← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း (၂၈၄) နာမည်ကျော် သိုးသားများထွက်ရှိရာ မွေးမြူရေးခြံ၊ ဝူယန်ရွာ

ဤနေရာသည် ဝူယန်ရွာ ဖြစ်သည်။

ရွာတွင် သိုးများ နာမည်ကြီးသောကြောင့် ဝူယန်ရွာဟု ခေါ်ဆိုခြင်းဖြစ်၏။

ငတ်မွတ်ခေါင်းပါးမှုဘေး မကျရောက်ခင်က ရွာရှိ အိမ်တိုင်းလိုလို သ်ုးများ မွေးမြူကြသည်။

ဝူယန်ရွာမှ သိုးများမှာ အသားအရသာ အလွန်ကောင်းမွန်ပြီး ညှီနံ့လုံးဝမရှိသောကြောင့် ပိုင်ရှန်းမြို့နယ်သာမက အနီးအနားရှိ မြို့နယ်များနှင့် ဖူဆုန့်ခရိုင်တစ်ခုလုံးတွင်ပင် နာမည်ကြီးလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ရွာရှိ အိမ်တိုင်းသည် သိုးများ စတင်မွေးမြူလာကြပြီး သူတို့အတွက် ကြီးပွားချမ်းသာရန် လမ်းစတစ်ခု ဖြစ်လာခဲ့သည်။

လီလန်၏ အဒေါ်ဖြစ်သူ မိသားစုသည် ဤရွာတွင် နေထိုင်ပြီး သူတို့လည်း သိုးများ မွေးမြူကြ၏။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း ဝူယန်ရွာသည်လည်း ငတ်မွတ်ခေါင်းပါးမှုဘေးကို ခံစားခဲ့ရလေသည်။ သိုးများမဆိုထားနှင့်၊ ပြောင်းဖူးမှုန့်ပင် မစားရတော့ချေ။

ဝူယန်ရွာသည် ရိုးရာ အမဲလိုက်ရွာတစ်ရွာ မဟုတ်ဘဲ မွေးမြူရေးရွာတစ်ရွာဖြစ်သည်။ ရွာသားများသည် သိုး၊ ဆိတ်များနှင့် နွားများကို မွေးမြူကြပြီး ပြောင်းဖူးနှင့် နှံစားပြောင်းများကို စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်း ပြုကြ၏။

တောင်သူလယ်သမားများမှာ ရာသီဥတုအပေါ် မှီခိုနေရသဖြင့် ဤသဘာဝဘေးအန္တရာယ်ကြီးက တစ်ရွာလုံးကို သဘာဝကျကျပင် ထိခိုက်စေခဲ့လေသည်။

"ငါတို့ အဒေါ့်အိမ်ကို အရင်သွားကြမယ်..."

လီလန်က ဩရှရှအသံဖြင့် ပြောလိုက်သည်။

"ဟင် တိရစ္ဆာန်ကုဆရာဝန်ဆီသွားမှာ မဟုတ်ဘူးလား အဒေါ့်အိမ်မှာ ဘာသွားလုပ်မလို့လဲ..."

ကျန်းရှောင်ဖုန်းက နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်၏။

"အဲဒီတိရစ္ဆာန်ကုဆရာဝန်က အတော်လေး ထူးဆန်းတဲ့ အကျင့်စရိုက်ရှိတယ်လို့ ကြားတယ် အဲဒါကြောင့် အဒေါ့်ကို အကူအညီတောင်းကြည့်မလို့..."

လီလန်က ရှင်းပြလေသည်။

"တစ်ရွာတည်းသားတွေ ဖြစ်နေတော့ ရဟန်းကို မျက်နှာမထောက်ရင်တောင် ကျောင်းမျက်နှာကိုတော့ ထောက်ထားသင့်တာပေါ့ ကိုယ့်ဘာသာ သွားတာထက် အဒေါ့်အဆက်အသွယ်ကနေ သွားတာက အများကြီး ပိုကောင်းတယ်လေ..."

