← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉) - ဆေးနှင့် လူသား (၁)

လျှို့ဝှက်လမ်းကြောင်းထဲသို့ ချူချင်းနှင့်ဝမ်ရိုတို့ လှမ်းဝင်လိုက်ကြလေသည်။ ပထမခေါင်းဆောင်မှာမူ လမ်းပြမီးအိမ်သဖွယ် ချူချင်း၏လက်ထဲတွင် အကိုင်ခံထားရချေသည်။

ချင်ယွိချီကမူ အပြင်ဘက်မှအခြေအနေကို စောင့်ကြည့်ကူညီရန်အတွက် လျှို့ဝှက်လမ်းကြောင်း၏အပြင်ဘက်တွင် ကျန်ရစ်ခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်လမ်းကြောင်းအတွင်းရှိ အခြေအနေကို ပထမခေါင်းဆောင်မှလွဲ၍ မည်သူမျှမသိရှိကြသောကြောင့် ဖြစ်ပေသည်။

အကယ်၍ သူက လှည့်ကွက်တစ်ခုခုသုံးကာ ချူချင်းနှင့်ဝမ်ရိုတို့ကို ပိတ်လှောင်ရန်ကြံစည်ခဲ့ပါက အပြင်ဘက်တွင် ကျန်ရစ်ခဲ့သောချင်ယွိချီက တစ်စုံတစ်ရာ ကူညီဖြေရှင်းပေးနိုင်မည် ဖြစ်ပေသည်။

လျှို့ဝှက်လမ်းကြောင်းမှာ အောက်ဘက်သို့ဦးတည်နေပြီး ခရုပတ်လှေကားတစ်ခု ရှိနေချေသည်။

ဘေးတစ်ဖက်တစ်ချက်တွင် လမ်းကိုလင်းထိန်စေရန် မီးအိမ်များကို ထွန်းညှိထားလေသည်။

တစ်ခဏမျှ လျှောက်လှမ်းပြီးနောက် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားကြတော့သည်။

ဤနေရာသို့ရောက်သောအခါ ဝမ်ရိုတင်မကဘဲ ချူချင်းပင်လျှင် ပြင်းထန်လှသောသွေးညှီနံ့ကို ရရှိလိုက်လေသည်။

ရှေ့တွင်လမ်းနှစ်လမ်းရှိပြီး သွေးညှီနံ့မှာ ဘယ်ဘက်လမ်းမှထွက်ပေါ်နေခြင်း ဖြစ်ပေသည်။

ချူချင်းက ပထမခေါင်းဆောင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ဒီဘက်မှာ ဘာရှိတာလဲ..."

သူ၏နှုတ်ခမ်းများတုန်ရီသွားသော်လည်း အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှမထွက်လာဘဲ နေလေသည်။

ထို့ကြောင့် ချူချင်းက သူ့ကိုဆွဲကိုင်ကာ ထိုလမ်းအတိုင်း လျှောက်လှမ်းသွားလိုက်တော့သည်။ လမ်းမှာ သိပ်မရှည်လှသဖြင့် မကြာမီပင် ကျယ်ဝန်းသောနေရာတစ်ခုသို့ ရောက်ရှိသွားကြချေသည်။

သို့သော် မြင်လိုက်ရသောမြင်ကွင်းကြောင့် ဘဝနှစ်ခုစာ အတွေ့အကြုံရှိသောချူချင်းပင်လျှင် မျက်ဝန်းများကျဉ်းမြောင်းသွားရလေသည်။

ဝမ်ရိုပင်လျှင် သူမ၏ အေးစက်စက်မျက်နှာထားကို ဆက်လက်မထိန်းသိမ်းနိုင်တော့ဘဲ ပါးစပ်အနည်းငယ်ဟသွားကာ မျက်နှာတစ်ခုလုံးဖြူလျော်သွားပြီး ပျို့အန်ချင်စိတ်ကို အောင့်အီးထားရချေသည်။

ဂူတစ်ခုလုံး၏အလယ်တွင် မြေပြင်ကို စတုရန်းပုံစံပြုပြင်ထားပြီး မြေဆီလွှာကောင်းများဖြန့်ခင်းကာ စိုက်ပျိုးမြေလေးကွက် ပြုလုပ်ထားသည်ကို တွေ့လိုက်ရချေသည်။

စိုက်ပျိုးမြေများကြားတွင် ရေမြောင်းများ ဖောက်လုပ်ထားသော်လည်း ထိုမြောင်းများထဲတွင် စီးဆင်းနေသည်မှာ ရေမဟုတ်ဘဲ သွေးများဖြစ်နေချေသည်။

