အခန်း ၂၉၈
Vol. 30 Ch. 298
🍋 Chapter 298
ဟွမ်ရှူဝင်၏ မျက်နှာအမူအရာမှာ ပို၍ပင် မောက်မာလာသည်။
သူမသည် မုယန်၏ အားနည်းချက်ကို ဖမ်းမိလိုက်ပြီဟု ထင်ကာ အခြေအနေကို ပြန်လှန်နိုင်ပြီဟု ယုံကြည်နေသည်။
သူမဘေးရှိ မိန်းကလေးနှစ်ယောက်ကလည်း "နင် တကယ်တော်တာပဲ" ဆိုသည့် အကြည့်ဖြင့် ကြည့်ကာ ချက်ချင်းပင် ထောက်ခံလိုက်ကြသည်။
"ဟုတ်တယ်၊ လျိုမုယန်၊ နင့်ရည်းစား သိသွားမှာ မကြောက်ဘူးလား"
"လူကြားထဲမှာတော့ သန့်သန့်လေးနဲ့ ဂုဏ်သိက္ခာရှိသလိုလိုနဲ့၊ တကယ်တော့ တစ်ယောက်တည်းကျမှ ဒီလိုမျိုးလား။ နင့်ရည်းစားရော သိရဲ့လား။ ငါတို့ သွားပြောပြပေးရမလား"
မိန်းကလေး သုံးယောက်မှာ အားရပါးရ ရယ်မောပြောဆိုနေကြပြီး အနိုင်ရသူပမာ ဝင့်ကြွားနေကြသည်။
"လျိုမုယန်၊ နင် ဒီပုံတွေကို နင့်ရည်းစားဆီ အထောက်အထားအဖြစ် ငါတို့ မပို့စေချင်ဘူးဆိုရင်တော့ နင့်အမှားကို ဝန်ခံလိုက်စမ်းပါ"
ဟွမ်ရှူဝင်သည် နှာခေါင်းရှုံ့ကာ အလွန်အမင်း ဝင့်ကြွားနေသည်။
"ပြီးတော့ ခုနက နင်ကြောင့် ငါ လန့်ပြီး ဖုန်းကွဲသွားတယ်။ အဲဒီအတွက် နင် လျော်ပေးရမယ်!"
သူမသည် မလှမ်းမကမ်းတွင် ကွဲအက်နေသော သူမ၏ ဖုန်းမျက်နှာပြင်ကို ကြည့်ကာ နှမြောတသစွာဖြင့် ကိုင်ထားသည်။
မုယန်သည် ထိုမိန်းကလေး သုံးယောက်ကို သနားစရာအကြည့်ဖြင့် ကြည့်လိုက်သည်။
သူတို့အားလုံးက အတန်းဖော်တွေ ဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် စရိုက်များ ကွာခြားနေရသနည်း။
ထိုအရာမှာ ယခုခေတ် ကျောင်းသူကျောင်းသားတို့၏ ပုံမှန်အခြေအနေများလား။
မုယန် နားမလည်နိုင်ပေ။ အနည်းဆုံးတော့ သူမ သူတို့၏ လုပ်ရပ်များကို သဘောမတူပေ။
ထို့ပြင် လက်ရှိ အခြေအနေနှင့် သူတို့၏ အပြုအမူများကို ကြည့်လျှင် သူတို့အမှားကို ကိုယ်တိုင်သဘောပေါက်လာရန် မဖြစ်နိုင်တော့ပေ။
သူတို့ကို ရှေ့ဆက်သွားစေရန် ပြင်ပမှ တွန်းအားပေးရန် လိုအပ်နေပြီဖြစ်သည်။
မုယန် ခဏတာ စဉ်းစားပြီးနောက် နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"နင်တို့ လွန်လွန်းနေပြီလို့ မထင်ဘူးလား"
"ငါတို့က အတန်းဖော်တွေပါ၊ ဘာလို့ ဒီလောက်ထိ ဖြစ်အောင် လုပ်နေရတာလဲ"
သူမသည် နူးညံ့စွာ ဖြောင်းဖျရန် ကြိုးစားသော်လည်း နူးညံ့သည့်နည်းလမ်းများမှာ အလုပ်မဖြစ်တတ်ပေ။
မည်သို့ဆိုစေ၊ လူတို့သည် အမှန်တကယ် အကျပ်အတည်း မတွေ့မချင်း ခေါင်းမာတတ်ကြသည်။
"ငါတို့က လွန်တယ်ဟုတ်လား ဒါပေမဲ့ နင့်လောက်တော့ မလွန်ပါဘူး" ဟု ဟွမ်ရှူဝင်က ခြေဖျားထောက်ကာ ပြုံး၍ ပြောသည်။
"ရည်းစားရှိလျက်နဲ့ နောက်ကွယ်မှာ ဖောက်ပြန်နေတာ၊အရင်ခေတ်ကဆိုရင် ဝက်လှောင်အိမ်ထဲထည့်ပြီး ရေနစ်သတ်တဲ့ အပြစ်မျိုးနော်!"
