အခန်း ၁၁၆၂
Vol. 117 Ch. 1162
အခန်း (၁၁၆၂) နတ်ဘုရားတို့၏ ရည်ရွယ်ချက်
တိမ်ပင်လယ်၏ အထက်၌ ရုတ်တရက် ကြီးမားလှသော လူသားမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ပတ်ပတ်လည်ရှိ ကောင်းကင်နှင့်မြေပြင်ကြီးတစ်ခုလုံး လုံးဝ ပိတ်ဆို့ချုပ်နှောင်ခြင်း ခံလိုက်ရပြီး... လူ့ပြည်လောက၌ ရှိနေသေးသော်လည်း ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ရသလိုပင် ဖြစ်နေခဲ့သည်။
ထိုကြီးမားလှသော လူသားမျက်နှာကြီးသည် လီယန်ချူကို ငုံ့ကြည့်လိုက်ပြီး မျက်ဝန်းအစုံ၌ အလွန်ပင် အေးစက်စက် အမူအရာများ ပြည့်နှက်နေခဲ့သည်။
"ဖုန်လိုင်ကို လွှဲပေးစမ်း"
သူ၏ အသံမှာ မိုးခြိမ်းသံအလား ဟိန်းထွက်လာခဲ့ပြီး စကားစပြောလိုက်သည်နှင့်တင် အလွန်ပင် တုန်လှုပ်စရာ ကောင်းလှပေသည်။
လီယန်ချူသည် ဟင်းလင်းပြင်ထက်၌ မတ်မတ်ရပ်တန့်နေခဲ့ပြီး လက်ကိုမူ ဓားရိုးပေါ်၌ တင်ထားကာ မျက်နှာအမူအရာမှာ တည်ငြိမ်အေးစက်နေခဲ့သည်။
"မင်းက ဘယ်သူလဲ"
ထိုကြီးမားလှသော လူသားမျက်နှာကြီးက ထပ်မံ၍ စကားပြောလိုက်ပြန်ရာ... ကောင်းကင်စွန်း၌ မိုးခြိမ်းသံများ တလိမ့်လိမ့် မြည်ဟီးလာခဲ့ပြန်တော့သည်။
ပွင့်လင်းမြင်သာသော စွမ်းအားလှိုင်းများမှာ တစ်လှိုင်းပြီးတစ်လှိုင်း ပြင်ပသို့ ရိုက်ခတ်ကျယ်ပြန့်သွားခဲ့ပြီး အရာရာကို ချေမှုန်းဖျက်ဆီးပစ်နိုင်စွမ်း ရှိနေခဲ့သည်။
"ဖုန်လိုင်ကို လွှဲပေးစမ်း"
ထိုမျက်နှာကြီးက အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
သူ၏ မျက်ဝန်းအစုံထဲမှ နတ်ဘုရားအလင်းတန်းနှစ်လိုင်း ဖြာထွက်လာခဲ့ပြီး ဤနတ်ဘုရားအလင်းတန်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုနတ်ဘုရားအလင်းတန်း၏ အရိုက်အပံပ္ပအောက်တွင် အရာရာတိုင်းမှာ ပျက်စီးကွယ်ပျောက်သွားနိုင်စွမ်း ရှိနေခဲ့သည်။
လီယန်ချူ၏ ကိုယ်ပေါ်တွင် ရွှေရောင်ဝတ်စုံတစ်ထည် ပေါ်ပေါက်လာခဲ့ပြီး... ကိုယ်လုံးကိုယ်ပေါက်မှာ ထုထည်ကြီးမားကာ အရှိန်အဝါမှာလည်း ထည်ဝါခန့်ညားလှပေသည်။
သူက လက်ဝါးတစ်ချက် တိုက်ရိုက်ရိုက်ထုတ်လိုက်ရာ နတ်ဘုရားအလင်းတန်းမှာ ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရတော့သည်။
သို့သော်လည်း လီယန်ချူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးသားစွမ်းအားများမှာ မိုးခြိမ်းသံအလား ဟုန်းဟုန်းတောက် ပိုမိုမြန်ဆန်လာခဲ့ပြီး... သွေးကြောများကိုပင် ဖောက်ထွက်ဆုတ်ဖြဲပစ်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
ဤနတ်ဘုရားအလင်းတန်းမှာ သွေးသားစွမ်းအားအပေါ် အထူးသက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။
၎င်းမှာ လူ၏ သွေးသားစွမ်းအားများကို ဆုံးရှုံးသွားစေခြင်း သို့မဟုတ် လုယူသွားခြင်းမျိုး မဟုတ်ဘဲ... လောင်စာထဲသို့ မီးပစ်ထည့်လိုက်သကဲ့သို့ လူ၏ သွေးသားစွမ်းအားများကို တောက်လောင်ဆူပွက်စေခြင်း ဖြစ်သည်။
သွေးသားစွမ်းအားများ ပိုမိုမြင့်မားလာခြင်းမှာလည်း အဆုံးအစ ရှိပေသည်၊ ဤကဲ့သို့သော မန္တန်နည်းလမ်းမျိုးမှာ အမှန်တကယ်တော့ လူ၏ သွေးကြောများကို ပေါက်ကွဲစေပြီး ခန္ဓာကိုယ်အတွင်းရှိ အကြောအကွက်များအားလုံးကို ဖျက်ဆီးပစ်ကာ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။
လီယန်ချူ၏ မျက်ဝန်းအစုံမှာ မီးရှူးတိုင်အလား တောက်ပသွားခဲ့ပြီး အေးစက်စွာ နှာခေါင်းရှုံ့လျက်... ချက်ချင်းပင် ကျန့်ကျောင်းဓား ကို လှုံ့ဆော်ကာ ဝှေ့ယမ်းခုတ်ချလိုက်တော့သည်။
သူသည် ထိုကဲ့သို့ ဆူပွက်နေသော သွေးသားစွမ်းအားများကို လုံးဝ ဂရုမစိုက်လှပေ၊ ဤသွေးသားစွမ်းအားများက လူ၏ အခြေခံအုတ်မြစ်ကို မဖျက်ဆီးမီ... တစ်ဖက်တွင်လည်း လူ၏ သွေးသားစွမ်းအားများကို ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ တွန်းပို့ပေးနိုင်စွမ်း ရှိနေခဲ့သည်။
ထိုကြီးမားပြီး အေးစက်လှသော လူသားမျက်နှာကြီးမှာလည်း ဤမျှ ငယ်ရွယ်သော တာအိုဆရာလေးက ဤမျှ ကြမ်းကြုတ်ရဲရင့်လိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် နောက်မဆုတ်ဘဲ ပိုမို၍ ရှေ့သို့ တိုးဝင်လာခဲ့သည်မဟုတ်ပါလော။
ဝုန်း... ဝုန်း... ဝုန်း...
လျှပ်စီးလက်မကဲ့သို့သော အချိန်တိုအတွင်း လီယန်ချူက ဓားချက်အနည်းငယ် ခုတ်ချလိုက်ရာ...
ထိုကြီးမားလှသော လူသားမျက်နှာကြီး၏ ထည်ဝါလှသော အရှိန်အဝါများနှင့် ပူပြင်းလှသော နတ်ဘုရားအလင်းတန်းများမှာ လီယန်ချူ၏ ခုတ်ချက်ကြောင့် ပြိုကွဲပျက်စီးသွားခဲ့ရပြီး ဝုန်းခနဲ ကွယ်ပျောက်သွားခဲ့ရတော့သည်။
ဤကဲ့သို့သော တောက်လောင်ဆူပွက်စေသည့် နတ်ဘုရားမန္တန်အတတ်မှာ မူလက သွေးသားစွမ်းအား ပြင်းထန်ထုထည်ကြီးမားလှသော သိုင်းပညာနတ်ဘုရားများကို ရင်ဆိုင်ရန် အသင့်တော်ဆုံး ဖြစ်သည်။
သို့သော်လည်း လီယန်ချူက ဤမျှ ရဲရင့်ကြမ်းကြုတ်လှသဖြင့် တစ်ခဏအတွင်း ထိုကြီးမားလှသော ပုံရိပ်ယောင်ဖန်တီးမှုကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
ပုံရိပ်ယောင် ပျက်စီးသွားပြီးနောက်... ဝတ်စုံနက်ဝတ် တာအိုဆရာတစ်ဦး ဟင်းလင်းပြင်ထက်၌ မတ်မတ်ပေါ်ပေါက်လာခဲ့သည်။
ဤတာအိုဆရာ၏ ရုပ်ရည်သွင်ပြင်မှာ ရှေးဆန်ပြီး ခန့်ညားထည်ဝါလှကာ... သူ၏ အရှိန်အဝါမှာလည်း လောကပြင်ပ၌ တစ်ဦးတည်း ရှိနေသည့်အလား တကယ့်ကို နတ်ဘုရားတစ်ပါးအတိုင်းပင်။
သို့သော်လည်း သူ၏ ပါးပြင်ထက်၌ သေးငယ်သော သွေးကြောင်းတစ်လိုင်း ရှိနေခဲ့ပြီး ၎င်းက သူ၏ လောကပြင်ပမှ ကောင်းကင်ဘုံအရှိန်အဝါကို ဖျက်ဆီးထားခဲ့သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာက မျက်မှောင်ကြုတ်လိုက်ပြီး...