အလောင်းများစွာမှာ ပင့်ကူဥများကဲ့သို့ ဂူမျက်နှာကြက်တွင် ပြည့်နှက်စွာဇောက်ထိုးဆွဲခံထားရပြီး ၎င်းတို့၏ခန္ဓာကိုယ်မှသွေးများမှာ အောက်သို့စီးကျကာ သွေးမြောင်းများထဲသို့ စုဆုံပြီး စိုက်ပျိုးမြေတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

ဤစိုက်ပျိုးမြေတွင် မည်သည့်အရာကို စိုက်ပျိုးထားသည်ကိုမူ ချူချင်းမသိပေ။

အဘယ်ကြောင့်ဆိုသော် ပင်စည်ပိုင်း တစ်ဝက်ခန့်သာကျန်ရှိတော့ပြီး အပေါ်မှအသီးအပွင့်များကို တစ်စုံတစ်ဦးက ခူးဆွတ်သွားပုံရသောကြောင့် ဖြစ်ပေသည်။

ချူချင်းက ထိုအလောင်းများကို တစ်ခုပြီးတစ်ခုကြည့်လိုက်ပြီးနောက် လက်ထဲမှပထမခေါင်းဆောင်ကိုကြည့်ကာ မေးလိုက်သည်။

"ဒါက ဘာသဘောလဲဆိုတာ ရှင်းပြစမ်း..."

သူက ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်လည်း အမိန့်အတိုင်းလုပ်ရတာပါ... အဲဒီလူက ကျွန်တော့်ကို မျိုးစေ့တွေပေးပြီး ယင်ဖုန်းစခန်းထဲမှာ စိုက်ခိုင်းတာ..."

"ဒီမျိုးစေ့တွေက အလင်းရောင်နဲ့ မထိတွေ့ရဘူး... မဟုတ်ရင် သေသွားလိမ့်မယ်..."

"သိုင်းလောကက ကျွမ်းကျင်ပညာရှင်တွေ ဒါမှမဟုတ် သွေးစွမ်းအား ကောင်းမွန်တဲ့လူငယ်တွေရဲ့သွေးတွေနဲ့ပဲ လောင်းရတယ်... ရေနဲ့ထိရင်လည်း ပျက်စီးသွားတတ်တယ်..."

"ပန်းပွင့်ပြီးရင် ထွက်လာတဲ့အသီးတွေက သွေးလိုပဲ ရဲရဲနီပြီးတောက်ပနေတာ..."

"တစ်နှစ်ကို နှစ်ကြိမ် ရိတ်သိမ်းလို့ရတယ်…”

“မကြာသေးခင်ကတင် ရိတ်သိမ်းလို့ပြီးသွားတာ... မနေ့က အဲဒီလူ ဒီကိုလာတာက အကျဉ်းခန်းထဲကလူကို တွေ့ဖို့တင်မကဘဲ အဲဒီအသီးတွေကို ယူသွားဖို့လည်း ပါတယ်..."

ချူချင်းက သက်ပြင်းကိုညင်သာစွာ ချလိုက်မိသည်။ ယင်ဖုန်းစခန်းက အဘယ်ကြောင့် ငွေကြေးတင်မကဘဲ လူများကိုပါ လိုချင်နေရသည်ကို သူနားလည်သွားခဲ့ပြီ ဖြစ်ပေသည်။

ငွေကြေးကလည်း အသုံးဝင်သကဲ့သို့ လူများကလည်း အသုံးဝင်နေခြင်း ဖြစ်ပေသည်။

ချူချင်းက အေးစက်စွာ မေးလိုက်သည်။

"ဒီအသီးကို ဘာလိုခေါ်လဲဆိုတာ မင်းသိလား... သူတို့က ဒါကိုယူပြီးဘာလုပ်ကြတာလဲ..."

သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"အဲဒီအသီးနာမည်ကိုတော့ ကျွန်တော် မသိဘူး…”

“ဒါပေမဲ့ သူ့ရဲ့အရောင်က သွေးလိုရဲနေပြီး ကြည်လင်နေတာကြောင့် ကျွန်တော်တို့ကတော့ သွေးသီးလို့ပဲ ခေါ်ကြတယ်..."

"အဲဒီလူပြောတာတော့ ဒီအသီးကို အဓိကဆေးဖက်ဝင်ပစ္စည်းအဖြစ်သုံးပြီး 'သွေးနတ်ဘုရားဆေးလုံး'လို့ခေါ်တဲ့ ဆေးလုံးကို ဖော်စပ်နိုင်တယ်တဲ့..."

