အခန်း ၂၅၂၉
Vol. 253 Ch. 2529
အခန်း (၂၅၂၉) - မှတ်မိနိုင်မည်မဟုတ်
ဖောက်ထွက်ခြင်းတောင် ဖွင့်လှစ်သွားပြီလား
ကျောင်းသားများ၏ ရှေ့တည့်တည့်တွင် မည်သည့်အချိန်က ပေါ်လာမှန်းမသိသော လှေကားထစ်တစ်ခု ရှိနေသည်။
ဤလှေကားထစ်မှာ ယခင်က မရှိခဲ့ပေ။
ထိုလှေကားထစ်မှာ ဖောက်ထွက်ခြင်းတောင်၏ အနက်ရှိုင်းဆုံးနေရာအထိ တန်းတန်းမတ်မတ် သွားရောက်ပြီး အဆုံးအစ မမြင်နိုင်အောင်ပင်။
အကြောင်းရင်းကို မသိရသော်လည်း အနည်းငယ်သော ဖိအားတစ်ရပ်မှာ ကျောင်းသားတစ်ဦးစီတိုင်း၏ အပေါ်သို့ ကျရောက်လာသည်။
ဖန်ရွှေကဲ့သို့ပင် နှစ်ကြိမ်တိုင်တိုင် ရောက်ဖူးသည့် စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်း ကျောင်းသားများအတွက်မူ ထိုဖိအားမှာ ပို၍ပင် ကြီးမားနေသည်။
ထိုသည်မှာ သူတို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်နိုင်ခြင်း မရှိပါက နောက်တစ်ဆင့်သို့ ဆက်သွားရပေလိမ့်မည်။
အထက်လူကြီးများအနေဖြင့်လည်း သူတို့ သူတော်စင်အဆင့် ကျော်လွန်နိုင်ရန်အတွက် “ဒိန်းရွှမ်အသီး” ကဲ့သို့သော ရတနာပစ္စည်းမျိုးကို နောက်ထပ် ပံ့ပိုးပေးတော့မည် မဟုတ်ပေ။
“မလာခင်ကတည်းက ပြောပြထားပြီးသား၊ ဖောက်ထွက်ခြင်းတောင်မှာ သူတော်စင်များ ဖြတ်သန်းခဲ့ဖူးတဲ့ လမ်းကြောင်း တစ်လမ်းတည်းသာ ရှိတယ်။”
“တခြားလမ်းကြောင်းတွေက အန္တရာယ်များတယ်၊ လမ်းလွဲမရောက်မိစေနဲ့။”
လွမ်းထျန်းရှင်း၏ အသံမှာ ဖန့်ချန်နှင့် ဖန်ကျစ်ရွှယ်တို့၏ နားထဲသို့ ရောက်လာသည်။
တခြား ကောင်းကင်ဘုံအရှင်များမှာလည်း သူတို့၏ ကျောင်းသားများကို မှာကြားနေကြပုံရသည်။
မှာကြားပြီးသည်နှင့် ကျောင်းသားများမှာ တန်းစီ၍ ဖောက်ထွက်ခြင်းတောင်ထဲသို့ ဦးစွာ ဝင်ရောက်သွားကြသည်။
“ဖူယာယာကတော့ ဘာမဆို အရင်ဦးအောင် လုပ်တတ်တာပဲ။”
ဖူယွင်ဖေးက အေးစက်စက် ပြုံး၍ ပြောကာ ဖောက်ထွက်ခြင်းတောင်ထဲသို့ လိုက်ပါသွားသည်။
ကျောင်းသားများမှာ အစီအစဉ်တကျ ရှိကြပြီး အလုအယက် ပြေးလွှားခြင်းမျိုး မရှိကြပေ။
ချင်းမင်ဘက်မှ ဖန့်ချန် ဝင်သွားသည်ကို မြင်မှသာ ဖန်ကျစ်ရွှယ်တို့မှာလည်း တစ်ယောက်ပြီး တစ်ယောက် လိုက်ပါသွားကြသည်။
“ဒီကောင်လေးတွေ အကုန် ဝင်သွားကြပြီ၊ အချိန်ကို တွက်ကြည့်ရင် ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်လောက်နေမှ ထွက်လာကြလိမ့်မယ်။”
လွမ်းထျန်းရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ အကြည့်မှာ ရွေ့လျားသွားပြီး ရှန်းကျောက် ကောင်းကင်ဘုံအရှင်ထံသို့ ရောက်သွားသည်။
