← Chapters

အခန်း ၂၅၃၅

Vol. 254 Ch. 2535

အခန်း ၂၅၃၅

Vol. 254 Ch. 2535

အခန်း (၂၅၃၅) - ငါ ယဲ့ထျန်းဂူက ဒီနေရာမှာပဲ မင်းတို့ကို စောင့်နေမယ်

​“ဟေ့… လင်းယောင်ဂိုဏ်းက တပည့်တွေ မကျေနပ်ကြဘူးဗျို့။”

​စင်မြင့်ပေါ်တွင် ထိုအရပ်ရှည်ရှည်နှင့် ပုဂ္ဂိုလ်မှာ ခါးထောက်လျက်၊ သူ၏ဆီသို့ လျှောက်လာနေသော ဖန့်ချန်ကို ရယ်ကျဲကျဲဖြင့် ကြည့်နေသည်။

​“ဘယ်ကနေ ပေါက်ဖွားလာမှန်းမသိတဲ့ နယ်မြေအဆင့်မမီတဲ့ ဂိုဏ်းလေးကလည်း ကွက်လပ်ရှာပြီး အခွင့်အရေး ယူချင်နေတာလား။ သံသရာမသေမျိုးဂိုဏ်းဆိုတာ မင်းတို့လိုကောင်တွေ လာရမယ့်နေရာလို့ ထင်နေလား။”

​“သဘောပေါက်ရင် နောက်တစ်ခါ စင်မြင့်ပေါ် တက်မလာနဲ့တော့။ တက်လာရင် မင်းတို့ လမ်းပျောက်သွားတဲ့အထိ အရိုက်ခံရလိမ့်မယ်။”

​လှောင်ပြောင်သံများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာသည်။

​ဤပွဲကို လာကြည့်နေသူများ၏ မျက်နှာပေါ်တွင် ပြုံးရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

​“အစ်ကိုဝမ်၊ ခုနက အစ်ကို့ဆီ ချဉ်းကပ်ဖို့ ကြိုးစားခဲ့တဲ့ကောင် စင်မြင့်ပေါ် တက်သွားပြီ။”

​အလုံးစုံသိမြင်ဂိုဏ်းမှ တပည့်တစ်ယောက်က ရယ်မော၍ ပြောသည်။

“သူ့ကြည့်ရတာ မကောင်းတဲ့အကြံအစည်တွေ ရှိနေပုံပဲ၊ ငါတို့ဆီက အကူအညီ လိုချင်နေတာ ဖြစ်မယ်။”

​ဝမ်ချုံးစန်းက ရယ်သလိုလိုနှင့် ပြောလိုက်သည်။

​“ငါတို့ အလုံးစုံသိမြင်ဂိုဏ်းက နယ်မြေအဆင့် မဝင်ပေမဲ့ ကမ္ဘာလောကကြီးမှာ ငါတို့အကြောင်း မသိတဲ့သူ ဘယ်သူရှိလို့လဲ။”

​“သူတို့က ငါတို့ကို လိုလိုချင်ချင်နဲ့ အကူအညီတောင်းတာကို မရလိုက်တဲ့အတွက် အခုလို စော်ကားပြောဆိုနေကြတာပဲ။”

​“လောကကို ကြည့်လိုက်စမ်း၊ ဘယ်သူကများ ငါတို့ အလုံးစုံသိမြင်ဂိုဏ်းဆီ လာပြီး အကြောင်းအရာ တစ်ခုခုကို မမေးမြန်းချင်ဘဲ ရှိပါ့မလား။”

​“နောင်ဒီလိုကောင်တွေ အများကြီး ထပ်ပေါ်လာဦးမှာ။ မင်းတို့လည်း သတိထားကြ၊ သူတို့ ချိုသာတဲ့စကားလေး ပြောလိုက်တာနဲ့ အပေါင်းအသင်းလုပ်မိနေဦးမယ်။”

​“အစ်ကိုဝမ် ပြောတာ မှန်လိုက်တာ။”