ထိုစကားကို ကြားသောအခါ ကျန်းရှောင်ဖုန်းသည်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

ထို့နောက် သူတို့နှစ်ဦးသည် ရွာလမ်းမအတိုင်း အတွင်းဘက်သို့ ဆက်လျှောက်သွားကြသည်။

ဝူယန်ရွာတွင်လည်း သစ်သားအိမ်များသာ ရှိသော်လည်း အိမ်တိုင်းတွင် ကျယ်ဝန်းသော ခြံဝင်းကြီးများ ရှိကြပြီး ခြံဝင်း၏ ထောင့်တစ်နေရာ၌ သိုးခြံ သို့မဟုတ် ဆိတ်ခြံ တစ်ခုစီ ရှိကြ၏။

သိုးခြံကို သိုးများမွေးမြူရန် အသုံးပြုပြီး ၎င်းမှာ နွားတင်းကုပ်နှင့် ဆင်တူလေသည်။

ဤနေရာတွင် စားကျက်များ မရှိသဖြင့် ရှင်းကျန်းအနောက်မြောက်ပိုင်းရှိကဲ့သို့ သိုးများကို လွှတ်ကျောင်းသည့်စနစ်ဖြင့် မမွေးမြူဘဲ ခြံလှောင်စနစ်ဖြင့်သာ မွေးမြူကြသည်။

သိုးများစားမည့် မြက်များကို တောင်ပေါ်ရှိ တောင်သူများက တံစဉ်များဖြင့် ရိတ်သိမ်းပေးရ၏။

နွေဦးရာသီ ရောက်ရှိလာပြီဖြစ်ရာ လယ်ယာလုပ်ငန်းခွင်များအတွက် အလုပ်များသော အချိန်ဖြစ်သလို မွေးမြူရေးအတွက်လည်း ကောင်းမွန်သော အချိန်ကာလတစ်ခု ဖြစ်ပေသည်။

လီလန် လျှောက်သွားရင်း အိမ်တိုင်း၌ သိုးများ မွေးမြူထားသည်ကို မြင်တွေ့ရသော်လည်း အားလုံးမှာ သိုးပေါက်လေးများသာဖြစ်ပြီး အကောင်ကြီးများမှာ အလွန်နည်းပါးလှသည်။

ဤသိုးပေါက်လေးများမှာ အသစ်ယူဆောင်လာသော မျိုးစိတ်များ ဖြစ်ဟန်တူသည်။ အရွယ်ရောက်လာသောအခါ ၎င်းတို့ကို မျိုးသိုးများအဖြစ် အသုံးပြုကာ သိုးမများနှင့် မျိုးစပ်၍ သားပေါက်များ မွေးဖွားစေမည်ဖြစ်သည်။

၎င်းမှာ ကြက်က ဥဥသည် သို့မဟုတ် ဥမှ ကြက်ပေါက်လာသည်ဆိုသည့် သဘောတရားနှင့် အတူတူပင် ဖြစ်၏။

ယခုအခါ ဘေးအန္တရာယ်ကြီး ကျရောက်သွားပြီဖြစ်ရာ တောင်သူများအနေဖြင့် သိုးတစ်ကောင်မှစ၍ နှစ်ကောင်၊ သုံးကောင်... စသဖြင့် တဖြည်းဖြည်း သိုးဆယ်ကောင်၊ အကောင်နှစ်ဆယ်၊ အကောင်သုံးဆယ်အထိ အစကနေ ပြန်လည်စတင် တိုးချဲ့ကြရလေသည်။

သိုးများများ မွေးနိုင်လေ၊ ၎င်းတို့ကို ရောင်းချခြင်းမှ ငွေပိုရနိုင်လေ

ဖြစ်သည်။

သိုးများသည် အသားသာမက နို့နှင့် သားရေများကိုပါ ထုတ်လုပ်ပေးနိုင်၏။

လီလန်၏ ဆောင်းတွင်းဝတ် သိုးသားရေကုတ်အင်္ကျီမှာ အတော်အသင့် နွေးထွေးမှု ရှိလေသည်။

ရောက်လေပြီ။

ရွာအဝင်ဝမှ လျှောက်လာပါက အဋ္ဌမမြောက်အိမ်သည် လီလန်၏ အဒေါ်ဖြစ်သူ၏ အိမ်ဖြစ်သည်။

"အဒေါ်..."

လီလန်က တံခါးကို ခေါက်ကာ ခြံဝင်းအတွင်းသို့ အော်ခေါ်လိုက်သည်။

မကြာမီမှာပင် ခြံဝင်းအတွင်းမှ ပြန်ထူးသံတစ်ခု ထွက်ပေါ်လာ၏။

"အိုး လီလန် ဘယ်လေတိုက်လို့ ဒီကို ရောက်လာရတာလဲ..."

