← Chapters

အခန်း ၁၃၉

Vol. 9 Ch. 139

အခန်း ၁၃၉

Vol. 9 Ch. 139

အခန်း (၁၃၉) မုန့်ချဲ့ဝေ့ အဘွားကြီး တစ်ယောက်ပါပဲ

နေရောင်ခြည်သည် ကောင်းကင်ယံမှ အူမုန်တောင်တန်း အပေါ်သို့ ထွန်းလင်းတောက်ပနေလေသည်။

တိမ်တိုက်များကို ဖြတ်သန်းကာ တောင်ထွတ်များစွာ အပေါ်သို့ ကျရောက်နေလေသည်။

အပြင်ဂိုဏ်း တောင်ထွတ်ခုနစ်ခု၏ နေရာအများစုတွင် နေရောင်ခြည်က နွေးထွေးနေသယောင် ရှိလေသည်။

ယွန်းရှာတောင်ထွတ် တစ်ခုသာ ချွင်းချက် ဖြစ်လေသည်။

မြူခိုးများ ကာကွယ်ထားမှု မရှိသဖြင့် နေရောင်ခြည်က တိုက်ရိုက် ကျရောက်နေလေသည်။

ကျင့်ကြံနေသူများကို အနည်းငယ် ပူပြင်းသည့် ခံစားချက်မျိုး ပေးစွမ်းနေလေသည်။

ညနေပိုင်း အထိပင် ထို ပူပြင်းသည့် ခံစားချက်က မလျော့ကျသွားခဲ့ချေ။

သို့သော် အခန်းထဲတွင် ရှိနေသော ကျန်းမန်ကတော့ အကြောင်းရင်းမရှိဘဲ အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေသည်ကို ခံစားနေရလေသည်။

အစီအရင်က အအေးဓာတ်တွေ မလွှတ်ထုတ်ထားပေမယ့် အခန်းထဲမှာ လူကို အလိုလို တုန်ချမ်းလာစေတယ်။

ကျန်းမန် အရင် နှစ်ခေါက် နဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး။

ဒါက မုန့်ချဲ့ဝေ့ သယ်ဆောင်လာတဲ့ စွမ်းအားက မနည်းတော့ဘူး ဆိုတာကို သက်သေပြနေတာပဲ။

တကယ်လို့ တိုက်ခိုက်လာရင် အဝါကြီး တတ်နိုင်ပါ့မလား မသိဘူး။

"ရေလေးတောင် မရှိဘူးလား"

မုန့်ချဲ့ဝေ့က အလွတ်ဖြစ်နေသော စားပွဲပေါ်ကို ကြည့်ကာ မေးလိုက်လေသည်။

ကျန်းမန် က သိပ်မပီပြင်သော မုန့်ချဲ့ဝေ့ ကို စိုက်ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်လေသည်။

"နတ်သမီး သောက်လို့ ရလို့လား"

"မရဘူး"

မုန့်ချဲ့ဝေ့ က ခေါင်းအနည်းငယ် ခါပြလိုက်ပြီး ကျန်းမန် ကို ကြည့်ကာ ပြောလိုက်လေသည်။

"ယောက်ျား နေရတာ နည်းနည်း ဆင်းရဲတယ် လို့ ခံစားရလို့လေ"

စကားပြောတာ တကယ်ပဲ နားထောင်လို့ ကောင်းတယ်၊ မျက်လုံးထဲမှာတော့ အေးစက်စူးရှတဲ့ အလင်းတန်းတွေ ပါနေပြီး ကြောက်စရာ ကောင်းလိုက်တာ။

ကျန်းမန် စိတ်ထဲတွင် တွေးလိုက်ပြီးနောက် ခေါင်းခါပြကာ ပြောလိုက်လေသည်။

"ကျွန်တော် ဒါတွေ သိပ်မသောက်တတ်ဘူး"

"ယောကျ်ားက ဆင်းရဲတယ်လို့ မခံစားရဘူးလား"

မုန့်ချဲ့ဝေ့က မေးလိုက်လေသည်။

ကျန်းမန်လည်း အများကြီး စဉ်းစားမနေဘဲ အမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။

"နတ်သမီးလည်း ကျွန်တော် ဘယ်လို အခြေအနေ မျိုး ဆိုတာ သိပါတယ်၊ ငယ်ငယ် ကတည်းက ဒီလိုပဲ နေလာတာ"

အရင်တုန်းက လက်ထပ်တုန်းက ဘယ်လို အခြေအနေ ရှိလဲ ဆိုတာ တစ်ဖက်လူ က အရှင်းသား မြင်နေရတာပဲလေ။

အဲဒီ အချိန်တုန်းက မုန့်ချဲ့ဝေ့က ခန္ဓာကိုယ် အစစ်အမှန်လေ။

ပတ်ဝန်းကျင်ကို အာရုံခံတာက အခုလို ကန့်သတ်ခံထားရမှာ မဟုတ်ဘူး။

ပြန်တွေးကြည့်တော့ ကျန်းမန်တောင် နည်းနည်း ရယ်ချင်သွားတယ်။

အရင်တုန်းက ရိုးသားလွန်းတော့ သန့်ရှင်းရေး သိပ်ဂရုမစိုက်ဖြစ်ဘူး။

တကယ်ကို နည်းနည်းတော့ ရှက်စရာ ကောင်းပါတယ်။

မုန့်ချဲ့ဝေ့ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ယောက်ျား မှတ်မိသေးလား ပထမဆုံး ကျွန်မကို စတွေ့တုန်းက ဘာပြောခဲ့လဲ ဆိုတာကို"

ကျန်းမန် ကြောင်အမ်းသွားခဲ့လေသည်။

ပြန်တွေးကြည့်လိုက်တော့ ရေကန် ဘေးမှာ တွေ့ခဲ့တာ ဖြစ်လောက်တယ်။

အဲဒီတုန်းက မင်းက ငါ့မိန်းမ လား လို့ မေးခဲ့သလိုပဲ။

ဒီလို တွေးမိတော့ ကျန်းမန် ချက်ချင်း ခေါင်းခါပြလိုက်ပြီး ဒီလို မိုက်မဲတဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်လေသည်။

