အခန်း ၂၅၂
Vol. 18 Ch. 252
အပိုင်း(၂၅၂) ဟောင်တုကို အကျဉ်းချခြင်း၊ ရွှေရောင်ဒဏ္ဍာရီ
ဘေးဒုက္ခက ကပ်ဘေးနတ်ဘုရား တုန်လှုပ်နေစဉ်အတွင်း ချောင်းမြောင်းနေသည်။
အမှန်တကယ် ကြီးမားသော ကြောက်ရွံ့မှုနှင့် ကပ်ဘေးကြီးကို ကြိုမြင်နေရ၏။
သူ မသေချင်သေးပေ။ သူသည် အစကတည်းက မသေရုံတမယ် ရှင်သန်နေခဲ့ရပြီး ပထမဆုံး လူသားဧကရာဇ်၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းသောင်းချီ ခံခဲ့ရပြီးနောက်တွင်ပင် သူ လက်မလျှော့ခဲ့ပေ။
အခု နောက်ဆုံးတွင် လွတ်မြောက်လာပြီဖြစ်ရာ အဘယ်ကြောင့် ထိုမျှလွယ်လွယ် သေသွားချင်မည်နည်း။
ဤသေဆုံးခြင်းက ပြန်လည်ရှင်သန်နိုင်မည့်အခွင့်အရေး မရှိတော့သည့် အဓိပ္ပာယ်ပင်။ ထို့အပြင် သူ၏စွမ်းအားများကို အချိန်-နေရာလွတ် ဓားသူတော်စင်က သိမ်းပိုက်သွားပေလိမ့်မည်။
"မင်း... မင်း ငါ့ကို သတ်လို့မရဘူး။"
ကပ်ဘေးက ခက်ခက်ခဲခဲနှင့် စကားစလိုက်ပြီး သူ၏လက်များကို ပင့်မကာ စကြာဝဠာတစ်ခုလုံးကို ဖြည့်ဆည်းထားသော လက်ညှိုးကို အသည်းအသန် ခုခံနေလေသည်။ သူ၏ခန္ဓာကိုယ်မှာ တစ်လက်မချင်းစီ အက်ကွဲနေပြီး နတ်ဘုရားအဆင့်အတန်းမှာ တဖြည်းဖြည်း ပြိုကွဲနေ၏။
အသက်ရှင်သန်မှု တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။ ၎င်းမှာ သူ တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံသစ်တစ်ခုဖြစ်ပြီး သူ့ကို စိတ်လွတ်သွားစေကာ အသက်ရှင်သန်လိုသော ပြင်းပြသည့်ဆန္ဒက နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာကိုပင် ဝါးမျိုသွားလေသည်။
ဟောင်တုက မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"တကယ်လို့ မင်း ငါ့ကို သတ်လိုက်ရင် ကောင်းကင်တာအိုက သူ့ရဲ့စွမ်းအားတွေကို ပြန်ရယူနိုင်မှာ မဟုတ်ဘူး။ အဲဒီအခါ နတ်ဘုရားတွေကို သတ်နိုင်စွမ်းရှိတဲ့သူတစ်ယောက် ပေါ်လာပြီဆိုတာ သူ သိသွားလိမ့်မယ်။ ငါတို့ရဲ့တိုက်ပွဲက တောရိုင်းမြေတစ်ခုလုံးကို ပျံ့နှံ့နေပြီ။ ကောင်းကင်တာအို သိဖို့အတွက် သိပ်ခက်မှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်း ငါ့ကို သတ်လိုက်တာဆိုတာ သူ ကောက်ချက်ချလိမ့်မယ်။"
"အဲဒီအခါကျရင် မင်းက ကောင်းကင်တာအိုရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရလိမ့်မယ်။ ကောင်းကင်စောင့်ကြည့်သူတောင် မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။"
"ပြီးတော့..."
