← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) - သတ္တုတွင်းလုပ်သားများ

စီမာလျန်က ခေါင်းခါယမ်းလိုက်ပြီး အဆောင်ဆွဲပြားကို လင်းဖန်ထံသို့ ပြန်လည်ပေးအပ်ရန် ကြိုးစားနေလေသည်။

“မဖြစ်ဘူး... ငါ မင်းရဲ့ပိုက်ဆံတွေကို မယူနိုင်ဘူး...”

ထိုစဉ် သခင်မချူးက ပန်းခြံထဲသို့ လျှောက်လှမ်းဝင်ရောက်လာရင်း နှုတ်ဆက်စကား ဆိုလိုက်သည်။

“လင်းဖန်... မင်း ရောက်နေတာပဲ...”

စီမာလျန်က သူမအနီးသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

“အပြင်မှာ အရမ်းအေးနေတာ... အမေ အခန်းထဲမှာပဲ နေသင့်တယ်...”

“ရှို့ကျူ... သခင်မကို အခန်းထဲ အခုပဲ ပြန်ခေါ်သွားလိုက်...”

လင်းဖန်က ဦးညွှတ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

“သခင်မချူး... မတွေ့ရတာ ကြာပြီနော်...”

စီမာလျန်သည် သခင်မချူးကို သူနှင့်ဝေးရာသို့ ခေါ်ထုတ်သွားရန် ကြိုးစားနေသည်ကို လင်းဖန် သတိပြုမိလိုက်သည်။

၎င်းက အလွန်ပင် ထူးဆန်းလှပေသည်။

လင်းဖန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

‘စီမာလျန် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာပဲ...’

လင်းဖန်က သခင်မချူးထံသို့ လျှောက်သွားကာ ပြောလိုက်သည်။

“ကျွန်တော်တို့ အရင်ကလိုပဲ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောကြရအောင်... မတွေ့ရတာလည်း တော်တော်ကြာပြီဆိုတော့...”

ဤအပြုအမူက စီမာလျန်ကို ပျာပျာသလဲ ဖြစ်သွားစေသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သခင်မချူးက ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည်။

“လင်းဖန်... ငါတို့ မင်းရဲ့အကူအညီ လိုအပ်နေတယ်...”

စီမာလျန်က သခင်မချူးကို တားဆီးရန် ကြိုးစားလိုက်သည်။

“မလုပ်ပါနဲ့ အမေ... ကျွန်တော်တို့ သူ့အပေါ်မှာ အကြွေးတွေ အရမ်းများနေပြီ...”

သို့သော်လည်း မည်သို့မျှ တားဆီး၍ မရတော့ချေ။

သခင်မချူးက ဆက်လက်ပြောကြားလိုက်သည်။

“တောင်ပေါ်က ငါတို့ရဲ့သတ္တုတွင်းမှာ ပြဿနာတချို့ တက်နေတယ်... မိသားစုထဲက တခြားလူတွေကလည်း ကူညီဖို့နေနေသာသာ ငါ့သား ကျရှုံးမယ့်အချိန်ကိုပဲ စောင့်ကြည့်နေကြတာ...”

သခင်မချူး၏ စကားကို ကြားလိုက်ရသောအခါ လင်းဖန်က ခေါင်းခါယမ်းလိုက်မိသည်။

ဤကဲ့သို့သော မိသားစုတွင်း အာဏာလုပွဲများက မည်သည့်အခါမျှ ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။

စီမာလျန်ကမူ ခေါင်းငုံ့ကာ တိတ်ဆိတ်နေလေသည်။

လင်းဖန်က စီမာလျန်၏ကျောကို ပုတ်ပေးလိုက်သည်။

“ဒါကြောင့်မို့လို့ မင်း အလုပ်တွေ အရမ်းရှုပ်နေတာကိုး... သတ္တုတွင်းမှာ ပြဿနာတက်နေလို့ စာရင်းတွေကို လိုက်ညှိနေရတာပေါ့...”