သူမသည် ရုပ်သံဇာတ်လမ်းတွဲများကို ကြည့်လေ့ရှိပြီး ထိုခေတ်နောက်ကျပြီး ရွံရှာဖွယ်ကောင်းသော ဓလေ့ကို အသုံးပြုကာ သူတို့ကို ကြောက်လန့်အောင် လုပ်ချင်နေသည်။
မုယန်သည် ခေါင်းခါလိုက်ပြီး စိတ်ကုန်သွားကာ ကားဘက်သို့ လှည့်ကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် အခြားကားတံခါး ပွင့်သွားသည်။
ဟွမ်ရှူဝင်တို့ သုံးယောက်က သူတို့ အနိုင်ရပြီဟု ထင်ကာ ဝင့်ကြွားနေချိန်တွင် ကျိုးထျန်းက အခြားကားထဲမှ ဖြည်းညင်းစွာ ထွက်လာသည်။
သူ့ကို မြင်လိုက်ရသည့်အခါ မိန်းကလေး သုံးယောက်မှာ ရပ်တန့်သွားသည်။
ယခင်က ပေါ့ပေါ့ပါးပါး ရယ်မောနေသည့် မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။
"ဟိုင်း၊ ဟယ်လို"
ကျိုးထျန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ဘယ်သူက ငါ့ဆီကို ပုံတွေ၊ ဗီဒီယိုတွေ ပို့မယ်ပြောတာလဲ။ WeChat အချင်းချင်း Add လိုက်ကြရအောင်၊ ဒါမှမဟုတ် ငါ့ QQ ဆီ ပို့ပေးလိုက်လည်း ရတယ်"
သူသည် ကားတံခါးကို မှီ၍ မုယန်ကို ပြောရင်း နောက်ပြောင်လိုက်သည်။
"ပြောသားပဲ၊ သူတို့က နောင်တရမယ့် အရိပ်အယောင်တောင် မရှိဘူး။ လူတွေကို ကြည့်တတ်တဲ့နေရာမှာ ငါတော်တော်လေး ဆရာကျပါတယ်"
မုယန်က သူ့စကားကို ထောက်ခံရင်း ခေါင်းညိတ်ပြလိုက်သည်။
"နင်၊ နင်၊ နင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ!" ဟွမ်ရှူဝင်သည် မုယန်ကို ကားထဲမှ တွေ့လိုက်ရသလိုပင် အနောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
သူမ ဘာဖြစ်နေမှန်း မဝေခွဲနိုင်သေးပေ။
"ဒါက ငါ့ကားလေ၊ ငါ ဘယ်နေရာမှာ ရှိရမှာလဲ"
"အာ!"
