အခန်း ၁၄၇
Vol. 15 Ch. 147
Chapter 147
ယခင်ကလို စောင်ခွဲမခြုံကြတော့ဘဲ အတူတူအိပ်စက်ရုံသာမက တစ်ယောက်နှင့်တစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်ထားကြရာ သူတို့ အနေအထားက အလွန် ရင်းနှီးကျွမ်းဝင်လွန်းလှသည်။
ယခုအခါ သူတို့နှစ်ဦးမှာ အခြားသော ကြင်စဦး ဇနီးမောင်နှံများကဲ့သို့ပင် ဘာမှ မကွာခြားတော့ချေ။
မရေမတွက်နိုင်သော နေ့ရက်များ ကြာမြင့်ပြီးနောက် ပြဇာတ်ဆန်ဆန် အဖြစ်အပျက်များစွာကြောင့် ပဋိပက္ခများနှင့် ငြင်းဆန်မှုများ ပြည့်နှက်နေခဲ့သော သူတို့၏မင်္ဂလာဦးညလေးသည် နောက်ဆုံးတွင်တော့ ပြီးပြည့်စုံစွာ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။
ယွီရွေ့ကျူး အိပ်ချင်နေပြီ ဖြစ်သဖြင့် မျက်လုံးများကို မှိတ်ကာ အိပ်စက်ရန် ပြင်သည်။ ဟော်ချန်ယဲ့ လက်မောင်းပေါ်တွင် ခေါင်းအုံးကာ သူ့ ရင်အုပ်ကြွက်သားများကို သက်တောင့်သက်သာ ကိုင်ထားသည်။
သို့သော် တစ်ခုခု မှားယွင်းနေကြောင်း သူမ လျင်မြန်စွာပင် သတိပြုမိသွားသည်။
သူမ မျက်လုံးများကို ရုတ်တရက် ဖွင့်ပြီး ဟော်ချန်ယဲ့ကို မယုံကြည်နိုင်စွာဖြင့် မော့ကြည့်သည်။
'နေပါဦး... ခုလေးတင် ပြီးသွားတာ မဟုတ်ဘူးလား၊ ဘာလို့ နောက်တစ်ခါ ထပ်ဖြစ်လာရပြန်တာလဲ'
ဟော်ချန်ယဲ့ ချွေးများကို သုတ်ထားပြီး ဖြစ်သော်လည်း ယခုအခါ သူ့နားရွက်များက ထပ်မံနီရဲလာပြန်သည်။ သူ့ အကြည့်များက သူမထံတွင် စူးစိုက်နေပြီး ပူလောင်သောအကြည့်များကြောင့် ယွီရွေ့ကျူး မသိစိတ်ကပင် နောက်သို့ ဆုတ်ချင်သွားသည်။
သို့သော် သူက မျက်တောင်လေး ပုတ်ခတ်ကာ လေသံကို နှိမ့်ပြီး ခေါ်လာသည်။
"ရွေ့ကျူး..."
သူ့ ပါးပြင်များ နီရဲနေရင်း သူမ နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောကာ တောင်းဆိုသည်။
ယွီရွေ့ကျူး "..."
'ဟော်ချန်ယဲ့ရဲ့ ခံနိုင်ရည်က ဘယ်လောက်တောင် ကောင်းနေရတာလဲ၊ ဒါ လုံးဝ သိပ္ပံနည်းမကျဘူးလေ၊ သူက ပုံမှန်လူရော ဟုတ်ရဲ့လား'
သူမက ဟော်ချန်ယဲ့ကို မျက်စောင်းထိုးပြီး မနေနိုင်ဘဲ သက် ပြင်းချကာ သူ့ ဝမ်းဗိုက်ကြွက်သားများကို ထိကိုင်လေသည်။ ထို့နောက် သွေးဆောင်မှုနောက်သို့ ပါသွားကာ ထိုညက သူမ နောင်တအရဆုံးဖြစ်မည့် စကားတစ်ခွန်းကို ပြောမိသွားသည်။
"လာခဲ့..."
