← Chapters

အခန်း ၁၂၆

Vol. 9 Ch. 126

အခန်း ၁၂၆

Vol. 9 Ch. 126

အခန်း (၁၂၆) ငါက ၂၁၀ နံပါတ်လေ၊ ဘာဖြစ်လို့လဲ

တောင်တန်းများကြားရှိ ရှုခင်းမှာ အလွန် သာယာလှပပေသည်။

ဝိညာဉ်ဆေးပင်များ၏ ရနံ့များ သင်းပျံ့နေသော ခြံဝင်းငယ် အတွင်း၌ အလွန် လှပသော အမျိုးသမီး နှစ်ဦးသည် တစ်ဦးနှင့် တစ်ဦး တိတ်ဆိတ်စွာ စိုက်ကြည့်နေကြလေသည်။

နှစ်ဦးစလုံး တိတ်ဆိတ်နေကြလေသည်။

လေပြေလေးများ ညင်သာစွာ တိုက်ခတ်လာပြီး သူတို့၏ နတ်သမီး ဂါဝန်များကို လွင့်ခါစေကာ ဆံပင်စွန်းလေးများကိုလည်း ယိမ်းနွဲ့စေခဲ့လေသည်။

"ညီမလေးယွီ နင် ဘာလို့ ပြန်မပြောတာလဲ"

ရှာကျင်းက တိတ်ဆိတ်မှုကို ဖြိုခွဲကာ မေးလိုက်လေသည်။

ယွီဝမ်ယီက ခေါင်းငုံ့ကာ သက်ပြင်းချလိုက်လေသည်။

"သူက ဒီလောက် ကြီးမားတဲ့ ပြဿနာကြီး တစ်ခုကို ဖန်တီးလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး"

ရှာကျင်းမှာ မယုံနိုင်အောင် ဖြစ်နေပြီး မေးလိုက်လေသည်။

"တကယ်ပဲ သူလား"

ယွီဝမ်ယီက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်လေသည်။

ကျန်းမန်တွင် ပြုစုပျိုးထောင်ရန် တန်ဖိုး ရှိကြောင်းကို ယွင်ချန်ဌာနခွဲ တွင် ရှိစဉ်ကတည်းက ရှာကျင်း သိရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံခွင့် ရှိသော ယွီဝမ်ယီကို သွားရောက် ကြည့်ရှုရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ စွမ်းဆောင်ရည်မှာ သူတို့၏ မျှော်မှန်းချက်များထက် အများကြီး ကျော်လွန်နေပုံ ရလေသည်။

နဝမမြောက် ခြံဝင်း မှ လူတစ်ယောက်က ဆဋ္ဌမမြောက် ခြံဝင်း နှင့် အထက်မှ လူများကို ညည်းတွားရလောက်အောင် ရိုက်နှက်နိုင်ခဲ့သည်။

နည်းနည်း ယုတ်မာသည်ဟု ဆိုနိုင်သော်လည်း ဤသည်မှာလည်း လျစ်လျူရှု၍ မရနိုင်သော စွမ်းအား တစ်မျိုးပင် ဖြစ်လေသည်။

"ဒါဆို သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ လုံးဝ မစဉ်းစားခဲ့ဘူးလား ဘယ်လိုလုပ် သူက နဝမမြောက် ခြံဝင်းကဆိုတာကို တိုက်ရိုက် သွားပြောရတာလဲ ဒါမှမဟုတ် သူက အာရုံလွှဲဖို့ တမင်တကာ လုပ်ခဲ့တာလား"

ရှာကျင်းက မေးလိုက်လေသည်။

ယွီဝမ်ယီက အတိတ်ကို ပြန်လည် တွေးတောကြည့်လိုက်လေသည်။

ကျန်းမန် နှင့် စကားပြောတိုင်း သူက အမြဲတမ်း စိတ်ဓာတ် တက်ကြွနေပြီး မည်သူ့ကိုမျှ ဂရုမစိုက်တတ်ချေ။

ပါရမီရှင်များပင် သူ့ကို တွေ့ပါက ပါရမီရှင် ဟု ခေါ်ရမည် ဖြစ်သည်။

သူ့ကို အခြားသူများ၏ အရှိန်အဝါကို ရှောင်ရှားခိုင်းရန်လော။

"ငါ ထင်တာကတော့ သူက တကယ်ပဲ အမှန်အတိုင်း ပြောခဲ့တာ ဖြစ်မယ်"

ယွီဝမ်ယီက ပြောလိုက်လေသည်။

ရှာကျင်း အနည်းငယ် အံ့ဩသွားခဲ့လေသည်။

"ဒီလောက်တောင် ရမ်းကားတာလား"

"ငါ ထင်တာကတော့ မာနကြီးတာလို့ ထင်တယ်"

ယွီဝမ်ယီက သက်ပြင်းချလိုက်လေသည်။

"ဘယ်လောက်တောင် မာနကြီးလဲ ဆိုရင် ငါတောင် အပြင်ထွက်တဲ့ အခါတိုင်း ဒီကိစ္စကြောင့် ထိခိုက်မိမှာ စိုးလို့ အရမ်း သတိထားနေရတယ်"

ရှာကျင်းက အရှေ့ရှိ လူကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။

"တကယ်လို့ တခြားသူတွေ သိသွားရင် နင် အပြင်ထွက်တာ တကယ်ပဲ အန္တရာယ် များတယ် ဒီလိုဆိုတော့ နင် ဘာလို့ အပြင်ထွက်ရတာလဲ"

"ကိစ္စတစ်ခုကို ငါ စဉ်းစားမိသွားတယ်"

