← Chapters

အခန်း ၂၅၇

Vol. 18 Ch. 257

အခန်း ၂၅၇

Vol. 18 Ch. 257

အပိုင်း(၂၅၇) မထွက်ခွာခင် အားလုံး အသင့်ဖြစ်နေပြီ

"လျူလီ၊ ကိုယ် မင်းကို ပေးထားတဲ့ ဓားချိပ်ပိတ်ကို မှတ်မိတယ် မဟုတ်လား။ တကယ်လို့ မင်း ကျော်လွှားလို့မရတဲ့ အကျပ်အတည်းတစ်ခုခုနဲ့ ကြုံလာရရင် အဲဒါကို ခွဲချေလိုက်။ ကိုယ် မင်းဆီကို ချက်ချင်း ပြန်လာခဲ့မယ်။"

"ကိုယ် တံခါးပိတ်ကျင့်ကြံနေတယ်လို့ လူသိရှင်ကြား ကြေညာလိုက်ပါ။ တိုင်းပြည်ရဲ့ မဏ္ဍိုင်နှစ်ခု၊ ချုံးမိန်နဲ့ ဝူတျဲတို့ကို အဓိပ္ပာယ်မရှိတာတွေ မပြောဖို့ သတိပေးလိုက်။ တမင်တကာ ဖုံးကွယ်ထားဖို့တော့ မလိုဘူး။"

"ချင်ချိုးကိုတော့ ကိုယ်နဲ့အတူ ခရီးမှာခေါ်သွားမယ်။"

"မှတ်ထား။ လုပ်စရာတစ်ခုခုရှိရင် ချုံးမိန်နဲ့ တခြား နံနက်ခင်းအလင်းနယ်ပယ်တွေကို လုပ်ခိုင်းလိုက်။ မင်းကတော့ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ တာအိုကို နားလည်သဘောပေါက်ဖို့အတွက်ပဲ အာရုံစိုက်။ ဒီစာအုပ်မှာ ကိုယ့်ရဲ့ ကျင့်ကြံခြင်းဆိုင်ရာထိုးထွင်းသိမြင်မှုတွေ အားလုံး ပါတယ်၊။ ချင်ချိုးကို ကိုယ့်ရဲ့ကိုယ်စား ရေးခိုင်းထားတာ။"

မထွက်ခွာခင်။

မုန့်ချင်ကျိုးက စိုးရိမ်ပူပန်နေပြီး အဆက်မပြတ် ဆူပူနေခဲ့သော်လည်း ထပ်မံစဉ်းစားကြည့်ပြီးနောက် ၎င်းမှာ မသင့်လျော်သေးကြောင်း ခံစားလိုက်ရသည်။

ထို့ကြောင့် ထွက်ခွာမည့်အချိန်ကို ရွှေ့ဆိုင်းလိုက်ပြီး ကောင်းကင်ပြည်နယ်သို့ သွားမည့်ခရီးစဉ်ကို သုံးရက်အကြာသို့ ပြောင်းလဲလိုက်သည်။

လွန်ခဲ့သည့် သုံးရက်အတွင်း မုန့်ချင်ကျိုးက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဓားပိုင်နက် အခင်းအကျင်းကို ရေးဆွဲရန် နေ့ရောညပါ အလုပ်လုပ်ခဲ့သည်။ သူ၏သွေးအနှစ်သာရကို စုစည်းပြီး သူ၏ အသက်စွမ်းအင်ကိုပင် ထိခိုက်စေသည်အထိ အစွမ်းကုန် ကြိုးစားခဲ့သည်။

တတိယမြောက်နေ့ ညအထိ နေ့ရောညပါ အလုပ်လုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် အောင်မြင်စွာ ပြီးစီးသွားခဲ့သည်။

ဓာပိုင်နက်အခင်းအကျင်းကို အလွှာသုံးလွှာ ခွဲခြားထား၏။

ပထမအလွှာမှာ အချိန်-နေရာလွတ်ဓားတာအိုဖြစ်ပြီး နံနက်ခင်းအလင်းနယ်ပယ် ရှိသူများကို သတ်ဖြတ်နိုင်သည်။

