အခန်း ၂၆၃
Vol. 18 Ch. 263
အပိုင်း(၂၆၃) အချိန်ဥမင်၊ သခင်လေးအတုနှင့် သခင်လေးအစစ်
သစ်တောအုပ်ကြီးမှာ မှောင်မိုက်နေပြီး ငှက်များနှင့် သားရဲများက မြေပြင်တွင် ဝပ်နေကြသည်။ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလ၊ အလင်းရောင် နည်းပါးလေလေဖြစ်ပြီး နောက်ဆုံးတွင်တော့ လုံးဝကို မှောင်မည်းသွားကာ နတ်ဘုရားအာရုံဖြင့်ပင် ဘာကိုမျှ မရှာဖွေနိုင်တော့ပေ။
လီတိုင်ယွမ်က ပိုပိုပြီး ထိတ်လန့်လာကာ ရှေ့မှခြေသံကိုသာနားထောင်ပြီး အနီးကပ် လိုက်သွားရသည်။ သူ စိုးရိမ်နေပြီး အသေးစား ခြေလှမ်းလေးများဖြင့် လျှောက်ကာ ပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့နေလေသည်။
"ဘယ်လောက်ဝေးသေးလဲ။" လီတိုင်ယွမ်က ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားရင်း ထူးဆန်းသော မြင်ကွင်း၏ အကြောင်းရင်းကို မမေးဘဲ ပြောလိုက်သည်။
စုချင်ချိုး၏ အမြင်အာရုံမှာ ရှင်းလင်းသွားပြီ နောက်သို့လှည့်ကာ လီတိုင်ယွမ်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ လီတိုင်ယွမ်မှာ နောက်သို့ တွန့်ဆုတ်သွားပြီး လက်ကို ပြန်ရုပ်သိမ်းရန် ကြိုးစားသော်လည်း စုချင်ချိုးမှာ လျှို့ဝှက်ဆန်းကြယ်သော သခင်လေး၏အစေခံဖြစ်ကြောင်း သတိရသွားသောအခါ ပြင်းထန်စွာ ရုန်းကန်ခြင်း မပြုတော့ဘဲ သူ့ကို ရှေ့သို့ ခေါ်ဆောင်သွားခွင့်ပြုလိုက်သည်။
"ရောက်ပြီ။"
စကားဆုံးသွားသည်နှင့်။
စုချင်ချိုးက လီတိုင်ယွမ်ကို နေရာလွတ်ဝဲဂယက်အတွင်း ခေါ်ဆောင်သွားပြီး အမည်မသိ နေရာတစ်ခုသို့ ဦးတည်နေသော အချိန်ဥမင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားလေသည်။
အချိန်ဥမင်မှာ စက်ဝိုင်းပုံစံရှိပြီး တောက်ပသောအလင်းရောင်များဖြင့် ဝန်းရံထားသည်။ ဥမင်နံရံများတွင် ချောက်ကမ်းပါးမှ ဆုတ်ခွာနေသော တပ်ဖွဲ့များနှင့် ကျိမိသားစုဝင်နှစ်ဦး ရင်ဆိုင်နေရပုံများ အပါအဝင် ပြင်ပကမ္ဘာမှ မြင်ကွင်းများကို ပြသနေသည်။
လီတိုင်ယွမ်က သူ၏မျက်လုံးများတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ အချိန်အတော်ကြာ မှောင်မိုက်နေသည့် အခြေအနေကို ဖြတ်သန်းပြီးနောက် ရုတ်တရက် တောက်ပသော အလင်းရောင်နှင့် ကြုံတွေ့ရသောအခါ မျက်လုံးဖွင့်ရန် ခက်ခဲသွားလေသည်။
