အခန်း ၁၄၈
Vol. 15 Ch. 148
Chapter 148
ဇလုံထဲတွင် အဝတ်မလျှော်ရသေးသော ပစ္စည်းအချို့ ပေါ လောပေါ်နေပြီး သူ လက်ဖဝါးထဲတွင် ပွတ်တိုက်လျှော်ဖွပ်နေသော အဝတ်စလေးကို ယွီရွေ့ကျူး သေချာကြည့်မိသော အခါ သူမ အတွင်းခံ ဖြစ်နေကြောင်း သတိပြုမိသွားတော့ သည်။
သူမ မနေနိုင်ဘဲ နားလည်မှုရှိသော အမူအရာတစ်ခုကို ပြသမိသည်။
ယခင်ကလည်း ထိုသို့ အလားတူ ကိစ္စမျိုး ဖြစ်ဖူးသော်လည်း ထိုစဉ်က ဟော်ချန်ယဲ့က သူမနှင့် ဤမျှလောက် မရင်းနှီးသေးချေ။ သူမ မလျှော်ရသေးသော အတွင်းခံကို ထိမိသော အခါ သူက အနေရခက်စွာဖြင့် သူမကိုယ်တိုင် လျှော်ရန် ဘေးသို့ ဖယ်ထားပေးခဲ့သည်။
ယခုအခါတွင်မူ သူ့ နားရွက်များက နီရဲနေပြီး ခံ့ညားသော ခန္ဓာကိုယ်ကြီးက သူမ အဝတ်စလေးကို အလွန်တရာလေး နက်သော အမူအရာဖြင့် ပွတ်တိုက်လျှော်ဖွပ်နေသည်။
ထိုအရာက ယွီရွေ့ကျူးကိုထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းသည်။ ခက်ထန် ကြမ်းတမ်းသော ယောက်ျားကြီး တစ်ယောက်က ပန်းထိုးနေသည့်အလား ခံစားရစေသည်။
သူမ အကြည့်များကို ဟော်ချန်ယဲ့ သတိထားမိ၍လားမသိ ရေတွင်းဘေးတွင် အဝတ်လျှော်နေသော အမျိုးသားက ရုတ်တရက် မော့ကြည့်လာရာ သူ့ နက်မှောင်ကာ အေးစက်သော အကြည့်များက ယွီရွေ့ကျူးနှင့် ဆုံတွေ့သည့်အခိုက်တွင် နူးညံ့သွားတော့သည်။
သူ ဖန်တီးလိုက်သော ဤအလွန်တရာ သိမ်မွေ့သည့် ခံစားချက်ကို ယွီရွေ့ကျူး သေချာမရှင်းပြတတ်ချေ။
သူ့ မျက်နှာက ဆောင်းရာသီ နှင်းများကဲ့သို့ တစ်ခဏချင်း အရည်ပျော်သွားသလိုပင် မျက်ဝန်းများပင် တောက်ပလာတော့သည်။ သူက ခွေးပေါက်လေး တစ်ကောင်နှင့် ပို၍ပင် တူသွားတော့သည်။
"ရွေ့ကျူး"
ဟော်ချန်ယဲ့က သူမကို စူးစိုက်ကြည့်နေပြီး နားရွက်များ နီရဲလျက်ရှိသော်လည်း သူ့ မျက်ဝန်းများက တောက်ပနေသည်။ သူက နှုတ်ခမ်းကို စေ့ထားကာ သူမကို ကြည့်ရင်း ပါးလျသော နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားသည်။
သူက မနေ့ကတည်းက သူမကို ဤသို့ ခေါ်ရန် ဆုံးဖြတ်ထားပုံရသည်။
သူ့ အသံက သာယာနာပျော်ဖွယ် ကောင်းသည်။ ထိုရိုးရှင်းသော စကားလုံး နှစ်လုံးက သူ့ ပါးစပ်မှ ထွက်လာသောအခါ အခြားသူများထက် ပိုမို နားထောင်ကောင်းပြီး အထူးသဖြင့် သူ့ အနည်းငယ် ဩရှနေသော လေသံကြောင့် ဖြစ်၏။
ယွီရွေ့ကျူးက သူ့ကို တစ်ချက်ကြည့်ပြီး တမင်တကာ မျက်ခုံးပင့်ကာ သူမ နီရဲသော နှုတ်ခမ်းများကို ဖွင့်ဟရင်း ချိုမြိန်သော အသံဖြင့် ဆိုသည်။
"ချန်ယဲ့~ ဘာလုပ်နေတာလဲ"
