အခန်း ၁၅၂
Vol. 16 Ch. 152
Chapter 152
ယွီရွေ့ကျူးမှာ အစားအသောက်များကို သိပ်ပြီး စိတ်ဝင်စား မှု မရှိသော်လည်း ရွာထဲက မင်္ဂလာဆောင်ကိုမူ အလွန်ပင် စိတ်ဝင်စားသည်။
သူမ နိုးလာချိန်တွင် မင်္ဂလာဦးည ရောက်နေပြီဖြစ်သဖြင့် မင်္ဂလာအခမ်းအနားနှင့် ဧည့်ခံပွဲများကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရချေ။
ညစာလည်း မချက်ရသေးသဖြင့် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ နှစ်ယောက်သား အပြန်အလှန် ကြည့်မိကြပြီး လျန်စစ်ကို ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ၊ ပြင်ဆင်ပြီး လာခဲ့မယ်"
"ဟုတ်ကဲ့"
လျန်စစ်က ခေါင်းညိတ်ပြကာ အလုပ်များနေသဖြင့် ပြုံးရွှင်စွာဖြင့် ထွက်သွားတော့သည်။
ယွီရွေ့ကျူးက အဝတ်အစား ရွေးရန် အိမ်ထဲသို့ ပြန်လှည့်ဝင်တော့မည့်ဆဲဆဲ ဟော်ချန်ယဲ့က သူမလက်ကို လှမ်းဆွဲထားသည်။
သူက နှုတ်ခမ်းကို စေ့ထားလျက် ပြောလာသည်။
"အရမ်းလှအောင် ဝတ်မသွားနဲ့နော်၊ သတို့သမီးထက် ပိုပေါ်လွင်သွားလိမ့်မယ်"
"ကျွန်မဆီမှာ အဲဒီလောက် ထူးထူးခြားခြား လှတဲ့ အဝတ်အစားတွေမှ မရှိတာ"
ယွီရွေ့ကျူးက ခဏမျှ စဉ်းစားပြီးနောက် ရိုးရှင်းသော ရှပ်အင်္ကျီဂါဝန်တစ်ထည်ကို ဝတ်ဆင်သည်။
သူမ အပြင်ထွက်လာချိန်တွင် ဟော်ချန်ယဲ့သည် သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို လဲလှယ်ထားပြီး ဆံပင်ကို သေသပ်စွာ ဖြီးသင်ထားသည်။ သူ့ မျက်နှာသွင်ပြင်မှာ ခန့်ညားလှပြီး သူ့ထံမှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေသည်။
မျက်နှာပေါ်ရှိ အမာရွတ်သည် သူ့ အသွင်အပြင်ကို အနည်း ငယ်မျှ မထိခိုက်စေသည့်အပြင် သူ့ကို ပိုဆွဲဆောင်မှု ရှိစေသည်။
သူမ မနေနိုင်ဘဲ ကိုယ်ကို တိုးကပ်ကာ ဟော်ချန်ယဲ့ကို နမ်းပြီး သူ့ လက်မောင်းကို ဖက်တွယ်လျက် လှုပ်ယမ်းကာ ပြောသည်။
"ဘယ်သူ့ယောင်္ကျားက ဒီလောက်တောင် ချောနေတာလဲ၊ ဪ... ငါ့ယောင်္ကျားပဲ"
သူမ စကားကြောင့် ဟော်ချန်ယဲ့ မျက်နှာမှာ ရဲတွတ်သွားသည်။
မျက်နှာပေါ်တွင် အမာရွတ် ဖြစ်လာပြီးကတည်းက သူ့ရုပ်ရည်နှင့် ပတ်သက်၍ ချီးကျူးစကားကို သူ ဘယ်တုန်းကမှ မကြားခဲ့ရသလောက်ပင်။