ဒုတိယအလွှာမှာ [ အချိန်-နေရာလွတ်။ သမုဒ္ဒရာစီးကြောင်း ] ၏ တာအိုအနှစ်သာရ ပေါင်းစပ်မှုဖြစ်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်၏ တိုက်ခိုက်မှု ဆယ်ချက်ကို ထုတ်လွှတ်နိုင်သည်။

တတိယအလွှာမှာ အသေးငယ်ဆုံးဖြစ်ပြီး နန်းတော်ကိုသာ လွှမ်းခြုံထား၏။ ၎င်းက အချိန်-နေရာလွတ် မြစ်ကြီး၏ မြစ်လက်တက်တစ်ခုကို ဖြတ်တောက်ပြီး အစနှင့်အဆုံးကို ချိတ်ဆက်ကာ ပိတ်ဆို့နေသော အချိန်-နေရာလွတ် ကွင်းဆက်တစ်ခု ဖန်တီးထားသည်။ ၎င်းကို ဖွင့်လိုက်သည်နှင့် ကောင်းကင်ထောက်တိုင် ပုဂ္ဂိုလ်ကိုယ်တိုင်လာပြီး အစွန်းကုန် မတိုက်ခိုက်မချင်း ဝင်ရောက်သူတိုင်း လမ်းပျောက်သွားမည် ဖြစ်သည်။

ထို့နောက်။

သူတို့က ခက်ခဲသောအကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ရပြီး တုန်းဖန်လျူလီက ဓားချိပ်ပိတ်များကို မခွဲချေနိုင်ပါက အသုံးပြုရန်အတွက် မုန့်ချင်ကျိုးသည် နောက်ထပ်ဓားချိပ်ပိတ်များစွာကို ဖန်တီးပြီး ဝူတျဲ၊ ကျန်းစ်းဟိုင်နှင့် ချုံးမိန်တို့ထံ အပ်နှံခဲ့သည်။

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက်။

မုန့်ချင်ကျိုးက နောက်ထပ်နှစ်ရက် ထပ်မံနေထိုင်ခဲ့ပြီး တုန်းဖန်လျူလီ၏အားလပ်ချိန်များတွင် အတူတူ နေထိုင်ရန်နှင့် တောရိုင်းမြေတစ်ဝိုက် လှည့်လည်သွားလာရန် အထူးအချိန်ပေးခဲ့သည်။

သူတို့က မဟာကျင်းတိုင်းပြည်၏နယ်မြေမှ ထွက်ခွာကာ တိုင်းပြည်အနှံ့ လှည့်လည်သွားလာခဲ့ပြီး အနောက်ဘက် ဗုဒ္ဓတိုင်းပြည်သို့ပင် သွားရောက်ခဲ့သည်။ ဤအရာက အတ္တကင်းမဲ့ဗုဒ္ဓကို ထိတ်လန့်သွားစေခဲ့ပြီး ဤလူက ဒေါသထွက်ကာ အကျိုးဆက်များကို ဂရုမစိုက်ဘဲ "ပြည်သူတွေအတွက် ကပ်ဘေးကို ရှင်းလင်းပေးရန်" ဆုံးဖြတ်သွားမည်ကို ကြောက်ရွံ့သဖြင့် အလျင်စလိုထွက်လာပြီး ကြိုဆိုခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မုန့်ချင်ကျိုးသည် ခဏမျှသာ နေထိုင်ပြီး တုန်းဖန်လျူလီနှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူ ရောက်လာရသည့် အကြောင်းရင်း နှစ်ခုရှိသည။- ပထမအချက်မှာ သူ၏ကတိကို တည်စေရန်နှင့် တုန်းဖန်လျူလီနှင့်အတူ ရှုခင်းများကို ခံစားရန်ဖြစ်ပြီး ဒုတိယအချက်မှာ ဤကတုံးဘုန်းကြီးကို သတိပေးရန်နှင့် အာမခံချက် နောက်ထပ်တစ်လွှာ ထပ်တိုးရန်ပင်။