ထိုစကားလုံးများက အလွန်ချိုမြိန်နေပြီး အဆုံးသတ် အသံလေးက ဆွဲငင်နေကာ ထိုနာမည် ခေါ်ဆိုမှုနှင့် ပေါင်းစပ်လိုက်သောအခါ ဟော်ချန်ယဲ့ မျက်နှာက ချက်ချင်းနီရဲသွားတော့သည်။
သူက လက်ဝါးကြီးထဲတွင် ထိုအဝတ်စလေးကို ဆုပ်ကိုင်ထားရာ ဂျုံရောင် မျက်နှာက နီရဲနေသဖြင့် အလွန်တရာ အပြစ်ကင်းစင်သော အသွင်ကို ဆောင်လေသည်။
"လျှော်... အဝတ်တွေ လျှော်နေတာ"
လက်ပူးလက်ကြပ် မိသွားသလို ဖြစ်သွား၍လားတော့ မသိ သူ့ အသံက အနည်းငယ် ဩရှပြီး ထစ်ထစ်အအဖြစ်နေလေသည်။
"ရှင် ကျွန်မ အတွင်းခံကို လျှော်နေတာ မဟုတ်လား"
ယွီရွေ့ကျူးက သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်ပြီးနောက် ရုတ် တရက် မေးစေ့ကို ထောက်ကာ ပြုံးလိုက်ရာ သူမ မျက်ဝန်းများက ကွေးညွတ်သွားသည်။
"ဘာပဲဖြစ်ဖြစ် အဲ့ဒါကို ညစ်ပတ်အောင် လုပ်ခဲ့တာက ရှင်ဆိုတော့ ရှင်ပဲ သေချာပေါက် လျှော်ရမှာပေါ့ ချန်ယဲ့ရယ်၊ သေသေချာချာ လျှော်ရမယ်နော်၊ မဟုတ်ရင် ကျွန်မ ဝတ်ရတာ သက်တောင့်သက်သာ မဖြစ်မှာစိုးလို့"
ဟော်ချန်ယဲ့က ခပ်ဖွဖွ ချောင်းဟန့်မိရာ သီးသွားမတတ်ပင် ဖြစ်သွားသည်။
သူက ယွီရွေ့ကျူးကို မော့ကြည့်ချိန် သူ့ အသက်ရှူသံများ ပိုလို့ပင် ပြင်းထန်လာတော့သည်။
အမှန်တွင် ယွီရွေ့ကျူး စကားများက မတရားလှပေ။ ၎င်းကို ညစ်ပတ်အောင် လုပ်ခဲ့သည်မှာ ဟော်ချန်ယဲ့ တစ်ယောက် တည်း မဟုတ်ဘဲ အများစုမှာ သူတို့ နှစ်ယောက်စလုံးကြောင့် ညစ်ပတ်သွားခြင်းဖြစ်ရာ ဟော်ချန်ယဲ့ တစ်ယောက်တည်းကိုသာ အပြစ်ပုံချ၍ မရနိုင်ချေ။
ဟော်ချန်ယဲ့က ယွီရွေ့ကျူးအား အလိုလိုက်ရသည်ကို ပျော်ရွှင်သဖြင့် မငြင်းဆန်ခဲ့ချေ။ သူ့ မျက်နှာက နီရဲနေပြီး ဇလုံထဲရှိ ပစ္စည်းများကို လျင်မြန်စွာ လျှော်ဖွပ်ကာ ဂရုတစိုက် ညှစ်ပြီး အဝတ်လှန်းကြိုးပေါ်တွင် လှန်းသည်။ ထို့နောက် လက် ဆေးကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။
အိမ်ထဲတွင် ယွီရွေ့ကျူး ကိုယ်ကို ကိုင်းကာ အဝတ်လဲနေသည်။
မနေ့ညက လှုပ်ရှားမှုများကြောင့် သူမ ခါးများ နာကျင်နေပြီး အချိန်အတန်ကြာမှ အနည်းငယ် သက်သာရာ ရသွားသည်။
မနေ့က ညစ်ပတ်သွားသော သူမ ညအိပ်ဝတ်စုံကို ဟော်ချန်ယဲ့က လျှော်ဖွပ်ကာ အပြင်တွင် လှန်းထားပြီး ဖြစ်သည်။ ယွီရွေ့ကျူးက အတွင်းခံ အသစ်တစ်စုံနှင့် အပေါ်ထပ် အဖြစ် ဝတ်ဆင်နိုင်သော ဂါဝန်တစ်ထည်ကို ရှာဖွေကာ အဝတ်လဲရန် ပြင်သည်။
ကံမကောင်းစွာဖြင့် ခက်ခဲလှသည်။ သူမ ခြေထောက်များကိုပင် မမြှောက်နိုင်ချေ။
သူမက ဘရာစီယာကို ဝတ်ဆင်သည်နှင့် နောက်ကျောဘက်ရှိ ချိတ်ကိုပင် မတပ်ရသေးခင် ယွီရွေ့ကျူး အမောတကော အသက်ရှူမိသည်။ သူမ ပန်းရောင်သန်းနေသော နှုတ်ခမ်းများ ပွင့်ဟသွားပြီး နံရံကို အချိန်အတော်ကြာ မှီထားရကာ မထနိုင်သေးချေ။
