← Chapters

အခန်း ၂၅၃၇

Vol. 254 Ch. 2537

အခန်း ၂၅၃၇

Vol. 254 Ch. 2537

အခန်း (၂၅၃၇) - လျှို့ဝှက်ဓားဂိုဏ်း၊ ဖုန်းယွမ်ဝူအောက်

​ကြီးမားသော ဂိုဏ်းကြီးများမှ တပည့်များအားလုံးသည် ဝမ်ချုံစန်းက ထိုကဲ့သို့သော နည်းလမ်းဖြင့် ပြိုင်ဘက်ကို အရှုံးပေးရန် ဆွယ်တရားဟောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ အချို့မှာ အံ့အားသင့်နေကြပြီး အချို့မှာမူ စကားမပြောနိုင်လောက်အောင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

​ထိုထက်ပို၍ ပြင်းထန်သူများမှာမူ ချက်ချင်းပင် ဆဲဆိုလှောင်ပြောင်လိုက်ကြသည်။

​“အလုံးစုံသိမြင်ဂိုဏ်းက ကောင်တွေ၊ လက်ရည်က မရှိဘဲနဲ့ ပါးစပ်နဲ့ပဲ အလုပ်ဖြစ်နေတာလား ”

​“မင်းတို့ အလုံးစုံသိမြင်ဂိုဏ်းက တစ်နေ့လုံး လူယောင်ဆောင်ပြီး လှည့်ဖျားတတ်တာ ငါတို့ သိတယ်၊ လင်ယောင်ဂိုဏ်းက ညီအစ်ကိုရေ၊ သူ့စကားကို ယုံပြီး လှည့်စားမခံလိုက်နဲ့ ”

​“လင်ယောင်ဂိုဏ်းက အစ်ကိုရေ၊ ဒီအလုံးစုံသိမြင်ဂိုဏ်းက ကောင်ကို သတ်ပစ်လိုက်ပါ၊ ကျွန်မတို့ မိသားစုကို လင်ယောင်ဂိုဏ်းဆီ တောင်းရမ်းခိုင်းလိုက်မယ် ”

​နတ်မိမယ်ယွီမှာ ထိုစကားကို ကြားသောအခါ ထိုအမျိုးသမီးဆီသို့ ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

​“နင်က ဘာပြောလိုက်တာလဲ”

​ဖန်ကျစ်ရွှယ် နှင့် အခြားသူများမှာ ခေတ္တမျှ ကြောင်သွားကြသည်။

​ဖူယာယာနှင့် လဲ့လဲ့တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာမှာ ထူးဆန်းနေသည်။

​“ဘာဖြစ်လို့လဲ ယဲ့အစ်ကိုက အရမ်းတော်တာပဲ၊ ကျွန်မ သူ့ကို လက်ထပ်ချင်တာ မဖြစ်ဘူးလား ”

​ထိုအမျိုးသမီးမှာ နတ်မိမယ်ယွီကို မကြောက်ရွံ့သည့်အပြင် ပြုံးကာ စိန်ခေါ်လိုက်သေးသည်။

​“နင်လည်း ယဲ့အစ်ကိုကို သဘောကျတာလား ဒါဆိုရင်လည်း တရားမျှတစွာ ယှဉ်ပြိုင်ကြတာပေါ့ ”

​“ခဏနေရင် စင်မြင့်ပေါ် တက်လာခဲ့၊ နင်နဲ့ ငါ ယှဉ်တိုက်မယ်။”

​နတ်မိမယ်ယွီက အေးစက်စက် ပြောလိုက်သည်။

​လှုပ်ရှားမှုနယ်မြေမှ ထိုသူများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်ကြသည်။

​နတ်မိမယ်ယွီသည် ချင်းမင်မှ လူသားမျိုးနွယ် ဖန့်ချန်ကို သဘောကျနေလိမ့်မည်ဟု သူတို့ အမှန်တကယ်ပင် မထင်မှတ်ထားခဲ့မိပါ။

​“ဖန်ချန်ကံကလည်း ကောင်းလှချည်လား……”