ဟော်ချန်ယဲ့ မျက်ဝန်းများတောက်ပသွားပြီး သူမအနားသို့ သတိတကြီး တိုးကပ်လာတော့သည်။
သူ့ လက်မောင်းက သူမ ခါးကိုဖက်သည့် အခိုက်အတန့်တွင် ယွီရွေ့ကျူး မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိသေးသည်။
'ဒီလောက် စွမ်းဆောင်ရည် မြင့်မားတဲ့လူ တကယ် ရှိနိုင်ပါ့မလား၊ ဟော်ချန်ယဲ့က ပိုပြောနေတာ နေမှာပါ၊ လူ့ခွန်အားမှာ ကန့်သတ်ချက် ရှိတာပဲလေ၊ ပြီးတော့ သူက စက်ရုပ်မှ မဟုတ်တာ၊ ဘာလို့ မောမသွားရမှာလဲ'
သို့သော် သူမ မှားယွင်းကြောင်း လျင်မြန်စွာပင် သက်သေပြခံရသည်။
xxxxxx
နွေရာသီ အပူချိန်က အလွန်ပူပြင်းလှသည်။ ပုံမှန်အားဖြင့် ညဉ့်နက်ပိုင်းတွင် အပူချိန်ကျဆင်းသွားလေ့ရှိပြီး လေပြေအေးလေးကြောင့် အတော်လေး လန်းဆန်းသွားတတ်သည်။ သို့သော်လည်း အခန်းကတော့ ထူးထူးခြားခြားပူအိုက်နေသည်။
ယွီရွေ့ကျူး တစ်ကိုယ်လုံး ချွေးများ ထွက်နေပြီး အိပ်ချင်မူး တူးနှင့် ပင်ပန်းနွမ်းနယ်နေကာ ဘယ်အချိန်က အိပ်ပျော်သွားမှန်းပင် မသိလိုက်ချေ။
သူမ နိုးလာသောအခါ နောက်တစ်နေ့သို့ပင် ရောက်နေပြီ ဖြစ်သည်။
နွေးထွေးသော နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသည်။ ယွီရွေ့ကျူးက မော့ကြည့်လိုက်ရာ သူမ ခေါင်းများ လေးလံနေဆဲပင်။
သူမက ကိုယ်ကို မတ်ရန် ကြိုးစားသော်လည်း ခါးက အလွန် အားနည်းနေကာ သက်တောင့်သက်သာ မရှိဖြစ်နေပြီး ထ၍ပင် မရနိုင်ကြောင်း သတိပြုမိသည်။
အခြားအရာများကို အသာထား အုတ်ကုတင်ပေါ်တွင် လှဲနေရုံဖြင့်ပင် သူမ အမောတကော အသက်ရှူနေရပြီး အားအင်ကုန်ခမ်းနေသော ကြောင်လေးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။
ယွီရွေ့ကျူး "..."
သူမက မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး သူ့ကြွက်သားများနှင့် ရုပ်ရည် သွေးဆောင်မှုနောက်သို့ ပါသွားခဲ့မိသည်ကို နောင်တရလာတော့သည်။
'ဘာလို့များ ငါ သဘောတူခဲ့မိတာလဲ၊ ပထမဆုံးအကြိမ်က အသင့်အတင့်ပဲ ဖြစ်သင့်တယ်ဆိုတာ ငါ သိပေမဲ့၊ တွေဝေပြီး အသိစိတ် လွတ်သွားတော့ သန်းခေါင်ယံလောက်အထိတောင် ကြာသွားခဲ့တာ'
'ကျစ်...'