ယွီဝမ်ယီက လေးလေးနက်နက် ပြောလိုက်လေသည်။

"ငါ အပြင်ဘက်က လူတွေကို ရှောင်နေလို့ ရပေမယ့် လျှို့ဝှက်နယ်မြေ အသိုင်းအဝိုင်းက လူတွေကို ရှောင်နေလို့ မရဘူး"

"ငါ အဲဒီလို လုပ်ရင် စိတ်ထဲမှာ တစ်ခုခု ဖုံးကွယ်ထားသလို ဖြစ်သွားမယ်"

"ဒါကြောင့် ငါ အမြဲတမ်း လုပ်နေကျ ကိစ္စတွေကို ဆက်လုပ်ရမယ်"

"ဒီလိုဆိုရင် ငါက စိတ်ထဲမှာ အပြစ်မရှိသလို ဖြစ်သွားပြီး ဘယ်လိုမှ ငါ့ကို သံသယ ဝင်လာမှာ မဟုတ်တော့ဘူး"

ရှာကျင်း ခေါင်းခါလိုက်လေသည်။

ဤသည်မှာ လေကို ရန်သူ လုပ်နေသကဲ့သို့ ဖြစ်နေပြီ။

လူကို ရူးသွပ်သွားအောင် ဖိအားပေးခံရခြင်းပင်…..

"အခု နင် ဘယ်လို ဆက်လုပ်ဖို့ စဉ်းစားထားလဲ"

ရှာကျင်းက စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်လေသည်။

"ကျန်းမန်ဘက်က ကိစ္စက နောက်ကျရင် သေချာပေါက် သိသွားကြမှာပဲ မဟုတ်လား"

"ဒါက သူ့ကိုယ်ပိုင် ကိစ္စ ဖြစ်သွားပြီလေ ငါ အခု လုပ်ရမှာက သူ့အတွက် အခွင့်အရေး တွေ ရှာပေးဖို့ပဲ ဥပမာ ဒုတိယ အကြိမ် စာမေးပွဲ ပေါ့"

ယွီဝမ်ယီက လေးလေးနက်နက် ပြောလိုက်လေသည်။

"ငါ့ဆရာ ပြောပြချက် အရတော့ လျှို့ဝှက်နယ်မြေ စာမေးပွဲ နောက်ထပ် ဒုတိယ အကြိမ် ရှိသေးတယ် ဒီတစ်ကြိမ် စာမေးပွဲက သက်ဆိုင်ရာ လျှို့ဝှက် သိုင်းပညာ တွေ ပေးလိမ့်မယ် ထင်တယ်"

"အချိန်က နိုဝင်ဘာလ အလယ်ပိုင်းလောက် ဖြစ်မယ် အခု အခွင့်အရေး ရအောင် ကြိုးစားနေတုန်းပဲ"

"တကယ်လို့ ရလာရင် သူ့ကို ဝင်ပြီး စမ်းကြည့်ခိုင်းမယ်"

"မသင်ယူနိုင်ရင်လည်း ကိစ္စမရှိပါဘူး"

ယွီဝမ်ယီ စကားပြောပြီးသည်နှင့် လူရိပ်တစ်ခုက သူမ၏ ခြံဝင်း အတွင်းသို့ ရောက်ရှိလာခဲ့လေသည်။

သူတို့နှစ်ဦး အလွန် အံ့ဩသွားကြလေသည်။

ချက်ချင်းပင် ရိုသေစွာ အရိုအသေပေးလိုက်ကြလေသည်။

"ဆရာ ဘယ်လိုလုပ် ရောက်လာတာလဲ"

ယွီဝမ်ယီက အလျင်အမြန် မေးလိုက်လေသည်။

အမျိုးသမီး က ယွီဝမ်ယီကို ကြည့်ကာ အမှတ်အသား တစ်ခုကို ပစ်ပေးလိုက်ပြီး ပြောလိုက်လေသည်။

"အခွင့်အရေး တော့ ရလာပြီ ဒါပေမယ့် မင်းကို တစ်ချက် သတိပေးရမယ်"

"သင်ယူဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး နောက်ပြီး သင်ယူလို့ မတတ်ဘဲ လျှို့ဝှက်နယ်မြေထဲ ဝင်သွားရင် အခြေအနေက တခြားလူတွေထက် ပိုပြီး ဆိုးရွားလိမ့်မယ်"

"မင်း သူ့ကို သေချာ စဉ်းစားခိုင်းရမယ်"

"နောက်တစ်ခုက အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ဆိုရင်လည်း မသင်ယူဖို့ အကြံပေးချင်တယ်"

"ပုံမှန်အတိုင်း ဝင်သွားရင် တခြားလူတွေနဲ့ အခြေအနေ သိပ်ကွာမှာ မဟုတ်ဘူး"

"ကောင်းတဲ့ အရာတချို့ ရလာနိုင်တယ်"

"ဒါ့အပြင် ဒုတိယ အကြိမ် ရွေးချယ်ပွဲက နိုဝင်ဘာလ အလယ်ပိုင်းကနေ နှောင်းပိုင်း အတွင်း ဖြစ်ပြီး လျှို့ဝှက်နယ်မြေ ပွင့်မယ့် အချိန်က ဖေဖော်ဝါရီလ အလယ်ပိုင်းကနေ နှောင်းပိုင်း အတွင်း ဖြစ်မယ်"

"တစ်ကြိမ်ကို လဝက်လောက် ကြာလိမ့်မယ်"

ပြောပြီးသည်နှင့် အမျိုးသမီး ထွက်ခွာသွားခဲ့လေသည်။

ယွီဝမ်ယီက အမှတ်အသားကို ကြည့်ရင်း အတော်လေး ခံစားသွားရလေသည်။

"သူ သေချာပေါက် ဝင်မှာပဲ"

"ဘာလို့လဲ"

ရှာကျင်းက မေးလိုက်လေသည်။

"သူ့မှာ မိန်းမ ရှိတယ်လေ စီနီယာမမ မေ့သွားပြီလား"

