အခန်း ၁၅၀
Vol. 15 Ch. 150
Chapter 150
"ရွေ့ကျူး... ဆေးမလိမ်းခင် ထပ်ပြီး သန့်စင်ပေးဖို့ လိုဦးမယ်ထင်တယ်"
ယွီရွေ့ကျူးမှာ "..."
သူမ ပါးပြင်များမှာ ရဲတက်သွားပြီး မရေမရာ တုံ့ပြန်ကာ မျက်လုံးတို့ကို မှိတ်ထားမိသည်။
ရိုးရှင်းလှသော ဆေးလိမ်းသည့် ကိစ္စမှာပင် တစ်နာရီခန့် အချိန်ယူလိုက်ရသည်။
ယွီရွေ့ကျူးသည် ကောင်းကင်ကို တစ်ချက်မျှ ငေးကြည့်လိုက်ပြီး သက်ပြင်းချမိသည်။
မြို့ပေါ်ရှိ ဆိုင်နှစ်ဆိုင်မှာလည်း တည်ငြိမ်နေပြီဖြစ်ကာ ဝန်ထမ်းများမှာလည်း အဆင်ပြေသည်။ သူမနှင့် ဟော်ချန်ယဲ့ မရှိသည့်တိုင် ထိုအဖွဲ့နှစ်ဖွဲ့လုံးက ဆိုင်ကို ကောင်းစွာစောင့် ရှောက်နိုင်သည်။
ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာ ထိုဝင်ငွေဖြင့်ပင် အေးဆေးစွာ နေထိုင်နိုင်နေသည်။
သေချာသည်ကတော့ တစ်ခါတစ်ရံ စိတ်မချနိုင်သဖြင့် ဆိုင်ကို သွားရောက် စစ်ဆေးရသည်မှာ ရှိသော်လည်း ယနေ့တော့ လုံးဝ မဖြစ်နိုင်တော့ပေ။
ဆေးလိမ်းရသည့် အချိန်ကြာမြင့်မှုကြောင့် ယခင်ကတည်း က နေမထိထိုင်မသာဖြစ်နေသော ယွီရွေ့ကျူး၏ ခန္ဓာကိုယ်မှာ ထုံကျင်တောင့်တင်းသွားပြီး တုန်ရီနေသည်။ အနည်းငယ် လှုပ်ရှားလိုက်တိုင်း သူမမှာ လဲလျောင်းချင်စိတ်သာ ပေါက်လာသည်။
ညကလည်း ကောင်းကောင်း အိပ်မပျော်ခဲ့ရသဖြင့် ဟော်ချန်ယဲ့ ပြင်ဆင်ပေးသော အစားအစာ အနည်းငယ်ကို စားပြီး သည်နှင့် အိပ်မောကျသွားသည်။
နိုးလာသောအခါ နေ့လယ်ပင် ရောက်နေပြီဖြစ်သည်။
အပြင်ဘက်တွင် လှန်းထားသော အိပ်ရာခင်းများမှာ လေပြေနှင့်အတူ လွင့်ဝဲနေပြီး ဆပ်ပြာစေ့ရနံ့ သင်းသင်းလေး ပျံ့လွင့်နေသည်။
နေရောင်ခြည်များက အခန်းထဲသို့ ဖြာကျနေပြီး အခန်းတွင်း နွေးထွေးစေသည်။
ယွီရွေ့ကျူးမှာ သက်သောင့်သက်သာဖြင့် ကိုယ်ကိုဆန့်ရာ ခန္ဓာကိုယ် အနည်းငယ် ပြန်လည်နာလန်ထလာသလို ခံစားရသည်။ ခေါင်းကို လှည့်ကြည့်သောအခါ သူမဘေးတွင် ဟော်ချန်ယဲ့က သူမကို ပွေ့ဖက်ထားလျက် လဲလျောင်းနေသည်ကို မြင်လိုက်သည်။
ဟော်ချန်ယဲ့မှာ အိပ်မပျော်သေးဘဲ သူမကို ဖက်ထားရုံသာ ဖြစ်သည်။ သူမ နိုးလာသည်ကို မြင်သည်နှင့် စိုးရိမ်တကြီး မေးမြန်းသည်။
"ရွေ့ကျူး ကောင်းကောင်း အိပ်ပျော်ရဲ့လား၊ ဗိုက်ဆာနေပြီလား၊ ကိုယ် အစားအသောက် ပြင်ဆင်ထားတယ်၊ အခု စားမလား၊ ကိုယ် သွားယူပေးမယ်လေ"
