← Chapters

ခင်ဗျား ဆန်းကြယ်မှုကို ယုံလား

Vol. 14 Ch. 205

ခင်ဗျား ဆန်းကြယ်မှုကို ယုံလား

Vol. 14 Ch. 205

*သေချာပေါက် လေပူလက္ခဏာ တုပ်ကွေးပဲ*

ရှောင်ဖေးဖေး ဖျားနေသည်က အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေလောက်သည်။ သို့သော် ယခင်က ရဲ့လင်းချန် မူမမှန်သော တစ်စုံတစ်ရာကို သတိမထားမိပေ။ ယင်းက သာမန် အအေးမိခြင်းဟုသာ သူ ထင်ခဲ့သည်။ သို့သော် သူ ပေါ့ဆသွားခဲ့သည်။

ရဲ့လင်းချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ရှောင်ဖေးဖေးကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။

“ဟဲလို လင်းချန်လား”

ဖုန်းကိုင်လာသူက အစ်မလင်းပင်။ သူမအသံက အနည်းငယ် အားလျော့နေ၏။

“အစ်လင်း၊ အစ်မဖေးဖေး ဘယ်မှာလဲ”

“သူ … သူ အိပ်ပျော်နေလို့”

“အိပ်ပျော်နေတာလား”

နေ့အချိန်တွင် သူမ အိပ်ပျော်နေသည်ဟု ကြားလိုက်ရသဖြင့် ရဲ့လင်းချန် ရင်တုန်သွားသည်။

“သူ လေပူ လက္ခဏာ တုပ်ကွေး မိနေတာလား”

“ဒါက …”

သူ့အတွက် ဆက်ပြောရန် မလိုအပ်တော့ပေ။ သူ့စိတ်ထဲတွင် ယင်းက သေချာကြောင်း ခံစားမိနေသည်။ သူ တစ်ခွန်းမှ မပြောတော့ဘဲ ချက်ချင်း ရှောင်ဖေးဖေး အိမ်သို့ အလျင်အမြန် သွားလေသည်။

သူ ဆေးဆိုင်တစ်ဆိုင်နားမှ ဖြတ်သွားသောအခါ တစ်ထောက်နား၍ အလျင်အမြန် အထဲဝင်ပြီး တရုတ်ဆေး အချို့ကို ခပ်သွက်သွက် ဝယ်လိုက်သည်။

ရှောင်ဖေးဖေး၏ စံအိမ်သို့ သူ ရောက်သောအခါ နေ့လယ်နှစ်နာရီသို့ ရောက်နေလေပြီ။

ခြံတံခါးကို သုံးမိနစ်တိတိ ခေါက်ပြီးနောက် တံခါးက ဟရုံမျှ ဟလာပြီး အစ်မလင်းက ဖြည်းဖြည်းချင်း ခေါင်းပြူ၍ ကြည့်လေသည်။

“လင်းချန် နင် တကယ် မလာခဲ့သင့်ဘူး”

ရဲ့လင်းချန်က ချက်ချင်း တံခါးကို တွန်းဖွင့်၍ အစ်မလင်းကို ကြည့်လိုက်သည်။

“အစ်မလည်း လေပူ လက္ခဏာ တုပ်ကွေး ဖြစ်နေတာလား”

အစ်မလင်းက အလွန် အားနည်းနေပုံ ပေါ်နေသည်။ သူမမျက်နှာက ဖြူရော်နေကာ ပါးများ နီရဲနေသည်။ ယင်းက အဖျားတက်နေသော လက္ခဏာပင်။

“လင်းချန် နင် အခု ထွက်သွားသင့်တယ်”

အစ်မလင်းက စိုးရိမ်နေသည်။

“လေပူလက္ခဏာ တုပ်ကွေးက လူကြီးတွေမှာလည်း ကူးတယ်”

“အစ်မဖေးဖေး ဘယ်မှာလဲ”

ရဲ့လင်းချန်၏ ပုံစံက လေးနက်နေသည်။ သူသည် ဘာတစ်ခွန်းမှထပ်မပြောဘဲ ရှောင်ဖေးဖေး၏ အခန်းထံ လျှောက်သွားလေသည်။