"ဒီဆေးလုံးမှာ အာနိသင်နှစ်မျိုးရှိတယ်... ပုံမှန်အချိန်မှာ ရေထဲဖျော်ပြီးသောက်မယ်ဆိုရင် သွေးစွမ်းအားကိုတိုးတက်စေပြီး ကျင့်ကြံမှုကိုမြှင့်တင်ပေးနိုင်တယ်..."

"အရေးကြီးတဲ့အချိန်ကျရင်တော့ တစ်ခါတည်းမျိုချလိုက်ရုံနဲ့ အတွင်းအားနဲ့ ခန္ဓာကိုယ်စွမ်းအားကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်တယ်..."

ချူချင်းက မေးလိုက်သည်။

"ဒီလောက်အခြေအနေအထိ အသေးစိတ် သိနေတာလား..."

ပထမခေါင်းဆောင်က ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲဒီလူက ကျွန်တော့်ကို သွေးနတ်ဘုရားဆေးလုံးတချို့ပေးဖူးပြီး ဒီဆေးရဲ့အသုံးဝင်ပုံကို အသေးစိတ်ပြောပြဖူးလို့ပါ..."

"ပြီးတော့ ကျွန်တော်သာ စကားနားထောင်ရင် နောင်ကျရင် သွေးနတ်ဘုရားဆေးလုံးတချို့ ထပ်ခွဲပေးပြီး ကျွန်တော့်ကို တကယ့်သိုင်းပညာရှင်တစ်ယောက်ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ်..."

ခုခံရန် လုံးဝလက်လျှော့လိုက်ပုံရပြီး ချူချင်း၏မေးခွန်းများကို တုံ့ဆိုင်းမှုမရှိဘဲ ဖြေကြားနေချေသည်။

ဝမ်ရိုက ဤစကားကိုကြားသောအခါ မနေနိုင်ဘဲ မေးလိုက်သည်။

"မင်းမှာ သွေးနတ်ဘုရားဆေးလုံးရှိနေတာကို စောစောက ဘာလို့မသုံးခဲ့တာလဲ..."

ပထမခေါင်းဆောင်က ချူချင်းကို အားကိုးရာမဲ့စွာကြည့်ရင်း ပြောလိုက်သည်။

"မသုံးလိုက်ရသေးခင်မှာတင်..."

ချူချင်းက ပြုံးရင်း မေးလိုက်သည်။

"မင်းကိုယ်ပေါ်မှာ တကယ်ရှိနေတာလား..."

ချူချင်းက ဆက်ပြောလိုက်သည်။

"ထုတ်ပြစမ်း..."

သူက ရင်ဘတ်ထဲသို့ လက်နှိုက်ကာ ဆေးပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။

၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ဆေးလုံးတစ်လုံးသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။ လက်ထဲသို့သွန်ချလိုက်ပြီး ဂူအတွင်းရှိမီးရောင်ဖြင့် ကြည့်လိုက်သောအခါ သွေးနတ်ဘုရားဆေးလုံးမှာ ရဲရဲနီနေသော်လည်း သွေးနှင့်မတူဘဲ ဟင်္သာပြဒါးရောင်နှင့် ပို၍တူနေချေသည်။

ဆေးလုံးတွင် သွေးညှီနံ့လုံးဝမရှိဘဲ မွှေးပျံ့သောရနံ့တစ်ခုသာ ထွက်ပေါ်နေလေသည်။

ဤမျှ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် စိုက်ပျိုးထားသော အဓိကဆေးဖက်ဝင်ပစ္စည်းကို အသုံးပြု၍ ဤဆေးလုံးကို ဖော်စပ်ထားရသည်ဟူသည်မှာ ယုံကြည်ရန်ခက်ခဲလှပေသည်။

ချူချင်းက ထိုဂူကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး အခြားလမ်းကြောင်းများ မရှိတော့သည်ကို သေချာစစ်ဆေးပြီးနောက် ပထမခေါင်းဆောင်ကို ခေါ်ဆောင်ကာ အစောပိုင်းက ဆင်းလာခဲ့သောနေရာသို့ ပြန်သွားပြီး အခြားလမ်းတစ်ခုကို ရွေးချယ်လိုက်တော့သည်။

ဤလမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် အခန်းများ ရှိနေချေသည်။

အခန်းများထဲတွင် ယင်ဖုန်းစခန်းက နှစ်ပေါင်းများစွာအတွင်း လုယက်သိမ်းပိုက်ထားသော ရတနာပစ္စည်းများကို ထည့်သွင်းထားလေသည်။

သာမန်ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ပုလဲများနှင့် သန္တာကျောက်များအပြင် အရက်ကောင်းများ၊ လက်နက်များနှင့် အမျိုးသမီးများပင် ရှိနေချေသည်။

