← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

Chapter 142

'သူ့ခေါင်းထဲမှာ အကြောင်းပြချက်တွေက တော်တော်လေး အချိတ်အဆက် မိနေတာပဲ၊ တကယ့်ကို အထင်ကြီးစရာ‌ ကောင်းတယ်'

သူမက ဆက်လက်၍ မထိန်းချုပ်ထားနိုင်တော့ဘဲ စိတ်ရင်းမှန်ဖြင့် ပြောလိုက်တော့သည်။

"ကျွန်မအတွက် အထူးသီးသန့်ဖြစ်တဲ့သူက သူ မဟုတ်ပါဘူး၊ ရှင်ပါ၊ တခြားတစ်ယောက်ယောက်က ရှင့်လို ကြွက်သားတွေ ရှိနေရင်တောင် ဒါမှမဟုတ် မျက်နှာပေါ်မှာ ရှင့်လို ဆွဲဆောင်မှုရှိတဲ့ အမာရွတ် ရှိနေရင်တောင် ကျွန်မက တစ်ချက်တောင် လှည့်ကြည့်မှာ မဟုတ်ဘူး

ကျွန်မ တကယ် ဂရုစိုက်ပြီး သဘောကျတာက ရှင့်ရဲ့ လူသားဆန်မှု၊ ရှင်ဆိုတဲ့ လူကိုပဲ၊ ဒီ အမာရွတ်တွေ၊ ကြွက်သားတွေက ရှင် ဟော်ချန်ယဲ့နဲ့မှ အထူးတလည် လိုက်ဖက်ညီပြီး လှပနေလို့ သဘောကျမိတာ"

ယွီရွေ့ကျူး ခေါင်းငုံ့ကာ သူ့ကို နမ်းရှိုက်ပြီး မျက်ဝန်းများ တောက်ပစွာဖြင့် ပြောသည်။

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစမ်းပါ၊ ရှင်က အရမ်း ပြည့်စုံလွန်းတော့ ကျွန်မ ရှင့်ကို သဘောကျတာ ထူးဆန်းလို့လား"

ဟော်ချန်ယဲ့ လုံးဝ ကြောင်အသွားတော့သည်။

'သဘောကျတယ်... ငါ့ကိုလား'

အစပိုင်းတွင် ယွီရွေ့ကျူးက နောက်ပြောင်နေခြင်းဟု ဟော်ချန်ယဲ့ ထင်ခဲ့သော်လည်း သူ မည်မျှပင် မော့ကြည့်ပြီး သူမ အမူအရာကို သေချာစွာ အကဲခတ်ပါစေ၊ အမြဲတမ်း အတည် ပြုချက် တစ်ခုကိုသာ ရရှိခဲ့သည်။

တစ်ခဏအတွင်းမှာပင် ဟော်ချန်ယဲ့ တစ်ယောက် အလွန်တ ရာကြီးမားကာ လွှမ်းမိုးနိုင်သော အံ့အားသင့်မှု တစ်ခုက သူ့ကို ရိုက်ခတ်သွားသလို ခံစားလိုက်ရပြီး သူ မယုံကြည်နိုင်အောင် ဖြစ်မိတော့သည်။

သူ့ တစ်ကိုယ်လုံး ပူထူသွားကာ တိမ်များပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခေါင်းများ မူးဝေလာပြီး ဦးနှောက်က လုံးဝ အလုပ်မလုပ်တော့ချေ။

ထိုအခိုက်အတန့်တွင် ယွီရွေ့ကျူးက ထပ်မံ ရှင်းပြရန် ပျင်းရိသွားပြီး သူမ စစ်မှန်သော ခံစားချက်များကို လှုပ်ရှားမှုများဖြင့် တိုက်ရိုက် ဖော်ပြရန်ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူမက သူ့ ဘောင်းဘီကို ဆွဲချွတ်ရန် ကြိုးစားတော့သည်။

ဟော်ချန်ယဲ့က တစ်ချက် နောက်ကျသွားပြီးမှ သူ့ ဘောင်းဘီကိုဆွဲရန် လက်ကိုမြှောက်လာသည်။

သူ့ နားရွက်များလည်း နီရဲသွားသည်။

"မင်း အဲ့ဒီလိုလုပ်စရာ မလိုပါဘူး ယွီရွေ့ကျူး၊ ဒီနေ့ ကိုယ် အရမ်းလွန်သွားခဲ့တယ်၊ သဝန်တိုစိတ်နဲ့ အမြင်မှားသွားခဲ့တာပါ၊ မင်း ဒီလို လုပ်ဖို့..."