"တောရိုင်းမြေထဲကို မဆင်းသက်ခင် ပြန်လည်ရှင်သန်လာမယ့် နတ်ဘုရားတွေရဲ့ယဇ်ပလ္လင်ကို ငါ မီးရှို့ခဲ့တယ်။ ငါ သေသွားတာနဲ့ ငါက နတ်ဘုရားတွေအတွက် အာဟာရ ဖြစ်သွားပြီးတော့ သူတို့က တဖြည်းဖြည်း နိုးထလာမယ်၊ သူတို့ရဲ့ အခက်အခဲကနေ လွတ်မြောက်သွားလိမ့်မယ်။"
မုန့်ချင်ကျိုးက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
"ကျုပ်ကို လှည့်စားဖို့ မကြိုးစားပါနဲ့။"
"ကောင်းကင်တာအိုက ကျုပ်ကို လိုက်ရှာဖွေနေမယ်။ ကောင်းကင်စောင့်ကြည့်သူက ကျုပ်ကို စောင့်ကြည့်နေမယ်ဆိုတာကို ယုံကြည်နိုင်ပေမယ့် ခင်ဗျားက ယဇ်ပလ္လင်ကို မီးရှို့ပြီးတော့ နတ်ဘုရားတွေ ပြန်လည်ရှင်သန်ဖို့အတွက် ပူဇော်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် မယုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားသာ ဒီမှာသေသွားရင် ဘယ်လိုအဟာာရမှ အပြင်ကိုယိုစိမ့်ထွက်သွားဖို့ လမ်းမရှိလို့ပဲ။"
ကပ်ဘေးက တိတ်ဆိတ်သွား ရောက်လာ၏။
မည်သည်များ ကွာခြားသွားသနည်း။
မင်း နတ်ဘုရားတွေကို သတ်နိုင်တဲ့စွမ်းအားကို ထုတ်ဖော်လိုက်တာနဲ့ ကောင်းကင်တာအိုနဲ့ ကောင်းကင်စောင့်ကြည့်သူက မင်းကိုသတ်ဖို့ သေချာပေါက် ပူးပေါင်းလိမ့်မယ်။ သတို့ ပူးပေါင်းလိုက်ပြီဆိုတာနဲ့ နတ်ဘုရားတွေ ပြန်လည်ရှင်သန်လာဖို့က ချက်ချင်း ဖြစ်လာမှာပဲ။ ငါက ပူဇော်ဖို့ မလိုတော့ဘူး။ အဲဒါက ပိုလျှံနေမှာပဲ။
"ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျုပ်မှာ ခင်ဗျားကို သတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။"
"ခင်ဗျား ကျုပ်ရဲ့ အတွင်းစကြာဝဠာထဲ ဝင်လာကတည်းက ဒီလောကကြီးဟာ နတ်ဘုရားတွေအတွက် အကျဉ်းထောင် ဖြစ်လာမယ်ဆိုတာ ကျုပ် နားလည်သွားပြီ။ ကောင်းကင်တာအိုက တစ်ဝက်တစ်ပျက် အိပ်ပျော်နေပြီးတော့ အပြည့်အဝ မနိုးသေးချိန်မှာ ကောင်းကင်ဘုံပြန်လည်ရှင်သန်ရေးကို ကြီးကြပ်နေတဲ့ နတ်ဘုရားတွေထဲကတစ်ပါးကို ဖမ်းဆီးမယ်။"
"နတ်ဘုရားတွေအားလုံး မပျက်စီးမချင်း သူတို့ကို တစ်ပါးပြီးတစ်ပါး သတ်ပစ်မယ်။"
မုန့်ချင်ကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ၎င်းမှာ နှစ်သစ်ကူးအချိန်တွင် ဝက်တစ်ကောင်သတ်ပြီး အသားဝေသည့်အကြောင်း ပြောနေသကဲ့သို့ပင်။
သို့သော် ဆိုးယုတ်သူများ၏နားထဲတွင်မူ ၎င်းမှာ နတ်ဆိုးတစ်ကောင်၏ ရူးသွပ်စွာ ပြောဆိုမှုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍ အခြားတစ်ယောက်ယောက်က ထိုသို့ပြောခဲ့ပါက သူ မျက်လုံးလှန်ပြပြီး အလေးအနက် ထားမည် မဟုတ်ပေ။ သို့သော် သူ၏ရှေ့မှလူမှာ အမှန်တကယ် လုပ်နိုင်စွမ်း ရှိနေသည်။
