← Chapters

အခန်း ၁၂၄

Vol. 9 Ch. 124

အခန်း ၁၂၄

Vol. 9 Ch. 124

အခန်း (၁၂၄) ခင်ပွန်းသည်ကို သတ်ရန် ကျီးကန်းတံတားကို တိတ်တဆိတ် ဖြတ်ကူးခြင်း

ရှေးဟောင်း ခြံဝင်းငယ် အတွင်းရှိ ကံကော်ပင် အချို့မှ ပန်းပွင့်များ တဖွဲဖွဲ ကြွေကျနေပြီး ကျောက်စားပွဲ ပေါ်ရှိ အစိမ်းရောင် ကြွေပန်းကန်လုံး မှ ရေနွေးငွေ့များ အခိုးအငွေ့ ကဲ့သို့ တက်နေကာ အပြာနုရောင် ဂါဝန် အစွန်းလေး သည် စိမ်းပြာရောင် ကျောက်တုံး ခုံပေါ်တွင် ဖြန့်ကျက်ထားပြီး လေနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေလေသည်။

မုန့်ချဲ့ဝေ့ က မျက်ခုံး အနည်းငယ် ပင့်ကာ တံခါးဝသို့ တစ်ချက် ကြည့်လိုက်သော်လည်း ဂရုမစိုက်ပါချေ။

လက်ဖက်ရည်ခွက် ကို ကိုင်လိုက်ချိန်တွင် ကျယ်ဝန်းသော အင်္ကျီလက် က တစ်ဝက်ခန့် လျှောကျသွားပြီး နှင်းခဲကဲ့သို့ ဖြူဖွေးသော လက်ကောက်ဝတ် ကို ပေါ်လွင်စေကာ လက်ချောင်းထိပ်လေးများက ကောင်းကင် အလင်းရောင် အောက်တွင် ဖောက်ထွင်းမြင်ရမတတ် ဖြစ်နေလေသည်။

သူမက မျက်လွှာချကာ ညင်သာစွာ သောက်လိုက်သည့် အခိုက်အတန့်တွင် ချင်းတိုက်က အနောက်တွင် ရပ်နေပြီ ဖြစ်ပြီး ရိုသေစွာ စောင့်ဆိုင်းနေခဲ့လေသည်။

မုန့်ချဲ့ဝေ့ က မိမိဘာသာ ရေသာ သောက်နေပြီး အပြင်ဘက် လောကရှိ မည်သည့် ကိစ္စကမျှ သူမ၏ လှုပ်ရှားမှုကို လွှမ်းမိုးနိုင်ခြင်း မရှိချေ။

အချိန်အတော်ကြာ မှ သူမက လက်ဖက်ရည်ခွက် ကို ဖြည်းညှင်းစွာ ချထားလိုက်ပြီး မျက်လွှာချကာ စားပွဲပြင်ကို ကြည့်နေလေသည်။

"သခင်မလေး မပူဘူးလား"

ချင်းတိုက် က မေးလိုက်လေသည်။

ဤအချိန်တွင် လက်ဖက်ရည်ခွက်၌ ရေခဲများ အရည်ပျော်သွားသဖြင့် ချင်းတိုက်က ပါးစပ်ပိတ်သွားခဲ့လေသည်။

မုန့်ချဲ့ဝေ့က တိတ်ဆိတ်စွာ နေပြီး လျှို့ဝှက်နယ်မြေ ပွင့်လာမည့် အချိန်ကို စောင့်နေခဲ့လေသည်။

ထောင်ချောက် ဆင်ထားပြီးပြီ ဖြစ်သဖြင့် ရလဒ် ကို သိချင်နေလေသည်။

တကယ်ပဲ ရှာတွေ့နိုင်လောက်တယ် လို့ တွေးမိသည်။

အဲဒီအချိန်ကျရင် သူတို့ ဘယ်လို နည်းလမ်း တွေ သုံးမလဲ ဆိုတာကိုလည်း ကြည့်လို့ ရတာပေါ့။

"အဲဒီ ပါရမီရှင်က မကြာသေးခင်က ဘာတွေ လုပ်နေလဲ"

မုန့်ချဲ့ဝေ့ က မေးလိုက်လေသည်။

"ဝူယွင်ဂိုဏ်းမှာပဲ ရှိနေသေးတယ် ကြားရသလောက်တော့ လျှို့ဝှက်နယ်မြေက အစိတ်အပိုင်း တစ်ခု ပွင့်နေပြီ လပိုင်းလောက် နေရင် အပြည့်အဝ ပွင့်တော့မယ် အဲဒီအချိန်ကျရင် လူတွေ အများကြီး ဝင်သွားကြမယ်ဆိုတော့ အသစ်အဆန်း တွေကို စုံစမ်းသိရှိနိုင်လောက်တယ်"

ချင်းတိုက် က မုန့်ချဲ့ဝေ့ အတွက် လက်ဖက်ရည် တစ်ခွက် ထည့်ပေးရင်း ဆက်ပြောလေသည်။

"သခင်မလေးက အဲဒီ လျှို့ဝှက်နယ်မြေထဲကို ဝင်ဖူးတယ် ဆိုတော့ တကယ်ပဲ လျှို့ဝှက် နေရာတွေ ရှိနေတာလား"

"ရှိတယ်"

မုန့်ချဲ့ဝေ့ က ဖြေလိုက်လေသည်။

ထိုစကားကို ကြားသော် ချင်းတိုက် အံ့ဩသွားခဲ့လေသည်။

"ဒါဆို ဘာလို့ သူတို့ကို ဝင်ခွင့်မပြုပြီး အခွင့်အရေးတွေ မယူခိုင်းတာလဲ"

မုန့်ချဲ့ဝေ့ က မဖြေကြားပါချေ။

ထို့နောက် သူမက ကျီးကန်းတံတား နှင့် ပတ်သက်၍ မေးမြန်းလိုက်လေသည်။

"သိပ်ပြီး စုံစမ်းလို့ မရသေးဘူး အခု အင်မော်တယ် ဂိုဏ်း က လူတွေကို စစ်ဆေးနေတယ် သခင်မလေး လည်း အဲဒီအထဲမှာ ပါတယ် မကြာခင် သူတို့ သခင်မလေး အိမ်မှာ ရှိမရှိ လာစစ်ဆေးကြလိမ့်မယ်" ချင်းတိုက် က ပြောလိုက်လေသည်။

