← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

ဟော်ချန်ယဲ့ လက်ရှိ အခြေအနေအရ သူ မုန်းတီးနှင့် ဒေါသများကို မည်မျှလောက် မြိုသိပ်ထားခဲ့သည် ဆိုသည်အား သူမ မခန့်မှန်းနိုင်ချေ။ သူမ ရှင်းပြရန်လိုလေသည်။

ယွီရွေ့ကျူး "ကျွန်မ... အွန်း"

သူမ စကားမဆုံးခင်မှာပင် ဟော်ချန်ယဲ့ နှုတ်ခမ်းများက ရုတ်တရက် သူမ နှုတ်ခမ်းများကို ဖိကပ်ကာ နမ်းရှိုက်ပြန်သည်။

သူမ ပြောရန် အချိန်မရသော စကားလုံးများနှင့် ရှင်းပြမည့် အရာများ အားလုံး ထိုအနမ်းထဲတွင် မြိုချခံရပြီး သူမ လည်ချောင်းထဲသို့ ပြန်ဝင်သွားတော့သည်။

ယွီရွေ့ကျူး အနည်းငယ် ပြာယာခတ်သွားပြီး ဟော်ချန်ယဲ့ကို စိတ်မရှည်စွာဖြင့် တွန်းဖယ်မိသည်။ ယခုအချိန်က နမ်းရမည့် အချိန်မဟုတ်ဘဲ သူမ စကား ပြောရမည့်အချိန်ပင်။

ယွီရွေ့ကျူး "ကျွန်မ... အွန်း"

သို့သော်လည်း ယခုတစ်ကြိမ်တွင်လည်း ထိုအဖြစ်အပျက်က ထပ်မံ ဖြစ်ပွားပြန်သည်။ သူမ စကားမဆုံးခင်မှာပင် သူမကို စကားတစ်ခွန်းမျှ မဆိုဘဲ စူးစိုက်ကြည့်နေခဲ့သော ဟော်ချန်ယဲ့က ရှေ့သို့ တိုးလာကာ သူမကို ထပ်မံ နမ်းရှိုက်ပြန်သည်။

ဤအရာက သူမ ပြောမည့် ရှင်းပြချက်များကို ပိတ်ဆို့သွားစေသည်။

ယွီရွေ့ကျူး "..."

နှစ်ကြိမ်ဆက်တိုက် အနှောင့်အယှက် ပေးခံရပြီးနောက် ယွီရွေ့ကျူး တကယ်ကို သည်းမခံနိုင်တော့ချေ။

သူမက ဟော်ချန်ယဲ့ကို ဆောင့်တွန်းပစ်ပြီး အုတ်ကုတင်ပေါ်သို့ ဖိချကာ ဖိနပ်ချွတ်လျက် သူမကိုယ်တိုင် ကုတင်ပေါ်သို့ တက်ကာ သူ့ ခါးပေါ်တွင် ခွထိုင်ရင်း သူ့ကို ထိန်းချုပ်လိုက်သည်။

၎င်းက အလွန်အန္တရာယ်များပြီး ရင်းနှီးကျွမ်းဝင်လွန်းသော အနေအထား တစ်ခုပင်။ ယွီရွေ့ကျူးက သူ့ခါးနှင့် ဗိုက်ပေါ်တွင် ထိုင်နေပြီး သူမ ပေါင်တွင်းသား အနူးညံ့ဆုံး အစိတ် အပိုင်းက သူ့ ခါးနှင့် တိုက်ရိုက် နီးကပ်စွာ ထိတွေ့နေသည်။

သူမ လက်ဖဝါးများက သူ့ရင်ဘတ်ကို ဖိထားရာ ကြီးမားကျယ်ပြန့်ကာ နူးညံ့ပြီး ကျုံ့နိုင်ဆန့်နိုင်သော ရင်အုပ်ကြွက်သားများနှင့် ထိတွေ့လေသည်။

ယွီရွေ့ကျူး သူ့ကို ငုံ့ကြည့်ရာ ပြတင်းပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် သူ့ မျက်နှာပေါ်ရှိ အံ့အားသင့်မှုများကို ထင်ရှားစွာ မြင်နိုင်သည်။

သူမ လှုပ်ရှားမှုများက အလွန် လျင်မြန်လှသည်။ ဟော်ချန်ယဲ့က မခုခံခဲ့သော်လည်း ယွီရွေ့ကျူးက ဤကဲ့သို့သော အနေအထားဖြင့် သူ့ကို ဖိထားမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သူမက မာနကြီးစွာဖြင့် မေးစေ့ကို ပင့်တင်ကာ သူမပေါင်နှင့် သူ့ ခါးကို ပွတ်တိုက်ရင်း စကားစသည်။