​ဆွေ့ထျန်းဟွမ်၊ ရှန်ရှိုးယွမ်နှင့် အခြားသော ကောင်းကင်ဘုံအရှင် ဆက်ခံသူများ၏ အမူအရာမှာ ရှုပ်ထွေးနေကြသည်။

​“ငါနဲ့ တိုက်မယ် ကောင်းပြီလေ။”

​ထိုအမျိုးသမီးမှာ အနည်းငယ် ပြုံးလိုက်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်သည်။

​……

​……

​“ငါသိချင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်မဆို မင်းပြောပြနိုင်တယ်ပေါ့”

​ဖန့်ချန်က တွေးတောရင်း မေးလိုက်သည်။

​ဝမ်ချုံစန်းမှာ အခွင့်အရေးရှိသည်ဟု ယူဆကာ ခေါင်းကို အမြန်ငြိမ့်လိုက်သည်။

​“ဟုတ်တယ်လေ၊ မင်း ဘာလျှို့ဝှက်ချက်တွေ သိချင်တာလဲ ဒီနေရာက ထွက်သွားတဲ့အခါ အလုံးစုံသိမြင်ဂိုဏ်းကို လာခဲ့၊ ငါ မင်းကို ပြောပြနိုင်မှာ အသေအချာပဲ။ ငါမသိရင်တောင် ငါတို့ ဂိုဏ်းချုပ်ကတော့ သိမှာ သေချာတယ်”

​“အလကား လေထဲမှာ ပုံဆွဲပြတဲ့မုန့် (အလကားပေးမယ့် ကတိစကား) တွေကို ငါ မစားဘူး၊ ငါ အဲ့လိုမျိုး လှည့်စားတတ်တဲ့ ကောင်တွေကို အမုန်းဆုံးပဲ။”

​ဖန်ချန်၏ အကြည့်မှာ အေးစက်သွားပြီး ခန္ဓာကိုယ်မှ စွမ်းအားများ စတင် လှုပ်ရှားလာသည်။

​မြားတစ်စင်းမှာ သူ့ရှေ့တွင် ပေါ်လာပြီး မည်သည့်အချိန်မဆို ပစ်လွှတ်လိုက်တော့မည့် အနေအထား ဖြစ်သည်။

​ဝမ်ချုံစန်းမှာ ချက်ချင်းပင် တည်ငြိမ်စွာ ပြောလိုက်သည်။

“အလကား လှည့်စားတာ မဟုတ်ပါဘူး။”

​“ငါ မယုံဘူး၊ သံသရာမသေမျိုးဂိုဏ်းရဲ့ စာမေးပွဲအကြောင်းကို ငါ သိပ်နားမလည်သေးဘူး၊ အဲ့ဒီအစား ဒီနေရာအကြောင်း အသေးစိတ်ကို အရင်ပြောပြပါ၊ ပြီးမှ ငါ ဆုံးဖြတ်ချက်ချမယ်။”

​ဖန်ချန်က အေးဆေးစွာ ပြောသည်။

​ဝမ်ချုံစန်းမှာ သက်ပြင်းချလိုက်သည်

“ညီအစ်ကိုရာ၊ မင်းကလည်း လေထဲမှာ ပုံဆွဲပြနေပြန်ပြီ။ ငါက အဲ့လောက်တောင် မိုက်မဲမယ်လို့ ထင်နေတာလား ”

​“ဒါဆိုရင် မင်း ငါ့ကို ကျင့်စဉ်နဲ့ ပတ်သက်တဲ့ သံသယတွေကို ဖြေရှင်းပေးနိုင်မလား ပြီးတော့ အဆင့်တစ်ခုချင်းစီမှာ သတိထားရမယ့် အချက်တွေကိုပါ ပြောပြပေးနိုင်မလား ”

​ဖန်ချန်က ရယ်မောရင်း ပြောသည်။

​“ငါတို့ အခုက စွမ်းအင်စုစည်း တဲ့အဆင့်မှာပဲ ရှိသေးတာလေ၊ သတိထားရမယ့်အချက်တွေကလည်း သိပ်မရှိပါဘူး၊ မင်းတို့ လင်ယောင်ဂိုဏ်းရဲ့ အကြီးအကဲတွေက သိမှာပေါ့ ဒီထက်မြင့်တဲ့အဆင့်တွေကျတော့ ငါလည်း သိပ်မသိဘူး။”