ခဏရပ်လိုက်ပြီး သူမက ဆက်ပြောလေသည်။

"အရင်ကတော့ ဖမ်းဆီးထားတဲ့ မိစ္ဆာ လမ်းစဉ်က လူတွေကို အရင် စစ်ဆေးခဲ့တယ် ဒါပေမယ့် ပျောက်နေတာ မရှိသလို ခန္ဓာကိုယ် အစစ် မရှိတာမျိုးလည်း မတွေ့ရဘူး"

"နောက်တစ်ခုက စွမ်းအား အားနည်းနေတာမျိုးလည်း သတိမထားမိဘူး"

"ဒါကြောင့် လူတွေကို ထပ်စစ်ဆေးရတော့တာပဲ"

"ဒါပေမယ့် အဲဒီ အရိုက်ခံရပြီး မေ့မြောသွားတဲ့ နတ်သမီးက လူလွှတ်ပြီး အင်မော်တယ် ဂိုဏ်းကနေ ထွက်သွားခိုင်းလိုက်တယ် အရင်တုန်းက ကျီးကန်းတံတား ရဲ့ နေရာကို သွားရှာခိုင်းတာ"

"ရှာမတွေ့ဖို့ က များပါတယ်"

ခဏရပ်လိုက်ပြီး ချင်းတိုက် က မေးလိုက်လေသည်။

"မျိုးနွယ်စုထဲက မျိုးဆက်သစ် ပါရမီရှင် က ကံကြမ္မာဇယားကို ဝူယွင်ဂိုဏ်း အထိ သွားရှာတယ် ဆိုတော့ ခင်ပွန်းသည်က အဲဒီမှာ မြှုပ်နှံခံထားရတယ်လို့ အဓိပ္ပာယ်ရသလား"

"ဒါဆို ခင်ပွန်းသည်က ဝူယွင်ဂိုဏ်း မှာ အသတ်ခံလိုက်ရတာလား"

"ဒီလိုဆိုရင် နတ်သမီးကို ရိုက်နှိပ်ပြီး မေ့မြောသွားအောင် လုပ်ခဲ့တဲ့ သူက သခင်မလေးများလား"

"ခင်ပွန်းသည်ကို သွားသတ်ဖို့ အထူး လုပ်ခဲ့တာလား"

ပြောပြီးသည်နှင့် ချင်းတိုက်က သခင်မလေး ကို စိုက်ကြည့်နေလေသည်။

သို့သော် သခင်မလေး၏ မျက်နှာပေါ်တွင် မည်သည့် အရာကိုမျှ မတွေ့ရချေ။

အေးစက်သော အကြည့်သာ ရှိလေသည်။

နှမြောစရာ ကောင်းလိုက်တာ မှန်းတာ မမှန်ဘူးပဲ။

မုန့်ချဲ့ဝေ့က ချင်းတိုက် ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"ငါ လိုချင်တဲ့ မိစ္ဆာနတ်ဘုရား ရဲ့ အချက်အလက် တွေကော"

ချင်းတိုက် က အချက်အလက် များကို ချက်ချင်း ထုတ်ပေးကာ ပြောလိုက်လေသည်။

"အင်မော်တယ် ဂိုဏ်းက မိစ္ဆာနတ်ဘုရား လို့ သတ်မှတ်ထားတဲ့ သူတွေက တကယ်တော့ သိပ်မများပါဘူး ဒါပေမယ့် တစ်ယောက်ချင်းစီ တိုင်းက ကြောက်စရာ ကောင်းတဲ့ စွမ်းအား တွေ ရှိကြတယ်"

"တခြား မိစ္ဆာနတ်ဘုရားတွေကတော့ အများကြီး နိမ့်ကျတယ်"

"မကြာသေးခင်က အင်မော်တယ် ဂိုဏ်းက စစ်ဆေးနေတော့ ကျွန်မ အခြေအနေ အရ နာမည်စာရင်းကို မှတ်တမ်းတင်ထားလိုက်တယ်"

"ဒါပေမယ့် ကျွန်မ နည်းနည်း ထူးဆန်းတယ် လို့ ခံစားရတယ် အင်မော်တယ် ဂိုဏ်းက အနက်ရှိုင်းဆုံး နေရာက မိစ္ဆာနတ်ဘုရားတွေကို မစစ်ဆေးဘူး"

"နာမည်စာရင်း ပေါ်က လူတွေကို စစ်ဆေးပြီးရင် အနက်ရှိုင်းဆုံး နေရာကို ဝင်မလား ဆိုတာတော့ မသိဘူး"

"အဲဒီမှာ မိစ္ဆာနတ်ဘုရား ကြီး ဆယ်ပါးထဲက သုံးပါး ကို ဖမ်းဆီးထားတယ် လို့ ကြားတယ်"

မုန့်ချဲ့ဝေ့ က လက်ဖက်ရည်ခွက်ကို မြှောက်ကာ ထပ်မြည်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"အရမ်း ခါးတယ်"

"နည်းနည်း ထပ်စောင့်ပါဦး ချိုမြိန်တဲ့ အရသာ ပြန်ပေါ်လာလိမ့်မယ်"

ချင်းတိုက်က ပြောရင်း လက်ဖက်ရည် တစ်ခွက် ထပ်ထည့်ပေးလိုက်လေသည်။

မုန့်ချဲ့ဝေ့က လက်ဖက်ရည်ခွက် ကို ချထားလိုက်ပြီး ဆက်မသောက်တော့ချေ။

"မကြာသေးခင်က သူတို့ဆီမှာ ကောလာဟလ အသစ် တွေ ထွက်သေးလား"

