← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄) - ပိုင်လောင်စန်း (၂)

"မင်း သေချင်နေတာပဲ..."

သူသည် အံကြိတ်ကာ တစ်ကိုယ်လုံးရှိအတွင်းအားများကို အဆုံးစွန်အထိစုစည်းလိုက်ပြီး ဤသေတွင်းရှာနေသောလူငယ်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ရန် ပြင်ဆင်လိုက်တော့သည်။

ချင်ယွိချီ၏နောက်ခံမှာ မရိုးရှင်းဘဲ ကန်ခွန်းဓား ချင်မိသားစု၏အရှိန်အဝါမှာလည်း မသေးလှပေ။

အကယ်၍ အစောပိုင်းက သူတကယ်ထွက်ခွာသွားပါက ကိစ္စမရှိသော်လည်း ယခုကဲ့သို့ အန္တရာယ်များသောလှည့်ကွက်ကို သုံးပြီးမှ ချင်ယွိချီကို လွှတ်ပေးလိုက်လျှင် ယင်ဖုန်းစခန်းအတွက် ပြဿနာကြီးမားသွားပေလိမ့်မည်။

ထို့ကြောင့် သူ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရပေမည်။

ဘုန်း...

အမှန်တကယ်ပင် မြန်ဆန်လှပေသည်။

ရှုံးနိမ့်မှုမှာ အလွန်ပင် မြန်ဆန်လှချေသည်။

အရိုးထဲအထိ အေးစိမ့်သွားစေသော အတွင်းအားတစ်ခုမှာ မည်သည့်ကျိုးကြောင်းဆင်ခြင်မှုကိုမျှ ဂရုမစိုက်ဘဲ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်တိုးဝင်လာတော့သည်။

သူ၏အတွင်းအားမှာ ထိုစွမ်းအား၏ရှေ့မှောက်တွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကဲ့သို့ တစ်ချက်မျှပင် မခုခံနိုင်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးကြောများကို ဖျက်ဆီးကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။

ထို့နောက်...

သူသည် ဗုန်းခနဲမြည်ဟည်းသံကို ခပ်ရေးရေးကြားလိုက်ရ၏။

ထို့နောက်တွင်မူ သူသည် မည်သည့်အရာကိုမျှ မသိရှိတော့ပေ။

သို့သော် ဘေးလူများ၏အမြင်တွင်မူ ထိုအပြာရောင်ဝတ်ဓားသမားနှင့် ပိုင်လောင်စန်းတို့ လက်ဝါးချင်း ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ပိုင်လောင်စန်း၏ခန္ဓာကိုယ်ပေါ်တွင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော နှင်းခဲလွှာတစ်ခု ချက်ချင်းဖုံးလွှမ်းသွားသည်ကို မြင်တွေ့လိုက်ရပေသည်။

ထို့နောက် အပြာရောင်ဝတ်ဓားသမား၏ ခြေလှမ်းများမှာ ရပ်တန့်မသွားဘဲ ပိုင်လောင်စန်းမှာမူ ဗုန်းခနဲမြည်ဟည်းသံနှင့်အတူ တစ်ကိုယ်လုံး အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။

ပိုင်လောင်စန်း သေဆုံးခါနီးတွင် ကြားလိုက်ရသောအသံမှာ သူ၏ခန္ဓာကိုယ်ကြီး အပိုင်းပိုင်းအစစ ကွဲကြေသွားသောအသံပင် ဖြစ်ချေသည်။

တစ်ခဏအတွင်း တစ်ကွင်းလုံး တိတ်ဆိတ်သွားရတော့သည်။

ကံဆိုးလှသော လူအချို့မှာ ပိုင်လောင်စန်း၏ခန္ဓာကိုယ် အပိုင်းအစများနှင့် ရိုက်မိသဖြင့် သွေးများအန်ထုတ်ကာ ဝေးလံသောနေရာသို့ လွင့်စင်သွားကြ၏။

ချင်ယွိချီ၏ မူးဝေနေသောဦးနှောက်မှာလည်း ဤအချိန်တွင် အတော်ပင် ကြည်လင်သွားတော့သည်။

သူမသည် မလှမ်းမကမ်းတွင် ရပ်နေသော အပြာရောင်ဝတ်ဓားသမားကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိပြီး...

နှလုံးသားထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာတော့သည်။

မလှမ်းမကမ်းရှိ မြင်းပေါ်မှ အခြားအမျိုးသားနှင့် အမျိုးသမီးမှာမူ ဤရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် တုန်လှုပ်သွားရပြီး မည်သို့တုံ့ပြန်ရမည်ကိုပင် မေ့လျော့နေကြချေသည်။

သူတို့သတိပြန်ဝင်လာချိန်တွင် မတွေ‌ဝေတော့ဘဲ မြင်းခေါင်းကိုလှည့်ကာ ချက်ချင်းထွက်ပြေးရန် ပြင်ဆင်လိုက်ကြတော့သည်။

သို့သော် နောက်ကျသွားပြီဖြစ်၏။

ချူချင်းသည် လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီး ထိုလူနှစ်ဦးကို လေဟာနယ်ထဲမှလှမ်း၍ ဖမ်းဆုပ်လိုက်၏။

အတွင်းအားများ ဝုန်းခနဲထွက်ပေါ်လာပြီး လူရိပ်နှစ်ခုမှာ မတတ်သာဘဲ ချူချင်း၏လက်ဝါးထဲသို့ ရောက်ရှိသွားကာ တစ်ယောက်တစ်ဖက် လည်ပင်းညှစ်ခံလိုက်ရပြီး အတွင်းအားများ တိုးဝင်သွားသဖြင့် လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ပစ်ချခြင်း ခံလိုက်ရတော့သည်။

"ပြေး... ပြေးကြတော့..."

မည်သူအော်ဟစ်လိုက်သည်ကို မသိရပေ။

ကျန်ရှိနေသော တောင်ပေါ်ဓားပြများမှာ ချက်ချင်းပင် ထိတ်လန့်တကြား ထွက်ပြေးသွားကြတော့သည်။

ချူချင်း၏မျက်ဝန်းများမှာ အေးစက်စူးရှသွားပြီး ဓားကိုဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

လက်ဖက်ရည်တစ်ခွက်စာအချိန်အတွင်းမှာပင် နောက်ဆုံးအလောင်းကို ချူချင်းကဆွဲယူလာပြီး ထိုမြို့နယ်မှူး၏တံခါးရှေ့သို့ ပစ်ချလိုက်တော့သည်။

မြို့နယ်မှူးသည် ချူချင်းကိုကြည့်ကာ သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပေသည်။

သူသည် ခြေထောက်များပျော့ခွေနေသဖြင့် မတ်တတ်မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရတော့သည်။

ချူချင်း၏အကြည့်များမှာ သူ့အပေါ်မှဖြတ်သန်းသွားပြီး ထိုအမျိုးသားနှင့် အမျိုးသမီး၏ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။

"ဖြေဆေး..."

ဒါက သူတို့ ချူချင်းစကားပြောသည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်ပေသည်။

ဤလူပေါ်လာသည့်အချိန်မှစ၍ ယခုအချိန်အထိ စကားတစ်ခွန်းမျှမပြောဘဲ ပိုင်လောင်စန်းနှင့် သူတို့ခေါ်ဆောင်လာသော ညီအစ်ကို ဆယ်ဂဏန်းကျော်ကို အကုန်အစင်သတ်ဖြတ်ခဲ့ပြီး သူတို့နှစ်ဦးတည်းကိုသာ ချန်ထားခဲ့ခြင်း ဖြစ်ချေသည်။

ထို့ကြောင့်ပင် ထိုစကားလုံးနှစ်လုံးက သူတို့၏စိတ်ထဲတွင် ပိုမိုစွဲထင်သွားစေတော့သည်။

ထိုအမျိုးသားက တုံ့ပြန်မှု အနည်းငယ်မြန်ဆန်သွားပြီး ပိုင်လောင်စန်း၏ခန္ဓာကိုယ်အပိုင်းအစများကို လက်ညှိုးထိုးပြလိုက်သည်။

"သခင်လေး... သခင်လေးသုံးရဲ့ကိုယ်ပေါ်မှာ ရှိပါတယ်..."

ချူချင်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသူကလည်း သခင်လေးသုံးဟုအခေါ်ခံရရန် ထိုက်တန်သလော။

"ရှာစမ်း..."

ချူချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ထိုအမျိုးသားမှာ ချက်ချင်းပင်လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိသွားတော့သည်။

သူ၏ ပထမဆုံးအတွေးမှာ ထွက်ပြေးရန် ဖြစ်ပြီး...

ဝေးနိုင်သမျှ ဝေးဝေးသို့ပြေးကာ စိန့်တောက်ထန်၏နယ်မြေထဲမှ ထွက်ပြေးပြီး ယင်ဖုန်းစခန်းသို့လည်း ဘယ်တော့မှပြန်မသွားတော့ရန် ဖြစ်၏။

ဤတစ်သက်တွင် ထိုဓားသမားနှင့် နောက်တစ်ခါမျှမတွေ့ဆုံချင်တော့ပေ။

သို့သော် သူ မဝံ့ရဲပေ။

အစောပိုင်းက လူများမှာလည်း အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်ပေသည်။

နောက်ဆုံးတွင် မည်သို့သောအဆုံးသတ်မျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကိုလည်း သူမြင်တွေ့ခဲ့ရပြီး ဖြစ်ချေသည်။

ထို့ကြောင့် သူသည် ပိုင်လောင်စန်း၏ခန္ဓာကိုယ်ကိုသာ ရိုးရိုးသားသား ရှာဖွေရတော့သည်။

ချူချင်းက ထိုအမျိုးသမီးကိုကြည့်လိုက်ရာ အမျိုးသမီး၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

"မ... မသတ်ပါနဲ့... ရှင် ခိုင်းတာမှန်သမျှ ကျွန်မ အကုန်လုပ်ပါ့မယ်..."

"ကောင်းပြီ..."

ချူချင်းက ခေါင်းညိတ်လိုက်ပြီး မြို့နယ်မှူးကို ကြည့်လိုက်သည်။

"သူတို့ မင်းကိုပေးထားတဲ့အဆိပ်ကို ထုတ်ပေးစမ်း..."

"ဟုတ်ကဲ့..."

မြို့နယ်မှူးသည် တုန်လှုပ်သွားပြီး မတ်တတ်ရပ်ရန်ကြိုးပမ်းသော်လည်း ခြေထောက်များပျော့ခွေနေသဖြင့် မည်သို့မျှ မတ်တတ်မရပ်နိုင်တော့ပေ။

သူသည် ချူချင်း၏ရှေ့မှောက်သို့ တွားသွားကာ အတွင်းအိတ်ထဲမှ ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်၏။

ထို့နောက် ချူချင်းကို ပြောဆိုလိုက်သည်။

"သခင်လေး သတိထားပါ... ဒီအဆိပ်က အရမ်းပြင်းတယ်... နည်းနည်းလေးပဲ သုံးရင်တောင် လူကို ပျော့ခွေသွားစေပြီး အားအင်တွေ ကုန်ခမ်းသွားစေနိုင်ပါတယ်..."

"ယင်ဖုန်းစခန်းရဲ့ဖြေဆေးမရှိရင် လုံးဝမဖြေနိုင်ပါဘူး..."

ချူချင်းက စကားမပြောဘဲ ထိုပုလင်းငယ်ကိုလှမ်းယူလိုက်ပြီး ပုလင်းဆို့ကိုဖွင့်ကာ အဆိပ်အနည်းငယ်ကို တို့ယူလိုက်ပြီး ထိုအမျိုးသမီးကို ကြည့်လိုက်သည်။

"ပါးစပ်ဟစမ်း..."

အမျိုးသမီးသည် ချူချင်း၏ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် ချက်ချင်းပင်ပါးစပ်ဟပေးလိုက်ပြီး ချူချင်းက ပုလင်းဆို့ပေါ်ရှိဆေးမှုန့်များကို သူမ၏ပါးစပ်ထဲသို့ ထည့်သွင်းပေးသည်ကို ခံယူလိုက်ကာ လျှာကိုဆန့်ထုတ်၍ ပုလင်းဆို့ကိုပင် လျက်လိုက်သည်။

ချူချင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲမသွားသော်လည်း ထိုပုလင်းဆို့ကို အနည်းငယ် ရွံရှာစွာကြည့်လိုက်ပြီးနောက် အတွင်းအိတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။

