← Chapters

အခန်း ၂၆၂

Vol. 18 Ch. 262

အခန်း ၂၆၂

Vol. 18 Ch. 262

အပိုင်း(၂၆၂) ချင်ချိုးအစွမ်းပြခြင်း၊ စကားတစ်ခွန်းတည်းဖြင့် ရန်သူများကိုတားဆီးခြင်း

ချောက်ကမ်းပါးအနီးတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက လေထဲရော မြေပြင်မှာပါ ပြည့်နေပြီး ထိုးဖောက်မရနိုင်သော ဝိုင်းရံပိတ်ဆို့မှုကြီးကို ဖန်တီးထားသည်။

နံနက်ခင်းအလင်းနယ်ပယ် (၁၂)ယောက်က မတ်မတ်ရပ်နေကြပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် ကြောက်လန့်သွားစေနိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူတို့၏ အေးစက်သော မျက်လုံးများသည် လျှပ်စီးများကဲ့သို့ဖြစ်ပြီး ချောက်ကမ်းပါးကို ချေမှုန်းကာ လီတိုင်ယွမ်ကို ထိုအထဲ မြှုပ်နှံပစ်ရန် ပြင်ဆင်နေသည်။

ထိုအချိန်တွင်ပင်။

လီတိုင်ယွမ်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး ချင်လွမ်တာအိုနိယာမကို ထုတ်လွှတ်လိုက်သည်။ သူ၏နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာပြီး ရှေးဟောင်း မဏ္ဍိင်လေးခုအနက် တစ်ခုဖြစ်သည့် ချင်လွမ်ဘိုးဘေး၏ ခမ်းနားသောပုံရိပ်ကြီး မတ်မတ်ပေါ်ထွက်လာသည်။

ရှောင်လွှဲလို့မှမရတော့တာ သေချာလေး တိုက်ခိုက်လိုက်တာပဲ ကောင်းပါတယ်။

ပြီးရင် ချိပ်ပိတ်ကိုချိုးဖျက်ပြီး ကျိဝူရွှမ်ကို ကိုယ်တိုင် သွားရှာပြီးတော့ အဲဒီကောင်ကို ကောင်းကောင်း အရိုက်နှက်ခံရအောင် လုပ်ပစ်မယ်။

"ခေါင်းမာမာနဲ့ ခုခံနေတာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာပဲ။"

နံနက်ခင်းအလင်းနယ်ပယ် (၁၂)ယောက် ပြန့်ကျဲသွားပြီး ရန်သူမထွက်ပြေးနိုင်စေရန် ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်ကြသည်။

"အရူးအုပ်စု။ ကျိဝူရွှမ်ကို ထွက်လာပြီးတော့ ငါနဲ့တွေ့ဖို့ သွားပြောစမ်း။" လီတိုင်ယွမ်က ဒေါသတကြီး ပြောလိုက်သည်။

"မင်းက ငါတို့ကို စိန်ခေါ်ရဲတယ်ပေါ့။ မင်းရဲ့ဝိညာဉ်ကို ထုတ်ယူပြီး သန့်စင်မယ်။ မင်းကို နေရာမှာတင် သတ်ပစ်မယ်။ ပြီးရင် မင်းရဲ့ တာအိုနိယာမတွေကို ထုတ်ယူပြီး သခင်လေးဆီ ဆက်သလိုက်မယ်။ မင်းရဲ့ ဘဝက ပြီးပြည့်စုံသွားပြီ။" ဆိတ်မုတ်ဆိတ်နှင့် အဘိုးအိုတစ်ဦးက လှောင်ပြောင်လိုက်သည်။

သဘောတူညီမှု မရနိုင်သည်ကိုမြင်ရာ လီတိုင်ယွမ်က ဆက်လက်စကားပြောရန် လက်လျှော့လိုက်သည်။

သူတို့ လှုပ်ရှားရန် ပြင်လိုက်ချိန်တွင်။

ရုတ်တရက် ပုံရိပ်တစ်ခုက အခင်းဖြစ်ပွားရာသို့ အပြေးအလွှား ရောက်ရှိလာပြီး ထောင်သောင်းချီသော တပ်ဖွဲ့များ၏ ဝိုင်းရံမှုကိုပင် ထိုးဖောက်၍ ဝင်ရောက်လာသည်။ မရပ်တန့်နိုင်ဘဲ လီတိုင်ယွမ်ဆီသို့ တည့်တည့် ပြေးဝင်လာကာ သူနှင့် ဝင်တိုက်မိမတတ် နီးကပ်စွာ ကြုံတွေ့လိုက်ရသည်။