မိန်းကလေးများမှာ အံ့သြစွာဖြင့် တစ်ပြိုင်နက် အော်လိုက်မိသည်။ သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် ဟွမ်ရှူဝင်မှာ အခြေအနေကို အဆုံးထိ နားလည်သွားသည်။
‘ဒါ သူ့ကားလား’
‘အင်တာနက်ပေါ်မှာ ဒီကားက သက်ကြီးပိုင်း အဘိုးကြီးတွေ ပိုင်တာလို့ ပြောနေကြတာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကား ဖြစ်နေရတာလဲ’
‘ဒါဆို သူက ကားထဲကနေ ငါတို့ကို တစ်ချိန်လုံး ကြည့်နေတာပေါ့’
‘သူက ငါတို့ကို လူပြက်တွေလို သဘောထားပြီး မျောက်ရှိုးကြည့်သလို ကြည့်နေတာပါလား’
သူမသည် မုယန်ကို ဓာတ်ပုံနှင့် ဗီဒီယိုများ ကျိုးထျန်းထံ ပို့ပေးမည်ဟု ခြိမ်းခြောက်ခဲ့တာကို ပြန်သတိရသွားသည်။
သို့သော် သူက ဒီနားမှာပဲ ရှိနေသည်။
ယင်းမှာ သူမကိုယ်သူမ အရှက်ခွဲနေခြင်း ဖြစ်နေသည်။ ယခုတွင်မူ သူမ ကြောက်ရွံ့လာသည်။
သူမ ထောင်ချောက်ထဲ ကျသွားပြီလား။
ကျောင်းသားသမဂ္ဂက သူတို့ကို ဆက်သွယ်ထားသော်လည်း ယခုမူ မည်သူ့ကိုမျှ ရှာမတွေ့တော့ပေ။
"နင်တို့ သုံးယောက်လုံးကို မေးမယ်၊ ဘာလို့ ကောလာဟလတွေ ဖြန့်ရတာလဲ။ အဲဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ နင်တို့ မသိဘူးလား"
မြေအောက် ကားပါကင်သည် ကျယ်ဝန်းသဖြင့် ကျိုးထျန်း၏ အသံမှာ ပဲ့တင်ထပ်နေသည်။ သူ၏ စကားလုံးများက ထိုမိန်းကလေး သုံးယောက်ကို တုန်လှုပ်သွားစေသည်။
"ငါတို့က ဒါကို နင့်ကားမှန်း မသိလို့ပါ။ နင်က ဒီလောက်ချမ်းသာနေတာကို ဘာလို့ ဒီလို အသေးအဖွဲကိစ္စလေးတွေနဲ့ လိုက်ဖက်ဖြစ်နေရတာလဲ"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟွမ်ရှူဝင်က ဇွတ်တရွတ်ဖြင့် ပြန်ပြောသည်။
ကျိုးထျန်း သူမစကားကို ကြားပြီး ရယ်မောလိုက်သည်။
"တော်လိုက်တာ။ နင်တို့ အမှားလုပ်ထားမှန်း သိလျက်နဲ့ တောင်းပန်ဖို့အစား ကိုယ့်အမှားကို ဖုံးကွယ်ဖို့ အကျင့်စာရိတ္တကို အသုံးချပြီး ဘလက်မေးစ် လုပ်ဖို့ ကြိုးစားနေတာလား"
"ငါ ချမ်းသာတာ၊ ဆင်းရဲတာက ငါ့ကိစ္စ၊ နင်တို့နဲ့ မဆိုင်ဘူး။ နင်တို့ ကောလာဟလဖြန့်တာတော့ အမှန်ပဲ၊ ငါ နင်တို့ကို အရေးယူမယ်!"
ကျိုးထျန်း ရက်စက်စွာ ပြုံးလိုက်သည်။
"ပြီးတော့ ငါ့ကိုဖြစ်စေ၊ ငါနဲ့ ရင်းနှီးသူတွေကိုဖြစ်စေ ထိခိုက်အောင် လုပ်တဲ့သူတွေကို ငါ ဘယ်တော့မှ လွယ်လွယ်နဲ့ ခွင့်မလွှတ်ဘူး"
သူတို့ကို လွယ်လွယ်နှင့် လွှတ်ပေးမည့်ပုံ မပေါ်သည်ကို မြင်သောအခါ ဟွမ်ရှူဝင် ကြောက်ရွံ့လာသော်လည်း ပါးစပ်ကမူ တင်းတင်းစေ့ထားဆဲဖြစ်သည်။
"လူတွေက ချမ်းသာရင် ရက်ရောတယ် ပြောကြတာပဲ။ နင်က ယောကျာ်းလေးတစ်ယောက် ဖြစ်ပြီး ဒီလောက် ချမ်းသာတာကို၊ ဘာလို့ အားနည်းတဲ့ မိန်းကလေးတွေကိုပဲ လိုက်ဖက်ဖြစ်နေတာလဲ။ တကယ်ကို စိတ်ဓာတ်ကျဉ်းမြောင်းတာပဲ!"