"ကောင်းပြီ။ ကျွန်မက ကလေး မဟုတ်တော့ပါဘူး။ ရှင်နဲ့ မတွေ့ခင်ကတည်းက မဟာကျင်းတိုင်းပြည်ကို ခက်ခဲတဲ့အချိန်တွေမှာ ထိန်းကျောင်းနိုင်ခဲ့တာပဲ။" တုန်းဖန်လျူလီက သူ၏အတွေးများကို ရိပ်မိသွားပြီး ညင်သာစွာ ပြုံးလိုက်သည်။

မုန့်ချင်ကျိုးက ဇနီးအရူးလေး၏ ဆံပင်များကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။ "အလစ်အငိုက် တိုက်ခိုက်ခံရမှာကို စိုးရိမ်လို့ပါ။ ကိုယ် ကောင်းကင်ပြည်နယ်မှာ ဘယ်လောက်ပဲ အကျိုးအမြတ်တွေ ရခဲ့ရခဲ့၊ နောက်တန်းက မီးလောင်ပြီး ပျက်စီးသွားရင် ကိုယ့်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားမှာ။"

တုန်းဖန်လျူလီ ပါးစပ်ဟလိုက်ပြီး "ဒါဆိုရင် ရှင် မထွက်သွားနဲ့တော့လေ"ဟု ပြောချင်ခဲ့သည်။

သို့သော် ၎င်းမှာ လက်တွေ့မကျဘူးကြောင်း သူ သိသည်။

ငါးပိကောင်သည် သူကိုယ်တိုင် မဟာကျင်းတိုင်းပြည်ဧကရာဇ်ဖြစ်ကြောင်း သဘောပေါက်သွားချိန်မှစ၍ သာမန်အတိုင်းနေထိုင်ပြီး အောက်တွင်ပုန်းအောင်းနေသည့် သက်တောင့်သက်သာအခြေအနေမှ တဖြည်းဖြည်း ထွက်ခွာလာခဲ့ပြီး တိုင်းပြည်တစ်တိုင်းပြည်၏ ဧကရာဇ်နှင့် မိသားစုတစ်ခု၏ ခေါင်းဆောင်အဖြစ် တာဝန်များကို စတင်ယူလာခဲ့သည်။

ယခုအခါ သူက တောရိုင်းမြေတစ်ခုလုံးတွင် အင်အားအကြီးဆုံး တိုက်ခိုက်သူဖြစ်လာပြီး ရေတွက်၍ မရနိုင်သော လူများစွာ၏ မျှော်လင့်ချက်များကို ပခုံးပေါ် ထမ်းထားရ၏။

ငါးပိကောင် ကိုယ်တိုင်ကပင် တုန်းဖန်လျူလီကို ချစ်နေသေးသရွေ့ လုံးဝကို လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်မည် မဟုတ်ဘူးကြောင်း သိနေ၍လည်း ဖြစ်နိုင်သည်။ သူ့ဇနီးက မုန်တိုင်းအလယ်ဗဟိုတွင် ရှိနေပြီဖြစ်ရာ ခင်ပွန်းတစ်ယောက်အနေနှင့် သူက ဘယ်လိုလုပ် ဘေးဖယ်ရပ်နေနိုင်မည်နည်း။

ထိုအချက်ကို တွေးမိလိုက်သောအခါ တုန်းဖန်လျူလီ၏ လှပသောမျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ သူက မုန့်ချင်ကျိုး၏လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူ၏ခေါင်းကို မုန့်ခင်ကျိုး၏ ရင်ဘတ်ထဲတွင်အပ်ကာ ဆွဲဆောင်မှုရှိသောရနံ့ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဤရနံ့ကို သူ၏ဝိညာဉ်ထဲတွင် ထည့်သွင်းထားချင်ခဲ့သည်။

သူတို့နှစ်ဦးက တိမ်များကြားတွင် နတ်ဘုရားစုံတွဲတစ်တွဲလို ယှဉ်တွဲလျှောက်လှမ်းနေကြသည်။

နေရောင်ခြည်က ဖြာကျနေသဖြင့် မုန့်ချင်ကျိုး၏ ဘေးတိုက်မြင်ကွင်းမှာ အလွန် ချောမောနေလေသည်။