သူမ မျက်လုံး ဖွင့်သည်နှင့် ရုပ်ရည်သန့်ပြန့်လှပသော ခင်ပွန်းဖြစ်သူ မျက်နှာကို မြင်လိုက်သဖြင့် ယွီရွေ့ကျူး ရင်ထဲတွင် ကျေနပ်မှုတို့ ပြည့်နှက်သွားသည်။ သူမ မနေနိုင်ဘဲ ကိုယ်ကို ကိုင်းကာ ဟော်ချန်ယဲ့ ပါးပြင်ကို ငုံ့နမ်းသည်။ ဤသည်မှာ မနက်က မနမ်းခဲ့ရသည့်အတွက် စိတ်ထဲတွင် ကျန်နေခဲ့သော အာသီသကို ဖြည့်ဆည်းခြင်းဖြစ်သည်။
သူ့ ဂျုံရောင်သန်းသော အသားအရေမှာ မျက်စိရှေ့တွင်ပင် ချက်ချင်းဆိုသလို နီရဲသွားသည်ကို ကြည့်ရင်း ယွီရွေ့ကျူးမှာ ကျေနပ်စွာ ပြုံးမိပြီး ချီးကျူးသည်။
"ပေါင်ပေါင်း... ရှင် အတော်ကို အလုပ်ကြိုးစားတာပဲ၊ အရမ်းကို ကောင်းတာ၊ ရှင့်ကို အရမ်းသဘောကျလိုက်တာ၊ ရှင့်လို ဝန်ဆောင်မှုပေးချင်တဲ့ စိတ်ထားရှိတဲ့သူမှ အသားစားဖို့ ထိုက်တန်တာ၊ တကယ်တော်တာပဲ"
သူမ နိုးလာချိန်တွင် အရာအားလုံးမှာ သန့်ရှင်းသပ်ရပ်နေသည်။
အညစ်အကြေး ပေကျံနေသော အိပ်ရာခင်းများကို လျှော်ဖွတ်ထားပေးကာ သူမအတွက် လိမ်းဆေးကိုလည်း ဝယ်လာသည်။
အမှန်ကို ကောင်းလွန်းသည်။
'ဒါက သူမ ယောက်ျားဆိုရင်တော့ သူမ လုံးဝကို ကျေနပ်နေမှာပဲ'
ယွီရွေ့ကျူး ပြုံးမိသော်လည်း ဟော်ချန်ယဲ့မှာမူ ရှက်လွန်း၍ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ကို သတိမထားမိပေ။
'ပေါင်ပေါင်း... ဟုတ်လား၊ သူ... သူ ငါ့ကိုခေါ်လိုက်တာလား'
'ပြီးတော့ အဲဒီအနမ်းကို သဘောကျတယ်လို့တောင် ပြောလိုက်သေးတယ်...'
မနေ့ကအထိ ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူး စုန့်ချင်းရှန်းအပေါ် ထားရှိသည့် စိတ်ကို တွေးပြီး မနာလိုစိတ်၊ စိုးရိမ်စိတ်တို့ဖြင့် ပူလောင်နေသည်။
ယခုမူ တစ်ညတည်းနှင့် ရင်းနှီးသည့် အထိအတွေ့များ ရရှိရုံသာမက သူမကပါ သူ့ကို သဘောကျကြောင်း ပြောပြီး ထိုသို့ နမ်းရှိုက်ခဲ့သည်။
ဟော်ချန်ယဲ့ နှလုံးသားမှာ အရည်ပျော်ကျသွားသလိုပင်။ ယုံကြည်နိုင်စရာ မရှိလောက်အောင် ပျော်ရွှင်လွန်းသဖြင့် သူ အိပ်မက် မက်နေတာလားဟုပင် ထင်မှတ်မိသည်။ သို့သော် အရာအားလုံးမှာ အမှန်တရားပင်။
ဟော်ချန်ယဲ့မှာ ဝမ်းသာလွန်းသဖြင့် ရင်ပင် ခုန်လာရသည်။ သူ့အနက်ရောင် မျက်ဝန်းများဖြင့် ယွီရွေ့ကျူးကို ငုံ့ကြည့်မိရာ မျက်လုံးများထဲတွင် ကြည်နူးမှုတို့ ပြည့်နှက်နေသည်။
သူ အနည်းငယ် ရှက်ရွံ့စွာ ပြန်ပြောသည်။
"ရွေ့ကျူး... မင်း... မင်းလည်း တော်တာပဲ"
"ကျွန်မ တော်တာ သဘာဝပဲလေ၊ ကျွန်မလိုမျိုး အံ့ဩစရာကောင်းတဲ့သူမှ ရှင့်လိုမျိုး တော်တဲ့သူနဲ့ ထိုက်တန်တာပေါ့"