ချင်းတိုက် က ခေါင်းခါပြလိုက်လေသည်။

လူကို ရှာမတွေ့သေးဘူး၊ ရှာတွေ့ရင် ကောလာဟလ အသစ်တွေ ထွက်လာလောက်တယ်။

မျိုးဆက်သစ် ပါရမီရှင်ဘက်က အခြေအနေ အပေါ်မှာပဲ အပြည့်အဝ မူတည်တော့တယ်။

————

ကျန်းမန် သည် နှစ်ရက်တိုင်တိုင် အချိန်ယူပြီးမှ တစ်ကြိမ် လေ့ကျင့်မှုကို ပြီးမြောက်ခဲ့လေသည်။

ကြယ်ခုနစ်ပွင့် နင်းယွမ်ကျင့်စဉ်မှာ တကယ်ပင် လေ့ကျင့်ရန် ခက်ခဲလှသည်၊ ဤသည်မှာ မှော်လမ်းစဉ် နင်းယွမ်ကျင့်စဉ် ဖြစ်၍ တော်သေးသည်။

အကယ်၍ ဓားလမ်းစဉ် သို့မဟုတ် ခန္ဓာကိုယ်လမ်းစဉ် နင်းယွမ်ကျင့်စဉ်သာ ဆိုလျှင် ဒုက္ခရောက်မည် ဖြစ်သည်။

သူက အခြား လမ်းစဉ်သို့ ပြောင်းလဲ လေ့ကျင့်ရန် စိတ်ကူး လုံးဝ မရှိချေ။

ဤဝိညာဉ်ကျောက်တုံးမျှဖြင့် လုံးဝ မလုံလောက်ပေ။

တစ်ကြိမ် လည်ပတ်ပြီးနောက် ကျန်းမန်သည် ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသော်လည်း ပထမ အကြိမ်သာ ဖြစ်သဖြင့် အခြေခံ အဆင့်သို့ မရောက်သေးချေ။

နောက်တစ်ကြိမ် ဆိုလျှင် အဆင်ပြေလောက်မည် ဖြစ်သည်။

စုစုပေါင်း အဆင့် ဆယ့်သုံးဆင့် ရှိလေသည်။

အမြင့်ဆုံး အဆင့် သို့ ရောက်ရန် မည်သည့် အချိန်အထိ လေ့ကျင့်ရမည်ကို မသိချေ။

ထို့နောက် ကျန်းမန် သည် အခြား အရာများကို မလုပ်တော့ဘဲ ဆက်လက် ကျင့်ကြံတော့သည်။

တစ်ကြိမ် ပြီးနောက်….

ကြယ်ခုနစ်ပွင့် နင်းယွမ်ကျင့်စဉ် အခြေခံ အဆင့်သို့ ရောက်ရှိလေသည်။

လေးကြိမ် ပြီးနောက်

အဆင့်နှစ်

ရှစ်ကြိမ် ပြီးနောက်

အဆင့်သုံး

ကျန်းမန်သည် အဆက်မပြတ် ကျင့်ကြံနေခဲ့သည်၊ အခုမှ စတင် တတ်မြောက်ခြင်း ဖြစ်သဖြင့် တစ်နေ့လျှင် အကြိမ်များစွာ မလေ့ကျင့်နိုင်ချေ။

ကံကောင်းသည်မှာ အမြန်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

နောက်တစ်နေ့

နင်းယွမ်ကျင့်စဉ် အဆင့်ခြောက်

တတိယနေ့

နင်းယွမ်ကျင့်စဉ် အဆင့်ခုနစ်။

ပဉ္စမနေ့

အဆင့်ရှစ်

အဋ္ဌမနေ့

အဆင့်ကိုး

ကျန်းမန် တွက်ကြည့်လိုက်ရာ အချိန်အများအပြား လိုအပ်နေသေးကြောင်း တွေ့ရလေသည်။

အမြန်နှုန်းက တစ်ကြိမ်ပြီး တစ်ကြိမ် မြင့်တက်လာသော်လည်း တိုးတက်မှုမှာလည်း အကန့်အသတ် ရှိလေသည်။

အဆင့်မြင့် နင်းယွမ်ကျင့်စဉ် တစ်ခုကို အဆင့်ဆယ့်သုံး အထိ မြှင့်တင်ရန် သူ၏ ပါရမီဖြင့်ပင် တစ်လခန့် အချိန် ယူရမည် ဖြစ်သည်။

အကယ်၍ ပိုမို အစွမ်းထက်သော အရာများ ဆိုပါက...

မတွေးဝံ့စရာပင်။

သို့သော် သူသည် နတ်ဘုရား ပစ္စည်း အချို့ကို ရှာဖွေပြီး ထိတွေ့ကြည့်နိုင်လေသည်။

ဖြစ်နိုင်လျှင် ပိုမို မြင့်မားသော ပါရမီကို နိုးကြားစေနိုင်မည် ဖြစ်သည်။

အစားအသောက် အနည်းငယ် စားပြီးနောက် ကျန်းမန်သည် ဆက်လက် ကျင့်ကြံရန် ပြင်ဆင်လိုက်လေသည်။

သို့သော် လူတစ်ယောက်က စာတစ်စောင် လာပို့ပေးလေသည်။

ကျန်းမန် အံ့ဩသွားသည်၊ ဤအချိန်တွင် သူနှင့် သက်ဆိုင်သော မည်သည့် ယှဉ်ပြိုင်ပွဲမျှ မရှိသင့်ချေ။

စာအိတ် ကို ဖွင့်ကြည့်လိုက်သောအခါ ကျန်းမန် ကြောင်အမ်းသွားခဲ့လေသည်။

အပေါ်တွင် သူက အိမ်လခ ဝိညာဉ်ကျောက်တုံး ခြောက်ထောင့်သုံးရာ အကြွေး တင်နေသေးကြောင်း ရေးထားလေသည်။

သူ့ကို အမြန်ဆုံး လာရောက် ပေးသွင်းရန်၊ အကယ်၍ ပေးသွင်းပြီးပါက လျစ်လျူရှုထားနိုင်ကြောင်း ရေးထားလေသည်။

ကျန်းမန် တိတ်ဆိတ်သွားခဲ့လေသည်။

လေးသောင်း မှ ခြောက်ထောင့်သုံးရာ နုတ်လိုက်သည်။

သုံးသောင်း သုံးထောင့် ခုနစ်ရာ ကျန်တော့သည်။

အားလပ်ချိန် တွင် ဝိညာဉ်ဆေးပင် ခွဲခြားသိမြင်မှု မှတ်တမ်းကို ဖြည့်စွက်ပြီး ဆရာ့ထံတွင် ဝိညာဉ်ကျောက်တုံး သွားရောက် လဲလှယ်ရဦးမည်။

ဤသည်မှာလည်း ဝင်ငွေ တစ်ခု ဟု သတ်မှတ်နိုင်ပေသည်။

——

ယွင်ချန်ဌာနခွဲ…..

