အခန်း ၁၃၉
Vol. 14 Ch. 139
အပိုင်း (၁၃၉) ဆုတောင်းပြည့်လို့ ကန်တော့ပွဲလာဆက်တဲ့ ကျောင်းမိသားစုက သခင်မလေးများ
မိန်းမပျိုလေးတွေ
နန်းတွင်းသက်တော်စောင့်တပ်မှူးရဲ့ စကားအပြီးမှာတော့ ပြိုကျနေတဲ့ တံတိုင်းနံဘေးမှာ မြေကြီးပေါ်ကို ရိုက်ခတ်နေတဲ့ မိုးသံတဝေါဝေါကလွဲရင် တခြားဘာအသံမှ မကြားရတော့ဘူး။
ကုရှင်းလန်က ဝင်ပြောလေရဲ့။
"ဘယ်အိမ်တော်က အမျိုးသမီးတွေများလဲ ကျောင်းတော်ကို ဥပုသ်စောင့်လာကြတာများလား"
ရှန်ကျုံးဧကရာဇ်က သူ့သမက်ကို အဆပေါင်းသိန်းချီပြီး အမြင်ကတ်နေတာလေ။
"ယုံရှန်းကျောင်းတော်က ဆရာတော်လေးတောင် ဒီကျောင်းတော်ထဲမှာ တည်းခိုနေတာကို။ မင်းဆရာကြီးက ဘယ်အိမ်တော်ရဲ့ အမျိုးသမီးကိုများ ကျောင်းတော်ထဲမှာ ဥပုသ်လာစောင့်ခိုင်းပါ့မလဲ။ ကုဆိုတဲ့ ကောင်... မင်းက စစ်တိုက်တဲ့အခါကျရင်လည်း ဒီလောက်တောင် ဦးနှောက်မရှိတာလား"
အဲဒီအချိန်မှာပဲ ယွီးရှောင်ရှောင်က "ဟင်" ဆိုပြီး အာမေဍိတ်သံလေး ထွက်လာတယ်။
ရှန်ကျုံးဧကရာဇ်တော့ ကုရှင်းလန်ဘက်ကနေ သူ့သမီး ဝင်ပြောပေးဦးမယ် ထင်သွားပြီး ဒေါသတကြီးနဲ့ အော်ပြောလိုက်တော့တယ်။
"ကိုယ်တော်က အခု ကုအိမ်တော်က ကောင်လေးကိုတောင် ဆူလို့မရတော့ဘူးလား"
ယွီးရှောင်ရှောင်က သူတို့လူတစ်စုရဲ့ အနောက်ဘက်ကို လှမ်းကြည့်ရင်း ပြောလိုက်လေရဲ့။ "ဟိုလူကြီးက သစ္စာဖောက် အမတ်ချုပ်ကြီးကျောင်းနဲ့ တူလိုက်တာ"
ရှန်ကျုံးဧကရာဇ်ရယ်၊ ကုရှင်းလန်ရယ်၊ နန်းတွင်းသက်တော်စောင့်တွေရယ် အကုန်လုံး နောက်ကို လှည့်ကြည့်လိုက်ကြတာပေါ့။
ယွီးရှောင်ရှောင်က "အရမ်းတူတယ်မလား" လို့ မေးလိုက်ပြန်တယ်။
ရှန်ကျုံးဧကရာဇ်က ပြန်ပြောတာပေါ့။ “ညည်းက ဘယ်လိုတွေ မြင်နေတာလဲ။ အဲဒါ ကျောင်းချိုးမင်ကြီးလေ"
ယွီးရှောင်ရှောင် မျက်မှောင်ကြုတ်မိသွားတယ်။ မနေ့ညကမှ ထောင်ထဲမှာ ဒီသစ္စာဖောက် အမတ်ချုပ်ကြီးကို မြင်ခဲ့ရသေးတာလေ။ တစ်ညတည်းနဲ့ ဒီလူကြီးက ဘယ်လိုလုပ်ပြီး ဆယ်နှစ်လောက် အိုစာသွားတဲ့ ပုံပေါက်သွားရတာလဲ။ လူတစ်ကိုယ်လုံးက ခွန်အား ရှိနေရာကနေ ချက်ချင်းကြီး သေခါနီး အိုမင်းမစွမ်းပုံစံမျိုး ဖြစ်သွားတာလားပေါ့။
ကျောင်းချိုးမင်က အတူတူရပ်နေကြတဲ့ ရှန်ကျုံးဧကရာဇ်နဲ့ ယွီးရှောင်ရှောင်တို့ကို မြင်လိုက်ရတာ အတော်ကြာပြီလေ။ အမတ်ချုပ်ကြီးကျောင်းရဲ့ ရင်ထဲမှာ ချက်ချင်းဆိုသလို ဒုက္ခပါပဲလို့ ရေရွတ်လိုက်မိတယ်။ သူက ဟူကော်ကျောင်းတော်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျောင်းညီအစ်မ နှစ်ယောက်ကို မျှော်နေခဲ့တာ။ မျှော်သာမျှော်နေရတာ ပေါ်မလာတဲ့အပြင် ရင်တမမဖြစ်စရာကောင်းတဲ့ မိုးခြိမ်းသံကြီးကိုပါ ကြားလိုက်ရတော့ အမတ်ချုပ်ကြီးကျောင်းလည်း ဆက်ပြီး သည်းမခံနိုင်တော့ဘူးလေ။ အဲဒီညီအစ်မနှစ်ယောက် ဧကရာဇ်နဲ့ မဆုံလိုက်ရဘဲ မင်းသမီးကြီးရဲ့ လက်ချက်နဲ့များ သေကုန်ကြပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နောက်ပါတွေကိုခေါ်ပြီး ဟူကော်ကျောင်းတော်ဘက်ကို သုတ်ခြေတင် ပြေးလာခဲ့တာပေါ့။
ရှန်ကျုံးဧကရာဇ်ကလည်း သူ့ရဲ့ အမတ်ချုပ်ကြီးက တစ်ညတည်းနဲ့ အတော်လေး အိုစာသွားတာကို မြင်လိုက်ရတယ်။ ယွီးရှောင်ရှောင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်တာပေါ့။
"ဒါက သားသမီးတွေအတွက် ပူပန်ရလွန်းလို့ ဖြစ်သွားတာလေ"
ယွီးရှောင်ရှောင်ကလည်း ရင်ထဲမှာ ဟုတ်ပါ့လို့ တွေးလိုက်မိတယ်။ ဒီလူကြီးက သူ့သားကို ဘယ်လိုသတ်ရမလဲဆိုတာ ပူပန်နေရတာကိုးလို့ပေါ့။
ကျောင်းချိုးမင်က ရှန်ကျုံးဧကရာဇ်နဲ့ ခြေလှမ်းဆယ်လှမ်းလောက်အကွာမှာ ရပ်လိုက်တယ်။ ပြီးတော့ မြေကြီးပေါ်မှာ အိုင်နေတဲ့ ရွှံ့ရည်တွေကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ဒူးနှစ်ဖက်နဲ့ ဘုန်းခနဲ ပစ်ချထောက်လိုက်ပြီး "ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်" ဆိုပြီး ရှန်ကျုံးဧကရာဇ်ကို အရိုအသေပေးလိုက်တော့တယ်။
ရှန်ကျုံးဧကရာဇ်က တော့ "ထပြီးမှ ပြောပါ" လို့ ပြန်ပြောလိုက်တယ်။
ကျောင်းချိုးမင်က မထသေးဘဲ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ဘက်ကို လှည့်ပြီး အရိုအသေပေးလိုက်ပြန်တယ်။
"ကျွန်တော်မျိုး မင်းသမီးလေးနဲ့ သမက်တော်တို့ကိုလည်း ဂါရဝပြုပါတယ်"
ယွီးရှောင်ရှောင်က ရှန်ကျုံးဧကရာဇ်ရဲ့ လေသံကို အတုခိုးပြီး "ထပြီးမှ ပြောပါ" လို့ လှမ်းပြောလိုက်တာပေါ့။
ကျောင်းချိုးမင်ကလည်း မင်းသမီးကြီး သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ရှန်ကျုံးဧကရာဇ်ကို ကျေးဇူးတင်စကား လျှောက်တင်ပြီးတာနဲ့ မတ်တတ်ရပ်လိုက်လေရဲ့။
ရှန်ကျုံးဧကရာဇ်က "မင်း ဘယ်လိုလုပ် ရောက်လာတာလဲ" လို့ မေးလိုက်လေတယ်။
"ဆရာတော်လေး ဖုန်းလင် နေမကောင်းဘူးဆိုတာရယ်၊ အရှင်မင်းကြီးက မင်းသမီးလေးနဲ့ သမက်တော်တို့ကိုခေါ်ပြီး ဟူကော်ကျောင်းတော်ကို လူမမာလာမေးတယ်ဆိုတာရယ် ကြားလိုက်ရလို့ ကျွန်တော်မျိုး စိတ်ပူပြီး လိုက်လာခဲ့တာပါ "
ယွီးရှောင်ရှောင်က "ချီး" ဆိုပြီး နှာခေါင်းရှုံ့လိုက်တာပေါ့။
"ဝမ်ဖုန်းလင် နေမကောင်းတာကို ရှင်က ဘာကိစ္စ စိတ်ပူနေရတာလဲ။ ကျစ်... ခမည်းတော်... သမီး ပြောသားပဲ၊ ဝမ်ဖုန်းလင်နဲ့ ကျောင်းမိဖုရားက..."