အဝါကြီး ရဲ့ ဒုက္ခပေးတာ တကယ်ကို ခံလိုက်ရတာပဲ။

အဲဒီတုန်းက သူက ရိုးသားလွန်းတော့ မိန်းမ ဆိုတာ ဘာလုပ်ရမှန်း ဘယ်လို လုပ် သိမှာလဲ။

" မမှတ်မိတော့ဘူးလား" မုန့်ချဲ့ဝေ့က မေးလိုက်လေသည်။

ကျန်းမန် ခေါင်းညိတ်ပြလိုက်ပြီး ပြတ်သားစွာ ပြောလိုက်လေသည်။

"မမှတ်မိတော့ဘူး"

မုန့်ချဲ့ဝေ့ က ကျန်းမန် ကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာမှ ပြောလိုက်လေသည်။

"ဒါဆိုရင် ကျွန်မတို့ ဓာတ်ကြီးငါးခု ကျောက်တိုင် အကြောင်း ပြောကြရအောင်၊ အဲဒီ လက်ဝါးရာက ယောက်ျား ချန်ထားခဲ့တာလား"

"မဟုတ်ဘူး"

ကျန်းမန်က လေးလေးနက်နက် ခေါင်းခါပြလိုက်လေသည်။

မုန့်ချဲ့ဝေ့က ဘယ် လက်ဝါးရာလဲ ဆိုတာကို မပြောခဲ့ဘူး၊ အဲဒီတုန်းက လက်ဝါးရာ ချန်ထားခဲ့တာ တစ်ခုတည်း မှ မဟုတ်တာ။

ထိုစကားကို ကြားသော် မုန့်ချဲ့ဝေ့ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

" လိမ်ပြောနေတာ မဟုတ်လား"

"နတ်သမီးက ဘာလို့ ဒီလောက် အများကြီး မေးနေရတာလဲ ဟုတ်တယ် လို့ ဖြစ်စေ၊ မဟုတ်ဘူး လို့ ဖြစ်စေ ကျွန်တော်က ဟုတ်တယ် လို့ ပြောဖို့ မဖြစ်နိုင်ပါဘူး"

ကျန်းမန်က အကူအညီမဲ့စွာ ပြောလိုက်လေသည်။

"ကြည့်ရတာ ယောက်ျားက ကျွန်မ ရဲ့ ဂရုစိုက်မှု ကို သိပ်မကြိုက်ဘူး ထင်တယ်"

မုန့်ချဲ့ဝေ့ သက်ပြင်းချလိုက်ပြီးနောက် မျက်စိမှေးကာ ပြောလိုက်လေသည်။

"ဒါဆို ယောကျ်ားက ကျွန်မရဲ့ လက်စားချေမှု ကိုတော့ စိတ်ဝင်စားလား"

ကျန်းမန် ၏ အမူအရာ မပြောင်းလဲဘဲ လေးလေးနက်နက် ပြောလိုက်လေသည်။

"ကျွန်တော် ထင်တာတော့ ဓာတ်ကြီးငါးခု ကျောက်တိုင် ကိစ္စက ထပ်ပြီး ဆွေးနွေးသင့်တယ်လို့ ထင်တယ်"

မုန့်ချဲ့ဝေ့ က ကျန်းမန် ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"ပြိုင်ဘက်ကင်း ပါရမီရှင်က ဒီလောက်တောင် စည်းမျဉ်းစည်းကမ်း မရှိတာလား"

မင်းက အသက်ကြီးလို့ အလျှော့ပေးလိုက်တာ၊ ငါ့ကို အချိန် နည်းနည်း ထပ်ပေးပါဦး၊ ပြီးရင် ငါ့မှာ စည်းမျဉ်းစည်းကမ်း ရှိမရှိ ဆိုတာကို မင်း ထပ်ကြည့်လိုက်ပေါ့၊ ကျန်းမန် စိတ်ထဲတွင် တွေးလိုက်လေသည်။

အသက်ကြီးရင် ဒီလိုပါပဲ၊ ပြိုင်ဘက်ကင်း ပါရမီရှင်တောင် ခေါင်းငုံ့ရတာပဲ။

ကျန်းမန်က အမှန်အတိုင်း ပြောပြလိုက်လေသည်။

"ကျွန်တော် ကျောက်တိုင် ပေါ်မှာ လက်ဝါးရာ ချန်ထားခဲ့တာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် အပေါ်မှာ လက်ဝါးရာ တွေ အများကြီး ရှိနေတော့ နတ်သမီး ပြောတာက ဘယ်တစ်ခုလဲ ဆိုတာ မသိဘူး"

မုန့်ချဲ့ဝေ့သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ရန် အလိုအလျောက် ရည်ရွယ်လိုက်သော်လည်း ရုတ်တရက် ဤနေရာသည် မိမိ၏ ခြံဝင်း မဟုတ်ကြောင်း သတိပြုမိသွားသဖြင့် လက်ကို ပြန်ချလိုက်ပြီး ပြောလိုက်လေသည်။

"ကြည့်ရတာ ယောကျ်ားက စည်းမျဉ်းစည်းကမ်းတွေကို သိပ်မသိဘူး ထင်တယ်၊ တကယ့် ဓာတ်ကြီးငါးခု ကျောက်တိုင်က တစ်တိုင်တည်း ပဲ ရှိတာ၊ ကျန်တာတွေ အားလုံးက အတုတွေချည်းပဲ"

"ပြီးတော့ ဒီ ကျောက်တိုင်ကို တွေ့နိုင်တာ က ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား ရှိတဲ့ သူတွေပဲ"

ကျန်းမန် ကြောင်အမ်းသွားခဲ့လေသည်၊ ဒီလို အခြေအနေ မျိုး လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။

