← Chapters

သားရိုင်းကောင်

Vol. 6 Ch. 281

သားရိုင်းကောင်

Vol. 6 Ch. 281

ကူရိုတစ်ယောက် အိမ်ထဲမှာနေရတာ ပျင်းလာခဲ့တယ်။

နတ်ကျောင်းက နေ့ရက်တွေက ငြိမ်သက်ပြီး ပြောင်းလဲမှု မရှိသလောက်ပါပဲ။ မနက်တိုင်းစောစောထပြီး ဆိုရာရဲ့ အလုပ်တွေကိုကူလုပ်ပေးဖြစ်တယ်။ နတ်ကျောင်းဝင်းထဲ တံမြက်စည်းလှည်းတယ်၊ ကြမ်းတိုက်တယ်။ ကူရိုက နတ်ဘုရားတွေကို ကပြဖျော်ဖြေတာကိုကြည့်တယ်။ မနက်စာအတူစားကြတယ်။

မနက်စာစားပြီးရင် ကူရိုက နာဂီနာတာဓားကြီးကိုကိုင်ပြီး အပြင်ထွက်သွားလေ့ရှိတယ်။ ရွာပတ်ဝန်းကျင်ကို ကင်းလှည့်ဖို့ဖြစ်ပြီးတော့ အန္တရာယ်များတဲ့အတွက်ကြောင့် သူ့ကိုခေါ်လို့မရဘူးလို့လည်း ပြောသေးတယ်။

“ငါ ရွာထဲသွားလို့ရမလား။” မေးတော့ ဆိုရာရဲ့မျက်နှာ အမူအရာအရ အခက်တွေ့နေပုံပဲ။

“အပြင်လူတစ်ယောက် ရောက်နေတာကို သူတို့သိရင် ကြိုက်မှာမဟုတ်ဘူး။”လို့လည်း ပြောတတ်သေးတယ်။

ဒါပေမဲ့ ပျင်းရိမှုကြောင့် ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံးမသွားခင် ကူရိုဟာ တောင်အနှံလမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သန့်ရှင်းလတ်ဆတ်တဲ့လေထုနဲ့ စိမ်းစိုတဲ့သစ်ပင်တွေက သူ့ကိုစောင့်ကြိုလို့။

နတ်ကွန်းကနေစတင်ခဲ့တဲ့ ကျောက်လှေကားထစ်တွေက မြွေလိမ်မြွေကောက် နိမ့်ဆင်းသွားရင်းနဲ့ တောင်ခြေအထိ ဆက်လို့ရှိနေတာပေါ့။ အကြောင်းအရင်းကိုမသိရပေမဲ့ မနက်စောစောကျဆင်းတတ်တဲ့ မြူနှင်းတွေရယ်နဲ့ ကျေးငှက်ကလေးတွေရဲ့မြည်သံကို သူမကြားရတာ ကြာပြီလို့ခံစားမိလိုက်တယ်။

“မဟုတ်မှလွဲရော၊ ငါအရင်နေခဲ့တဲ့နေရာက ဒီလိုမျိုး သာယာတဲ့သဘာဝပတ်ဝန်းကျင် မရှိတဲ့နေရာမျိုးလား။”

သူ့အတိတ်ကို ပြန်စဥ်းစားကြည့်ဖို့ကြိုးစားပေမဲ့ ခေါင်းတွေ အုံခဲပြီးကိုက်လာတာပဲ အဖက်တင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတာကို သူအာရုံခံလိုက်မိပါပြီ။

“တစ်ခုခု ပုံမှန်မဟုတ်ဘူး။” ကူရိုက မျက်လုံးကို မှေးလိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်တယ်။ သူ့လှုပ်ရှားမှုတွေက ကျင့်သားရနေတဲ့တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ယောက်လိုဖြစ်နေပြီး ကိုယ်တိုင်တောင် အံ့ဩမိတဲ့အထိပါ။

“လာပြီ....”