လီတိုင်ယွမ်က အလွန်လန့်သွားသဖြင့် လက်ထဲတွင် ကိုင်ထားသော စွမ်းအားကို ပစ်လွှတ်လိုက်မိမတတ် ဖြစ်သွားသော်လည်း မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရပ်တန့်လိုက်သည်။

နံနက်ခင်းအလင်းနယ်ပယ် (၁၂)ယောက်မှာလည်း တိတ်ဆိတ်သွားပြီး မျက်လုံးများက ထိုသူ့အပေါ် စူးစိုက်နေကြသည်။

သူတို့အားလုံး အနည်းငယ် အံ့အားသင့်ပြီး မသေချာမရေရာ ဖြစ်နေကြ၏။

ဘယ်လိုအရှိန်မျိုးလဲ။ အချိန်-နေရာလွတ် ကန့်သတ်ချက်တွေကို ဖောက်ထွက်လာသလိုပဲ၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က လရောင်ထွန်းလင်းနယ်ပယ်မှာပဲ ရှိနေသေးတယ်။

တစ်ခဏချင်းမှာပင် လောကကြီး ငြိမ်သက်သွားပြီး လူတိုင်းက အဖြူရောင် ရိုးရိုးဝတ်စုံကို ဝတ်ထားသော ကောင်မလေးကို စိုက်ကြည့်နေကြသည်။

ကောင်မလေးမှာ သာမန်ရုပ်ရည်ရှိသော်လည်း သွယ်လျသောခန္ဓာကိုယ်နှင့် အေးစက်ပြီး သန့်စင်သော အသွင်အပြင် ရှိနေသည်။

"နင်က ဘယ်သူလဲ။" လီတိုင်ယွမ်က ကောင်မလေးကို နားမလည်စွာ စိုက်ကြည့်နေသည်။

စုချင်ချိုက နဖူးမှ ချွေးအေးများကို သုတ်လိုက်ပြီး နှလုံးသားထဲတွင် ဧကရာဇ်ကို တိတ်တဆိတ် အပြစ်တင်နေလေသည်။

သူနှင့် မုန့်ချင်ကျိုးတို့က လီတိုင်ယွမ် ပေါ်လာသည်အထိ အနီးအနားမှ အခြေအနေများကို စောင့်ကြည့်နေခဲ့ကြသည်။ မုန့်ချင်ကျိုးက စုချင်ချိုး၏ အင်္ကျီကော်လာကို ဆွဲကိုင်ပြီး အားကုန်လွှဲပစ်လိုက်ရာ သူသည် လီတိုင်ယွမ်နှင့်အတူ လွင့်ထွက်သွားလုမတတ် ဖြစ်ခဲ့ရသည်။

ရှက်စရာကောင်းလိုက်တာ...

မျှော်လင့်ထားတဲ့ အဆင့်မြင့်အခြေအနေနဲ့ ကယ်တင်ရှင်လိုအရှိန်အဝါတွေ လုံးဝမရှိနေဘူး။

စုချင်ချိုး၏ လှပသောမျက်နှာလေး အနည်းငယ် နီရဲသွားသည်။ ထို့နောက် တည်ငြိမ်သယောင် ဟန်ဆောင်ကာ ချောင်းဟန့်ပြီး ပြောလိုက်သည်။ "ကျွန်မလား။"

"ဒါပေါ့။ ကျွန်မက ရှင်မကို လာကယ်တာလေ။"

လီတိုင်ယွမ် လုံးဝ နားမလည်နိုင် ဖြစ်သွား၏။

နင်ကလား။

လရောင်ထွန်းလင်းနယ်ပယ်က ဓားသမားတစ်ယောက်က ငါ့ကို လာကယ်တယ်ပေါ့။

နင်က စကားကြီးစကားကျယ်ပြောနေတဲ့ ဖားပြုပ်တစ်ကောင်ပဲ ဖြစ်ရမယ်။

"ဖယ်စမ်း။ ငါ့လမ်းမှာ လာမရှုပ်နဲ့။" လီတိုင်ယွမ်က အရူးလုပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ချက်ချင်းပင် သူ့ကို အေးစက်စွာ ကြည့်ကာ အပြင်းအထန် အော်ဟစ်လိုက်သည်။

