← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

Chapter 157

ရှဲ့ချီမှာ အံ့ဩသွားသဖြင့် မနေနိုင်ဘဲ လျှာသပ်မိသည်။

ယွီကွေ့ရှန်ကို မော့ကြည့်လိုက်သောအခါ သူမပုံပျက်ပန်း ပျက်နှင့် အရုပ်ဆိုးလှသော မျက်နှာကို မြင်ရသဖြင့် သူ မနေနိုင်တော့ဘဲ ခေါင်းကို ကမန်းကတန်း ငုံ့ကာ မျက်နှာပေါ်ရှိ ဝမ်းသာအားရ အပြုံးကို ဖုံးကွယ်ထားပြီး သူ့ယ်မောချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ထားရသည်။

ယွီကွေ့ရှန် ပုံစံမှာ ရယ်စရာကောင်းလှသည်ဟု သူ ခံစားရသည်။

'အစ်ကိုဟော်က ဒီမိသားစုကို အစောကြီးကတည်းက သေချာ ပညာပေးသင့်တာ'

'အရင်တုန်းကတော့ သူက သဘောကောင်းလွန်းလို့ သူတို့နဲ့ အငြင်းပွားမနေခဲ့ပေမဲ့ အခု သူ့မှာ မရီးရှိနေပြီဆိုတော့ နောက်ခံ ပေးမယ့်သူ ရှိလို့ပဲဖြစ်ဖြစ် သူ့ရဲ့ ထိလွယ်ရှလွယ်တဲ့ နေရာလေးကို ထိမိလို့ပဲဖြစ်ဖြစ် အစ်ကိုဟော်ရဲ့ စကားတွေက ဒီတလောမှာ အရမ်းကို မြန်ဆန်ပြီး ပြတ်သားလွန်းတယ်၊ အရိုးထဲထိကို စိမ့်ဝင်သွားနိုင်တယ်'

'သူက တကယ်ကို ပြောင်းလဲသွားပြီ'

ယခင်ကလို စကားနည်းပြီး ခပ်အေးအေးနေတတ်သည့်သူ မဟုတ်တော့ပေ။

ယွီကွေ့ရှန်မှာ အမှန်တကယ်ပင် ဒေါသထွက်နေသည်။

သူမ အသက်ရှူသံများမှာ လေမှုတ်ဖိုအဟောင်းကြီးတစ်ခုအလား မြန်ဆန်ပြီး ခေါင်းထဲတွင် ဗလာကျင်းသွားသည်ဟု ခံစားရသည်။

သူမ အလွန်ကို ဒေါသထွက်မိသည်။ ဟော်ချန်ယဲ့က သူမကို ထိုသို့ ပြောရဲလိမ့်မည်ဟု သူမ ယုံတောင် မယုံနိုင်ပေ။

ယခင်ကဆိုလျှင် ဟော်ချန်ယဲ့သည် အမြဲတမ်း တိတ်တဆိတ်နေတတ်ပြီး ပြန်လည် ငြင်းခုံလေ့ မရှိသလောက်ပင်။ တစ်ခါ တစ်ရံတွင် အေးစက်ပြီး စိတ်မရှည်သည့် အမူအရာမျိုး ပြသ

တတ်သော်လည်း ထိုသို့ဖြစ်ခဲသည်။

အခြားသူများကတော့ ဟော်ချန်ယဲ့မှာ သဘောကောင်းပြီး သူမနှင့် ငြင်းခုံရမှာကို ပျင်းလို့ဟု ပြောကြသော်လည်း ယွီကွေ့ရှန်ကမူ ဟော်ချန်ယဲ့က သူမသမီး ချင်စုလန်ကို သဘော ကျနေသောကြောင့် သူမကို တိုက်ရိုက် မရင်ဆိုင်ရဲခြင်း ဖြစ်သည်ဟုသာ သိထားသည်။

ယင်းကို အခွင့်ကောင်းယူကာ သူမသည် ဟော်ချန်ယဲ့ရှေ့တွင် ပို၍ပင် ရဲတင်းလာပြီး မောက်မာလာခဲ့သည်။