​ဝမ်ချုံစန်း၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

​စွမ်းအင်စုစည်းတာလား

​ဖန်ချန် ဆက်မတွေးခင်မှာပင် ဝမ်ချုံစန်းမှာ တိုက်ခိုက်လာသည်။

​သူ၏ နည်းလမ်းများမှာ ယခင်က သုံးယောက်ထက် သိသိသာသာ ပိုမိုအားကောင်းနေသည်။ အကယ်၍ သူ့ကို နေမင်း ခုနစ်ပါးခန်းမမှာ ထားလိုက်ပါက စီီကုပေ့ နှစ်ယောက်ကိုတောင် ယှဉ်တိုက်နိုင်လိမ့်မည်။ လွမ်းဟုန်ဟွမ်နှင့် တန်းတူအဆင့် ရှိလောက်မည်ဟု ခန့်မှန်းရသည်။

​ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ ကောင်းကင်လျှပ်စီး နည်းလမ်းကို သုံးလိုက်သည်။ မြားမှာ တောက်ပသော လျှပ်စီးရောင်ခြည်များဖြင့် ပေါက်ကွဲထွက်သွားပြီး အနည်းငယ် ယှဉ်တိုက်ပြီးနောက် ဝမ်ချုံစန်း၏ ရင်ဘတ်ကို ဖောက်ထွက်သွားသည်။

​“မင်း ငါ့ကို မှတ်ထားလိုက်”

​ဝမ်ချုံစန်းမှာ ရင်ဘတ်ကို ဖိကိုင်ထားရင်း သူ၏ ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

​“နှမြောစရာပဲ၊ ဒီကောင်က ပါးစပ်သေချာလုံတယ်၊ ဘာမှ မေးလို့မရဘူး၊ ခဏနေရင် တခြားတစ်ယောက်ကိုပဲ တည့်တည့်မေးလိုက်တော့မယ်။”

​ထိုသို့ တွေးတောပြီးနောက် ဖန့်ချန်သည် ဘဲ့ထျန်းဂိုဏ်းဘက်သို့ ဆက်လက် စိန်ခေါ်လိုက်သည်။

​ဘဲ့ထျန်းဂိုဏ်းမှ တပည့်များမှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ၊ အသေကောင်တစ်ကောင်ကို ရေနွေးပူလောင်းလည်း မပူတော့သည့်ဟန်ဖြင့် ငြိမ်သက်နေကြသည်။

​ထို့နောက် ဂိုဏ်းပေါင်းစုံမှ တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့ အတင်းအကျပ် ပို့ဆောင်ခံလိုက်ရသည်။

​မျက်စိတစ်မှိတ်အတွင်းတွင် ဖန်ချန်မှာ ကိုးပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့ပြီး နောက်ဆုံးတစ်ပွဲသာ လိုတော့သည်။

​“ဖန်ချန်က ဒီတစ်ခါတော့ စင်ကြယ်သော ဗောဓိသီးကို ရတော့မှာပဲ။”

​ဖန်ရွှေမှာ ရုတ်တရက် ခံစားချက်တစ်ခု ပေါ်လာသည်။

​“စင်ကြယ်သော ဗောဓိသီး ဘာဖြစ်တာလဲ မင်းတို့ ငါတို့ကို မပြောပြတဲ့ ကိစ္စတွေ အများကြီး ရှိနေတာလား”

​ဆွေ့ထျန်းဟွမ်နှင့် အခြားသူများမှာ ဖန်‌ရွှေကို မယုံကြည်သလို အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

​ဖန်ဆွေက အားနာစွာ ပြောလိုက်သည်

“ငါလည်း ခုနကမှ သတိရသွားတာပါ၊ ဒီကို ရောက်ကတည်းက မှတ်ဉာဏ်တွေက သိပ်မကောင်းတော့ဘူး။ သူတို့က စင်ကြယ်သော ဗောဓိသီးကို အခြေခံတည်ဆောက်ခြင်း အသီးလို့ ခေါ်ကြတယ်၊ ဆယ်ပွဲဆက်တိုက်နိုင်ရင် အလုံးဆယ်လုံး ရနိုင်တယ်တဲ့။”