ကောင်းရုံသည် လူများကို ခေါ်ဆောင်ကာ ယွင်ချန်ဌာနခွဲ သို့ ပြန်လာခဲ့လေသည်။

"မင်းတို့မှာ အချိန် လေးရက်လောက် ရှိတယ် လေးရက် နေရင် ဒီနေရာမှာ လာစုရမယ် ငါ မင်းတို့ကို ခေါ်ပြီး ပြန်မယ် တကယ်လို့ အချိန်မီ မရောက်လာရင်တော့ ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာပြီး ပြန်ရတော့မှာပဲ"

ကောင်းရုံက ဖက်တီးလေး တို့ကို ကြည့်ကာ ပြောလိုက်လေသည်။

ဤတစ်ကြိမ် ပြန်လာသူ စုစုပေါင်း လေးယောက်သာ ရှိလေသည်။

ကောင်းရုံက ဓားပျံ ကို စီးနင်းကာ ဖက်တီးလေး၊ လော်ရွှမ် နှင့် ချန်ယွီ တို့ကို ခေါ်ဆောင်လာခြင်း ဖြစ်သည်။

အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။

ဖက်တီးလေး က သူ အရင် ပြန်တော့မည်ဟု ပြောကာ လော်ရွှမ်ကလည်း နှုတ်ဆက်လိုက်လေသည်။

ချန်ယွီကမူ ရိုသေစွာ အရိုအသေပေးပြီးနောက် ယွင်ချန်ဌာနခွဲ အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

ဤသည်က ကောင်းရုံ ကို အနည်းငယ် အံ့ဩသွားစေခဲ့လေသည်။

သို့သော် များများစားစား မတွေးတော့ဘဲ သူလည်း အတွင်းသို့ ဝင်ရောက်ရန် လိုအပ်လေသည်။

တစ်ဖက်လူမှာ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပြီး သူ့အတွက် မည်သည့် သက်ရောက်မှုမျှ မရှိချေ။

အထူးတလည် အလေးထားစရာလည်း မလိုပေ။

သို့သော် မကောင်းသော ရည်ရွယ်ချက်လည်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် ကျန်းမန် နှင့် ကြုံတွေ့ဖူးသဖြင့် သူ့ကို သတိရှိစေခဲ့သောကြောင့် ဖြစ်သည်။

ဤတစ်ကြိမ် ကျန်းမန် တွင် အဆင့်သတ်မှတ်ချက် မရှိသော်လည်း အခြား တစ်ယောက် ဖြစ်သော ဖန်ယုံက အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိသွားပြန်လေသည်။

သူ့ကို သတိထားသင့်သည်ဟု ထင်စေခဲ့လေသည်။

ထောင်ချောက် တစ်ခု ဖြစ်နေမည်ကို စိုးရိမ်မိလေသည်။

ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ဆိုလျှင် သူ နှမြောမိမည် ဖြစ်သည်။

သို့သော် မကြာမီမှာပင် သူ အနည်းငယ် အံ့ဩသွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ထို ချန်ယွီ သည် ယွင်ချန်ဌာနခွဲ ဆရာများ၏ အလုပ်ခန်း သို့ တိုက်ရိုက် ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သူလည်း အတူ လိုက်ဝင်သွားခဲ့လေသည်။

ဤအချိန်တွင် ဖူယိတန်မှာ တိုက်တိုက်ဆိုင်ဆိုင် အတွင်းတွင် ရှိနေပြီး ချန်ယွီ ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားခဲ့လေသည်။

"ချန်ယွီ ဘယ်လိုလုပ် ရောက်လာတာလဲ"

"ဆရာမဖူကို ဂါရဝပြုပါတယ် ကျွန်မက ဌာနမှူးကို လာရှာတာပါ"

ချန်ယွီ က ရိုသေစွာ အရိုအသေပေးလိုက်လေသည်။

"ဌာနမှူး ကို တွေ့ဖို့ မလွယ်ဘူး"

ဘေးရှိ ဆရာ တစ်ဦးက စေတနာဖြင့် ပြောလိုက်လေသည်။

"မင်း အရင်ဆုံး ဘယ်လို အဆင့်အတန်းမျိုးနဲ့ လာတာလဲ၊ ဘာအတွက် လာတာလဲ ဆိုတာကို ပြောပြနိုင်မလား"

ချန်ယွီက အမှတ်အသား ကို ထုတ်ပြလိုက်လေသည်။

အမှတ်အသား ကို မြင်တွေ့လိုက်ရသော အခိုက်အတန့်တွင် ထိုဆရာမှာ ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်လေသည်။

"မမလေးချန် ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

အနောက်မှ ကောင်းရုံ အံ့ဩသွားခဲ့လေသည်။

ဒီတစ်ယောက်ကလည်း မရိုးရှင်းဘူးလား။

ဖက်တီးလေး သိကျွမ်းတဲ့ လူတွေက ဘယ်လိုတွေ ဖြစ်နေကြတာလဲ။

သို့သော် သူလည်း ဂရုမစိုက်တော့ဘဲ သူ့ကို လာရောက် ဧည့်ခံမည့်သူ ရှိနေပြီ ဖြစ်သည်။

သိပ်မကြာမီမှာပင် ချန်ယွီ ထွက်လာခဲ့လေသည်။

"မမလေးချန်ကို ပြန်ပို့ပေးဖို့ လူလွှတ်ပေးရဦးမလား"

ဌာနမှူး က ကိုယ်တိုင် လိုက်ပို့ပေးရင်း ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် ချန်ယွီ အနည်းငယ် အံ့ဩသွားသည်၊ တစ်ဖက်လူက သူမကို ကူညီချင်နေလေသည်။