စီမာလျန်၏ ရာထူးတိုးတက်မှုက မြန်ဆန်လွန်းလှသဖြင့် သူ၏ဩဇာအာဏာကို တည်ဆောက်ရန် အချိန်နှင့် အရင်းအမြစ် လုံလောက်စွာ မရှိခဲ့ပေ။

ထို့အပြင် မကြာသေးမီက ချွမ်မင်းဆက်အတွင်း ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများကြောင့် မိသားစုဝင်များက အခွင့်ကောင်းယူရန် ထပ်မံကြိုးစားလာကြခြင်း ဖြစ်ပေလိမ့်မည်။

လင်းဖန်က ကူညီရန် ကမ်းလှမ်းလိုက်သည်။

“ငါ မင်းအတွက် သွားပြီးဖြေရှင်းပေးမယ်... အလဲအလှယ်အနေနဲ့ ဒီအဆောင်ဆွဲပြားကို ငါ့ကိုပေး... မျှတတဲ့သဘောတူညီချက်ပဲ မဟုတ်လား...”

သူသည် အဆောင်ဆွဲပြားနှင့် အခြားသောစွမ်းရည်များကို စမ်းသပ်ကြည့်လိုသဖြင့် ကူညီရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် လက်ဆောင်များကို မလိုချင်ဟန်ဆောင်ကာ ငြင်းပယ်နေရသည့် ဟန်ဆောင်မှုမျိုးကိုလည်း သူ မနှစ်သက်ပေ။

လင်းဖန်၏စကားကို ကြားလိုက်ရသောအခါ သခင်မချူးက သူ့ကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုလေသည်။

စီမာလျန်ကလည်း သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူသည် အမြဲတမ်း လင်းဖန်ကိုသာ အားကိုးမနေဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် ကြိုးစားရမည်ကို သိရှိထားပေသည်။

…

ထိုတောင်တန်းများသည် ဟုန်ဖုန်းမြို့နှင့် အလွန်နီးကပ်လှပေသည်။

တူးဖော်ရရှိသောသံရိုင်းများကို စီမာမိသားစုထံသို့ သယ်ယူပို့ဆောင်ကာ မှော်လက်နက်များအဖြစ် သွန်းလုပ်ကြခြင်း ဖြစ်သည်။

လင်းဖန်သည် မြင်းစီးကာ ထိုတောင်တန်းများဆီသို့ သွားရောက်ခဲ့ရာ နေ့တစ်ဝက်ခန့် ကြာမြင့်ခဲ့လေသည်။

သူသည် စီမာမိသားစု၏ အိမ်တော်စောင့်တစ်ဦးအဖြစ် ရုပ်ဖျက်ထားလေသည်။

သတ္တုတွင်းဆီသို့ ဦးတည်သည့် တောင်တက်လမ်းအတိုင်း လျှောက်လှမ်းလာစဉ် လမ်းဘေးဝဲယာနှင့် လမ်းမပေါ်တွင် လဲလျောင်းနေသော အလောင်းများကို သူ တွေ့ရှိလိုက်ရသည်။

၎င်းတို့သည် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး လက်များနှင့် မျက်နှာများမှာ မည်းမှောင်နေကြပေသည်။

ဤအလောင်းများသည် သတ္တုတွင်းလုပ်သားများ ဖြစ်ရမည်ဟု လင်းဖန် ခန့်မှန်းလိုက်မိသည်။

တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခုခုက ၎င်းတို့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူသည် အလောင်းများကို စစ်ဆေးကြည့်ရာ အချို့သော အလောင်းများတွင် ပြတ်ရှဒဏ်ရာများ အနှံ့အပြား ရှိနေသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း အချို့သော အလောင်းများတွင်မူ မည်သည့်ဒဏ်ရာမျှ ရှိမနေပေ။

ထို့အပြင် ၎င်းတို့ထံတွင် အဆိပ်မိထားသည့် လက္ခဏာမျိုးလည်း မတွေ့ရချေ။

၎င်းတို့ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့ရသည်ကို လင်းဖန် စုံစမ်းရပေဦးမည်။

လမ်းအတိုင်း နာရီဝက်ခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် လင်းဖန်သည် သတ္တုတွင်းဆီသို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့လေသည်။

ထိုနေရာတွင် ဓားများကိုယ်စီ ကိုင်ဆောင်ထားသော လူတစ်စုက ကင်းစောင့်နေကြသည်။

ထိုလူများသည် လင်းဖန် ဝတ်ဆင်ထားသကဲ့သို့ ရင်ဘတ်ဘယ်ဘက်တွင် ‘စီမာ’ ဟူသော မိသားစုတံဆိပ်ပါသည့် စီမာမိသားစု၏ အစေခံဝတ်စုံများကို ဝတ်ဆင်ထားခြင်း မရှိကြပေ။