"ပါး... ပါးစပ်ပိတ်ထားစမ်း” ရှန်ကျုံးဧကရာဇ်က သူ့သမီးကို အော်ငေါက်လိုက်ပြန်တယ်။
"ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူး။ နောက်ဆို ထပ်မပြောနဲ့" နေ့တိုင်း သူ့ကို ဖောက်ပြန်တဲ့ ဇာတ်လမ်းတွေထဲ ဆွဲသွင်းဖို့ချည်းပဲ အာရုံကျနေတဲ့ ဒီသမီးတော်ရဲ့ ခေါင်းထဲမှာ တစ်နေ့တစ်နေ့ ဘာတွေ တွေးနေသလဲဆိုတာကို ရှန်ကျုံးဧကရာဇ် တစ်ယောက် နားကိုမလည်နိုင်တော့ဘူး။
ကျောင်းချိုးမင်က ရှန်ကျုံးဧကရာဇ်ကို သတိတကြီးနဲ့ မေးလိုက်လေတယ်။ "ဧကရာဇ်မင်းမြတ်... ဆရာတော်လေးက..."
ရှန်ကျုံးဧကရာဇ်က ပြန်ဖြေလိုက်တာပေါ့။
"ဆရာတော်လေး ဘာမှမဖြစ်ပါဘူး၊ ခုနက မိုးခြိမ်းလို့ လန့်ဖျပ်သွားပြီး နေထိုင်မကောင်း နည်းနည်း ဖြစ်သွားရုံပါ"
အမတ်ချုပ်ကြီးကျောင်းကတော့ ဒီစကားကို မယုံပါဘူး။ ယုံရှန်းကျောင်းတော်ရဲ့ ဆရာတော်လေးက မိုးခြိမ်းတာကို ကြောက်ပါ့မလားလို့ပေါ့။
ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို "ဝမ်ဖုန်းလင် ဘာမှမဖြစ်ဘူး။ ရှင် အိမ်ပြန်တော့" ဆိုပြီး နှင်လွှတ်တော့တာပဲ။
" အရှင်မင်းကြီး... နောက်ပြီး ကျွန်တော်မျိုးရဲ့ သမီးနှစ်ယောက်လည်း ဒီနေ့ ဟူကော်ကျောင်းတော်ကို ကန်တော့ပွဲလာဆက်တာမို့ သူတို့အတွက်လည်း စိတ်ပူလို့ပါ" လို့ ဆက်လျှောက်တင်လိုက်လေတယ်။
အမတ်ချုပ်ကြီးကျောင်းက ဆုတောင်းပြည့်လို့ ကတိလာတည်တယ်ဆိုတဲ့ ကိစ္စကို ပြောလိုက်တော့ ပြင်ပကမ္ဘာကနေ ရောက်လာတဲ့ ယွီးရှောင်ရှောင် တစ်ယောက်ကလွဲရင် အဲဒီမှာရှိနေတဲ့ လူအကုန်လုံးက နားလည်သဘောပေါက်ကြတယ်။ ဘုရားရှေ့မှာ ဆုတောင်းပြီးရင် ကတိတည်ရမဲ့ ကိစ္စဆိုတာ တကယ်လည်း ဘုရားရှေ့မှာ ဆုတောင်းတုန်းက ကတိပေးခဲ့တဲ့ ရက်ရောက်ရင် အဲဒီနေ့မှာ အတိအကျ လာပြီး ကန်တော့ပွဲဆက်ရတာမျိုးကိုး။
ရှန်ကျုံးဧကရာဇ်က ကျောင်းမိဖုရားဆီကနေ သူမရဲ့ ညီမနှစ်ယောက်အကြောင်း ကြားဖူးထားတာမို့ ခေါင်းညိတ်ပြီး ပြောလိုက်လေတယ်။
"ဒါဆိုလည်း မင်းအိမ်တော်က သခင်မလေးတွေကို သွားကြည့်လိုက်တော့။ ကိုယ်တော့်ဆီမှာ ခစားနေစရာ မလိုတော့ဘူး"
ကျောင်းချိုးမင်က အနောက်ဘက်မှာ ပြိုကျနေတဲ့ တံတိုင်းကို တစ်ချက်လှမ်းကြည့်ပြီး မေးလိုက်လေတယ်။ "ဧကရာဇ်မင်းမြတ်... ဒီတံတိုင်းက ဘယ်လိုဖြစ်ပြီး ပြိုကျသွားရတာလဲ"