ဒါဆိုရင် အပေါ်က လက်ဝါးရာတွေ အားလုံးက အရင် လူတွေ ချန်ထားခဲ့တာပေါ့။

အားလုံးက မမျှော်လင့်ဘဲ သေဆုံးသွားကြတာပေါ့။

အော် အုတ်ဂူ စာတမ်းတွေ ရေးထားတာကိုး၊ စောစောကတည်းက သိရင် မရေးပါဘူး။

"ဒါဆို ယောက်ျားက လျှို့ဝှက်နယ်မြေထဲကို ကိုယ်တိုင် ဝင်သွားတာလား၊ ဒါမှမဟုတ် ဝူယွင်ဂိုဏ်း ကနေ ဝင်သွားတာလား"

မုန့်ချဲ့ဝေ့က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"အဲဒီ လူတွေက ယောကျ်ားကို တကယ်ပဲ ရှာတွေ့သွားပြီလား ဆိုတာ မသိဘူး"

ထိုစကားကို ကြားသော် ကျန်းမန် အနည်းငယ် အံ့ဩသွားခဲ့လေသည်၊ ဒီလို ကြည့်ရရင် အဲဒီ လူတွေက မုန့်ချဲ့ဝေ့ လွှတ်လိုက်တာ တကယ် မဟုတ်ဘူးပဲ။

ဒါပေမယ့် အဲဒီ လူတွေက မုန့်ချဲ့ဝေ့ လူသတ်ပြီး ဝူယွင်ဂိုဏ်း မှာ မြှုပ်ထားတယ် လို့ ထင်နေကြတာ။

ဒါကတော့ နာမည်ဂုဏ်သတင်းပါပဲ။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ နည်းနည်းလေးမှ မမှားဘူး။

ဒီတစ်ခေါက် မုန့်ချဲ့ဝေ့ သိပ်မကြာကြာ မနေခဲ့ပါဘူး၊ မိုးချုပ်သွားပြီးနောက် သူမလည်း ထပြီး ထွက်ခွာတော့မည် ဖြစ်လေသည်။

တံခါးဝ သို့ ရောက်သောအခါ သူမ ရုတ်တရက် ကျန်းမန် ကို လှည့်ကြည့်ကာ မေးလိုက်လေသည်။

"ယောကျ်ားက ဒီနေ့ ကျွန်မဆီမှာ ဘာတွေ ထူးခြားနေလဲလို့ ထင်လဲ"

ကျန်းမန် က သူမ၏ အင်မော်တယ် ဂါဝန်ကို ကြည့်ကာ ပြောလိုက်လေသည်။

"အင်မော်တယ် ဂါဝန် နည်းနည်း ထူးခြားနေတယ်"

"အင်မော်တယ် ဂါဝန် အပြင်ကော"

မုန့်ချဲ့ဝေ့ က ထပ်မေးလိုက်လေသည်။

ကျန်းမန် က တစ်ဖက်လူ ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်.

"နားဆွဲ အရောင် ပြောင်းသွားတယ်၊ အရင်တစ်ခေါက်က အဖြူ အပြာ အဖြူ၊ ဒီတစ်ခေါက် က အပြာ အဖြူ အပြာ၊ မျက်တောင် နေရာက မျက်ခွံဆိုးဆေး အရောင် နည်းနည်း ပိုရင့်သွားတယ်၊ မျက်ခုံးကြားက ပန်းပွင့်ပုံစံ အမှတ်အသားက ပိုပြီး နီရဲလာတယ်"

"ဆံထိုး တစ်ခု တိုးလာတယ်၊ အပေါ်က ဆွဲကြိုး အရောင် နည်းနည်း ဖျော့သွားတယ်"

"တခြားကတော့ မရှိလောက်တော့ဘူး"

မုန့်ချဲ့ဝေ့ သည် ကျန်းမန် ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်လေသည်။

"ယောကျ်ားက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ"

"ပြိုင်ဘက်ကင်း ပါရမီရှင်က အမြဲတမ်း လူတွေကို မထင်မှတ်ထားတာတွေ ဖြစ်စေတာပဲ"

ကျန်းမန်က အလိုအလျောက် ပြန်ဖြေလိုက်လေသည်။

မုန့်ချဲ့ဝေ့ ပြုံးလျက် လက်ကို မြှောက်လိုက်ရာ တစ်ခဏအတွင်းမှာပင် အခန်းထဲတွင် ရေခဲဘောလုံး တစ်လုံး စုစည်းသွားခဲ့လေသည်။

ထို့နောက် နောက်သို့ လှည့်ကာ အပြင်ဘက်သို့ လျှောက်သွားရင်း အေးစက်သော အသံ က ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့လေသည်။

"ယောကျ်ားရဲ့ အိမ်မွေးတိရစ္ဆာန်က ကျွန်မကို စော်ကားထားတယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် တန်ဖိုး နည်းနည်းတော့ ပေးဆပ်ရမှာပေါ့၊ ဒီတစ်ခေါက်တော့ အတိုး နည်းနည်းပဲ ကောက်လိုက်ဦးမယ်"

နောက်တစ်စက္ကန့်တွင် အအေးဓာတ် စွမ်းအား များ ပေါက်ကွဲထွက်လာခဲ့လေသည်။

ကျန်းမန် အခန်း တစ်ခန်းလုံး အအေးဓာတ် လွှမ်းခြုံသွားသည်ဟု ခံစားလိုက်ရလေသည်။

သို့သော် သူ့ဆီကိုတော့ မရောက်လာခဲ့ပုံ ရလေသည်။

ကျန်းမန် ချက်ချင်း အပြင်ထွက်ကြည့်လိုက်ရာ မုန့်ချဲ့ဝေ့ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

နွားဝါကြီးမှာမူ ရေခဲရုပ်တု တစ်ခု ဖြစ်နေလေပြီ။

သို့သော် မကြာမီမှာပင် ၎င်း က ရုန်းထွက်နိုင်ခဲ့လေသည်။

ရေခဲတုံးများ မြေကြီးပေါ် ပြန့်ကျဲသွားခဲ့လေသည်။

"ဒီနေရာက ဂိုဏ်း လေ၊ ငါက စွမ်းအား တွေကို သုံးလို့ မရဘူး၊ မဟုတ်ရင် သူ ငါ့ကို ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး"