ယွီဝမ်ယီက ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် ရှာကျင်း ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။

"နင် ပြောတဲ့ မိန်းမကို အားကိုးတာပေါ့ ဒါကြောင့် သူ ဒီလောက် တောက်ပနိုင်တာ သူ့မိန်းမရဲ့ ကျေးဇူး မကင်းဘူးပေါ့"

ယွီဝမ်ယီက သက်ပြင်းချလိုက်လေသည်။

"ဒါကြောင့် ငါ သူ့ကို စာအုပ်တချို့ ပေးသင့်မလား စဉ်းစားနေတာ လင်မယား နှစ်ယောက် ကျင့်ကြံတဲ့ စာအုပ်တွေ၊ ဒါမှမဟုတ် မိန်းမကို သဘောကျအောင် လုပ်နည်း စာအုပ်တွေပေါ့"

"နှမြောစရာကောင်းတာက ငါက ယောကျ်ားလေး မဟုတ်တော့ ဒီလို ပစ္စည်းတွေ ပေးရင် အဓိပ္ပာယ် လွဲသွားနိုင်တယ်"

ရှာကျင်း ခေါင်းခါလိုက်လေသည်။

အခြေအနေက မျှော်မှန်းထားသည်ထက် ပိုမို ရှုပ်ထွေးနေသည်ဟု သူမ ခံစားလိုက်ရလေသည်။

——

ညနေပိုင်း

ကျန်းမန်က စီနီယာမမယွီ ထွက်သွားသည်ကို ကြည့်နေခဲ့လေသည်။

သူက အမှတ်အသားကို ကြည့်ရင်း အတော်လေး ခံစားသွားရလေသည်။

"တစ်လလောက် အချိန် ရသေးတယ် ကြည့်ရတာ သိုင်းပညာရပ်တွေက သင်ယူရတာ သိပ်မလွယ်လောက်ဘူး ဒါပေမယ့် မှတ်ထားပြီး ပြန်ရောက်ရင် အဝါကြီးကို မေးကြည့်လို့ ရတယ်"

"အဲဒီနောက် နှောင်းပိုင်းအဆင့်ကို အဆင့်တက်ပြီးမှ ဆက်သင်ယူမယ်"

ကျန်းမန် အနည်းငယ် စဉ်းစားကြည့်လိုက်ရာ လျှို့ဝှက်နယ်မြေ ပွင့်ရန် လေးလသာ လိုတော့ကြောင်း တွေ့ရလေသည်။

လေးလ အတွင်း အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ကို ရောက်နိုင်မလား။

ကျန်းမန်က နွားဝါကြီးကို မေးကြည့်လိုက်လေသည်။

"မင်းမှာ ပိုက်ဆံ ရှိလား"

နွားဝါကြီးက ပါးစပ်ထဲမှ မြက်များကို ဝါးရင်း မေးလိုက်လေသည်။

ကျန်းမန် ကြောင်အမ်းသွားပြီး စကားမပြောတော့ဘဲ နွားဝါကြီးကို ပွတ်သပ်ပေးလိုက်လေသည်။

ထို့နောက် ကောင်းကင်ဘုံ မှတ်တမ်းကျမ်းကို ဆွဲဆောင်လိုက်လေသည်။

စာရွက်များ လှန်သွားပြီး နောက်ဆုံး စာမျက်နှာတွင် ရပ်တန့်သွားလေသည်။

အပေါ်တွင် စာလုံးများ ပေါ်ထွက်လာလေသည်။

【တိရစ္ဆာန်က မထိုက်တန်ဘူး!】

ထိုအခါမှသာ ကျန်းမန် က စိတ်ကျေနပ်စွာဖြင့် လက်ကို ပြန်ရုပ်လိုက်လေသည်။

နွားဝါကြီးက မြက်စားရင်း ကျန်းမန်ကို ကြည့်နေလေသည်။ နားမလည်သော်လည်း ဘာမှ မမေးပါချေ။

ထို့နောက် ကျန်းမန် စတင် ကျင့်ကြံတော့သည်။ သို့သော် သူ တွက်ချက်ကြည့်လိုက်လေသည်။

ဤတစ်ကြိမ် စာမေးပွဲတွင် သူ ပါဝင်၍ မရနိုင်ပုံပေါ်သည်။

ဤတစ်ကြိမ်သာ မက မတ်လ တွင် ကျင်းပမည့် စာမေးပွဲကိုပါ ပါဝင်၍ မရနိုင်တော့ချေ။

ကျန်းမန် အနည်းငယ် နှမြောမိသော်လည်း ကိစ္စမရှိပါချေ။

ကျိုးပုဖန်ကို နောက်ထပ် နှစ်ကြိမ်လောက် ပထမနေရာ ပေးလုပ်ခိုင်းလိုက်မည်။

သို့သော် ရက်အနည်းငယ် အကြာတွင် ကျိုးပုဖန်တို့က တောင်ထွတ် အသီးသီးရှိ အဋ္ဌမမြောက် ခြံဝင်းမှ ပါရမီရှင်များ အကြောင်းကို ပြောဆိုနေကြသည်ကို ကျန်းမန် ကြားလိုက်ရလေသည်။

"လျှို့ဝှက်နယ်မြေ တစ်ခု ပေါ်လာတယ် လို့ ကြားတယ်၊ တောင်ထွတ် ခုနစ်ခု နဲ့ အဋ္ဌမမြောက် ခြံဝင်း တွေထဲက လူသုံးယောက် ရွေးချယ်ခံရတယ် တဲ့ သူတို့ရဲ့ အမှတ်တွေက သာမန်ထက် အများကြီး ကျော်လွန်နေပြီး တခြားလူတွေနဲ့ အများကြီး ကွာဟနေတယ်တဲ့"