"နင် ချမ်းသာလို့ ငါတို့ကို အနိုင်ကျင့်လို့ရမယ် မထင်နဲ့နော်။ ငါ မကြောက်ဘူး"
"ဟား ဟား"
ကျိုးထျန်း လှောင်ရယ်လိုက်သည်။
"မပူပါနဲ့၊ နင်တို့ကို ငါ ဘာမှ မလုပ်ဘူးလို့ မပြောခဲ့ဘူး"
သူတို့၏ လှောင်ပြောင်မှုနှင့် ခြိမ်းခြောက်မှုများကို လုံးဝ လျစ်လျူရှုထားသည်။
"ဒီနေ့ကစပြီး နင်တို့ သုံးယောက်ကိုလည်း ဒီလိုနည်းလမ်းမျိုးနဲ့ပဲ ငါ ပြန်ဆက်ဆံမယ်ဆိုတာ အသိပေးချင်လို့ပါ"
"ကောလာဟလတွေ ဖြန့်ရတာ ကြိုက်တယ် မဟုတ်လား။ အေးလေ၊ ပြဿနာမရှိပါဘူး၊ နင်တို့အတွက် ကျောင်းထဲမှာ ပျံ့သွားအောင် ဇာတ်လမ်းဆင်ပေးမယ်"
"နင်တို့က အပြင်မှာ မင်းသမီးလေးတွေလို နေပြီး ယောကျာ်းတွေအများကြီးက ထားထားတာလို့ ငါ ပြောလိုက်ရင် ဘယ်လိုလဲ"
"ဟွန့်၊ ဘယ်သူက ယုံမှာလဲ။ နင်က ချမ်းသာပြီးတော့ ဆင်းရဲတဲ့ ကျောင်းသားတွေကို အနိုင်ကျင့်နေတာလို့ပဲ ငါ လိုက်ပြောမယ်!"
ဟွမ်ရှူဝင်မှာ နောက်ဆုတ်ရန် ငြင်းဆန်နေဆဲဖြစ်သည်။
သူမဘေးရှိ မိန်းကလေးနှစ်ယောက်မှာမူ ကျိုးထျန်း၏ စကားကြောင့် ကြောက်ရွံ့နေကြပြီး မုယန်အပေါ် လုပ်ခဲ့သည့်အတွက် နောင်တရနေကြပြီဖြစ်သည်။
"ငါ ကိုယ်တိုင် လိုက်ပြောမယ်လို့ မပြောခဲ့ပါဘူး။ ချိုက်ကျန်းသုန်၊ မင်း ဘယ်သွားနေတာလဲ"
ကျိုးထျန်း၏ ခေါ်သံကို ကြားသောအခါ အဝေးမှာ ပုန်းနေသည့် အရပ်ရှည်ရှည်နှင့် ကောင်လေးက ပြေးလာသည်။
"ချိုက်ကျန်းသုန်၊ ကျောင်းသားသမဂ္ဂရဲ့ အကူအညီနဲ့ ဒီသုံးယောက်ကို ယောကျာ်းတွေ ထားထားတာဆိုတဲ့ သတင်းကို တစ်နေ့အတွင်း ကျောင်းတစ်ကျောင်းလုံးမှာ ပျံ့သွားအောင် လုပ်ပေးနိုင်မလား"
"သေချာပေါက် လုပ်ပေးနိုင်ပါတယ်!"
ဟု ဆိုကာ ခေါင်းညိတ်သည်။
ကျိုးထျန်း၏ ရည်ရွယ်ချက်ကို မြင်လိုက်ရသောအခါ ဟွမ်ရှူဝင်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး နောက်ဆုံးတွင် နောက်ဆုတ်ရန် ပြင်လိုက်သည်။
သာမန်ကျောင်းသားများ၏ စိတ်ထဲတွင် ကျောင်းသားသမဂ္ဂမှာ ဆရာများထက်ပင် အာဏာကြီးသည်ဟု ယူဆထားကြသည်။
"ဘာဖြစ်တာလဲ။ ငါတို့ တောင်းပန်ပါ့မယ်၊ ဟုတ်ပြီလား!"
မျက်ရည်များက သူမပါးပြင်ပေါ်သို့ စီးကျလာသည်။
ကျိုးထျန်း စိတ်ပျက်သွားသည်။
ဒီမိန်းကလေးမှာ အခုချိန်ထိ ငိုပြနေသေးသည်။
မိန်းကလေး သုံးယောက်သည် တောင်းပန်စကား ဆိုလိုက်ကြပြီး နောက်တစ်ကြိမ် ကောလာဟလ ထပ်မဖြန့်တော့ဟု ကတိပေးလိုက်သည်။
"ဒီနေ့ ကျောင်းပြန်ရောက်ရင် ကျောင်းသားသမဂ္ဂကို သွားပြီး တောင်းပန်စာနဲ့ ဝန်ခံကတိစာ ရေး ပြီးရင် WeChat Moments မှာ တင်ရမယ်။ အဲဒီကျမှပဲ ဒီကိစ္စကို အဆုံးသတ်မယ်။ ချိုက်ကျန်းသုန်၊ မင်း သူတို့ကို စောင့်ကြည့်နေလိုက်"