“ရှန်းကျောက် ကောင်းကင်ဘုံအရှင်၊ မင်းရဲ့ တပည့်က ရှီးမျိုးနွယ်စုကလား ”
ထိုနေရာရှိ ကောင်းကင်ဘုံအရှင်များအားလုံးမှာ လွမ်းထျန်းရှင်း မည်သူ့ကို ရည်ညွှန်းနေသည်ကို သိကြသည်။
သွေးရွာခန်းမအတွင်း၌ “ချန်ချန်၏ မိန်းမ” ဟူသော အမည်မှာ နှစ်ပေါင်းများစွာအတွင်း အလွန်ပင် ကျော်ကြားနေခဲ့သည်။
ရှန်းကျောက် ကောင်းကင်ဘုံအရှင်က တည်ငြိမ်စွာပင် -
“ယွီနတ်မိမယ်က ရှီးမျိုးနွယ်စုကလို့ ဘယ်သူ ပြောလို့လဲ သူမက လူသားမျိုးနွယ်စုကပဲ။”
“လူသားမျိုးနွယ်စု ”
ဆွေ့ဂွမ် နှင့် လွမ်းထျန်းရှင်းတို့မှာ အံ့အားသင့်စွာ တုန်လှုပ်သွားကြသည်။
“မင်းတို့ ချင်းမင်ဘက်က လူသားမျိုးနွယ်စုတွေက တကယ်ပဲ ထမြောက်လာမယ့် အရှိန်အဝါ ရှိနေတာပဲ။”
လင်ယောင်ဘက်မှ ကောင်းကင်ဘုံအရှင်တစ်ဦးက ကဲ့ရဲ့လိုက်သည်။
“မျိုးနွယ်စုအသေးစားလေး တစ်ခုကနေ ပါရမီရှင်တွေ ဒီလောက် ထွက်လာတာ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါပေမဲ့ လူသားမျိုးနွယ်စုရဲ့ သူတို့ကို မွေးထုတ်ပေးနိုင်မယ့် အရည်အချင်း မရှိသေးဘူးနဲ့ တူတယ်။”
“ချင်းမင်ရဲ့ ကိစ္စတွေကိုတော့ မင်းတို့ စိတ်ပူစရာ မလိုပါဘူး။”
လွမ်းထျန်းရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်
“ဟော်ဆွေ့မျိုးနွယ် မမွေးထုတ်နိုင်ရင်လည်း မဟာမိတ်အဖွဲ့က မွေးထုတ်ပေးလိမ့်မယ်။”
ယွီနတ်မိမယ်မှာလည်း လူသားမျိုးနွယ်စုမှ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ထိုနေရာရှိ ကောင်းကင်ဘုံအရှင်များမှာ လူသားမျိုးနွယ်စုအပေါ် ထားရှိသည့် သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။
……
……
ဖန့်ချန် ဖောက်ထွက်ခြင်းတောင်ထဲသို့ ဝင်ရောက်သွားပြီးသည်နှင့် နောက်ကွယ်ရှိ ကောင်းကင်ဘုံအရှင်များမှာ ပျောက်ကွယ်သွားကြသည်။
ပို၍ ပြောရလျှင် နောက်ပြန်လှည့်မည့် လမ်းကြောင်းမှာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
မလာခင်ကတည်းက လွမ်းထျန်းရှင်းမှာ ဖောက်ထွက်ခြင်းတောင်အတွင်းရှိ အခြေအနေများကို သူတို့ကို ပြောပြထားခဲ့သည်။
ထိုလှေကားထစ်များမှာ မည်မျှရှည်လျားသည်ကို ကောင်းကင်ဘုံအရှင်များပင် မသိကြပေ။
အကြောင်းမှာ ဖောက်ထွက်ခြင်းတောင်ထဲသို့ ဝင်ရောက်နိုင်သူများမှာ စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်း သူတော်စင်များသာ ဖြစ်သောကြောင့်ဖြစ်သည်။