"အခုတော့ သူတို့က လျှို့ဝှက်နယ်မြေ ထဲ ဝင်ဖို့ အခွင့်အရေး ရသွားပြီ"

"ဖေဖော်ဝါရီလ နှောင်းပိုင်း မှာ လျှို့ဝှက်နယ်မြေ ပွင့်မယ် လို့ ကြားတယ် ဘာလျှို့ဝှက်နယ်မြေ လဲ ဆိုတာ မင်းတို့ သိလား"

ကျိုးပုဖန်၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူများ အနည်းငယ် အံ့ဩသွားကြလေသည်။

ဝေ့ပေ့ချွမ်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"အရေးကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဂိုဏ်း ကို ရောက်လာပြီး လျှို့ဝှက်နယ်မြေ ဖွင့်ပေးတယ် လို့ ငါ ကြားဖူးတယ်"

"သတ္တမမြောက်၊ အဋ္ဌမမြောက်၊ နဝမမြောက် ခြံဝင်း တွေက မူလက ဝင်ခွင့် မရှိပါဘူး"

"ဒါပေမယ့် အကြောင်းပြချက် မရှိဘဲ နေရာ တွေ ပေးလိုက်တယ်၊ အဲဒါလည်း သာမန်ထက် ကျော်လွန်တဲ့ ပါရမီရှင် တွေကိုပဲ ပေးတာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခု အဋ္ဌမမြောက် ခြံဝင်း မှာ အဲဒီလို လူ သုံးယောက် ရှိနေပြီး သုံးယောက်လုံး ရွေးချယ်ခံလိုက်ရတယ်"

"အခု တောင်ထွတ် ခုနစ်ခု ရဲ့ သတ္တမမြောက် ခြံဝင်း တွေမှာ အဲဒီလို ပါရမီရှင် မျိုး မရှိဘူးလို့ ထင်တယ်၊ နဝမမြောက် ခြံဝင်း မှာလည်း မရှိဘူး"

လူတိုင်း အနည်းငယ် အံ့ဩသွားကြလေသည်။ လျှို့ဝှက်နယ်မြေ ကို အံ့ဩသွားခြင်း မဟုတ်ဘဲ သာမန်ထက် ကျော်လွန်သော ပါရမီရှင်များ သူတို့ မျိုးဆက်တွင် စုဝေးနေခြင်းကို အံ့ဩသွားကြခြင်း ဖြစ်လေသည်။

"အခု နဝမမြောက် ခြံဝင်းမှာ စာမေးပွဲ မရှိသေးတော့ ဒီလို ပါရမီရှင် ရှိရင်တောင် ပေါ်လွင်နိုင်မှာ မဟုတ်ဘူး"

ကျောက်ယောင်ယောင်က ပြောလိုက်လေသည်။

အခြားသူများလည်း ခေါင်းညိတ် ထောက်ခံကြလေသည်။

ချက်ချင်းပင် သူတို့က ကျန်းမန်ကို ကြည့်လိုက်ကြလေသည်။

"ဒါဆို ကျန်းမန် အတွက် နှမြောစရာ ကောင်းသွားတာပေါ့"

ချောင်ချန်က ပြောလိုက်လေသည်။

အန်းရုံက ခေါင်းညိတ်လိုက်ပြီး ကျန်းမန်ကို ဘယ်လို ခံစားရလဲ ဟု မေးလိုက်လေသည်။

"ငါ မင်းတို့ရဲ့ နာမည်တွေကို မှတ်စုစာအုပ် ထဲမှာ ရေးချင်တယ်"

ကျန်းမန်က ပြန်ပြောလိုက်လေသည်။

ချောင်ချန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"အန်းရုံ ရဲ့ နာမည်ကို နည်းနည်း ဝေးဝေးမှာ ရေးပေးပါ ငါက နမိတ်မကောင်းဘူး လို့ ခံစားရလို့"

"သူက ငါ့ရဲ့ တောက်ပတဲ့ နေရာ ကို မျက်စိကျနေတာ ဖြစ်မယ်၊ စာမျက်နှာ နောက်တစ်မျက်နှာ ကို လှန်ပြီး ရေးဖို့ ငါ အကြံပေးချင်တယ်"

အန်းရုံက ဆက်ပြောလိုက်လေသည်။

ကျန်းမန်က သူတို့ကို ဂရုမစိုက်ပါချေ။

သို့သော် တောင်ထွတ် အသီးသီးရှိ အဋ္ဌမမြောက် ခြံဝင်းတွင် ပါရမီရှင် များ တကယ်ပင် များပြားလှပေသည်။

တစ်ရွာတည်းသား နှင့် ချစ်ရွှေတောင်ထွတ် မှ မသိရသော တစ်ယောက်သာ ရှိသည်ဟု ထင်ခဲ့သည်။

နောက်ထပ် တစ်ယောက် ထပ်တိုးလာမည်ဟု မထင်ထားခဲ့ချေ။

ယန်ရိချိုး ရောက်လာသောအခါ ဤလူ သုံးယောက် အကြောင်းကိုလည်း ပြောပြခဲ့လေသည်။

သူတို့သည် ထောင်ယွမ်တောင်ထွတ်၊ ချစ်ရွှေတောင်ထွတ် နှင့် ထျန်းမင်တောင်ထွတ် တို့တွင် အသီးသီး ရှိကြလေသည်။

"အခု သူတို့က နေလိုလလို တောက်ပနေတယ်၊ တချို့လူတွေက သူတို့အတွက် သီးသန့် အစီအရင် တွေတောင် လုပ်ပေးထားပြီး ကျင့်ကြံမှု အရှိန် က အရမ်း မြန်တယ်၊ မင်း နောက်ကွယ်မှာ ကြီးမားတဲ့ အရင်းအမြစ်တွေ ထောက်ပံ့မှု မရှိရင် သတိထားရမယ်၊ လိုအပ်ရင် သူတို့ရဲ့ အရှိန်အဝါ ကို ရှောင်ရှားသင့်တယ်"