သို့သော် ယွီရွေ့ကျူးနှင့် လက်ထပ်ပြီးကတည်းက နေ့တိုင်းနီးပါး ကြားရပြီး ယခုအခါတွင် သူမမှာ ပို၍ပင် ပွင့်လင်းလာကာ သူ့အပေါ် ချီးမွမ်းစကားများကို ရေလိုမိုးလို ရွာချတော့ သည်။
သူ အနည်းငယ် အနေရခက်သွားပြီး နားရွက်များ နီရဲလာကာ ယွီရွေ့ကျူး နှုတ်ခမ်းကို လက်ဖြင့် အုပ်ထားသည်။
"မဆိုင်တာတွေ လျှောက်မပြောပါနဲ့၊ ကိုယ့်ပုံစံက ဘာများ ကြည့်ကောင်းနေလို့လဲ"
"ရှင်က ကြည့်ကောင်းပါတယ်ဆို"
ယွီရွေ့ကျူး စကားဆုံးသည်နှင့် ပြုံးလျက် ဟော်ချန်ယဲ့လက် မောင်းကို ချိတ်ကာ ထွက်သွားရန်ပြင်သည်။ သို့သော် ဟော်ချန်ယဲ့သည် သူမ အဝတ်အစားကို ငုံ့ကြည့်ပြီးနောက်တုံ့ဆိုင်းနေသည်။
"မင်း အဝတ်အစား ပြန်လဲလိုက်ပါလား၊ ဒီလိုပုံစံက အရမ်း လှလွန်းနေတယ်၊ သတို့သမီး နေရာကို လုယူသလိုဖြစ်သွားလိမ့်မယ်"
ယွီရွေ့ကျူး "..."
သူမ အသံထွက်အောင်ပင် ရယ်မောမိသည်။
"ဒါကို ကျွန်မ ချီးကျူးတယ်လို့ပဲ သတ်မှတ်လိုက်မယ်နော်၊ ရှင်က တော်တော် စကားတတ်တာပဲ"
သူမက သူ့အလိုကို လိုက်လျောရသည်ကို ကျေနပ်ပြီး ဟော်ချန်ယဲ့ ချီးကျူးမှုကြောင့်လည်း ပျော်ရွှင်နေကာ အိမ်ထဲသို့ ပြန်ဝင်ပြီး အစင်းကျား ဂါဝန်တစ်ထည်ကို လဲဝတ်သည်။
ခါးနေရာတွင် ကျပ်နေသော ဂါဝန်ကြောင့် သူမ ခါးလေးမှာ သေးသွယ်နေသည်ကို မြင်သာစေပြီး ညှပ်ရိုးနှင့် သွယ်လျသော လည်တိုင်တို့ကို ပေါ်လွင်စေကာ အသားအရေမှာလည်း အထူးပင် ဖြူဝင်းနေသည်။
ဟော်ချန်ယဲ့မှာ တုံ့ဆိုင်းသွားပြီး တစ်ခုခု ပြောချင်သော် လည်း ပါးစပ်ဟပြီးမှ ပြန်ပိတ်သွားသည်။
ယွီရွေ့ကျူးက သူ့ လက်မောင်းကို ဖွဖွရိုက်ပြီး မျက်စောင်း ထိုးကာ ပြောလိုက်သည်။
"ရှင် ဒီထက်ပိုပြီး အချိန်ဆွဲနေရင် ဒီည ကျွန်မတို့ ညစာစားရတော့မှာ မဟုတ်ဘူးနော်၊ ရှင့်ရဲ့ စံနှုန်းတွေနဲ့ဆိုရင် ကျွန်မ ဗီရိုထဲက ဘယ်အဝတ်အစားမှ အဆင်ပြေမှာ မဟုတ်ဘူး၊ ဒါက ကျွန်မအတွက် အသက်သာဆုံးပဲ၊ ဒါကြောင့် ရစ်မနေနဲ့တော့"
"အင်းပါ"
ယခုတစ်ကြိမ်တွင်မူ ဟော်ချန်ယဲ့သည် မတတ်သာဘဲ ငြိမ်နေလိုက်ရတော့သည်။