'အလှအပဆိုတာ ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်'
သို့သော် မနေ့ညက ဟော်ချန်ယဲ့၏ လှပပြီး ချွေးများဖြင့် စိုရွှဲနေသော ချောမွေ့သည့် ကြွက်သားများ၊ ခပ်လျော့လျော့ ရှုပ်ပွနေသော ဆံပင်များကြားမှ ပေါ်လွင်နေသော သူ့ ထင်ရှားသည့် မျက်နှာသွင်ပြင်နှင့် ပူလောင်သော အသားအရေကြောင့် နီရဲနေသော အမာရွတ်များကို ပြန်လည် တွေးမိသောအခါ ယွီရွေ့ကျူး မျက်နှာကို အုပ်လိုက်ပြီး သူမ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုက ခပ်ရေးရေး ပေါ်လာသည်။
'အား... မနေ့က ငါ သူ့ကြွက်သားတွေကို ဒီထက်ပိုပြီး ကိုင်ခဲ့ရမှာ၊ နှမြောစရာပဲ'
'ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါ အားရပါးရတော့ ကိုင်ခဲ့ရတာပဲလေ'
ယွီရွေ့ကျူး တစ်ယောက် ပျော်ရွှင်နေပြီး ဟော်ချန်ယဲ့ ဘယ်မှာလဲဆိုတာ ကြည့်ရန် မသိစိတ်က ရှာကြည့်မိသည်။
သူမဘေးရှိ စောင်များက ဟာလာဟင်းလင်း ဖြစ်နေပြီး သူ ထွက်သွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည့်အလား တွန့်ကြေကာ အေးစက်နေသည်။
ယွီရွေ့ကျူး သူ့ကို အခန်းထဲတွင် မတွေ့ရသဖြင့် အနည်းငယ် မကျေမနပ်ဖြစ်ကာ တီးတိုး ညည်းတွားမိသည်။
'ဒီလောက် ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ပထမဆုံး မနက်ခင်းမှာ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး နိုးထလာသင့်တယ် မဟုတ်ဘူးလား၊ ပြီးတော့ ချိုမြိန်တဲ့ အနမ်းလေးတစ်ခုကို အပြန်အလှန် ပေးသင့်တယ်လေ၊ ဒါကမှ အစပျိုးဖို့ မှန်ကန်တဲ့ နည်းလမ်းကို'
မနက်လင်းသည်နှင့် ပျောက်ချင်းမလှ ပျောက်သွားသော ဟော်ချန်ယဲ့နှင့်တော့ မတူချေ။
သူ ထမင်းဟင်း ချက်ရန် မဟုတ်ပါက အခြားတစ်ခုခု လုပ်ရန် သွားကောင်းသွားနိုင်သည်ကို ယွီရွေ့ကျူး သိသော်လည်း မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကို မတွေ့ရခြင်းက သိပ်တော့မကောင်းလှပေ။
သူမ မနေနိုင်ဘဲ မျက်မှောင်ကြုတ်ကာ ရှေ့သို့ ကိုင်းချိန် သူမ ခါးများက အားနည်းကာ နာကျင်နေသည်။ မြိုသိပ်ထားသော ညည်းတွားသံတစ်ခု သူမ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာချိန်မှာပင် ယွီရွေ့ကျူးက မျက်ခုံးပင့်ကာ အပြင်ဘက်ရှိ တကယ်ကို အံ့မခန်း မြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်။
ကောင်းကင်ကြီးက လင်းစပြုနေပြီဖြစ်ပြီး ခြံဝင်းထဲတွင် လျှော်ဖွပ်ထားသော အဝတ်အထည် အများအပြားရှိနေ သည်။ အိပ်ရာခင်းများ၊ စောင်များ၊ ခေါင်းအုံးစွပ်များ၊ ခေါင်းအုံးများနှင့် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ အဝတ်အ စားများ အားလုံးကို လျှော်ဖွပ်ကာ အဝတ်လှန်းကြိုးပေါ်တွင် လှန်းထားသည်။
ထိုအရာများကို ဘယ်လောက်ကြာအောင် လျှော်ထားလဲဆိုတာ မသေချာသော်လည်း ၎င်းတို့ဆီမှ ရေများတပေါက် ပေါက် ကျနေဆဲပင်။
ခြံဝင်းထဲရှိ ရွှံ့စေးနေသော မြေပြင်ပေါ်သို့ ရေပေါက်များ ကျဆင်းလာရာ လက်မအရွယ်အစားရှိ ရေအိုင်လေးများကို ဖန်တီးနိုင်သည်။
ဟော်ချန်ယဲ့က ခြံဝင်းထဲရှိ ရေတွင်းနံဘေးတွင် ထိုင်နေပြီး သူ့ရှေ့တွင် သံဇလုံကြီးတစ်ခု ရှိနေသည်။
သူက အင်္ကျီလက်များကို ခေါက်တင်ထားရာ နေလောင်ထားသော လက်မောင်း တစ်စိတ်တစ်ပိုင်းကို မြင်တွေ့နိုင်သည်။ သူ့ သန်မာပြီး ကြွက်သားများဖြင့် ပြည့်နှက်နေသော လက် မောင်းများပေါ်ရှိ သွေးကြောများက တင်းမာနေပြီး အဝတ်လျှော်ရန် လက်ဖြင့် လှုပ်ရှားလိုက်တိုင်း ကြွက်သားများက တောင့်တင်းသွားသည်။