​“ဟူးးး”

​ဖူယာယာ အပါအဝင် ကောင်းကင်ဘုံအရှင် ဆက်ခံသူများအားလုံးမှာ အသက်ရှူသံ ပြင်းပြင်းဖြင့် အံ့အားသင့်သွားကြသည်။

​စင်ကြယ်သော ဗောဓိသီး ဆယ်လုံး ဒီလူတွေက ဘယ်လိုနေရာမျိုးမှာ ရောက်နေကြတာလဲ ဆယ်ပွဲနိုင်ရုံနဲ့ ဘာလို့ ဒီလောက်ထိ ကြီးမားတဲ့ ဆုလာဘ်တွေ ရနိုင်ရတာလဲ။

​“အတည်ပြုလို့ရပြီ၊ ဒီနေရာရဲ့ အရင်းအမြစ်က ငါတို့ရဲ့ ကောင်းကင်ငါးပါးထက်တောင် သာလွန်နိုင်တယ်။”

​ရှန်းရှိုးယွမ်မှာ မျက်နှာကို တည်တင်းစွာဖြင့် လေသံလွှင့်ကာ ပြောလိုက်သည်။

​“ကောင်းကင်ငါးပါးက ရှေ့ဆောင်တွေကို သတိပေးဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်၊ ဒီနေရာက တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားရမယ်”

​“ဘယ်လို သတိပေးမှာလဲ မှတ်ဉာဏ်တွေကလည်း မမှတ်မိနိုင်ဘူးလေ……”

​ရင်တန့်မှာ ရေရွတ်လိုက်သည်။

​ကောင်းကင်ဘုံအရှင် ဆက်ခံသူတိုင်း၏ အမူအရာမှာ အလွန်ပင် လေးနက်သွားသည်။ တစ်နေ့နေ့တွင် ကောင်းကင်ငါးပါးမှ ပညာရှင်များသည် ထိုနယ်မြေမှ ပညာရှင်များနှင့် ရင်ဆိုင်ရပါက၊ လုံလောက်သော ပြင်ဆင်မှု မရှိပါက၊ ဤသည်မှာ ကောင်းကင်ကိုပင် ဖျက်ဆီးမည့် စစ်ပွဲဖြစ်လာနိုင်သည်။

​ထိုအချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုမှာ ပုံရိပ်တစ်ခုဆီသို့ ရောက်သွားသည်။ နောက်ထပ် ကျပန်းရွေးချယ်ခံရမည့် ကံထူးရှင်ဟု ထင်ထားကြသော်လည်း တစ်ယောက်ယောက်မှာ စင်မြင့်ပေါ်သို့ ကိုယ်တိုင် တက်သွားသည်ကို တွေ့လိုက်ရသည်။

​ထိုသူ ပေါ်လာသည့်အခါ အနီးအနားရှိ ဂိုဏ်းမှ တပည့်များမှာ စကားမပြောနိုင်အောင် ဖြစ်သွားကြပြီး မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။

​“အဲ့ဒါ လျှို့ဝှက်ဓားဂိုဏ်းက ဖုန်းယွမ်ဝူအောက်မဟုတ်ဘူးလား”

​“သူလည်း သံသရာမသေမျိုးဂိုဏ်းရဲ့ ရွေးချယ်ပွဲကို လာတာလား ”

​“ခုနက သူရှိနေတာကို ဘာလို့ မသိလိုက်ရတာလဲ”

​တစ်ခဏအတွင်းမှာပင် လူတိုင်း၏ အကြည့်များမှာ ဖန်ချန်ဆီမှ ဤရုပ်ရည်ပြေပြစ်သော လူငယ်ဆီသို့ ပြောင်းသွားသည်။ ဖူယာယာတို့ပင်လျှင် ထိုလူငယ်၏ စွမ်းအားမှာ ထိုနေရာရှိ သူတော်စင်အဆင့် ပညာရှင်အများစုထက် အဆမတန် သာလွန်နေကြောင်း ခံစားလိုက်ရသည်။

