အခန်း ၁၅၅
Vol. 16 Ch. 155
Chapter 155
"အောင်မြင်တယ်ဆိုတာ ကိုယ့်မိန်းမကို ထိန်းချုပ်နိုင်တာ မနိုင်တာနဲ့ ဆိုင်လို့လား၊ ကျွန်မထင်တာက ဦးလေးက အဒေါ့်ကို ထိန်းချုပ်တဲ့ နေရာမှာ အရမ်းတော်ပေမဲ့ ဦးလေးကိုယ်တိုင်ကတော့ သိပ်ပြီး အရည်အချင်းရှိပုံ မပေါ်ပါဘူး၊ အသက်သာ ဒီလောက်ကြီးနေပြီ၊ ကျွန်မရဲ့ ချန်ယဲ့လောက်တောင် အောင်မြင်မှု မရှိဘူး၊ ကိုယ့်သားသမီးတွေအတွက် အလုပ်တောင် စီစဉ်မပေးနိုင်လို့ ကျွန်မရဲ့ ချန်ယဲ့ဆီကိုတောင် လာအားကိုးနေရသေးတာ၊ ဦးလေးကသာ တကယ်ကို အသုံးမကျပြီး အရည်အချင်းမရှိတဲ့သူ ဖြစ်ပုံပဲနော်"
သူမက တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ဟော်ချန်ယဲ့ လက်ကို နမ်းပြီး သူမ နီရဲသော နှုတ်ခမ်းလေးများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူမက ဟော်ချန်ယဲ့ကို နှစ်သိမ့်ပြီး တောက်ပစွာ ပြုံးလျက် ပြောသည်။
"ကျွန်မရဲ့ ချန်ယဲ့က အရမ်းအောင်မြင်တာ၊ သူ့ကို ကျွန်မ အရမ်း သဘောကျတယ်"
ဟော်ချင်းကော် မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ရွာသားများစွာ ရှိနေသည့်ရှေ့တွင် ကလေးတစ်ယောက် စော်ကားမှုကို ခံရသဖြင့် သူ အလွန်ပင် အရှက်ကွဲသွားသည်ဟု ခံစားရသည်။ သူ မသိစိတ်မှပင် ရင်ဘတ်ကို ဖိကာ နာကျင်ဟန်ဆောင်လိုက်ပြီး အံ့ကို တင်းတင်းကြိတ်ထားစဉ် အဒေါ်ဖြစ်သူ ယန်ချိုးကျွီးက သူ့ကို တွဲထူပေးသည်။
ထို့နောက် သူက ဆက်၍ မစားတော့ဘဲ မတ်တပ်ရပ်ကာ ဒေါသတကြီး လှည့်ထွက်သွားရင်း ပြောသည်။
"သွားမယ်... ငါတို့ မစားတော့ဘူး၊ အိမ်ပြန်ကြမယ်"
အဒေါ်ဖြစ်သူ ယန်ချိုးကျွီးမှာလည်း ကမန်းကတန်းနှင့် အနေရခက်စွာဖြင့် နောက်မှ လိုက်သွားတော့သည်။ ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သော ဟော်ပေါင်ကျူးမှာလည်း အဆုံးတွင် ဟန်မဆောင်နိုင်တော့ဘဲ ခေါင်းကို ငုံ့ချလျက် သူတို့နောက်သို့ လိုက်ထွက်သွားလေသည်။
ခြံဝင်းမှာ ကျဉ်းမြောင်းပြီး ပတ်ဝန်းကျင်ရှိ စားပွဲများမှာလည်း လူပြည့်နေသဖြင့် သူတို့ ရုတ်တရက် ထပြေးသွားခြင်းမှာ အလွန်ပင် သိသာထင်ရှားလှသည်။
လူအများအပြားက သူတို့ကို ဟော်ချန်ယဲ့ ဦးလေးနှင့် အဒေါ်မှန်း မှတ်မိကြပြီး သူတို့ စားပွဲကို မြင်သောအခါ မျက်နှာအမူအရာများမှာ တစ်မျိုးကြီးဖြစ်နေသည်။
သူတို့ စားပွဲအနီးရှိ ရွာသားများမှာ ယွီရွေ့ကျူးနှင့် ဟော်ချင့်ကော်တို့ စကားပြောဆိုမှုများကို ကြားလိုက်ရသဖြင့် သူတို့ မျက်နှာအမူအရာများမှာလည်း ပြောင်းလဲသွားသည်။
လူအများအပြားက ဟော်ချန်ယဲ့ မိဘများ ကွယ်လွန်သွားပြီးနောက် သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သော ယန်ချိုးကျွီးနှင့် သူမမိသားစုကို ဆွေမျိုးကောင်း၊ လူကြီးကောင်းများအဖြစ် အစက ချီးမွမ်းခဲ့ကြဖူးသည်။
သို့သော် သူတို့က တူဖြစ်သူ စစ်မှုထမ်းစဉ်က ရရှိခဲ့သော ငွေကြေးများဖြင့် အသက်မွေးနေကြပုံရပြီး နေထိုင်စရိတ်များကိုပင် လွှဲပြောင်းပေးခဲ့ရသည်။
ဆိုလိုသည်မှာ သူတို့သည် ထိုငွေများထဲမှ အချို့ကို အလွဲသုံးစား လုပ်ခဲ့ကြသည်ဆိုသည့် သဘောပင်။
လူအများအပြားက သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြပြီး ဧည့်ခံပွဲအပြီးတွင် ယန်ချိုးကျွီးနှင့် ဟော်ချင်းကော်တို့ ရင်ဆိုင်ရမည့် အတင်းအဖျင်းများနှင့် အထင်အမြင်သေးမှုများကို မျှော်လင့်နေမိသည်။
ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာမူ ဤအရာများအားလုံးကို လျစ်လျူရှုထားပြီး စားပွဲဝိုင်းကို တည်ငြိမ်စွာ ဝေ့ကြည့် သည်။ ယန်ချိုးကျွီး မိသားစု မရှိတော့သဖြင့် စားပွဲမှာ များစွာ ကျယ်ဝန်းသွားသည်ကို သူတို့ သတိပြုမိသွားသည်။
သူတို့လည်း ပျော်ရွှင်စွာဖြင့် ဘေးသို့ ရွှေ့ထိုင်ကြပြီး မကျပ် တည်းတော့ဘဲ ပိုသက်သောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရသည်။
ချင်စုလန် မျက်နှာအမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေသည်။ ယွီရွေ့ကျူးက ဤကဲ့သို့သော နေရာမျိုးတွင် လူကြီးသူမများကို ပြန်လည် ချေပရဲလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
'ပြီးတော့ ဟော်ချန်ယဲ့က ဂရုမစိုက်ဘူးလား၊ သူက အဲဒီစကားတွေကိုတောင် ပြောလိုက်သေးတယ်၊ သူတို့အိမ်မှာ ယွီရွေ့ကျူးကပဲ တကယ်ကို ဩဇာညောင်းနေသလိုမျိုးပဲ...'