ယွီရွေ့ကျူးမှာ ဟော်ချန်ယဲ့ ချီးကျူးမှုကို ချက်ချင်းပင် လက်ခံသည်။
သူမ ပြုံးလျက် ကိုယ်ကို တိုးကပ်ပြီး မေးကို မော့ကာ တစ်ညလုံး အနမ်းခံထားရ၍ ပန်းရောင်သမ်းနေသော နှုတ်ခမ်းတို့ကို သူ့ဆီသို့ နီးကပ်လာပြီး အချက်ပြသည်။
"မြန်မြန် နမ်းလေ၊ အနာဂတ်မှာ ပိုက်ဆံ ပိုရအောင် ကြိုးစားကြမယ်၊ ချမ်းသာပြီး ပျော်ရွှင်တဲ့ လင်မယား ဖြစ်အောင် လုပ်ကြမယ်၊ ဟော်ချန်ယဲ့... ရှင် ပိုက်ဆံ အများကြီး ရအောင် ကြိုးစားရမယ်၊ ဒါမှ ကျွန်မတို့ အိမ်ကြီးကြီးတစ်လုံး ဝယ်နိုင်မှာ၊ လှည်းကြီးလည်း စီးနိုင်မှာ"
"ကောင်းပြီ"
ဟော်ချန်ယဲ့မှာ ရှက်နေသော်လည်း မျက်လွှာကို ချပြီး ယွီရွေ့ကျူး နှုတ်ခမ်းကို ညင်သာစွာ ထိကပ်လာသည်။
သူ့ မျက်တောင်များမှာ တုန်ယင်နေပြီး ပါးပြင်ပေါ်မှ အပူရှိန်ကို ဖုံးကွယ်ထားကာ အသက်ရှူသံများမှာလည်း အနည်းငယ် မြန်ဆန်လာသည်။ သို့သော် ယွီရွေ့ကျူးမှာ ကျေနပ်ပုံမရချေ။
"ဒါက ဘာလဲ၊ လိပ်ပြာလိုအနမ်းလား၊ ကျွန်မ အပေါ်မှာထားတဲ့ ရှင့် အချစ်အစစ်အမှန်ကို ပြသတဲ့ အနမ်းမျိုးကို လိုချင်တာ"
ဟော်ချန်ယဲ့မှာ ခဏမျှ ငြိမ်သက်သွားပြီး ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ထို့နောက် ခေါင်းကို အနည်းငယ် စောင်းကာ ယွီရွေ့ကျူး နှုတ်ခမ်းကို ဖိကပ်လေသည်။
သူ့ ကြမ်းတမ်းသော လက်ချောင်းတို့ဖြင့် ယွီရွေ့ကျူး မေးကို ဆုပ်ကိုင်ထားပြီး အနမ်းတို့ကို နှေးကွေးညင်သာစေရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း မနေ့က အတွေ့အကြုံများကြောင့် သူ့ရင်ထဲရှိ အာသီသမှာ ငြိမ်မသွားဘဲ ပို၍ပင် တောက်လောင်လာသည်။ ထိုအနမ်းက သူ့ ဆာလောင်မှုကို မီးမွှေးပေးသလို ဖြစ်သွားသည်။
သူမ နီရဲနေသော နှုတ်ခမ်းတို့ကို ပိုမို တောက်ပလာသည်အထိ မရမက ရှာဖွေ၊ ဖိကပ်၊ နမ်းရှိုက်သည်။ ခပ်သဲ့သဲ့ ထွက်ပေါ်လာသော အသက်ရှူသံများက လေထုထဲတွင် ရစ်ဝဲနေသည်။
အဆုံးတွင် ယွီရွေ့ကျူးမှာ အသက်ပင် မရှူနိုင်တော့သည်အထိ ဖြစ်သွားမှသာ အားမလိုအားမရဖြင့် နှုတ်ခမ်းကို ဖယ်ခွာသည်။ သို့သော် သူ့ အနက်ရောင် မျက်ဝန်းတို့မှာ တောက်ပနေဆဲပင်။
"ရွေ့ကျူး၊ ဒီလိုဆိုရင် ရပြီလား"
ယွီရွေ့ကျူးမှာ အသက်ရှူသံ ပို၍ မြန်ဆန်လာပြီး ခါးလေးမှာလည်း အနည်းငယ် ယိုင်နဲ့သွားသည်။ သူမ မော့ကြည့်သောအခါ အသားစားချင်နေသည့် ဝံပုလွေတစ်ကောင်လို မျက်လုံးမျိုးဖြင့် ကြည့်နေသည့် ဟော်ချန်ယဲ့ကို မြင်ရသည်။