မုန့်ချင်ကျိုးကိုကြည့်ရင်း တုန်းဖန်လျူလီက သူ၏စိတ်ခံစားမှုများကို မထိန်းနိုင်တော့ဘဲ သူ၏ပါးပြင်ကို ဖက်ကာ တိုက်ရိုက်နမ်းလိုက်လေသည်။

အချိန်အတော်ကြာပြိးနောက်။

အသက်ရှူကျပ်လုမတတ် စိတ်အားထက်သန်သော အနမ်းတစ်ခုက အဆုံးသတ်သွားသည်။

ဆွဲဆောင်မှုရှိသော နီရဲမှုတစ်ခုက တုန်းဖန်လျူလီ၏ လှပသော မျက်နှာလေးပေါ်တွင် ပျံ့နှံ့သွားပြီး သူ၏ မျက်လုံးများမှာ အိပ်မက်ဆန်သော မြူခိုးများဖြင့် ပြည့်နှက်နေ၏။ သူ၏လျှာလေးက ထွက်သွားပြီး မျက်နှာကို မုန့်ချင်ကျိုး၏ရင်ဘတ်ထဲတွင်အပ်ကာ လက်များက မုန့်ချင်ကျိုး၏ခါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း တကိုယ်တည်း တွေးနေမိသည်။

"တကယ်လို့ ကျွန်မတို့သာ ပထမဆုံးတွေ့ဆုံကတည်းက တစ်ယောက်ကိုတစ်ယောက် နားလည်ပြီး ချစ်မိခဲ့ကြမယ်ဆိုရင်..."

"ကျွန်မ ဒီလောက်မြန်မြန် နန်းတက်ဖို့ ရွေးချယ်မှာ မဟုတ်ဘူး။ ရှင့်အနားမှာနေပြီး လွတ်လွတ်လပ်လပ် အသက်ရှင်မယ်။ တိမ်တွေတက်လာတာ ကျသွားတာကို ကြည့်မယ်။ ခြံထဲကပန်းတွေ ပွင့်လာတာ ညှိုးနွမ်းသွားတာကို ကြည့်မယ်။"

"ရှင် ကျွန်မကို ငြီးငွေ့သွားတဲ့အချိန်ကျမှ ကျွန်မရဲ့ကံကြမ္မာလမ်းကြောင်းကို လျှောက်လှမ်းမယ်။"

...

...

ထိုနေ့ ညနေခင်းတွင်။

ညနေခင်း အလင်းရောင် မှေးမှိန်သွားသည်နှင့်အမျှ မုန့်ချင်ကျိုးက စုချင်ချိုးကိုခေါ်ကာ မြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ သူတို့က မြို့တံခါးဝတွင် ရပ်တန့်ပြီး လွတ်ဟာနေသော ဟင်းလင်းပြင်ဆီသို့ လက်ပြနှုတ်ဆက်ရန် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

တုန်းဖန်လျူလီက သူ ထွက်သွားသည်ကို စောင့်ကြည့်နေမည်ကို မုန့်ချင်ကျိုး သိသည်။

မှန်ပေသည်။ သူ့ဇနီးကိုယ်တိုင်တင် မဟုတ်ပေ။ ချုံးမိန်၊ ဝူတျဲနှင့် တိုင်းပြည်မဏ္ဍိုင်နှစ်ဦးကလည်း ဧကရာဇ် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေ၏။

ပစ္စုပ္ပန်ရွာတွင်။

အမြဲတမ်းလိုပင် တုန်းဖန်လျူလီက ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး နီမြန်းသော မိတ်ကပ် သို့မဟုတ် လက်ဝတ်ရတနာများမပါဘဲ နတ်သမီးလေးတစ်ပါးကဲ့သို့ လတ်ဆတ်ပြီး လှပနေသည်။ သူက အဝေးတွင် စောင့်နေပြီး လူကိုယ်တိုင် လာရောက်နှုတ်ဆက်ရန် မရဲခဲ့ပေ။ သူက ခွဲခွာရမှာကို ဝန်လေးပြီး သူ့ကို ဆက်နေရန် အတင်းအကျပ် တောင်းဆိုမိမှာကို စိုးရိမ်နေခဲ့သည်။