နွားဝါကြီးက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"အဝါကြီး၊ ခေါင်းငုံ့သင့်တဲ့ အချိန် မှာ ခေါင်းငုံ့ရမယ်၊ ငါ က ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တာတောင် ခေါင်းငုံ့ခဲ့တာပဲ၊ ဒီမှာ ကြည့် ဘာမှ မဖြစ်ဘူး မဟုတ်လား"

ကျန်းမန် က လေးလေးနက်နက် ပြောလိုက်လေသည်။

နွားဝါကြီး က ကျန်းမန် ကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းငုံ့ကာ မြက်စားနေလိုက်လေသည်။

ကျန်းမန် ကတော့ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဘာလို့ သူ ဒီတစ်ခေါက် လာတာ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအား တွေ ပါလာရတာလဲ"

နွားဝါကြီး က ပါးစပ်ထဲက ဝိညာဉ်မြက်ပင် တွေကို ဝါးစားရင်း ရှင်းပြလိုက်လေသည်။

"မစွမ်းပါဘူး၊ အပေါ်ယံလောက်ပဲ စွမ်းသလို ထင်ရတာ၊ သူက အင်မော်တယ် ဂိုဏ်း နဲ့ တိုက်ခိုက်ပြီး ကျီးကန်းတံတားမှာ စွမ်းအား တစ်ချို့ ချန်ထားခဲ့တာ ဖြစ်လောက်တယ်"

"ဒါမှ ငါတို့ကို ပစ်မှတ်ထား နိုင်မှာလေ"

"ဒါပေမယ့် အရမ်း သိသာအောင် တော့ မလုပ်ရဲဘူး၊ အင်မော်တယ်ဂိုဏ်းက အလွယ်တကူ ရှာတွေ့သွားနိုင်လို့"

"နောက်တစ်ခေါက် လာရင် သူ တိုက်ခိုက်လို့ မရတော့ဘူး"

"သူ က အင်မော်တယ် ဂိုဏ်း ကို နောက်တစ်ခေါက် ထပ်သွားပြီး တိုက်ခိုက်ဦးမလား"

ကျန်းမန် က မေးလိုက်လေသည်။

နွားဝါကြီး က ကျန်းမန် ကို ကြည့်ကာ ခေါင်းခါပြလိုက်လေသည်။

"ဖြစ်နိုင်ခြေ အရမ်း နည်းတယ်၊ ဒါပေမယ့် သူ့ကို မှတ်တမ်းတင်ထားလောက်တယ်၊ အင်မော်တယ် ဂိုဏ်းက လူတွေ လာပြီး စုံစမ်းကြလိမ့်မယ်"

"ငါ က ပိုပြီးတော့တောင် စွမ်းအား တွေကို ထုတ်ပြလို့ မရဘူး၊ အင်မော်တယ်ဂိုဏ်းက လာစုံစမ်းရင် မင်း ကိုယ်တိုင် ဖြေရှင်းရမယ်"

"မကြာခင် လာမှာလား"

ကျန်းမန် က မေးလိုက်လေသည်။

"အရမ်း ကြာဦးမယ်"

နွားဝါကြီးက ဖြေကြားလိုက်လေသည်။

ထိုသို့ဆိုလျှင် ကျန်းမန် ဂရုမစိုက်တော့ပါချေ။

သူတို့ ရောက်လာတဲ့ အချိန်ကျရင် ကိုယ် က အခု လက်ရှိ ကိုယ် မဟုတ်တော့ဘူးလေ။

သူတို့ရဲ့ အရှိန်အဝါ ကို ရှောင်နေစရာ မလိုပါဘူး။

ညအချိန် ကောင်းတုန်းလေး မှာ ကျန်းမန် စတင် ကျင့်ကြံတော့သည်။

အနာဂတ် ကိစ္စတွေ က မရောက်လာသေးဘူး၊ ရောက်လာရင်လည်း အင်မော်တယ်ဂိုဏ်းကို ကိုယ်က ပြန်လည် ခုခံနိုင်မှာ မဟုတ်ဘူး။

အများကြီး တွေးမနေပါနဲ့။

နောက်တစ်လ နေရင် ရှိမယ့် နှစ်ပတ်လည် အဆင့်သတ်မှတ်ချက် အကြောင်းကိုပဲ အရင် စဉ်းစားရအောင်။

အခု ရှေ့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်၊ တစ်ခု က အဆင့်မြင့်အဆင့် မီးခိုးပြာ တေးသွား ကို ကျင့်ကြံမလား၊ ဒါမှမဟုတ် စိတ်အာရုံ နဲ့ ခန္ဓာကိုယ် ကို မြှင့်တင်မလား။

အခု ခန္ဓာကိုယ် အဆင့်ငါး အစပျိုး အဆင့်၊ စိတ်အာရုံ အဆင့်ငါး ကြယ်ပွင့် တစ်ဝက် လင်းနေပြီ၊ တစ်လ အချိန် ကို အကြိမ်တစ်ရာ သန့်စင် ကျောက်တုံး နဲ့ ဆေးလုံး တွေ ပေါင်းလိုက်ရင် စိတ်အာရုံ အဆင့်ခြောက် ဖြစ်ဖို့ အခွင့်အရေး ရှိတယ်။

ကျင့်ကြံမှုအဆင့် ကို မြှင့်တင်ဖို့တော့ လောလောဆယ် အခွင့်အရေး မရှိဘူး။

အနည်းငယ် တွေဝေသွားပြီးနောက် ကျန်းမန် ဆုံးဖြတ်ချက် ချလိုက်လေသည်။

အဲဒါကတော့ စိတ်အာရုံကို အရင် မြှင့်တင်မယ်၊ သိုင်းပညာရပ်ကိုတော့ စစ်မှန်သော သိုင်းပညာ ကို ယူပြီး ကျင့်ကြံမယ်။

ရိုးရှင်းတဲ့ ကျင့်စဉ် ဆိုတော့ ကျင့်ကြံရတာ အရမ်း မြန်တယ်။

အချိန် အများကြီး မယူရပါဘူး။

အဆင့်မြင့်အဆင့် ကျင့်စဉ်က အကြိမ် ရှစ်ဆယ် သန့်စင်ရတဲ့ အထဲမှာ အချိန် တော်တော်များများ ကုန်သွားလို့ တိုးတက်တာ အရမ်း နှေးတယ်။