သို့သော် ယနေ့တွင် ဤအမြဲတမ်း အလုပ်ဖြစ်ခဲ့သော နည်းလမ်းက ရုတ်တရက် အလုပ်မဖြစ်တော့သဖြင့် ယွီကွေ့ရှန်မှာ ဒေါသထွက်သွားသည့်အပြင် အနည်းငယ်လည်း ထိတ်လန့်သွားရသည်။

သူမ လက်ဖျားများ တုန်ယင်နေပြီး ဟော်ချန်ယဲ့ကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် ဆဲဆိုတော့သည်။

"နင်... နင်... နင်၊ ဒါ ဘယ်လို အချိုးမျိုးလဲ၊ ငါက လူကြီးလေ၊ ငါ့ကို ဘယ်လိုများ ဒီလို စကားမျိုး ပြောထွက်ရတာလဲ၊ ချင်စုလန် စားချင်တဲ့ အသားလေးကိုတောင် မချန်ထားပေးနိုင်ဘူး၊ နင့်ရုပ်လေးနဲ့များ ငါတို့ စုလန်နဲ့ ပတ်သက်ချင်နေသေးတယ်..."

သူမ စကားမဆုံးမီမှာပင် ချင်စုလန်က မျက်နှာနီရဲစွာဖြင့် သူမကို ဆွဲထားပြီး တားသည်။

"အမေ... လူတွေ အများကြီး ရှိနေတာကို ဒီလိုစကားတွေ မပြောပါနဲ့"

ယွီကွေ့ရှန်မှာ အရှက်ရသွားသဖြင့် အသံကို နှိမ့်ပြီး ဟော်ချန်ယဲ့ကို ယခင်ကအတိုင်း အထင်အမြင်သေးသည့် လေသံဖြင့် ဒေါသတကြီး စတင် ဆဲဆိုပြန်သည်။

"နင် အခု ပိုက်ဆံ နည်းနည်းပါးပါး ရှာနိုင်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အရမ်းတော်နေပြီလို့ မထင်နဲ့၊ နင့်ရုပ်နဲ့ နင့်မျက်နှာပေါ်က အမာရွတ်ကြီးက ကြောက်စရာကောင်းလွန်းတယ်၊ ငါတို့က နင့်ကို အထင်အမြင် မသေးလို့သာ ကျေးဇူးတင်ရမှာ၊ အဲဒါကိုတောင် နင်က ငါတို့ကို ဒီလိုဆက်ဆံရလား၊ ရွာတစ်ရွာလုံးမှာ ငါတို့ စုလန် တစ်ယောက်ပဲ နင့်အပေါ် သံယောဇဉ်ရှိပြီး ကောင်းကောင်းဆက်ဆံတာ၊ အဲဒါကိုတောင် နင်က မကျေ နပ် သေးဘဲ ဒီလို အချိုးမျိုး လာချိုးနေသေးတယ်၊ အသားလေး နည်းနည်းပါးပါးကိုများ... ငါတို့ကပဲ ဝယ်မစားနိုင်တဲ့အတိုင်းပဲ"

သူမက ဖြည်းဖြည်းချင်း စားသောက်နေသော ယွီရွေ့ကျူးကို မနေနိုင်ဘဲ မျက်စောင်းထိုးကြည့်ရာ သူမ ရင်ထဲတွင် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

ယွီရွေ့ကျူးသည် ချယ်ရီအသားဟင်းကို နှစ်လုပ်၊ သုံးလုပ်ထက် ပိုမစားခဲ့ပေ။ ထိုအရာမှာ အလွန် ချိုလွန်းပြီး အနည်းငယ် အီနေသဖြင့် တူကို ချက်ချင်း ပြန်ချလိုက်သည်။

