← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

Chapter 160

ကြမ်းတမ်းသော လက်ချောင်းထိပ်လေးများက ယွီရွေ့ကျူး အင်္ကျီကြယ်သီးများဆီသို့ ထိတွေ့သွားသည်။

အစင်းကျား ရှပ်အင်္ကျီပုံစံ ဂါဝန်လေးမှာ ခါးနေရာတွင် အံဝင်ခွင်ကျဖြစ်နေပြီး သွယ်လျသောခါးလေးနှင့် အချိုး အစားကျနလှသော ကိုယ်ခန္ဓာကောက်ကြောင်းကို ထင်ရှားစွာ ပေါ်လွင်စေသည်။

ဟော်ချန်ယဲ့မှာ အစပိုင်းတွင် ဘာကိုမျှ သတိမထားမိခဲ့ပေ။ သစ်သားရေစည်ထဲတွင် စိမ်ပေးရန် ယွီရွေ့ကျူး အင်္ကျီကြယ်သီးများကို သူ ကူညီဖြုတ်ပေးမည့်အချိန်ရောက်မှသာ အင်္ကျီမှာ အတော်လေး ကြပ်ထုပ်နေသဖြင့် အထိအတွေ့တိုင်းတွင် ယွီရွေ့ကျူး အသက်ရှူနှုန်းနှင့် ပူနွေးနေသော ကိုယ်အပူချိန်ကို သူ ခံစားနေရမှန်း သတိပြုမိသွားသည်။

သူမ ဝမ်းဗိုက်သားလေးမှာ အလွန်တရာ နူးညံ့နေပြီး တစ်ကိုယ်လုံးမှလည်း ချိုမြိန်သော ရနံ့များ သင်းပျံ့လျက်ပင်။ သူမ၏ ဝင်သက်ထွက်သက် စည်းချက်နှင့်အတူ သူမ ရင်ဘတ်နှင့် ဝမ်းဗိုက်လေးမှာ သက်သောင့် သက်သာရှိနေသော ကြောင်ပေါက်လေးတစ်ကောင်အလား အနည်းငယ် နိမ့်ချီမြင့်ချီ ဖြစ်နေသည်။

ဟော်ချန်ယဲ့က အသည်းယားစရာကောင်းသည်ဟု ထင်မိသော်လည်း တစ်ချိန်တည်းမှာပင် သူ့ နားရွက်များက တဖြည်းဖြည်း နီရဲလာသည်။

ကြယ်သီးတစ်လုံး ဖြုတ်လိုက်တိုင်း သူ့ လက်ချောင်းထိပ်လေးများက အလိုအလျောက် ကွေးညွတ်သွားတတ်ပြီး ပါးလွှာသော နှုတ်ခမ်းများမှာလည်း ချက်ချင်းတင်းကြပ်သွားကာ အသက်ရှူသံများပင်မြန်ဆန်မိသည်။

ယခင်က သူတို့နှစ်ဦးကြားတွင် ဤသည်ထက်မက ပိုရင်းနှီးသော အထိအတွေ့များ ရှိခဲ့ဖူးသည်မှာ မှန်သော်လည်း သူသည် ကိုင်းရှိုင်းသူတစ်ဦးအလား ယွီရွေ့ကျူး အသားအရေ လက်တစ်ဆုပ်စာ နေရာတိုင်းကိုပင် နမ်းရှိုက်ခဲ့ဖူးပြီး နီရဲသော အမှတ်အသားများကို ချန်ရစ်ခဲ့ဖူးသည်။

သို့သော် ယခုအချိန်တွင်တော့ ယခင်က ဖြစ်ပျက်ခဲ့သော ရစ်ပတ်နှောင်ဖွဲ့မှုများ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ သူမကို ထပ်မံထိတွေ့ရချိန်တွင် ထိုသို့ နေရခက်သော ခံစားချက်မျိုးကို ဟော်ချန်ယဲ့ ခံစားရဆဲပင်။