"မင်းက ကိုယ်တော့်ကို လာမေးနေတာလား။ ဒီတံတိုင်း ဘာလို့ပြိုကျလဲဆိုတာ ကိုယ်တော်က ဘယ်လိုလုပ်သိမှာလဲ။ ဒီဟူကော်ကျောင်းတော်ကို ကိုယ်တော် ဆောက်ထားတာကျနေတာပဲ"
ရှန်ကျုံးဧကရာဇ်က ပြန်အော်လိုက်တာပေါ့။
ရှန်ကျုံးဧကရာဇ် ရုတ်တရက်ကြီး ဒေါသပေါက်ကွဲသွားတာကြောင့် အမတ်ချုပ်ကြီးကျောင်းခမျာ ထပ်ပြီးလန့်သွားပြန်ရင်း "ကျွန်တော်မျိုး သေသင့်ပါတယ်" လို့ ကမန်းကတန်း လျှောက်တင်လိုက်ရှာတယ်။
"ကဲပါ" ရှန်ကျုံးဧကရာဇ်က စိတ်မရှည်တော့တဲ့ပုံနဲ့ ကျောင်းချိုးမင်ကို လက်ခါပြလိုက်တော့တယ်။
"မင်းလည်း သားသမီးတွေ ကိစ္စကို သိပ်ပြီး ပူပန်မနေပါနဲ့။ မင်းက အဖေတစ်ယောက်အနေနဲ့ သူတို့အတွက် ဘယ်အချိန်အထိ ပူပန်ပေးနိုင်မှာတဲ့လဲ။ မနေ့က မင်း မိဖုရားကျောင်းဆီမှာ အကြီးအကျယ် ငိုယိုခဲ့တယ်ဆိုတာ ကိုယ်တော် ကြားတယ်။ ဘာလဲ... ကိုယ်တော်က မင်းရဲ့သမီးကို နှိမ်ထားတယ်လို့ ထင်နေလို့လား"
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး" ကျောင်းချိုးမင်လည်း ကမန်းကတန်း ပြန်ဒူးထောက်ချလိုက်ပြီး ရှန်ကျုံးဧကရာဇ်ကို ပျာပျာသလဲ လျှောက်တင်တော့တယ်။
"ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်ကို မျက်နှာပူမိလို့ပါ။ ကျွန်တော်မျိုး သေသင့်ပါတယ် အရှင်မင်းကြီး "
"သေသင့်ပါတယ်၊ သေသင့်ပါတယ်နဲ့" ရှန်ကျုံးဧကရာဇ်က ပြောတာပေါ့။ "မင်းမှာ အသေခံစရာ အသက်ဘယ်နှချောင်းများ ရှိနေလို့လဲ။ ထွက်သွားပြီး သမီးတွေကိုပဲ သွားကြည့်လိုက်။ ကိုယ်တော့်ရှေ့မှာ လာမငိုနဲ့။ ဒီနေ့လို ဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင် အစတည်းက ဒီလိုမလုပ်ခဲ့ပေါ့"
"သူမှ ဗေဒင်မဟောတတ်တာ" ယွီးရှောင်ရှောင်က တီးတိုးရေရွတ်လိုက်လေရဲ့။ "ဒီနေ့လို ဖြစ်မယ်မှန်း ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ"
ရှန်ကျုံးဧကရာဇ်က ကုရှင်းလန်ကို လှည့်ကြည့်လိုက်ပြီး "မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ" လို့ မေးလိုက်ပြန်တယ်။
" အရှင်မင်းကြီး... ကျွန်တော်မျိုး လျှောက်တင်စရာ ရှိလို့ပါ။ ဆရာတော်လေးက..." ကုရှင်းလန်က ပြန်ဖြေလိုက်လေတယ်။
"ဆရာတော်လေးရဲ့ ကိစ္စကို မင်း ဝင်ပါစရာမလိုဘူး" ရှန်ကျုံးဧကရာဇ်က သမက်ဖြစ်သူ စကားတောင် မဆုံးသေးခင် လက်ကို ထပ်ခါပြလိုက်လေတယ်။ "လင်းလုံကိုခေါ်ပြီး မြန်မြန်ထွက်သွားတော့"
ကုရှင်းလန်က " အရှင်မင်းကြီး..." လို့ ခေါ်လိုက်ပေမဲ့…..