မုန့်ချင်ကျိုးက ဟောင်တုကို မသတ်လိုသည့် အကြောင်းရင်းတစ်ခုမှာ သူ၏ အစစ်အမှန်စွမ်းရည်များကို ဖုံးကွယ်ထားလိုသောကြောင့်ပင်။
အခြားတစ်ဖက်တွင် ၎င်းသည် အစကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သော နတ်ဘုရားတစ်ပါးဖြစ်ပြီး စစ်မှန်သော သမိုင်းစာအုပ်တစ်အုပ်ကဲ့သို့ လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။ ကမ္ဘာပျက်ကိန်း၏ အမှန်တရားကိုပင် သူ အနည်းအကျဉ်း သိရှိထားနိုင်သည်။
သူ့ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းက နှမြောစရာကောင်းလှ၏။
"ကျုပ် ခင်ဗျားကို မေးခွန်းမေးမယ်။ အမှန်အတိုင်း ဖြေပါ၊" မုန့်ချင်ကျိုးက ဆောင့်ကြောင့်ထိုင်ကာ နွေးထွေးစွာပြုံးလျက် ပြောလိုက်သည်။
ဟောင်တုက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။
"ငါ အမှန်အတိုင်း ဖြေရင် မင်း ငါ့ကိုမသတ်ဘူးလို့ အာမခံနိုင်လား။"
"ကောင်းပြီလေ။" မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်သည်။
ကပ်ဘေး အသက်ရှူကျပ်သွား၏။
ဟေ့ကောင်... မင်း လိမ်မပြောခင် နည်းနည်းလေးတောင် မစဉ်းစားတော့ဘူးလား။
ခုနလေးတင် နတ်ဘုရားတွေကို ဘယ်လိုသတ်ဖြတ်ရမလဲဆိုတာကို စိတ်ကူးယဉ်နေကြပြီး အခုကျတော့ ငါ့ကို မသတ်ဘူးလို့ ကတိပေးနေတယ်။
"မင်း ဘယ်သူ့ကို လှည့်စားနေတာလဲ။" ဟောင်တုက ရယ်လိုက်သည်။
"မဖြစ်နိုင်မှန်း သိရက်နဲ့ ဘာလို့မေးနေသေးလဲ။" မုန့်ချင်ကျိုးက ပြန်လည်ချေပလိုက်သည်။
ဟောင်တုမှာ အနည်းငယ် ပင်ပန်းသွားပြီး ပပြောလိုက်သည်။
"ငါ ဆိုလိုတာက ဘယ်လိုပဲဖြစ်ဖြစ် ငါ သေရမှာပဲလေ။ စောတာနဲ့ နောက်ကျတာပဲ ကွာမယ်။ အဲဒါဆို ငါ မင်းရဲ့ မေးခွန်းကို ဘာလို့ ဖြေရမှာလဲ။"
ဒါကလည်း...
မုန့်ချင်ကျိုးက မေးစေ့ကို ပွတ်သပ်လိုက်သည်။
အခုအချိန်မှာ သူ့ကို အမှန်အတိုင်း ဖွင့်ဟဝန်ခံအောင် လုပ်ဖို့ နည်းလမ်းကောင်း မရှိတာ နှမြောစရာပဲ။ သူ့ကို မသတ်ဘဲထားဖို့က မဖြစ်နိုင်ဘူး။
ကပ်ဘေး ဆင်းသက်လာစဉ်က ရက်စက်ကြမ်းကြုတ်မှုများစွာကို ကျူးလွန်ခဲ့ပြီး သူ၏အသက်ဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
မေးခွန်းများစွာမှာ လောလောဆယ် အဖြေမရှိသေးပေ။
ဥပမာအားဖြင့် ကမ္ဘာပျက်ကိန်း၏ နောက်ကွယ်မှအမှန်တရား၊ ပထမဆုံး လူသားဧကရာဇ်မှာ မည်သို့သောလူမျိုး ဖြစ်ကြောင်း၊ ကောင်းကင်ကြည့်ဆောင်မှ ပိုမိုနက်ရှိုင်းသော သတင်းအချက်အလက်များ၊ လူသားဧကရာဇ်၏ ရာထူးက အမှန်တကယ် မည်သည်ကို ကိုယ်စားပြုကြောင်းနှင့် နတ်ဘုရားများက ကောင်းကင်တာအို၏လှုပ်ရှားမှုများမှတစ်ဆင့် အမှန်တကယ် မည်သည်ကို အောင်မြင်ပြီးမြောက်ချင်နေကြောင်း အစရှိသည်တို့ပင်...