အချို့သောလူများက သတ္တုတွင်းလုပ်သားများကို ကြာပွတ်ဖြင့်ရိုက်နှက်ကာ သတ္တုတွင်းထဲသို့ အတင်းအကျပ် ဝင်ခိုင်းနေကြသည်။

သတ္တုတွင်းလုပ်သားတစ်ဦး၏ ကျောပြင်ပေါ်သို့ ရိုက်ချက် ကျရောက်လာစဉ် သူက အသနားခံလိုက်သည်။

“တောင်းပန်ပါတယ်... မလုပ်ပါနဲ့... သတ္တုတွင်းထဲကို ပြန်ဝင်ရတာကလွဲရင် ကျန်တာအကုန်လုပ်ပါ့မယ်... တောင်စောင့်နတ်မင်းက အမိန့်ပေးပြီးပြီ... သူ အရမ်းအမျက်ထွက်နေတယ်...”

ရိုက်သံတစ်ချက်စီတိုင်းနှင့်အတူ သူ၏စုတ်ပြဲနေသော အဝတ်အစားများကြားမှ သွေးများစီးကျလာပြီး ဒဏ်ရာအသစ်များ ထွက်ပေါ်လာလေသည်။

သတ္တုတွင်းအတွင်း၌ သူတို့ကိုဝင်ရောက်ရန် ကြောက်ရွံ့စေသည့်အရာတစ်ခု ရှိနေသည်မှာ သေချာလှပေသည်။

၎င်းသည် ကြပွတ်နှင့်ရိုက်ခံရသည့် ဒဏ်ရာထက်ပင် ပိုမိုဆိုးရွားလှသည့် အရာတစ်ခု ဖြစ်ရမည်။

အခြေအနေကိုသုံးသပ်ပြီးနောက် လင်းဖန်သည် အရိပ်ထဲမှထွက်လာကာ သတ္တုတွင်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

လင်းဖန်ကို မြင်လိုက်ရသောအခါ ကင်းစောင့်တစ်ဦးက အော်ဟစ်လိုက်သည်။

“အဲဒီမှာတင် ရပ်လိုက်...”

အခြားသော ကင်းစောင့်များကလည်း အလျင်အမြန် ချဉ်းကပ်လာပြီး ၎င်းတို့၏ဓားများဖြင့် လင်းဖန်ကို ချိန်ရွယ်လိုက်ကြသည်။

၎င်းတို့သည် အခြားသော ကျူးကျော်သူများ ရှိ၊မရှိ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။

မည်သူမျှရှိမနေသည်ကို သေချာသွားသောအခါမှသာ သူတို့၏ဓားများကို အောက်သို့ နှိမ့်ချလိုက်ကြလေသည်။

ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

သူက ပြောင်လက်‌နေသည့်ဦးခေါင်းကို ပွတ်သပ်ရင်း လှောင်ပြုံး ပြုံးလိုက်လေသည်။

“ဟား... ငါတို့ဆီကို ဘယ်သူ ရောက်လာတာလဲ... စီမာမိသားစုရဲ့ အိမ်တော်စောင့်တစ်ယောက်ပါလား...”

ခေါင်းဆောင်ဖြစ်သူက လင်းဖန် တစ်ဦးတည်း လာရောက်ရဲသည့်သတ္တိကို သဘောကျသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“မင်း တော်တော်သတ္တိရှိတာပဲ... ငါတို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့က မင်းလိုလူမျိုးကို ကောင်းကောင်း အသုံးချနိုင်တယ်...”

“ချွမ်မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်က ပြည်သူတွေကို ဘယ်လောက်တောင် ဒုက္ခရောက်အောင် လုပ်နေလဲဆိုတာ မင်း မမြင်ဘူးလား...”

“ငါတို့ရဲ့ ပုန်ကန်မှု အောင်မြင်သွားတဲ့အခါ လူတိုင်းကို အခွန်တွေနဲ့ အလုပ်ကြမ်းတွေကနေ လွတ်မြောက်ခွင့်ပေးမှာ...”

