အခန်း ၁၄၉
Vol. 15 Ch. 149
Chapter 149
ဟော်ချန်ယဲ့က မျက်လုံးများကို မှိတ်ထားပြီး နားရွက်များ နီရဲနေကာ ယွီရွေ့ကျူး ရှေ့တွင် ဒူးတစ်ဖက် ထောက်လျကိ ထိုင်ချရာ သူ့ ဆံပင်အရှေ့ခြမ်းက ကုတင်စွန်းနှင့် မထိတထိ ဖြစ်နေပြီး ဖရိုဖရဲ ဆံစများက ယွီရွေ့ကျူး ပေါင်တံကို ပွတ်တိုက်မိသည်။
သူ့ အသံက အနည်းငယ် ဩရှနေသည်။
"ကိုယ် လိမ်းဆေး နည်းနည်းဝယ်လာတယ်၊ မင်း လိမ်းသင့်တယ်၊ မဟုတ်ရင် သက်တောင့်သက်သာ မဖြစ်ဘဲ နေလိမ့်မယ်"
ထိုနေ့ နံနက်ခင်းတွင် ဟော်ချန်ယဲ့ အလွန်စောစော နိုးနေခဲ့ပြီး မနေ့ညက အလွန် နောက်ကျခဲ့သဖြင့် သူ အိပ်ချိန် သိပ်မရခဲ့ချေ။
သို့တိုင်အောင် သူ့ စိတ်များက တက်ကြွနေခဲ့သည်။ သူက ဆေးခန်းသို့ ဆေးသွားယူရာ တာဝန်ကျနေသော ချင်စုလန်နှင့် တိုက်ဆိုင်စွာဆုံခဲ့သည်။
သူ့လက်ထဲတွင် ဆေးများပါလာသည်ကို မြင်သောအခါ ဒဏ်ရာရလာသည်ဟု ထင်ကာ သူမက စိုးရိမ်တကြီးဖြင့် မေးခွန်းအချို့ မေးမြန်းလာသည်။
ဟော်ချန်ယဲ့မှာ အိမ်ပြန်ကာ ယွီရွေ့ကျူးကို ပြုစုစောင့် ရှောက်ရန် အလုပ်များနေသဖြင့် သူမကို ကပျာကယာ စကားအနည်းငယ်သာ ပြန်ပြောပြီး အိမ်သို့ ပြန်လာခဲ့သည်။
ထို့နောက် အိပ်ရာခင်းများနှင့် အခြားအရာများကို စတင် လျှော်ဖွပ်ခဲ့ရာ ယခုမှသာ ပြီးစီးသွားခြင်းဖြစ်သည်။ ယွီရွေ့ကျူး နိုးလာသည်ကို မြင်ပြီးနောက် သူမကို ဆေးလိမ်းပေးရန် ရောက်လာခြင်းပင်။
သူက အိတ်ကပ်ထဲမှ ဆေးဘူးကို ထုတ်ယူပြီး သူ့ ပါးလျသော နှုတ်ခမ်းများကို စေ့ထားကာ ယွီရွေ့ကျူးကို တစ်ချက်ချင်း ကြည့်ရင်းမေးလေသည်။
"ရွေ့ကျူး၊ မင်း... ကိုယ့်ဘာသာ ဆေးလိမ်းမလား၊ ဒါမှမဟုတ် ကို... ကိုယ် ကူလိမ်းပေးရမလား"
သူ့ စကားများ ထစ်နေနိပြီး ရှက်ရွံ့မှုနှင့် အနေရခက်မှုတို့ကို မြိုသိပ်ရန် ကြိုးစားရင်း ဆေးဘူးကို လက်ဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ညဘက်တွင် သူတို့ လုပ်နိုင်သမျှ အရာအားလုံးကို ရင်းနှီးကျွမ်းဝင်ပြီး အနက်ရှိုင်းဆုံးအရာများအပါအဝင် လုပ်ဆောင်ခဲ့ကြသော်လည်း မိုးလင်းကာ နေထွက်လာချိန်တွင် မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို တွေးမိရုံဖြင့် ဟော်ချန်ယဲ့ တစ်ယောက် တွေဝေသွားကာ နောင်တရသလို ခံစားရသည်။
အသက်သုံးဆယ် နီးပါးမှ ပထမဆုံးအကြိမ် ရင်းနှီးကျွမ်းဝင်မှုကို ခံစားဖူးသော ဟော်ချန်ယဲ့မှာ ဤကဲ့သို့သော ကိစ္စများနှင့် မရင်းနှီးချေ။
ယွီရွေ့ကျူးလည်း ရှက်ရွံ့ကာ သက်တောင့်သက်သာ မဖြစ်မည်ကို စိုးရိမ်သဖြင့် သူက ဦးဆောင်ကာ မေးမြန်းလိုက်ခြင်းပင်။