ရှောင်ဖေးဖေး၏ အခန်းက နွေးထွေးစွာ ပြင်ဆင်ထားသည်။ သို့သော် လက်ရှိတွင် တစ်ခန်းလုံးတွင် ဆေးနံ့တို့ဖြင့် ပြည့်နေသည်။

“လင်းချန် နင် ဘာလုပ်တာလဲ”

ရဲ့လင်းချန်ကို မြင်သည်နှင့်‌ ရှောင်ဖေးဖေး၏ အမူအရာက ပြောင်းလဲသွားသည်။

သူမအသံက ပြာအက်နေပြီး မပွင့်တပွင့် ဖြစ်နေကာ မသိလျင် သူမလည်ချောင်းထဲ တစ်ခုခု ကပ်နေသဖြင့် စကားပြောရ ခက်နေသည်ဟုပင် ထင်မှတ်ရသည်။

ထို့နောက် သူမ အပြင်းအထန် ချောင်းဆိုးတော့သည်။

ရက်ပိုင်းလေးအတွင်းမှာပင် သူမမျက်နှာက သိသိသာသာ ချောင်ကျသွားသည်။ သူမ၏ တစ်ချိန်က လှပသော မျက်နှာလေးက အလွန် ပိန်ချုံးချည့်နဲ့နေပြီး ရင်ကွဲစရာ ကောင်းလှသည်။

“ကျေးဇူးပြုပြီး အခု သွားပါတော့၊ ဒီအခန်းထဲမှာ ပိုးက နေရာတိုင်း ရှိနေတာ”

ရှောင်ဖေးဖေးက အသည်းအသန် ပြောလေသည်။

“ကျွန်တော် မသွားဘူး၊ အစ်မဖေးဖေး ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဘာလို့ ကျွန်တော့်ကို စောစော မပြောတာလဲ”

ရဲ့လင်းချန်က ခုတင်နားသို့ လျှောက်လာပြီး ရှောင်ဖေးဖေး၏ သွေးခုန်နှုန်းကို စမ်းသပ်လေသည်။

“အသုံးမဝင်ဘူး၊ ငါ ဖျားကတည်းက ဆရာဝန်ပေါင်းစုံနဲ့ ကုသမှုခံယူနေတာ၊ လက်ရှိမှာ ငါတို့နိုင်ငံရော အခြားနိုင်ငံတွေပါ ဒီလေပူလက္ခဏာ တုပ်ကွေးကို ရင်ဆိုင်ရခက်နေတယ်”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို မျက်နှာချင်းဆိုင်လိုက်သည်နှင့် ယခင်က သူမ စိတ်တင်းထားခဲ့သမျှ ပျောက်ကွယ် သွားသည်။ သူမ မျက်ရည်များကို ထပ်၍ ထိန်းမထားနိုင်တော့ပေ။

လေပူလက္ခဏာ တုပ်ကွေးက နှေးကွေး၍ နာကျင်သော သေခြင်းတရားကို ဖြစ်စေသည်။ သူမသည်လည်း သေခြင်းတရားကို ကြောက်ရွံ့ပါသည်။ သို့သော် သူမ သန်မာချင်ယောင် ဆောင်နေခဲ့သည်။

“နင် သွားသင့်ပြီ၊ နင် ငါ့ကို လာတွေ့တာနဲ့တင် ပျော်နေပါပြီ၊ ငါ့ကို တိတ်တိတ်ကလေး ထွက်သွားခွင့် ပေးပါ”

ရှောင်ဖေးဖေး ငိုနေသောကြောင့် အသံပင် ပျောက်ချင်နေသည်။ သူမ ရဲ့လင်းချန်ကို တွန်းထုတ်ရန် ကြိုးစား သော်လည်း သူမ၌ ဘာခွန်အားမှ မရှိချေ။

“လင်းချန် ကျေးဇူးပြုပြီး အခု သွားလိုက်ပါတော့၊ ငါတို့ကို နင့်ကို ပိုးကူးမိအောင် မလုပ်ပါနဲ့”