ထို့နောက် ကျန်းမန် သည် စစ်မှန်သော သိုင်းပညာကို ထုတ်ယူလိုက်လေသည်။

စစ်မှန်သော သိုင်းပညာသည် ခန္ဓာကိုယ်ကို အထောက်အပံ့ ပေးသော တိုက်ခိုက်ရေး နည်းလမ်း ဖြစ်ပြီး ခန္ဓာကိုယ် ၏ ကြံ့ခိုင်မှု ကို မြှင့်တင်ပေးနိုင်သည်၊ ၎င်းတွင် ခွန်အား၊ အရှိန်၊ ကာကွယ်မှု တို့ ပါဝင်သည်။

သိုင်းပညာရပ်များ အသုံးပြုရာတွင်လည်း အထောက်အပံ့ အနည်းငယ် ရှိလေသည်။

သို့သော် အားနည်းချက် တစ်ခု ရှိသည်၊ တိုက်ခိုက်ရေး နည်းလမ်း လည်ပတ်မှု အမြန်နှုန်း နှေးကွေးသည်၊ ကြိုတင် မလုပ်ဆောင်ထားပါက အလွယ်တကူ အနှောင့်အယှက် ခံရနိုင်လေသည်။

ထိုမျှမက စစ်မှန်သော သိုင်းပညာ က တိုက်ခိုက်ရေး စွမ်းအား ကို မြှင့်တင်ပေးသည်နှင့် တစ်ပြိုင်နက် သုံးစွဲမှု ကြီးမားသည်ဟု အဓိပ္ပာယ်ရလေသည်။

စိတ်အာရုံ၊ ခန္ဓာကိုယ်၊ ဝိညာဉ်စွမ်းအင် အားလုံး အပေါ် ဖိအား မနည်းလှချေ။

ကျန်းမန် သည် စစ်မှန်သော သိုင်းပညာကို ကြည့်ကာ အားလုံး နားလည်နိုင်ကြောင်း တွေ့ရှိရပြီး ရိုးရှင်းသော ကျင့်စဉ်က ကျင့်ကြံရန် အလွန် လွယ်ကူလေသည်။

သို့သော် အဘယ်ကြောင့် လည်ပတ်မှု နှေးကွေးရသနည်း၊ ကျန်းမန် က တစ်ခုခု လိုအပ်နေသည်ဟု ထင်လေသည်။

ရှုပ်ထွေးလှသော ပဲ့တင်ထပ်မှု မရှိ၍ ပင် ဖြစ်လေသည်။

နွားဝါကြီး ကို မေးကြည့်ရာ အလားတူ အဖြေ ကိုပင် ရရှိခဲ့လေသည်။

"ရိုးရှင်းတဲ့ ကျင့်စဉ် ဆိုတော့ ရိုးရှင်းသွားရင် တစ်ခုခု ကို ဆုံးရှုံးရမှာပေါ့"

ကျန်းမန် က အပြည့်အစုံ ရှိမရှိ မေးကြည့်လေသည်။

ရရှိသော အဖြေ မှာ မရှိ ဟူ၍ပင် ဖြစ်လေသည်။

စစ်မှန်သော သိုင်းပညာသည် ကိုယ်တိုင်က ခန္ဓာကိုယ် အပေါ် ဖိအား တိုးစေခြင်း ဖြစ်ပြီး ကောင်းကျိုး ဆိုးကျိုး ရှိလေသည်။

တကယ်လို့ ကောင်းကျိုး ပဲ ရှိမယ် ဆိုရင်၊ အဲဒါက အခြေခံအဆင့် ကျင့်စဉ် လောက်ပဲ မဟုတ်တော့ဘူး။

အဆင့်မြင့်အဆင့် တောင် မကဘူး။

ကျင့်ကြံရတာ အရမ်း ခက်ခဲပြီး၊ အခြေခံတည်ဆောက်ခြင်း မှာ ရှိနေဖို့ မလိုအပ်ပါဘူး။

ကျန်းမန် နားလည်သွားခဲ့သည်၊ အင်မော်တယ် ဂိုဏ်းရဲ့ ကြီးမားတဲ့ အုပ်ချုပ်မှု ပြီးနောက်၊ သိုင်းပညာရပ် အများအပြားဟာ ရှိနေဖို့ မလိုအပ်တော့ဘူး။

ဘယ် အဆင့်မှာမဆို ကိုက်ညီတဲ့ သိုင်းပညာရပ်တွေ ရှိတယ်၊ အဲဒါက အထိရောက်ဆုံး ပဲ။

ခက်ခဲပြီး အစွမ်းထက်တာတွေ သေချာပေါက် ရှိတယ်၊ ဒါပေမယ့် အချိန် ဖြုန်းတာပဲ။

ကျင့်ကြံမှုအဆင့် မြင့်လာရင်၊ ကိုက်ညီတဲ့ သိုင်းပညာရပ် တွေက ချီသန့်စင်ခြင်း၊ အခြေခံတည်ဆောက်ခြင်း တွေထက် ပိုမကောင်းဘူးလား။

အချိန်ပေးပြီး ခက်ခက်ခဲခဲ ကျင့်ကြံတာက ကျင့်ကြံမှုအဆင့် မြှင့်တင်ဖို့ အချိန် ကို နှောင့်နှေးစေတာပဲ။