သူသည် ယွီရွေ့ကျူးနှင့်အတူ အပြင်ထွက်လေ့ သိပ်မရှိပေ။ အထူးသဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင်ဖြစ်သည်။
ယွီရွေ့ကျူး လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ခြံတံခါးကို သော့ခတ်သည်။ သူတို့ ယှဉ်တွဲ လျှောက်လာချိန်တွင် လက်ဖဝါးများမှာ ချွေးပြန်လုနီးပါး ဖြစ်နေသည်ကို ခံစားရသည်။
ဟော်ချန်ယဲ့က သူမ လက်ကို တင်းတင်းဆုပ်ကိုင်ထားရာ သူမ ချောမွေ့နူးညံ့သော လက်ဖဝါးအသားအရေနှင့် သူ့ ကြမ်းတမ်းသော အသားအရေတို့မှာ သိသိသာသာကွာခြား သည်။
သူမထံမှ ချိုမြိန်သော နို့ရနံ့သင်းသင်းလေး ထွက်ပေါ်လာပြီး ထိုရနံ့က မနေ့ညက မြည်းစမ်းခဲ့ရသည့် ချိုမြိန်သော အရသာကို ဟော်ချန်ယဲ့အား ချက်ချင်းပြန်လည်သတိရသွားစေသည်။ ဟော်ချန်ယဲ့ ရုတ်တရက် ခြေလှမ်း ရပ်တန့်သွားသည်။
ယွီရွေ့ကျူး နားမလည်နိုင်စွာဖြင့် သူ့ကို မော့ကြည့်မိသည်။
"ဘာဖြစ်လို့လဲ"
ဟော်ချန်ယဲ့က သူမဘက်သို့ လှည့်ကြည့်လာသည်။
"ရွေ့ကျူး၊ မင်း အဆင်ပြေရဲ့လား၊ ဘယ်လိုနေသေးလဲ၊ ကိုယ် မင်းကို ကုန်းပိုးသွားမယ်လေ"
သူမ အဖြေကိုပင် မစောင့်တော့ဘဲ လက်တွေ့လုပ်ဆောင်တတ်သော ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးရှေ့တွင် ဆောင့် ကြောင့်ထိုင်ချပြီး သူ့ ဘေးတိုက် မျက်နှာပြင် အနည်းငယ်ကိုသာ ပြလာသည်။
"တက်လေ"
ယွီရွေ့ကျူးမှာ နောက်သို့ တစ်လှမ်းဆုတ်သွားပြီး ရင်ဘတ်ကို ဖိကာ ခေါင်းခါပြသည်။
"ဟင့်အင်း... မလုပ်ပါနဲ့"
သူမ ခြေထောက်များ နာကျင်သည့်အပြင် ရင်ဘတ်ကလည်း နာကျင်နေသည်။ ချောင်ချောင်ချိချိ အတွင်းခံနှင့် စကတ်ကိုသာ ဝတ်ဆင်ထားလျှင် အဆင်ပြေသော်လည်း ဟော်ချန်ယဲ့ ကျောပြင်နှင့် ဖိကပ်လိုက်ပါက သူမ ရင်ဘတ်မှာ ဖိညှစ်ခံရသလို ဖြစ်ပြီး ပိုနာကျင်လာမည်ဟု ခံစားမိသည်။
ဟော်ချန်ယဲ့သည် တစ်ခုခုကို သတိပြုမိသွားပုံရပြီး ချက်ချင်း မတ်တပ်ရပ်ကာ နှုတ်ခမ်းကို စေ့လျက် သူမထံသို့ လက်ကမ်းပေးသည်။
"ဒါဆို ကိုယ် မင်းကို ချီသွားရမလား"
ဟော်ချန်ယဲ့သည် သူတို့နှစ်ဦး ခန္ဓာကိုယ် ကွာခြားချက်ကို ဤမျှ တိတိကျကျ တစ်ခါမှ သတိမထားမိချေ။