"မင်းရဲ့ သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းတယ်... တာအိုဂိုဏ်းရဲ့ အေးငြိမ်းစင်ကြယ်ခြင်း သဘောတရားကို လုံးဝ ဆန့်ကျင်နေပြီ" ဟု ဆိုလိုက်သည်။
သူ၏ စကားလုံးများ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက်... သူ၏ ပါးပြင်ထက်မှ ဒဏ်ရာမှာလည်း ပျောက်ကွယ်သွားခဲ့ရတော့သည်။
သို့သော်လည်း ဤသည်မှာ အပြင်ပန်းတွင်သာ ဖြစ်ပြီး ကျန့်ကျောင်းဓား ကြောင့် ရရှိခဲ့သော ဒဏ်ရာမှာမူ ဆက်လက်၍ ချေဖျက်ရန် လိုအပ်နေသေးသည်။
လီယန်ချူသည် ခုနကတင် ထိုနတ်ဘုရားအလင်းတန်း၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသဖြင့်... သွေးသားစွမ်းအားများမှာ မိုးခြိမ်းသံအလား ဟုန်းဟုန်းတောက်နေခဲ့ပြီး ထိန်းချုပ်ရခက်ခဲသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
သေချာပေါက် ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရားမန္တန်တစ်ခု ဖြစ်ပြီး ကျိန်စာအတတ်နှင့် ဆင်တူလှပေသည်။
သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးစက်သွားခဲ့ပြီး... ချက်ချင်းပင် နဂါးကိုးကောင်နတ်ဘုရားမီးလျှံအုပ်ဆောင်း ကို လှုံ့ဆော်လိုက်တော့သည်။
ဤနတ်ဘုရားရတနာမှာ တစ်ခဏအတွင်း တောင်တစ်လုံးပမာ ကြီးမားသွားခဲ့ပြီး ထိုဝတ်စုံနက်ဝတ် တာအိုဆရာ၏ ဦးခေါင်းထက်တွင် အုပ်ဆောင်းထားလိုက်တော့သည်။
ရွှေဝါရောင် ရှေးဟောင်းအုပ်ဆောင်းကြီးအတွင်းမှ နတ်ဘုရားမီးလျှံများ သန်းထွက်လာခဲ့သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာ၏ လက်ထဲတွင် မိုးမခပင်ခက်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး...
ဤမိုးမခပင်ခက်မှာ အလွန်ပင် အစွမ်းထက်လှကာ နတ်ဘုရားအရှိန်အဝါများ ပြည့်နှက်နေပြီး... အလင်းတန်းများမှာ တိုက်ရိုက်ပင် နဂါးကိုးကောင်နတ်ဘုရားမီးလျှံအုပ်ဆောင်း ကို ထောက်ကန်ထားနိုင်ခဲ့သည်။
မိုးမခရွက်ပေါ်မှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာခဲ့ပြီး ၎င်းအတွင်းရှိ နတ်ဘုရားမီးလျှံများကိုပါ တားဆီးထားနိုင်ခဲ့သည်။
လီယန်ချူက ဆက်တိုက်ဆိုသလို ရွှေနဂါးကတ်ကြေး နှင့်ရကြာပန်းစိမ်းရတနာအလံ တို့ကို လှုံ့ဆော်လိုက်သော်လည်း... အားလုံးမှာ ထိုမိုးမခပင်ခက်၏ တားဆီးခြင်းကို ခံလိုက်ရတော့သည်။
သူက ချက်ချင်းပင် မြေပြင်ကို ကျုံ့စေသောအတတ် ကို အသုံးပြုလိုက်ပြီး... ကောင်းကင်ထက်၌ သက်တံဖြူတစ်လိုင်းအလား ဖြတ်သန်းလျက် ပစ်ခတ်တိုက်ခိုက်လိုက်တော့သည်။
ဘေးနားရှိ ကျွေ့ဟွာသည် ထိုဝတ်စုံနက်ဝတ် တာအိုဆရာ၏ နည်းလမ်းများမှာ အလွန်ပင် မြင့်မားလှပြီး အထူးသဖြင့် ထိုမိုးမခပင်ခက်မှာ အလွန်ပင် အစွမ်းထက်လှသည်ကို မြင်တွေ့ရသဖြင့်... ချက်ချင်းပင် မျက်ဝန်းအစုံ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့ပြီး မျိုးနွယ်စု၏ နတ်ဘုရားမန္တန်ကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း နောက်တစ်ခဏတွင်မူ... အဖြူရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာခဲ့ပြီး ဆန်းကြယ်လှပလွန်းလှပေသည်။
"တာအိုမိတ်ဆွေ... ဘယ်ကို သွားချင်လို့လဲ..."
ထိုအမျိုးသမီး၏ လေသံမှာ အလွန်ပင် လောကပြင်ပဆန်လှပေသည်။
"ဖယ်စမ်း..."
ကျွေ့ဟွာက အေးစက်စွာ ငေါက်ငမ်းလိုက်ပြီး... လက်ထဲရှိ တိုက်ပွဲလှံရှည် ကို ဝှေ့ယမ်းလိုက်ရာ ဓားထက်လှသော အလင်းတန်းတစ်ခု ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့တော့သည်။
တစ်ခဏအတွင်း တိမ်ပင်လယ်ကြီးမှာ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ဤအဖြူရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ဆန်းကြယ်လှပသည့် အမျိုးသမီးသည် ရွှေရောင်လက်ကိုင်ပဝါတစ်ခုကို လှုံ့ဆော်လိုက်ပြီး ပေါ်တွင် တိမ်မန္တန်သင်္ကေတများ ထင်ဟပ်နေခဲ့ကာ...
ရွှေရောင်အလင်းတန်းတစ်ခုက ထိုဓားထက်လှသော အလင်းတန်းကို တားဆီးပေးလိုက်တော့သည်။
ထို့နောက်တွင်မူ သူမက ခရမ်းရောင် မန္တန်အဆောင်စက္ကူတစ်ခုကို ထုတ်ယူလိုက်ရာ ပေါ်တွင် နတ်ဘုရားအရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။
"အခုခေတ်ကာလမှာ မိစ္ဆာမျိုးနွယ်စုရဲ့ မဟာသူတော်စင် သွေးသားမျိုးဆက်ကို မြင်တွေ့ရခဲတယ်... တာအိုမိတ်ဆွေ... ငါနဲ့အတူ ထွက်ခွာသွားတာ ပိုကောင်းပါလိမ့်မယ်၊ ဒီနေရာက အရေးကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ပါနဲ့"
ဟု ထိုအမျိုးသမီးက ဆိုလိုက်သည်။
"နင် သေချင်နေတာပဲ..."
ကျွေ့ဟွာက အေးစက်စွာ ငေါက်ငမ်းလိုက်ပြီး... လက်ထဲရှိ နတ်ဘုရားသတ်လှံရှည် ကို ကိုင်ဆောင်လျက် တိုက်ရိုက် ပစ်ခတ်တိုက်ခိုက်လိုက်တော့သည်။
ဆန်းကြယ်လှပသော ထိုဝတ်စုံဖြူဝတ် အမျိုးသမီးမှာ မအောင့်နိုင်ဘဲ ဆွံ့အသွားခဲ့ရပြီး... ချက်ချင်းပင် ထိုခရမ်းရောင် မန္တန်အဆောင်စက္ကူကို လှုံ့ဆော်လိုက်ရာ...
မန္တန်အဆောင်စက္ကူမှာ လျင်မြန်စွာ တောက်လောင်သွားခဲ့တော့သည်။
"ဒီလိုဆိုရင်တော့... တာအိုမိတ်ဆွေကို ငါနဲ့အတူ ဒီနေရာကနေ ခေတ္တထွက်ခွာသွားဖို့ပဲ ဖိတ်ခေါ်ရတော့မယ်"
ဤအမျိုးသမီး၏ အသံမှာ ပိုမို၍ ဝေဝါးဆန်းကြယ်လာခဲ့သည်။
ကျွေ့ဟွာ၏ လက်ထဲရှိ လှံရှည်မှာ သူမ၏ ရင်ဘတ်ကို မဖောက်ထွက်ရသေးမီ... ၎င်းတို့နှစ်ဦးစလုံးမှာ မူလနေရာမှ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့ကြရတော့သည်။
လီယန်ချူသည် ယခုအချိန်တွင် အစွမ်းထက်လှသော နတ်ဘုရားရတနာများကို လှုံ့ဆော်နေရုံတင်မကဘဲ ဓားချက်များကိုပါ ခုတ်ချနေခဲ့ပြီး... ထိုဝတ်စုံနက်ဝတ် တာအိုဆရာနှင့် တစ်နေရာတည်းတွင် တိုက်ပွဲဝင်နေခဲ့ရာ...