ယွီရွေ့ကျူး တိုက်ရိုက်ပင် ပြန်ပက်သည်။

"ဟော်ချန်ယဲ့၊ ရှင်က ပန်းသေနေတာလား"

တစ်ခါတစ်ရံတွင် ဤကျေးလက်ဒေသမှ အမျိုးသားက အဘယ်ကြောင့် စည်းကမ်းတကျရှိကာ လူကြီးလူကောင်း ဆန်နေရသနည်းဆိုသည်ကို သူမ နားမလည်နိုင်ပေ။

'သူက ယခင်က စစ်သားဖြစ်ခဲ့တာပဲ၊ ဒီထက်ပိုပြီး သန်သန်မာမာ မရှိသင့်ဘူးလား'

'သူ အသက် သုံးဆယ်နား ကပ်နေပြီလေ၊ လူတိုင်းက ၂၅ နှစ်ကျော်သွားရင် စွမ်းဆောင်ရည် ကျသွားပြီလို့ ပြောကြတာပဲ၊ ဖြစ်နိုင်တာက...'

ယွီရွေ့ကျူး တစ်ယောက် တွေဝေသွားသည်။

ဟော်ချန်ယဲ့ သူမ မျက်ဝန်းများကို စူးစိုက်ကြည့်ရာ သူမ ဆိုလိုရင်းကို လျင်မြန်စွာပင် နားလည် သဘောပေါက်သွားတော့သည်။ သူ့ နီရဲနေသော ပါးပြင်များက တဖြည်းဖြည်း ရှက်ရွံ့မှုနှင့် ဒေါသ အမူအရာများအဖြစ် ပြောင်းလဲလေသည်။

ဤရိုးရှင်းသော မေးခွန်းက ဟော်ချန်ယဲ့ကို အလွယ်တကူပင် ဒေါသထွက်စေခဲ့သည်။

သူက ကိုယ်ကို လှည့်ပြီး သူ့ ခါးပေါ်တွင် ထိုင်နေသော ယွီရွေ့ကျူးကို သူ့အောက်သို့ ဖိချသည်။

အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် နှစ်သုံးဆယ်နီးပါး မြိုသိပ်ထားခဲ့ရသော ရမ္မက်ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်း၊ စွမ်းဆောင်နိုင်သည်ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်း ယွီရွေ့ကျူးကို ပြသရန်ပြင်ဆင်တော့ သည်။

အမှန်တွင် သူ လက်လှမ်းလိုက်သည့်အခါတွင် ဟော်ချန်ယဲ့ တင်းမာနေသော အာရုံကြောများကြောင့် သူ့ အသက်ရှူနှုန်းက အနည်းငယ် မြန်ဆန်လာပြီး လက်များက တုန်ရီနေတော့သည်။

သူ့ ကြမ်းတမ်းသော လက်ချောင်းများက ယွီရွေ့ကျူး အဝတ်အစားများကို ဖြည်းညင်းစွာ ချွတ်ပေးသည်။

ယွီရွေ့ကျူးက သူ့ကို မတားဆီးခဲ့ချေ။ ထိုအစား သူမက အုတ်ကုတင်ပေါ်တွင် လက်နှစ်ဖက်ကို ဖြန့်ကာ ပက်လက်လှဲနေရင်း ဟော်ချန်ယဲ့ အမူအရာကို အေးအေးဆေးဆေး စောင့်ကြည့်နေသည်။

အုတ်ကုတင်ပေါ်တွင် အခင်းများ ခင်းထားရာ အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေသော်လည်း နွေရာသီအတွက်မူ အပူချိန်က အတော်လေး သက်တောင့်သက်သာ ရှိလှသည်။

သို့သော်လည်း ယွီရွေ့ကျူးကို အနည်းငယ် သက်တောင့်သက်သာ မဖြစ်စေသည့် အရာမှာ ဟော်ချန်ယဲ့ လက်ချောင်းများက အနည်းငယ် ကြမ်းတမ်းလွန်းနေခြင်းပင်။

အဝတ်အစားများ ချွတ်စဉ် သူမ အသားအရေကို ထိမိသည့်အခါ ယားကျိကျိ ဖြစ်စေသည်။

ကျောဘက်ရှိ ကြယ်သီးများကို ဖြုတ်လိုက်သည်အထိပင် လရောင်အောက်တွင် ရုတ်တရက် ပေါ်ထွက်လာသော နူးညံ့ကာ ဖြူဖွေးသည့် အသားအရေကြောင့် ဟော်ချန်ယဲ့ အသက်ရှူသံများ လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။