သူမ မျက်တောင်များပင် တုန်ရီနေပြီး မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာတော့သည်။
မနေ့က သူမ အနည်းငယ် အလွန်အကျွံ နမ်းရှိုက်ခံခဲ့ရသည်။ သူမ အသားအရေများ ပေါက်ပြဲနေကြောင်းကို ယွီရွေ့ကျူး တစ်ယောက် ကြည့်စရာပင် မလိုဘဲ သိသည်။
သူမ သူ့ကို ထိကိုင်ရန်ပင် လက်မမြှောက်ဝံ့တော့ချေ။ မနေ့ညက ဟော်ချန်ယဲ့ အပြုအမူများနှင့် ပတ်သက်သော သူမမှတ်ဉာဏ်များက ပိုမိုနက်ရှိုင်းလာပြီး မနေနိုင်ဘဲ တီးတိုး ကျိန်ဆဲမိသည်။
"သူက လမ်းဘေးခွေး တစ်ကောင်များလား၊ နမ်းတာ၊ လျက်တာကို အဲ့ဒီလောက်တောင် သဘောကျရလား"
ဟော်ချန်ယဲ့က သူမ နောက်ကျောဘက်ရှိ တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ သူ အဆဲခံနေရသည်ကို ကြားလိုက်ရသဖြင့် သူ့ပါးလျသော နှုတ်ခမ်းများကို စေ့ထားကာ အချိန်အတော်ကြာသည်အထိ ချေပစကား မဆိုနိုင်ခဲ့ချေ။
သူ့ အကြည့်များက ယွီရွေ့ကျူးပေါ်သို့ မသိစိတ်ကပင် ကျရောက်သွားပြှး တစ်ခဏမျှ သူ့လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်သွားတော့သည်။
သူ့ မျက်ဝန်းများတွင် အပူရှိန် တစ်ခု ထပ်မံ မြင့်တက်လာပြန်သည်။
ယွီရွေ့ကျူးက အလွန် ဖြူဖွေးလှသည်။ နွားနို့အလား ဖြူဖွေးမှုမျိုးပင်။ ပုံမှန်အားဖြင့် နံနက်ခင်း နွေးထွေးသော နေရောင်ခြည်က သူမပေါ်သို့ ဖြာကျလာသောအခါ သူမ အသားအရေက တောက်ပနေသည့်အလား ထင်ရစေသည်။
ယနေ့တွင်မူ ပထမဆုံး မျက်လုံးထဲ ဝင်လာသောအရာက ယွီရွေ့ကျူး နွားနို့ကဲ့သို့ နူးညံ့ဖြူဖွေးသော အသားအရေ မဟုတ်ဘဲ သူမ ခါးနှင့် ကျောပြင်တစ်လျှောက်တွင် ပြည့်နှက်နေသော အနီရောင် အမှတ်အသားများပင်။
ပေါ်လွင်နေသော သူမ ခြေတံများပေါ်ရှိ အတွင်းပိုင်းနှင့် အပြင်ပိုင်း နှစ်နေရာစလုံးတွင်ပင် နှင်းပြင်ထက်၌ ဖူးပွင့်နေသော ပန်းပွင့်လှလှလေးများကဲ့သို့ အနီကွက်များ ရှိလေသည်။
သူမ ဖြူဖွေးသော အသားအရေက ထိုအမှတ်အသားများကို အထူးတလည် ထင်ရှားစေပြီး သိသာထင်ရှားသော ခြားနားမှုကို ဖန်တီးပေးထားသည်။
မနေ့က သူ့ ပူလောင်နေသော နှုတ်ခမ်းများကို အသုံးပြုကာ ယွီရွေ့ကျူး ခန္ဓာကိုယ် နေရာလပ်မကျန်အောင် ကိုးကွယ်ဆည်းကပ်နေသည့်အလား နမ်းရှိုက်ကာ စူးစမ်းရှာဖွေခဲ့ပုံများကို ဟော်ချန်ယဲ့ တစ်ယောက် ချက်ချင်းနီးပါး ပြန်လည် သတိရသွားသည်။
သူက ရုတ်တရက် ထိုနေရာသို့ နှုတ်ခမ်းများကို ထပ်မံ ဖိကပ်ကာ ပိုမို လှပသော မက်မွန်ပန်း ပုံစံများဖြင့် ဖုံးလွှမ်းပစ်ချင်သည့် ဆန္ဒကို မထိန်းချုပ်နိုင်တော့ချေ။