အစောပိုင်းက ချူချင်းတစ်ယောက် အပြင်ဘက်တွင် လှည့်ပတ်ကြည့်ရှုစဉ်က ဖမ်းဆီးချုပ်နှောင်ခံထားရသော သာမန်အမျိုးသမီးတချို့ကို တွေ့ခဲ့ရလေသည်။

သို့သော် အပြင်ဘက်ရှိအမျိုးသမီးများနှင့် မတူသည်မှာ ဤနေရာတွင် ဝှက်ထားသော အမျိုးသမီးများက ပိုမိုလှပကြခြင်း ဖြစ်ပေသည်။

သူတို့သည် လူဝင်လာသည်ကိုမြင်သောအခါ အလေ့အထအရမြူဆွယ်ရန် ပြင်ဆင်လိုက်ကြသော်လည်း ပထမခေါင်းဆောင်၏ သနားစဖွယ်အခြေအနေကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားကြတော့သည်။

အချို့က ရူးသွပ်စွာရယ်မောကြပြီး အချို့ကမူ အော်ဟစ်ငိုကြွေးကြကာ အချို့ကမူ ချူချင်း၏ရှေ့တွင် ဒူးထောက်၍ အသက်ဘေးမှကယ်တင်ရန် တောင်းပန်ကြလေသည်။

ချူချင်းက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးလွှဲလိုက်လေသည်။

သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစား အနည်းငယ်သာရှိတော့သဖြင့် အခြေအနေမှာ အလွန်ပင်စိတ်မကောင်းစရာကောင်းလှပေသည်။

ယခုအချိန်တွင် သူတို့ကို လွှတ်ပေးရန်မှာ အနည်းငယ်အခက်အခဲရှိသဖြင့် ခေတ္တမျှစောင့်ဆိုင်းရန် ပြောလိုက်ပြီး အရေးကြီးသောကိစ္စရပ်များကို ဖြေရှင်းပြီးမှသာ လာရောက်ကယ်တင်ရန် ဆုံးဖြတ်လိုက်ချေသည်။

ပထမခေါင်းဆောင်မှာ စကားတစ်ခွန်းမျှမပြောဘဲ ချူချင်းအတွက် ရိုးရိုးသားသားလမ်းပြပေးနေလေသည်။

သူသည် အခြေအနေကို ကောင်းစွာနားလည်သဖြင့် ချူချင်းကို လျှို့ဝှက်လမ်းကြောင်း၏အဆုံးရှိ ဧရာမသံတံခါးကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားလိုက်တော့သည်။

ချူချင်းက ခေါင်းဆောင်ကို မြေပြင်ပေါ်သို့ချပေးလိုက်ရင်း ပြောလိုက်သည်။

"တံခါးဖွင့်စမ်း..."

သူက တုန်တုန်ရီရီဖြင့် ရင်ဘတ်ထဲမှ သော့တစ်ချောင်းကိုထုတ်ယူကာ သော့ပေါက်ထဲသို့ထည့်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ခြေထောက်များပျော့ခွေသွားကာ မြေပြင်ပေါ်သို့လဲကျသွားပြီး ပြောလိုက်သည်။

"ကျွန်တော်... ကျွန်တော့်မှာ အားအင်မရှိတော့ဘူး…”

“သွေးကြောတွေက ရေခဲလိုအေးစက်နေပြီး လှုပ်ရှားလိုက်တိုင်း နာကျင်လွန်းလို့... တကယ်... တကယ်ပဲ မတ်တတ်မရပ်နိုင်တော့ဘူး..."

"သခင်လေး... ကိုယ်တိုင်ပဲ ဖွင့်လိုက်ပါတော့…”

‘ဒါက သော့ပါ..."

သူက ပြောပြောဆိုဆိုဖြင့် သော့ကိုချူချင်းထံသို့ တုန်တုန်ရီရီကမ်းပေးလိုက်လေသည်။

ချူချင်းက ပြုံးလိုက်ပြီး သူ့ကိုဆွဲထူကာ မိမိ၏ရှေ့တွင် ကာကွယ်ထားလိုက်ပြီးမှ သော့ကိုယူ၍ သော့ပေါက်ဆီသို့ ဦးတည်လိုက်ချေသည်။

"နေဦး..."

သော့မှာ သော့ပေါက်ထဲသို့ ဝင်လုနီးပါးဖြစ်နေစဉ် ပထမခေါင်းဆောင်က ရုတ်တရက်အော်ဟစ်တားဆီးလိုက်လေသည်။

ချူချင်း၏ ပြုံးစိစိအသံကထွက်ပေါ်လာသည်။

"အိုး... ခေါင်းဆောင်ကြီးက ဘာများပြောစရာ ကျန်သေးလို့လဲ..."

သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်‌တော့သည်။

All Chapters