ဤအရာက ပစ္စည်းကောင်းတစ်ခု ဖြစ်ပေသည်။

လူ၏အရိုးအဆစ်များကို ပျော့ခွေသွားစေပြီး အတွင်းအားကို အသုံးမပြုနိုင်အောင် တားဆီးပေးနိုင်သဖြင့် မည်မျှပင် သိုင်းပညာမြင့်မားပါစေ ဤနေရာတွင် လဲကျသွားရပေလိမ့်မည်။

သူ၏လက်ရှိသိုင်းပညာမှာ အလွန်မြင့်မားနေပြီဖြစ်သဖြင့် ဤကဲ့သို့သော အောက်တန်းကျသည့် နည်းလမ်းများကို အသုံးပြုရန် မလိုအပ်သော်လည်း...

သို့သော် နည်းလမ်းဟူသည် ငွေကြေးကဲ့သို့ပင်ဖြစ်သဖြင့် ချူချင်းအနေဖြင့် မည်သည့်အခါမျှ ငြင်းပယ်မည် မဟုတ်ပေ။

ဤပုလင်းဆို့က အနည်းငယ် ရွံရှာဖွယ်ကောင်းသော်လည်း ဤအရာက ကိစ္စအသေးအဖွဲသာဖြစ်သဖြင့် နောင်တွင် အသစ်တစ်ခုလဲလှယ်လိုက်ရုံသာ ဖြစ်၏။

ထိုစဉ် အစောပိုင်းက အမျိုးသားမှာ ကြွေပုလင်းတစ်လုံးကို ကိုင်ဆောင်ကာ ရှေ့သို့ရောက်ရှိလာတော့သည်။

"သခင်... သခင်လေး... ဒါ... ဒါက ဟွမ်ချွမ်ဆေးမှုန့်ရဲ့ဖြေဆေးပါ..."

'ဟွမ်ချွမ်ဆေးမှုန့်...'

ချူချင်းသည် ထိုအမည်ကို မှတ်သားထားလိုက်ပြီးနောက် ပုလင်းကိုဖွင့်လိုက်၏။

ပုလင်းထဲတွင် ဆေးလုံးငယ်လေးများရှိနေပြီး ဤပုလင်းထဲတွင် ဆေးလုံးပေါင်းနှစ်ဆယ်ကျော်ရှိကာ တစ်လုံးချင်းစီမှာ ဆန်စေ့ခန့်အရွယ်အစား ရှိချေသည်။

သူ ခေါင်းကိုမော့ကာ ထိုအမျိုးသားကို ကြည့်လိုက်ရာ အမျိုးသားမှာ မှင်တက်သွားပြီးနောက် ချက်ချင်းပင် နားလည်သွားတော့သည်။

"တစ်လုံးတည်းပါ..."

ချူချင်းက ဆေးတစ်လုံးကိုထုတ်ယူလိုက်ပြီး ထိုအမျိုးသမီးကို ကြည့်လိုက်၏။

အမျိုးသမီးက နားလည်သွားသဖြင့် ချက်ချင်းပင် ပါးစပ်ဟလိုက်သည်။

ချူချင်းက လက်ညှိုးဖြင့်တောက်လိုက်ရာ ဖြေဆေးမှာ သူမ၏ပါးစပ်ထဲသို့ ကျရောက်သွားတော့သည်။

သူမသည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ တိုက်ရိုက်မျိုချလိုက်၏။

တစ်ခဏအကြာတွင် သူမသည် အားအင်များပြန်လည်ရရှိလာပြီး သတိကြီးစွာဖြင့် ထိုင်လိုက်တော့သည်။

ချူချင်းက ဤအရာကိုမြင်သောအခါ ခေါင်းညိတ်လိုက်ပြီး ဆေးပုလင်းကို ဝမ်ရိုဆီသို့ ပစ်ပေးလိုက်၏။

ဝမ်ရိုက ဆေးတစ်လုံးကိုထုတ်ယူကာ ချင်ယွိချီ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပေသည်။

ချင်ယွိချီသည် အစောပိုင်းက ဖြစ်ပျက်သွားသည်ကို မြင်တွေ့ခဲ့ရသဖြင့် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ဖြေဆေးကို မျိုချလိုက်တော့သည်။

တစ်ခဏအကြာတွင် သူမသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး မတ်တတ်ရပ်ကာ ချူချင်းကို လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

"ကယ်တင်ပေးတဲ့အတွက် ဒီကသခင်လေးကို အထူးပဲ ကျေးဇူးတင်ပါတယ်..."