ကံကောင်းစွာဖြင့် မုန့်ချင်ကျိုးက အလျင်မလိုပေ။ သူသည် ဤလျှို့ဝှက်ချက်များကို ကြိုတင်သိရှိရန် စွမ်းအားမရှိသေးပေ။ ၎င်းက သူ့ကို ပြဿနာပိုများစေရုံသာရှိပြီး မည်သည့်အကူအညီမျှ ဖြစ်လာမည်မဟုတ်။
"နတ်ဘုရားအနှစ်သာရကိုထုတ်ပေး။" မုန့်ချင်ကျိုးက မေးခွန်းများထပ်မေးရန် လက်လျှော့လိုက်ပြီး လက်လှမ်းကာ တောင်းလိုက်သည်။
ဟောင်တု၏မျက်နှာ ညိုမည်းသွား၏။
ချီးပဲ... ဒါက မင်း လိုချင်တဲ့အချိန်တိုင်း အလွယ်တကူ ဆွဲထုတ်လို့ရတဲ့ အရာများ မှတ်နေလား။
နတ်ဘုရားအဆင့်အတန်းတစ်ခုသည် သာမန်လူတစ်ဦး၏ နှလုံးသားကဲ့သို့ပင် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားအရင်းအမြစ်နှင့် တူညီသည်။ နတ်ဘုရားတစ်ပါးတွင် အသက်ရှင်သန်နိုင်စွမ်း အားကောင်းနေလျှင်ပင် နတ်ဘုရားအဆင့်အတန်းကို ဖယ်ရှားလိုက်ပါက စွမ်းအားများ ဆုံးရှုံးသွားရုံသာ ရှိပြီး အချိန်အတော်ကြာအောင် အသက်ရှင်နေနိုင်သေးသည်။
"ငြင်းလို့ ရမလား။" ဟောင်တုက မျက်နှာညိုမည်းလျက် မေးလိုက်သည်။
"ခင်ဗျား ဘယ်လို ထင်လဲ။"
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနေတာ။ ခင်ဗျားဘာသာ ထုတ်မလား။ ကျုပ်ပဲ ထုတ်ပေးရမလား။ တကယ်လို့ ကျုပ်သာဆိုရင် နတ်ဘုရားမီးပွား ဘယ်မှာပုန်းနေလဲဆိုတာ မသိတဲ့အတွက် ရှစ်ပိုင်း ပိုင်းဖြတ်ပြီး နည်းနည်းချင်းစီ ရှာဖွေမှာပဲ။"
ဟောင်တုက ချက်ချင်း ပါးစပ်ပိတ်သွားပြီး စကားမပြောတော့ပေ။
ခဏအကြာတွင်။
မည်သည့်လှုပ်ရှားမှုမှ မရှိပေ။
မုန့်ချင်ကျိုးက သံသယဖြင့် မေးလိုက်သည်။ "ခင်ဗျား တကယ်ပဲ ကျုပ်ကို လာလုပ်စေချင်တာလား။"
"..." ဟောင်တုက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ "ငါ့ကို မဖိနှိပ်ထားနဲ့လေ။ ငါ လှုပ်လို့မရဘူး။"
"အိုး။"
မုန့်ချင်ကျိုးက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကို ထောက်ထားသည့် ဧရာမလက်ညှိုးကြီး ပျောက်ကွယ်သွားပြီး အတွင်းစကြာဝဠာ တစ်ခုလုံးမှ အန္တရာယ်ရှိသော ဖိအားများလည်း ပျောက်ကွယ်၍ သွားလေသည်။
ဟောင်တုက ချက်ချင်းပင် အများကြီး ပိုကောင်းသွားသလို ခံစားလိုက်ရသော်လည်း သူ၏ခန္ဓာကိုယ်မှ သွေးများ ဆက်လက်စီးကျနေဆဲ ဖြစ်သည်။ ဤအခွင့်အရေးကို အသုံးချကာ အလစ်အငိုက် တိုက်ခိုက်ချင်သော်လည်း ဒဏ်ရာများမှာ ပြင်းထန်လွန်းနေပြီး သူ၏ကပ်ဘေးစွမ်းအားကို စုစည်းရန်ပင် ခက်ခဲနေလေသည်။
ဤအချက်ကို တွေးပြီးနောက်။
သူက လုံးဝ စိတ်ပျက်အားငယ်သွားပြီး တတ်နိုင်သမျှ အသက်ရှင်အောင် နေမည်ဆိုသည့် အတွေးကိုသာ ဆုပ်ကိုင်ထားကာ မုန့်ချင်ကျိုး ရက်အနည်းငယ်အတွင်း အသတ်ခံရပြီး သူ လွတ်မြောက်သွားနိုင်မည်ဟု မျှော်လင့်နေလေသည်။