​အလုံးစုံသိမြင်ဂိုဏ်းမှ တပည့်များမှာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး အခြားသူများကို ကြည့်သည့် အကြည့်များမှာ အနည်းငယ် မောက်မာနေသည်။

​အေးစက်စက် လှောင်ပြောင်သံများကြားမှ ဖန့်ချန်မှာ စင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်။

​စင်မြင့်မှာ ချက်ချင်းပင် ကြယ်တာရာစစ်မြေပြင်အဖြစ် ပြောင်းလဲသွားသည်။

​“မင်းနာမည် ပြောစမ်း။”

​ပြိုင်ဘက်မှာ ဖန့်ချန်ကို ရယ်ကျဲကျဲဖြင့် ကြည့်ကာ ပြောသည်။

​“ငါက ဘဲ့ထျန်းဂိုဏ်းက ဝမ်ဟိန်ပဲ။”

​“ဝမ်ဟိန်တဲ့လား။”

​ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

​“ငါက လင်းယောင်ဂိုဏ်းက ယဲ့ထျန်းဂူပဲ။ မင်းက ငါ့မျက်လုံးထဲမှာတော့ အမှိုက်စလေး တစ်ခုပဲ။ သဘောပေါက်ရင် ကိုယ့်ဖာသာ စင်ပေါ်ကနေ ဆင်းသွားလိုက်၊ မဟုတ်ရင် ခံရမယ့်ဒုက္ခတွေကို လျော့ပေါ့သွားမှာပေါ့။”

​ထိုစကားထွက်ပေါ်လာသည်နှင့် တန်ခယ်ရွှမ်တို့မှာ သွေးပင် အန်ထွက်တော့မလို ဖြစ်သွားကြသည်။

​ကျန်ရှိနေသော လင်းယောင်အမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ စကားပြောရန် ပြင်လိုက်သည်ကို မြင်လျှင် တန်ခယ်ရွှမ်က အမြန်ပင် တားမြစ်လိုက်သည်။

​“သည်းခံကြ၊ အသေးအဖွဲကို သည်းမခံနိုင်ရင် ကြီးမားတဲ့ အစီအစဉ် ပျက်သွားလိမ့်မယ်။”

​“တန်ခယ်ရွှမ်၊ သူက အရှင်သခင်ရဲ့ နာမည်ကိုတောင် အသုံးပြုရဲတယ်ပေါ့။”

​“ဒါကိုတောင် သည်းခံရဦးမှာလား။”

​တန်ခယ်ရွှမ်၏ မျက်လုံးများမှာ နက်ရှိုင်းသွားသည်။

“သည်းခံ၊ သည်းခံရမယ်။ ဒီနေရာရဲ့ အခြေအနေကို ငါတို့ အခုထိ မသိရသေးဘူး၊ အရင် သည်းခံထားလိုက် ”

​ရင်တန့် တို့အုပ်စုမှာ စိတ်ထဲတွင် လျှို့ဝှက်စွာဖြင့် သက်ပြင်းချလိုက်သည်။

​ကံကောင်းသည်မှာ သူတို့မှာ ဖန့်ချန်နှင့် ပဋိပက္ခမရှိသည့်အတွက် ဖန့်ချန်၏ ဤသို့သော အရှက်ခွဲခြင်းကို ခံရတော့မည် မဟုတ်ပေ။

​ထိုအချိန်တွင် ဘဲ့ထျန်းဂိုဏ်းမှ တပည့်အယောက်ဆယ်ဂဏန်းကျော်မှာ ဖန့်ချန်၏ မောက်မာလွန်းသော စကားများကို ကြားလိုက်ရသဖြင့် အလွန်ဒေါသထွက်သွားကြသည်။

​“ကောင်းတယ် ကောင်လေး၊ မင်း တော်တော် မောက်မာတာပဲ။ ဝမ်ဟိန်၊ အဲ့ကောင်ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ခွေးကျွေးလိုက်စမ်း ”