ယွီရွေ့ကျူးလည်း အခက်တွေ့နေရသည်။

သူမက ယားကျိကျိ ဖြစ်နေပြီး အထူးသဖြင့် ဟော်ချန်ယဲ့ လက်ချောင်းများ သူမ ဝမ်းဗိုက်ပေါ်သို့ လျှောဆင်းသွားချိန်တွင် ပိုဆိုးလာသည်။ သူက ကြယ်သီးများကို ဖြုတ်ပေးနေမှန်း သူမ သတိမထားမိဘဲ အလိုအလျောက်ပင် လက်လှမ်းကာ အင်္ကျီကို ဆွဲဟပြီးနောက် ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ အကြိမ်ကြိမ် တိုးဝှေ့ကာ တစ်ကိုယ်လုံး ဂနာမငြိမ်စွာ လူးလှိမ့်နေသည်။

ခပ်ဟဟဖြစ်နေသော သူမ ကော်လံစအောက်မှ ဖြူဝင်းနေသော ရင်ဘတ် ပေါ်ထွက်နေပြီး သူမ လှုပ်ရှားမှုများနှင့်အတူ ယိမ်းနွဲ့နေပုံက ပိုမူးဝေချင်စရာကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။

ဟော်ချန်ယဲ့ လက်ချောင်းထိပ်လေးများ တစ်ခဏမျှတောင့် တင်းသွားပြီး ကျဉ်းမြောင်းသော နေရာလေးထဲတွင် သူ့ တဒိတ်ဒိတ် မြန်ဆန်စွာ ခုန်ပေါက်နေသော နှလုံးခုန်သံများဖြင့်သာ ပြည့်နှက်သွားသည်။

ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား သူ့ ရှည်လျားသော လက်မောင်းကို ဆန့်ထုတ်ကာ ပြတင်းပေါက်တွင် ချိတ်ဆွဲထားသော လိုက်ကာကို အလျင်အမြန်ဆွဲချသည်။

သူတို့ ခြံဝင်းမှာ လူသူကင်းမဲ့ကာ သီးသန့်ဆန်လှပြီး ခြံတံခါးကိုလည်း သော့ခတ်ထားကာ ခြံစည်းရိုးကလည်း မြင့်မားသဖြင့် မည်သူကမျှ သူတို့ကို မြင်နိုင်မည်မဟုတ်မှန်း သေချာပေါက် သိသော်လည်း ဟော်ချန်ယဲ့မှာ နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ပိတ်ထားဆဲပင်။

လိုက်ကာများက ပြတင်းပေါက်အပြင်ဘက်ရှိ တဖြည်းဖြည်း မှောင်မိုက်လာသော ညအမှောင်ထုကို ဖုံးကွယ်သွားကာ အရာအားလုံးကို ကွယ်ဝှက်နိုင်မှသာ သူ အနည်းငယ်သက် ပြင်းချနိုင်တော့သည်။ သို့သော် သူ့ ရင်ခုန်သံများကပြင်းထန် နေဆဲဖြစ်ပြီး ပါးစပ်များပင် ခြောက်သွေ့နေသည်။

သူနှင့် ယွီရွေ့ကျူးတို့သည် အရက် အနည်းငယ်မျှသာ သောက်ထားခဲ့ကြကာ သာမန်အားဖြင့်ဆိုလျှင် ဘာမှဖြစ်မည်မဟုတ်သော်ငြား အကြောင်းတစ်ခုခုကြောင့် သူပါ မူးယစ်လာတော့မည့်အလား ဟော်ချန်ယဲ့ ခံစားမိသည်။

သူ မနေနိုင်တော့ဘဲ ခေါင်းငုံ့ကာ ယွီရွေ့ကျူး လည်တိုင်လေးတွင် ခပ်ဖွဖွ မှီထားပြီး ထိုအနေအထားအတိုင်း အချိန်အတော်ကြာအောင် နေလေသည်။

ယွီရွေ့ကျူး အသက်ရှူစည်းချက်နှင့် သူမထံမှ သင်းပျံ့နေသော ရနံ့လေးကို ခံစားရင်း ရင်ထဲမှ လှိုင်းထနေသော စိတ်အဟုန်ကို ဖိနှိပ်ရန် ရုန်းကန်ရတော့သည်။

"မလှုပ်နဲ့လေ ရွေ့ကျူး၊ ခဏနေရင် ကိုယ် မင်းကို ရေချိုးပေးမယ်"

"အွန်း..."