ခဏအကြာတွင်။
ရှေ့မှမြင်ကွင်းမှာ တဖြည်းဖြည်း ရှင်းလင်းလာသည်။
ချောက်ကမ်းပါးအနီးတွင် စုရုံးနေကြသော နံနက်ခင်းအလင်းနယ်ပယ် (၁၂)ဦးသည် ကျိဝူရွှမ်၏ ဆုတ်ခွာရန်အမိန့်ကို ရရှိပြီးနောက် ဖြည်းညှင်းစွာ ဆုတ်ခွာသွားသည်ကို သူ မြင်လိုက်ရသည်။
အချိန်ဥမင်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက် သွားလာနေစဉ်။
ချင်လွမ်ထျန်းရှိ ကျိမိသားစု ခေါင်းဆောင်နှစ်ဦးက ချောက်ကမ်းပါးဆီသို့ အကြည့်ရောက်သွားပြီး လီရှောင်ကို ပြောလိုက်သည်ကို မြင်လိုက်ရသည်။
"မင်းရဲ့သမီးက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကယ်တင်တာ ခံလိုက်ရတာ ကံကောင်းတာပဲ။ လကုန်မှာ မျိုးနွယ်စု(၅)ခုရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ကျင်းပတော့မှာဆိုတော့ ဒီတစ်ကြိမ်တော့ လီတိုင်ယွမ်ကို ချန်ထားလိုက်မယ်။"
"သွာပြီ။"
ထိုသို့ပြောပြီးနောက် ခမ်းနားသော ပုံရိပ်နှစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထွက်ခွာသွားကြသည်။
လီတိုင်ယွမ် ခေါင်းမူးသွားပြီး သူ၏နှလုံးသားမှာ အပြင်းအထန် ခုန်ပေါက်နေလေသည်။ သူ တွေ့ဆုံရမည့် သခင်လေးမှာ သာမန်လူမဟုတ်ကြောင်း လက္ခဏာများအားလုံးက ဖော်ပြနေပုံရသည်။
ထိုသို့မဟုတ်လျှင် ဤမြင်ကွင်းကို ရှင်းပြ၍ မရနိုင်ပေ။
"မေးခွင့်ပြုပါ… သခင်လေးက ကျွန်မကို ဘာအတွက် ရှာနေတာလဲ။ အဲဒီအကြောင်း နည်းနည်းလောက် ပြောပြလို့ရမလား။" လီတိုင်ယွမ်က နှိမ့်ချသောအမူအရာဖြင့် သတိထားကာ မေးလိုက်သည်။
စုချင်ချိုးက ဘေးကို တစ်ချက်ကြည့်လိုက်ရာ နီရဲသော နှုတ်ခမ်းများပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ ခဏမျှ တွန့်ဆုတ်နေပြီးနောက် တမင်တကာ နက်နဲသော အသံဖြင့် ပြောလိုက်သည်။
"သခင်လေးက ကောင်းကင်ကြည့်ဆောင်ကနေ လာခဲ့တာ။ ခေတ်အဆက်ဆက် ပုန်းအောင်းပြီးတော့ လွန်ခဲ့တဲ့တစ်နှစ်ကမှ နိုးထလာခဲ့တာ။ သူက နှစ်တစ်သောင်းမှာ တစ်ခါကြုံရခဲတဲ့ ဒီရွှေခေတ်ကြီးမှာ ထွန်းလင်းတောက်ပလာပြီး ရာစုနှစ်သစ်တစ်ခုကို ဖန်တီးလိမ့်မယ်။"
"ရှင့်ကို ဘာလို့ ရှာရတာလဲဆိုတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်..."