​“လင်းယောင်ဂိုဏ်း ဟုတ်လား ယဲ့ထျန်းဂူ ဟုတ်လား ငါ မင်းကို မှတ်ထားလိုက်ပြီ။ ဒီနေရာက ထွက်သွားပြီးတာနဲ့ ငါတို့ ဘဲ့ထျန်းဂိုဏ်းက မင်းတို့ ဂိုဏ်းဆီ လာပြီး ချေမှုန်းပစ်မယ်။”

​“ငါတို့ ဘဲ့ထျန်းဂိုဏ်းဟာ နယ်မြေငယ်ဂိုဏ်း ၃၆၀၀ ထဲက တစ်ခုဖြစ်လျက်နဲ့ နယ်မြေအဆင့်မမီတဲ့ ဂိုဏ်းတစ်ခုရဲ့ ဒီလိုအနိုင်ကျင့်မှုကို ဘယ်တုန်းက ခံဖူးလို့လဲ။”

​“ဒီနေ့ မင်းတို့ လင်းယောင်ဂိုဏ်းက တပည့်တွေအားလုံး ဒူးထောက်ရမယ် ”

​“အစ်ကိုဝမ်၊ ဒီကောင်က ငါတို့ထက်တောင် ပိုမောက်မာနေသလိုပဲနော်။”

​အလုံးစုံသိမြင်ဂိုဏ်းမှ တပည့်များမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

​ဝမ်ချုံးစန်းက ဖန့်ချန်ကို စဉ်းစားတွေးတောလျက် ကြည့်နေပြီး ခေါင်းညိတ်လိုက်သည်။

​“ဒီ ယဲ့ထျန်းဂူ ဆိုတဲ့လူက အတော်လေး သူရဲကောင်းဆန်တယ်လို့ ပြောရမယ်။ ဒီလိုအချိန်မှာ စင်မြင့်ပေါ် တက်ရဲသလို နယ်မြေငယ်ဂိုဏ်းဖြစ်တဲ့ ဘဲ့ထျန်းဂိုဏ်းကိုလည်း ဒီလို ရက်စက်တဲ့စကားတွေ ပြောရဲတယ်ဆိုတော့ ရဲရင့်တဲ့ စိတ်ဓာတ်ရှိသားပဲ။”

​“အဲဒါတော့ ဟုတ်တာပေါ့၊ ဒါပေမဲ့ အဲ့လိုသူရဲကောင်းဆိုတဲ့လူကလည်း အစ်ကိုဝမ်ဆီ လာပြီး အပေါင်းအသင်းလုပ်ချင်နေတာပဲ၊ အစ်ကိုဝမ်ကပဲ ပိုတော်ပါတယ်။”

​အလုံးစုံသိမြင်ဂိုဏ်းမှ တပည့်တစ်ယောက်က တိုးတိုးလေး ရယ်မော၍ ပြောသည်။

​ဝမ်ချုံးစန်းကတော့ ဘာမှပြန်မပြောဘဲ ပြုံးလိုက်သည်။

​ကြယ်တာရာစစ်မြေပြင်တွင် ဝမ်ဟိန်မှာ ဖန့်ချန်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားပြီးနောက် ဒေါသတကြီး ဖြစ်သွားကာ နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီး အေးစက်စက် ရယ်မောလိုက်သည်။

​“မင်းက ဒီနည်းနဲ့ ငါ့ကို ဒေါသထွက်အောင် လုပ်ချင်တာလား။ မဖြစ်နိုင်ဘူး။”

​“ဒီလို အသေးအဖွဲ ကိစ္စတွေကို နောက်တစ်ခါ မလုပ်ပါနဲ့။”

​“ငါတို့ရှေ့မှာတော့ မင်းဟာ ရယ်စရာကောင်းတဲ့ လူရွှင်တော်တစ်ယောက်သာ ဖြစ်လိမ့်မယ်။”