ယန်ရိချိုးက သတိပေးလိုက်လေသည်။

ကျန်းမန် အနည်းငယ် အံ့ဩသွားခဲ့လေသည်။

"ငါ ညအိပ်ပျက်ခံ တာထက် ပိုမြန်လို့လား"

ယန်ရိချိုးက လေးလေးနက်နက် ပြောလိုက်လေသည်။

"ညအိပ်ပျက်ခံတာက စိတ်အာရုံ ကို ထိခိုက်တယ် ဆိုတဲ့ စကားက တစ်ရက် နှစ်ရက် နဲ့ ထွက်လာတာ မဟုတ်ဘူး၊ ဒီလို အခြေအနေ မျိုးမှာ သူတို့က ကျင့်ကြံမှု အရှိန် ကို မြှင့်တင်ဖို့ တခြား နည်းလမ်း တွေ မသုံးဘူး လို့ မင်း ထင်နေတာလား"

"အစီအရင်၊ ဆေးလုံး၊ ဝိညာဉ်ဆေးပင်၊ အဆောင် တွေနဲ့ တခြား အထောက်အကူပြု ကျင့်စဉ် တွေ အားလုံးမှာ ဒီလို စွမ်းရည် မျိုး ရှိတယ်"

"ပြီးတော့ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံး က အမြင့်ဆုံး အထိ သုံးနိုင်တယ် ဆိုတာကို ကိုယ်စားပြုတယ်"

"သူတို့က နေရာမှာတင် ရပ်နေတာ မဟုတ်ဘူး"

"ဒါပေမယ့် ဒါတွေက များသောအားဖြင့် တစ်ဦးချင်း စီ အတွက်ပဲ"

"ညအိပ်ပျက်ခံတာလိုမျိုး အားလုံး အတူတူ လုပ်လို့ မရဘူး"

ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။

"ငါ နားလည်ပါပြီ"

"ရှောင်ရှားရမယ် ဆိုတာ နားလည်သွားပြီလား"

ယန်ရိချိုးက မေးလိုက်လေသည်။

ကျန်းမန်က အပြုံးဖြင့်သာ တုံ့ပြန်လိုက်လေသည်။

မျက်လုံးထဲတွင် တည်ငြိမ်မှုနှင့် ယုံကြည်မှုများသာ ရှိနေလေသည်။

သူတို့ရဲ့ အရှိန်အဝါ ကို ငါက ရှောင်ရှားရမှာလား ဟု ပြောနေသကဲ့သို့ပင်။

ကျန်းမန် လည်း ကြီးကြီးကျယ်ကျယ် ပြောရမည့် အချိန် မဟုတ်ကြောင်း သိထားသဖြင့် ဤတစ်ကြိမ် နှစ်ပတ်လည် စာမေးပွဲ အထိ စောင့်လိုက်မည်။

ပါရမီရှင် ပဲဖြစ်ဖြစ်၊ ပြိုင်ဘက်ကင်း ပါရမီရှင် ပဲဖြစ်ဖြစ်။

သူ စာမေးပွဲ ဝင်မည့် အချိန်က စပြီး အားလုံး သူ့ရဲ့ အရှိန်အဝါ ကို ရှောင်ရှားရတော့မည်။

အခုတော့ အရင်ဆုံး ခွင့်တောင်းလိုက်ဦးမည်။

ထိုစကားကို ကြားသော် ယန်ရိချိုး အနည်းငယ် အံ့ဩသွားခဲ့လေသည်။

"ထပ်ပြီး ခွင့်တောင်းမလို့လား လျှို့ဝှက်နယ်မြေက ဖေဖော်ဝါရီလ နှောင်းပိုင်း မှ ပွင့်မှာ မဟုတ်ဘူးလား"

ကျန်းမန် ရှင်းမပြပါချေ။

ဒုတိယ အကြိမ် စာမေးပွဲက လူအနည်းငယ်သာ ပါဝင်ခွင့် ရှိလေသည်။

ထို့ကြောင့် သိသူ အလွန် နည်းပါးလေသည်။

သို့သော် ယန်ရိချိုးက သဘောတူခဲ့ပြီး အဆင့်သတ်မှတ်ချက် မရှိဘဲ ဆက်နေမည် ဆိုလျှင် အခြားသူများ၏ အတင်းအဖျင်း ပြောစရာ ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့လေသည်။

ကျန်းမန်က ဂရုမစိုက်ပါချေ၊ လူတိုင်းက ကျင့်ကြံနေရသဖြင့် သူ့ကို ဆွေးနွေးရန် အချိန် အများကြီး မရှိနိုင်ဘူးဟု သူ ထင်လေသည်။

အဆင့်သတ်မှတ်ချက် မှ မရှိတော့တာ၊ ဘာဆက်ဆွေးနွေးစရာ ရှိဦးမှာလဲ။

အောက်တိုဘာလ မှ နိုဝင်ဘာလ အထိ ကျန်းမန် သည် ပြန်လည် ကျင့်ကြံနေခဲ့လေသည်။

ထိုအတောအတွင်း ရေဓာတ် ဆေးလုံး အချို့ကို စားသုံးခဲ့လေသည်။

ကျင့်ကြံမှုအဆင့် လည်း အနည်းငယ် တိုးတက်လာခဲ့လေသည်။

သို့သော် နိုဝင်ဘာလ အလယ်ပိုင်း ရောက်သောအခါ ပြန်လည် ကျင့်ကြံခြင်း လုံးဝ ပြီးဆုံးသွားပြီး တတိယမြောက် ဘူးသီးသည်လည်း သုံးပုံ တစ်ပုံ ခန့် ပြည့်သွားခဲ့လေသည်။