သူ့ အသက်ရှူသံများ ပြင်းထန်လာသော်လည်း ကံကောင်းထောက်မစွာဖြင့် အသိတရားက လွှမ်းမိုးသွားရာ ယွီရွေ့ကျူး သဘာဝမကျသော ကိုယ်ဟန်အနေအထားကို လျင်မြန်စွာ သတိပြုမိသွားသည်။
သူ့ ဂနာမငြိမ်ဖြစ်မှုများကို မြိုသိပ်ထားရင်း ယွီရွေ့ကျူးကို ထူပေးရန် ရှေ့သို့ တိုးလာကာ သူမကို အုတ်ကုတင်ပေါ်သို့ ပွေ့ချီသွားသည်။
"ကိုယ် လုပ်ပေးမယ် ရွေ့ကျူး"
ယွီရွေ့ကျူးက ရင်ဘတ်ကို ဖုံးထားလျက် မျက်မှောင်ကြုတ်ရင်း ဟော်ချန်ယဲ့ ကြမ်းတမ်းသော လက်ချောင်းများက သူမ ကျောပြင်ပေါ်တွင် အဝတ်အစား ကြယ်သီးများ တပ်ပေးရန် ကြိုးစားနေသည်ကို ကြည့်နေလေသည်။ သူမ ခေါင်းခါလိုက်သည်။
"ဒီနေ့ ကျွန်မ အလုပ်မသွားတော့ဘူး၊ နေလို့ မကောင်းဘူး၊ ကြယ်သီးတွေက သက်တောင့်သက်သာ မဖြစ်လို့ မဝတ်တော့ဘူး"
သူမ အထက်မှ အသက်ရှူသံများက ရုတ်တရက် ပြင်းထန်လာပြီး သူ့ နက်မှောင်သော အကြည့်များက အနည်းငယ် တွေဝေသွားသည်။
ယွီရွေ့ကျူးက ဂရုမစိုက်ခဲ့ချေ။
နွေရာသီတွင် အိမ်၌ ပူအိုက်သဖြင့် အဝတ်အစား မဝတ်ထားခြင်းက အဆင်ပြေသလို သက်တောင့်သက်သာ မရှိချေ။
အနည်းငယ် ထိလိုက်သည်နှင့် နာကျင်မည်ဖြစ်ကြောင်း သူမ သိသည်။ အရာအားလုံးက မနေ့ညက ဟော်ချန်ယဲ့ သူမကို အလွန်အကျွံ နမ်းရှိုက်သောကြောင့်ပင်။
သူမ အဝတ်အစား မဝတ်ဘဲ နေနိုင်လျှင် ကောင်းမည်ဟု တွေးမိသော်လည်း ၎င်းက သေချာပေါက် ဖြစ်နိုင်မည်တော့ မဟုတ်ပေ။
ယွီရွေ့ကျူးက အပွဆုံး လည်တိုင်သိုင်း ဂါဝန်တစ်ထည်ကို တမင်တကာ ရွေးချယ်ခဲ့ပြီး ထိုအရာကို ဝတ်ဆင်လိုက်ချိန်တွင် အသားနှင့် အရမ်း မကပ်နေမှသာ သက်ပြင်းချနိုင်တော့သည်။
သူမ မော့ကြည့်မိရာ ဟော်ချန်ယဲ့ လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ့ နက်မှောင်သော မျက်ဝန်းများက သူမကို စူးစိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။
ယွီရွေ့ကျူးက သူ့အား ခေါင်းစောင်းကာ ကြည့်သည်။
"ရှင် တစ်ခုခု ဖြစ်နေတယ်မလား ချန်ယဲ့၊ ဘယ်လို ညစ်ညမ်းတဲ့ အတွေးတွေများ တွေးနေတာလဲ"
ဟော်ချန်ယဲ့ ပါးပြင်များ နီရဲသွားသည်။
"ဘာ... ဘာမှမဟုတ်ပါဘူး"
သူ အကြည့်လွှဲပြီး မကြည့်မိ၊ မတွေးမိရန် အတတ်နိုင်ဆုံး ကြိုးစားရတော့သည်။ မနေ့က သူ အလွန်အကျွံ လုပ်ခဲ့မိသဖြင့် ယွီရွေ့ကျူးကို သက်တောင့်သက်သာ မဖြစ်အောင် လုပ်ခဲ့မိသည်မှာမှန်သည်။
သို့သော်လည်း သူ့ အရပ်အမောင်းနှင့် ထောင့်ချိုးအရ သူဖုံးကွယ်ချင်သည့်အရာကို ရှင်းလင်းစွာ မြင်တွေ့နေရလုနီးပါးပင်။