စုချင်ချိုးက သူ့ရှေ့တွင်ရပ်ကာ လျှို့ဝှက်ဆန်းကြယ်စွာ အနည်းငယ် ပြုံးပြလျက် ဆက်ပြောသည်။

"မိန်းကလေးလီ... ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ ကျွန်မရဲ့ သခင်လေးက မိန်းကလေးနဲ့ တွေ့ချင်နေတယ်။ ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ။"

ထိုစကားကို ကြားသောအခါ၊

ကျိမိသားစု၏ လက်အောက်ခံအင်အားစုတစ်ခုမှ ဆိတ်မုတ်ဆိတ်နှင့် အဘိုးအိုတစ်ဦးက ရှေ့သို့ထွက်ပြီး ရယ်မောလိုက်သည်။ "မင်းနဲ့ မင်းနောက်က သခင်လေး အပါအဝင် ဘယ်သူကမှ သူ့ကို မကယ်နိုင်ဘူး။ သခင်လေးကျိက သူ့ကို နှောင့်ယှက်ရဲတဲ့သူ ဘယ်သူမဆို သတ်ပစ်မယ်လို့ အမိန့်ချထားတယ်။"

စကားပြောရင်းနှင့်ပင် ဆိတ်မုတ်ဆိတ်နှင့် အဘိုးအိုက လှုပ်ရှားရန်ပြင်လိုက်ပြီး စုချင်ချိုးကို အရင်ဆုံး ဖမ်းဆီးရန် ရည်ရွယ်လိုက်သည်။

"အရူးမ... နင်က တကယ် သေချင်နေတာပဲ။" လီတိုင်ယွမ်က စုချင်ချိုး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ အထင်သေးစွာ လှောင်ပြောင်လိုက်သည်။

အရူးတစ်ယောက် သေသွားတော့လည်း ဘာဖြစ်လဲ။

သူ့ကိုယ်သူ အရေးပါလှပြီထင်ပြီး ကြွားချင်နေတဲ့ သူဌေးကလေး တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်။ ဒီလို အရူးမျိုးက သေဖို့ထိုက်တန်တယ်။

သို့သော် စုချင်ချိုးက မသိဟန်ဆောင်နေပြီး ဆိတ်မုတ်ဆိတ်နှင့် အဘိုးအိုကို လုပ်ချင်ရာလုပ်ခွင့်ပေးကာ နောက်ကျောပေးထားလျက် သူ၏ တောက်ပသောမျက်လုံးများ ကွေးညွတ်သွားသည်အထိပြုံးပြီး လီတိုင်ယွမ်ကို ကြည့်ကာ အထဲဝင်ရန် လက်ဟန်ပြနေသည်။

လီတိုင်ယွမ်က စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ ရပ်တန့်သွားကာ စုချင်ချိုးကို အံ့သြစွာ ကြည့်လိုက်ပြီး သူ၏အနောက်ဘက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဟေး... နင် သေတော့မယ်။"

"ဒီအစေခံက မိန်းကလေးလီကို သခင်လေးနဲ့တွေ့ဖို့ လာဖိတ်တာပါ။ ကျေးဇူးပြုပြီးတော့။" စုချင်ချိုးက ဘာမှမကြားသည့်အလား ဆက်ပြောသည်။

ထိုအချိန်တွင်ပင်။

ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားသော စူးရှသည့် အော်သံကြီးတစ်ခုက လူတိုင်းကို လန့်သွားစေသည်။ အသံလာရာဆီသို့ ကြည့်လိုက်သောအခါ၊ ဆိတ်မုတ်ဆိတ်နှင့် အဘိုးအိုက ပုပ်သိုးနေသော အသားများဖြင့်ဖုံးလွှမ်းနေပြီး ပုပ်ပွနေသောအသားတုံးကြီးများ မြေကြီးပေါ် ကျလာသည်ကို တွေ့လိုက်ရသည်။

အသားနှင့်သွေးများ မြေကြီးပေါ်သို့ ကျလာကာ အဆိပ်တစ်မျိုးမျိုးဖြင့် တိုက်စားခံရသကဲ့သို့ တရှဲရှဲ မြည်နေပြီးနောက် မြေကြီးကို အောက်ခြေမရှိသောတွင်းနက်တစ်ခု ဖြစ်သွားစေသည့် အမည်းရောင် သွေးအိုင် တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

"ကယ်... ကယ်ပါဦး..."