ချူချင်းက သူမကိုတစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

"ကန်ခွန်းဓား ချင်မိသားစုက လူတစ်ယောက်က ဘာလို့ ဒီကိုရောက်နေရတာလဲ..."

သူ၏အသံမှာ အနည်းငယ်အေးစက်နေသဖြင့် ချင်ယွိချီအား သတိထားမိသွားစေသော်လည်း ချူချင်းက သူမကိုကယ်တင်ခဲ့သည်ကို ထောက်ထား၍ ဆက်လက်ပြောဆိုလိုက်တော့သည်။

"အမှန်အတိုင်းပြောရရင် ရှင်တောက်အန်းကကျင်းပမဲ့ ထျန်းရှာရီဖင်ညီလာခံကို ကျွန်မ ဖိတ်ကြားခံရလို့ သွားနေတာပါ..."

"ဒီကိုရောက်လာရတာကတော့... လူတစ်ယောက်ကို ရှာပြီး ပစ္စည်းတစ်ခုပြန်ယူဖို့ပါ..."

"ဘယ်သူလဲ..."

ချူချင်းက ထပ်မံမေးမြန်းလိုက်သည်။

"..."

ဤမေးခွန်းမှာ အနည်းငယ် စည်းကျော်လွန်းလှသည်။

ချင်ယွိချီသည် ချူချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။

"မြေတိုးကြွက် လျိုဝူပါ..."

မြေတိုးကြွက် လျိုဝူ...

သူသည် ကျန်းဟူလောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားသောသူခိုးတစ်ဦး ဖြစ်ပေသည်။

ခြံဝင်းအတွင်းရှိ မြေအောက်အချုပ်ခန်းထဲမှ ထိုကြွက်မျက်လုံးနှင့်အမျိုးသားကို ပြန်လည်တွေးတောမိရင်း ချူချင်းက မျက်ခုံးပင့်လိုက်သည်။

"မင်းရဲ့ပစ္စည်းကို သူခိုးသွားတာလား..."

ဒါက သိလျက်နှင့်မေးခြင်း ဖြစ်၏။

ချင်ယွိချီက ခေါင်းညိတ်လိုက်သည်။

"ရှင်တောက်အန်းကို သွားတဲ့လမ်းမှာ... အမှတ်မထင် ဒီလူခိုးနေတာကိုတွေ့ခဲ့ရလို့ တမင်တကာ ဟာကွက်ပြခဲ့ပြီး သူခိုးသွားအောင် လုပ်ခဲ့တာပါ... ဒါမှ သူ့ခြေရာနောက်ကိုလိုက်ပြီး ဖမ်းလို့ရမှာမို့လို့လေ..."

"ဒါပေမဲ့ အဲဒီကောင်ရဲ့ကိုယ်ဖော့သိုင်းက အ‌တော်လေးမြင့်မားပြီး လှုပ်ရှားမှုတွေကလည်း ဆန်းကြယ်လွန်းလို့ ကျွန်မ ချက်ချင်းမမီခဲ့ဘူး..."

"ကံကောင်းတာက ကျွန်မပစ္စည်းပေါ်မှာ လှည့်ကွက်တစ်ခု လုပ်ထားခဲ့တယ်..."

သူမက ပြောရင်းနှင့် သေတ္တာငယ်လေးတစ်ခုကို ထုတ်ယူလိုက်ပေသည်။

"ဒီထဲကပစ္စည်းက ပညာရှင်ကြီးတစ်ဦး ပေးထားတာပါ... ပစ္စည်းရှိတဲ့နေရာကို ရှာဖွေနိုင်ပြီး ပစ္စည်းရှိတဲ့ဘက်ကို ချိန်လိုက်ရင် အသံထွက်လာလိမ့်မယ်..."

ရှူး... ရှူး... ရှူး... ရှူး... ရှူး...

ထိုသေတ္တာလေးကို ချူချင်းဆီသို့ ချိန်ရွယ်လိုက်သည့် တစ်ခဏတွင်ပင် အသံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

ချင်ယွိချီသည် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကာ ချူချင်းကိုကြည့်လိုက်သည်။

"အာ…”

All Chapters