"ရှင်က စုချင်ချိုးကိုတော့ ခေါ်သွားပြီး ဘာလို့ ကျွန်မကိုကျတော့ မခေါ်သွားရတာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မက ကောင်းကင်ထောက်တိုင်နယ်ပယ်မှာလေ။" ချုံးမိန် အနည်းငယ် စိတ်ဆိုးသွားသည်။

ဝူတျဲမှာ စိတ်မကြည်မသာ ဖြစ်နေပြီး အနည်းငယ် သတ္တိရှိရှိဖြင့် တိုးညင်းစွာ ပြောလိုက်သည်။

"ရှင်က ကောင်းကင်ထောက်တိုင်နယ်ပယ် ဖြစ်နေလို့ နေခဲ့သင့်တာပေါ့။ ဒါပေမဲ့ ဘာလို့ ချင်ချိုးကိုပဲ ခေါ်သွားပြီး ကျွန်မကို ချန်ထားခဲ့ရတာလဲ။"

ဝန်ကြီးနှစ်ဦးမှာ တိတ်ဆိတ်နေပြီး မုန့်ချင်ကျိုး ချန်ထားခဲ့သော ခွေးစာအိတ်များကို သဘောတူညီမှုအရ ယူကာ ဘေးဖယ်သွားကြသည်။ သူတို့က ဇွန်းကြီးတစ်ဇွန်းစာ ခပ်ယူပြီး ခွေးပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

နေမင်းအရှင်သခင်မှာ အလွန် စိုးရိမ်ပူပန်နေပြီး ဟိုဘက်ဒီဘက် လမ်းလျှောက်ကာ သွားများကိုဖြဲ၍ ခြိမ်းခြောက်နေလေသည်။

ချီးပဲ၊ မျက်မမြင်က ထွက်သွားပြီလေ။ မင်းတို့ကောင်လေးနှစ်ယောက်က ဘာဖြစ်လို့ သစ္စာရှိပြီး ဖြောင့်မတ်ချင်ယောင်ဆောင်နေကြတာလဲ။ မြန်မြန်လုပ်။ ခွေးစာတွေ အကုန်လုံးချန်ထားခဲ့စမ်း။

ဒီလောက် နည်းနည်းလေးကို ဘယ်သူကများ စားလို့ဝမှာလဲ။။

အားလုံး လောင်းထည့်လိုက်။ ဘေးအိမ်က ရှောင်ဟွာသာ မြင်သွားရင် ငါ့ကို ပိုက်ဆံမရှိဘူးလို့ ထင်သွားလိမ့်မယ်။

ကျန်းစန်းဟိုင်က နေမင်းအရှင်သခင်ကို အလွန် လေးစားသော်လည်း ဧကရာဇ်၏အမိန့် ဖြစ်နေ၍ မဖီဆန်ရဲပေ။ ထို့ကြောင့် သူက ဓားချိပ်ပိတ်တစ်ခုကို ထုတ်ယူကာ ပပြောလိုက်သည်။

"နေမင်းအရှင်သခင်... ကျွန်တော်က ခင်ဗျားကို မလေးစားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဧကရာဇ်က အမိန့်ပေးထားလို့ပါ။ ဒါလေးကို ကြည့်ပါဦး၊ ဒါက ဧကရာဇ်ကို အချိန်မရွေး ပြန်ခေါ်နိုင်တဲ့ နေရာပြောင်းရွှေ့ခြင်း ဓားချိပ်ပိတ်လေ။ ကျွန်တော် ဒါကို ခွဲချေလိုက်ပြီး ဧကရာဇ်နဲ့ကိုယ်တိုင် စကားပြောချင်လား။"

နေမင်းအရှင်သခင်၏မျက်နှာ ညိုမည်းသွားပြီး အစွယ်များကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်ကာ ခွေးပန်းကန်ကို ငုံ့ကြည့်ပြီး အမြီးကို ခါယမ်းလိုက်သည်။

ကောင်းပြီလေ။ မျက်မမြင်က ခွေးစာချန်ထားခဲ့တာကို ထောက်ထားပြီး သူ့ရဲ့ရာဇဝတ်မှုကို ငါ အရေးမယူတော့ဘူး။