သူမက အရှေ့မှ ယွီကွေ့ရှန်ကို မော့ကြည့်ပြီး ရှဲ့ချီ ပြောပြဖူးသော သူမ မိသားစုနှင့် ဟော်ချန်ယဲ့တို့ ဆက်ဆံရေးအကြောင်းကို ပြန်လည် တွေးမိသည်။

ယွီကွေ့ရှန်က ဟော်ချန်ယဲ့ မျက်နှာပေါ်တွင် အမာရွတ်ရှိကြောင်းကို အထပ်ထပ်အခါခါ ပြောသည်ကို ကြားလိုက်သဖြင့် သူမ မနေနိုင်ဘဲ ပြုံးမိသည်။

"အမာရွတ် ရှိတော့ကော ဘာဖြစ်လဲ၊ အဒေါ့်အိမ်က ဆန်ကိုများ သွားစားနေလို့လား၊ ကျွန်မရဲ့ ချန်ယဲ့က ချောပြီးသားပဲ၊ ဒီအမာရွတ်က သူ့ကို ပိုပြီးတော့တောင် ခန့်ညားသွားစေသေးတယ်၊ တချို့လူတွေကျတော့ ရုပ်လည်း ဆိုးတယ်၊ ပါးစပ်ကလည်း နံတယ်... ကျွန်မ ထင်တာကတော့ သူတို့က အမာရွတ် မရှိရင်တောင်မှ ရှိတာထက် ပိုပြီးတော့ ရုပ်ဆိုးနေသေးတယ်"

ယွီကွေ့ရှန်သည် သူမမျက်နှာကို ဝေဖန်ခံရသည်ကို အထိခိုက်မခံဆုံး ဖြစ်ရာ ဒေါသတကြီးဖြင့် မျက်စောင်းထိုးသည်။

"နင်...၊ ကောင်မလေး၊ နင် လူကြီးတွေကို ဘယ်လိုများ ဒီလို စကားမျိုး ပြောရဲရတာလဲ"

"အဒေါ်က ဘာစကားတွေ လာပြောနေတာလဲ၊ ကိုယ့်ကိုယ်ကိုယ် လူကြီးလို့ တကယ် ထင်နေတာလား၊ ထမင်းကို ဆယ်စုနှစ် အနည်းငယ်လောက် ပိုစားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလို့ ထင်နေတာလား၊ ကျွန်မ အခုလေးတင် လူကြီးတွေကို ဆဲဆိုပြီး မောင်းထုတ်လိုက်တာလေ၊ အဒေါ်က လူကြီးဆိုပြီး ထပ်ခါတလဲလဲ ပြောနေတာက သူတို့နဲ့အတူ အပြင်ကို လိုက်သွားချင်လို့လား"

ယွီရွေ့ကျူးက ပြုံးနေဆဲ ဖြစ်သော်လည်း သူမစကားများကြောင့် စားပွဲရှိ လူအားလုံး အပြင် ဘေးပတ်ဝန်းကျင်ရှိ စားပွဲများမှ ခိုးကြည့်နေသူများပါ ငြိမ်ကျသွားတော့သည်။

သူမက အနည်းငယ်မျှပင် ကြောက်ရွံ့ပုံမရဘဲ ဟော်ချန်ယဲ့ လက်ကို ရဲတင်းစွာ ကိုင်ကာ ကိုယ်ကိုကိုင်းပြီး သူ့ကို နမ်းသေးသည်။ ထို့နောက် သူမ လှပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး အဆုံးတွင် ယွီကွေ့ရှန်ပေါ်သို့ အကြည့်မှာ ရပ်တန့်သွားသည်။