အစ်မလင်းက ဖျောင်းဖျလေသည်။

လေပူလက္ခဏာ တုပ်ကွေး ကူးစက်နေကြောင်း သိရှိပါက သီးသန့်ခွဲနေရန် အရေးကြီးသည်။ ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့သည် သူမတို့၏ နောက်ဆုံးအချိန်ကို အပြင်လောကအား မသိစေဘဲ တိတ်တဆိတ် ကုန်ဆုံးရန် ပြင်ဆင်ထားခဲ့သည်။

“အစ်မဖေးဖေး၊ အစ်မလင်း၊ ဒီရောဂါကို … ကျွန်တော် ကုနိုင်တယ်”

ရုတ်တရက် ရဲ့လင်းချန်က ပြောလာသည်။

“ဘာ”

ရှောင်ဖေးဖေး နားကြားမှားသည်ဟုပင် ထင်မိသွားသည်။

သူမ ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေပြီးမှ ခေါင်းခါ၍ ပြောလေသည်။

“လင်းချန် နင် ငါ့ကို လိမ်နေစရာ မလိုပါဘူး၊ မြန်မြန် သွားပါတော့”

ရဲ့လင်းချန်က ရှောင်ဖေးဖေးကို ကြည့်လိုက်သည်။ သူမကို ကြည့်နေသော သူ့မျက်လုံးများက တောက်ပနေသည်။

“အစ်မဖေးဖေး၊ ခင်ဗျား ဆန်းကြယ်မှုတွေကို ယုံလား”

ရဲ့လင်းချန်က သူမကို ထိုသို့ကြည့်သောအခါ ရှောင်ဖေးဖေး၏ ဖြူရော်နေသော မျက်နှာလေးက ရှက်စိတ်ကြောင့် နီရဲလာသည်။ သူမ ပြောစရာ စကား မဲ့နေလေသည်။

“ကျွန်တော့်မှာ ဆေးပညာ ဗဟုသုတ ရှိတယ်၊ သိပ်အစွမ်းထက်တဲ့ ဆေးပညာ ဗဟုသုတလေ”

ရဲ့လင်းချန်က ဆက်ပြောသည်။ ထို့နောက် သူကမ မဟာဆရာသခင်ကျန်း သူ့ကို အရင်က ပေးထားသော ငွေအပ် ရှစ်ချောင်းကို ထုတ်လိုက်ပြီး ရှောင်ဖေးဖေး၏ ခုတင်ပေါ် တင်လိုက်သည်။

“ခြေဖဝါးက သွေးကြောသုံးခုက တစ်ကိုယ်လုံး ဆက်နေတာ၊ ကျွန်တော် အစ်မ ခန္ဓာကိုယ်ရဲ့ ချီနဲ့ သွေးလည်ပတ်မှု တိုးတက်လာအောင် အပ်စိုက်ပေးမယ်၊ ဒီနည်းနဲ့ အစ်မ ကိုယ်ထဲက ရောဂါပိုးကို ခုခံနိုင်လိမ့်မယ်”

ရဲ့လင်းချန်က ပြောလိုက်သည်။

“တကယ်ပဲ နည်းလမ်း ရှိတာလား”

ရဲ့လင်းချန်၏ တည်ကြည်နေသော ကိုယ်နေဟန်ထားက ရှောင်ဖေးဖေးနှင့် အစ်မလင်းကို အံ့ဩသွားစေသည်။

“စမ်းကြည့်လိုက်ပါ၊ အစ်မ သိလာလိမ့်မယ်”

ရဲ့လင်းချန် ပြောလိုက်သည်။ သူ ခုတင်စွန်းသို့ လျှောက်သွားလေသည်။

“ကောင်းပြီလေ၊ စမ်းကြည့်တာပေါ့ …”

ရှောင်ဖေးဖေး၏ အသံက အက်နေပြီး တီးတိုးပြောသည်နှင့် ပိုဆင်နေသည်။ သူမက စောင်ထဲမှနေ၍ ခြေဖဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