ဆက်လက်၍ အပေါ်သို့ တက်လှမ်းနေပါက ကောင်းကင် ငါးပါးအတွင်း “ဖောက်ထွက်ခြင်း ကျောက်တိုင်” ဟု ခေါ်ဆိုသည့်အရာမှာ ကျပန်း ပေါ်လာတတ်သည်။
၎င်းပေါ်လာခြင်းမှာ အစီအစဉ် မရှိဘဲ လှေကားထစ် ဆယ်ထစ်လောက် တက်လိုက်သည်နှင့် ပေါ်လာနိုင်သလို၊ လှေကားထစ် ထောင်ပေါင်းများစွာ တက်သည်အထိ မပေါ်လာဘဲလည်း ရှိနေနိုင်သည်။
အကယ်၍ “ဖောက်ထွက်ခြင်း ကျောက်တိုင်” ပေါ်လာပါက ထိုကျောက်တိုင်ရှေ့တွင် တရားမှတ်၍ ထိုးထွင်းသိမြင်နိုင်ပေသည်။
သို့သော် “ဖောက်ထွက်ခြင်း ကျောက်တိုင်” ၏ အမျိုးအစားမှာလည်း ကွဲပြားသည်။
ဖောက်ထွက်ခြင်းတောင်မှ ထွက်လာသည့် သူတော်စင်တိုင်းမှာ တိကျသော အချက်အလက်ကို ပြောပြနိုင်ခြင်း မရှိကြပေ။
မှတ်ဉာဏ်များမှာ ဖုံးကွယ်ခံထားရသကဲ့သို့ ဖြစ်နေတတ်သည်။
သူတော်စင်အဆင့်ကို အောင်မြင်စွာ ကျော်လွန်နိုင်သည့် ကျောင်းသားဖြစ်စေ၊ မအောင်မြင်သည့် ကျောင်းသားဖြစ်စေ အားလုံးမှာ ထိုအတိုင်းပင်ဖြစ်သည်။
ထို့အပြင် ဤလှေကားထစ်များကို တစ်ထစ်ချင်း တက်လှမ်းတိုင်း ဖိအားမှာ တိုးလာသည်။
မည်မျှအထိ တက်နိုင်သည်မှာ ကိုယ်ပိုင် အခြေခံအုတ်မြစ်ပေါ်တွင် မူတည်သည်။
အဝေးဆုံးထိ တက်နိုင်လေ၊ ဖောက်ထွက်ခြင်း ကျောက်တိုင်များကို ပို၍ မြင်တွေ့ရလေ ဖြစ်ပြီး သူတော်စင်အဆင့် ကျော်လွန်ရန် အခွင့်အရေး ပိုများလေဖြစ်သည်။
“ဒါတွေက ရိုးရှင်းတဲ့ အချက်အလက်တွေပဲ၊ ဒီကနေ ထွက်သွားရင် မှတ်ဉာဏ်တွေက ထိခိုက်မှု ရှိသွားတယ်။ ဆိုလိုတာက တစ်ခေါက် ရောက်ဖူးတဲ့ ကျောင်းသားတွေတောင် ဖောက်ထွက်ခြင်းတောင်အကြောင်း သိပ်ပြီး နားမလည်ကြဘူး။”
“ငါ့ကလွဲလို့ လူတိုင်းရဲ့ အစမှတ်က အတူတူပဲ။”
“မှတ်ဉာဏ်ပိုင်းဆိုင်ရာ အနေနဲ့ဆိုရင်… ငါလည်း တစ်ခါက သိစိတ်တွေ ပိတ်ဆို့ခံရတဲ့ အခြေအနေ ကြုံခဲ့ဖူးတယ်။”
ဖန့်ချန်၏ မျက်ဝန်းထဲတွင် စိုးရိမ်မှု အရိပ်အယောင်များ ပေါ်လာသည်။
ထိုအချိန်ကာလက နယ်မြေကိုးခုတွင် လူသားမျိုးနွယ်စုများမှာ ပြန်လည်ဝင်စားခြင်း လမ်းကြောင်း မရှိတော့ပေ။
သူ့အပါအဝင် မည်သူမျှ ဤအချက်ကို မတွေးမိခဲ့ကြပေ။
ဤတစ်ကြိမ် ဖောက်ထွက်ခြင်းတောင်က သူ့မှတ်ဉာဏ်အပေါ် ထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးပေ။
“မှန်လး မင်း ဘယ်လို ထင်လဲ ”
“မှန်လေး”
“ဓားငယ်လေး”
ဖောက်ထွက်ခြင်းတောင်၏ သက်ရောက်မှုမှာ မှန်လေး နှင့် ဓားငယ်လေး အပေါ်သို့ ရောက်ရှိသွားပြီလား။
ဖန့်ချန်၏ မျက်ဝန်းမှာ ပို၍ပင် တည်ကြည်သွားသည်။
“ဖန့် အစ်ကိုကြီး၊ ငါတို့ အတူတူ တက်ကြရအောင်လား ”
ယွီနတ်မိမယ်က လျှောက်လာပြီး ပြုံး၍ မေးလိုက်သည်။