သို့သော် သူမက ခေါင်းခါကာ ငြင်းပယ်လိုက်လေသည်။

"ကျွန်မ တခြား နေရာကို သွားပြီး တာဝန် ထမ်းဆောင်ရဦးမယ် ပြန်လို့ မဖြစ်သေးဘူး ဒါပေမယ့် အဆင်ပြေမယ် ဆိုရင် ဌာနမှူးက ကျွန်မ အမေဆီကို ပစ္စည်း တချို့ သွားပို့ပေးဖို့ လူလွှတ်ပေးစေချင်ပါတယ်"

ဌာနမှူး က ခေါင်းညိတ်လိုက်လေသည်။

"ပြဿနာ မရှိဘူး"

ထို့နောက် ချန်ယွီ ထွက်ခွာသွားခဲ့လေသည်။

ဌာနမှူးက အတော်လေး ခံစားသွားရလေသည်။

"ဂိုဏ်း ထဲ မဝင်ရသေးပေမယ့် တော်တော်လေး ကောင်းတယ် နောက်ပြီး အမှတ်အသားကိုပါ ရထားတယ် ဆိုတော့ သူ့အထက်က လူတွေက သူ့အပေါ် တော်တော်လေး ကောင်းကြတာပဲ"

ထို့နောက် သူက ပစ္စည်း သွားပို့ရန် လူလွှတ်လိုက်လေသည်။

သွားပို့သော သူမှာလည်း သေချာပေါက် ကျပန်း ရှာဖွေထားခြင်း မဟုတ်ချေ။

အနည်းဆုံးတော့ မိမိ၏ သဘောထားကို ဖော်ပြရမည် ဖြစ်သည်။

ဤ အမှတ်အသား၏ ပိုင်ရှင်သည် အနာဂတ်တွင် သာမန် မဟုတ်သည်မှာ သေချာလေသည်။

——

လော့ယွင်မြို့ မှ ထွက်ခွာလာပြီးနောက် ချန်ယွီသည် တောင်တန်း အနက်ရှိုင်းဆုံး သို့ တစ်လျှောက်လုံး သွားရောက်ခဲ့လေသည်။

သူမက ဝိညာဉ်မြင်းကို စီးနင်း၍ သွားခြင်း ဖြစ်သည်။

ပစ္စည်းများ အမြောက်အမြား သယ်ဆောင်လာခဲ့လေသည်။

တစ်ရက် ကြာပြီးနောက် သူမသည် ရိုးရှင်းပြီး ဟောင်းနွမ်းနေသော တောင်ပေါ် ရွာလေး တစ်ရွာသို့ ရောက်ရှိလာခဲ့လေသည်။

ဤနေရာတွင် လယ်ကွင်း အချို့ ရှိပြီး အလုပ်ရှုပ်နေသော လူအများအပြား ရှိလေသည်။

ရွာထဲသို့ ဝင်ရောက်လာချိန်တွင် နေလောင်ထားပြီး ပိန်ချုံးနေသော ကလေးငယ် အချို့ ကစားနေသည်ကို သူမ တွေ့လိုက်ရလေသည်။

ဤကလေးငယ်များက သူမကို မြင်တွေ့လိုက်ရသော အခိုက်အတန့်တွင် အနည်းငယ် သိချင်စိတ် ဖြစ်ကာ အံ့ဩသွားကြလေသည်။

သူတို့သည် ဤမျှ တောက်ပပြီး လှပကာ အရှိန်အဝါ ကြီးမားသော လူကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

သိချင်စိတ်များနှင့် အားကျမှုများ ပြည့်နှက်နေစေခဲ့လေသည်။

ရဲရင့်သော ကလေးငယ် အချို့က အနည်းငယ် နီးကပ်စွာ လာရောက်ကြပြီး မီးတောက်များ ပါရှိသော ဝိညာဉ်မြင်းကို ကြည့်ကာ မျက်လုံးထဲမှ အလင်းရောင် များက မည်သို့မျှ ဖယ်ရှား၍ မရနိုင်အောင် ဖြစ်နေကြလေသည်။

သို့သော် ခြေလှမ်း နှစ်လှမ်း ခန့်သာ နီးကပ်စွာ သွားရဲပြီး ထို့ထက်ပို၍ မသွားရဲကြချေ။

ထိုအရာသည် သူတို့ ဤနေရာတွင် ပိုင်ဆိုင်နိုင်သော အရာများ မဟုတ်ဘဲ တစ်ဖက်လူကို ဝင်တိုက်မိပါက ကြိမ်ဒဏ် ခံရမည် ဖြစ်သည်။

ဤအချိန်တွင် ချန်ယွီ သည် ဝိညာဉ်မြင်း ပေါ်မှ ဆင်းလာကာ စားစရာ အချို့ကို ထုတ်ယူပြီး ကလေးငယ်များကို ကြည့်ကာ ပြောလိုက်လေသည်။

"ပစ္စည်းတွေ သယ်ပေးမလား သယ်ပေးရင် စားစရာ ပေးမယ်"

"အလကား မကူညီခိုင်းပါဘူး"

အစပိုင်းတွင် ကလေးငယ်များ မရဲကြချေ။

ချန်ယွီ က ပစ္စည်းများကို ခက်ခဲစွာ ချထားရင်း ပြောလိုက်လေသည်။

"အရမ်း လေးတာပဲ မင်းတို့ တကယ်ပဲ မကူညီကြဘူးလား"

"ကျွန်တော်တို့ လက်တွေ ညစ်ပတ်နေလို့ပါ"

ကလေးကြီး တစ်ယောက်က တိုးတိုးလေး ပြောလိုက်လေသည်။

ချန်ယွီ က မြေကြီးပေါ်သို့ ကျနေပြီ ဖြစ်သော ပစ္စည်းများကို ကြည့်ကာ ပြောလိုက်လေသည်။

"မြေကြီးပေါ်တောင် ကျနေပြီ အခု ပိုပြီးတောင် ညစ်ပတ်သွားပြီ မင်းတို့က ပစ္စည်းတွေ ညစ်ပတ်နေတာကို ရွံလို့လား"