ကျန်ရှိသော အချိန်မှာ အမှန်တကယ် နည်းပါးလှပေသည်။

ထို့နောက် သူ ဆက်လက် ကျင့်ကြံတော့သည်။

ငါးရက် အကြာတွင်။

ဘူးသီး ငါးပုံ တစ်ပုံ ခန့် ပြည့်သွားလေသည်။

အဆင့်ဆယ့်သုံး နင်းယွမ်ကျင့်စဉ်က တကယ်ပဲ မတူဘူး။

အရင်ကထက် အများကြီး ပိုမြန်လာတယ်။

တကယ်လို့ ဆက်ပြီး ကျင့်ကြံမယ် ဆိုရင် ဒီလထဲမှာ ဘူးသီး ပြည့်သွားနိုင်တယ်။

အဲဒီနောက် အတားအဆီး ကို ကျော်လွှားနိုင်ဖို့ နည်းလမ်း ရှာပြီးရင် အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ပြီ။

ဒါပေမယ့် အခု လျှို့ဝှက်နယ်မြေထဲ ဝင်ရတော့မယ်။

ခဏလောက် ကျင့်ကြံလို့ မရတော့ဘူး။

နွားဝါကြီး က ပြောလိုက်လေသည်။

"စည်းကမ်းချက်တွေ အရ ဆိုရင် မင်း အထဲက အကောင်းဆုံး သိုင်းပညာရပ်ကို သင်ယူလို့ မရနိုင်ဘူး၊ မင်း တခြား ဟာတွေကို သင်ယူမလား"

"သေချာပေါက် အကောင်းဆုံးကို သင်ယူမှာပေါ့"

ကျန်းမန်က ပြုံးလျက် ပြောလိုက်လေသည်။

"မင်းမှာ အချိန် သိပ်မကျန်တော့ဘူးနော်"

နွားဝါကြီးက ပြောလိုက်လေသည်။

ကျန်းမန် မှာ ယခုအခါ နှစ်လခွဲ ခန့်သာ အချိန်ကျန်တော့ပြီး ဤအချိန် အားလုံး နီးပါးကို ကျင့်ကြံမှုအဆင့် မြှင့်တင်ရန် အသုံးပြုရမည် ဖြစ်လေသည်။

သိုင်းပညာရပ်ကို ထပ်သင်ယူရန် အချိန်မလောက်တော့ချေ။

"လျှို့ဝှက်နယ်မြေ ရှိသေးတယ် မဟုတ်လား ငါက အမြဲတမ်း လျှို့ဝှက်နယ်မြေထဲမှာပဲ အဆင့်တက်တာ"

ကျန်းမန်က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"အချိန်တိုင်း အေးအေး ဆေးဆေး ကျင့်ကြံဖို့ အခွင့်အရေး ရတာ မဟုတ်ဘူး"

နွားဝါကြီးက ပြောလိုက်လေသည်။

"ပတ်ဝန်းကျင် မရှိရင် ပတ်ဝန်းကျင် ဖန်တီးယူမယ်"

ကျန်းမန်က ယုံကြည်မှု ရှိစွာ ပြောလိုက်လေသည်။

နွားဝါကြီး ဆက်မပြောတော့ချေ။

ကျန်းမန် နောက်ဆုံးတွင် အခက်အခဲ တွေ့မတွေ့ ဆိုတာကို သူမသေချာပေ။

သို့သော်...

"အရမ်း ရမ်းကားလွန်းနေပြီ"

နွားဝါကြီးက မနေနိုင်ဘဲ ပြောလိုက်လေသည်။

ကျန်းမန်က ပြုံးလျက် ပြောလိုက်လေသည်။

"အဝါကြီး နှစ်အတော်ကြာ ကြာတဲ့အခါ ဒီနေ့ကို ပြန်တွေးကြည့်ရင် မင်း အဲဒီလို ထင်တော့မှာ မဟုတ်ဘူး"

"ပါရမီရှင် တစ်ယောက် ထွန်းတောက်လာတာကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတယ် လို့ ခံစားရလိမ့်မယ်"

ထို့နောက် ကျန်းမန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

အမှတ်အသား နှစ်ခု ပေါင်းစပ်သွားခဲ့လေသည်။

သူ့ကို လျှို့ဝှက်နယ်မြေ ထဲသို့ ပို့ဆောင်လိုက်ခြင်းပင် ဖြစ်လေသည်။

လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ကျန်းမန်သည် ခြံဝင်း တစ်ခု အတွင်း ရောက်ရှိနေကြောင်း တွေ့လိုက်ရလေသည်။

ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေလေသည်။

သို့သော် ယခင်ကဲ့သို့ပင် မျက်နှာများကို သေချာ မမြင်ရချေ။

ဤအချိန်တွင် အခြားသူများလည်း နေရာအနှံ့ ကြည့်ရှုနေကြလေသည်။

အချင်းချင်း မည်သူမည်ဝါ ဖြစ်ကြောင်း မသိကြချေ။

သို့သော် အချို့က ထူးဆန်းသော လက်ဟန်ခြေဟန် အချို့ကို အသုံးပြုကြလေသည်။

ထို့နောက် သုံးယောက် တစ်စု၊ ငါးယောက် တစ်စု စုဖွဲ့လာကြလေသည်။

နောက်ဆုံးတွင် လူသုံးယောက် သာ အထီးကျန် ဖြစ်နေခဲ့လေသည်။

ကျန်းမန်၊ အမျိုးသမီး တစ်ဦး၊ နှင့် အမျိုးသား တစ်ဦး တို့ ဖြစ်ကြလေသည်။

ထိုသူများ၏ အကြည့်များက ကျန်းမန် နှင့် အခြား အမျိုးသား တစ်ဦး အပေါ်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။