ဒါကြောင့် ဒီလို သိုင်းပညာရပ်မျိုးတွေက သဘာဝအတိုင်း ဖယ်ရှားခံလိုက်ရတာပေါ့။

ရိုးရှင်းတဲ့ ကျင့်စဉ်ကို သုံးရုံ နဲ့ လုံလောက်ပါပြီ။

ထို့နောက် ကျန်းမန် စတင် ကျင့်ကြံတော့သည်။

နှစ်ကြိမ်

စစ်မှန်သော သိုင်းပညာ အခြေခံ သို့ ရောက်ရှိသွားခဲ့လေသည်။

တစ်ကိုယ်လုံး တွင် ရွှေရောင် အလင်းတန်း များ ဖုံးလွှမ်းသွားခဲ့လေသည်။

ထို့နောက် ကျန်းမန် သည် အလင်းရောင် များက ကျင့်ကြံမှု ၏ ပထမဆုံး ဘူးသီးအပေါ်သို့ ဖုံးလွှမ်းသွားကြောင်း အာရုံခံမိလိုက်ပြီး ပထမဆုံး ဘူးသီး၏ စွမ်းအား ကို အကူအညီ ရယူလိုက်ခြင်း ပင် ဖြစ်လေသည်။

လေးကြိမ် ပြီးနောက်

စစ်မှန်သော သိုင်းပညာ ဒုတိယ အဆင့်

အလင်းရောင် က ခန္ဓာကိုယ် ၏ ပထမဆုံး ဘူးသီး အပေါ်သို့ ဖုံးလွှမ်းသွားခဲ့လေသည်။

ရှစ်ကြိမ် ပြီးနောက်

စစ်မှန်သော သိုင်းပညာ တတိယ အဆင့်

အလင်းရောင် က စိတ်အာရုံ ၏ ပထမဆုံး ကြယ်ပွင့် အပေါ်သို့ ဖုံးလွှမ်းသွားခဲ့လေသည်။

ထို့ကြောင့် ကျန်းမန် စစ်မှန်သော သိုင်းပညာ ကို လည်ပတ်လိုက်လေသည်။

ပထမဆုံး ကျင့်ကြံမှု ဘူးသီး မှ စတင်၍ ခန္ဓာကိုယ် ၏ ပထမဆုံး ဘူးသီး နှင့် ပဲ့တင်ထပ်စေပြီး၊ အောင်မြင်ပြီးနောက် စိတ်အာရုံ ၏ ပထမဆုံး ကြယ်ပွင့် နှင့် ပဲ့တင်ထပ်ရမည် ဖြစ်လေသည်။

အောင်မြင်မှသာ ကျန်းမန် ၏ ကိုယ်ပေါ်တွင် အလင်းရောင် များ စတင် ဖုံးလွှမ်းလာမည် ဖြစ်လေသည်။

ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် စွမ်းအား အနည်းငယ် တိုးတက်လာကြောင်း ခံစားလိုက်ရလေသည်။

ဘူးသီး အတွင်းရှိ ဝိညာဉ်စွမ်းအင် များလည်း စတင် လောင်ကျွမ်းလာခဲ့လေသည်။

မီးတောက် တစ်ခု ကဲ့သို့ ပင် ဖြစ်လေသည်။

တစ်ခဏအတွင်းမှာပင် ကျန်းမန် သည် မိမိကိုယ်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်နေသည်ဟု ခံစားလိုက်ရလေသည်။

"ဒီ ကျင့်စဉ် က တကယ်ကို အစွမ်းထက်တာပဲ၊ ဒါပေမယ့် လည်ပတ်ရတာ နှေးတယ်၊ အဆင့် မြင့်လေ နှေးလေပဲ"

ကျန်းမန် စိတ်ထဲတွင် သဘောပေါက်သွားခဲ့လေသည်။

ဒါကြောင့် အရင်က လျှို့ဝှက်နယ်မြေ ထဲမှာ လူတွေ နဲ့ တိုက်ခိုက်တုန်းက ဘယ်သူမှ သုံးတာ မတွေ့ရတာကိုး။

ပဲ့တင်ထပ်နေတဲ့ အချိန်မှာ အနှောင့်အယှက် ခံလိုက်ရရင် လည်ပတ်လို့ မရတော့ဘူးလေ။

ဒီ ပြဿနာကို ဖြေရှင်းလို့ ရမရ ဆိုတာကိုတော့ ကျန်းမန် လောလောဆယ် မသိနိုင်သေးပါဘူး။

ဒါပေမယ့် အချိန် ဆက်မဆွဲတော့ဘဲ ဆက်ပြီး မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ရက် လောက် အကြာမှာ၊ စစ်မှန်သော သိုင်းပညာ စတုတ္ထ အဆင့်

နောက်တစ်နေ့မှာ စစ်မှန်သော သိုင်းပညာ ဆဋ္ဌမ အဆင့်

တတိယနေ့ မှာ သတ္တမ အဆင့်

ပဉ္စမနေ့ မှာ အဋ္ဌမ အဆင့်

ဒသမနေ့ မှာ အောင်မြင်တဲ့ အဆင့်

အဆင့်ကိုး ရောက်သွားတဲ့ စစ်မှန်သော သိုင်းပညာ က ဘူးသီးကိုးခုကို အလင်းရောင် နဲ့ ဖုံးလွှမ်းသွားစေတယ်။

အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် မရှိရင် ဒီ ကျင့်စဉ်ကို အောင်မြင်တဲ့ အဆင့် အထိ ကျင့်ကြံလို့ မရပါဘူး။

အဲဒီနောက် ကျန်းမန် က အနှောင့်အယှက် မခံရဘဲ ဘယ်လို ပိုကောင်းအောင် လည်ပတ်နိုင်မလဲ ဆိုတာကို အထူး တကူး နှစ်ရက် အချိန်ယူပြီး လေ့လာကြည့်ခဲ့တယ်။

နောက်ဆုံးတော့ အရှိန်မြှင့် လို့ မရဘူး၊ စိတ်အာရုံ ကို ထိန်းထားပြီး တိတ်တဆိတ် လည်ပတ်နေဖို့ပဲ တတ်နိုင်တယ်။

ရိုးရိုးလေး ပြောရရင် ကျွမ်းကျင်ရင် လွယ်ကူသွားတာပေါ့။

အပြင် စိတ်အာရုံ အဆင့် က လုံလောက်အောင် ခိုင်မာရင်၊ ခန္ဓာကိုယ် ရဲ့ ဝိညာဉ်စွမ်းအင် ကို ပိုကောင်းကောင်း ထိန်းချုပ်နိုင်မယ်။