အားပါးတရအပြုံးတစ်ခုကို ဆင်မြန်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် လီလန်အတွက် တံခါးဖွင့်ပေးရန် စိတ်လှုပ်ရှားစွာ ပြေးလာလေသည်။

ထိုသူမှာ လီလန်၏ အဒေါ်ဖြစ်သူ လီရှောင်မိန် ဖြစ်သည်။

လီရှောင်မိန် ငယ်ရွယ်စဉ်က သူမသည် ပတ်ဝန်းကျင်တစ်ဝိုက်တွင် နာမည်ကြီးသော ရွာ၏ အလှပဂေးတစ်ဦးဖြစ်ခဲ့သည်။ သူမတွင် မျက်လုံးပြူးပြူး၊ တောက်ပသော ဆံပင်အနက်ရောင်နှင့် ဖြူဝင်းသော အသားအရေတို့ ရှိပြီး ရုပ်ရှင်မင်းသမီးတစ်ဦးနှင့်ပင် တူလေသည်။

သူမ၏ တစ်ခုတည်းသော အားနည်းချက်မှာ အိမ်ထောင်ဖက် ရွေးချယ်မှု မှားယွင်းခဲ့ခြင်းပင်ဖြစ်သည်။ လီလန်၏ ဦးလေးမှာ လယ်သမားတစ်ဦး ဖြစ်၏။ သူသည် လယ်ယာစိုက်ပျိုးရန်နှင့် သိုးမွေးမြူရန်လောက်သာ သိသော အနည်းငယ် ထိုင်းမှိုင်းပြီး ရိုးသားသည့် လူတစ်ယောက်ဖြစ်ကာ သိပ်ပြီး မထက်မြက်လှချေ။

နေ့စဉ် လယ်ကွင်းထဲတွင် အလုပ်လုပ်ကာ နေပူမိုးရွာမရှောင် ရုန်းကန်ရသဖြင့် တစ်ချိန်က လှပခဲ့သော ရွာ၏ ပန်းပွင့်လေးမှာ အချိန်၏ တိုက်စားမှုအောက်တွင် သဘာဝကျကျပင် ညှိုးနွမ်းသွားပြီး အဝါရောင်ပန်းပွင့်လေးတစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

ကံကောင်းထောက်မစွာဖြင့် အဒေါ်ဖြစ်သူမှာ အလုပ်ကြိုးစားပြီး စွမ်းဆောင်ရည်ရှိကာ အိမ်ကို အတွင်းအပြင် သပ်ရပ်သန့်ရှင်းအောင် ထိန်းသိမ်းထားနိုင်ပေသည်။

သူတို့မှာ မချမ်းသာနိုင်သော်လည်း ငတ်မွတ်မည်တော့ မဟုတ်ပေ။ သိုးမွေးမြူခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းတို့ဖြင့် ဘဝကို အဆင်ပြေအောင် ရုန်းကန်နိုင်ခဲ့ကြသည်။

"အဒေါ် ကျွန်တော် အဒေါ့်ကို လာကြည့်တာ..."

"ရော့ ဒါက အဖေ အဒေါ့်ဆီ ယူသွားပေးဆိုလို့ ထည့်ပေးလိုက်တဲ့ ကြက်ဖလေး..."

လီလန်သည် သူယူလာသော ကြက်ဖလေးနှစ်ကောင်ကို ကမ်းပေးလိုက်သည်။

ဤကြက်ဖလေးမှာ လျှို့ဝှက်သေတ္တာဖွင့်စနစ်မှ သူရရှိခဲ့သော ကြက်ပေါက်လေးများထဲမှ တစ်ကောင်ဖြစ်သည်။ လအနည်းငယ်ကြာ အစာကျွေးပြီးနောက် ကြက်ဖတစ်ကောင်အဖြစ် ကြီးထွားလာခဲ့ခြင်း ဖြစ်၏။

ကြက်ဖမှာ ဥမဥနိုင်သောကြောင့် သတ်စားရုံသာ ရှိတော့သည်။

ဤကြက်ဖလေးများကို အထင်မသေးလိုက်ပါနှင့်။ အဖေက သေချာဂရုစိုက်မွေးထားသဖြင့် အားလုံးမှာ သန်မာကျန်းမာကြပြီး တစ်ကောင်လျှင် အနည်းဆုံး နှစ်ကျင်း သို့မဟုတ် သုံးကျင်းခန့် အလေးချိန်ရှိကာ အသားများစွာ ရလေသည်။

"အိုကွယ် မင်းကလည်း လာတာကို ဘာလို့ ပစ္စည်းတွေ ယူလာရသေးတာလဲ..."

လီရှောင်မိန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

"လာ လာ အထဲဝင်ပြီးမှ စကားပြောကြတာပေါ့..."