သူက အမြဲတမ်း ကြမ်းတမ်းခက်ထန်တတ်သော်လည်း သူမကမူ နူးညံ့သိမ်မွေ့သည်။
မနေ့ညကလည်း ထိုအတိုင်းပင်။ သူ့အတွက်မူ သွေးပူလေ့ကျင့်ခန်းမျှသာ ဖြစ်သော်လည်း ယွီရွေ့ကျူးအတွက်မူ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားမတတ် ခံစားခဲ့ရသည်။
ကြမ်းတမ်းခက်ထန်သော သူနှင့် နှိုင်းယှဉ်ပါက ယွီရွေ့ကျူးသည် သေးသွယ်ပြီး ခန္ဓာကိုယ် အားနည်းသည်။ ယနေ့မနက် သူမကို မြင်ရချိန်က သူမပုံစံကို ဟော်ချန်ယဲ့ ယခုထက်တိုင် ရှင်းလင်းစွာ မှတ်မိနေဆဲပင်။
ထို့ကြောင့် နေ့လယ်ပိုင်းက ခြံထဲတွင် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို ရှင်းလင်းချိန်တွင် ဟော်ချန်ယဲ့က ခူးဆွတ်၍ ဆေးကြောပေးပြီး ယွီရွေ့ကျူးကမူ ခုံပုလေးပေါ်တွင် ထိုင်ကာ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ရုံသာ လုပ်ခဲ့ရသည်။
လမ်းတဖက်သို့ ကူးရန် ခြေလှမ်းအနည်းငယ်သာ လျှောက်ရမည် ဖြစ်သော်လည်း ယွီရွေ့ကျူး ပင်ပန်းသွားမည်ကို သူ စိုးရိမ်နေဆဲဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ ယွီရွေ့ကျူး မငြင်းဆန်တော့ပေ။
မည်သို့ပင်ဖြစ်စေ အသင့်သုံးနိုင်သော ယာဉ်မောင်းတစ်ယောက် ရှိနေပြီဖြစ်ရာ သူမကိုယ်တိုင် လမ်းလျှောက်နေစရာ အကြောင်းမရှိချေ။
ထို့ကြောင့် တစ်မနက်ခင်းလုံး အနားယူထားသော ယွီရွေ့ကျူးသည် ယခုအခါ ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် ပါလာပြီး သူ့ ခြေလှမ်းများနှင့်အတူ အနည်းငယ် လှုပ်ရှားသွားသည်။
ယွီရွေ့ကျူး ပါးပြင်လေးက သူ့ ရင်ဘတ်ကို ပွတ်တိုက်မိနေပြီး သူ့ အသက်ရှူသံနှင့်အတူ အနည်းငယ် တုန်ခါနေသော တောင့်တင်းခိုင်မာသည့် ရင်အုပ်ကြွက်သားများကို သူမ ခံစားရသည်။
သူမ သက်သောင့်သက်သာရှိမည့် အနေအထားကို ရှာပြီး မသိစိတ်မှပင် လက်လှမ်းကာ ဟော်ချန်ယဲ့ ဗိုက်ကြွက်သားများကို စမ်းသပ်ကြည့်မိသည်။
ဟော်ချန်ယဲ့မှာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူမကို ငုံ့ကြည့်ရာ သူ့ နားရွက်များမှာ နီရဲနေသည်။
"ရွေ့ကျူး၊ မင်း... ကိုယ့်ကို အဲဒီလို လျှောက်မကိုင်နဲ့လေ"
"အို..."