ခြေချောင်းလေးများက အလွန် သေး၍ နူးညံ့လှသည်။

“အစ်မဖေးဖေး စိတ်လျှော့ထားနော်၊ မစိုးရိမ်နဲ့”

ရဲ့လင်းချန် ပြောလိုက်သည်။

ရှောင်ဖေးဖေး စောင်ကို ခေါင်းမြီးခြုံထားမိသည်။ သူမ တစ်ကိုယ်လုံး အားမရှိသလို ပို၍ ခံစားလာရပြီး စောင်အောက်မှနေ၍ ရဲ့လင်းချန်ကို ခိုးကြည့်သည်။

မိန်းကလေးတစ်ယောက်၏ ခြေဖဝါးက သူတစ်ပါးကို မပြတတ်သော အစိတ်အပိုင်း ဖြစ်သည်။ ရဲ့လင်းချန်က ခြေဖဝါးကို သေချာ ကြည့်လာသောအခါ သူမ ပိုတိုး၍ ရှက်လာမိသည်။

ထိုစဉ် သူမခြေဖဝါးကို တစ်ခုခု ထိုးဝင်လာသကဲ့သို့ ခံစားမိကာ ထုံခနဲ ဖြစ်သွားလေသည်။၏

နာကျင်ခြင်း မရှိသည့်အပြင် အပ်စိုက်လိုက်သော နေရာမှနေ၍ အေးမြသော ခံစားချက်က တစ်ကိုယ်လုံးသို့ စီးဆင်းလာသည်။

ဒုတိယမြောက် အပ်ကလည်း ချက်ချင်းဆိုသလို ထိုးစိုက်လာသည်။

“ဟင်း…”

သူမ ညည်းလိုက်မိသည်။ စူးခနဲ ထိုးစိုက်လာသည့် အပ်ကြောင့် သူမ တစ်ကိုယ်လုံး တုန်တက်သွားသည်။ ထုံထိုင်း၍ ယားယံသလို ခံစားရသော်လည်း အလွန် သက်တောင့်သက်သာ ရှိလှသည်။

ရဲ့လင်းချန်ကမူ လေးနက်သော အမူအရာ ဖြစ်နေသည်။ သူသည် အပ်စိုက်ခြင်းအြား ဖြည်းဖြည်းခြင်း လုပ်ဆောင်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ အာရုံပျက်၍ မရသောကြောင့်ပင်။

ခြေဖဝါးတွင် သွေးကြောဆုံမှတ်များ ထောင်ချီ၍ ရှိပြီး အနည်းငယ်မျှ တိမ်းစောင်းသွားပါက အမှား လုပ်မိလိမ့်မည်။ ရဲ့လင်းချန် မပေါ့ဆရဲပါ။

“နေလို့ကောင်းလိုက်တာ”

အပ်စိုက်ကုသနေချိန်အတွင်း ရှောင်ဖေးဖေး မညည်းဘဲ မနေနိုင်ချေ။ သူမ၏ ဖြူရော်နေသော မျက်နှာလေးက တဖြည်းဖြည်း ပြန်လည် စိုပြည်ကာ နီမြန်းလာသည်။

အပ် စိုက်ထားသော နေရာများမှနေ၍ ပူနွေးသော စီးဆင်းမှုများကို သူမ ခံစားနေရသည်။ ယင်းက သူမခန္ဓာကိုယ်တွင်း စတင် စီးဆင်းလာပြီး တဖြည်းဖြည်း ခွန်အား ပြန်ရလာသည်။ နွေးထွေးသော စီးကြောင်းက သူမကိုယ်တွင်းမှ အအေးဓာတ်ကို ပျက်ပြယ်စေပြီး သူမ တုန်ယင်လာလေသည်။

“အလုပ်ဖြစ်တယ်”

ရှောင်ဖေးဖေး၏ မျက်လုံးတွင် အံ့ဩမှုတို့နှင့် ပြည့်နှက်နေ၏။

“ငါ ဗိုက်ဆာလာသလိုပဲ …”