ရုတ်တရက် ကျွေ့ဟွာ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သဖြင့် မျက်ဝန်းအစုံမှာ ကျုံ့သွားခဲ့ရတော့သည်။
ချက်ချင်းပင် သူက အေးစက်စွာ ငေါက်ငမ်းလိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ သွေးသားစွမ်းအားများ ကောင်းကင်ထက်သို့ ဟုန်းဟုန်းတောက် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
ကျိန်စာမန္တန်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့်... ၎င်းကို အထွတ်အထိပ်သို့သာ တွန်းပို့လိုက်တော့မည်။
သူ၏ တစ်ကိုယ်လုံး ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် ပုံပျက်သွားခဲ့ရပြီး သွေးသားစွမ်းအားများမှာ မဟာသမုဒ္ဒရာကြီးအလား ပြည့်နှက်နေခဲ့ကာ... တကယ့်ကို မဟာနေမင်းကြီးတစ်စင်း တောက်လောင်နေသည့်အလား။
ဓားချက်တစ်ချက်ကို အလျားလိုက် ခုတ်ချလိုက်ရာ ထိုဝတ်စုံနက်ဝတ် တာအိုဆရာကို နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာက တည်ငြိမ်စွာဖြင့်...
"ကြည့်ရတာ ဒီအမျိုးသမီးက မင်းအတွက် အလွန် အရေးပါပုံပဲ..."
"ဖုန်လိုင်ရဲ့ သဲလွန်စကို လွှဲပေးစမ်း... ဒါဆိုရင် သူမကို မင်းဆီ ပြန်အပ်ပေးမယ်"
ဟု ဆိုလိုက်သည်။
လီယန်ချူ၏ လေသံမှာ အလွန်ပင် အေးစက်လှပေသည်။
"ငါက က ဘယ်တုန်းကမှ သူတစ်ပါးရဲ့ ခြိမ်းခြောက်မှုကို မခံဘူး..."
ဝတ်စုံနက်ဝတ် တာအိုဆရာက တစ်စုံတစ်ရာ ထပ်မံပြောဆိုရန် မပြင်ရသေးမီ... လီယန်ချူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့ကာ...
ဓားချက်တစ်ချက်ကို ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
ဤဓားချက်မှာ ဟင်းလင်းပြင်ကို တိုက်ရိုက် ဆုတ်ဖြဲဖျက်ဆီးပစ်လိုက်ပြီး... ဝတ်စုံနက်ဝတ် တာအိုဆရာမှာ ဘေးသို့ အမြန်ရှောင်တိမ်းလိုက်ရကာ မအောင့်နိုင်ဘဲ မျက်ခုံးပင့်သွားခဲ့ရသည်။
"ဒါက ဘာလို ခွေးစိတ်ဓာတ်မျိုးလဲ..."
ဤအရေးကိစ္စနှင့် ပတ်သက်၍ သူသည် အနည်းငယ် သက်ပြင်းချလိုက်ရပြီး... မိုးမခပင်ခက်ကိုသာ လှုံ့ဆော်လျက် ပြန်လည်တိုက်ခိုက်လိုက်တော့သည်။
ဤလူငယ်တာအိုဆရာက ဤမျှ ပြတ်သားလှပြီး စကားပင် လာရောက်ဆွေးနွေးခြင်း မရှိလှပေ၊ သို့ဆိုလျှင်တော့ သူ့ကို ဖမ်းဆီးရုံမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။
ရှေးဆန်ပြီး ခန့်ညားလှသော ထိုဝတ်စုံနက်ဝတ် တာအိုဆရာ၏ မျက်ဝန်းအစုံ၌ ချက်ချင်းပင် အေးစက်စက် အမူအရာများ ပြည့်နှက်သွားခဲ့ပြီး... မိုးမခပင်ခက်မှာ သူ၏ လက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လာခဲ့တော့သည်။
နဂါးကိုးကောင်နတ်ဘုရားမီးလျှံအုပ်ဆောင်း ၊ ရွှေနဂါးကတ်ကြေး နှင့် ကြာပန်းစိမ်းရတနာအလံ တို့မှာလည်း သူ့ကို မထိခိုက်နိုင်ရုံတင်မကဘဲ... တစ်ဖက်တွင်လည်း နတ်ဘုရားအလင်းတန်းများမှာ လီယန်ချူဆီသို့ တိုက်ရိုက် ရိုက်ခတ်သွားခဲ့တော့သည်။
ဝုန်း... ဝုန်း...
ကောင်းကင်ယံထက်၌ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး တိမ်ပင်လယ်ကြီးမှာ ဟုန်းဟုန်းတောက်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း လီယန်ချူနှင့် ထိုဝတ်စုံနက်ဝတ် တာအိုဆရာတို့မှာ တိမ်ပင်လယ်ထက်၌ အလှည့်ပေါင်း ဆယ်ဂဏန်းခန့် တိုက်ပွဲဝင်ပြီး ဖြစ်နေခဲ့သည်။
ခန့်ညားထည်ဝါလှသော ဝတ်စုံနက်ဝတ် တာအိုဆရာ၏ နတ်ဘုရားမန္တန်အတတ်မှာ အလွန်ပင် ဆန်းကြယ်လှပြီး... ဤမိုးမခပင်ခက်ကို လှုံ့ဆော်လိုက်သည့်အခါ ကောင်းကင်ထက်သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နှက်သွားခဲ့ကာ နတ်ဘုရားမန္တန်အစွမ်းမှာ အဆုံးအစ မရှိလှပေ။
ဤမိုးမခပင်ခက်၏ နောက်ခံသမိုင်းကြောင်းမှာ အလွန်ပင် ဆန်းကြယ်လှပြီး... ကျော်ကြားလှသော အလွန်အစွမ်းထက်သည့် တည်ရှိမှုကြီးတစ်ခုထံမှ ကြွေကျလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြကာ နတ်ဘုရားကျင့်စဉ်လမ်းစဉ်ဖြင့် နှစ်ပေါင်းများစွာ သွန်းလုပ်ထားခဲ့ပြီး မရေမတွက်နိုင်သော မန္တန်အမှတ်အသားများကို ထုထွင်းထားခဲ့ခြင်း ဖြစ်သည်။
၎င်း၏ စွမ်းအားမှာ အဆုံးအစမရှိဘဲ ယင်းကျိုး၏ အဖိုးတန် နတ်ဘုရားရတနာ ဖြစ်သည်။
သာမန် မြေပြင်နတ်ဘုရားများ ရင်ဆိုင်ရပါက လုံးဝ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ဘဲ... ဓားချက်တစ်ချက်တည်းဖြင့်တင် ဖမ်းဆီးခြင်း ခံရပေလိမ့်မည်။
ကျင့်စဉ်စွမ်းအားမှာ အဆင့်ကိုးနယ်ပယ်သို့ ရောက်ရှိနေလျှင်ပင် မည်သို့မျှ တတ်နိုင်မည် မဟုတ်ဘဲ အလွန်ပင် အစွမ်းထက်လှပေသည်။
ထိုဝတ်စုံနက်ဝတ် တာအိုဆရာ၏ လက်ထဲ၌ လှုံ့ဆော်လိုက်သည့်အခါ ပိုမို၍ ပြင်းထန်လှသော စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့သည်။
ထို့ကြောင့် မူလက သူသည် လီယန်ချူကို ဖမ်းဆီးရန်မှာ အလွန်ပင် လွယ်ကူလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤလူငယ်တာအိုဆရာက ဤမျှ ကြမ်းကြုတ်ရဲရင့်လှပြီး လက်ထဲတွင်လည်း နတ်ဘုရားရတနာများစွာ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
ယင်းကျိုးမှ လာသော ဝတ်စုံနက်ဝတ် တာအိုဆရာသည်လည်း တစ်ခဏအတွင်း လီယန်ချူကို မတတ်နိုင် ဖြစ်နေခဲ့ရသည်။
သူထုတ်ဖော်လိုက်သော နတ်ဘုရားမန္တန်အတတ်များမှာ အလွန်ပင် ရှေးဆန်လှပြီး သိုင်းပညာနတ်ဘုရားများကို အထူးနှိမ်နင်းနိုင်သော ကျိန်စာအတတ်ကို စဉ်ဆက်မပြတ် လှုံ့ဆော်နေခဲ့သည်။
ဤကျိန်စာမန္တန်ကို လှုံ့ဆော်လိုက်သည်နှင့်တစ်ပြိုင်နက်... ရှောင်တိမ်း၍ မရနိုင်တော့ဘဲ သွေးသားစွမ်းအားများကို ငြိမ်သက်စေခြင်းဖြင့်သာ ခုခံနိုင်ပေသည်။