သူမ အကြည့်များက ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်များပေါ် ကျရောက်သွားသည်။ စောစောက ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့ လက်ကို နမ်းခဲ့ပုံနှင့် သူက လုံးဝ တုံ့ပြန်မှုမရှိခဲ့ပုံကို ပြန်လည် သတိရသွားချိန်တွင် သူမ ရင်ထဲ လေးလံသွားသည်။
'မဖြစ်နိုင်ဘူး'
'ဒီမနက်က ဟော်ချန်ယဲ့ လိမ်းဆေးတောင် ဝယ်သွားသေးတယ်လေ၊ သူတို့ရဲ့ အခု အပြုအမူတွေက အားလုံးရှေ့မှာ သူတို့ ပျော်ရွှင်နေကြောင်း တမင်သက်သက် ပြသဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်၊ အဲ့ထက် မပိုနိုင်ဘူး'
'ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို တကယ်သဘောကျနေတာ လုံးဝ မဖြစ်နိုင်ဘူး'
ချင်စုလန်က သူမ တွေးထင်မှုကိုသာ အခိုင်အမာ ယုံကြည်ထားပြီး သူမ မှန်ကန်သည်ဟုသာ ယူဆထားသည်။ မည်သို့ဖြစ်စေ ဟော်ချန်ယဲ့က သူမကို သဘောကျခဲ့သည် မဟုတ်ပါလား။ ယွီရွေ့ကျူးကို မည်သို့ ရုတ်တရက်ကြီး သဘောကျသွားနိုင်မည်နည်း။
သို့သော် ဆက်တိုက် ဖြစ်ပေါ်လာသည့် အရာများက သူမ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
စားပွဲတွင် လူဆယ်ယောက် မပြည့်သော်လည်း လူတိုင်း နေရာယူပြီးဖြစ်သဖြင့် သတ်မှတ်ထားသော အချိန်တွင် ဟင်းလျာများ စတင်ချပေးလာသည်။
ကျေးလက် ဧည့်ခံပွဲများတွင် ဟင်းလျာများကို လေးထောင့် ပန်းကန်ပြားများဖြင့် တစ်ခွက်ချင်းစီ ယူလာပေးလေ့ရှိသည်။ စားပွဲသို့ ရောက်သောအခါ အနီးနားရှိ လူများက ဟင်းလျာများကို နေရာချထားရန် ကူညီပေးကြသည်။
ဟင်းသယ်လာသူမှာ ယွီရွေ့ကျူးနှင့် ချင်စုလန်တို့ ဘေးတွင် ရပ်နေသဖြင့် ချင်စုလန်က ဟင်းပန်းကန်များကို ကူညီယူပေးရန် လက်လှမ်းသည်။ ယွီရွေ့ကျူးက သူမကို တစ်ချက်ကြည့်ပြီး သူမနည်းတူ လိုက်လုပ်သည်။
မသိစိတ် စေ့ဆော်မှုဖြင့်ပင် ချင်စုလန်က ယွီရွေ့ကျူး ရှိရာဘက်သို့ လှမ်းကြည့်ပြီးနောက် ရုတ်တရက် အေးခဲသွားကာ သူမ၏မျက်လုံးအိမ်များ အနည်းငယ် ကျုံ့ဝင်သွားသည်။
သူမ အကြည့်များက ယွီရွေ့ကျူး လက်မောင်းပေါ်တွင် စူးစိုက်ကြည့်မိသည်။
လက်မောင်းကို မြှောက်လိုက်သဖြင့် ပေါ်လာသော လက်မောင်းတစ်စိတ်တစ်ပိုင်းတွင် အကွက်အကွက် အရာများ ရှိသည်။ အရောင်မှာ အနည်းငယ် မှေးမှိန်သွားသော်လည်း ယွီရွေ့ကျူး၏ ဖြူဝင်းသော အသားအရေကြောင့် အနီးကပ် ကြည့်လျှင် ရှင်းလင်းစွာ မြင်နေရဆဲ ဖြစ်သည်။
'အဲ့တာက…’