Chapters

အခန်း ၁၄၅+၁၄၆

Vol. 15 Ch. 145+146

အခန်း ၁၄၅+၁၄၆

Vol. 15 Ch. 145+146

Chapter 145+146

ထိုအချိန်တွင် ဟော်ချန်ယဲ့ ရှေ့သို့ ထိုးဖောက်ဝင်ရောက်လာရာ ယခင် အတားအဆီးကို ထပ်မံခံစားရပြီး ခပ်သဲ့သဲ့ သွေးနံ့ကို ရလိုက်သဖြင့် သူ့ အသက်ရှူသံများ ပိုပြင်းထန်လာသည်။

သူ့ နက်မှောင်သော မျက်ဝန်းများက မယုံကြည်နိုင်စွာဖြင့် ယွီရွေ့ကျူး မျက်နှာဆီသို့ ချက်ချင်းနီးပါး ရွေ့လျားသွားတော့သည်။

ထို့နောက် သူ့ နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားသည်။

ယွီရွေ့ကျူးက တုန်ရီနေသော သူ့ ခန္ဓာကိုယ်နှင့် ပိုမို လျင်မြန်လာသည့် အသက်ရှူသံများကိုပင် ခံစားလိုက်ရသည်။

သူမ အလွန် နာကျင်နေပြီး ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ ကျုံ့ဝင်သွားကာ အမောတကော အသက်ရှူရင်း မျက်ဝန်းများတွင် မျက်ရည်များ ထပ်မံ ဝဲတက်လာပြန်သည်။

သူမ ဒေါသကို ဖြေဖျောက်ရန် ပါးစပ်ကို ဟကာ ဟော်ချန်ယဲ့ ရင်ဘတ်ကို ကိုက်ချပစ်သည်။

ဟော်ချန်ယဲ့ အသံက သူမ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

သူ အံ့အားသင့်ကာ မယုံကြည်နိုင်ဖြစ်နေသော်လည်း အတိုင်းမသိ ဝမ်းမြောက်ပျော်ရွှင်မှုများ ပြည့်နှက်နေပုံရကာ သတိတကြီးဖြင့် မေးသည်။

"ရွေ့ကျူး၊ မင်း... မင်းက တကယ်တော့ ပထမဆုံးလား"

ယွီရွေ့ကျူးက သူ့ရင်ဘတ်ပေါ်တွင် မှီခိုနေရင်း မျက်နှာပေါ်တွင် ချွေးများ ရွှဲနစ်နေကာ သူမ စိုစွတ်နေသော မျက်တောင်လေးများက သူ့ အသားအရေကို ပွတ်တိုက်မိနေသည်။

'ဒါပေါ့ ဒါက ပထမဆုံးအကြိမ်လေ၊ ဟော်ချန်ယဲ့လိုပဲ ငါ့အတွက်လည်း ပထမဆုံးအကြိမ်ပဲ၊ ငါ့ကို မပြောနဲ့၊ ဒီခန္ဓာ ကိုယ်ရဲ့ မူလပိုင်ရှင်တောင် စုန့်ချင်းရှန်းနဲ့ ဘာအစစ်အမှန် ဆက်ဆံရေးမှ မရှိခဲ့ဖူးဘူး'

'ဟော်ချန်ယဲ့က ဘယ်လိုများ ထင်နေလို့လဲ'

သူမက ဟော်ချန်ယဲ့ကို မျက်စောင်းထိုးပြီး အမောတကောဖြင့် ပြန်ဖြေသည်။

"ဒါပေါ့"

xxxxxx

"ရွေ့ကျူး၊ ရွေ့ကျူး..."

ယွီရွေ့ကျူး တစ်ယောက် အသိစိတ် ပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

သူမ မျက်တောင်များက စိုစွတ်နေပြီး နှုတ်ခမ်းများက တောက်ပသော အရောင်အဆင်းရှိနေကာ မျက်ဝန်းများတွင် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကြောင့် ထွက်ပေါ်လာသော မျက်ရည်များ ပြည့်နေသည်။ ထိုမျက်ရည်များက သူမ ပါးပြင်ပေါ်သို့ စီးကျလာရာ ခပ်ဖွဖွ သုတ်ဖယ်ပစ်သည်။

သူမ လက်များက တုန်ရီနေဆဲ ဖြစ်သော်လည်း အရာအား လုံး ပြီးဆုံးသွားပြီးနောက် သူမက ဟော်ချန်ယဲ့ လက်ကို ဆုပ်ကိုင်ထားရင်း ပြန်ဖြေသည်။

"ကျွန်မ ဒီမှာ ရှိပါတယ်"

ထိုအဖြစ်အပျက် အားလုံး ပြီးဆုံးသွားချိန်တွင် ကောင်းကင်ကြီးက အတော်လေး မှောင်မိုက်နေပြီ ဖြစ်သည်။

အချိန်ဘယ်လောက် ရှိနေပြီဆိုတာကို ယွီရွေ့ကျူး မသိတော့ပေ။ သူမ ခေါင်းများ တဆစ်ဆစ် ကိုက်ခဲနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပင် မလှုပ်ဝံ့တော့ချေ။ အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် သည်းမခံနိုင်လောက်အောင် နာကျင်ကိုက်ခဲမှုကို ခံစားရသည်။

ဟော်ချန်ယဲ့က ရှုပ်ပွနေသည်များကို ရှင်းလင်းနေသည်။

ကုတင်ပေါ်တွင် ကပ်နေသော သွေးကွက်များကို တဘက်နှင့် ထိတွေ့ချိန်တွင် ဟော်ချန်ယဲ့ အသက်ရှူနှုန်းများ မမှန်တော့ဘဲ ပါးပြင်များ နီရဲလာသည်။

သူက အရာအားလုံးကို ရှင်းလင်းနေစဉ် နားရွက်များ နီရဲနေပြီး အလုပ်မှ ပြန်လာကာ ပြင်းထန်သော အချစ်ပွဲကြမ်းပြီးနောက် ဘာမှမစားရသေးသည့် ယွီရွေ့ကျူးအတွက် အရသာရှိသော အစားအစာများ ပြင်ဆင်ပေးရန်လည်း မမေ့လျော့ခဲ့ချေ။

အစားအသောက်များ ပြင်ဆင်ပြီးနောက် သူမ စားသောက်နေသည်ကို ကြည့်ရင်း ဟော်ချန်ယဲ့ ရင်ထဲတွင် အတိုင်းမသိ ဝမ်းမြောက်ပျော်ရွှင်မှုများ ပြည့်လျှံလာတော့သည်။

ညဉ့်နက်လာသောအခါ ညစာစားပြီးနောက် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ကုတင်ပေါ်တွင် လှဲလျောင်းကြသည်။