တစ်ခဏမျှ လရောင်က ဖြူဖွေးနေသည်လား၊ သူမ အသားအရေက ဖြူဖွေးနေသည်လား ဆိုသည်ကို ခွဲခြားရ ခက်သွားသည်။

အပြည့်အဝ မှည့်ဝင်းနေသော သစ်သီးတစ်လုံးအလား ဖူးပွင့်နေကာ၊ ပြည့်ဖြိုးပြီး အရည်ရွှမ်းလှသည်။

ဟော်ချန်ယဲ့မှာ အချိန်အတော်ကြာ ကြက်သေသေသွားပြီး အခန်းထဲတွင် သူ့ လေးလံကာ လျင်မြန်နေသော အသက်ရှူသံများနှင့် လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်နေသော အသံကိုသာ ကြားရတော့သည်။

ယွီရွေ့ကျူး ပေါ်နေသော အသားအရေက အထူးသဖြင့် ဟော်ချန်ယဲ့ အကြည့်များအောက်တွင် သူမကို အနည်းငယ် သက်တောင့်သက်သာ မရှိစေပေ။

အဓိကအားဖြင့် ဟော်ချန်ယဲ့က သူမကို စူးစိုက်ကြည့်နေသောကြောင့် သည်းမခံနိုင်သလို ဖြစ်နေရသည်။

သူမက သူ့ခါးနှင့် ဝမ်းဗိုက်ကို တိုက်ရိုက် ကန်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်လာသည်။

"ရှင် ဘာလုပ်နေတာလဲ ဟော်ချန်ယဲ့၊ ဘာလို့ ဒီလိုကြီး ကြည့်နေရတာလဲ"

ဟော်ချန်ယဲ့ တစ်ယောက် ဆူပူခံလိုက်ရပြီးနောက် သူ့ အကြည့်များကို ဖြည်းညင်းစွာနှင့် ခက်ခဲစွာဖြင့် ရွှေ့လိုက်ရသည်။

ယခင်က အိပ်ရာမဝင်ခင် ဟော်ချန်ယဲ့ ရင်အုပ်ကြွက်သားများကို အမြဲတမ်း ကိုင်တွယ်လေ့ရှိသူမှာ ယွီရွေ့ကျူး ဖြစ်သော်လည်း ယခုအခါတွင်မူ ပြောင်းပြန် ဖြစ်သွားသည်။

သူမက ကျောကို ကော့ကာ ရှောင်တိမ်းရန် ကြိုးစားပြီး သူမ ပခုံးများက အတွင်းသို့ ကွေးဝင်သွားပုံမှာ ပိုထင်ရှားလာတော့သည်။

"နာတယ်... ဟော်ချန်ယဲ့၊ ရှင့်လက်တွေက အရမ်းကြမ်းတာပဲ"

အမှန်တွင် နာကျင်နေခြင်း မဟုတ်ဘဲ ယွီရွေ့ကျူး သေချာ မဖော်ပြတတ်သော ပိုမိုရှုပ်ထွေးသည့် ခံစားချက်တစ်ခုသာ ဖြစ်သည်။

သူမ ရင်ဘတ်ထဲတွင် ကျင်တက်နေသော ခံစားချက်တစ်ခုကိုသာ ခံစားနေရပြီး အလွန်အမင်း သက်တောင့်သက်သာ မရှိသည့် ခံစားချက်တစ်ခုပင်။

ဟော်ချန်ယဲ့မှာ သူမကို ပူလောင်သော မျက်ဝန်းများဖြင့် ကြည့်ကာ အလွန်ပျော်ရွှင်နေသဖြင့် သူမ ပါးပြင်ကို ထပ်မံ၍ မနမ်းဘဲ မနေနိုင်တော့ချေ။

သူမ ဖြူဖွေးသော မျက်နှာလေးကို စူးစိုက်ကြည့်ရင်း ဟော်ချန်ယဲ့ ရင်များ ခုန်လာတော့သည်။ ယွီရွေ့ကျူးက သူ့ကို ချစ်ကြောင်း ဖွင့်ပြောခဲ့သည်ကို အမှတ်ရသွားပြီး တုံ့ပြန်မှု မပေးရသေးသဖြင့် သူ မနေနိုင်ဘဲ ပြောသည်။

"ယွီရွေ့ကျူး၊ ကိုယ်လည်း မင်းကို အရမ်း အရမ်း အရမ်းကို ချစ်တယ်၊ ကိုယ် မင်းကို သိပ်ချစ်တယ်”

All Chapters