ရုတ်တရက် တောင်ပေါ်လမ်းရဲ့ဘေးဖက်တစ်နေရာက ခြုံပုတ်တွေလှုပ်ခတ်သွားတာကို သတိထားမိလိုက်တယ်။ အဖြူရောင်အခွံမာတွေဖုံးအုပ်ထားပြီး လေးဖက်ထောက် သတ္တဝါတစ်ကောင်လို့ထင်စရာရှိတဲ့ အကောင်ကြီးက သူ့ဆီကိုပြေးလာနေတာ။ အဲဒီသတ္တာဝါကြီးမှာခေါင်းလို့ သီးသန့်ရှိမနေဘဲ မျက်နှာကြီးက ပခုံးအလယ်မှာ ရုပ်ထုထုထားသလို ထွင်းထားတာ။

ပါးစပ်အကျယ်ကြီးရှိနေပေမဲ့ မျက်လုံးနဲ့နှာခေါင်းတွေက အရာလေးပဲရှိကာ လျှာအရှည်ကြီးအပြင်ကိုထွက်နေကာ မြွေလိုလူးလွန့်လှုပ်ရှားလို့။

ဘုန်း....

ကူရိုက ဘေးကိုလှိမ့်ရှောင်တယ်။ အကောင်ကြီးက ကူရိုကိုကျော်သွားပြီး နှစ်ချို့သစ်ပင်ကြီးတစ်ပင်ကို ဝင်ဆောင့်။ ချောင်းခနဲအသံနဲ့အတူ သစ်ပင်ကြီးဟာ ခါးလယ်ကပြတ်ပြီး ကျိုးကျသွားလေတော့တယ်။

“ဘာ.... ဘာကောင်ကြီးလဲ....” ကူရို သူ့ဘဝမှာ ဒါမျိုးအကောင်မျိုး တစ်ခါမှမမြင်ဖူးဘူး။ အတိတ် မမေ့ခင်ကတောင် ဒါမျိုးမမြင်ဖူးတာသေချာတယ်။ သူ့လက်တွေခြေတွေကို တင်းတင်းဆုပ်လိုက်မိပေမဲ့ သူကိုယ်တိုင်ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကိုပါ သတိထားမိလိုက်တယ်။

“ငါကြောက်မနေဘူးလား...”

ဝူး... ဝူး....

အကောင်ကြီးကတော့ ကူရိုကို အတွေးယဥ်ကြောမှာ အကြာကြီးနစ်မြုပ်ခွင့်မပေးခဲ့ဘူး။ ခန္ဓာကိုယ် အတ္တဘောကြီးကိုလှည့်ပြီးတော့ သူ့လျှာအရှည်ကြီးက လှံတစ်စင်းလိုလှုပ်ရှားလာတယ်။ အဲဒီနောက်တော့ ကူရိုကို တိုက်ခိုက်တော့တာပဲ။

ကူရိုက ရှောင်တယ်။ လျှာကခြောက်လက်မလောက်တူတဲ့ ကြမ်းပြင်ကျောက်ပြားကို တစ်စစီခွဲချေသွားတာ မြင်ရပြီ။ သတိကြီးကြီးနဲ့ တန်ပြန်တိုက်တယ်။ လက်သီးက အကောင်ကြီးမျက်နှာကို ထိုးမိပြီ။ ဘာမှဖြစ်မလာဘူး။

“သေစမ်း....” အကောင်ကြီးရဲ့လျှာက လေထုထဲမှာတင် ဝှစ်ခနဲလှည့်လာပြီး ကူရိုရဲ့ကျောကိုဖောက်ဖို့အသင့်။ ကူရိုက သူ့ညာလက်ကို လက်ပြန်စိုက်ထုတ်လိုက်ပြီး လျှာကိုလေထဲမှာ တင်ဖမ်းလိုက်တယ်။

ရွှတ်...

တစ်ခုခုပြတ်သွားတဲ့အသံနဲ့အတူ ပူနွေးတဲ့အရည်တချို့ သူ့လည်ကုပ်ပေါ်စီးကျလာတယ်။ နာကျင်မှုက သူ့အသိစိတ်ထဲ တိုးဝင်လာခဲ့ပေမဲ့ မကြာခင်မှာပဲ တစ်ကိုယ်လုံးထုံကျင်လာတဲ့အတွက် သူ မျက်လုံးပြူးသွားတော့တာပေါ့။

“ဒီကောင်က အဆိပ်ရှိတယ်။”

နောက်ကျသွားပြီ။ သူ့ခန္ဓာကိုယ်က အားအင်တွေ ယုတ်လျော့လာတာကို ခံစားမိပြီး နောက်ကိုခုန်ဆုတ်တယ်။ အားနည်းနေတဲ့အတွက် ဖင်ထိုင်လျက်လဲကျလုမတတ်ပဲ။

သူ့ကိုယ်သူ သေပြီလို့ထင်မိလိုက်ချိန်ရောက်တော့...