​ဖန့်ချန်မှာ ထိုလူနှင့် စကားအများကြီး ပြောနေရန် စိတ်မကူးတော့ပေ။ စိတ်အာရုံကို လှုံ့ဆော်လိုက်သည့်အခါ မြှားတစ်စင်းမှာ ဝမ်ဟိန်ဆီသို့ အလင်းတန်းကဲ့သို့ လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။

​သူသည်လည်း ယခုတွင် အတွင်းကမ္ဘာကို ဖွင့်လှစ်နိုင်ခြင်း မရှိပေ။

​သို့သော် သူ၏ နတ်ဘုရားစွမ်းအားများကို ဆက်လက် အသုံးပြုနိုင်ဆဲဖြစ်ပြီး စွမ်းအား အနည်းငယ်သာ လျော့ကျသွားသည်။

​သို့သော်လည်း သူ၏ အချို့သော နတ်ဘုရားစွမ်းအားများကိုမူ အသုံးပြု၍ မရနိုင်သေးပေ။

​ဥပမာ -သိုင်းသူတော်စင် ရဲ့ အသွင်ကိုယ်ထည်

​သူ ခုနက စမ်းကြည့်ပြီးပြီ၊ အတွင်းကမ္ဘာကို မဖွင့်နိုင်သည့်အတွက် ခန္ဓာကိုယ်နှင့် ပေါင်းစပ်၍ မရသဖြင့် အသွင်ကိုယ်ထည်ကို မထုတ်နိုင်ပေ။

​‘ထိန်းချုပ်ခြင်း နတ်ဘုရားစွမ်းအား’ ကိုလည်း ခေတ္တမျှ အသုံးပြု၍ မရနိုင်သေးပေ။

​“ဒါ ဘာနတ်စွမ်းအားလဲ။ အရင်က ဖန့်ချန် သုံးတာ မတွေ့ဖူးပါဘူး။”

​ဆွေ့ထျန်းဟွမ်တို့၏ အမူအရာမှာ အလွန်လေးနက်သွားသည်။

​အကြောင်းရင်းမှာ ဖန့်ချန် သုံးလိုက်သည့် နတ်ဘုရားစွမ်းအား၏ လေထုမှာ ရှောင်ရိချန်းထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေခြင်းကြောင့် ဖြစ်သည်။

​၎င်းကို သူတို့သာမကဘဲ ထိုနေရာရှိ ဂိုဏ်းအသီးသီးမှ တပည့်များအားလုံး သိရှိသွားကြသည်။

​ဝမ်ဟိန်မှာမူ ထိုကောင်းကင်မြှား နတ်စွမ်းအားကို တိုက်ရိုက် ရင်ဆိုင်နေရသဖြင့် အရှင်းဆုံး ခံစားမိလိုက်သည်။

​ဤမြှားမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းမှ ထွက်ပေါ်လာသည့် အရှိန်အဝါများကြောင့် ဝမ်ဟိန်မှာ ကြက်သီးမွေးညှင်းများ ထကာ အသက်ရှူရပင် ခက်ခဲသွားသည်။ ၎င်းကို ထိမိသည်နှင့် သေဆုံးရတော့မည့် ခံစားချက်ကို ရလိုက်သည်။

​“တိုက်ရိုက် ရင်ဆိုင်လို့ မရဘူး”

​ဝမ်ဟိန်သည် စိတ်ထဲတွင် တွေးလိုက်ပြီး ချက်ချင်းပင် တစ်နေရာသို့ လျှင်မြန်စွာ လှုပ်ရှားကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

​သို့သော် သူ မည်သို့ပင် ရှောင်တိမ်းပါစေ၊ ကောင်းကင်မြှား နတ်စွမ်းအားမှာ အရိုးစွဲနေသော ရောဂါကဲ့သို့ သူ့ကို လိုက်လံတိုက်ခိုက်နေသည်။