ဆိတ်မုတ်ဆိတ်နှင့် အဘိုးအိုက သူ၏မျက်နှာကို နာကျင်စွာ ကုတ်ခြစ်လိုက်ရာ သူ၏မျက်လုံးများပါ ကုတ်ခြစ်ခံလိုက်ရပြီး ကျွတ်ထွက်သွား၏။ ညင်သာစွာ ပွတ်သပ်လိုက်ရုံဖြင့် သူ၏ဆံပင်များလည်း ချက်ချင်း ကျွတ်ကျသွားလေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏အသွေးအသားများ လုံးဝတိုက်စားခံလိုက်ရပြီး အရိုးစုတစ်ခုသာ ကျန်ရစ်ခဲ့သည်။

၎င်းတင် မကသေး။ ဆိတ်မုတ်ဆိတ်နှင့်အဘိုးအို၏ တာအိုနိယာမများ၊ ကျင့်ကြံမှုနှင့် တာအိုသစ်သီးများ အားလုံးပါ တိုက်စားခံလိုက်ရ၏။

မျက်မိတစ်မှိတ်အတွင်းမှာပင် ကျန်ရစ်နေသော တစ်ခုတည်းသော အရိုးစုမှာလည်း လုံးဝပြာအဖြစ်သို့ လွင့်စဉ်သွားလေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် သတ်ခံလိုက်ရပြီး၊ တိုက်ခိုက်သူက မည်သူဖြစ်ကြောင်းကိုပင် မသိရသေးပေ။

တိတ်ဆိတ်သွား၏။

သေမတတ် တိတ်ဆိတ်သွားသည်။

ကျန်ရှိနေသော နံနက်ခင်းအလင်းနယ်ပယ် (၁၁)ယောက်မှာ ထိတ်လန့်သွားပြီး ခြေလှမ်းများ ရပ်တန့်သွားက ဆိတ်မုတ်ဆိတ်နှင့် အဘိုးအို သေဆုံးသွားသောနေရာကို ငေးကြည့်နေကြသည်။ လူပုံစံ အမှတ်အသားတစ်ခုက လောင်ကျွမ်းသွားပြီး အချိန်အတော်ကြာသည်အထိ ကျန်ရစ်နေခဲ့သည်။

ထောင်သောင်းချီသော ကျင့်ကြံသူ စစ်တပ်က အလွန်ပင် ထိတ်လန့်သွားသဖြင့် အားလုံး တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားကြသည်။

ထိုအချိန်ရောက်သော်။

စုချင်ချိုးက နောက်သို့လှည့်ကာ ချိုသာစွာ ပြုံးလိုက်သည်။

"ကျွန်မ အားလုံးကို သတိပေးဖို့ မေ့သွားတယ်။ ရန်လိုတဲ့စိတ်ရှိတဲ့သူတွေ ကျွန်မရဲ့ ပေ(၁၀၀)အတွင်းကို လာလို့မရဘူး။၊ မဟုတ်ရင် သူတို့တွေ သေချာပေါက် သေလိမ့်မယ်။ သခင်လေးရဲ့ မျက်လုံးတွေက အမြဲတမ်း ရှင်တို့အပေါ်မှာ ရှိနေတယ်။ ဒါကြောင့် သေတွင်းမတူးကြနဲ့။"

လီတိုင်ယွမ် အံ့သြသွားသည်။ သူက ဆိတ်မုတ်ဆိတ်နှင့်အဘိုးအို သေဆုံးသွားသည့် လုပ်ငန်းစဉ် တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသော်လည်း နားမလည်နိုင်သလို သဘောလည်း မပေါက်နိုင်ပေ။ သူ့တွင် ဖော်ပြရခက်သော၊ အလွန်ရင်းနှီးကျွမ်းဝင်နေသည့် မှုန်ဝါးဝါး ခံစားချက်တစ်ခု ရှိနေသည်။

သူ၏စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ စကားလုံး တစ်လုံး ပေါ်လာသည်။

[နတ်ဘုရားစွမ်းအား၊ ကပ်ဘေးနဲ့ဘေးဒုက္ခ ]

"စိတ်ဝင်စားစရာကောင်းသားပဲ။"