“မြင်းခေါင်းဖြတ်ဓားချက်....”

ဆိုဒါက ကောင်းကင်ပေါ်ကနေ နတ်သမီးတစ်ပါးလိုမျိုး ဆင်းသက်လာခဲ့တယ်။ နာဂီနာတာဓားကိုလက်နှစ်ဖက်နဲ့ ကိုင်ထားခဲ့ပြီးတော့ အကောင်ကြီးကို ဒေါင်လိုက် ပိုင်းချတယ်။

“သားရိုင်းကောင်၊ မြင့်မြတ်တဲ့ နတ်ကွန်းဝင်းထဲကို ကျူးကျော်ဝင့်တယ်။”

အဲဒီနောက်တော့ ကူရိုရဲ့မျက်စိရှေ့မှာတင် အကောင်ကြီး ထက်ပိုင်းပြတ်သွားတယ်။ ခန္ဓာကိုယ်မှာအကောင်ကြီးဆီက အညစ်အကြေးတွေနဲ့ပေကျံနေတဲ့ဆိုရာ​က နောက်ကိုလှည့် စိုးရိမ်တကြီးနဲ့ ချက်ချင်းပြေးလာတော့တာပဲ။

“ကူရို၊ နင်သွေးတွေ အများကြီးထွက်နေတယ်။”

“ဂရုစိုက်... နောက်ထပ်အကောင်တွေ ရှိနေဦးမလား မသိဘူး။” ကူရိုက ဆိုရာကို သူ့မှာကျန်ရှိနေသေးတဲ့ နောက်ဆုံးအားအင်နဲ့သတိပေးလိုက်တယ်။ ဒါပေမဲ့ သူ့အမြင်တွေက ဝေဝါးနေပြီဖြစ်ပြီး အသက်ရှုတစ်ရှိုက်စာ ကြာမြင့်ချိန်မှာပဲ ဆိုရာရဲ့ရင်ခွင်ထဲ လဲကျသွားတော့တယ်။

....

တိတ်ဆိတ်မှု။

အလုံးစုံတိတ်ဆိတ်မှုနဲ့ မှောင်မိုက်မှုက ကူရိုရဲ့အသိစိတ်ကို ဖုံးလွှမ်းထားတယ်။ နစ်မွန်းနေသလိုမျိုးခံစားရပေမဲ့လို့ ဒီအမှောင်ထုဟာ သူနဲ့သက်သောင့်သက်သာဖြစ်နေပြီး အသားကျတယ်လို့လည်းခံစားရတယ်။ မိခင်ဝမ်းထဲ ပြန်ရောက်နေပြီး ပူပင်စရာတွေအားလုံးကိုမေ့ထားလို့ ရသလိုမျိုးပဲ။

ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ်ထာဝရမေ့ပျောက်ပစ်ပြီး အမှောင်ထုထဲမှာပဲ အိပ်စက်ပစ်လိုက်ချင်ပေမဲ့...

“နင်ထွက်သွားလို့မဖြစ်ဘူးလေ.....”

ပူနွေးတဲ့ မျက်ရည်စက်တချို့ သူ့ပါးပေါ်ကိုစီးကျလာတာ ခံစားမိတယ်။ သူ့ခန္ဓာကိုယ်ကသွေးတွေ လျင်မြန်စွာ လည်ပတ်နေပြီးတော့ ထုံကျင်မှုနဲ့​အေးစက်မှုတွေ လျင်မြန်စွာပျောက်ကွယ်နေတာကို သတိထားမိလိုက်ပြီ။ သူ့မျက်လုံးတွေကိုဖွင့်လိုက်ချိန်မှာတော့ မျက်ရည်တွေ တွဲလွဲခိုနေတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ခရမ်းရောင် မျက်လုံးတွေကို မြင်လိုက်ရတယ်။