လီရှောင်မိန်သည် ကြက်ဖလေးကို ယူလိုက်ပြီး လီလန်နှင့် သူ၏အဖော်တို့ အထဲဝင်လာစဉ် နွေးထွေးစွာ နှုတ်ဆက်လေသည်။

လီလန် စက်ဘီးကို ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် လီရှောင်မိန်သည် ကျန်းရှောင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီလန်ကို ပြုံးကာ ကြည့်လိုက်သည်။

"လီလန် သူက မင်းချစ်သူလား..."

"ဝိုး ကောင်မလေးက တကယ့်ကို လှတာပဲ ဘယ်ရွာကလဲကွယ့်..."

ထိုစကားကို ကြားသောအခါ ကျန်းရှောင်ဖုန်းက ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။

"အဒေါ် အဒေါ် အထင်လွဲနေပြီ ကျွန်မ ကျွန်မက မဟုတ်ပါဘူး..."

ဆော့ကစားတတ်သော ကောင်မလေးမှာ ယခုအခါတွင်မူ အရင်လို မဆိုးသွမ်းတော့ဘဲ အနည်းငယ် ရှက်ရွံ့ကာ အနေခက်နေပုံရလေသည်။

လီလန်သည် ကျန်းရှောင်ဖုန်း၏ ထိုကဲ့သို့သောအခြေအနေကို မြင်လိုက်ရသောအခါ စကားပင် မပြောနိုင်တော့ချေ။

*ဒီရှောင်ဖုန်းက ငါ့ကို စိတ်ဝင်စားနေတာလား…*

မုဆိုးမတစ်ယောက်ကိုပင် တိတ်တိတ်ပုန်းဇနီးအဖြစ် ထားရှိပြီးဖြစ်သော လီလန်တွင် အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးနှင့် ပတ်သက်၍ အတွေ့အကြုံ အတော်အတန် ရှိနေပြီ ဖြစ်သည်။

အလိုအလျောက် သိစိတ်နှင့် အတွေ့အကြုံများက ကျန်းရှောင်ဖုန်းသည် သူ့အပေါ် ခံစားချက်ရှိနေနိုင်ချေ အများဆုံးဖြစ်ကြောင်း သူ့ကို ပြောပြနေလေသည်။

သို့သော် လီလန်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ယောက်အပေါ် ခံစားချက်ရှိနေခြင်းမှာ ကောင်းသောအရာဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူသည် နှစ်သက်ခြင်းအမှတ်များကို စုဆောင်းနိုင်ပေသည်။

ကျန်းရှောင်ဖုန်းက သူ့ကို ပိုသဘောကျလေ၊ သူမ၏ ခံစားချက်များ ပိုမိုပြင်းထန်လာလေ၊ သူ၏ နှစ်သက်ခြင်းအမှတ်များက ပို၍တိုးလာလေ ဖြစ်မည်ဖြစ်သည်။

ဤသည်မှာ အသင့်စား ငွေပင်ပေါက်ကြီးပင် ဖြစ်၏။

ထို့ကြောင့် လီလန်သည် သူ၏အဒေါ်ကို ဘာမှ ရှင်းမပြခဲ့ပေ။

သို့သော် လီရှောင်မိန်မှာ အတွေ့အကြုံရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး မိန်းမများအကြောင်းကို အသိဆုံးဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ အတွေးများကို သူမက ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။

"ကောင်မလေးက အရမ်းရှက်နေတာပဲ လီလန်ကို သဘောကျနေတာ သေချာတယ်..."

လီရှောင်မိန်က အလွန်ဝမ်းသာသွားလေသည်။

မူလက သူမသည် လီလန်နှင့် လီရှန်းဟွာတို့၏ ကိစ္စများတွင် အတော်လေး ကူညီပေးခဲ့ဖူးသည်။ ထိုစဉ်က သူမ၏ ခဲအိုဖြစ်သူ လီတာ့ဟိုင်ကပင် သူမထံမှ ငွေချေးခဲ့ရသေး၏။

နောက်ပိုင်းတွင် လီလန်က လီရှန်းဟွာနှင့် စေ့စပ်ထားခြင်းကို ဖျက်သိမ်းလိုက်သောအခါ လီရှောင်မိန်က ၎င်းမှာ ကောင်းသောအရာဟု တွေးကာ လီလန်အတွက် ဇနီးတစ်ယောက်ရှာပေးရန် ဆုံးဖြတ်ခဲ့ပြီး သင့်တော်သော မိန်းကလေးများကို ရှာဖွေကာ သူ့အား မိတ်ဆက်ပေးခဲ့သည်။