"ကျွန်တော်တို့ မရွံပါဘူး"

ချက်ချင်းပင် လူတစ်ယောက်က ပြောလိုက်လေသည်။

"ကျွန်တော်တို့ ကူညီရင် တကယ်ပဲ စားစရာ ပေးမှာလား"

"တကယ်ပေါ့"

ချန်ယွီက ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် ကလေးငယ် အနည်းငယ်က သတိထားကာ လာရောက် ကူညီကြလေသည်။

နောက်ပိုင်းတွင် ကလေးငယ်များမှာ ရဲရင့်လာကြလေသည်။

ထို့နောက် ချန်ယွီ က နေရာကို ပြောပြပြီး လမ်းတစ်လျှောက်လုံး လူများကို ဦးဆောင် ခေါ်သွားခိုင်းလေသည်။

ချန်ယွီသည် ရွာထဲရှိ လူများနှင့် မတူညီချေ။

ထို့ကြောင့် သူမ ဖြတ်သွားသော နေရာတိုင်းတွင် ထူးခြားသော အလင်းရောင် တစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ဖြစ်နေလေသည်။

လယ်ကွင်းထဲတွင် အလုပ်လုပ်နေသူများ အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားစေခဲ့လေသည်။

မြို့ထဲက ဘယ်မိသားစု က သခင်မလေးလဲ၊ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ လို့ တွေးနေကြလေသည်။

ကိုယ့်ကလေးတွေက ပစ္စည်း သယ်ပေးနေတာကို မြင်လိုက်ရမှ ချွေးအေးတွေ ထွက်လာကြလေသည်။

ချက်ချင်းပဲ ပစ္စည်းတွေကို ချထားပြီး ပြေးသွားကြလေသည်။

ဒီသခင်မလေးကို ဝင်တိုက်မိမှာကို ကြောက်လို့ပါ။

သူတို့ ရွာက ဆင်းရဲတယ်၊ အရမ်း ဆင်းရဲတယ်။

လုံးဝ လျော်ကြေး မပေးနိုင်ပါဘူး။

မြို့ထဲက သခင်မလေး တွေကလည်း ကျင့်ကြံမှုအဆင့် တွေ အများအားဖြင့် မြင့်ကြတယ်။

သူတို့က ပြိုင်ဘက် မဟုတ်ပါဘူး။

သို့သော် သူတို့ သွားရောက်ချိန်တွင် ချန်ယွီမှာ ရပ်တန့်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

သူမက ရိုးရှင်းပြီး လေတောင် ဝင်နိုင်လောက်သည့် အိမ်ကို ကြည့်ကာ တိတ်ဆိတ်စွာ နေခဲ့လေသည်။

ဤနေရာသည် ဖန်ယုံ၏ အိမ်ပင် ဖြစ်လေသည်။

"မမလေးချန် "

လူလတ်ပိုင်း တစ်ဦးက အနည်းငယ် အံ့ဩသွားခဲ့လေသည်။

အကယ်၍ ကျန်းမန်သာ ရှိနေပါက ဤသူသည် သူ အရင်က တွေ့ခဲ့ဖူးသော ဖန် အိမ်တော်ထိန်း ဖြစ်ကြောင်း မှတ်မိနိုင်မည် ဖြစ်သည်။

"ဦးလေးဖန်"

ချန်ယွီက ပြုံးလျက် ပြောလိုက်လေသည်။

"အဒေါ်ဖန် ကော"

ဤအချိန်တွင် ဖန် အိမ်တော်ထိန်း အနောက်မှ အသက် ငါးနှစ် ခြောက်နှစ် အရွယ် ကလေးငယ် နှစ်ယောက် ထွက်လာခဲ့လေသည်။

ယောကျ်ားလေး တစ်ယောက် မိန်းကလေး တစ်ယောက် ဖြစ်ပြီး ရုပ်ရည် အနည်းငယ် ဆင်တူကြလေသည်။

သူတို့က ချန်ယွီ ကို စိုက်ကြည့်နေကြပြီး ဤမျှ လှပသော လူကို တစ်ခါမျှ မမြင်ဖူးသကဲ့သို့ ခံစားနေရလေသည်။

ဖန် အိမ်တော်ထိန်း က လက်ကို သုတ်ကာ သတိထား၍ ပြောလိုက်လေသည်။

"မမလေးချန် ဘယ်လိုလုပ် ရောက်လာတာလဲ နေရာလေး က နည်းနည်း ညစ်ပတ် ရှုပ်ပွနေတော့ ရယ်စရာ ဖြစ်သွားပြီ"

"ဖန်ယုံက ကျွန်မကို လာခိုင်းတာ သူက ကျင့်ကြံနေလို့ ထွက်မလာနိုင်ဘူး အဲဒါကြောင့် ကျွန်မကို ပစ္စည်းတွေ လာပို့ခိုင်းတာ"

ပြောရင်းနှင့် ထိုကလေးငယ်များ သယ်လာသော ပစ္စည်းများကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

"အဲဒီ ပစ္စည်းတွေ အကုန်လုံး ပဲ"

ဤအချိန်တွင် ပတ်ဝန်းကျင်တွင် လူများ ပြည့်နှက်နေပြီ ဖြစ်လေသည်။

အထူးသဖြင့် ပစ္စည်းများကို ဖန်ယုံ က လူလွှတ်၍ ပို့ခိုင်းကြောင်း ကြားရသောအခါ အားလုံးက အနည်းငယ် ဝမ်းသာသွားကြလေသည်။

"အစ်မ ထိုင်ပါ"

ခုနက ဖခင်ဖန်၏ အနောက်တွင် ပုန်းနေသော မိန်းကလေးငယ်က ချန်ယွီ အတွက် ကုလားထိုင် ကို ယိုင်တိယိုင်တိုင် ဖြင့် သယ်လာပေးလေသည်။

ထိုအခြေအနေကို မြင်သော် ဖခင်ဖန် မှာ စိတ်ထဲတွင် လန့်သွားပြီး ကုလားထိုင် ကို ချက်ချင်း ယူကာ သုတ်ပေးရင်း ပြောလိုက်လေသည်။