“ငါတို့အားလုံးက လူသားအဖြစ် မွေးဖွားလာကြတာပဲ... ဧကရာဇ်က ငါတို့အားလုံးရဲ့အထက်မှာ ရှိနေရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ...”

ထိုခေါင်းဆောင်သည် လင်းဖန်ကို ၎င်းတို့အဖွဲ့ထဲသို့ ဝင်ရောက်ရန် စည်းရုံးသည့်အနေဖြင့် စိတ်ဓာတ်တက်ကြွဖွယ် စကားများကို ပြောကြားနေလေသည်။

လင်းဖန်ကမူ ပခုံးကိုသာ သာမန်ကာလျှံကာ တွန့်ပြလိုက်လေသည်။

သူသည် ဤကဲ့သို့သော အခြေအနေများကို မြင်တွေ့ဖူးလှပြီ ဖြစ်သည်။

အာဏာရရှိသွားသောအခါ ကတိများကို ဖျက်ဆီးပစ်တတ်ကြသည်မှာ ထုံးစံပင်ဖြစ်သည်။

ထို့အပြင် ၎င်းတို့က သတ္တုတွင်းလုပ်သားများအား ဆက်ဆံနေပုံကို ကြည့်ရုံဖြင့်ပင် ၎င်းတို့သည် အပျော်တမ်းအဆင့်သာ ရှိသေးကြောင်း သိသာလှပေသည်။

၎င်းတို့သည် ခဏတာမျှပင် ဟန်ဆောင်ရန် စိတ်ကူးမရှိကြချေ။

လင်းဖန်က ဆက်လက်ပြောကြားလိုက်သည်။

“စလိုက်ရအောင်... ငါ့မှာ တစ်နေကုန် အချိန်မရှိဘူး...”

နောက်တစ်စက္ကန့်တွင် လင်းဖန်သည် ကင်းစောင့်တစ်ဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလိုက်သည်။

ထိုဖြစ်စဉ်က မြန်ဆန်လွန်းလှသဖြင့် ကင်းစောင့်သည် နာကျင်စွာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။

လင်းဖန်၏ လက်သီးချက်ကြောင့် ကင်းစောင့်၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားခဲ့ရလေသည်။

ဘုန်း…

ထိုကင်းစောင့်သည် မြေပြင်ပေါ်သို့ ချက်ချင်းပင် လဲကျသွားခဲ့သည်။

လင်းဖန်သည် ကင်းစောင့်များကိုရင်ဆိုင်ရန် သူ၏ခွန်အားကို လျှော့ချထားခြင်း ဖြစ်သည်။

သူသာ အစွမ်းအစအပြည့်ကို အသုံးပြုလိုက်ပါက ၎င်းတို့ကို ခြောက်လှန့်မောင်းထုတ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထိုအုပ်စု၏ခေါင်းဆောင်သည် ပျာယာခတ်သွားရင်း အမိန့်ပေးလိုက်သည်။

“သူ့ကို သွားဖမ်းစမ်း... သူ့ကို ဝိုင်းထားပြီး နောက်ကျောကနေ တိုက်ခိုက်ကြ...”

ကင်းစောင့်များက သူ၏အမိန့်အတိုင်း လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင်လှည့်ထွက်ကာ ထွက်ပြေးသွားလေသည်။

လင်းဖန်သည် ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်ကို ထိုခေါင်းဆောင် သိရှိလိုက်သည်။

ပုံမှန်စိတ်ရှိသော မည်သူမဆို မိမိတို့အား တစ်ဦးတည်း လာရောက်စိန်ခေါ်ရဲပါမည်နည်း။

၎င်းတို့သည် လင်းဖန်အား မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ကင်းစောင့်များက လင်းဖန်ကို ဝိုင်းရံထားကြစဉ် သတ္တုတွင်းလုပ်သားများသည် ကြောက်ရွံ့စွာဖြင့် အသက်ရှူမှားနေကြသည်။

မိမိတို့အတွက် အသက်စွန့်ပေးနေသော လင်းဖန်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသော်လည်း မည်သို့မျှ မတတ်နိုင်ကြပေ။

ကင်းစောင့်များ၏ဓားသွားများက လင်းဖန်ထံသို့ နီးကပ်လာသောအခါ သူတို့သည် မျက်စိကိုမှိတ်ထားလိုက်ကြပြီး ဆက်၍ မကြည့်ရဲကြတော့ချေ။

All Chapters