"ကိုယ်တော်က မင်းတို့ကို လိမ့်တော့လို့ ပြောနေတယ်လေ" ရှန်ကျုံးဧကရာဇ်က ကုရှင်းလန် သူ့ကို အပိုစကားတွေ ဆက်ပြောနေဦးမယ်ဆိုတာ သိတော့ ဒေါသတကြီးနဲ့ အော်လိုက်တော့တယ်။ "ထွက် သွား ကြားလား"
"ဘာလို့ အော်နေရတာလဲ" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို သူမရဲ့ နောက်မှာ ကွယ်ထားပေးလိုက်ပြီး မျက်မှောင်ကြုတ်ကြီးနဲ့ စွာတော့တာပဲ။
"ဘာအမှားမှ မလုပ်ထားဘဲနဲ့ သမီးတို့က ဘာကိစ္စ ထွက်သွားရမှာလဲ"
ရှန်ကျုံးဧကရာဇ်ဆို ဒေါသထွက်လွန်းလို့ နင်တောင်သွားတယ်။ "ညည်းလုပ်ခဲ့တဲ့ အမှားတွေကို ကိုယ်တော်က တစ်ခုချင်းစီ ထုတ်ပြောပြနေရဦးမှာလား"
ယွီးရှောင်ရှောင်က မကျေမနပ်နဲ့ ပြန်အာခံလိုက်တာပေါ့။ "သမီးက ဘာအမှားတွေများ လုပ်ခဲ့လို့လဲ၊ ကဲ ပြောစမ်းပါဦး"
ရှန်ကျုံးဧကရာဇ်ခမျာ ရပ်နေတဲ့ နေရာမှာတင် တစ်ပတ်လည်သွားတော့တယ်။ စိတ်တွေ အရမ်းပင်ပန်းသွားပြီလေ။ ခေတ်သစ်စကားနဲ့ ပြောရရင်တော့ အရှင်မင်းကြီး အခုချိန်မှာ လူရောစိတ်ပါ နွမ်းနယ်ပြီး အချစ်တွေပါ ခန်းခြောက်သွားတဲ့ အခြေအနေမျိုးပေါ့ကွယ်။
နန်းတွင်းသက်တော်စောင့်တပ်မှူးကတော့ သူ့ခြေအောက်က အုတ်ခဲကျိုးတွေအောက်မှာ ပိပြီး အပြည့်အဝ တူးဖော်မထုတ်ရသေးတဲ့ မိန်းမပျိုလေးနှစ်ယောက်ကို ကြည့်ရင်း မျက်နှာကြွက်သားတွေတောင် တဆတ်ဆတ် တုန်လာတယ်။ အရှင်မင်းကြီးနဲ့ မင်းသမီးလေးက ဒီဘက်က ကိစ္စကိုများ မေ့သွားကြပြီလားပေါ့။ အာ... နေပါဦး... တပ်မှူးက ကျောင်းချိုးမင်ကို ကြည့်ရင်း တွေးလိုက်မိပြန်တယ်။ အမတ်ချုပ်ကြီးကျောင်းရဲ့ သမီးနှစ်ယောက်... အမတ်ချုပ်ကြီးကျောင်းရဲ့ သမီးနှစ်ယောက်တဲ့။ ဘုရားရေ... တပ်မှူးခမျာ သူ့ခေါင်းပေါ်ကို နောက်ထပ် မိုးကြိုးတစ်စင်း ပစ်ချလိုက်သလို ခံစားလိုက်ရတယ်။ သူ့ခြေအောက်က ဒီနှစ်ယောက်ဆိုတာ ကျောင်းအိမ်တော်က သခင်မလေး နှစ်ယောက်များ ဖြစ်နေမလား။
ကုရှင်းလန်ကတော့ တော်ဝင်သားအဖနှစ်ယောက် လူပုံအလယ်မှာ ချကြတော့မဲ့ကိန်းကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်တော့ဘူး။ တကယ်တမ်း ချကြရင်လည်း အရှင်မင်းကြီးက သူ့မိန်းမကို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူးလေ။ သူ့မိန်းမက ဧကရာဇ်ကို ရိုက်တယ်၊ အဖေကို နာကျင်အောင်လုပ်တယ်ဆိုတဲ့ နာမည်ဆိုးကြီးသာ ထွက်သွားရင် သူ့ရဲ့ မိန်းမလေးခမျာ တစ်လောကလုံးရဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေအောက်မှာ နစ်မွန်းသွားရတော့မှာပေါ့။