အမည်မဖော်နိုင်သော လျှို့ဝှက်နယ်မြေတွင် လူများကို ဖယ်ကျဉ်ထားတတ်သည် ဆိုသည်ကို ကျန်းမန် အံ့ဩသွားခဲ့လေသည်။

သူကတော့ ဂရုမစိုက်ပါချေ၊ ဤနေရာရှိ စည်းကမ်းများက ယခင်ကနှင့် မတူညီပေ။

အကြောင်းမဲ့ တိုက်ခိုက်ခွင့် မပြုထားချေ။

"မင်းတို့ ထဲက ဘယ်သူက နံပါတ် ၂၁၀ လဲ"

ရုတ်တရက် လူတစ်ယောက်က မေးလိုက်လေသည်။

"ငါ မဟုတ်ဘူး"

အခြား အမျိုးသား တစ်ဦးက ချက်ချင်း ပြောလိုက်လေသည်။

တစ်ခါတစ်ရံ အကြည့်ခံရသော အမျိုးသမီး ကလည်း ချက်ချင်း ပြောလိုက်လေသည်။

"ငါက သေချာပေါက် မဟုတ်ဘူးလေ၊ ငါက မိန်းကလေး ပဲ"

တစ်ခဏအတွင်းမှာပင် လူတိုင်း၏ အကြည့်များက ကျန်းမန် အပေါ်သို့ ကျရောက်သွားလေသည်။

သို့သော် အချို့သော သူများကမူ ယခင် အမျိုးသား နှင့် အမျိုးသမီးကို စိုက်ကြည့်နေကြလေသည်။

နံပါတ် ၂၁၀ က လိမ္မာပါးနပ်စွာ ဝန်ခံလိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။

အကယ်၍ သူက တိုက်ရိုက် ငြင်းဆိုလိုက်မည် ဆိုလျှင်၊ အကယ်၍ သူက အမျိုးသမီး ဟန်ဆောင်နေမည် ဆိုလျှင်။

မဖြစ်နိုင်စရာ မရှိချေ။

သို့သော် ကျန်းမန်က လူတိုင်းကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်လေသည်။

"ငါပဲ ဘာဖြစ်လို့လဲ"

တစ်ခဏအတွင်းမှာပင် လူတိုင်း ကြောင်အမ်းသွားကြလေသည်။

တည်ငြိမ်သော စကားလုံးများ၊ ပွင့်လင်းသော အပြောအဆိုများ……

သူတို့ကို တွေဝေသွားစေခဲ့လေသည်။

သူတို့က ထိုသူကို ရှာဖွေဖော်ထုတ်ရန် နည်းလမ်း မျိုးစုံ စဉ်းစားထားကြပြီး အပြန်အလှန် စကားစစ်ထိုးကြမည်၊ တစ်ဖက်လူက အဆက်မပြတ် ငြင်းဆို ပုန်းရှောင်နေမည်၊ သူတို့က စည်းလုံးညီညွတ်စွာဖြင့် အခက်အခဲ မျိုးစုံကို ကျော်ဖြတ်ကာ လူကို ရှာဖွေဖော်ထုတ်မည်ဟု တွေးထားခဲ့ကြလေသည်။

ထို့နောက် နံပါတ်၂၁၀ ၏ ထိတ်လန့် ကြောက်ရွံ့နေသော ပုံစံကို မြင်တွေ့ရမည်။

သို့သော်...အမှန်တရား က အနည်းငယ် လက်ခံရ ခက်ခဲနေလေသည်။

တစ်ဖက်လူက သူ့ကိစ္စ မဟုတ်သကဲ့သို့ ဘာဖြစ်လို့လဲ ဟု မေးလိုက်လေသည်။

သူတို့ ချက်ချင်း သဘောပေါက်သွားသည်မှာ ဤသူသည် ဒုတိယ ခြံဝင်း သို့မဟုတ် တတိယ ခြံဝင်း မှ လူ လုံးဝ မဟုတ်ကြောင်းပင် ဖြစ်လေသည်။

ဒုတိယ ခြံဝင်း၊ တတိယ ခြံဝင်း မှ လူကြီးများက ဤသို့သော စကားမျိုး မပြောတတ်သလို ဤသို့သော လေသံမျိုးလည်း မသုံးတတ်ကြချေ။

လူငယ်များ၏ မာနကြီးမှု၊ အရှိန်အဝါ ကြီးမားမှု……

တစ်ခဏအတွင်းမှာပင် လူတိုင်းအား စိတ်ပျက်သွားစေပြီး မည်သို့ တုံ့ပြန်ရမည်ကို မသိအောင် ဖြစ်သွားစေခဲ့လေသည်။

ဤအချိန်တွင် တောင့်တင်းခိုင်မာသော အမျိုးသား တစ်ဦးက ခြေတစ်လှမ်း ရှေ့တိုးကာ ကျန်းမန် အရှေ့တွင် ရပ်လိုက်လေသည်။

"ငါ မင်းကို စိန်ခေါ်ချင်တယ်"

ကျန်းမန်က အရှေ့ရှိ လူကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်လေသည်။

"ငါ ငြင်းတယ်"

"ဘာဖြစ်လို့လဲ"

တစ်ဖက်လူက ချက်ချင်း မေးလိုက်လေသည်။

"မရဲတော့လို့လား ကြည့်ရတာ မင်းလည်း ဒီလောက်ပါပဲ"

ကျန်းမန်က အရှေ့ရှိ ဆိုင်းဘုတ် ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

"ပုဂ္ဂလိက တိုက်ခိုက်မှု တားမြစ်ထားတယ်"