​ခဏတာအတွင်းမှာပင် ဝမ်ဟိန်မှာ အတော်လေး ဒုက္ခရောက်သွားသည်။

​ဘဲ့ထျန်းဂိုဏ်းမှ တပည့်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အသံတိတ်သွားပြီး မျက်နှာမှာ ပို၍ လေးနက်သွားကြသည်။

​“ဒီကောင်က ခုနက ရှောင်ရိချန်းထက် ပိုတော်ပုံရတယ်။”

​“ဝမ်ဟိန် သူနဲ့ ယှဉ်နိုင်ပါ့မလား မသိဘူး။”

​“နိုင်မှာပါကွာ လင်းယောင်ဆိုတဲ့ နယ်မြေအဆင့်မမီတဲ့ ဂိုဏ်းကို တစ်ခါမှ မကြားဖူးဘဲနဲ့ ဝမ်ဟိန်ကို ဘယ်လိုလုပ် အနိုင်ရနိုင်မှာလဲ။”

​စကားပြောနေစဉ်မှာပင် ဝမ်ဟိန်မှာ ကောင်းကင်မြှား၏ ထိုးဖောက်မှုကို ခံလိုက်ရသည်။

​သူသည် ရင်ဘတ်ကို ဖိထားလျက် ဖန့်ချန်ကို မယုံကြည်နိုင်စွာ ကြည့်နေပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ပျောက်ကွယ်သွားသည်။

​စင်မြင့်ပတ်လည်ရှိ တိုးတိုးတိတ်တိတ် စကားပြောသံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

​ဆွေ့ထျန်းဟွမ်တို့မှာ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် လေးနက်မှုများ ပေါ်လာသည်။

​“ဖန့်ချန်ရဲ့ အစွမ်းက ငါတို့ ထင်ထားတာထက် ပိုပြီး အစွမ်းထက်နေတာပဲ ”

​ရှန်းရှိုးယွမ်၏ မျက်လုံးများတွင် အားမလိုအားမရ ဖြစ်မှုများ ပေါ်လာသည်။

​“ခုနက နတ်ဘုရားစွမ်းအားရဲ့ အရှိန်အဝါက ငါ အတွင်းကမ္ဘာကို ဖွင့်ထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်။”

​“သူကတော့ အခုမှပဲ ဟန်ဆောင်တာကို ရပ်လိုက်တော့တယ်။”

​ရင်တန့် က တိုးတိုးလေး ပြောသည်။

“ဒီတစ်ခါ ကန့်သတ်ချက် တောင်ကုန်းကို လာရတာ တန်ပါတယ်ကွာ။”

​“မင်း မေ့သွားပြီလား၊ ငါတို့ ကန့်သတ်ချက် တောင်ကုန်းကနေ ထွက်သွားရင် ဒီက အကြောင်းအရာတွေကို အကုန်မေ့သွားမှာလေ…”

​ကောင်းကင်ဘုံအရှင် ဆက်ခံသူ တစ်ယောက်က သတိပေးလိုက်သည်။

​ဆွေ့ထျန်းဟွမ်တို့ အားလုံး တိတ်ဆိတ်သွားကြသည်။

​ခက်ခက်ခဲခဲနဲ့ ဖန့်ချန်ရဲ့ အစွမ်းအစတွေကို ရှာတွေ့ခဲ့ရပေမဲ့လည်း ဒီမှတ်ဉာဏ်ကို မထိန်းသိမ်းထားနိုင်တာက တကယ်ကို နှမြောစရာကောင်းလွန်းလှပါတယ်။

​ရင်တန့်၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပေါ်လာသည်။

​“အရမ်းကို နှမြောစရာကောင်းတယ်၊ ငါ မှတ်မိအောင် ကြိုးစားကြည့်ရမယ် ”

​“ငါတော့ ပြောပြီးသား၊ ဖန့်ချန်က ဝူရှီ ဖြစ်ဖို့ အခွင့်အလမ်း အများဆုံးပဲ၊ မင်းတို့ မယုံကြတာ…”