ရလဒ်အနေဖြင့် သူမသည် အလွန်အလုပ်များသွားပြီး ထိုကိစ္စကို မေ့သွားခဲ့လေသည်။

နှစ်သစ်ကူးပွဲတော် ကာလအတွင်း သူမသည် ကလေးကိုခေါ်၍ လီလန်၏ မိသားစုထံ အလည်သွားခဲ့ပြီး ထိုကိစ္စကို အထူးတလည် ပြောပြခဲ့သည်။

"ခဲအို စိတ်မပူပါနဲ့ နှစ်သစ်ကူးပြီးရင် လီလန်အတွက် မိန်းမတစ်ယောက် ရှာပေးဖို့ ကျွန်မ ကတိပေးပါတယ်..."

သူမက ရင်ဘတ်ကိုပုတ်ကာ ယောက်ဖဖြစ်သူအား အာမခံခဲ့သည်။

သူမ ဇနီးသည်တစ်ယောက် မရှာပေးရသေးခင်မှာပင် လီလန်က ဤမျှလှပသော မိန်းမပျိုလေးတစ်ဦးကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ အလွန်ကောင်းမွန်သော သတင်းပင်ဖြစ်၏။

"သမီးလေး သမီးက ဘယ်ရွာကလဲ မိသားစုထဲမှာ ဘယ်သူတွေရှိလဲ..."

"မလန့်ပါနဲ့ အဒေါ်က လီလန်ရဲ့ အဒေါ်ပါ ဒီမှာ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပါနော်..."

"သမီး လီလန်နဲ့ လက်ထပ်ရင် အဒေါ်က သမီးတို့နှစ်ယောက်စလုံးကို မင်္ဂလာစာအိတ်နီ ကြီးကြီးတစ်အိတ် ပေးမယ်..."

လီရှောင်မိန်က ကျန်းရှောင်ဖုန်းကိုကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

ထိုစကားများကို နားထောင်ရင်း ကျန်းရှောင်ဖုန်း၏ မျက်နှာမှာ ပို၍ပို၍ နီရဲလာတော့သည်။ အစကတော့ သူမ၏ မျက်နှာသာ နီရဲနေခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ နားရွက်ဖျားများအထိပင် နီရဲလာလေပြီ။

“သွားပါပြီ…”

"အဒေါ် ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ကျွန်မ... ကျွန်မနဲ့ အစ်ကိုလီလန်နဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး..."

ကျန်းရှောင်ဖုန်းမှာ တုံ့ဆိုင်းသွားသော်လည်း စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့နေပြီး သူမ ထုတ်မပြောနိုင်ခဲ့ပေ။

သူမ တစ်ခဏမျှ စဉ်းစားကြည့်လိုက်ရာ အဒေါ်ဖြစ်သူ ပြောသည်မှာ မမှားကြောင်း သဘောပေါက်သွားသည်။ သူမသည် လီလန်၏ ကလေးသတို့သမီး မဟုတ်ပါလော။

ထိုအိမ်ထောင်ရေးကို မိဘများနှင့် ပွဲစားတို့က စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ ကလေးသတို့သမီးအဖြစ် လက်ထပ်ရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်ပေသည်။

[ဒင်... ကျန်းရှောင်ဖုန်း၏ နှစ်သက်ခြင်းအမှတ် +၅၀၀၀…]

[ဒင်... ကျန်းရှောင်ဖုန်း၏ နှစ်သက်ခြင်းအမှတ် +၅၀၀၀…]

*မဖြစ်နိုင်တာ... တကယ်ကြီး အဲဒီလောက်တောင် တက်သွားတာလား... တစ်ခါတည်းနဲ့ အမှတ် ၅၀၀၀ တောင်လား…*

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ လီလန်မှာ ဆွံ့အသွားတော့သည်။

ကျန်းရှောင်ဖုန်းက သူ့ကို နှစ်သက်ခြင်းအမှတ်များ အလွန်အမင်း ပေးလိုက်ခြင်းဖြစ်၏။

"ကောင်မလေးက... သူ့ကိုယ်သူ ငါ့ရဲ့ အနာဂတ်ဇနီးလို့ တကယ်ကြီး တွေးနေတာတော့ မဟုတ်ပါဘူးနော်..."

ရှက်ရွံ့ကာ ရိုးသားတည်ငြိမ်သော ဇနီးသည်ငယ်လေးတစ်ဦးပမာ ပြုမူနေသည့် ကျန်းရှောင်ဖုန်းကို ကြည့်ရင်း လီလန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။

All Chapters