ဖောင်း။
ဟောင်တုက ရုတ်တရက်ပင် လက်ကို ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်ပြီး အပြင်းအထန် ရုန်းကန်ကာ အစိမ်းရောင်မှိုင်းမှိုင်း တောက်ပနေသော သုံးမြှောင့်ပုံဆောင်ခဲတစ်ခုကို ထုတ်ယူလိုက်သည်။
နတ်ဘုရားအနှစ်သာရကို ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် ကပ်ဘေး၏ အရှိန်အဝါမှာ အေးခဲလုမတတ် ထိုးကျသွားပြီး နေရာလွတ်ပတ်ဝန်းကျင်တွင် သူ၏ခန္ဓာကိုယ်ကိုပင် မထိန်းသိမ်းနိုင်တော့ဘဲ ထိန်းချုပ်၍မရအောင် လွင့်မျောနေတော့သည်။
"ရော့။"
ဟောင်တုက အံကြိတ်ကာ မျက်လုံးများကိုမှိတ်လိုက်ပြီး နတ်ဘုရားအဆင့်အတန်းကို မုန့်ချင်ကျိုးထံသို့ ပေးအပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
မုန့်ချင်ကျိုးက ၎င်းကို ဖမ်းယူလိုက်ပြီး လက်ဖဝါးပေါ်တွင်ထားကာ နည်းမျိုးစုံဖြင့် ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
အချိန်-နေရာလွတ် နိယာမများပင် ဤအရာလေးကို ဘာမှမလုပ်နိုင်ပေ။
ကောင်းကင်တာအိုက ထုတ်လုပ်ထားတာဆိုတော့ တကယ့်ကို လက်ရာမြောက်တာပဲ။
တစ်ခဏမျှ စဉ်းစားပြီးနောက် မုန့်ချင်ကျိုးက စိန်ပွင့်ပုံစံ နတ်ဘုရားအနှစ်သာရကို အချိန်-နေရာလွတ် မြစ်ထဲသို့ ပစ်ချလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် မြစ်တစ်ခုလုံး ရုတ်တရက် ဆူပွက်လာလေသည်။
ဘုန်း။
လှိုင်းလုံးများက ကမ်းခြေကို ရိုက်ခတ်နေပြီး အချိန်-နေရာလွတ်မြစ်ကြီး၏ ပြင်းထန်သော ရေစီးကြောင်းများ လှိုင်းထနေ၏။ မူလက ကွေ့ကောက်စီးဆင်းနေသော မြစ်တစ်စင်းတည်းသာ ရှိခဲ့သော်လည်း ယခုအခါတွင် မြစ်လက်တက်တစ်ခု ဖြစ်ပေါ်လာလေပြီ။
မြစ်လက်တက်မှာ အစိမ်းရောင်မှိုင်းမှိုင်း ဖြစ်နေပြီး မရေမတွက်နိုင်သော စည်းမျဉ်းအပိုင်းအစများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းက မြစ်တစ်စင်း မဟုတ်ဘဲ စွမ်းအားနှင့်တာအို၏ ပေါင်းဆုံမှုတစ်ခုပင်။
[ တွီ ]
[ အရံတာဝန် အသစ်တစ်ခု စတင်လိုက်ပြီ ]
[ စုဆောင်းရရှိသော နတ်ဘုရားအနှစ်သာရ - ၁/၁၀၀ ]
[ ချက်ကောင်းထိချက် ဆုလာဘ်ကို ရရှိသည်။ ကောင်းကင်ဘုံသို့သွားရာလမ်း တိုးတက်မှု ၁၀% တိုးလာသည် ]
[ စွမ်းအားကို အောင်မြင်စွာ ရရှိသည်။ ကပ်ဘေးဖြစ်စေခြင်း ]
[ ကပ်ဘေးစွမ်းအား - လက်ခံသူသည် နတ်ဘုရားတစ်ပါးမဟုတ်သောကြောင့် စွမ်းအား၏ ထိရောက်မှုမှာ ၁၀%အောက်သာ ရှိပြီး အတွင်းစကြာဝဠာ၏ ပြည့်စုံမှုအပေါ် မူတည်သည် ]
မုန့်ချင်ကျိုး၏အသက်ရှူသံများ ရပ်တန့်သွားပြီး သူ၏နှလုံးမှာ အပြင်းအထန် ခုန်ပေါက်နေ၏။
ဘုရားတန်ခိုးတော်။ ရွှေရောင်ဒဏ္ဍာရီပါလား။
…