သူမ မနေနိုင်ဘဲ ရယ်မောမိပြီး မျက်ခုံးကို ပင့်လာသည်။
"တော်ပြီလေ၊ ရှင် ကျွန်မကို ဘယ်လောက်ချစ်လဲဆိုတာ သိသာပြီ"
အသစ်စက်စက် လင်မယားနှစ်ယောက်မှာ ကျဉ်းမြောင်းသော နေရာလေးတွင် တစ်ယောက်နှင့်တစ်ယောက် တိုးကပ်နေပြီး အသက်ရှူသံတို့ ရောထွေးနေကာ မျက်လုံးချင်း ဆုံမိတိုင်း ပြုံးမိသည်။ လေထုမှာ နွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
အိမ်ထောင်သက် အစောပိုင်းက တင်းမာမှုများမှာ ပျောက်ကွယ်သွားခဲ့သည်။
တစ်ခါတစ်ရံတွင် ဟော်ချန်ယဲ့သည် ဟန်းနီးမွန်းကာလက ယွီရွေ့ကျူးအပေါ် ထားရှိခဲ့သည့် သူ့ အေးစက်စက် အပြုအမူများကို ပြန်တွေးမိတိုင်း အဝေးကြီးမှာ ကျန်ရစ်ခဲ့သည့် အမှတ်တရတစ်ခုလို ဖြစ်နေတော့သည်။
သူတို့ ဆက်ဆံရေးမှာ ပို၍ပင် နီးကပ်ချစ်ခင်လာသည်။
ယခင်ကဆိုလျှင် အလွန်ပင် ရင်းနှီးခဲ့သော်လည်း ဟော်ချန်ယဲ့ အတွေးလွန်မှုကြောင့် လေထုမှာ ပျက်စီးခဲ့ရသည်။ ယခုမူ အတွင်းစိတ်တွင် ရှိနေသော ပဋိပက္ခများ ပျောက်ကွယ်သွားသဖြင့် လေထုပင် ချိုမြိန်နေသယောင် ထင်ရသည်။
ဟော်ချန်ယဲ့က နေ့လယ်စာ ချက်ပြုတ်နေသည်။
ယခုအခါတွင် ယွီရွေ့ကျူး သင်ကြားပေးမှုကြောင့် ဟော်ချန်ယဲ့မှာ ခေါက်ဆွဲပြုတ် တတ်ရုံမျှမကတော့ပေ။
ယွီရွေ့ကျူးက အစားအသောက်ကို ရွေးချယ်တတ်မှန်း သူသိသည်။ ပြီးခဲ့သည့်ညက သူမ ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် အာဟာရ ပြည့်ဝရန် လိုအပ်သည်ဟု သူ ယူဆသည်။
ထို့ကြောင့် ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူး နေ့လယ်အိပ်ပျော်နေချိန်တွင် အိမ်ရှိ ကြက်များကို သတ်ကာ တစ်ကောင်ကို ဟင်းချက်ပြီး ကျန်တစ်ကောင်ကို စွပ်ပြုတ်လုပ်ထားသည်။
စားပွဲပေါ်တွင် မှိုနှင့် ချက်ထားသော ကြက်သားဟင်း၊ ကြက်စွပ်ပြုတ်၊ ခရမ်းသီးကြော်၊ သခွားသီးသုပ်နှင့် ဝက်နံရိုးဟင်းတို့ဖြင့် ပြည့်နှက်နေသည်။
ပွဲတော်တည်ခင်းထားသည့်အလား ပေါများလှသော အသားဟင်းနှင့် ဟင်းရွက်များကြောင့် ရွာသားများပင် မြင်လျှင် မူးမေ့သွားနိုင်သည်။ ယွီရွေ့ကျူးမှာ မျက်ခုံးကို ပင့်လိုက်ပြီး အံ့ဩစွာ ရေရွတ်ယမိသည်။
'မနေ့ညကတင်ပဲ ရှိသေးတာကို၊ ငါလေးက မီးတွင်းထဲက မိခင်မှ မဟုတ်တာ၊ ဘာလို့ ဒီလောက် အသားတွေ၊ ကြက်စွပ်ပြုတ်တွေ ချက်ထားတာလဲ'
'ဘယ်လောက်တောင် အာဟာရ ပြည့်ဝအောင် လုပ်ပေးမလို့လဲ’