မည်သူက သိရှိနိုင်မည်နည်း... ထိုလူငယ်တာအိုဆရာက အနည်းငယ်မျှ ရှောင်တိမ်းခြင်း မရှိရုံတင်မကဘဲ... တစ်ဖက်တွင်လည်း ဤကျိန်စာမန္တန်ကို အသုံးပြု၍ သွေးသားစွမ်းအားများကို ပိုမို၍ လှုံ့ဆော်နေခဲ့သည်မဟုတ်ပါလော။
လက်သီးနှင့် ခြေထွက်ချက်များအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေခဲ့ပြီး ဓားလင်းလက်မှုမှာလည်း အလွန်ပင် ထက်မြက်လှကာ အရှိန်အဝါမှာ တုန်လှုပ်စရာ ကောင်းလှပေသည်။
ယင်းကျိုးမှ လာသော ထိုအထက်နတ်ဘုရားကြီးမှာ အခြေအနေကို ပိုမိုဆိုးရွားအောင် ပြုလုပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရပြီး... ဤလူငယ်တာအိုဆရာ၏ အခြေခံအုတ်မြစ် မပျက်စီးမီနှင့် သွေးသားစွမ်းအားများ မခမ်းခြောက်မီ... မိမိကိုယ်တိုင်၏ နတ်ဘုရားခန္ဓာကိုယ်ကိုသာ အရင်ဆုံး ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။
ထို့ကြောင့် သူသည် ဤကဲ့သို့သော ကျိန်စာမန္တန်ကို ဆက်လက်၍ မလှုံ့ဆော်တော့ဘဲ... ပြောင်းလဲလျက်မဟာကရုဏာတော်ခုနစ်ဖြာစိတ်ခံစားမှုကျိန်စာ ကို ရွတ်ဆိုလိုက်တော့သည်။
ထိုကျိန်စာမန္တန်၏ နောက်ခံသမိုင်းကြောင်းမှာ ဆန်းကြယ်လှပြီး မိစ္ဆာနယ်ပယ်အတွင်းမှ စီးဆင်းလာခဲ့ခြင်း ဖြစ်သည်။
သူက ရွတ်ဆိုလိုက်ပြီးနောက်... တစ်ပြင်လုံးရှိ ကောင်းကင်နှင့်မြေပြင်ကြီးမှာ ချက်ချင်းပင် မွဲခြောက်လှသော အသံများဖြင့် ဖုံးလွှမ်းသွားခဲ့ရပြီး လူကို စိတ်အာရုံ ထွေပြားစေကာ မိမိကိုယ်ကိုယ် ထိန်းချုပ်ရန် ခက်ခဲစေခဲ့သည်။
ဦးနှောက်အတွင်း၌လည်း အမျိုးမျိုးသော အတွေးကမ္ဘာများ စုဝေးပေါ်ပေါက်လာခဲ့တော့သည်။
ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ လိုချင်တပ်မက်ခြင်း စသည့် စိတ်ခံစားမှု ခုနစ်ဖြာစလုံးမှာ လှုံ့ဆော်ခြင်း ခံလိုက်ရပြီး အပြန်အလှန် ရောယှက်နေခဲ့သဖြင့် လူကို လွတ်မြောက်ရန် ခက်ခဲစေခဲ့သည်။
လီယန်ချူ၏ ဝိညာဉ်နတ်ဘုရား အတွင်း၌ ဆန်းကြယ်လှသော အလင်းတန်းတစ်ခု ရှိနေခဲ့ပြီး... စိတ်ကြည်လင်ကျောက်စိမ်းပြား က စိတ်ဝိညာဉ်ကို ကြည်လင်ငြိမ်သက်စေရန် စောင့်ကြပ်ပေးနေခဲ့သည်။
သို့သော်လည်း မဟာလှိုင်းလုံးကြီးတစ်ခုပမာ စွမ်းအားများက စိတ်နှလုံးကို လှုပ်ခတ်နေခဲ့ပြီး တစ်လှိုင်းပြီးတစ်လှိုင်း သူ၏ ဝိညာဉ်နတ်ဘုရား ဆီသို့ ရိုက်ခတ်လာသည်ကို ဆက်လက်၍ ခံစားသိရှိနိုင်ပေသည်။
ထို့ပြင်... မဟာကရုဏာတော်ခုနစ်ဖြာစိတ်ခံစားမှုကျိန်စာ က အထူးသီးသန့် နယ်ပယ်တစ်ခုကိုပါ ဖန်တီးပေးလိုက်သေးသည်။
ဤနယ်ပယ်အတွင်း၌ အမျိုးမျိုးသော နတ်ဘုရားမန္တန်စွမ်းအားများအားလုံး ဖိနှိပ်ခြင်း ခံလိုက်ရပြီး... စိတ်အာရုံများ ထွေပြားကာ ထိန်းချုပ်ရန် ခက်ခဲနေခဲ့သဖြင့် နတ်ဘုရားမန္တန်စွမ်းအားများလည်း သက်ရောက်မှု ရှိနေခဲ့သည်။
လီယန်ချူက လက်ဖဝါးထက်တွင် ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ကို တင်မြှောက်လိုက်ပြီး... သူ၏ ကျင့်စဉ်စွမ်းအားများကို ၎င်းအတွင်းသို့ ထည့်သွင်းကာ ဤခေါင်းလောင်းကို လှုံ့ဆော်လိုက်တော့သည်။
ဒေါင်...
ကောင်းကင်နှင့်မြေပြင်ကြီးအတွင်း၌ ဟိန်းထွက်လှသော ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး ဤခုနစ်ဖြာစိတ်ခံစားမှုကျိန်စာ၏ စွမ်းအားမှာ ချက်ချင်းပင် အားနည်းသွားခဲ့ရတော့သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာ၏ အသက်ရှူသံမှာ ပြင်းထန်လှပြီး အလွန်ပင် ထုထည်ကြီးမားလှကာ... မျက်ဝန်းအစုံမှာ လီယန်ချူ၏ ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ပေါ်သို့ ကျရောက်သွားခဲ့ပြီး အနည်းငယ် လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
"ဒီလောက်အထိ များပြားလှတဲ့ နတ်ဘုရားရတနာတွေသာ ငါ ရရှိခဲ့မယ်ဆိုရင်... ယင်းကျိုးမှာ ဆိုရင် ငါက လိုရာကို ရနိုင်ပြီး ယင်းကျိုးရဲ့ အရှင်သခင် ဖြစ်လာနိုင်တာပေါ့..."
သူ၏ စိတ်အာရုံမှာ မူလက တည်ငြိမ်အေးဆေးလှသော်လည်း ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ၏ အသံ ထွက်ပေါ်လာပြီးနောက်... မဟာကရုဏာတော်ခုနစ်ဖြာစိတ်ခံစားမှုကျိန်စာ မှာ သက်ရောက်မှု ရှိသွားခဲ့ရပြီး...
ဟာကွက်မရှိသော စိတ်အာရုံနယ်ပယ်၌ ထင်မှတ်မထားဘဲ ဟာကွက် ပေါ်ပေါက်သွားခဲ့ရပြီ ဖြစ်သည်။
သို့သော်လည်း ဤဝတ်စုံနက်ဝတ် တာအိုဆရာက အလွန်ပင် အစွမ်းထက်လှသဖြင့် တစ်ခဏအတွင်း သတိပြန်လည်ရရှိသွားခဲ့ရပြီး မိမိ၏ အတွေးကမ္ဘာကြောင့် မိမိကိုယ်တိုင် ထိတ်လန့်သွားခဲ့ရကာ အနည်းငယ် မကောင်းသော လက္ခဏာရပ်များ ဖြစ်ပေါ်နေသည်ကို ရိပ်မိလိုက်သည်။
သူ၏ မျက်ဝန်းအစုံမှာ လီယန်ချူ၏ ခါးဘေးမှ ဘူးသီးခြောက်လေးပေါ်သို့ ကျရောက်သွားခဲ့ပြီး...
"ဒါက ငါ့ရဲ့ စိတ်ရင်းမဟုတ်ဘူး... ဒီဘူးသီးခြောက်က လူကို စိတ်မိစ္ဆာ ဝင်ရောက်စေနိုင်တာပဲ၊ ဒါကလည်း နတ်ဘုရားရတနာ တစ်ပါးပဲ..."
ဤမျှ ကြွယ်ဝလှသော ပိုင်ဆိုင်မှုမျိုးမှာ အမှန်တကယ်ပင် လူကို စိတ်လှုပ်ရှားစေနိုင်ပေသည်။
လီယန်ချူက ဝိညာဉ်ခြောက်ခြားခေါင်းလောင်း နှင့် ရှူယီဘူးသီး တို့ကို တစ်ပြိုင်နက်တည်း လှုံ့ဆော်လိုက်တော့သည်။
ဝိညာဉ်ခြောက်ခြားခေါင်းလောင်း က ဤသူ၏ မဟာကရုဏာတော်ခုနစ်ဖြာစိတ်ခံစားမှုကျိန်စာ ကို ချေဖျက်ပစ်လိုက်ပြီး... ရှူယီဘူးသီး က သူ့ကို စိတ်မိစ္ဆာအတွင်းသို့ ဆွဲသွင်းလိုက်တော့သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာ၏ မျက်နှာအမူအရာမှာ တည်ငြိမ်သွားခဲ့ပြီး မျက်နှာအမူအရာမှာ ထည်ဝါလှကာ... ရှေးဟောင်း စိတ်နှလုံးကျင့်စဉ်ကို လှုံ့ဆော်လိုက်ရာ...