ရေချိုးမည်ဟု ပူဆာနေသော ယွီရွေ့ကျူးက လက်ကိုမြှောက်ကာ ဟိုဟိုဒီဒီ လိုက်လံကြည့်ပြီးနောက် ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ အလျင်အမြန် ပစ်ဝင်ကာ သူ့ရင်ဘတ်ကို ပွတ်သီးပွတ်သပ် လုပ်သည်။ သူမ အသံလေးမှာ တိုးညင်းလျက် ပြန်တုန့်ပြန်သည်

"ကောင်းပြီလေ၊ ကျွန်မကို ချီသွား"

ရေအပူချိန်က အနေတော် မဖြစ်သေးပေ။ ဟော်ချန်ယဲ့အနေဖြင့် ရေအပူချိန်ကို မချိန်ညှိမီနှင့် သူမကို ရေမချိုးပေးမီ ယွီရွေ့ကျူးကို အရင်ချော့သိပ်ထားသင့်သော်လည်း ယွီရွေ့ကျူးက ကပ်လွန်းလှသည်။

သူမက ဟော်ချန်ယဲ့ လက်မောင်းကို ဖက်တွယ်ထားကာ သူမ လက်မောင်းလေးများကလည်း သူ့ကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး ပိုးသားကဲ့သို့ နူးညံ့ကာ လွင့်နေသော ဆံကေသာနက်နက်များက သူ့လက်မောင်းပေါ်သို့ ပြန့်ကျနေသဖြင့် သူမကို အလွန်အမင်း လှပစေသည်။

ဟော်ချန်ယဲ့ လည်စိမှာ လှုပ်ရှားသွားသည်။ သူ လုံးဝကို ပြုစားခံလိုက်ရပြီး အလိုအလျောက်ပင် ခေါင်းညိတ်မိသည်။ သူက ယွီရွေ့ကျူးကို ကုတင်ပေါ်မှ ပွေ့ချီပြီး သူမကို လက်တစ်ဖက်တည်းဖြင့် ထိန်းထားသည်။

ထို့နောက် လက်တစ်ဖက်တည်းဖြင့် ပွေ့ချီထားသော အနေအထားအတိုင်းပင် သစ်သားရေစည်ထဲသို့ ရေဖြည့်ကာ ရေအပူချိန်ကို ချိန်ညှိလေသည်။

သူ့ ကြံ့ခိုင်သန်စွမ်းလှသော ကိုယ်ခန္ဓာဖွဲ့စည်းပုံကြောင့်သာ ဤသို့ လုပ်နိုင်ခြင်းဖြစ်သည်။

အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်သော ယွီရွေ့ကျူးက သူ့ကို တွယ်ဖက်ထားသော်လည်း ဟော်ချန်ယဲ့မှာ မည်သို့မျှ မသက်ရောက်သည့်အလားပင်။

သက်သောင့်သက်သာ ရှိလှသည်သာမက ရေဖြည့်ချိန်တွင် ဖောင်းကြွလာသော သူ့ လက်မောင်းကြွက်သားများနှင့် တင်း မာနေသော သွေးကြောများက ဆွဲဆောင်မှုရှိစွာပေါ်လွင်နေပြီး ရေအပူချိန်ကို လျင်မြန်စွာချိန်ညှိလိုက်သည်။

ပုံမှန်အားဖြင့် ဟော်ချန်ယဲ့သည် အရှေ့ဘက် အခန်းလွတ်တွင် ရေချိုးလေ့ရှိပြီး ယွီရွေ့ကျူးကမူ သူတို့အိပ်သည့် အနောက်ဘက်အခန်းတွင် ရေချိုးလေ့ရှိသည်။