မမျှော်လင့်ဘဲ ယွီရွေ့ကျူးက သူ့ကို တစ်ချက်ကြည့်ပြီး အုတ်ကုတင်ပေါ်တွင် ထိုင်လျက် ခြေဖျားလေးဖြင့် သူ့ မေးစေ့ကို ပင့်ကာ တောက်ပသော မျက်ဝန်းများဖြင့် ချိုမြိန်စွာ ပြုံးပြသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သေချာ မမြင်ရဘူးလေ၊ ရှင် လုပ်ခဲ့တာဆိုတော့ ရှင်ပဲ ကိုယ်တိုင် ဆေးလိမ်းပေးရမှာပေါ့ ဟော်ချန်ယဲ့"
ဟော်ချန်ယဲ့ လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး သူ့ မျက်နှာက ပို၍ပင် နီရဲလာတော့သည်။ သူက ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး အသက်ရှူသံများ ပိုမိုပြင်းထန်လာသည်။
သူမ အဝတ်အစားများကို စောစောက အပြင်သို့ ယူသွားကာ လျှော်ဖွပ်ထားသောကြောင့် ယွီရွေ့ကျူးက အပေါ်ဝတ်ကိုသာ ဝတ်ကြည့်ခဲ့ပြီး အသားမကျခင်မှာပင် ပြန်ချွတ်ရကာ အောက်ပိုင်းကိုလည်း မလဲရသေးချေ။
ထို့ကြောင့် ယခုအခါ ဟော်ချန်ယဲ့ တစ်ယောက် ဘယ်နေရာကို ကြည့်ရမှန်း မသိတော့ချေ။
သူက နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားပြီး နှုတ်ခမ်းများ တုန်ရီနေလျက် ပြောသည်။
"ကို... ကိုယ် ဆေးလိမ်းပေးမယ်"
အေးစိမ့်သော ဆေးဆီက အသားမာများဖြင့် ပြည့်နှက်နေသော ဟော်ချန်ယဲ့ ကြမ်းတမ်းသည့် လက်ချောင်းများပေါ် တင်လေသည်။ ဟော်ချန်ယဲ့က ၎င်းတို့ကို ငုံ့ကြည့်သော် လည်း ဘာလုပ်ရမှန်းမသိဘဲ တစ်ခဏမျှ ကြက်သေသေသွားသည်။
သူ့ ခေါင်းထဲတွင် ရှုပ်ထွေးနေသည်။
မနေ့ညက အရာအားလုံးက ဟော်ချန်ယဲ့အတွက် အလွန် ဆန်းသစ်လွန်းလှသဖြင့် ယနေ့မနက် သူ မျက်လုံးဖွင့်လိုက်ချိန်တွင် လှပသော အိပ်မက်တစ်ခုဟုပင် ထင်မှတ်ခဲ့သည်။ သို့သော်လည်း ထိုအိပ်မက်က တကယ်ကို လက်တွေ့ဆန်လွန်းလှသည်။
သူ မျက်လုံးဖွင့်ကြည့်ရာ ရင်ခွင်ထဲတွင် အိပ်မောကျနေသော ယွီရွေ့ကျူးကို မြင်လိုက်ရပြီး ထိုထူးခြားသော ခံစားချက်ကို ခံစားလိုက်ရချိန်မှသာ မနေ့က မှတ်ဉာဏ်များ အားလုံးမှာ အိပ်မက်တစ်ခု မဟုတ်ကြောင်း သူ အဆုံးတွင် နားလည်သွားတော့သည်။
မနေ့ညက သူမနှင့် အလွန်အမင်း နီးကပ်ခဲ့ပြီး သူမ နှုတ်ခမ်းများ အထိအတွေ့နှင့် အရသာတို့က သူ့ စိတ်ထဲတွင် စွဲထင်နေဆဲပင်။
xxxxx
နံနက်စောစောတွင် နေမင်းက တဖြည်းဖြည်း ထွက်လာပြီး နွေးထွေးသော အလင်းရောင်များက အိမ်ထဲသို့ ဖြာကျလာသည်။ ဤအချိန်သည် ထောင်ဟွာရွာမှ ရွာသားများ အလုပ်လုပ်ရန် စောစောထလေ့ရှိသောကြောင့် အိမ်နီးချင်းများထံမှ အသံများကိုပင် ယွီရွေ့ကျူး ကြားနေရသည်။
သူမ မော့ကြည့်မိရာ အနောက်ဘက် ပြတင်းပေါက်မှတစ်ဆင့် ခပ်လှမ်းလှမ်းရှိ မီးခိုးခေါင်းတိုင်များမှ မီးခိုးငွေ့များ လွင့်ပျံတက်လာသည်ကို ဝေဝါးဝါး မြင်နေရသည်။