“ကူရို... နင်မသေဘူးနော်...” မိန်းကလေးက သူသတိဝင်လာတာ သတိထားမိလိုက်ပြီးမေးတယ်။

ဒီတော့မှ ကူရိုလည်း သူ့လက်ရှိအခြေအနေကိုသူ သတိထားမိတာ။ သူဟာ ရေပူစမ်းကမ်းတစ်ခုထဲမှာ အဝတ်ဗလာနဲ့ပေါလောမျောနေပြီး ဆိုရာက သူ့မျက်နှာကို ဖက်လျက်ငိုကြွေးနေခဲ့တာ။

ပြီးတော့ ဆိုရာကိုယ်တိုင်လည်း တစ်ကိုယ်လုံးဗလာနဲ့။ ကြီးမားတဲ့မက်မွန်သီးတစ်စုံနဲ့ နီရဲနေတဲ့ ထိပ်သီးလေးတွေကိုတောင် မြင်နိုင်တယ်။

“ငါတို့ ဘာလုပ်နေကြတာလဲ။”

“နင့်ခန္ဓာကိုယ်ထဲက သားရိုင်းအဆိပ်တွေကိုထုတ်ဖို့ ငါ့မိသားစုရဲ့လျှို့ဝှက်နည်းလမ်းကို အသုံးပြုနေတာလေ။”

ဒီတော့မှ ကူရိုလည်း ဆိုရာကိုပိုပြီးတော့ သတိထားကြည့်တယ်။ ဆိုရာရဲ့နဖူးအလယ်တည့်တည့်က နှစ်လက်မလောက်အရွယ်ရှိတဲ့ ခရမ်းရောင်ဦးချိုတစ်ခု ထွက်နေပြီးတော့ သွားစွယ်တွေလည်း ပိုထင်ရှားလာတယ်။ ဆိုရာရဲ့ခန္ဓာကိုယ်ပေါ်မှာ ကျာပွတ်နဲ့အရိုက်ခံထားရသလိုအချိုးရာတွေရှိနေပြီး လည်ပင်းမှာတော့ ထူးခြားတဲ့ ငှက်သဏ္ဍာန် တက်တူးရှိတယ်။

နောက်ဆုံးအနေနဲ့ ဆိုရာရဲ့လက်တွေက ကူရိုရဲ့ခေါင်းကို ရင်ခွင်ထဲသွင်းထားပြီး ခရမ်းရောင်စွမ်းအင်တချို့ကို သူ့ခန္ဓာကိုယ်ထဲ သွင်းပေးနေခဲ့တာ။

“အခုလောက်ဆိုရင် နင်သတိထားမိလောက်ပြီပေါ့။” ဆိုရာက သူ့မျက်နှာကိုတစ်ဖက်ကို လွှဲလိုက်ရင်းနဲ့ မေးတယ်။ ကူရိုကတော့ ဆိုရာဆိုလိုတာကို အခုထိ သဘောမပေါက်ဘူး။

“ဘာကိုလဲ....”

“ငါက လူသားတစ်ယောက် မဟုတ်ဘူးဆိုတာကိုလေ။”

ကူရိုက ဆိုရာရဲ့ရင်ကိုမှီနေရင်းက ဆိုရာရဲ့ခရမ်းရောင် မျက်လုံးတွေကိုပဲ စိုက်ကြည့်နေခဲ့တာ။ ဆိုရာအပေါ်ထားတဲ့ ရင်းနှီးတွေဟာ နည်းနည်းလေးတောင် ပြောင်းလဲသွားပုံ မပေါ်ဘူး။

ဆိုရာကတော့ တစ်ကိုယ်တည်းပဲ ဆက်ပြီး ရေရွတ်နေခဲ့တာပေါ့။

“ကူရို... နင်ကတော့ အတိတ်မေ့နေလို့ မသိလောက်ပေမဲ့ ငါက လူသားတွေရွံမုန်းကြတဲ့ အိုနီဘီလူးသွေးတစ်ဝက်ပါတဲ့ သူတစ်ယောက်ပဲ။ ငါ့မိသားစုအစဥ်အဆက်က အဲဒီသွေးကို သယ်ဆောင်လာခဲ့ကြတာ။”

“အင်း၊ ငါသဘောပေါက်ပြီ။” ကူရိုက မျက်လုံးကို မှိတ်ပြီးတော့ ဖြစ်ပျက်သမျှကို လက်ခံနိုင်ဖို့ ကြိုးစားတယ်။

“ ကူရို၊ နင်ငါ့ကို မကြောက်ဘူးလား။” ဆိုရာက ထပ်မေးတယ်။ ကူရိုက ပြုံးလိုက်ပြီး...