"ပြောစမ်းပါဦး၊ ဒီတစ်လျှောက်လုံး ဘာတွေဖြစ်နေခဲ့တာလဲ၊ ရှင်နဲ့ စုန့်ချင်းရှန်းကြားမှာ ဘာရန်ငြိုးတွေ ရှိလို့လဲ၊ ပြီးတော့ အရင်တုန်းက ရှင့် အမာရွတ်ကို ဘာလို့ ပေးမနမ်းရတာလဲ၊ ကျွန်မအပေါ် ရှင့်မှာ ဘာပြဿနာရှိလို့လဲ၊ ဒီအကြောင်းတွေ အားလုံးကိုပြောပြစမ်း ဟော်ချန်ယဲ့"

ဟော်ချန်ယဲ့က တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ့ နက်မှောင်သော မျက်ဝန်းများက သူမကို မော့ကြည့်လာသည်။

သူ့ အာရုံစိုက်မှု အားလုံးက သူတို့ ရင်းနှီးစွာ ထိတွေ့နေသော နေရာတွင်သာ ကျရောက်နေတော့သည်။

သူက ယွီရွေ့ကျူးကို ဆင်းရန် ပြောချင်သော်လည်း သူ စကားမပြောရသေးခင်မှာပင် ယွီရွေ့ကျူးက ဒေါသထွက်သွားသည်။

'ဒီအခြေအနေ ရောက်နေတာတောင် သူက စကားမပြောသေးဘူး'

ယွီရွေ့ကျူးက ဒေါသတကြီး သူမ လက်ကို အထဲသို့ တိုက်ရိုက် ထည့်ကာ သူ့ အရေးကြီးသော နေရာကို ရိုက်ချပြီး စူးစိုက်ကြည့်လေသည်။

"ရှင် စကားပြောမှာလား မပြောဘူးလား ဟော်ချန်ယဲ့"

ဟော်ချန်ယဲ့ "!!!"

သူ့ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး ချက်ချင်းပင် တောင့်တင်းသွားတော့သည်။

သူ့ ပါးပြင်များက ပုစွန်ဆိတ်လေးတစ်ကောင်အလား နီရဲနေသည်။

ဤသည်မှာ ပြင်ပလူ တစ်ယောက် ထိတွေ့မှုကို တစ်ကြိမ်တစ်ခါမျှ မခံခဲ့ရဖူးသော နေရာကို ထိတွေ့ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ယွီရွေ့ကျူးက ထိတွေ့ခြင်း ဖြစ်ရာ သူ့ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

ဟော်ချန်ယဲ့ အသက်ရှူသံများ ပြင်းထန်လာပြီး သူ့ ရင်ဘတ်နှင့် ဝမ်းဗိုက် ကြွက်သားများ အနည်းငယ် တုန်ရီလာသည်။

သူ့ နက်မှောင်သော မျက်လုံးများက လျင်မြန်စွာပင် မင်ရည်ကဲ့သို့ နက်မှောင်သွားကာ အရောင်တချို့ စွန်းထင်းလာတော့သည်။

"ယွီရွေ့ကျူး..."

သူက အံ့ကြိတ်လိုက်သည်။

သူ့ သန်မာသော ကြွက်သားများက သူ့ကို ဖိနှိပ်ခံထားရသော အခြေအနေမှ ချက်ချင်းပင် ရုန်းထွက်နိုင်စေသည်။

သူလည်း လက်လှမ်းကာ ယွီရွေ့ကျူးကို ဖမ်းဆွဲပြီး သူမကို ရပ်တန့်စေချင်ခဲ့သည်။

သို့သော် ယွီရွေ့ကျူးက မျက်ခုံးအနည်းငယ် ပင့်ပြီးနောက် သူမ လက်မောင်းများကို အပေါ်အောက် လှုပ်ရှားတော့သည်။

ဟော်ချန်ယဲ့ စကားမပြောနိုင်တော့ချေ။ သူ့ နဖူးပေါ်တွင် ချွေးစေးများ ပျံလာပြီး အံ့ကြိတ်ထားရင်း လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ထူထဲသော မျက်တောင်များ တုန်ရီနေရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဟော်ချန်ယဲ့က ယခင်က မိန်းမလိုက်စားတတ်သူ တစ်ယောက် မဟုတ်ခဲ့ပေ။