သေချာပေါက် အသေးစိတ် ကျတဲ့ ပါရမီ ကလည်း အရမ်း အရေးကြီးပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ပဲ၊ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တဲ့ ကျန်းမန် က သူ့မှာ အဲဒီလို ပါရမီ မျိုး ရှိတယ်လို့ ခံစားရတယ်။

နောက်ထပ် သုံးရက် အကြာ

ဩဂုတ်လ တစ်ရက်နေ့

ကျန်းမန် က စစ်မှန်သော သိုင်းပညာ ကို အပြည့်အဝ ကျွမ်းကျင်သွားပြီ လို့ ခံစားရပြီး တခြား လူတွေ နဲ့ တိုက်ခိုက်တဲ့ အခါမှာ လည်ပတ်မှု အနှောင့်အယှက် ခံရမှာ မဟုတ်တော့ဘူး။

ကျန်တဲ့ လဝက်လောက် အချိန်က စိတ်အာရုံ ကို မြှင့်တင်ဖို့ပဲ။

စိတ်အာရုံ အဆင့်ခြောက် ကို ကျော်ဖြတ်ဖို့။

သိုင်းပညာရပ် တွေ ကျင့်ကြံနေတဲ့ အချိန်မှာလည်း သူ စိတ်အာရုံ ကို သန့်စင်နေခဲ့တယ်။

ဆေးလုံး တွေလည်း အများကြီး စားခဲ့ရတယ်။

အခု ကြယ်ပွင့် တွေ အကုန်လုံး လင်းလက်နေပြီ၊ အဆင့်ကျော်ဖြတ် ဖို့ပဲ လိုတော့တယ်။

"ဆရာ့ဆီ ထပ်သွားရမယ်"

ဒီတစ်ခေါက် အဆင့်မြှင့်တင်တုန်းက မီးဓာတ် ဆေးလုံး မဝယ်နိုင်ခဲ့လို့ ကျန်းမန် တော်တော်လေး အရှုံးပေါ်သွားတယ်။

အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့်ကို ကျော်ဖြတ်တော့မယ်၊ မီးဓာတ် ဆေးလုံး နဲ့ မြေဓာတ် ဆေးလုံးကို လျှော့ဈေး နဲ့ ဝယ်လို့ မရရင် ဝိညာဉ်ကျောက်တုံး တွေ တော်တော်များများ အရှုံးပေါ်လိမ့်မယ်။

ဒါကြောင့် ဆရာ့ဆီ သွားပြီး နောက်ပေါက်ကနေ ဝင်ခွင့် တောင်းရမယ်။

ထို့နောက် ကျန်းမန်က ဝိညာဉ်ကျောက်တုံး လေးထောင့်ငါးရာ ပြင်ဆင်ပြီး ဆရာ့ဆီ သွားခဲ့လေသည်။

ဒီလို ဆိုရင် ဝိညာဉ်ကျောက်တုံး ခြောက်ထောင် ပဲ ကျန်တော့မယ်။

ချစ်ရွှေတောင်ထွတ်။

ကျန်းမန် သည် ဆေးဖော်စပ်ရေး ခြံဝင်း ထဲတွင် ရှိနေသော ဟယ်ဟွိုင်အန်းကို တွေ့လိုက်ရလေသည်။

ကျန်းမန် အရက် မပါလာသည်ကို မြင်သော် ဟယ်ဟွိုင်အန်း လည်း သက်ပြင်းချလိုက်လေသည်။

"ဒီတစ်ခေါက် ဆရာ့ဆီ ဘာလာလုပ်တာလဲ"

သူက ကုလားထိုင် ပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေပြီး အတော်လေး အကူအညီမဲ့စွာ ပြောလိုက်လေသည်။

ကျန်းမန် ဆိုတဲ့ ဒီ တပည့်က သူ့ အမှတ်ဉာဏ် ထဲမှာ အထင်ရှားဆုံး တစ်ယောက်ပါပဲ။

တခြား လူတွေက ထူးချွန်ကြတယ်၊ သူကတော့ ညံ့ဖျင်းတယ်။

ဒီလောက် ညံ့တဲ့ တပည့် မျိုး တစ်ခါမှ မတွေ့ဖူးဘူး။

လိမ်စား လိမ်သောက်တာတောင် ကိုယ့်ဆီ အထိ ရောက်လာတယ်။

ကံကောင်းတာက ဒီတစ်ခေါက် ဘာမှ မပါလာဘူး ဆိုတော့ အကြံဆိုး တွေ မရှိလောက်ဘူးလို့ ထင်ပါတယ်။

ဒါပေမယ့် သူ မပျော်ရသေးခင်မှာပဲ ကျန်းမန် က ဝိညာဉ်ကျောက်တုံး လေးထောင့်ငါးရာ ကို ထုတ်ပြလိုက်လေသည်။

ဟယ်ဟွိုင်အန်း ချက်ချင်း မတ်တပ် ထိုင်လိုက်လေသည်။

အရှေ့က လူကို စိုက်ကြည့်နေလေသည်။

"တပည့် ဒါ ဘာလုပ်မလို့လဲ"

သူ က သတိထားပြီး မေးလိုက်လေသည်။

"ဒီတစ်ခေါက် နှစ်ပတ်လည် စာမေးပွဲ မှာ တပည့် က ပထမ နေရာ ကို ယူဖို့ ပြင်ဆင်ထားပါတယ်"

ကျန်းမန်က ဟယ်ဟွိုင်အန်း ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်လေသည်။

"ပြီးတော့ကော"

ဟယ်ဟွိုင်အန်း က ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

"ဆရာက ဘာတွေ စတေးရဦးမလဲ၊ ဒါမှ တပည့် ပထမ နေရာ ရမှာလဲ"

"တပည့်က မီးဓာတ် ဆေးလုံး နဲ့ မြေဓာတ် ဆေးလုံးကို ဝယ်ချင်လို့ပါ"

ကျန်းမန် က ပြောလိုက်လေသည်။

"ဘယ်သူမှ တားမထားပါဘူး"