"အရှင်မင်းကြီး " ကုရှင်းလန်က အသံကို မြှင့်ပြီး ရှန်ကျုံးဧကရာဇ်ကို လှမ်းခေါ်လိုက်လေရဲ့ ။
ရှန်ကျုံးဧကရာဇ်လည်း လန့်ဖျပ်သွားပြီး ပြန်မေးလိုက်တာပေါ့။ "မင်းက ဘာလို့ ဒီလောက် အသံကျယ်ကြီးနဲ့ အော်ခေါ်နေရတာလဲ။ နေပါဦး... မင်းက ဘာလို့ မထွက်သွားသေးတာလဲ"
ကုရှင်းလန်လည်း ရှန်ကျုံး သူ့စကားကို ထပ်ပြီးဖြတ်မပြောနိုင်အောင် စကားပြောနှုန်းကို ခပ်မြန်မြန်လေးလုပ်ပြီး လျှောက်တင်လိုက်လေရဲ့။
"အရှင်မင်းကြီး... ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ဆေးဖော်တဲ့ အခန်းအပျက်အစီးတွေအောက်ကနေ ယုံရှန်းကျောင်းတော်က ကိုယ်တော်နှစ်ပါးကို ကယ်တင်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ပါးက ဆရာတော်လေးအတွက် ဆေးဖော်ပေးနေတဲ့သူပါ"
ရှန်ကျုံးဧကရာဇ်က လက်နောက်ပစ်ရင်း သူ့သမက်ကို ကြည့်ပြီး မေးလိုက်လေတယ်။ "အဲဒီတော့ ဘာဖြစ်လဲ"
ကုရှင်းလန်က ပြန်ဖြေလိုက်တာပေါ့။
"ဆရာတော်လေးရဲ့ ဆေးတွေ ရှာမတွေ့တော့ဘူးတဲ့။ သူတို့ ဒီတစ်ခေါက် ယူလာတဲ့ ဆေးတွေကလည်း သိပ်မများတော့ ဆရာတော်လေးရဲ့ ရောဂါက ခဏတဖြုတ်နဲ့တော့ သက်သာနိုင်မှာ မဟုတ်တော့ပါဘူး"
ရှန်ကျုံးဧကရာဇ်ကတော့ တော်တော်လေးကို ဝမ်းသာသွားတာပေါ့။ ကံဆိုးမိုးမှောင်ကျတာက လူတစ်ယောက်တည်းကိုပဲ အမြဲ ဒုက္ခပေးနေလို့ မရဘူးလို့ သူပြောသားပဲ။ ဝမ်ဖုန်းလင် နေမကောင်းဖြစ်ချင်လည်း ဖြစ်ပါစေတော့လေ။ ဒီမျက်နှာဖြူဖြူ ကိုယ်တော်လေးကို သူ တစ်သက်လုံး ကျွေးထားရလည်း ကိစ္စမရှိပါဘူး။
အဲဒီအချိန်မှာပဲ နန်းတွင်းသက်တော်စောင့်တပ်မှူးက ရှန်ကျုံးဧကရာဇ်ရှေ့ကို ပြေးလာခဲ့တော့တယ်။ မြေကြီးပေါ်မှာ ဒူးထောက်နေတုန်းဖြစ်တဲ့ ကျောင်းချိုးမင်ကို တစ်ချက်ကြည့်လိုက်ပြီး သိပ်မရက်စက်ရက်တဲ့ ဟန်နဲ့ ရှန်ကျုံးဧကရာဇ်ကို လျှောက်တင်လိုက်ရှာတယ်။ " အရှင်မင်းကြီး... အမတ်ချုပ်ကြီးကျောင်းရဲ့ သမီးတွေ တံတိုင်းအောက်မှာ ပိနေတဲ့ပုံပါပဲ"
ဘာ
...