“နင်က ငါ့အသက်ကို နှစ်ခါတိတိကယ်ခဲ့တယ်။ ထမင်းလည်းတင်ကျွေးထားတယ်။ ပြီးတော့ နင်က...”

ကူရိုက ဆိုရာကိုအကြာကြီးစိုက်ကြည့်နေခဲ့ပြီးမှ သူ့စကားကို အဆုံးသတ်လိုက်တယ်။

“တအားလှတယ်လေ။ ငါက ဘာလို့ နင့်ကိုကြောက်ရမှာလဲ။”

“.....” ဆိုရာရှက်သွားပြီး ကူရိုရဲ့ခေါင်းကိုလွတ်ချတယ်။ ကူရိုရေပူစမ်းထဲနစ်သွားပြီး ယက်ကန်ယက်ကန်နဲ့ ပြန်ကူးတက်ရတယ်။ သူဟန်ချက်ပြန်ထိန်းနိုင်တော့ ဆိုရာက ရေချိုးခန်းသုံးပဝါကို ကိုယ်မှာပတ်ထားလိုက်ပြီး ရေပူစမ်းကန်ထဲကနေ ထွက်နှင့်ပြီ။

“ရေပူစမ်းထဲမှာ အကြာကြီးနေရင် အပူရှပ်လိမ့်မယ်။ ညလည်းနက်နေပြီဆိုတော့ ပြန်ကြရအောင်...”

....

အိမ်အပြန်လမ်းမှာတော့ သူတို့နှစ်ယောက်ရဲ့စိတ်တွေကို အတွေးကိုယ်စီက ဖုံးလွှမ်းထားခဲ့တယ်။ ကူရိုကတော့ အကောင်ကြီးအကြောင်း စဥ်းစားနေခဲ့ပြီးတော့ သူ့ခန္ဓာကိုယ်က ထူးဆန်းတဲ့တုံ့ပြန်မှုတွေကို တွေးနေခဲ့မိတာ။

ဆိုရာကတော့ မျက်နှာတစ်ခုလုံးနီမြန်းနေခဲ့ပြီး ကူရိုပြောခဲ့တာတွေကို ပြန်ကြားယောင်နေခဲ့ပုံပေါ်တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတချို့တော့ ရှိနေဆဲပါ။

“တကယ်လို့ သူက အမေပြောတဲ့သူ မဟုတ်ခဲ့ရင်ရော။ သူအတိတ်မေ့တာက တစ်ခဏတာပဲဆိုရင်ရော....” ကူရိုက အဲဒီအတွေးတွေကိုရေရွတ်ရင်း သူ့နှလုံးသားကို ဖိနှိပ်ထားလိုက်မိတယ်။

တိတ်ဆိတ်နေတဲ့အခြေအနေကို ဆက်ပြီးတောင့်မခံနိုင်တဲ့ ကူရိိုက နောက်ဆုံးမှာမေးလိုက်တယ်။

“ဆိုရာ၊ အဲဒီသားရိုင်းတွေဆိုတာက ဘာတွေလဲ။”

ဆိုရာက တစ်ခဏလောက်တုံ့ဆိုင်းနေခဲ့ပြီးမှပြန်ဖြေတယ်။ “သားရိုင်းကောင်တွေဆိုတာက များသောအားဖြင့် ဒီရွာရဲ့အပြင်ဘက်မှာ ကျက်စားတဲ့ အန္တရာယ်များတဲ့ အရာတွေပဲ။ သူတို့တွေက တိရစ္ဆာန်တွေမဟုတ်ဘူး။ အသက်ရှိတဲ့အရာတွေတောင် မဟုတ်ဘူးလို့ပြောရမလား။ သူတို့တွေက ပေါ်ချင်တဲ့နေရာမှာပေါ်လာတတ်ပြီးတော့ လူတွေကိုမြင်တာနဲ့ တိုက်ခိုက်တတ်တယ်။ အစာအတွက်တော့ မဟုတ်တဲ့ပုံပဲ။ သူတို့သွေးနဲ့တံထွေးက အဆိပ်ရှိတာမလို့ သတိထားဖို့တော့လိုတယ်နော်။”

ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေမှာ အဆိပ်ရှိတဲ့ကိစ္စကို ကူရိုကိုယ်တိုင်ကြုံခဲ့ရပြီးပြီ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဆိုရာရဲ့တစ်ကိုယ်လုံးကိုသွေးမည်းမည်းတွေပေနေခဲ့တာ။ သူကျ ဘာမှမဖြစ်ဘူးလား။

“ရွာအပြင်ဘက်မှာပဲ ပေါ်လာတတ်တာလား။ အခုလို ဘုရားကျောင်းထဲပေါ်လာတာကရောပုံမှန်ပဲလား။”

သူတို့စကားပြောရင်းလမ်းလျှောက်လာတာ နတ်ကွန်း အဝင်ဝကိုတောင်ရောက်နေပြီ။ ကူရိုက အလိုလိုနေရင်း ရေမရှိတဲ့ရေတွင်းကို နောက်တစ်ခါကြည့်မိပြန်တယ်။ ဆိုရာကတော့...

“ပုံမှန်မဟုတ်ဘူး... အခုနောက်ပိုင်း အဲဒီလိုဖြစ်တာ စိပ်လာတယ်။ နတ်ကွန်းရဲ့အကာအရံတွေ အားနည်းလာတာလားပဲ။” ဆိုရာက ဒီထက်ပိုပြီးတော့ မပြောချင်ပုံပဲ။

တစ်ဖက်မှာတော့ ကူရိုက “မင်းနေ့တိုင်း အပြင်ထွက်နေတာ အဲဒီကောင်တွေနဲ့တိုက်ခိုက်ဖို့လား။”

ဆိုရာက ဒီမေးခွန်းကိုပြန်မဖြေခဲ့ပေမဲ့ နှုတ်ဆိတ်နေခြင်းက ဝန်ခံခြင်းလို့ ယူဆလိုက်တဲ့ ကူရိုကတော့ဆက်ပြောတယ်။

“ငါဒီနေ့ အဲဒီအကောင်နဲ့တိုက်ခိုက်ပြီးသိလိုက်ရတာက ငါလည်းတိုက်ခိုက်နိုင်တယ်ဆိုတာပဲ။ ငါအိမ်ထဲမှာပဲ အသုံးမကျတဲ့သူလိုမနေချင်တော့ဘူး။ အနည်းဆုံးတော့ မင်းနောက်ကို လိုက်ခွင့်ပေးပါ။”

“ ကူရို၊ ဒီအလုပ်က အန္တရာယ်များတယ်နော်။” ဆိုရာက ငြင်းပယ်ချင်ပေမဲ့ ကူရိုရဲ့မျက်လုံးတွေထဲက ဆုံးဖြတ်ချက် ခိုင်မာမှုကို တွေ့ရချိန်မှာတော့ ရင်ထဲဆို့နင့်သွားတယ်။

“ပြီးတော့ တိုက်ခိုက်ရင်းနဲ့ ငါ့ကိုယ်ငါပြန်ရှာတွေ့နိုင်တယ် ခံစားရတယ်။ ဒါကြောင့် ကျေးဇူးပြုပြီးတော့....”

နောက်ဆုံးမှာလည်း ဆိုရာအနေနဲ့ အရှုံးပေးပြီး လိုက်လျောဖို့ ဖြစ်လာခဲ့တယ်။ ကူရိုကို သူခွင့်မပြုရင်တောင် သူ့ဘာသာလျှောက်သွားလိမ့်မယ်လို့ ခံစားနေရတာမလို့ပါ။

“ကောင်းပြီလေ၊ ဒါပေမဲ့ ကူရို ကျွန်မပြောတာကို နားထောင်ရမယ်။ ကျွန်မက ပြေးဆိုရင်ပြေး၊ ကျွန်မကို ဂရုစိုက်နေဖို့မလိုဘူး။ ကျွန်မ မလုပ်နဲ့ဆိုရင် လုံးဝ မလုပ်ရဘူး။ နားလည်တယ်မဟုတ်လား။”

“အင်း....”

All Chapters