"ကလေးက နားမလည်သေးလို့ပါ"

ချန်ယွီက မိန်းကလေးငယ် ၏ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်လေသည်။

"ဦးလေးဖန်ကလည်း နောက်နေတာပဲ ကလေးမလေးက အရမ်း လိမ္မာတာပဲ"

ထိုအချိန်တွင် ဖန်မိခင် လည်း ပြန်ရောက်လာပြီး ချန်ယွီ ကို မြင်သောအခါ အံ့ဩသွားခဲ့လေသည်။

သူတို့ ယခင်က တောင်ထဲတွင် မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို ခံရစဉ် တစ်ဖက်လူက သူတို့ကို ကူညီပေးခဲ့ဖူးလေသည်။

သို့သော် မည်သို့များ ဤနေရာသို့ ရောက်လာသနည်း။

ချန်ယွီ က လူစုံပြီ ဖြစ်ကြောင်း မြင်သော် မိမိ အဘယ်ကြောင့် ရောက်လာရကြောင်းကို သဘာဝကျကျပင် ရှင်းပြလိုက်လေသည်။

အားလုံးက ဖန်ယုံသည် မိသားစုကို စိတ်မချသောကြောင့် ပင် ဖြစ်လေသည်။

ထို့အပြင် သူမက ဝိညာဉ်ကျောက်တုံး များကို ထုတ်ယူကာ ဖခင်ဖန် ကို ပေးအပ်လိုက်လေသည်။

"ဖန်ယုံက ပြောတယ် ရွာထဲမှာ ကလေး တစ်ယောက် အသက်ပြည့်တော့မယ် ယွင်ချန်ဌာနခွဲ ကို သွားရတော့မယ် တဲ့ ဒါက နှစ်နှစ်စာ သင်တန်းကြေးပါ ကျန်တာ တွေကိုတော့ ရွာကနေ စုဆောင်းရတော့မှာပဲ"

ဤအချိန်တွင် အပြင်ဘက်ရှိ အမျိုးသား တစ်ဦးက ရှေ့ဆုံးမှ ကလေးကြီး၏ နောက်စေ့ကို တိုက်ရိုက် ရိုက်လိုက်ကာ ပြောလိုက်လေသည်။

"ဒူးမထောက်သေးဘူးလား"

ထို ကလေးကြီးမှာ အကြောင်းအရင်း မသိဖြစ်သွားသည်၊ သူက ခုနက ပစ္စည်းများ သယ်နေခဲ့သည် မဟုတ်ပါလော။

သို့သော် ဒူးထောက်လိုက်လေသည်။

ရွာက မချမ်းသာသဖြင့် တကယ်တော့ သူသည် ယွင်ချန်ဌာနခွဲ သို့ မသွားနိုင်ချေ။

သူသည် ဖန်ယုံ မဟုတ်သဖြင့် လူများကို ဆုံးဖြတ်ချက် ခိုင်မာအောင် မလုပ်နိုင်ချေ။

ယခုတော့ သူ သွားနိုင်ပြီ ဖြစ်လေသည်။

ချန်ယွီမှာ တစ်ည အိပ်ရန် စိတ်ကူးထားသော်လည်း မိမိ ဤနေရာတွင် ရှိနေပါက သူတို့မှာ အနေခက်နေမည် ဖြစ်လေသည်။

ထို့ကြောင့် သူမက ထမင်းစားပြီးနောက် ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ဖခင်ဖန် မိခင်ဖန် တို့နှင့် စကားပြောရန် လိုအပ်သောကြောင့် ဖြစ်လေသည်။

"ဖန်ယုံ ဘယ်လိုနေလဲ"

ထမင်းစားနေစဉ် ဖန်မိခင် က သတိထား၍ မေးလိုက်လေသည်။

"တစ်ခါတစ်ရံ ရှင်တို့ကို သတိရကြောင်း ပြောတတ်တယ် ရှင်တို့က အရမ်း ပင်ပန်းကြတယ် ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုမစိုက်တတ်ဘူး လို့ ပြောတယ်"

ချန်ယွီ က တိုးတိုးလေး ပြောလိုက်လေသည်။

"သူက ကျင့်ကြံဖို့ တစ်ခုတည်းကိုပဲ အာရုံစိုက်နေလို့ ရှင်တို့ကို ဂရုမစိုက်မိဘူး ရှင်တို့ကို ပိုပြီး ပင်ပန်းစေတယ် လို့လည်း ပြောသေးတယ်"

"သူက ရှင်တို့ကို ကောင်းကောင်းမွန်မွန် နေစေချင်လို့ မပျင်းရဲဘူး၊ အမှားအယွင်း အဖြစ်မခံရဲဘူး"

"ပိုပြီး အာရုံစိုက်လေ၊ ရှင်တို့ကို ပိုပြီး ဂရုမစိုက်မိလေ ဖြစ်သွားတာပါ"

"ဖန်ယုံက အမြဲတမ်း ပြောတတ်တယ် ရှင်တို့ရဲ့ သား ဖြစ်ရတာ သူ့အတွက် ကံကောင်းမှု တစ်ခုပဲတဲ့"

"တခြား ရွာသာ ဆိုရင် ဘယ်သူမှ သူ့ကို ဒီလို အစွမ်းကုန် မပျိုးထောင်ပေးကြဘူးတဲ့"

"ဒါကြောင့် သူ ပိုပြီးတောင် မရှုံးရဲတော့ဘူးတဲ့"

"ဒီလောက် ဖိအားတွေ အများကြီး ပေးစရာ မလိုပါဘူး ဘယ်လိုပဲဖြစ်ဖြစ် သူ အများကြီး ကောင်းကောင်း လုပ်နိုင်ခဲ့ပါပြီ"

မိခင်ဖန် ၏ မျက်လုံးများ အနည်းငယ် စိုစွတ်လာကာ ပြောလိုက်လေသည်။

"ဒီလိုဆိုရင်ပဲ အရမ်း ကောင်းနေပါပြီ၊ အရမ်း ကောင်းနေပါပြီ"