လီတိုင်ယွမ်က သူ့ရှေ့ရှိ ကောင်မလေးကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သာမန်ရုပ်ရည်ရှိသော ဤအစေခံမလေးတွင် ပထမတန်းစားအသွင်အပြင်နှင့် စကားပြောဟန်ရှိပြီး ကောင်းကင်ပြည်နယ်ရှိ နာမည်ကြီး မိသားစု(၅)ခုမှ သခင်မလေးများထက် အနည်းငယ်မျှပင် မနိမ့်ကျကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

ဤအမျိုးသမီးတွင် သာမန်မဟုတ်သော နောက်ခံတစ်ခု ရှိနေသည်မှာ ထင်ရှား၏။

"ကောင်းပြီလေ။ နင်နဲ့ လိုက်ခဲ့မယ်။" လီတိုင်ယွမ်က ချိပ်ပိတ်ကို ချိုးဖျက်မည့် အကြံအစည်ကို တိတ်တဆိတ် စွန့်လွှတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

စုချင်ချိုးက အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ရှေ့မှလမ်းပြကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ။"

သူတို့ မသိခဲ့သည်မှာ။

ချစ်စရာကောင်းသော ဓားသမားလေးက ဝမ်းသာလွန်း၍ အရူးအမူး ဖြစ်နေခြင်းပင်။

တကယ့်ကို အထက်စီးဆန်တာပဲ။ ဟန်ကျလိုက်တာ။

ဧကရာဇ်က အနောက်ကနေ ကျောထောက်နောက်ခံ ပေးထားတော့ ငါ့ရဲ့ စကားတစ်ခွန်းနဲ့ အပြုအမူတိုင်းက ထောင်သောင်းချီတဲ့တပ်ဖွဲ့တွေနဲ့ နံနက်ခင်းအလင်းနယ်ပယ် (၁၁)ယောက်ကို မလှုပ်ရဲအောင် ခြိမ်းခြောက်နိုင်ခဲ့တယ်။ ငါ ပျော်လွန်းလို့ မေ့လဲမတတ်ပဲ။

ပြန်ရောက်ရင် ဝူတျဲကို ကြွားရမယ်။ သူက အရမ်းကို မနာလိုဖြစ်နေတော့မှာပဲ။

ဟီးဟီးဟီး...

...

...

လီတိုင်ယွမ် ထွက်ခွာသွားတော့မည်ကို သူတို့က ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။

နံနက်ခင်းအလင်းနယ်ပယ် (၁၁)ယောက်က စူးရဲစွာ ကြည့်နေကြပြီး မည်သို့ပင် ပေးဆပ်ရပါစေ တားဆီးရန် အသင့်ဖြစ်နေကြသည်။

ရုတ်တရက်။

ကျိဝူရွှမ်၏အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ "သူတို့ကို သွားခွင့်ပြုလိုက်။ တပ်တွေကို ပြန်ဆုတ်။"

ကမ္ဘာငယ်လေး တစ်ခုထဲတွင်။

ကျိဝူရွှမ်က မတ်တတ်ရပ်ကာ ဆိတ်မုတ်ဆိတ်နှင့်အဘိုးအို သေဆုံးသွားသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို စူးစိုက်ကြည့်နေပြီး မျက်လုံးထဲတွင် အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနေလေသည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။

" ကပ်ဘေးနတ်ဘုရားရဲ့ စွမ်းအားပဲ။"

"ကြည့်ရတာ ကောင်းကင်ကြည့်ဆောင်က လူတွေက အကူအညီပေးနေတာ ဖြစ်ရမယ်။ အဲဒါက အကောင်းဆုံးပဲ။ ငါ့အတွက် ပြဿနာအများကြီး သက်သာသွားတာပေါ့။"

ချက်ချင်းပင် ကျိဝူရွှမ်က အတွေးနက်သွားပြီး တိတ်တဆိတ် စဉ်းစားလိုက်သည်။

"ကောင်းကင်စောင့်ကြည့်သူရဲ့စွမ်းအားက ပိုပြီး ကြောက်စရာကောင်းလာတယ်။ ဘယ်တုန်းကစပြီးတော့ နတ်ဘုရားတွေဆီက စွမ်းအားတွေကို ဆွဲထုတ်နိုင်သွားတာလဲ။ ဒါက ပထမဆုံး လူသားဧကရာဇ်တောင် မလုပ်နိုင်ခဲ့တဲ့အရာပဲ။”

…

All Chapters