သူမ အစားကောင်းကောင်း စားခဲ့သည်က ငါးရက်ပင် ရှိသွားလေပြီ။ သူမ ထမင်းစားချိန်ရောက်တိုင်း ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေး၍ စားခဲ့ရပြီး ထိုသို့သော အခြေအနေတွင် သူမ၏ ခန္ဓာကိုယ် အခြေအနေက ပိုဆိုးရွားလာခဲ့သည်။

စားသောက်ခြင်းက ခန္ဓာကိုယ်၏ အခြေခံ လိုအပ်ချက်ပင်။

ရက်အတော်ကြာပြီးမှ သူမ ပထမဆုံးအကြိမ် အစာစားချင်စိတ် ဖြစ်ပေါ်လာခြင်းပင်တည်း။

“ငါ ဆန်ပြုတ်နည်းနည်း ယူလာခဲ့မယ်”

အစ်မလင်းသည်လည်း အသိပြန်ဝင်လာပုံရသည်။ သူမ ထိုတောင်းဆိုချက်ကို လျစ်လျူရှုထားမည် မဟုတ်ပါ။ ထို့ကြောင့် သူမ မီးဖိုချောင်ထဲ ဝင်သွားပြီး ရှောင်ဖေးဖေးအတွက် ယာဂုတစ်ပန်းကန် ယူလာခဲ့သည်။

“လင်းချန် ဒီအပ်စိုက်ကုသတာက ဘယ်လောက် ကြာမှာလဲ”

ရှောင်ဖေးဖေး အနည်းငယ် ရှက်ရွံ့နေသည်။ သူမထံမှ အမောဖောက်နေသော အသံ ထွက်ပေါ်လာသည်။ သူမမျက်နှာက နီမြန်းနေပြီး မျက်လုံးများက မတည်ငြိမ်တော့ဘဲ တစ်ကိုယ်လုံး တွန့်လိမ်လာလေသည်။

“ပြီးတော့မှာပါ၊ ဘာဖြစ်လို့လဲ”

ရဲ့လင်းချန်က ရှောင်ဖေးဖေးကို‌ မော့ကြည့်လိုက်သည်။ ထို့နောက် သူ ခပ်မြန်မြန် ရိပ်စားမိသွားသည်။

အပ်စိုက်ကုသခြင်းသည် သွေးအား ပူလောင်စေသလို လူ့ခန္ဓာကိုယ်၏ များစွာသော လုပ်ဆောင်မှုများကို နှိုးဆွပေးသည်။ ရှောင်ဖေးဖေးက သူမ၏ ရုပ်ခန္ဓာ လုပ်ဆောင်မှုများကို ထိန်းချုပ်နိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေပြီး အဖျားတက်နေသကဲ့သို့ ခေါင်းစခြေအဆုံး ပူလောင်နေ၏။

သူ၏ စိတ်လောမှုကြောင့် အင်အားကို သူ မထိန်းလိုက်မိပေ။ ထို့ကြောင့် သူ အနည်းငယ် လွန်သွားသည့်ပုံပင်

“ငါတို့ … အရင်ဆုံး ရပ်လိုက်ရင်ရော”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ကြည့်နေသည်။ သူမမျက်လုံးများက ရီဝေနေပြီး သူမသာ ဤသို့ ဆက်ဖြစ်နေပါက တစ်ခုခု ဖြစ်လာလိမ့်မည်ဟု သူမ ခံစားမိနေသည်။ သူမခန္ဓာကိုယ်တွင်းမှ သွေးများက လျင်မြန်စွာ စီးဆင်းနေပြီး တစ်ကိုယ်လုံး ပူလောင်နေသည်။

“အဟမ်း … ပြီးသွားပါပြီ”

ရဲ့လင်းချန်က ချောင်းဟန့်လိုက်ပြီး ခပ်ရှက်ရှက်ဖြင့် လက်ပြန်ရုတ်လိုက်သည်။

လုပ်ငန်းစဉ်က တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း ဤကုသမှုမှနေ၍ သူ၏ တိကျမှုကို လုပ်ဆောင်နိုင် လိုက်သည်။ လေပူလက္ခဏာ တုပ်ကွေးသည် ထိန်းချုပ်နိုင်သလို ကုသ၍လည်း ရနိုင်ပေသည်။

All Chapters