သူက ပိုက်ဆံရှာရန်နှင့် စုဆောင်းရန်ကိုသာ အမြဲတမ်း စိတ်ကူးနေတတ်သူ တစ်ယောက်ဖြစ်သည်။

ဆရာဝန်ချင်တို့မိသားစု အနှောင့်အယှက် ပေးမှုများကို စိတ်အနှောင့်အယှက် ဖြစ်ရသောကြောင့်သာ တစ်စုံတစ်ယောက်နှင့် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး သို့မဟုတ်ပါက သူ တစ်သက်လုံး တစ်ကိုယ်တည်း နေသွားချင်သူပင်။

ရွာမှ မိန်းကလေးများကို သူ စိတ်မဝင်စားခဲ့ချေ။ သူတို့ လှပသော မျက်နှာများကို ငေးမောကြည့်နေခြင်းထက် သူ့ဝက်များကို ပိုမို ဝဖြိုးလာစေရန် မည်သို့ကျွေးမွေးရမည်ကို စဉ်းစားခြင်းက ပိုအရေးကြီးသည်ဟု သူ ယူဆထားသည်။

သူက အချစ်ရေးနှင့် ပတ်သက်၍ ဘာမှ နားမလည်သူဖြစ် ကြောင်း လူအများအပြား ပြောခဲ့ဖူးပြီး ဟော်ချန်ယဲ့ကိုယ် တိုင်လည်း ထိုအချက်ကို သိသည်။ ခန္ဓာကိုယ် သဘာဝ တောင်းဆိုမှုများကြောင့် တစ်ခါတစ်ရံ ကိုယ်ပိုင် ဖြေရှင်းရသည်မှလွဲ၍ ထိုသို့သော ကိစ္စများကို သူ တွေးခဲလှသည်။

ဆိုလိုသည်မှာ ရွာသားများ ဆွေးနွေးပြောဆိုလေ့ရှိသော အကြောင်းအရာများနှင့် သူ ရင်းနှီးကျွမ်းဝင်မှု မရှိသလို ကိုယ်တိုင် ဖြေရှင်းရသည်မှာလည်း ရှားပါးလှသည်။

ထို့ကြောင့် ယွီရွေ့ကျူး အထိအတွေ့ကို သူ အလွန်အမင်း တုံ့ပြန်လွယ်နေခြင်းပင်။

"ကိုယ် ပြော... ပြောပါ့မယ်"

ဟော်ချန်ယဲ့က အံ့ကြိတ်ကာ ပြောလိုက်ပြီး လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်နေရင်း အမောတကော အသက်ရှူနေရသည်။

မျက်နှာပေါ်မှ အပူရှိန်က ခန္ဓာကိုယ်အနှံ့သို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ ရင်းနှီးကျွမ်းဝင်သော အထိအတွေ့များကြောင့် ဟော်ချန်ယဲ့ စိတ်များ အနည်းငယ် တွေဝေသွားသော်လည်း သူ့ သဝန်တိုမှုများကတော့ ပျောက်ကွယ်မသွားခဲ့ပေ။ ထို့ကြောင့် ယွီရွေ့ကျူး လက်ထဲတွင် သူ့ တဖြည်းဖြည်းချင်း စကားစပြောသည်။

သူတို့နှစ်ယောက် ဖက်နေသည်ကို မြင်တွေ့ခဲ့ရပုံ၊ အတိတ်က စာအကြောင်းနှင့် အခြားကိစ္စရပ်များကို ပြန်ပြောင်းပြောပြသည်။

"မင်း စုန့်ချင်းရှန်းကို အမြဲတမ်း သဘောကျခဲ့တယ်ဆိုတာ ကိုယ်သိတယ်၊ ပြီးတော့ သူ့အတွက် အများကြီး လုပ်ပေးခဲ့တယ်ဆိုတာ သိပါတယ်၊ အခု သူ့မှာ ချစ်သူရှိနေတာတောင် မင်းက သူ့အပေါ် ခံစားချက် ရှိနေတုန်းပဲ၊ မင်း ရင်ထဲက စုန့်ချင်းရှန်းရဲ့ နေရာကို ကိုယ် ဘာပဲလုပ်လုပ် ယှဉ်နိုင်မှာ မဟုတ်ဘူး"

ဟော်ချန်ယဲ့ အသံက အနည်းငယ် ဩရှလှသည်။ သူက တောင့်တင်းသော ကိုယ်ဟန်အနေအထားဖြင့် လက်မောင်းများကို အုတ်ကုတင်ပေါ်တွင် ထောက်ထားကာ ခေါင်းကို နောက်သို့ဆုတ်ပြီး ယွီရွေ့ကျူးကို စူးစိုက်ကြည့်သည်။

လေထုက အတော်လေး တင်းကြပ်နေပြီဖြစ်ရာ သူ့ ရင်ထဲရှိ မုန်းတီးမှုများနှင့် သဝန်တိုမှုများ အားလုံးကို မည်သည့် ကွယ်ဝှက်မှုမှမရှိဘဲ ရင်ဖွင့်ချလိုက်သည်။