"ဘာလို့လဲဆိုတော့ ကျွန်မရဲ့သခင်လေးက ရှင့်ကို သဘောကျသွားလို့ပဲ။"
ထိုစကားကို ကြားရသောအခါ လီတိုင်ယွမ်မှာ ပိုပြီး စိုးရိမ်ပူပန်လာလေသည်။ နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ သူ၏ အစပိုင်းစိုးရိမ်မှုများ ရုတ်တရက် လျော့ကျသွားပြီး ရင်ဘတ်ကို အလျင်စလို ဆုပ်ကိုင်လိုက်သည်။
"ဘာပြောတယ်။"
စုချင်ချိုးက ချက်ချင်းပင် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး နီရဲနေသော မျက်နှာကို မပြဝံ့တော့ပေ။ သူ၏ လှပသောမျက်လုံးများ ပြူးကျယ်သွားပြီး သူ့ဘာသာ တွေးနေမိသည်။
အိုး ဒုက္ခပါပဲ။ ငါ စကားမှားပြောမိသွားပြီ။
သခင်လေးက ငါတို့ကို မိသားစု(၅)ခုက သခင်မလေကို ခြိမ်းခြောက်နိုင်လောက်အောင် အဆင့်မြင့်ပြီး ခေတ်မီတဲ့ပုံစံမျိုး ဟန်ဆောင်ရမယ်လို့ အမိန့်ပေးထားတာလေ။
"အဟမ်း။"
"ဆိုလိုတာကတော့ ရှင်က သခင်လေးရဲ့ နောက်လိုက်တစ်ယောက်အဖြစ် ရွေးချယ်ခံရလောက်အောင် ကံကောင်းတယ်လို့ ဆိုလိုတာပါ။"
"ကျွန်မရဲ့သခင်လေးက ဒီဘဝမှာ ပြိုင်ဖက်ကင်းဖို့ ကံကြမ္မာ ပါလာပေမယ့် လူသားဧကရာဇ်နဲ့ ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုကြားက ဆက်ဆံရေးလိုမျိုး နောက်လိုက်တွေကို ပျိုးထောင်ဖို့ လိုအပ်တယ်။ တိုင်းပြည်တစ်ခုကို သိမ်းပိုက်ရတာ လွယ်ကူပေမယ့် ထိန်းသိမ်းဖို့အတွက် ယုံကြည်ရတဲ့ လူယုံတွေ လိုအပ်တယ်။ ရှင်က သခင်လေးရဲ့ ရွေးချယ်တာကို ခံရတာ တကယ်ကို ကံကောင်းတာပဲ။"
ထိုစကားကို ကြားသောအခါ...
လီတိုင်ယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် မယုံနိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"နင်ပြောတဲ့ ကောင်းကင်စောင့်ကြည့်သူဆိုတာ... ဧကန္တ။"
"ရှင် သိတာ ကောင်းပါတယ်။ ဒါပေမဲ့ အသံကျယ်ကျယ် မပြောနဲ့။ မဟုတ်ရင် အာရုံစိုက်ခံရလိမ့်မယ်။" စုချင်ချိုးက တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်သည်။
လီတိုင်ယွမ်က ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့ဘဲ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ နားမလည်နိုင်ဖြစ်သွားသည်။
သူက ကောင်းကင်ကြည့်ဆောင်ကလာတာဆိုရင် ငါက ဘယ်သူလဲ။
သူသည် အတိတ်မှမှတ်ဉာဏ်များ ပျောက်ဆုံးသွားသော်လည်း မှတ်ဉာဏ်မပျောက်ဆုံးခင် ရေးထားသော စာလိပ်များတွင် အကြောင်းအရာများစွာကို ဖော်ပြထားသည်။ ၎င်းတို့ကို တိတိကျကျ မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း သူင မှတ်ဉာဏ်မပျောက်ဆုံးခင် ကောင်းကင်ကြည့်ဆောင်မှ လာခြင်းဖြစ်ကြောင်း မှုန်ဝါးဝါး ခန့်မှန်းနိုင်ခဲ့သည်။