ယခုအခါ သူ၏ ကိုယ်ပေါ်၌ လူသားဆန်မှုထက် နတ်ဘုရားဆန်မှုများ ပိုမိုများပြားလာခဲ့ပြီး စိတ်အာရုံနယ်ပယ်မှာလည်း ပြန်လည်၍ တည်ငြိမ်အေးဆေးသွားခဲ့ပြန်သည်။
"ထပ်ပြီး ရွတ်ဆိုစမ်းဦးလေ..."
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံအလား ဟိန်းထွက်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြီးအတွင်း၌ ထပ်မံ၍ ဟိန်းထွက်လှသော ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာခဲ့ပြန်တော့သည်။
ဒေါင်...
စကြဝဠာကြီးတစ်ခုလုံး ချက်ချင်းပင် ကြည်လင်သွားခဲ့ရပြီ ဖြစ်သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာ၏ မဟာကရုဏာတော်ခုနစ်ဖြာစိတ်ခံစားမှုကျိန်စာ မှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ရပြီး... မျက်မှောင်ကြုတ်လျက် ဤလူငယ်တာအိုဆရာကို စိုက်ကြည့်လိုက်တော့သည်။
လီယန်ချူသည် ယခုအချိန်တွင် ကိုယ်ပွားအတတ် ကို လှုံ့ဆော်လိုက်ပြီး... မိမိကိုယ်တိုင်ကမူ ကျန့်ကျောင်းဓား ကို ကိုင်ဆောင်လျက် ပစ်ခတ်တိုက်ခိုက်လိုက်တော့သည်။
ခန္ဓာခွဲတစ်ခုကမူ နဂါးကိုးကောင်နတ်ဘုရားမီးလျှံအုပ်ဆောင်း ၊ ဝိညာဉ်ခြောက်ခြားခေါင်းလောင်း စသည့် အမျိုးမျိုးသော နတ်ဘုရားရတနာများကို မြှောက်တင်လိုက်ပြီး နတ်ဘုရားမန္တန်စွမ်းအားများဖြင့် တိမ်ပင်လယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားလိုက်တော့သည်။
ကျန်ရှိနေသော ခန္ဓာခွဲတစ်ခုကမူ လက်ထဲတွင် လှံကပ်ကြီးတစ်လက်ကို ကိုင်ဆောင်လျက် ပြင်းထန်စွာ ခုတ်ချလိုက်ပြီး ၎င်းကလည်း အနီးကပ် တိုက်ပွဲဝင် တိုက်ခိုက်လိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
၎င်းတို့နှစ်ဦး တိုက်ပွဲဝင်မှု၏ နောက်ဆက်တွဲ စွမ်းအားလှိုင်းများမှာ ကောင်းကင်ယံထက်၌ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကြီးကို တုန်လှုပ်သွားစေခဲ့သည်။
ထပ်မံ၍ အလှည့်ပေါင်း ရာဂဏန်းခန့် တိုက်ပွဲဝင်ပြီးနောက်... ဝတ်စုံနက်ဝတ် တာအိုဆရာ၏ မိုးမခပင်ခက်မှာ အဆုံးအစမရှိ ကြီးမားကျယ်ပြန့်သွားခဲ့ပြီး မိုးမခရွက်တစ်ခုချင်းစီတွင် နတ်ဘုရားအလင်းတန်းများ ပြည့်နှက်နေကာ နတ်ဘုရားအရှိန်အဝါများ လွှမ်းခြုံနေခဲ့သော်လည်း...
သူသည် ဤယင်းကျိုး၏ အဖိုးတန်နတ်ဘုရားရတနာကို အချိန်အတော်ကြာအောင် လှုံ့ဆော်ခဲ့သော်လည်း ယခုအထိ လီယန်ချူကို မတတ်နိုင် ဖြစ်နေခဲ့ရသည်။
ထပ်မံ၍ အလှည့်ပေါင်း ရာဂဏန်းခန့် တိုက်ပွဲဝင်ပြီးနောက်... လီယန်ချူသည် နတ်ဘုရားမန္တန်နှစ်ခု၏ တိုက်ခိုက်မှုကို အတင်းအကျပ် ခုခံလိုက်ရပြီး ယင်နှင့်ယန် စွမ်းအားနှစ်သွယ်မှာ ကြိတ်ဆုံမန္တန်အလား သူ၏ ကိုယ်ပေါ်သို့ ရိုက်ခတ်သွားခဲ့ရသည်။
သူက လက်သီးတစ်ချက် ထိုးထုတ်လိုက်ရာ... တစ်ခဏအတွင်း ဝတ်စုံနက်ဝတ် တာအိုဆရာတစ်ကိုယ်လုံး နောက်သို့ ပေထောင်ချီ၍ လွင့်စင်သွားခဲ့ရတော့သည်။
သူ၏ ကိုယ်ပေါ်မှ ကာကွယ်ရေးနတ်ဘုရားအလင်းတန်းမှာလည်း ပြိုကွဲပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရပြီး ပြင်းထန်စွာ တုန်လှုပ်နေခဲ့သည်။
"တကယ့်ကို သိုင်းပညာ အရိုင်းအစိုင်းပဲ..."
ဝတ်စုံနက်ဝတ် တာအိုဆရာက မျက်မှောင်ကြုတ်လိုက်မိသည်။
ကာကွယ်ရေးနတ်ဘုရားအလင်းတန်းမှာ မပျက်စီးသေးလျှင်ပင်... လီယန်ချူ၏ သိုင်းပညာအနှစ်သာရကိုမူ လုံးဝ ဥဿုံ ချေဖျက်နိုင်ခြင်း မရှိသေးပေ။
နှုတ်ခမ်းထောင့်မှ သွေးစအနည်းငယ် စီးကျလာခဲ့သဖြင့်... ဤနတ်ဘုရားမန္တန်စွမ်းအား ကြီးမားလှသော ဝတ်စုံနက်ဝတ် တာအိုဆရာမှာ အနည်းငယ် မိန်းမောသွားခဲ့ရသည်။
"နှစ်ပေါင်းများစွာ ဒဏ်ရာမရရှိခဲ့တာ...ဒီဘက်ကို ရောက်လာတာနဲ့တင် ထင်မှတ်မထားဘဲ ဒီတာအိုဆရာလေးရဲ့ လက်ထဲမှာ ဆက်တိုက်ဆိုသလို နှစ်ကြိမ်တိုင်တိုင် ဒဏ်ရာရရှိခဲ့ပြီ..."
လီယန်ချူသည် ယခုအချိန်တွင် သွေးသားစွမ်းအားများမှာ သက်တံအလား ပြင်းထန်နေခဲ့ပြီး အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ထပ်မံ၍ ပစ်ခတ်တိုက်ခိုက်လိုက်ပြန်တော့သည်။
ဒိန်း... ဒိန်း... ဒိန်း... ဒိန်း...
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်၌ မိုးကြိုးမီးလျှံများ တစ်လှိုင်းပြီးတစ်လှိုင်း ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာ၏ ကိုယ်ပေါ်မှ နတ်ဘုရားအလင်းတန်းများမှာ ပြင်းထန်စွာ လှုပ်ခတ်နေခဲ့ရပြီး... ယခုတစ်ကြိမ် တိုက်ခိုက်မှုအရှိန်အဟုန်မှာ မီးလျှံကြီးအလား ပြင်းထန်လှပြီး လျှပ်စီးမကဲ့သို့ မြန်ဆန်လှပေသည်။
ဘုန်း...
သူသည် လီယန်ချူ၏ တံတောင်ဆစ်ဖြင့် ရင်ဘတ်ကို ပြင်းထန်စွာ တိုက်ခိုက်ခြင်း ခံလိုက်ရပြီး... ဓားချက်တစ်ချက်ကလည်း ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် သူ၏ လည်ပင်းဆီသို့ ခုတ်ချလာခဲ့ပြန်တော့သည်။
ဝတ်စုံနက်ဝတ် တာအိုဆရာက ခြေလှမ်းတစ်လှမ်း လှမ်းလျက် တိမ်ပင်လယ်၏ အထက်၌ မတ်မတ်ရပ်တန့်လိုက်ပြီး... ထပ်မံ၍ မိုးမခပင်ခက်ကို လှုံ့ဆော်ကာ တစ်ကိုယ်လုံးကို ကာကွယ်ထားလိုက်ရာ နတ်ဘုရားအလင်းတန်းများ စီးဆင်းကျဆင်းလာခဲ့တော့သည်။
မိုးမခရွက်များ တုန်ခါသွားခဲ့ပြီး လီယန်ချူကို ဝေးရာသို့ တွန်းထုတ်ပစ်လိုက်ကာ ဆက်လက်၍ အနီးကပ် တိုက်ပွဲဝင်ခြင်း မပြုတော့ပေ။
သူ့အတွက်တော့... ထိုလူငယ်တာအိုဆရာ၏ လက်ချက်မှာ ပြင်းထန်လွန်းလှပြီး အနည်းငယ်မျှ သတိမထားမိပါက ထိုဓား၏ အောက်၌ ဒဏ်ရာရရှိသွားနိုင်ပေသည်။
"ဖုန်လိုင်ရဲ့ သဲလွန်စကို လာရောက်မေးမြန်းချင်တာ မဟုတ်ဘူးလား... ဘာလို့ ရှောင်ပြေးနေတာလဲ... ငါ့ဆီ လာစမ်း..."