ယခုအခါတွင် ကျောင်းသားများမှာလည်း ခရီးစတင်နေကြပြီဖြစ်သည်။
ဖန်ကျစ်ရွှယ်၊ ဖန်ရှောင်ပန်းနှင့် ဖန်ရှောင်ထျန်းတို့သာ ဖန့်ချန်ကို စောင့်ရင်း ကျန်နေခဲ့ကြသည်။
ယွီနတ်မိမယ်နှင့်အတူ လိုက်ပါလာသော မငြိမ်မသက်ဒေသမှ ကျောင်းသားများမှာလည်း ခရီးစတင်သွားကြပြီဖြစ်သည်။
သူတို့ထဲမှ တစ်ဦးမှာမူ အခါအားလျော်စွာ နောက်ပြန်လှည့်၍ ကြည့်နေသည်။
ယွီနတ်မိမယ်နှင့် ဖန့်ချန်တို့ စကားပြောနေသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းထဲတွင် မနာလိုသည့် အရိပ်အယောင်များ ပေါ်လာပြီးနောက် သူသည်လည်း ခိုင်မာသော စိတ်ဓါတ်ဖြင့် လှေကားထစ်များပေါ်သို့ ဆက်လက်တက်လှမ်းသွားသည်။
ခြေလှမ်းတိုင်းမှာ တောင်ပေါင်းသောင်းချီ လေးလံနေသကဲ့သို့ ခံစားရသည်။
“ကောင်းပြီ၊ ဒီတစ်ခါတော့ အတူတူ တောင်တက်ကြတာပေါ့။”
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
လူအများမှာ ပထမဆုံး လှေကားထစ်ကို စတင် နင်းမိလိုက်သည်နှင့် ထူးခြားသော ခံစားမှုများ ဖြစ်ပေါ်လာသည်။
“အရမ်းလေးတာပဲ။”
ဖန်ကျစ်ရွှယ်က -
“ခြေလှမ်းတွေ လေးလာသလိုပဲ၊ နောက်ပိုင်း တက်လေ ပိုလေးလေဆိုရင် တောင်တက်တဲ့ လုပ်ငန်းစဉ်မှာတင် သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်နိုင်မယ့် အခွင့်အရေး ရှိတာလား။”
“ဆရာပြောတာတော့ ဖြစ်နိုင်ခြေ ရှိတယ်၊ ဒါပေမဲ့ ‘ဖောက်ထွက်ခြင်း ကျောက်တိုင်’ ကို တွေ့မှပဲ သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်ဖို့ ပိုလွယ်ကူလိမ့်မယ်။”
ယွီနတ်မိမယ် ပြောပြီးသည်နှင့် တောင်ပေါ်သို့ ဆက်လက်တက်လှမ်းသွားသည်။
ဖန့်ချန်မှာ စိတ်အာရုံများကို ဖယ်ရှား၍ တောင်တက်ရန်သာ အာရုံစိုက်လိုက်သည်။
နောက်ပိုင်း လှေကားထစ်များမှာ ပို၍ တက်ရခက်ခဲလာသဖြင့် ယခင်က မြန်ဆန်နေသော ကျောင်းသားများမှာလည်း မသိလိုက်ဘဲ နှေးကွေးသွားကြသည်။
သူတို့မှာ ဒုတိယမြောက် ထူးခြားချက်ကို ရှာဖွေတွေ့ရှိလိုက်သည်။
အတွင်းနယ်မြေမှာ ဤနေရာတွင် အသုံးမဝင်ပေ။
သူတို့၏ ခန္ဓာကိုယ်ထဲရှိ အတွင်းကမ္ဘာစွမ်းအင်မှာ အဆက်မပြတ် ဖြည့်တင်းပေးခြင်း မရရှိနိုင်တော့ပေ။
ထို့ကြောင့် သူတို့မှာ ဖြည်းဖြည်းချင်း တက်လှမ်း၍ အတွင်းကမ္ဘာစွမ်းအင် သုံးစွဲမှုကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရသည်။
သတိမထားမိလိုက်ခင်မှာပင် လူအများမှာ လှေကားထစ် ရာပေါင်းများစွာ တက်လှမ်းမိလိုက်သည်။
ထိုလုပ်ငန်းစဉ်အတွင်း ကောင်းကင်ဘုံအရှင် ဆက်ခံသူအချို့မှာ နဖူးတွင် ချွေးများ စီးကျလာသည်။