​“လွန်ခဲ့တဲ့ နှစ်သုံးဆယ်က အဆင့်မြင့် ဂိုဏ်းတစ်ရာကြားထဲမှာ ပြိုင်ပွဲတစ်ခု လုပ်ခဲ့တုန်းက၊ ဂိုဏ်းတိုင်းက အတော်ဆုံး လူငယ်မျိုးဆက်ဆယ်ယောက်ကို ရွေးထုတ်ခဲ့တာ မှတ်မိတယ်။”

​“ဖုန်းယွမ်ဝူအောက်ရဲ့ အဆင့်က…… တတိယ မဟုတ်ဘူးလား သူက တစ်ဂိုဏ်းတည်းက အစ်မတော်တစ်ယောက်ကို ရှုံးသွားတာ။”

​“အတော်ဆုံး လူငယ်မျိုးဆက် တစ်ထောင်ထဲမှာ တတိယရတယ်ဆိုတာ မယုံနိုင်စရာပဲ၊ နယ်မြေထိန်းသိမ်းရေး ဂိုဏ်းမှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူ နည်းနည်းပဲ ရှိတာ……”

​“ဒီတစ်ခါ သူ သံသရာမသေမျိုးဂိုဏ်းရဲ့ တပည့်ဖြစ်လာပြီး၊ သုံးခုမြောက် နတ်ဘုရားစွမ်းအားကို နားလည်သွားမလားပဲ။”

​တီးတိုးပြောဆိုသံများမှာ မပြတ်မတောက် ပေါ်ထွက်နေသည်။ ဖူယာယာသည် ဖုန်းယွမ်ဝူအောက်ကို ကြည့်ရင်း စိုးရိမ်စိတ် ပေါ်လာသည်။ ရုတ်တရက် သူက တစ်ချက်လှည့်ကြည့်လိုက်သလို ခံစားရပြီး ထိုအကြည့်တစ်ခုတည်းဖြင့်ပင် ဖူယာယာမှာ တစ်ကိုယ်လုံး အေးစက်သွားသည်။ သူသည် ဤလူကို ယှဉ်နိုင်မည်မဟုတ်ကြောင်း သူမ နားလည်လိုက်သည်။ ၎င်းက သူမကို စိတ်ပျက်သွားစေသည်။

​ထိုအချိန်တွင် ဖုန်းယွမ်ဝူအောက်မှာ စင်မြင့်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖန်ချန်၏ မျက်လုံးများမှာလည်း တည်ငြိမ်သွားသည်။

​“လျှို့ဝှက်ဓားဂိုဏ်း၊ ဖုန်းယွမ်ဝူအောက်။”

​သူက ဖန်ချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

​“လင်ယောင်ဂိုဏ်း၊ ယဲ့ထျန်းဂူ။”

​ဖန်ချန်က ခေါင်းညိတ်လိုက်သည်။

​“သာမန်ဂိုဏ်းကနေ မင်းလို ပါရမီရှင်မျိုး ထွက်လာဖို့ မဖြစ်နိုင်ဘူး။ မင်းနဲ့ မင်းရဲ့ သူငယ်ချင်းတွေက ဘယ်ဂိုဏ်းကလဲ ဆိုတာ တည့်တည့်ပြောပြဖို့ မလိုဘူးလား။”

​ဖုန်းယွမ်ဝူအောက် စကားပြောနေရင်း သူ၏ လက်ထဲတွင် ရှည်လျားသော ဓားတစ်လက် ပေါ်လာသည်။

​ဆွေ့ထျန်းဟွမ်၏ ဘေးတွင် ရပ်နေသည့် ကောင်းကင်စစ်သည်မျိုးနွယ်မှ အရှင်သခင် ဆက်ခံသူမှာ ထိုဓားကို မြင်လိုက်ရသည့်အခါ မျက်လုံးထဲတွင် အံ့ဩမှုများ ဖုံးလွှမ်းသွားသည်။ ထိုဓား၏ အရှိန်အဝါမှာ သူပိုင်ဆိုင်ထားသော အမြင့်မြတ်ဆုံး လက်နက်ထက်ပင် ပိုမို အားကောင်းနေခဲ့သည်။

​

All Chapters