လီယန်ချူ၏ မျက်နှာအမူအရာမှာ ထည်ဝါလှပြီး မျက်ဝန်းအစုံမှာ အေးစက်လှသော လျှပ်စီးအလား ဖြစ်နေခဲ့သည်။
ကျွေ့ဟွာနှင့် ထိုဝတ်စုံဖြူဝတ် အမျိုးသမီးတို့မှာ ပျောက်ကွယ်သွားခဲ့ကြရပြီ ဖြစ်သည်။
ကျွေ့ဟွာသည် မိမိအား သူမ၏ စိတ်ဝိညာဉ်အတွင်း၌ အမှတ်အသားတစ်ခု ချန်လှပ်ထားရန် ခွင့်ပြုခဲ့ဖူးသည်။
ထို့ကြောင့် လီယန်ချူသည် ယခုအချိန်တွင် ကျွေ့ဟွာမှာ အန္တရာယ်နှင့် မကြုံတွေ့ရသေးသည်ကို သိရှိထားခြင်း ဖြစ်သည်။
သေချာပေါက် တစ်စုံတစ်ရာသော ဟင်းလင်းပြင်မန္တန်အတတ် ဖြစ်လိမ့်မည်၊ ၎င်းတို့နှစ်ဦးမှာ မည်သည့်နေရာ၌ တိုက်ပွဲဝင်နေကြသည်ကို မသိရှိရပေ။
ဖန့်ချင်းလန်သည် တော်ဝင်နန်းမြို့အတွင်း၌ ရှိနေခဲ့ပြီး ကမ္ဘာဦးပထဝီဝင်မန္တန်အစီရင်ကြီးမှာ ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ထိုဝတ်စုံနက်ဝတ် တာအိုဆရာနှင့် ဝတ်စုံဖြူဝတ် အမျိုးသမီးတို့မှာလည်း ဤမျှ လျင်မြန်စွာ ရောက်ရှိလာကြသည် ဖြစ်ရာ...
နောက်ထပ် မည်သည့်အပြောင်းအလဲများ ပေါ်ပေါက်လာဦးမည်ကို မသိရှိရပေ။
ကောင်းကင်ဘုံနှင့် လူသားမျိုးနွယ်စုတို့၏ တိုက်ပွဲအတွင်း၌ အထွတ်အထိပ် ပညာရှင်ကြီးစွာ သေဆုံးခဲ့ရပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်၊ လီယန်ချူသည် ယနေ့တွင် မည်သည့်ထိန်းချုပ်ရခက်ခဲသော အရေးကိစ္စမျိုးကိုမျှ ပေါ်ပေါက်မလာစေချင်ပေ။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငါးရောင်ခြယ်ကျောက်တုံးက သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ပြန်လည်ပြုပြင်ပေးနေခဲ့ပြီး... ထိုကျိန်စာမန္တန်က သူ၏ သွေးသားစွမ်းအားများကို မည်မျှပင် လှုံ့ဆော်နေပါစေ...
ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်နတ်ဝတ်စုံထံမှ သန့်စင်သောယန်အရှိန်အဝါများ ဖြာထွက်လာခဲ့ပြီး အစီရင်ဝတ်စုံ ၏ သွေးသားစွမ်းအားများ တိုးမြင့်လာမှုကို အထွတ်အထိပ်သို့ တွန်းပို့ပေးလိုက်တော့သည်။
မည်သည့်ဆုံးရှုံးမှုကိုမျှ လုံးဝ ဂရုမစိုက်လှပေ။
ဤကဲ့သို့သော အတူတကွ ပျက်စီးသွားမည့် အရှိန်အဝါမျိုးကြောင့် ထိုဝတ်စုံနက်ဝတ် တာအိုဆရာပင်လျှင် မအောင့်နိုင်ဘဲ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရတော့သည်။
သူ့တွင် မိုးမခပင်ခက် ရှိနေပြီး အမျိုးမျိုးသော ဆန်းကြယ်လှသော နတ်ဘုရားမန္တန်အတတ်များ ရှိနေကာ ကျင့်စဉ်နယ်ပယ်မှာလည်း အလွန်ပင် မြင့်မားလှသော်လည်း...
ဤကဲ့သို့သော ကြမ်းကြုတ်လှသောလူတစ်ယောက်နှင့် တိုက်ပွဲဝင်ရသဖြင့် သူ့ကို အထူးပင် သတိထားစေခဲ့ရသည်။
လှပဆန်းကြယ်လှသော တောင်ရေမြေပြင်တစ်ခုအတွင်း၌... ငှက်သံများ၊ ပန်းရနံ့များ သင်းပျံ့နေခဲ့ပြီး သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်နေကာ ပုစဉ်းရင်ကွဲသံများနှင့် ငှက်မြည်သံများဖြင့် အလွန်ပင် လှပဆန်းကြယ်လှပေသည်။
ခုနကတင် တစ်ခဏအတွင်း... ဆန်းကြယ်လှပသော ထိုဝတ်စုံဖြူဝတ် အမျိုးသမီးသည် ခရမ်းရောင် မန္တန်အဆောင်စက္ကူကို လှုံ့ဆော်လိုက်ပြီး ကျွေ့ဟွာကို ဤနေရာသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်သည်။
ဤနေရာရှိ တောင်ရေမြေပြင်မှာ ကျွေ့ဟွာ၏ တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့ရပြီး တောင်တန်းများ ပျက်စီးသွားခဲ့သလို မြစ်ကြီးများမှာလည်း ကောင်းကင်ထက်သို့ အလျားလိုက် ချိတ်ဆွဲသွားခဲ့ရသော်လည်း...
မကြာမီမှာပင် ပြန်လည်၍ ငြိမ်သက်သွားခဲ့ပြီး သက်စောင့်စွမ်းအားများ ထပ်မံ၍ နိုးထလာခဲ့ပြန်သည်။
ဝုန်း... ဝုန်း... ဝုန်း...
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်စွမ်းအားလှိုင်းတစ်ခု ပြင်ပသို့ ရိုက်ခတ်ကျယ်ပြန့်သွားခဲ့တော့သည်။
ယင်းကျိုးမှ လာသော ဤနတ်သမီးကြီးသည် ရေကန်တစ်ခု၏ အထက်၌ မတ်မတ်ရပ်တန့်နေခဲ့ပြီး အသားအရေမှာ နှင်းပမာ ဖြူစင်ဝင်းပနေကာ တကယ့်ကို ဆန်းကြယ်လှသော နတ်ဘုရားတစ်ပါးအတိုင်းပင်။
သူမကို ဗဟိုပြု၍ ရေကန်အတွင်းမှ လှိုင်းတွန့်များမှာ တစ်လှိုင်းပြီးတစ်လှိုင်း ပြင်ပသို့ ရိုက်ခတ်ကျယ်ပြန့်သွားခဲ့ပြီး ကောင်းကင်ထက်မှ ရွှေရောင်စွမ်းအားလှိုင်းများနှင့် ထိပ်တိုက်တွေ့ဆုံသွားကြတော့သည်။
"တောင်ကို မြင်ရတာ တောင်ပဲ... ရေကို မြင်ရတာ ရေပဲ... ဒီနေရာက တောင်ရေမြေပြင် လှပဆန်းကြယ်လှတာကို ဆက်တိုက်ဆိုသလို တိုက်ခိုက်သတ်ဖြတ်နေကြတာက... ရှုခင်းကို ဖျက်ဆီးရာ ရောက်မနေဘူးလား..."
အဖြူရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ထိုအမျိုးသမီးက ဆိုလိုက်သည်။
ယခုအချိန်တွင် သူမသည် တောင်ထိပ်တစ်ခုပေါ်၌ ထိုင်နေခဲ့ပြီး ဆံကေသာရှည်ကြီးများ ဖရိုဖရဲ ကျဆင်းနေကာ... အရှိန်အဝါမှာ ပြင်းထန်လှပြီး မျက်နှာပြင်မှာ အလွန်ပင် အေးစက်လှပနေခဲ့သည်။
"ဘာကောင်းကင် တောင်ရေမြေပြင်လဲ... ဒီအတိုင်း လှောင်အိမ်တစ်ခုသက်သက်ပဲဟာကို..."
ကျွေ့ဟွာက အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
သူမ၏ ခြေထောက်နှစ်ဖက်ကို ကွေးလိုက်ပြီး ပြင်းထန်စွာ အားစိုက်လိုက်ရာ... သူမ၏ ပေါင်တံများမှာ လုံးဝန်းသွယ်လျနေခဲ့ပြီး ကျပ်ထုတ်လှသော ဝတ်စုံက သူမ၏ စွဲမက်ဖွယ်ကောင်းသော ကောက်ကြောင်းအလှကို ပေါ်လွင်စေခဲ့သည်။
ဘုန်း...