တောင့်တင်းခိုင်မာသော အမျိုးသား သည် ထိုစာလုံးများကို မြင်တွေ့လိုက်ရသော အခိုက်အတန့်တွင် ကြောင်အမ်းသွားခဲ့လေသည်။

ဒီနေရာမှာ တိုက်ခိုက်လို့ မရဘူး။

"ဒါဆို ငါတို့ ဘယ်သူက သိုင်းပညာရပ်ကို ပိုစောစော နားလည်နိုင်မလဲ ဆိုတာကို ယှဉ်ပြိုင်ကြမယ်"

တောင့်တင်းခိုင်မာသော အမျိုးသား က ဆက်ပြောလေသည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဒီမှာ ဘယ် သိုင်းပညာရပ်က အကောင်းဆုံး လဲ"

ဒီနေရာက သိုင်းပညာရပ်တွေကို လုယူစရာ မလိုပါဘူး၊ သင်ယူချင်တာ တစ်ခု ရွေးလိုက်ရုံပါပဲ။

လူတိုင်းက အကောင်းဆုံးကို ရွေးချယ်နိုင်ပါတယ်။

ဒါပေမယ့် သိုင်းပညာရပ်တွေက များသောအားဖြင့် လျှို့ဝှက်နယ်မြေထဲမှာပဲ သုံးတာ များပြီး အပြင်မှာ သုံးလို့ သိပ်မရပါဘူး။

မသင်ယူနိုင်ရင် လျှို့ဝှက်နယ်မြေက အခွင့်အရေး တွေ ရဖို့ ထိခိုက်နိုင်ပါတယ်။

"ဒီက သိုင်းပညာရပ် တွေက သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုပြီး ခွဲထားတယ်၊ အကောင်းဆုံး ကတော့ သေချာပေါက် ဓာတ်ကြီးငါးခု ပေါင်းစပ်ခြင်းပဲ"

တောင့်တင်းခိုင်မာသော အမျိုးသားက ပြောလိုက်လေသည်။

"ဘယ်နေရာမှာလဲ"

ကျန်းမန်က မေးလိုက်လေသည်။

တောင့်တင်းခိုင်မာသော အမျိုးသားက အလိုအလျောက် လက်ညှိုးထိုးပြလိုက်လေသည်။

ထိုစကားကို ကြားသော် ကျန်းမန်က ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးလိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။

တစ်ဖက်လူ ထွက်သွားသည်ကို ကြည့်ရင်း တောင့်တင်းခိုင်မာသော အမျိုးသား အနည်းငယ် ကြောင်အမ်းသွားခဲ့လေသည်။

ဒီလူက သူ့ကို စော်ကားလိုက်တယ် လို့ သူ ခံစားလိုက်ရတယ်။

အခြားသူများလည်း သတိပြန်ဝင်လာကြလေသည်။

ချက်ချင်းပင် လူတစ်ယောက်က ပြောလိုက်လေသည်။

"သူက ဒုတိယ ခြံဝင်း၊ တတိယ ခြံဝင်း က မဟုတ်ဘူး ဒီလို ခံစားချက်မျိုးက ငါတို့ ခြံဝင်းက ပထမ ပါရမီရှင်ကို သတိရသွားစေတယ်"

အခြားသူများလည်း အံ့ဩသွားကြလေသည်။

ဒါဆို တစ်ဖက်လူ က စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ ခြံဝင်း ကလား။

ဤအချိန်တွင် ၉၈ နှင့် ၉၉ တို့လည်း အထဲတွင် ပါဝင်နေပြီး ၉၈ က အနည်းငယ် တွေဝေကာ ပြောလိုက်လေသည်။

"မင်းတို့ ပြောကြည့် အရင်တုန်းက နဝမမြောက် ခြံဝင်းကများ ဖြစ်နိုင်မလား"

မည်သူမျှ မယုံကြည်ကြသလို ထိုစကားကို လျစ်လျူရှုလိုက်ကြလေသည်။

"သူ ဘာသွားသင်မလဲ ဆိုတာကို အရင် ကြည့်ကြတာပေါ့ ပြီးတော့ ထွက်သွားတဲ့ အချိန်ကျရင် ဘယ်လောက် အထိ သင်ယူသွားနိုင်မလဲ ဆိုတာ ကြည့်ရမယ်"

လူတစ်ယောက်က ပြောလိုက်လေသည်။

ကျန်းမန်သည် ဓာတ်ကြီးငါးခု ပေါင်းစပ်ခြင်း အခန်း ရှေ့သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့လေသည်။

အတွင်းတွင် လူနှစ်ယောက် ထိုင်နေပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရလေသည်။

သူလည်း ဝင်သွားပြီး ထောင့်တစ်နေရာတွင် ထိုင်လိုက်လေသည်။

အပေါ်တွင် သဲနာရီ တစ်ခု ရှိပြီး သဲနာရီ ကုန်ဆုံးသွားပါက ဓာတ်ကြီးငါးခု ပေါင်းစပ်ခြင်း အကြောင်းကို ရှင်းပြမည့်သူ ရှိလာမည် ဖြစ်လေသည်။

ကျန်းမန် တကယ်တော့ အနည်းငယ် သိချင်နေမိသည်၊ ဓာတ်ကြီးငါးခု ပေါင်းစပ်ခြင်း နှင့် နွားဝါကြီး ပြောသော ဓာတ်ကြီးငါးခု သိုင်းပညာသည် တစ်ခုတည်း ဖြစ်မဖြစ် ဆိုသည်ကိုပင် ဖြစ်လေသည်။

"မင်းလည်း ခြံဝင်းငယ် ပထမ နေရာလား"

ဘေးရှိ အမျိုးသား တစ်ဦးက မေးလိုက်လေသည်။

ပထမ နေရာ မဟုတ်ပါက မည်သို့ ဤနေရာသို့ ရောက်လာမည်နည်း။

All Chapters