ထို့ကြောင့် ညအိပ်ရာမဝင်မီတိုင်း ဟော်ချန်ယဲ့ နှာခေါင်းထဲတွင် ချိုမြိန်သောရနံ့များ ပြည့်နှက်ရခြင်းပင်။

အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ အခန်းထဲတွင် ရေနွေးငွေ့များဖြင့် ပြည့်နှက်နေပြီး အပူချိန်မှာလည်း အတော်လေးမြင့်တက်လာသည်။ လွင့်ပျံနေသော ရေနွေးငွေ့များကြားတွင် ဟော်ချန်ယဲ့က ခန်ကို မှီကာ ယွီရွေ့ကျူးကို ရင်ခွင်ထဲ၌ ပွေ့ထားလျက် သူမ နီမြန်းနေသော မျက်နှာလေးကို ငုံ့ကြည့်မိသည်။

သူ့ လည်စိလေး လှုပ်ရှားသွားကာ သူမကို နှစ်သိမ့်ရန်ကြိုး စားရင်း နက်မှောင်သော မျက်ဝန်းများဖြင့် ငုံ့ကြည့်သည်။

"ရွေ့ကျူး... ရေရပြီ၊ ရေချိုးရအောင်လေ၊ မင်းဘာသာမင်း ချိုးနိုင်မလား"

ယွီရွေ့ကျူးက သူမ လက်မောင်းများဖြင့် သူ့လည်ပင်းကို သိုင်းဖက်ထားပြီး သူ့ စကားကို ပြန်မဖြေဘဲ ကြယ်သီးအချို့ ပြုတ်နေသော သူမ ရှပ်အင်္ကျီဂါဝန်လေးကိုသာ ငုံ့ကြည့်ကာ မျက်ဝန်းများထဲတွင် တွေဝေမှုအချို့ ကိန်းအောင်းနေသည်။

သူမက ခေါင်းလေးကို စောင်းကာ ဟော်ချန်ယဲ့ကို မေးသည်။

"ရေချိုးမလို့လား၊ ဘာလို့ ကျွန်မက အဝတ်အစားတွေ ဝတ်ထားရသေးတာလဲ၊ ဒီလိုဆို ကျွန်မက ဘယ်လိုလုပ် ရေချိုးလို့ရမှာလဲ"

ဟော်ချန်ယဲ့ အသက်ရှူမှားသွားပြီး သူ့ နားရွက်များမှာ ပိုနီရဲလာတော့သည်။

"ကိုယ်..."

သူ စကားမဆုံးခင်မှာပင် ယွီရွေ့ကျူးက ရုတ်တရက် ဖြတ်ပြောသည်။

နူးညံ့ဖြူဝင်းသော လက်ချောင်းလေးများက သူ့ နှာခေါင်းကို လာထိကာ အပေါ်အောက် ပွတ်ဆွဲသည်။ ယွီရွေ့ကျူးက စူးစမ်းချင်စိတ်များဖြင့် သူ့ကို အထက်အောက် စုန်ဆန်ကြည့်ကာ အကြိမ်ကြိမ် လက်ညှိုးနှင့်ထိုးသည်။

"ဟော်ချန်ယဲ့၊ ရှင့်နှာခေါင်းက အရမ်းမြင့်ပြီး စင်းနေရော၊ အဲဒီအပေါ်မှာ ပစ္စည်းတွေတောင် ချိတ်ထားလို့ရမယ့်ပုံပဲ၊ ကျွန်မ အဲဒီကနေ လျှောတောင် စီးလို့ရလောက်တယ်"

ဟော်ချန်ယဲ့မှာ တောင့်တင်းကာ ပူနွေး‌နေသော်လည်း ယွီရွေ့ကျူး စကားများကြောင့် သူ မပြုံးဘဲ မနေနိုင်တော့ဘဲ အနည်းငယ် အကူအညီမဲ့သလို ခံစားရသည်။

"ရွေ့ကျူး..."