ထို့အပြင် စာလိပ်တွင် ကျိဝူရွှမ် ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းရာတွင် ကူညီပေးသင့်သည့် အကြောင်းရင်းကိုလည်း ရှင်းပြထားသည်။ အကြောင်းမှာ သူက ကောင်းကင်ကြည့်ဆောင်၏ သခင်လေးဖြစ်ပြီး ဧကရာဇ်လောင်းလျာအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သောကြောင့်ပင်။
ဒါပေမဲ့ အခုတော့ ကောင်းကင်ကြည့်ဆောင်ရဲ့ နောက်ထပ် သခင်လေးတစ်ယောက် ပေါ်လာပြန်ပြီလာ။။
လီတိုင်ယွမ်က ချက်ချင်း သတိထားမိသွားပြီး တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားကာ မေးလိုက်သည်။ "နင်က ဘာတာဝန်တွေ ထမ်းဆောင်နေတာလဲဆိုတာ မေးလိုု့ရမလား။ သခင်လေးရဲ့ အစေခံ ဖြစ်ရုံလောက်တော့ ရိုးရှင်းမှာ မဟုတ်ဘူး။"
စုချင်ချိုးက ချက်ချင်းပင် မေးစေ့ကို ဂုဏ်ယူစွာမော့လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ လူကြီးလူကောင်း ပုံစံမျိုးဖြင့် ပြောလိုက်သည်။ "ကျွန်မက သခင်လေး ကြီးမားတဲ့ ပေါင်းစည်းရေး လုပ်ငန်းစဉ်ကြီးကို ဖန်တီးဖို့နဲ့ လူသားဧကရာဇ်ရဲ့ အာဏာကို သိမ်းပိုက်ဖို့ ကူညီပေးမယ့် လက်ထောက်ပေါ့။"
"..." လီတိုင်ယွမ် ချက်ချင်း တိတ်ဆိတ်သွား၏။
သူ တကယ်ပင် မေးချင်နေခဲ့သည်။ အတုအယောင်က ဘယ်သူလဲ။ နင်လား ငါလား။
သခင်လေးအတုအဖြစ် ဟန်ဆောင်သည်က တစ်ကဏ္ဍပင်။ ဒါပေမဲ့ ဒီလောက်အချိန်ကြာပြီးမှ နင့်လို အစေခံတစ်ယောက်က ပေါင်းစည်းရေးကြိုးပမ်းမှုမှာ အသုံးချခံရုပ်သေးတစ်ခုပဲဆိုတာ ပေါ်လာတယ်။
လီတိုင်ယွမ်က အချိန်ဥမင်ကြောင့်သာမက မေးမြန်းခံရသော ပိုမိုရှုပ်ထွေးသည့် မေးခွန်းများကြောင့်ပါ အလွန်ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။
သူက နားမလည်နိုင်ဖြစ်ကာ ချိပ်ပိတ်ကို ချိုးဖျက်ချင်စိတ်ပင် ပေါက်သွားလေသည်။
"ကျွန်မတို့ ရောက်ပြီ။"
စုချင်ချိုးက စကားပြောရင်း ရပ်တန့်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
လီတိုင်ယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အချိန်ဥမင်၏အစွန်တွင် အဆုံးမရှိ ကျယ်ပြောပြီး ရှေးဟောင်းအရှိန်အဝါများ ထွက်ပေါ်နေသော ဝင်ပေါက်ကြီးတစ်ခု မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကြေးဝါဝင်ပေါက်ကြီးမှာ ပြင်းထန်စွာ တိုက်စားခံထားရပြီး နတ်ဘုရားအမျိုးမျိုးကို ထွင်းထုထားသဖြင့် မသိစိတ်မှ လေးစား ကြည်ညိုစိတ်ကို ဖြစ်ပေါ်စေသည်။
ဘုန်း...
ကြေးဝါတံခါးကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်ကံကြမ္မာ၏ အရင်းအမြစ်ကြီး တုန်ခါနေသကဲ့သို့ ဖြစ်နေသည်။ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်နှင့်အမျှ အတွင်းရှိ ကပ်ဘေးများနှင့် ဘေးဒုက္ခများ ရေလို စီးထွက်လာလေသည်။
တံခါးကြီးက တဖြည်းဖြည်းချင်း ပွင့်သွား၏။
ကြည်ညိုလေးစားမှုနှင့်အတူ လီတိုင်ယွမ်က ပတ်ဝန်းကျင်ကို မကြည့်ရဲပေ။ သူက ရင့်ကျက်ပြီး တည်ငြိမ်သည့်ပုံပေါ်အောင် အတတ်နိုင်ဆုံး ကြိုးစားကာ ကျက်သရေရှိသော ခြေလှမ်းများဖြင့် ဝင်သွားသည်။
တစ်ခဏချင်းမှာပင် မျက်စိရှေ့မှမြင်ကွင်းများ ထပ်မံ ပြောင်းလဲသွားသည်။
ခမ်းနားကြီးကျယ်သော ကမ္ဘာကြီးတစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ပင် ရှုခင်းမှာ ရုတ်တရက် ပွင့်လင်းသွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မှောင်မိုက်နေသော ကြယ်တာရာကောင်းကင်ကြီး ဖြစ်နေပြီး မနီးမဝေးတွင် ငွေရောင်မြစ်ကြီး တစ်စင်းက ပြဒါးကဲ့သို့ ညင်သာစွာ စီးဆင်းနေသည်။ နဂါးငွေ့တန်းထဲရှိ ရေစက်တိုင်းတွင် သက်ရှိများ ပြည့်နှက်နေသည့် မရေမတွက်နိုင်သောကြယ်များ ပါဝင်နေ၏။
အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးက နဂါးငွေ့တန်းအထက်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်။ သူက ချောမောခန့်ညားပြီ ရေတံခွန်ကဲ့သို့ ပခုံးပေါ်ကျဆင်းနေသော အနက်ရောင်ဆံပင်များနှင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး ဖောက်ထွင်းမြင်နိုင်သော အသားအရေ ရှိသည်။
သူက ပြည်နှင်ဒဏ်ပေးခံရသော နတ်ဘရားတစ်ပါးနှင့် တူနေသည်။ ပထမဆုံး မြင်တွေ့ရုံဖြင့် သူ့ကို ဖော်ပြရန် စကားလုံးများ သဘာဝကျကျ ပေါ်လာသည်။
"ကျက်သရေရှိပြီးခမ်းနားထည်ဝါသောအရှိန်အဝါ"
အသွင်အပြင် လုံးဝပြောင်းလဲသွားသော မุန့်ချင်ကျိုးက မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူ၏ ဗလာကျင်းပြီး အထီးကျန်နေသော မျက်ဆံများက လူသားလောက၏ ထင်ယောင်ထင်မှားများကို ဖောက်ထွင်း၍ မြင်နိုင်သည့် နတ်ဘုရားတစ်ပါး၏ မျက်လုံးများနှင့် တူနေလေသည်။
စုချင်ချိုးက ဦးတည်ရာကိုညွှန်ပြရန် ချောင်းဟန့်လိုက်သည်။
ထို့နောက် မုန့်ချင်ကျိုးက လီတိုင်ယွမ်ထံသို့ အကြည့်ပြောင်းပြီး မေးလိုက်သည်။ "မင်းက ချင်လွမ်ရဲ့ မျိုးဆက်လား။"
"အကြီးအကဲကို အကြောင်းပြန်ရရင် ကျွန်မက လီတိုင်ယွမ်ပါ။ ကောင်းကင်ပြည်နယ်က ချင်လွမ် ဘိုးဘွားရဲ့ မျိုးဆက်ပါ။" လီတိုင်ယွမ်က အလျင်စလို ဦးညွှတ်ပြီး ဖြေကြားလိုက်သည်။
ဤကမ္ဘာ၏ ကျယ်ပြောသောခမ်းနားကြီးကျယ်မှုကို မြင်တွေ့ရှိရတဲ့အခါ သူ့တွင် ကြောက်ရွံ့လေးစားစိတ် အနည်းငယ် ခံစားလိုက်ရသည်။
သို့သော် မကြာခင်မှာပင်။
ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်အဆင့် ပြိုင်ဖက်ကင်း ကျင့်ကြံသူတစ်ယောက် ဟူသည့် မိမိ၏ သရုပ်မှန်ကို သတိရသွားပြီး သတ္တိမွေးကာ ခေါင်းမော့ပြီး ရှေ့မှ အနက်ရောင်ဝတ်လူငယ်ကို ကြည့်လိုက်သည်။
သူ၏ နတ်ဘုရားအာရုံက အနက်ရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ်ထဲ စူးစမ်းလိုက်သော အခိုက်အတန့်၌။
ပင်လယ်ထဲ နစ်မြုပ်သွားသော ရွှံ့နွားတစ်ကောင်လိုပင်။ လီတိုင်ယွမ်က ရှေးကျပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ တာအိုအရှိန်အဝါများ ထွက်ပေါ်နေသည့် ပုံမှန်မဟုတ်သော စိန်ပွင့်ပုံစံ ပုံဆောင်ခဲတစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။
လီတိုင်ယွမ် ချက်ချင်းလန့်သွားပြီး နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်းရန် ကြိုးစားခဲ့သော်လည်း သူ မလုပ်နိုင်ခဲ့ဘဲ နတ်ဘုရားအာရုံက စိန်ပွင့်ပုံစံပုံဆောင်ခဲထဲကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားရန်သာ ခွင့်ပြုလိုက်ရသည်။
ချက်ချင်းဆိုသလို။
သူက လုံးဝကို မေ့မရနိုင်မည့် မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရ၏။
ရှေးဟောင်းနတ်ဘုရားများက ကောင်းကင်ကိုးထပ်၏အထက်မှာ ထိုင်နေပြီး လူ့လောကကို ဆင်းသက်လာကာ အထက်စီးကနေ၍ သတ္တဝါအားလုံး၏ အတက်အကျ ဖြစ်နေမှုကို တရားစီရင်နေကြသည်။ ပင်လယ်ရေ တက်လာလိုက် ကျသွားလိုက် ဖြစ်နေသလိုပင် လောကကြီးကို အပေါ်စီးမှ ကြည့်နေကြပြီး နတ်ဘုရားများသာ ထာဝရ တည်မြဲနေလေသည်။
မြင်ကွင်း ပြောင်းသွား၏။
ထောင်သောင်းချီသော နတ်ဘုရားများ မိုးရွာသလို ကျဆင်းလာပြီး ဓားတစ်လက် ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်သည် နတ်ဘုရားနန်းတော်ထဲ အတင်းဝင်ရောက်ကာ နတ်ဘုရားများ အားလုံးကို သတ်ပစ်ပြီး လူသားမျိုးနွယ်စုအတွက် ရွှေခေတ်တစ်ခုကို စတင်ခဲ့သည်။
ထို့နောက် လူသားဧကရာဇ် ပျောက်ဆုံးသွား၏။ လူသားမျိုးနွယ်စု ကျဆင်းသွားပြီး လောကကြီးမှာ ဒုတိယနွေဦးရာသီ ရောက်လာခဲ့သည်...
အချိန်အတော်ကြာပြီးနောက်။
လီတိုင်ယွမ် သတိပြန်ဝင်လာသောအခါ ဆိုးရွားသော ထိုးနှက်ချက်တစ်ခု ခံလိုက်ရသလို ဖြစ်နေသည်။ သူက အားအင်ကုန်ခမ်းနေပြီး နဖူးတွင် သွေးထွက်နေသော ဒဏ်ရာတစ်ခုရှိနေကာ ဒွါရ(၇)ပေါက်လုံးမှနေ၍ သွေးများ စီးကျနေ၏။
ကောင်းကင်နယ်ပယ်။
အဲဒါက ကောင်းကင်ထောက်တိုင်ကို ကျော်လွန်တဲ့ နယ်ပယ်တစ်ခုပဲဆိုတသာ လုံးဝသေချာတယ်။
လီတိုင်ယွမ်က ခန္ဓာကိုယ်တစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရပြီး စိတ်ဓာတ်များ ထိုးကျသွားကာ မျက်ဆန်များ ကျယ်လာလိုက် ကျုံ့သွားလိုက် ဖြစ်နေပြီး ခြေဖဝါးမှ ခေါင်းထိပ်အထိ အေးစက်သော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်
"ဒီလူကြီးမင်းက ရှေးခေတ်ကတည်းက တကယ်ကို ပုန်းအောင်းနေခဲ့တာပဲ။"
"သူက ကောင်းကင်နယ်ပယ်ကိုတောင် ရောက်နေလောက်တယ်။”
…