သူမ၏ ခြေထောက်အောက်မှ တောင်ငယ်လေးမှာ ချက်ချင်းပင် ပြိုကျပျက်စီးသွားခဲ့ရပြီး ဖုန်မှုန့်များ ဟုန်းဟုန်းတောက်လျက် အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။
ကျွေ့ဟွာက ထိုအမျိုးသမီးဆီသို့ ထပ်မံ၍ ပစ်ခတ်တိုက်ခိုက်လိုက်ပြန်ရာ... လက်ထဲရှိ တိုက်ပွဲလှံရှည်မှာ အလွန်ပင် ထက်မြက်လှပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ထိုအမျိုးသမီး၏ ရင်ဘတ်ဆီသို့ လျှပ်စီးမကဲ့သို့ ထိုးစိုက်လိုက်တော့သည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဤအမျိုးသမီး၏ ခန္ဓာကိုယ်မှာ ဝေဝါးဆန်းကြယ်လှပြီး ခြေဖျားလေးဖြင့် အသာအယာ တို့လိုက်ရုံမျှဖြင့်တင် နောက်သို့ ဆုတ်ခွာသွားခဲ့ကာ...
ခြေထောက်အောက်မှ မြစ်ကြီးမှာ ချက်ချင်းပင် ကျွေ့ဟွာဆီသို့ တိုက်ရိုက် စီးဆင်းရိုက်ခတ်သွားခဲ့တော့သည်။
ဤအမျိုးသမီး၏ မန္တန်အတတ်မှာ အလွန်ပင် မြင့်မားလှပြီး မြစ်ကြီးအတွင်း၌ ကျင့်စဉ်စွမ်းအားများကို ချေဖျက်ပစ်နိုင်စွမ်း ရှိနေခဲ့သည်။
ရှီး...
ကျွေ့ဟွာက တိုက်ပွဲလှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး မြစ်ကြီးကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်တော့သည်။
သူမ၏ လက်ထဲရှိ ဤရွှေရောင်တိုက်ပွဲလှံရှည်မှာ... လီယန်ချူက အစိမ်းရောင်လှံရှည်ကို အခြေခံ၍ သွန်းလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး အမည်မှာ နတ်ဘုရားသတ်လှံ ဖြစ်ကာ သတ်ဖြတ်လိုစိတ်များ ကောင်းကင်ထက်သို့ ဟုန်းဟုန်းတောက်နေခဲ့သည်။
မြစ်ရေများ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီးနောက်... တောင်ပေါ်ရှိ သစ်ပင်သစ်တောများမှာ ချက်ချင်းပင် ရူးသွပ်စွာ ကြီးထွားလာခဲ့ပြီး သစ်ကိုင်းအချို့က ကျွေ့ဟွာဆီသို့ ရိုက်ခတ်လာခဲ့ကြတော့သည်။
ဒိန်း... ဒိန်း... ဒိန်း...
လေထုကြီးမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ရပြီ ဖြစ်သည်။
ထိုသစ်ပင်ကြီးများမှာ တစ်ခဏအတွင်း ကောင်းကင်ထိအောင် မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့ရပြီး တောမြက်ပင်များလည်း ရူးသွပ်စွာ ကြီးထွားလာခဲ့ကာ မဟာနဂါးကြီးများအလား ဖြစ်နေခဲ့တော့သည်။
ချန်... ချန်... ချန်...
ကျွေ့ဟွာက တိုက်ပွဲလှံရှည်ကို ဝှေ့ယမ်းလျက် ခုတ်ဖြတ်ပစ်လိုက်ရာ ကောင်းကင်ထိအောင် မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများ ဖြတ်တောက်ခြင်း ခံလိုက်ရပြီး တောမြက်ပင်များနှင့် တောပန်းများလည်း ထိုသို့ပင် ဖြစ်သွားခဲ့ရကာ...
၎င်းတို့အတွင်း၌ ပြည့်နှက်နေသော သက်စောင့်စွမ်းအားများအားလုံး ပြိုကွဲပျက်စီးသွားခဲ့ရပြီး သတ်ဖြတ်လိုစိတ်များဖြင့် နှိမ်နင်းခြင်း ခံလိုက်ရတော့သည်။
ထိုအမျိုးသမီး၏ ကိုယ်ဟန်ပန်မှာ ဆန်းကြယ်လှပြီး ဖမ်းဆီးရန် ခက်ခဲလှပေသည်။
ကျွေ့ဟွာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တိုက်ပွဲလှံရှည်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ စိုက်ထည့်လိုက်ရာ...
ဝုန်းခနဲ အသံတစ်ချက်နှင့်အတူ မြေပြင်ကြီးမှာ ပြိုကျပျက်စီးသွားခဲ့ရတော့သည်။
ကျွေ့ဟွာ၏ မျက်ဝန်းအစုံမှာ ရွှေရောင်အဆင်း ထွက်ပေါ်လာခဲ့ပြီး လက်နှစ်ဖက်ဖြင့် မန္တန်တံဆိပ် ခတ်နှိပ်လိုက်ရာ ကိုယ်ပေါ်မှ အရှိန်အဝါများ ပိုမို၍ ထုထည်ကြီးမားလာခဲ့ပြီး...
အလွန်ပင် ထည်ဝါလှသော မဟာနဂါးနတ်ဘုရားတစ်ကောင် ပျံသန်းထွက်ခွာလာခဲ့ရာ အလွန်ပင် ခန့်ညားထည်ဝါလှပြီး နဂါးဦးခေါင်းမှာလည်း အလွန်ပင် ကြီးမားလှပေသည်။
နဂါးတစ်ကောင်လုံးမှာ ဤကောင်းကင်နှင့်မြေပြင်ကြီးအတွင်း၌ အခြေစိုက်နေခဲ့ပြီး ရွှေရောင်ခန္ဓာကိုယ်ကြီးက ထိုနေရာတစ်ခုလုံးကို ပြည့်နှက်လုနီးပါး ဖြစ်နေခဲ့တော့သည်။
မဟာနဂါးနတ်ဘုရားမန္တန်အတတ် ။
ဤသည်မှာ နဂါးနတ်ဘုရားမျိုးနွယ်စု၏ အစွမ်းထက်ဆုံးသော တိုက်ခိုက်ရေးမန္တန်အတတ် ဖြစ်ပြီး ကျင့်စဉ်နယ်ပယ် မြင့်မားလာသည်နှင့်အမျှ ဤမန္တန်အတတ်မှာ နောက်ဆုံးတော့ စွမ်းအားများကို ထုတ်ဖော်ပြသလာခဲ့ပြီ ဖြစ်သည်။
မဟာနဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေကာ... နဂါးလက်သည်းမှာ စိန်ကျောက်အလား ဖြစ်နေခဲ့ပြီး ရှေ့မှောက်ရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေခဲ့ကာ...
နဂါးအမြီးကို အသာအယာ ခါယမ်းလိုက်ရုံမျှဖြင့်တင် ဤနေရာရှိ တောင်ရေမြေပြင်များအားလုံး ပြိုကွဲပျက်စီးသွားခဲ့ရတော့သည်။
ထိုအမျိုးသမီးမှာ မျက်ခုံးပင့်သွားခဲ့ရပြီး မူလက ဤမျှ ငယ်ရွယ်သော အမျိုးသမီးကို လွယ်ကူစွာ ပိတ်ဆို့ထားနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း... တစ်ဖက်လူက ဤကဲ့သို့သော အထွတ်အထိပ် တိုက်ခိုက်ရေးမန္တန်အတတ်ကို တတ်မြောက်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
သူမ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားခဲ့ရပြီး ဤမဟာနဂါးကြီး၏ အောက်တွင် ဟိုဟိုဒီဒီ ရှောင်တိမ်းလျက် ကိုယ်ဟန်ပန်ကို အသုံးပြုကာ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်ရတော့သည်။
အုန်း...
ကြည်လင်ပြတ်သားလှသော နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သည်။
ထိုဝတ်စုံဖြူဝတ် အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး မအောင့်နိုင်ဘဲ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရကာ...
ယခုအချိန်တွင် စိန်ကျောက်အလား ဖြစ်နေသော နဂါးလက်သည်းက ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် တိုက်ခိုက်လာခဲ့ပြီး ရှေ့မှောက်ရှိ အရာရာတိုင်းကို ဆုတ်ဖြဲပစ်လိုက်တော့သည်။
ဤအမျိုးသမီးက ကျင့်စဉ်စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး လက်ထဲမှ လက်ကိုင်ပဝါကို မြှောက်တင်လိုက်ရာ ချက်ချင်းပင် ရှေ့သို့ တိုးဝင်သွားခဲ့တော့သည်။
ဤရွှေရောင်လက်ကိုင်ပဝါမှာ ကြည့်ရသည်မှာ အလွန်ပင် နူးညံ့လှသော်လည်း အမှန်တကယ်တော့ အလွန်ပင် အစွမ်းထက်လှသော နတ်ဘုရားရတနာ တစ်ပါး ဖြစ်သည်။
ဤနဂါးလက်သည်းကို တားဆီးပေးလိုက်ပြီးနောက် သူမက ဘေးဘက်သို့ အမြန်ရှောင်တိမ်းလိုက်တော့သည်။
"မီးနဂါးကျွန်းက ကောင်းကင်နဂါးကြီးနဲ့ မင်းက ဘာပတ်သက်မှု ရှိလို့လဲ..."