စားစရာတစ်ခုခု ရတာပဲ ကောင်းပါတယ်။

တကယ်လို့ မျက်မမြင်ကို တကယ်ပြန်ခေါ်လာရင် ပြဿနာတက်သွားနိုင်တယ်။

ချင်းဖုန်းဟော်က ပြုံးလိုက်ပြီး တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ မင်းက အကောင်းဆုံးပါပဲ။ မဟုတ်ဘူး။ ဧကရာဇ်က အကောင်းဆုံးပဲ။

တုန်းဖန်လျူလီကိုပင် ဂရုမစိုက်သော ကြောက်ရွံ့မှုကင်းပြီး မောက်မာသော နေမင်းအရှင်သခင် ကြောက်ရသည့် တစ်ဦးတည်းသောသူက ဧကရာဇ်ပင်။

...

မြို့တံခါးရှေ့တွင်။

အိတ်များကို သယ်ဆောင်လာသော စုချင်ချိုးက အဆက်မပြတ် စကားပြောနေလေသည်။

"သခင်..."

"အခုကစပြီး မင်း အပြင်ထွက်တဲ့ရင် ငါ့ကို သခင်လေးလို့ခေါ်။ သခင်ဆိုတဲ့ အခေါ်အဝေါ်က အရမ်း သိသာလွန်းတယ်။ ပြီးတော့ မင်းရဲ့ ပုံပန်းသွင်ပြင်ကိုလည်း ပြောင်းဖို့လိုတယ်။ အဲဒီကျိဝူရွှမ်က မင်းကို အရင်က မြင်ဖူးတယ်လေ။"

"အိုး။ ဟုတ်ကဲ့ပါ သခင်လေး... ကျွန်မကို ဘာလို့ ခေါ်လာတာလဲ။ ကျွန်မ ကူညီပေးနိုင်တာ တစ်ခုခု ရှိလို့လား။ ပြောသာပြောပါ။"

"မလိုပါဘူး။ မင်းက လာဘ်ကောင်အဖြစ်နေပြီး ငါ့ရဲ့သတင်းစကားတွေကို လွှဲပြောင်းပေးဖို့ပဲ လိုတာပါ။ ဒီတစ်ကြိမ် ကောင်းကင်ပြည်နယ်ကိုသွားတဲ့အခါ ငါက မျက်မမြင်ဆိုတာကို ထုတ်ဖော်လို့ မရဘူး။ ဒါကြောင့် ငါက မျက်နှာဖုံးတစ်ခုတပ်ပြီးတော့ သာမန်လူတစ်ယောက်လို ဟန်ဆောင်ရမယ်။ အရေးကြီးတဲ့အချိန်ကျရင် ဘယ်သူမှ တစ်ခုခု မှားယွင်းနေတယ်လို့ မထင်ရအောင် မင်းက မြင်ကွင်းကို ဖော်ပြပေးဖို့ တာဝန်ယူရမယ်။"

"ဟမ်။ ကျွန်မလုပ်ရမယ့် အလုပ်က အဲဒါပဲလား။"

"ဒါမှမဟုတ်ရင် ကျိဝူရွှမ်ကို ရိုက်နှက်ဖို့ မင်းကို စေလွှတ်ရမလား။ ဒါမှမဟုတ် ကောင်းကင်ကြည့်ဆောင်ရဲ့ ဌာနချုပ်ကို ဖော်ထုတ်ဖို့ မင်းကို စေလွှတ်ရမလား။"

"အင်း... ထားလိုက်ပါတော့။"

သူတို့နှစ်ဦးက လူသူကင်းမဲ့သော နေရာတစ်ခုသို့ရောက်သည်အထိ ပေါ့ပေါ့ပါးပါး စကားပြောခဲ့ကြပြီး ထိုနေရာတွင် အချိန်-နေရာလွတ်မြစ်ကြီးက သူတို့ကို လွှမ်းခြုံသွားကာ မျက််စိတစ်မှိတ် အတွင်းမှာပင် သယ်ဆောင်သွားလေသည်။

…

All Chapters