သို့သော် သူ့ ဗိုက်ကြွက်သားများကို ကိုင်ရသည့် အထိအတွေ့က တကယ်ကို ကောင်းမွန်သည်။ အထူးသဖြင့် အင်္ကျီပေါ်မှတစ်ဆင့် ကိုင်ရသည်ဖြစ်ရာ မှုန်ဝါးဝါး အလှတရားတစ်မျိုး ရှိနေပြီး အသားအရောင်ကို ခပ်ရေးရေးသာ မြင်နေရကာ ကြမ်းတမ်းသောအထည် အထိအတွေ့က တိုက်ရိုက်ထိတွေ့ရသလောက် မချောမွေ့သော်လည်း ၎င်းကလည်း တစ်မျိုးခံစားလို့ကောင်းနေသည်။
မည်သို့ဖြစ်စေ ထူးထူးခြားခြား ထိလို့ကောင်းနေဆဲပင်။
ဤလှပသော ကြွက်သားများသည် သူမတစ်ယောက်တည်း ပိုင်ဆိုင်သည့် အရာဟု ယွီရွေ့ကျူး တွေးမိတိုင်း စိတ်ထဲတွင် ကျေနပ်သွားရသည်။
ထို့ကြောင့် သူမက မျက်ခုံးပင့်ပြကာ နှုတ်ခမ်းလေး ဆူလျက် ဟော်ချန်ယဲ့ကို ပြောသည်။
"ဟော်ချန်ယဲ့၊ ရှင် ကျွန်မရဲ့ ဒီကြွက်သားတွေကို သေချာ ဂရုစိုက်ရမယ်နော်၊ နောက်တစ်ခါ ရှင့်ရဲ့ ဗိုက်ကြွက်သားတွေပေါ်ကနေ လျှောစီးဆင်းလာမယ်၊ ပြီးတော့ ရှင့်ဗိုက်ကြွက်သားတွေကို အဝတ်လျှော်ပျဉ်ပြားလိုမျိုး သုံးပြီး အဝတ်တွေ လျှော်ပစ်မယ်"
"ဟာ့..."
ဟော်ချန်ယဲ့ လည်စေ့မှာ လှုပ်ရှားသွားပြီး ယွီရွေ့ကျူး စကားထဲက ပုံရိပ်များက သူ့ ခေါင်းထဲတွင် ပြည့်နှက်လာကာ ရင်ထဲတွင် မတတ်သာဘဲ ပူနွေးလာတော့သည်။
သူက ယွီရွေ့ကျူးကို ပွေ့ချီထားသော လက်ကို ပို၍ တင်းကျပ်ပြီး သူ မသိလိုက်ဘဲ အသက်ရှူသံများ မြန်ဆန်လာသည်။ လမ်းလျှောက်နေရင်း အနည်းငယ်လည်း ရှက်ရွံ့မိသည်။
ဟော်ချန်ယဲ့သည် ခေါင်းငုံ့ပြီး ထပ်မံ မထိန်းချုပ်နိုင်တော့ဘဲ ယွီရွေ့ကျူး နှုတ်ခမ်းကို နမ်းရှိုက်ကာ အချိန်အတော်ကြာမှ ပြန်ခွာသည်။
သူ့ အနက်ရောင် မျက်ဝန်းများမှာ အထူးပင် နက်ရှိုင်းနေပြီး အသံမှာ အက်ရှနေကာ သူမကို အပြစ်တင်နေသကဲ့သို့ ထင်ရသည်။
"ရွေ့ကျူး၊ ကိုယ့်ကို တမင်သက်သက် စနေတာ ရပ်တော့နော်၊ ဒီတစ်ခါတော့ လိမ်လိမ်မာမာနေ... နောက်တစ်ခါကျရင် မင်းဖြစ်ချင်တာ အားလုံးကို ကိုယ် ဖန်တီးပေးပါ့မယ်"
စကားပြောနေစဉ် ဟော်ချန်ယဲ့ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး သူ့ နားရွက်များမှာလည်း ပိုလို့ပင် နီရဲလာသည်။
ယွီရွေ့ကျူးမှာ မျက်လုံးများ အရောင်တောက်သွားပြီး အသံထွက်သည်အထိ ရယ်မောမိသည်။
"ကောင်းပြီလေ"
ဟော်ချန်ယဲ့ ခံနိုင်ရည်အားမှာ ငြင်းစရာမရှိအောင်ပင် ကောင်းမွန်လှသည်။