ဖန့်ချန် သူတို့ကို မှတ်မိသည်။
နေမင်းခုနှစ်ပါးခန်းမတွင် အဆင့်အလွန်မမြင့်သူများ ဖြစ်သည်။
သာမန် အရည်အချင်းရှိသော ကောင်းကင်ဘုံအရှင် ဆက်ခံသူများ ဖြစ်ကြသည်။
“ဖန့်ချန် မိတ်ဆွေ၊ ဒီ ဖောက်ထွက်ခြင်းတောင်က တကယ်ကို ထူးခြားတာပဲ၊ တို့တွေလို စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်တွေတောင် အဝေးကြီး မတက်ရသေးခင် ချွေးတွေ ပြန်နေပြီ။”
ဖန်ရွှေက နောက်လှည့်၍ ပြုံးကာ ပြောလိုက်သည်။
သူသည် ယခုအခါ ဖန့်ချန်ထက် လှေကားထစ် သုံးထစ်သာ ပိုတက်ထားသည်။
ရှန်းရှိုးယွမ်၊ ဖူယွင်ဖေး၊ ရင်တန့်၊ ဆွေ့ထျန်းဟွမ်နှင့် တန်ခယ်ရွှမ်တို့မှာလည်း အနီးအနားတွင်ပင် ရှိနေကြသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံအရှင် ဆက်ခံသူများ၏ စွမ်းရည်အစစ်အမှန်ကို ထုတ်ဖော်ပြသခြင်း မရှိသေးပေ။
အားလုံးမှာ လျှို့ဝှက်ထားပြီး ဖြည်းဖြည်းချင်းသာ တက်လှမ်းရန် ရွေးချယ်ထားကြသည်။
သို့သော် ပုံရိပ်တစ်ခုမှာမူ လူအများထက် လှေကားထစ် တစ်ရာကျော်အထိ သာလွန်နေသည်။
သူမ၏ ခြေလှမ်းတိုင်းမှာ ခိုင်မာပြီး ခြေလှမ်းကြား ခြားနားမှုမှာလည်း တည်ငြိမ်ကာ တစ်သမတ်တည်းပင် ဖြစ်သည်။
“ဖန်ရွှေ မိတ်ဆွေ၊ မင်း အရင်တစ်ခါက ဘယ်နှစ်ထစ်အထိ တက်နိုင်ခဲ့လဲ ”
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
အနီးနားရှိ အကြည့်များမှာ ဖန်ရွှေထံသို့ ရောက်သွားသည်။
ဖန်ရွှေက ခါးသီးစွာ ပြုံးလိုက်သည်
“ငါ့ကို မမေးပါနဲ့တော့၊ ငါ ဘာမှ မမှတ်မိဘူး၊ ငါ့မှတ်ဉာဏ်ထဲမှာ “ဖောက်ထွက်ခြင်း ကျောက်တိုင်” တစ်ခုကို တွေ့လိုက်ရပြီးတာနဲ့ ဘာမှ မမှတ်မိတော့ဘူး။”
“ဘယ်နှစ်ထစ် တက်ခဲ့လဲဆိုတာတောင် မမှတ်မိဘူးလား”
ရင်တန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
“မမှတ်မိဘူး။”
ဖန်ရွှေက ခေါင်းခါလိုက်သည်။
ရှန်းရှိုးယွမ်က ဖူယာယာ၏ ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး -
“ငါ အကြီးအကဲတချို့ဆီက ကြားဖူးတယ်၊ ဖောက်ထွက်ခြင်းတောင်ထဲမှာ တကယ်ပဲ အရာတော်တော်များများ မမှတ်မိတော့ဘူးတဲ့၊ ဒီနေရာက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ။”
ခဏရပ်လိုက်ပြီး -
“ဖူယာယာ တက်တာ အရမ်းမြန်တယ်၊ ပင်ပန်းတဲ့ဟန်တောင် မရှိဘူး၊ သူ့စွမ်းရည်က ငါတို့ထက် အများကြီး သာလွန်နေတယ်။ သူက သူတော်စင်အဆင့်ကို နှစ်ကြိမ်တိုင်တိုင် ကျော်လွန်ပြီးသားဖြစ်ပြီး ဒါက တတိယအကြိမ်လားလို့ မင်းတို့ ထင်လား”