ဖခင်ဖန်က ထပ်တလဲလဲ ပြောနေလေသည်။

စကားများ အများကြီး ပြောပြီးနောက် အခြေအနေ ကောင်းပြီဟု မြင်သောအခါ ချန်ယွီ က ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

သို့သော် အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပေါ်တွင် လူနှစ်ယောက် ဓားပျံ ကို စီးနင်းကာ ထွက်ခွာသွားသည်ကို တွေ့လိုက်ရလေသည်။

သူမကို အနည်းငယ် အံ့ဩသွားစေခဲ့လေသည်။

ဤအချိန်တွင် မည်သူက ဓားပျံ ကို စီးနင်းမည်နည်း။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူတို့ ပေါ်လာတာ တစ်ခုခု ကို လိုက်ရှာနေပုံပဲ"

ဖန်ဖခင် က ပြောလိုက်လေသည်။

ချန်ယွီ အနည်းငယ် တွေဝေသွားသည်၊ ဂိုဏ်းက လူတွေ မဟုတ်ဘူးလား။

ဂိုဏ်းက လူလွှတ်ထားတယ် ဆိုတာ သူမ မကြားဖူးပါချေ။

——

လော် အိမ်တော်….

လော်ရွှမ် ပြန်ရောက်လာသောအခါ သူမ၏ ဖခင်က တံခါးဝတွင် စောင့်ကြိုနေခဲ့လေသည်။

"ပြန်ရောက်ပြီလား"

လော်ဟွိုင်လီ က တိုးတိုးလေး ပြောလိုက်လေသည်။

လော်ရွှမ် ချက်ချင်း အနားကပ်သွားကာ ပြောလိုက်လေသည်။

"အဖေ ဘာလို့ ဒီမှာ ရပ်နေတာလဲ"

"မင်း ပြန်လာမယ် လို့ ကြားလို့ ဘယ်အချိန် ရောက်မလဲ လာကြည့်တာ အပြင်ထွက်လိုက်တာနဲ့ မင်းကို တွေ့တာပဲ"

လော်ဟွိုင်လီ က ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် လော်ရွှမ် က ပြောလိုက်လေသည်။

"နောက်တစ်ခါ အဖေ ဒီလို လုပ်စရာ မလိုပါဘူး သမီး ပြန်ရောက်ရင် သေချာပေါက် အဖေတို့ဆီကို အရင်ဆုံး လာရှာမှာပါ"

"ဂိုဏ်း ထဲက ဘဝ ဘယ်လိုနေလဲ"

လော်ဟွိုင်လီ က မေးလိုက်လေသည်။

လော်ရွှမ် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"တကယ်တော့ အရမ်း သက်တောင့်သက်သာ ရှိတယ် ဖိအား သိပ်မရှိဘူး"

တကယ်ကို သက်တောင့်သက်သာ ရှိပြီး ကျင့်ကြံတာလည်း မြန်ပါတယ်။

အဲဒီနေရာမှာ အဆုံးအစ မရှိတဲ့ အခွင့်အရေး တွေ ရှိတယ်။

ဒါပေမယ့် သူမ မတွေးခဲ့ဘူး၊ ဝင်လည်း မလုခဲ့ဘူး၊ အဲဒီနေရာကိုပဲ စောင့်နေခဲ့တယ်။

သူမကို တစ်ခါမှ မရှိဖူးတဲ့ သက်တောင့်သက်သာကို ခံစားရစေခဲ့တယ်။

"အိမ်က အခြေအနေကော ကောင်းရဲ့လား"

လော်ရွှမ် က မေးလိုက်လေသည်။

"အရမ်း ကောင်းတယ် ကောင်း မိသားစုရဲ့ ဝင်ရောက် စွက်ဖက်မှု ကြောင့် တခြား မိသားစုတွေလည်း ဘာမှ လုပ်ဖို့ စိတ်ကူး မရှိတော့ဘူး မျှတမှု ဆိုတာ ရဖို့ မလွယ်ဘူး ဆိုတာ အားလုံး နားလည်ကြတယ် အခု ကောင်း မိသားစုက မျှတမှု ကို ထိန်းသိမ်းထားပေးတော့ သူတို့လည်း အလွယ်တကူ မဖျက်ဆီးချင်ကြဘူး"

"အထူးသဖြင့် ကောင်း မိသားစုက လုံးဝ ကို ကူညီပေးနေတာ ဝါးမျိုဖို့ ရည်ရွယ်ချက် နည်းနည်းလေး မှ မရှိဘူး"

"ငါတို့လည်း အချိန် ရသွားတာပေါ့"

လော်ဟွိုင်လီ က သက်ပြင်းချကာ ပြောလိုက်လေသည်။

"လော် မိသားစုက ကောင်း မိသားစု အပေါ် အကြွေး တင်တာ အရမ်း များသွားပြီ"

လော်ရွှမ် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"သမီး နားလည်ပါတယ်၊ အားလုံး နားလည်ပါတယ်"

——

"မင်း နားလည်တဲ့ သောက်ကျိုးနည်းကို မင်း နားလည်တယ်"

ကောင်းချွင်ဖုန်း က ကြိမ်လုံး ကိုင်ကာ ဖက်တီးလေး ကို ရိုက်နေလေသည်။

"မင်း ဂိုဏ်းကို သွားတာ ဘာသွားလုပ်တာလဲ"

"မင်းကို လော်ရွှမ်ဆီကနေ သင်ယူခိုင်းတာ၊ မင်းက ညအိပ်ပျက်ခံပြီး ကျင့်ကြံနေတယ်"

"မင်းကို လော်ရွှမ်ကို အလုပ်တွေ အများကြီး ကူလုပ်ပေးခိုင်းတာ၊ မင်းက ညအိပ်ပျက်ခံပြီး ကျင့်ကြံနေတယ်"

"ငါ မင်းကို မေးတယ် လော်ရွှမ် ဘာတွေ သွားလုပ်လဲလို့ မင်းက နားလည်တယ်လို့ ပြောတယ်"

"ပြီးတော့ ညအိပ်ပျက်ခံပြီး ကျင့်ကြံနေတယ်"

"မင်း ရပ်နေစမ်း၊ မင်း နားလည်သေးတယ် မဟုတ်လား"

All Chapters