"ဒီနေ့ကစပြီး ဟော်ချန်ယဲ့ မျက်နှာပေါ်က အမာရွတ်အကြောင်း ပြောတဲ့သူ ဘယ်သူနဲ့မဆို ကျွန်မနဲ့ တွေ့မယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလို ခန့်ညားတဲ့ အမာရွတ်ကို ကြောက်စရာကောင်းတယ်၊ အရုပ်ဆိုးတယ်လို့ ပြောတာက ခရှင်တို့ဘာသာ အလှအပကို မခံစားတတ်လို့ပဲ၊ ချန်ယဲ့ရဲ့ မိန်းမဖြစ်တဲ့ ကျွန်မတောင် ဘာမှ အပြစ်မမြင်တာကို... ချန်ယဲ့နဲ့ တကယ့် ဆွေမျိုးရင်းချာလည်း မဟုတ်ဘဲ အတင်းအဖျင်းတွေနဲ့ လိုက်အနှောင့်အယှက်ပေးနေတဲ့ ရှင့်လို ရွာသူတစ်ယောက်ကို ကျွန်မက ဘာလို့ သည်းခံရမှာလဲ"

ယွီရွေ့ကျူးက လက်ကို သုတ်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောသည်။

"အသားတစ်ဖတ်လေးကိုများ အကြီးအကျယ် လုပ်နေသေးတယ်၊ တစ်ပန်းကန်လုံးကို ကိုယ့်ဘာသာ အကုန်ယူဖို့ ကြိုးစားနေတာ... ရှက်စရာကောင်းလိုက်တာ၊ ရှင့်က ဝယ်မစားနိုင်တဲ့ပုံစံမျိုး လုပ်နေတာ၊ ဝယ်မစားနိုင်တော့ကော ဘာဖြစ်လဲ"

ယွီကွေ့ရှန်မှာ ယခုအခါတွင် အမှန်တကယ်ပင် ဒေါသထွက်သွားပြီ ဖြစ်သည်။ သူမက ဒေါသတကြီး တုန်ယင်နေလျက် ဟော်ချန်ယဲ့ကို မနေနိုင်ဘဲ ကြည့်မိသည်။

"ဟော်ချန်ယဲ့... နင့်မိန်းမကို နင် မထိန်းတော့ဘူးလား၊ ငါ့ကို ဒီလို လျှောက်ပြောခွင့် ပေးထားတာလား၊ သူမက တစ်ခုခု စားတဲ့အခါမှာတောင် စုလန်ကို အဲဒီလို လျှောက်ပြောနေတာ၊ နင်က ငါတို့ကို ဒီလိုမျိုး အပြောခံနေမှာလား"

ဟော်ချန်ယဲ့က ယွီရွေ့ကျူးနှင့် တင်းကျပ်စွာ ယှက်နွယ်ဆုပ်ကိုင်ထားသော သူ့လက်ကို ပြန်လည် ထိကိုင်သည်။ သူ့ စိတ်အခြေအနေမှာ ကောင်းမွန်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပင် ပေါ်လွင်နေသည်။

သူက လက်သီးကို တိတ်တဆိတ် ဆုပ်ပြီး ယွီရွေ့ကျူးကို တစ်ချက်ကြည့်ကာ ယွီကွေ့ရှန်ဘက်သို့ လှည့်ကြည့်သည်။

ထို့နောက် သူ့ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူမကို အေးစက်သော အကြည့်ဖြင့် ကြည့်သည်။ သူ့ စကားများက ယွီကွေ့ရှန်နှင့် ချင်စုလန်တို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေခဲ့သည်။

"အမြဲတမ်း စုလန်ဆိုပြီး လာမသုံးနဲ့၊ ဆရာဝန်ချင်နဲ့ ကျွန်တော့်မှာ ဘာပတ်သက်မှုမှ မရှိဘူး၊ အရင်ကလည်း မရှိခဲ့သလို နောက်နောင်လည်း ရှိလာမှာ မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ရွေ့ကျူး ရှေ့မှာ တခြားလူတွေအကြောင်း ထပ်ခါတလဲလဲ လာမပြောပါနဲ့... သူမ အထင်လွဲသွားမှာကို ကျွန်တော် စိုးရိမ်တယ်"

ချင်စုလန် "?!"

သူမက ဟော်ချန်ယဲ့ကို အံ့ဩတုန်လှုပ်မှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ငေးကြည့်နေပြီး သူမ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်သွားသည်။

All Chapters