ဤနတ်သမီးကြီးက အေးစက်စွာ မေးလိုက်သည်။
ကျွေ့ဟွာက လက်နှစ်ဖက်ဖြင့် မန္တန်တံဆိပ် ခတ်နှိပ်လိုက်ပြီး မျက်နှာအမူအရာမှာ အေးစက်လှပနေကာ... ထိုစကားကို ကြားရသဖြင့် စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရသော်လည်း ဆက်လက်၍ ဂရုမစိုက်လှဘဲ လက်နှစ်ဖက်ဖြင့် မန္တန်တံဆိပ်ကို လျင်မြန်စွာ ခတ်နှိပ်လိုက်ရာ မဟာနဂါးနတ်ဘုရားမန္တန်အတတ် မှာ ပိုမို၍ ပြင်းထန်လှသော စွမ်းအားများကို ထုတ်ဖော်လာခဲ့တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ဤနေရာရှိ တောင်ရေမြေပြင်မှာ ပျက်စီးသွားခဲ့ရပြီးနောက် ထပ်မံ၍ ပြန်လည်ကောင်းမွန်လာခဲ့ကာ အဖန်ဖန်အထပ်ထပ် ဖြစ်နေခဲ့သည်။
ရှေးဟောင်းသစ်ပင်ကြီးများမှာ ရူးသွပ်စွာ ကြီးထွားလာခဲ့ပြီး ကြီးမားလှသော သံကြိုးကြီးများအဖြစ် ပြောင်းလဲလျက် မဟာနဂါးကြီးကို ရစ်ပတ်ထားလိုက်သော်လည်း... စဉ်ဆက်မပြတ် ပြိုကွဲပျက်စီးသွားခဲ့ရပြီး ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည်။
"နဂါးနတ်ဘုရား သွေးသားမျိုးဆက် မရှိဘဲနဲ့... ဒီမန္တန်အတတ်ကို ဒီလောက် မြင့်မားတဲ့ နယ်ပယ်အထိ ဘယ်လိုမှ မကျင့်ကြံနိုင်ဘူး... မင်းက လီယုံရဲ့ မျိုးဆက်ပဲ..."
ယင်းကျိုးမှ လာသော ဤနတ်သမီးကြီးက ဆိုလိုက်သည်။
နဂါးလက်သည်းက ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် တိုက်ခိုက်လာခဲ့ပြီး ပြင်းထန်လှသော လေပြင်းမုန်တိုင်းများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေခဲ့တော့သည်။
ထိုနတ်သမီးကြီး၏ လက်ချောင်းများမှာ ရုတ်တရက် ကျောက်စိမ်းဖြူအလား ပြောင်းလဲသွားခဲ့ပြီး လက်ကို ဆန့်ထုတ်လျက် ဖမ်းဆီးလိုက်ရာ... သွယ်လျလှသော ကျောက်စိမ်းလက်ချောင်းလေးများမှာ တစ်ခဏအတွင်း မဟာလက်ဝါးကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အစိမ်းရောင်အလင်းတန်းများ လင်းလက်နေခဲ့တော့သည်။
နဂါးနတ်ဘုရားထိန်းချုပ်ရေးမန္တန်အတတ် ။
ဤသည်မှာ အလွန်ပင် အစွမ်းထက်လှသော ကျင့်စဉ်တစ်ခု ဖြစ်ပြီး နဂါးမျိုးနွယ်စုများကို အထူးနှိမ်နင်းရန်အတွက် အသုံးပြုခြင်း ဖြစ်သည်၊ ထင်မှတ်မထားဘဲ ယခုအချိန်တွင် ဤမျှ ငယ်ရွယ်သော အမျိုးသမီး၏ ကိုယ်ပေါ်၌ အသုံးပြုလိုက်ရသည် ဖြစ်သည်။
ဒိန်း... ဒိန်း... ဒိန်း...
ကြီးမားလှသော ပေါက်ကွဲသံကြီးမှာ ဤကောင်းကင်နှင့်မြေပြင်ကြီးအတွင်း၌ ဟိန်းထွက်သွားခဲ့ရပြီး... ခန့်ညားထည်ဝါလှသော မဟာနဂါးကြီး၏ ကိုယ်ပေါ်မှ နဂါးအကြေးခွံများစွာ ပြိုကွဲပျက်စီးသွားခဲ့ရသည်။
သေချာပေါက် ထိုထိန်းချုပ်ရေးမန္တန်အတတ်မှာ အလွန်ပင် ကြမ်းကြုတ်လှပေသည်။
"မင်းက လီယုံရဲ့ မျိုးဆက် ဖြစ်နေမှတော့... ဟိုတုန်းက အကြွေးအချို့ကို မင်းဆီကနေပဲ ပြန်တောင်းရတော့မှာပေါ့..."
ဤနတ်သမီးကြီးမှာ မူလက တည်ငြိမ်အေးဆေးလှသော်လည်း ယခုအချိန်တွင် လေသံမှာ အနည်းငယ် အေးစက်သွားခဲ့ရပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ထိုဟင်းလင်းပြင်အတွင်း၌ လုံးဝ ဥဿုံ ပျက်စီးခြင်းများ ပေါ်ပေါက်လာခဲ့ရပြီး ပြင်းထန်စွာ တုန်လှုပ်နေခဲ့သည်။
အဖန်ဖန်အထပ်ထပ် ဖြစ်ပေါ်နေသော တောင်ရေမြေပြင်နှင့် ငှက်သံပန်းရနံ့များမှာလည်း ယခုအချိန်တွင် ရပ်တန့်သွားခဲ့ရပြီ ဖြစ်သော်လည်း သတ်ဖြတ်လိုစိတ်မှာမူ ပိုမို၍ ပြင်းထန်လာခဲ့တော့သည်။
"ဒီမိန်းမက ဘာဖြစ်နေတာလဲ..." ကျွေ့ဟွာက မျက်ခုံးပင့်လိုက်မိသည်။
ခုနကတင် အနည်းငယ် မျှောလွင့်လှသော အရှိန်အဝါ ရှိနေခဲ့သော်လည်း ယခုအချိန်တွင်မူ တည်ငြိမ်မှု ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
သို့သော်လည်း မီးနဂါးကျွန်းမှ ရှေးဟောင်းနဂါးကြီးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ... ကျွေ့ဟွာသည်လည်း လီယုံ၏ ထိုစဉ်ကာလတုန်းက ချစ်ခြင်းမုန်းခြင်း နာကျည်းမှုများကို မသိရှိလှပေ။
သူမသည် ယခုအချိန်တွင် အခြေအနေမှာ အလွန်ပင် အန္တရာယ်ကြီးမားလှပြီး ဤလူစုမှာ နောက်ခံသမိုင်းကြောင်း မရှင်းလင်းလှသော မြေပြင်နတ်ဘုရားများ ဖြစ်ကြကာ ရည်ရွယ်ချက်မှာလည်း ခန့်မှန်းရခက်ခဲလှသဖြင့်...
သေချာပေါက် အမြန်ဆုံး ထိုနေရာကို ဖျက်ဆီးပြီး ပြင်ပသို့ တိုက်ခိုက်ထွက်ခွာရမည်ကိုသာ သိရှိထားခြင်း ဖြစ်သည်။
မူလနေရာ၌မူ အသားအရေ နှင်းပမာ ဖြူစင်ဝင်းပနေပြီး ဦးခေါင်းထက်တွင် နဂါးဂျိုနှစ်ချောင်း ပိုင်ဆိုင်ထားသော နဂါးသမီးတော်တစ်ဦးသာ ကျန်ရစ်နေခဲ့တော့သည်။
ကျွေ့ဟွာ၏ ရုပ်ရည်သွင်ပြင်အတိုင်းပင်... လက်နှစ်ဖက်ဖြင့် မန္တန်တံဆိပ် ခတ်နှိပ်လျက် မဟာနဂါးနတ်ဘုရားမန္တန်အတတ် ကို လှုံ့ဆော်လိုက်တော့သည်။
ကျွေ့ဟွာကိုယ်တိုင်ကမူ တိုက်ပွဲလှံရှည်ကို ကိုင်ဆောင်လျက် ပစ်ခတ်တိုက်ခိုက်လိုက်ရာ... တကယ့်ကို ကောင်းကင်ယံကို ဖြတ်သန်းသွားသော သက်တံဖြူကြီးတစ်လိုင်းအလား ဖြစ်နေခဲ့တော့သည်။