သူ စကားပြောပြီးသွားသောအခါ ဝန်ထုပ်ဝန်ပိုးတစ်ခု ကျဆင်းသွားသည့်အလား အလွန် ရှုပ်ထွေးကာ လေးလံနေသော ခံစားချက်များက တဖြည်းဖြည်း ပေါက်ကွဲထွက်ခွင့် ရသွားသဖြင့် များစွာ သက်သာရာရသွားစေသည်။

ယွီရွေ့ကျူးက သူ့ကို ရွံရှာသွားနိုင်သလို အရာအားလုံး ပေါ်ပေါက်သွားသဖြင့် သူတို့ ဆက်ဆံရေး ပျက်စီးသွားနိုင်သည့်အပြင် ကွာရှင်းရသည့်အထိပင် ဖြစ်သွားမည်ဟုပင် ဟော်ချန်ယဲ့ မျှော်လင့်ထားသည်။

သို့သော်လည်း သူ အံ့အားသင့်သွားရသည်မှာ ယွီရွေ့ကျူးက ဒေါသမထွက်ခဲ့ခြင်းပင်။

သူမက သူ့ကို ဒါပဲလားဟု ပြောချင်သည့်အလား ထူးဆန်း သော အမူအရာဖြင့် ကြည့်လာသည်။

ဟော်ချန်ယဲ့ အနည်းငယ် ကြောင်အမ်းသွားသည်။

ထို့နောက် သူ့ ပါးပြင်ကို ယွီရွေ့ကျူးက လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လာသည်ကို သတိထားမိသည်။

ယွီရွေ့ကျူး သူ့ မျက်နှာကို အုပ်ကိုင်ကာ အနားသို့ တိုးကပ်လာသည်။

"ပေါင်ပေါင်း... ကျွန်မရဲ့အတိတ်က ရှက်စရာ ကိစ္စတွေကို ထပ်မပြောပါနဲ့တော့လား၊ ကျွန်မတို့ လက်ထပ်ပြီးကတည်း က ရှင်တစ်ယောက်တည်းကိုပဲ ကျွန်မ ချစ်ခဲ့တာပါ"

ဟော်ချန်ယဲ့ အသက်ရှူသံများ ရပ်တန့်သွားသည်။ သူက ရုတ်တရက် ခေါင်းကို တောင့်တင်းစွာ လှည့်ကြည့်သည်။

"မင်း သဘောကျတာ ကိုယ့်ရဲ့... အင်း၊ မင်း သိပါတယ်"

"ဘာလို့ အဲ့ဒီလို ပြောရတာလဲ"

ယွီရွေ့ကျူး မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူမ ရင်ထဲမှ ခဏတာ ဖြတ်ပြေးသွားသော အပြစ်ရှိသလို ခံစားချက်ကို ဖုံးကွယ်ရင်း အလေးအနက် ပြောသည်။

"ဟော်ချန်ယဲ့... ရှင့်စကားထဲက ဟာကွက်တွေကို ရှင် သတိ ထားမိလား၊ ကျွန်မက ရှင့်ရဲ့ အင်း... ရှင့် ကြွက်သားတွေကို သဘောကျတယ်လို့ ရှင်ပြောတယ်လေ၊ ဒါပေမဲ့ စုန့်ချင်းရှန်းက ကြက်ပေါက်လေး တစ်ကောင်လို ပိန်လှီနေတာ၊ ကျွန်မက ဘယ်လိုလုပ် သူ့ကို သဘောကျနိုင်မှာလဲ၊ အရင်တုန်းက ကျွန်မ နည်းနည်းမျက်ကန်းဖြစ်ခဲ့တာပေါ့၊ ဒါပေမဲ့ မင်္ဂလာဦးညမှာ ကျွန်မ နောက်စေ့ကို ဆောင့်မိတဲ့ အချိန်ကစပြီး ကျွန်မ အသိစိတ်ဝင်လာခဲ့တာပါ၊ ကျွန်မကို ယုံပါ"

ဟော်ချန်ယဲ့ နှုတ်ခမ်းကို စေ့ထားသည်။

"သူက ပိန်ပြီး သိပ်ကြည့်ကောင်းတဲ့ ကြွက်သားတွေ မရှိပေမဲ့ သူက မင်းအတွက် အထူးသီးသန့် ဖြစ်နေတာလေ၊ ဒါကြောင့် အဲ့ဒီအရာတွေ မရှိရင်တောင် မင်းက သူ့ကို သဘောကျမှာပဲ"

ယွီရွေ့ကျူး "..."

All Chapters