'နှာခေါင်းမှာ လျှောစီးမယ် ဟုတ်လား'

ပြီးခဲ့သည့်အကြိမ်က သူမ ပြောခဲ့သော ဗိုက်ကြွက်သားများဖြင့် အဝတ်လျှော်မည်ဆိုသည်နှင့် အတူတူလာက်ပင်။ ယွီရွေ့ကျူးက သူ့ကို ရယ်မောစေပြီး စိတ်ဝင်စားစရာကောင်းသော အံ့သြဖွယ် စကားများကို အမြဲတမ်း တွေးတောတတ်သည်။

'လူတစ်ယောက်ရဲ့ နှာခေါင်းကနေ ဘယ်လိုလုပ် လျှောစီးလို့ရမှာလဲ'

သို့သော် ယွီရွေ့ကျူးမှာ မူးနေသောကြောင့် အလွန်အတည် ပေါက်ဖြစ်နေပုံရပြီး သူ့နှာခေါင်းကို အကြိမ်ကြိမ် ပွတ်သပ်ကာ ဘယ်ညာ လှည့်ပတ်ကြည့်နေသဖြင့် ဟော်ချန်ယဲ့မှာ တဖြည်းဖြည်း နေရခက်လာကာ အသက်ရှူသံများ ပိုမို မြန်ဆန်လာသည်။

သူ ယွီရွေ့ကျူးကို တားဆီးရန် ပြင်စဉ်မှာပင် သူမဘာသာသူ ရပ်တန့်သွားကာ ခေါင်းလေးကို စောင်းပြီး ဟော်ချန်ယဲ့ လုံးဝ မမျှော်လင့်ထားသော စကားတစ်ခွန်းကို ပြောသည်။

"ဟော်ချန်ယဲ့... ရှင့်နှာခေါင်းက အရမ်းမြင့်ပြီး စင်းနေတာပဲ၊ ရှင့်နှာခေါင်းကို သုံးပြီးတော့ ကျွန်မ အင်္ကျီတွေကို ပွတ်တိုက်ပြီး ချွတ်ပေးလို့ရမလား၊ ကျွန်မ အရမ်းပင်ပန်းနေလို့ အားမရှိတော့ဘူး၊ ပြီးတော့ လက်တွေလည်းညောင်းနေပြီ၊ ကျေးဇူး ပြုပြီး ကျွန်မကို ကူညီပါဦး"

ဟော်ချန်ယဲ့ အသက်ရှူသံများ ကမောက်ကမ ဖြစ်သွားပြီး သူ့ ဦးနှောက်မှာလည်း လုံးဝဗလာကျင်းသွားတော့သည်။

သူ ထိုနေရာတွင်ပင် အေးခဲသွားမတတ် ဖြစ်သွားရသည်။

'သူ့နှာခေါင်းကို သုံးပြီး အဝတ်အစား ချွတ်ပေးရမယ် ဟုတ်လား'

အခန်းတွင်း၌ အနည်းငယ် အိုက်စက်နေပြီး သစ်သားရေစည်ထဲမှ တက်လာသော ရေနွေးငွေ့များနှင့်အတူ အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပုံရသည်။

ဟော်ချန်ယဲ့ ပါးပြင်ပေါ်တွင် ချွေးစေးများ ပျံလာခဲ့ပြီး အပူရှိန်ကြောင့် သူ့မျက်နှာမှာ ပိုလို့ပင်နီမြန်းလာသည်။

ယွီရွေ့ကျူး စကားများကြောင့် သူ သွေးဆောင်ဖြားယောင်းခံနေရပြီး အဆုံးတွင်တော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ တစ်ကိုယ်လုံး တောင့်တင်းလျက် ရင်ထဲတွင် ဗုံတီးနေသည့်အလား တဒိတ်ဒိတ် ခုန်ပေါက်နေသော နှလုံးသားနှင့်အတူ ယွီရွေ့ကျူးဆီသို့ ခေါင်းကို မော့သွားသည်။

All Chapters