ဟယ်ဟွိုင်အန်း က ပြောလိုက်လေသည်။

"သူများတွေထက် အရင် လုမဝယ်နိုင်လို့ပါ"

"အဲဒါ မင်းရဲ့ ပြဿနာ မဟုတ်ဘူးလား"

"ဒါကြောင့် ကျွန်တော် ဆရာ့ဆီ လာတာပါ"

"ဒီလိုဆိုတော့ ငါ့ရဲ့ ပြဿနာ ဖြစ်သွားတာပေါ့"

ကျန်းမန်က ဝိညာဉ်ကျောက်တုံး လေးထောင့်ငါးရာ ကို ပြန်ပေးပြီး ရိုသေစွာ အရိုအသေပေးလိုက်လေသည်။

"ဆရာ ကူညီပေးပါ လို့ တောင်းဆိုပါတယ်"

"ကူညီပေးလို့ မရစရာ အကြောင်းတော့ မရှိပါဘူး"

ဟယ်ဟွိုင်အန်း က မျက်စိမှေးကာ ပြုံးလျက် ပြောလိုက်လေသည်။

"မင်း က ပထမ နေရာ ရချင်တယ် မဟုတ်လား ခြံဝင်းငယ် ရဲ့ ပထမလား ဒါမှမဟုတ် နှစ်ပတ်လည် ပထမလား"

"နှစ်ပတ်လည် ပထမပါ"

ကျန်းမန် က ပြန်ဖြေလိုက်လေသည်။

ဟယ်ဟွိုင်အန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်းပြီ၊ ဆရာက မင်းကို အားမပေးဘူးလို့ မပြောနဲ့၊ မင်းက ဒီလို ပြောလာမှတော့၊ မင်း နှစ်ပတ်လည် ပထမ ရပြီး ပြန်လာတဲ့ အချိန်ကျရင် မင်း ဆေးလုံးတွေ လုဝယ်စရာ မလိုတော့ဘူး၊ ပမာဏ ဘယ်လောက်ပဲ ဖြစ်ဖြစ် မင်း ကြိုက်သလောက် ဝယ်လို့ ရမယ်"

"ဘယ်လိုလဲ"

"ကျေးဇူးတင်ပါတယ် ဆရာ"

ကျန်းမန် က ရိုသေစွာ အရိုအသေပေးလိုက်လေသည်။

သို့သော် ဝိညာဉ်ကျောက်တုံးကို ပြန်ပေးသည့် အချိန်တွင် ဟယ်ဟွိုင်အန်းက လက်ခါပြလိုက်လေသည်။

"ပြန်ယူသွားပါ၊ ဆရာက မင်း ပထမ နေရာ ရအောင် အားပေးတယ် လို့ သဘောထားလိုက်"

ပါးစပ် ကသာ အဲဒီလို ပြောနေတာ၊ တကယ်တော့ ဟယ်ဟွိုင်အန်း စိတ်ထဲမှာ တွေးနေတာက၊ ဝိညာဉ်ကျောက်တုံးကို ငါ မယူဘူး၊ ကတိကိုလည်း ငါ ပေးပြီးပြီ၊ တကယ်လို့ မင်း သာ ပထမ နေရာ မရခဲ့ရင် မင်း မျက်နှာ ပြောင်တိုက်ပြီး ထပ်လာရဲသေးလား။

ဒီလို ဆိုတော့ ဟယ်ဟွိုင်အန်းက နောက်ပိုင်း အေးချမ်းသွားပြီ လို့ ထင်လိုက်လေသည်။

ဒါပေမယ့် အဲဒီ အစွန်းထွက်နေတဲ့ ပါရမီရှင် သုံးယောက် မရှိတော့တဲ့ အချိန် ကို အခွင့်ကောင်း ယူပြီး ခေါင်းပြူ ထွက်လာတာလား။

လိမ္မာတာပဲ။

နည်းလမ်း လည်း ရှိတယ်၊ အကြံအစည် လည်း ရှိတယ်။

အနာဂတ် ရှိတယ်!

ဒါပေမယ့် တကယ်ပဲ ပထမ ရမရ ဆိုတာတော့ မသိဘူး။

တကယ်လို့ တကယ်ပဲ ပထမ ဖြစ်သွားရင်တော့ ကိုယ် လည်း...

ဟယ်ဟွိုင်အန်း အနည်းငယ် စဉ်းစားကြည့်လိုက်ရာ မိမိလည်း လှောင်ပြောင် ခံရလောက်မယ် ထင်တယ်။

ကိုယ့်ရဲ့ ဒီ တပည့်က ပါရမီရှင် တွေ မရှိတော့တဲ့ အချိန် အထိ စောင့်ပြီးမှ ခေါင်းပြူ ထွက်လာရတယ် လို့ ပြောကြမှာပဲ။

ဒါပေမယ့် ဉာဏ်ကောင်းတဲ့ သူတိုင်း က ပါရမီရှင် တွေရဲ့ အရှိန်အဝါ ကို ရှောင်ရမယ် ဆိုတာကို သိကြတယ် မဟုတ်လား။

လမ်း က ရှည်သေးတယ်၊ ဒီအချိန် မှာ ပထမ နေရာ ကို ရပြီး အရင်းအမြစ် တွေ ရတာ ကမှ ရေရှည် အတွက် မှန်ကန်တဲ့ နည်းလမ်း ပဲ။

"မင်း တော်တော် ဉာဏ်ကောင်းတာပဲ၊ ပါရမီရှင် တွေရဲ့ အရှိန်အဝါ ကို ရှောင်တတ်တယ်"

ထိုစကားကို ကြားသော် ကျန်းမန် ကြောင်အမ်းသွားခဲ့လေသည်။

ကိုယ်က ဘယ်သူ့ရဲ့ အရှိန်အဝါ ကို ရှောင်ရမှာလဲ။

မုန့်ချဲ့ဝေ့လား။

အဘွားကြီး တစ်ယောက်ပါပဲ။

အနှေးနဲ့ အမြန် လက်အောက်ခံ ဖြစ်လာမယ့်သူပါ။

All Chapters