​ဖန်ရွှေက စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“ဒီနေရာက ပုဂ္ဂိုလ်တွေကိုတောင် အလွယ်တကူ အနိုင်ယူနိုင်နေတာ၊ ဒီတစ်ခါတော့ သူရဲ့ သူတော်စင်အဆင့် ကန့်သတ်ချက်ကို ကျော်လွန်တော့မှာပဲ…”

​သူနှင့် ကန့်သတ်ချက် တောင်ကုန်းကို ရောက်ဖူးသည့် ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ ယခုအခါတွင် စိတ်ခံစားချက်များ ရှုပ်ထွေးနေကြသည်။

​သူတို့ စင်မြင့်ပေါ် တက်ဖူးမှသာ ဖန့်ချန် ဝမ်ဟိန်ကို အနိုင်ယူလိုက်ခြင်းမှာ မည်မျှခက်ခဲကြောင်း သိရှိကြပေသည်။

​ဖန့်ချန်က ဘဲ့ထျန်းဂိုဏ်းမှ တပည့်များကို ကြည့်ကာ ပြောလိုက်သည်။

​“ဝမ်ဟိန် သေသွားပြီ၊ မင်းတို့ အမှိုက်တွေထဲက ဘယ်သူက ငါနဲ့ တစ်ပွဲလောက် ယှဉ်ချင်သေးလဲ။”

​“ငါ ယဲ့ထျန်းဂူက ဒီနေရာမှာပဲ မင်းတို့ကို စောင့်နေမယ်။”

​တန်ခယ်ရွှမ်တို့မှာ မျက်နှာပျက်သွားသည်။ ဒါက သူတို့၏ အရှင်သခင်အတွက် အရှက်ရစရာတွေကိုပဲ ဖိတ်ခေါ်နေတာ မဟုတ်လား။

​“ဒီ လင်းယောင်ဂိုဏ်းက ယဲ့ထျန်းဂူ ဆိုတာ တော်တော်လေး စွမ်းဆောင်နိုင်တာပဲ။”

​ဂိုဏ်းအသီးသီးမှ တပည့်များမှာ မသိစိတ်ထဲတွင် ထိုနာမည်ကို မှတ်သားထားလိုက်ကြပြီး ဤပုဂ္ဂိုလ်ကိုလည်း သတိပြုမိသွားကြသည်။

​“သောက်ကျိုးနည်းကောင်၊ မင်း ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲ ”

​ဘဲ့ထျန်းဂိုဏ်းမှ တပည့်တစ်ယောက်က ဆဲဆိုလိုက်ပြီး ချက်ချင်းပင် စင်မြင့်ပေါ်သို့ တက်လာသည်။

​သို့သော် ရလဒ်မှာ ဝမ်ဟိန်နှင့် ဘာမှမထူးခြားပေ။

​သူလည်း ကောင်းကင်မြှား နတ်စွမ်းအားအောက်မှာပဲ သေဆုံးသွားရသည်။

​ဖန့်ချန်မှာ ဒုတိယမြောက် နတ်ဘုရားစွမ်းအားကိုတောင် ထုတ်သုံးဖို့ မလိုလိုက်ပေ။

​ဘဲ့ထျန်းဂိုဏ်း တပည့်များမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

​အခြားဂိုဏ်းမှ တပည့်တစ်ယောက်က ပွဲကြည့်ရင်းနှင့်ပင် ထပ်မံ၍ လှောင်ပြောင်လိုက်သည်။

​“မင်းတို့ ဘဲ့ထျန်းဂိုဏ်း ဘာဖြစ်နေတာလဲ၊ အဲ့ကောင်ကို ကြောက်ပြီး တက်မလာရဲကြတော့တာလား။ ဘာတွေ ငေးကြည့်နေတာလဲ၊ မြန်မြန်တက်ပြီး ရှုံးပွဲကို ပြန်ဆပ်ကြစမ်း ”

​

All Chapters