင်းရိုက်လိုက်သည်။ ကျိုးထျန်း ကျေနပ်သွားသည်။
တစ်ဖက်လူသာ တရုတ်ပြည်ပြင်ပ ရောက်သွားလျှင် သူ့ကံကြမ္မာမှာ ကျိုးထျန်း၏ လက်ထဲတွင်သာ ရှိတော့မည်။
"သူ့ကို အရင် ဆေးခန်းပို့လိုက်ပါ။ နဖူးက 'အနုပညာလက်ရာ' မပျက်စီးစေနဲ့။"
သူသည် ကိုယ်ရံတော်များအား အချက်ပြလိုက်သည်။
"အော်.. ပြီးတော့ မစ္စတာကျန်း ရှိသေးလား သွားကြည့်ပေးပါ။ ရှိရင် ကျွန်တော့်ဆီ ခေါ်လာခဲ့ပါ။"
ကိုယ်ရံတော် ထွက်သွားသည်။ အပြင်တွင် ချောင်းနားထောင်နေကြသည့် ဥက္ကဋ္ဌနှင့် မစ္စတာကျန်းတို့မှာ အထဲသို့ လဲကျမတတ် ဖြစ်သွားကြသည်။
"ဘာတွေ ဖြစ်နေကြတာလဲ ခင်ဗျားတို့နှစ်ယောက်က"
"ဟဲဟဲ၊ မစ္စတာကျိုး.. ခင်ဗျားကို စိတ်ပူလို့ ချောင်းကြည့်တာပါ..."
သူတို့သည် ချောင်းနားထောင်ခြင်းဖြင့် အံ့အားသင့်စရာကောင်းသော အချက်အလက်များစွာကို သိလိုက်ရသည်။
ကျိုးထျန်းတို့အဖွဲ့မှာ ဆွေ့ယွင်ကျန်း၏ ကျောထောက်နောက်ခံကို အလွယ်တကူပင် ဖိနှိပ်လိုက်နိုင်ခဲ့သည်။
သူတို့သည် ကျိုးထျန်းကို သာမန် ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားဟုသာ ထင်ခဲ့သော်လည်း ယခုအခါတွင် သူ၏ နောက်ကွယ်မှ အင်အားကြီးမားပုံကို သိလိုက်ရသဖြင့် အံ့အားသင့်နေကြသည်။